Home » All posts
ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ
in
အမှတ်တရ
- on 2/20/2015
- No comments
ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ။
သို့သော် အမိအရဖမ်းယူလိုက်နိုင်သော ဤဓာတ်ပုံကြောင့် (ဤမျှ) ဟက်ဟက် ပက်ပက် ရယ်မောလိုက်မိကြောင်း မဖြစ်မနေ ဝန်ခံရပါတော့မည်။
၂၀၁၅ သည် ကံကောင်းသော၊ ရယ်မောဖွယ်များသော နှစ်ဖြစ်ကြောင်း သိရပါ သည်။
၆ ရက်ခန့်ကရောက်သော ဓမ္မဂင်္ဂါသည်လည်းကောင်း
ယနေ့ရောက်သော သစ္စာနီသည်လည်းကောင်း
ကျွန်ုပ်သည်လည်းကောင်း
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ နွားချေး (Bull s..t)
- on 2/20/2015
- No comments
နာရီပေါင်းများစွာ လေယာဉ်စီးရမှာဆိုတော့ မျက်မှန်ပါဝါထူထူနဲ့ အန်ကယ် ကြီး တစ်ယောက်က စာအုပ်ထူထူကို ဖွင့်ဖတ်ပြီး ခရီးဆက်နေလိုက်သတဲ့။ သူ့ထိုင်ခုံဘေးက လူကတော့ နည်းနည်းပါးပါး ဆွေးနွေး ဝေဖန်ရတာကို သဘောတွေ့ဟန် တူပါတယ်။ ဒါနဲ့ မရ အရ မိတ်ဆက်စကားဆိုရင်း အကြောင်းအရာ တစ်ခုခုအကြောင်း ဆွေးနွေးရအောင်လို့ သူကပဲ စပြီး အကြံပြုတယ်။
ဒါကို အန်ကယ်ကြီးက (အင်တင်တင်နဲ့) သဘောတူပါတယ်။ စာအုပ်ပိတ်၊ စာကြည့်မျက်မှန်ချွတ်ရင်း ဘာအကြောင်း ဆွေးနွေးကြမလဲ လို့ ပြန်မေးေ တာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးရအောင်လားလို့ အဲဒီလူက အကြံထပ်ပြုတယ်။
ဒီ အကြောင်းဆိုရင်တော့ မင်းကို တစ်ခုမေးရဦးမယ်။ နွားတွေရော၊ ဆိတ်တွေရော၊ မြင်းတွေပါ အားလုံး မြက်ပဲ စားကြတယ်။ ဒါပေမဲ့ နွားချေးက ခပ်စိုစိုနဲ့ အပုံလိုက်ဖြစ်နေပြီး ဆိတ်ချေးက ခပ်မာမာနဲ့ အတုံး အလုံးလေးေ တွ ဖြစ်နေတယ်၊ မြင်းချေးကျတော့ စားထားတဲ့အတိုင်း ဘာမှ သိပ်မပြောင်း လဲဘဲ မျက်ခြောက်တွေအတိုင်းပဲ ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လို့ မင်း ထင်သလဲ လို့မေးတော့....
ဟာဗျာ.... ဒါတော့ ကျနော်လည်း မသိဘူးလို့ ပြန်ဖြေရတော့တာပေါ့။
ဒီတော့ အန်ကယ်ကြီးက မင်းနှယ်ကွာ နွားချေး (Bull s..t) အကြောင်းတောင် မသိသေးဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်း ဆွေးနွေးချင်ရတယ်လို့ဆိုပြီး စာကြည့်မျက်မှန် ပြန်တတ်ပြီး သူ့စာအုပ်သူ ဆက်ဖတ်နေတော့သတဲ့။
ဒီ ပုံပြင်ရဲ့ မော်ရယ်က ဘာလဲဆိုတာ ကျနော်တော့ ဉာဏ် မမီ။
(Ref: The World Joke Book)
မိတ်ဆွေရင်းလို့ သတ်မှတ်ရန် အနည်းဆုံး အကြောင်းသုံးရပ်
- on 2/20/2015
- No comments
မိတ်ဆွေရင်းလို့ သတ်မှတ်ရန် အနည်းဆုံး အကြောင်းသုံးရပ် လိုအပ်သည်ထင်ပါသည်။
၁။ စကားပြောရတာ အဆင်ပြေခြင်း(နားလည်မှု ရှိခြင်း)
၂။ အခန်းထဲမှာ အမှိုက် ပိုရှုပ်ခြင်းနဲ့
၃။ ဒီနေရာထားတဲ့ပစ္စည်း ဟိုနေရာ ရောက်နေတတ်၊ ဟိုနေရာက ပစ္စည်း ဒီနေရာ ရောက်နေတတ်ခြင်းတို့ဖြစ်သည်။
(ဆိုလိုသည်မှာ ခေါင်းအုံး၊ အိပ်ယာခင်းကို တသသလုပ်နေတတ်သော မိတ်ဆွေ၏ အိပ်ယာပေါ် တက်အိပ်ရန် ကျွန်ုပ်တို့ စိတ်မရဲတတ်ကြပေ)