ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ နိုင်ငံကို စုစည်းဖို့၊ ဦးဆောင်ဖို့ "မဆိုးလှပါဘူး" အဆင့်နဲ့လူက မလုပ်နိုင်ဘူး။ "အတော်ဆုံး" ဆိုသူကပဲ လုပ်နိုင်တယ်။
ဒီကနေ တဆင့်ဖြစ်နိုင်တဲ့ကွင်းဆက်တွေက
(က) အာဏာရှင်စနစ်
(ခ) စစ်အုပ်ချုပ်ရေး ပုံသဏ္ဍာန်ဆီ ရောက်သွားတတ်ခြင်း။
အာဏာရှင်စနစ်ဆိုတာ အဲဒီ အတော်ဆုံးဆိုသူက နိုင်ငံကို စုစည်း၊ ဦးဆောင် မှုပေးလိုက်ပြီး သူမရှိရင်(သို့)သူ့ပါတီမရှိရင် ကမောက်ကမဖြစ်သွားမှာပဲ လို့ ယူဆပြီး သူ (သို့) သူ့ပါတီက အာဏာကို ဆက်ယူထားခြင်းမျိုး။ ဒီအနေအထား ကိုရှောင်ဖို့ ခေါင်းဆောင်က မင်ဒဲလားလောက် နှလုံးရည်ရှိမှ ရတယ်။
အဲသလောက်မှ အရည်အသွေးမရှိဘူးဆိုရင် အကြမ်းဖက်နှိမ်နင်း၊ ခပ်ကြမ်း ကြမ်းအုပ်ချုပ်မှရမယ်ဆိုတဲ့ အတွေးဝင်သွားပြီး စစ်အုပ်ချုပ်ရေး ပုံသဏ္ဍာန် ဆီ ရောက်သွားတတ်တယ်။
ဘာလို့ ပြသနာပေါင်း သောင်းခြောက်ထောင်လဲ
ဆွေးနွေးညှိနှိုင်းမှုနဲ့ အဖြေမရှာနိုင်သေးလို့။ ဘာလို့ အဖြေမရှာနိုင်သေးတာလဲ။ ဒီမိုကရေစီနဲ့ အသားမကျသေးလို့။
(က) လိုအပ်ချက်က သိပ်များနေခြင်း
(ခ) အပြန်အလှန် ယုံကြည်မှု မရှိခြင်းကြောင့် ဆွေးနွေးလည်း အများအားဖြင့် သဘောတူညီမှု မရတတ်ဘူး။
အစိုးရကလည်း ငါတို့ လိုက်လျောနိုင်သမျှ အားလုံး လိုက်လျောပြီးပြီ။
တောင်းဆိုသူကလည်း ပေးတယ်တာပြောတယ် ဘာမှ မရသေးဘူး။
အစိုးရက စိတ်ရှည်ကြပါ။ တောင်းဆိုသူက အနှစ် ၆၀ ထက် ပိုစောင့်ရဦး မှာလား။
နောက်ပြီး အဓိက ကတော့ မယုံကြည်မှု။
အစိုးရက ကျောင်းသားတွေမဟုတ်ဘူးလို့ စွပ်စွဲ။
ကျောင်းသားက ရဲ မဟုတ်ဘူးလို့ စွပ်စွဲ။ အနေအထားကလည်း ဒီကို တွန်း ပို့နေ။
ဒါက ကမ္ဘာ့သမိုင်းပါ။
တချို့က အနောက်က စာတွေလို့ ပြောတတ်ကြတယ်။ မြန်မာကလည်း ကမ္ဘာ့ သမိုင်းထဲကလူတွေပဲ၊ ဘယ်လောက်များ သိသိသာသာကြီး ကွဲနေလို့လဲ။
ဒီမိုကရေစီ အကူးအပြောင်းကျရှုံးရင် အထက်က နှစ်ခုမှာ တစ်ခုခုဆီ ဦးတည်မှာ။
"အတော်ဆုံး" ဆိုသူက ဦးဆောင်မှုပေးပြီး (က) ကိုမရောက်မီ ဒီမိုကရေစီ စစ်စစ်ဆီ တဆင့်ခြင်းကူးပြောင်းမှုဟာ မှန်ကန်တယ်လို့ သမိုင်းကပြောပါတယ်။
အရှည်ရေးချင်ပေမဲ့ ဒီမျှပဲ။
ဇင်ဝေသော်