ပထမအခေါက်တုန်းကတော့ ဧည့်ဆောင်၊ ဧည့်စောင့်ခန်းမထဲက ခြေေ ထာက်နဲ့ ကြမ်းပြင်မထိတဲ့ ထိုင်ခုံမှာ စကားစမည်ဖွဲ့သူမဲ့ တစ်ကိုယ်ရေ။ ဒါကိုကြည့်ပြီး ရင်နာ၊ စိတ်မကောင်းခြင်းကြီးစွာ "ကျန်ကျောင်းနဲ့ကျောက်စီဓါး" စတေးတပ်လေးတွေ ရေးဖြစ်ခဲ့တယ်။
အခု အခေါက်လည်းအောင့်သက်သက်ဖြစ်စရာ၊ အားမလို အားမရဖြစ်စရာ အနည်းဆုံး အကြောင်းနှစ်ချက်တော့ ရှိနေနိုင်တယ်။
၁။ လီကွမ်ယု ကွယ်လွန်မှုအတွက် ဝမ်းနည်းကြသူတွေက စင်္ကာပူနိုင်ငံ သားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေသာမက မြန်မာလူထုအများစုကကိုပဲ ဝမ်း နည်းတကြီးဖြစ်နေကြရတယ်။ ဒါ့အပြင် မြန်မာကအဘရွှေတို့ အုပ်စုတွေနဲ့ စင်္ကာပူက အဘလီကိုလည်း ပက်ပက်စက်နှိုင်းယှဉ်လာကြတယ်။ အမေကျော် ဒွေးဒေါ်လွမ်းလို့ပြောဖို့တော့ မသင့်လှဘူးထင်ပါတယ်။ လီ ဟာ တကယ်ကို အလုပ်လုပ်ပြသွားတဲ့ လူပါ။
၂။ ကတော့ သမ္မတအပါအဝင်အားလုံးဟာ တန်းမဝင်တဲ့ သူတို့ရဲ့ အင်္ဂလိပ် ကြောင့် အားငယ်နေ (အားမလို အားမရဖြစ်နေ) နိုင်ပါတယ်။ ဒီအထဲမှာ သံတမန်တချို့လည်းပါတယ်။ သူတို့ဆီက ထွက်လာတဲ့ အင်္ဂလိပ် အသံထွက်က တော်တော်စိတ်ပျက်စရာကောင်းတယ်(နှစ်ခါ ကြုံဖူးလို့ပါ)။ စင်္ကာပူကတောင် ဒီပွဲကို တက်ရောက်လာသူတိုင်းဟာ အနည်းဆုံး အင်္ဂလိပ် လိုတော့ ရပြီးသားလို့ မှတ်ယူထားတယ်။ အခြားဘာသာစကားတွေနဲ့ပြောရင် ဘာသာပြန်ပေးပေမဲ့ အင်္ဂလိပ်ကိုတော့ ဘာသာပြန်ပေးတာ မတွေ့ရဘူး။ လုံးစေ့ပတ်စေ့နားမလည်ရင် အတော်ကြာမယ့် ဈာပနအခန်းအနားပါ။
သဘာဝကျကျတွေးရင်တော့ ဖြည့်ဆည်းစရာတွေ၊ ပြင်ဆင်စရာတွေ တထွေးကြီးနဲ့ ပြန်သွားရမယ့် ခရီးပါ။
လူတိုင်းသေပေမဲ့ သေသူတိုင်းရဲ့ ဈာပနက မတူဘူး။
ဒါ အဓိကပါပဲ။
ဇင်ဝေသော်