ကျွန်ုပ်၏ မနုသတ္တဒုလ္လဘ ကွန်ယက်


ရဟန်းဘွဲ့။ ။ ဦးစိတ္တရ
မွေးရပ်။ ။ လက်ပန်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း။

မိဘ။ ။ (ဦးစိန်ဆင့်၊ ဒေါ်သိန်းညွန့်) လက်ပန်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း။

လက်ဦးဆရာ။ ။ ဆရာတော် ဦးဝိဇယ၊ ဗောဓိကျောင်း၊ ဘူးကိုင်းရွာ၊ မြောင်မြို့ နယ်၊ စစ်ကိုင်းတိုင်း။

ဥပဇ္ဈာယ်ဆရာ။ ။ ဆရာတော် ဦးဇောတိကာဘိဝံသ၊ ဒေးဝန်းကျောင်း၊ မိုးကောင်းတိုက် (ညောင်ရမ်းအုပ်စု)၊ အနောက်ပြင်၊ မန္တလေး။
*********************************************************
ပညာဆည်းပူးခဲ့ရာ..
၁။ ဗောဓိကျောင်း၊ ဘူးကိုင်းရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်း
၂။ ဒေးဝန်းကျောင်း၊ မိုးကောင်းတိုက် (ညောင်ရမ်းအုပ်စု)၊ အနောက်ပြင်၊ မန္တလေး
၃။ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ မန္ထလေး
၎။ Buddhist and Pali Collage( Singapore)
**********************************************
လက်ရှိ သီတင်းသုံးရာ
Mangala Vihara BuddhistTemple,
30 Jalan, Eunos,
Singapore, 419495

လုပ်ဆောင်မှု....
၁။ ကျောင်းထိုင်
၂။ ဆန်းဒေးဓမ္မကလပ်စ် (Sunday Dhamma Classes) ဩဝါဒါစရိယ
၃။ Buddhist and Pali Collage( Singapore) အုပ်ချုပ်စီမံ၊ နည်းပြ။
၎။ National University of Singapore ဗုဒ္ဓဘာသာအဖွဲ့ ဩဝါဒါစရိယ (Spiritual adviser)
၅။ စင်္ကာပူ၊ အဘိဓမ္မာစာမေးပွဲ ကျင်းပရေး (ပြည်ပ) ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူး
(ဒါက ဒီလိုပါ။ စာတစ်စောင်နဲ့ တစ်စောင် မတူ၊ ဥက္ကဋ္ဌ ဖြစ်လိုက် အတွင်းရေးမှူး ဖြစ်လိုက်ပဲ)။
၆။ (ကလေးသူငယ်) ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု သင်တန်း၊ ပူးတွဲ ဩဝါဒါစရိယ။
ရ။ မင်္ဂလာမောင်မယ်အသင်း ပူးတွဲ ဩဝါဒါစရိယ။
*********************
ကလောင်အမည်များ
ဇင်ဝေသော်၊ စောနေလတ်၊ သီဟနာဒ၊ (တစ်ခါတစ်ရံ ဦးကိုမောင်၊ ဆုထားမျက်ချယ်)

ရေးသားခဲသည့် စာအုပ်များ
၁။ မောင်ငယ်ရင်သွေး နာဘိသေးလော့
၂။ လူလားမမြောက်သေးတဲ့ အတွေးများ
၃။ နားဝင်မချိုတဲ့ အမှန်တရားများ
၎။ လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း ပ၊ ဒု
၅။ သုံးပုဒ်ကဗျာ (မောင်စိမ်းနီ၊ သစ္စာနီ တို့နဲ့အတူ)
၆။ ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်
၇။ ပြုံးစိစိ ချဉ်ငန်စပ်လေးများ
၈။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
၉။ ကမ်လက် ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ်

လေးစားပြီး ချစ်ခင်မိသည့် စာပေကျေးဇူးရှင်များ

၁။ မဟာဂန္ဓာရုံဆရာတော် ဦးဇနကာဘိဝံသ
၂။ ဆမ် ဟန်တင်တန်
၃။ သစ္စာနီ
၎။ တာရာမင်းဝေ...............စသည်။

(အရိုးသားဆုံး ဖွင့်ချရေးဟန် မိဘမေတ္တာဘွဲ့ ဆောင်းပါးဟောင်း နှစ်ပုဒ်ဖြစ် သည့်
(က) ရဟန်းတစ်ပါးရေးသည့် ဆော့ဝဲလ် ပရိုဂရမ်းမင်းဝတ္ထု
(ခ) အဖေ(သို့)ကျုန်ုပ်ဘဝ၏ အာခီတက်တို့ကို
ဆက်လက်တင်ပေးသွားပါမယ်)

မြန်မာပြည်မှာ မဲပေးခွင့်ရဖို့နဲ့


အိန္ဒိယမှာ အုန်းသီးတစ်လုံးရဖို့ကလည်း တကယ့်ကို ချဲလင့်ဂ်ျ
အဟင့် ဟင့် ဟင့်။

ဒီပုံကိုတွေ့ရင် ဒေါ်တင်တင်အောင် ဘာများ ထပ်ပြောလေမလဲ



"တပည့်တော်မ သံရုံးသွားတာ သုံးခေါက်ရှိပြီ။ အခုအထိ မဲပေးခွင့် မရသေးဘူး။ မလျှော့ဘူး၊ ရေကုန်ရေခမ်း လုပ်သွားမှာ။ တပည့်တော်မတို့ ပင်ပမ်းတယ်ဆိုတာက အဲယာကွန်းဘတ်စ်နဲ့၊ နိုင်လွန် ကတ္တရာလမ်းနဲ့။ ကိုယ့်ထက် နှစ်နှစ်ကြီးတဲ အမကြီးခမျာ နေပူမရှောင် မိုးရွာမရှောင် မညီညာတဲ့ လမ်းတွေပေါ် နိုင်ငံတော်အတွက် ခရီးသွားနေရရှာတာ။"
(ဒါနဲ့ စကားမစပ် ဒေါ်တင်တင်အောင်က ရခိုင်တိုင်းရင်းသူကြီးနော်၊ ဆျာတို့ မှတ်ထားကြအုံး)


အဲသလောက် အဓိပ္ပါယ်မဲ့တဲ့ စာသားကတောင် အမှန်တရားလိုလို


တရုတ် ယဉ်ကျေးမှုတော်လှန်ရေးကြီးမှာ တကယ်မရှုမလှ ခံစားသွားရရှာတာက လူငယ်တွေ။
"အချိန်ကိုက် ဝင်လာသော ဒီမိုကရေစီ ရထားထက်
နောက်ကျ ဝင်လာသည့် ကွန်မြူနစ်ရထားက ပိုကောင်းသည်" တဲ့။
အဲဒီအချိန်တုန်းက အဲသလောက် အဓိပ္ပါယ်မဲ့တဲ့ စာသားကတောင် အမှန်တရားလိုလို။

သီတင်းကျွတ်ကာတွန်းပြပွဲ - junction square မှာ(27-28-29)သုံးရက်