အဲနီးမဲလ်၊တိရစ္ဆာန်

 
ကမ္ဘာမှာရှိတဲ့ ဘာသာတရား အများစုက လူသားအချင်းချင်း ချစ်ခင်ရိုင်းပင်းမှုအကြောင်းပြောနေချိန်မှာ ဗုဒ္ဓဘာသာကတော့ မေတ္တာတရားကို စကြဝဠာ အဆုံးအထိ ချဲ့ဖြန့်လိုက်ပါတယ်။

ဗုဒ္ဓါစရိတ ကတော့ တရစ္ဆာန်တ္ပေအပေါ် သနားကြင်နာမှုဟာ အစစ်မှန်ဆုံး ဘာသာတရားပါ တဲ့။
တိရစ္ဆာန်တ္ပေအပေါ် ညှာတာထောက်ထားကြဖို့ ပထမဆုံး ဥပဒေ ရေးဆ္ပဲခဲ့တာဟာ ဘီစီ သုံးရာစုက ဗုဒ္ဓဘာသာမင်းတစ်ပါး ဖြစ်တဲ့ အသောက မင်းမြတ်ပါပဲ။








Copyright © 2011 ကမ်းလက်. All rights reserved.

ကွန်မင့်များနဲ့ ဖွဲ့သီခြင်း

မိတ်ဆွေတစ်ယောက်က သတိရကြောင်း၊ ဘာကြောင်း ပြောခိုက်သတိရခြင်းသည်ကောင်း၏၊ ဘုရားရှင်လည်း ချီးမွမ်း၏၊ သတိကား ပိုသည်မရှိဟုပင်မိန့်တော်မူ၏ ဟု ခပ်ရွှန်းရွှန်းဖောက်နေခိုက် ရှင်နှောင်း ငယ်က "တင်ဝေသာ် လည်း မှတ်ထား ၊ မှတ်ထား...အင်း ဒါပဲနော်။

December 27, 2011 at 4:06pm · Like"ဟု ဇင်ဝေသော်ကို မပီတပီ ချစ်စနိုး ဖြင့် တင်ဝေသော်ဟုခေါ်ကာ သတိပေးသွား၏၊ ဝမ်းနည်းမိ၏၊ ရှင်နှောင်း ငယ်က သတိပေးသော်လည်း ရှင်နှောင်းကြီးက ဘာမှမပြောခဲ့။

Mg Ogga က" ရေရေလည်လည်မိုက်တဲ့ အတွေးဗျာ ဒါနဲ့ ကမ်းလက်က အချို့ စာတွေကို ကျနော်တို့ ဧ၀ံမေသုတံ ဘလော့မှာ အသုံးပြုခွင့် ပေးပါခင်ဗျာ ကြိုက်လို့"လို့ ရိုးသားစွာ ခွင့်တောင်းခိုက် ဘာပြန်ပြောရမလဲ စဉ်းစားနေစဉ် ကိုကြီး Khant က "ဘာမှမဟုတ်ဘူးရယ် ..တစ်ကယ်...နှစ်ခြိုက်သူတို့နမ်းပါစေ။။။:)" ဟူသော ကွန်မင့်လေးတက်ရေးသည်၊ ဒါနဲ့ပဲ အေးလေ နှစ်ခြိုက်သူတို့နမ်းပါစေ ပေါ့ ဟု ဖြေပြီးသားဖြစ်သွားလေတော့သည်။

အဲဒီနေ့က အိပ်ယာထနောက်ကျနေခဲ့သည်၊ ဟို ဒကာ ဇင်ဝေသော် ရဲ့ညစာမစားဖြစ်တဲ့ အိပ်မက်များ အကြောင်းကို မဆီမဆိုင်လျှောက်စဉ်းစားနေခဲ့မိခြင်းကြောင့်ဖြစ်၏၊။ အလွန်ရှုပ်ထွေးသောစာဖြစ်ပြီး ဘာကိုဆိုလိုချင်မှန်းလည်းတိတိကျကျမသိ၊ ထို့ကြောင့်ပင် အာရုံဆွမ်းစားလက်ခံထားမိသည်ကိုမေ့လျော့ကာ နေမြင့်အောင်ပင် အိပ်လိုက်မိ၏၊ အာရုံဆွမ်းစားလွတ်သွား၏။ ဒါကို မဖြစ်မနေသိလိုက်သော Noble Moe က "ပျင်းတဲ့သူလွတ်မယ်ထင်တာ တော်သေးတာပေါ့သူလွတ်သွားလို့းD" ဟု လှမ်းနောက်သွားလေတော့၏၊အလွန်နောက်သော ဒါယိကာမပင်တည်း။

ဘာကြောင့်မှန်းမသိ တစ်ကိုယ်လုံး ညောင်းကိုက်နေသည်၊ ဆရာသမားက မိုးရွာချင်လို့ ဟု မိုးနှင့် အညောင်းအကိုက် မဆီမဆိုင်ဆက်စပ်၏၊အတန်ကြာမှ မ Khin San Yu က "သမိုင်းဟူသည် နောက်လှည့်လှည့်ကြည့်ရသော အလုပ်တစ်ခုဖြစ်သဖြင့် အလွန်ဇက်ညောင်းသော ပညာရပ် တစ်ခု ဖြစ်သည်။ သမိုင်းသင်ရန် အနှိပ်ခန်းလို၏။းp:p:p:p" ပီ ပီ ပီ ပီ ဟု ခရာမှုတ်ရင်း အကြောင်းတရား အမှန်ကို လက်ချာပေးသွား၏၊ ပါဠိတော်စကားဖြင့်ဆိုရမူ မှောက်ထားအပ်သောဝတ္ထုကို လှန်ပြလိုက် သကဲ့သို့ဖြစ်၏၊ အထဲမှာ ဘာရှိမှန်းတော့မသိ။ကြုံမှ မေးရပေတော့အံ့။( အံ့ ဟူသည် ဆရာအံ့ မဟုတ်၊)

မား ဆိုး က"အချိန်တိုင်းမှာ... အချိန်တိုင်းမှာ .. အချိန်တိုင်းမှာ .. ကိုယ်ခေါင်းငုံ့နေရတယ် ..........................."ဟု အယ်ဂျီးရီယားမှ နေပြီး လှမ်း၍ခေါင်းငုံ့၏။ အဆံပြည့်သော စပါးနှံဖြစ်ပုံရပါသည်၊ စပါးနှံသည် အဆံပြည့်လေခါင်းငုံ့လေတည်း။

ရေမြင်းစပါယ်ရှယ်လစ်အစစ်ဖြစ်လေသော အန်ဆီး ဒေါ်Win Win Yee က" ရေမြင်းတွေမှာတော့ အထီး ကကိုယ်ဝန်ဆောင်တယ် တဲ့" ဟု ရေမြင်းအကြောင်း ရေခင်းပြစဉ် ဓာတ်တူရာပေါင်းမိပြီး ကုန်းပေါ် ကမြင်းကို မြင်းရာ မသွင်း၊ ရေထဲကမြင်းကိုမှ စိတ်ဝင်စားသောMoe Khant က ဒီကိစ္စ စိတ်ဝင်စားတယ်:) ဟု ကိုယ်ဝန်ဆောင် အငှားရှာဖွေလေတော့၏၊ ရေလူဖြစ်ချင်ပုံရ၏၊

မျက်မှန်တပ်ထားသောဆရာတော်တစ်ပါးက အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုဘာသာဖြင့်ရေးထားခဲ့လေရာ ယနေ့တိုင်မည်သူမျှ ဘာသာမပြန်ဆိုနိုင်သေးကြောင်းသိရ၏၊ ဝမ်းနည်း၏၊ မသိခြင်းကြောင့်၊ ဝမ်းသာ၏မသိခြင်းကြောင့်။ ဖတ်ကြည့်ကြပါလေ။ " အိမ်း၊ အတိတအစညတ။"ဟုဖြစ်၏။ ထိုစဉ် Aye Thanda Tun က" ဤကား ဘာရေးနည်းမှန်းမသိသော စာရေးနည်းတည်း :)) "ဟု မှတ်ချက်ပြုလိုက်လေတော့၏။

လူ၌လူ့ဒုက္ခ၊ရဟန်း၌ရဟန်း ဒုက္ခ၊ ဘုရား၌ဘုရား ဒုက္ခ ရှိ၏၊ဆံပင်ရိတ်စဉ်က ဒုက္ခများပါမသွားသောကြောင့်ဖြစ်ဟန်တူ၏။ ထို ဒုက္ခနှင့်ပတ်သက်၍ ဒုက္ခရောက်နေစဉ် Bobo Koko ဆိုသော ထိုထို ထိုထို ပုဂ္ဂိုလ်က "မှန်ပါတယ်။ လူဆိုတာ ဒုက္ခတွေကိုပဲ ပွေ့ပိုက်ချစ်နေရတာပဲလေ။"ဟု ဂလိုဂလိုဆို၏၊သူ ပွေ့ပိုက်ချစ်နေရသော ဒုက္ခ၏ ဆိုက်က S လား၊ M လား၊ L လား XL လား မသိရ၊ ဒါကိုပင် ဘုမသိဘမသိ Khin Ye Lwinက" အော် ဒုက္ခ...ဒုက္ခ"ဟု ကောက်ရိုးပုံဘေး ပြောင်းဖူးဖက်ဆေးလိပ် ထိုင်သောက်နေသေး၏။

ဤသို့ဖြင့်ပင်ကမ်းလက်လပတ်လည်သည် Nay Nwe Aung ပြောသကဲ့သို့ "စာရေးသူ၏ အိမ်မက်သည် အလွန်ချိုမြ သည်။ အိမ်တစ်လုံးဆောက်ချင်သည် ။............ နေရာ နေရာ နေရာ၏"ဖြစ်နေတော့၏။အိပ်မက်ချိုသူတိုင်း အိမ်ပိုင်မရှိ၊ နေရာမရှိ နရာ နေရာ၏။ ခက်သည်က သူမပြောသည်က အိပ်မက်မဟုတ်၊ အိမ်မက်ဖြစ်နေ၏။ ထို့ကြောင့် သူမသည် အအိပ်ကြီးခြင်ကိုမမက် အိမ်ရှိခြင်းကို မက်၏ ဟု သဘောပေါက်ရလေတော့သတည်း။

သီဟနာဒသည် မလျော်ရာ၌ အလွန်တော်၏ဟု စာရေးရန်စဉ်းစားခိုက် မောနေယျ ဟုအမည်ရသော ရဟန်းတစ်ပါးက လက်ရေးကိုကြည့်ကာမျှဖြင့် လက်နှစ်ချောင်းထောင်ပြီး ဟောကိန်းထုတ်သွား၏၊တော်၏၊ချော်၏ ။ ဟူလို၊ထုရဟန်းကို ဖူးတွေ့ရသော် အဟော ဝတ ကောင်းလေစွ၊ ကောဏ္ဍည ပင် လူမြင်မှဟောနိုင်၏၊ မောနေယျ ကိုယ်တိုင် မောနေရသောကြောင့် လားတော့ မသိချေ၊ မမောစေ ချင်ပါ။ Ashin Khemacara မိန့်သကဲ့သို့" အများအတွက် ကောင်းမယ်ထင်ရင် လုပ်၊ အပြစ်ပြောမယ့်လူက ပြောမယ်။"

ရှင်နှောင်း ငယ် ပြောသကဲ့သို့ပင် "မငြိမ်းသေးသော...သာဓု သာဓု သာဓု။"



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Lion's share. ခြင်္သေ့မင်းဝေစု

အရှင်ဇနကာဘိဝံသ(ဖေဖော်ဝါရီ ၂၇၊၁၉၀၀-ဒီဇင်ဘာ ၂၇၊၁၉၇၇)
ဆရာတော်ကြီး၏မွေးနေ့သမယ၌ အကြိုက်ဆုံး မှတ်စု ဆယ်ခုကို မူးရင်းအတိုင်းပင် မျှဝေလိုက်ပါသည်။

၁။ သက်သတ်လွတ်
"အောက်နတ်များက အသားစားမရှောင်ကြသော်လည်းအထက်နတ်များကမူအသားစားရှောင်ကြ၍ သာသနာကိုလည်း ကြည်ညိုကြ၏ ဟုစာလာပေလာအရသိရသည်။ သို့ဖြစ်၍ သာသနာပြုရာတွင် အထက်နတ်ကြီးများ၏ အကူအညီရစေရန် အထက်နတ်ကြီးများအကြိုက်သက်သတ်လွတ်စားသည်။" တစ်ဘဝသာသနာ၊နှာ၃၈၄။

၂။ သုတ္တန်နဲ့ အဘိဓမ္မာ
"နတ်ပြည်မှာမြတ်စွာဘုရားအဘိဓမ္မာတရားတွေဟောတုန်းကအဘိဓမ္မာတရားသားချည်းဟော တော့ နာလို့သာကောင်း တာ တရားမရကြပါဘူး တဲ့၊ ကြားထဲမှာ သုတ္တန်တရားတွှေပ်ညှပ်ပြီး ဟောတော့မှ သဘောပေါက်ကုန်ပြီးတရားရကြတာပါ၊အဲဒါကို ဘုန်းကြီးကအတုယူပြီး ယခုလည်း အဘိဓမ္မာသဘောကို သုတ္တန်နဲ့ နှောနှော၍ဟောနေပါတယ်၊ အဘိဓမ္မာ သဘော တရားချည်း ဟောနေပါလျှင် ဒီ ပရိသတ်စိတ်ဝင်စားမှာ မဟုတ်ဘူး၊ငိုက်ကုန်မယ်။ ၎င်း နှာ ၃၈၆၊၃၈၇။

၃။ ရုပ်သေးပြပွဲ
ဘုန်းကြီးကိုးကွယ်တဲ့နေရာမှာ သိပ်အဝေးကြီးကလှမ်းပြီးကိုးကွယ်နေရင် တရားဓမ္မမနာရလို့ ရသင့်တဲ့အကျိုး မဖွံ့ဖြိုးဘူး တဲ့၊ အနားကပ်လွန်းပြန်တော့လည်း ကြိုးတွေရှုပ်နေတာ ကိုမြင်ရ တတ်လို့ မကောင်းပြန်ဘူး တဲ့။ ၎င်း၊ နှာ၊၄၀၄။

၎။ အဲသလိုမပြောနဲ့
"တပည့်တော်တို့နယ်မှာ ဟိုနှစ်တွေကဆိုရင် မိုးခေါင်တယ်ဘုရား၊ မနှစ်တုန်းကတော့သီလရှိတဲ့ ဆရာတော်တို့ကြွလာလို့ အဲဒီနောက် မိုးတွေလေတွေကောင်းတယ်၊ ဆန် စပါးတွေရကြတယ် ဘုရား၊ စောစောပိုင်းရက်တွေကလည်းရွာနေတာပဲ ဆရာတော်တို့ကြွလာခိုက်မို့ မိုးပြတ်ပေးတာပဲ၊" "ဒီလို မပြောကြပါနဲ့၊ တော်ကြာ မိုးမရွာလို့ စပါးမရရင် ဆရာတော်သီလပျက် သွားပြီလို့ပြောကြ လိမ့်မယ်။ ဒါ ဆရာတော်နဲ့ မဆိုင်ပါဘူး၊ ထန်းသီးကြွေခိုက်၊ကျီးနားခိုက် ဆိုသလိုဖြစ်ရတာပါ။ ၎င်း၊နှာ၊၄၂၉၊၄၃၀။

၅။ မကျဉ်း၊ကျယ်
"ယခုနေ ငါ့ကို ရွှေကျင်သာသနာပိုင်လုပ်မလား လို့မေးရင် မလုပ်ချင်ဘူးလို့ဖြေမှာပဲ၊ ဘာလို့လဲ ဆိုရင် နယ်ကျဉ်းလို့ပါပဲ...။" "အဲ တစ်သာသနာလုံးရဲ သာသနာပိုင်လုပ်မလား၊ပြီးတော့ သာသနာ ကြီးကို ပြုပြင်နိုင်တဲ့ အာဏာလည်း အပြည့်အဝရှိတယ်ဆိုရင်တော့ လုပ်ချင်တယ်၊ ဘာလို့လဲ... သာသနာတော်ကြီးစိတ်ကြိုက် စိတ်တိုင်းကျ ပြုပြင်ချင်လို့ပါပဲ။" ၎င်း၊နှာ၊၄၆၂။

၆။ အမြင်ကပ်စရာ
"သူများနဲ့ မတူတာတော့ မတူတာ အမှန်ပဲကွ၊ကြည့်ပါလား...ခေါင်းရိတ်တာကအစ တစ်နေ့တည်း တစ်ရက်တည်း တစ်ပြိုင်နက်တည်းပြောင်လို့၊ ဦးရေလေးတွေစိမ်းလို့..." "အင်း...အစစအရာရာ စည်းစနစ်နဲ့ ပြင်ထားတာကောင်းပါတယ်၊ ကြည်ညိုဖွယ်လည်းဖြစ်ပါတယ်၊ ညီလည်း ညီညာ ကြ ပေတယ်၊ဒါပေမဲ့...သိပ်ပြီးညီလွန်းတော့လည်း အမြင်ကပ်စရာဖြစ်နေ တတ်တယ်။" ၎င်း၊နှာ၊၄၆။

၇။ မျက်စိလည် လှူလိုက်ကြရော
"တို့မြန်မာပြည် သာသနာက ရှင်ဘုရင် အမတ်တွေက စတညထောင်ခဲ့တာ၊ ရှင်ဘုရင် ဆိုသူ တွေက သူတို့ကို နတ်ရုပ်ပေါက်အောင်ဆင်ထားကြတယ်၊ လှူကြ တန်းကြ ပေးကြ ကမ်းကြဆိုတော့ နှစ်ဖက်ရကြည့်ပြီး ဘုန်းကြီးတွေက ဟောကြတာကိုး၊ ဒါနဲ့ ဟောတဲ့ ဘုန်းကြီးကလည်း ဟောခလေး ရရော၊ လှူတဲ့သူကလည်း နတ်ပြည်ရောက်ချင်ဇောနဲ့ မျက်စိလည် လှူလိုက်ကြရော။" နံနက်ခင်း ဩဝါဒများ၊နှာ၊၂၀၅။

၈။ နတ်ဒေါသ
"နတ်ပြည်မှာ ခဍ္ဍာပဒေါသိကနတ် မနောပဒေါသိကနတ်ဆိုတာရှိတယ်၊ဒီ နတ်နှစ်ယောက်ဟာ တစ်နေ့ကျတော့ အခြံအရံ နတ်သမီးတွေနဲ့ တကွ ဥယျာဉ်ကစားထွကကြတယ်၊ဒီအခါမှာ နတ်တစ်ယောက်က နတ်တစ်ယောက် ရဲ့ရှေ့ကို မြင်းရထား နဲ့ ကျော်တက် လိုက်တယ်၊ နောက် တစ်ယောက်က သူ့ရှေ ကျော်တက်ရပါ့မလားဆိုပြီး တကတည်း ဒေါသဖြစ်လိုက် တာ သေပါ လေရော၊ ဒါဟာ ဘာလဲ၊ဒေါသမီး အလောင်ခံရတာ။" နံနက်ခင်း ဩဝါဒများ၊နှာ.၆၂။

၉။ သိပ္ပဉ္စ
ငါ့သား သမီး၊ ငါ့ ဇနီးကို၊
ငါကြီးသည့်ခါ၊ ငါဖွေရှာ၍၊
ငါသာထောက်ပင့်၊ ငါ ချီးမြင့်ဖို့
ငါနှင့်တော်ရာ၊ ငါ့ပညာကို၊
ငါသာကြိုးစား၊ ငါမနားသည်၊
ငါ့အား ငါကိုးမည်သာတကား။
အခြေပြုမင်္ဂလသုတ်၊နှာ မမှတ်မိ

၁၀။ ဝီရိယ
"အနုဋ္ဌဟံ အဝါယမံသုခံ ယတြာဓိဂစ္ဆတိ။
သုဝီရ တတ္တ ဂစ္ဆာဟိ၊ မဉ္စ တတ္ထေဝ ပါပယ။
ချစ်သား သုဝီရ ထကြွလုံလမပါဘဲ၊ ဝါယမလည်း စိုက်စရာမလိုဘဲ
ချမ်းသာသုခ ရနိုင်တယ် ဆိုတဲ့ နေရာရှိရင် အဲဒီနေရာကိုသွားပါ၊ ငါ့ကိုလည်းပို့စမ်းပါ။
(သိကြာမင်းကြီးက သားဖြစ်သူ သုဝီရ ကိုပြော သောစကား)...
ဒီနေရာမှာသတိရှိကြစမ်းပါ၊ စည်းစိမ်ချမ်းသာတွေ အပြည့်နဲ့ နေတဲ့
တာဝတိံသာက သိကြားမင်းကတောင် လုံ့လ၀ီရိယကို တန်ဖိုးထားတာ။ ၎င်း၊နှာ.၅၃၇။



သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

✤ကွန်မွန်းဆင့်စ်✤

မြန်မာပြည်ကို ကူညီချင်လို့ပါဆိုမယုံနဲ့တော့
အင်အားကြီး အမေရိက နဲ့တရုတ်
ဘယ်တော့မှ စစ်မဖြစ်၊ မိတ်ပျက်မခံ။
စာရေးတစ်ယောက် အလုပ်ကိစ္စ နဲ့ပတ်သက်လို့
ဥက္ကဋ္ဌနဲ့ စီအီးအို အတိုက်အခံမဖြစ်။

F18 လက်ထဲမှာမရှိရင် အမေရိကန်တွေက
F16 တိုက်လေယဉ်တွေ ရောင်းမထုတ်ဘူး။
F16နဲ့ အမေရိကသွားတိုက်ရင်
F18 လက်ချက်နဲ့ ပြုတ်မှာပဲ။
ရော်နယ်ဒို မရှိလည်းဖြစ်တယ်လို့ မယုံကြည်ရင်
ဘယ်လောက်ပေးပေး ဖာဂူဆန်ကမရောင်းပါဘူး။

ဒီနှစ် နွားပြာက ခိုင်းလို့ရပြီလို့ မယုံကြည်ရင်
အဲဒီ ကျေးတောသားတောင်သူကြီးက
စာဥ ကို မရောင်းပါဘူး။
ဒါတွေဟာနိုင်ငံရေး မဟုတ်ပါဘူး၊
ပရော်ဖက်ရှင်နယ်ဆန်တဲ့ လူမှုရေး၊ စီးပွားရေးပါ။
သန်းကြွယ်သူဋ္ဌေးကနေ
ကျေးလက်တောင်သူအထိ ဒီအတိုင်းပါပဲ။

လူတွေဟာ ဘုရားဖြစ်ဖို့ထက်
ထမင်းစားဖို့လုပ်နေကြရတာပါ။
ခေတ်သစ်စီးပွားရေးမှာ လက်ဝါးကြီးအုပ်တာနဲ့
လည်ပင်းညှစ်တာ နှစ်မျိုးပဲများပါတော့တယ်။

သပိတ်တစ်လုံး၊ သုံးထည်သောသင်္ကန်းနဲ့
အရှင်မြတ်တွေကလွဲရင်ပေါ့လေ။ ။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

အာနႏၵေမေတၲယ်

ပထမဆုံး ဥရောပတိုက်သား ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးပါ။
ဆာ အက်ဒ္ပင် အာနိုးရဲ့ အာရှတိုက် အလင်းရောင်ကိုဖတ်ပြီး ဗုဒ္ဓဘာသာဖြစ်လာသူပါ။
ဒီနောက် သီရိလင်္ကာ ကိုသ္ပားတယ်။ 
၁၉၀၁ ခုနှစ်မှာ မြန်မာပြည်ကို ရောက်ရှိပြီး ရဟန်းဘဝကို ခံယူခဲ့ပါတယ်။
ပန်းနာရင်ကြပ် ရောဂါကြောင့် လူဝတ် လဲခဲ့ရပြိံး ၁၉၂၃ ခုမှာ အနိစ္စရောက်ခဲ့ရရှာပါတယ်။
ဥရောပ ဗုဒ္ဓဘာသာ ရဲ့ မီးရှူးတစ်ဆောင်ပါ။










Copyright © 2011 ကမ်းလက်. All rights reserved.