" ဝ " တာက ကောင်းပါတယ်


ကလေးတုန်းက သိခဲ့ရတာက နွားတွေ မြွေကိုက်ရင် အဆီမရှိလို့ ချက်ချင်း အဆိပ်သင့်တယ်။ ဝက်တွေကျ မြွေကို မကြောက်ဘူး။ ကိုက်လည်း အဆီေ တွများတော့ အဆိပ်မတိုးဘူး။
ဒီ အချက်က အခု သိပ္ပံနည်းကျကို မှန်နေတယ်။ ( တခါတခါ သိပ္ပံလည်း အူ တူတူတော့ နိုင်တာပေါ့။ )
မက္ကစီကို နိုင်ငံသား Stephen ဆိုသူက " a man who survived a being shot when his pot belly caught " ဆိုတဲ့ သူ့ကိုယ်တိုင်ရဲ့ အတွေ့အကြုံ သတင်းကိုြေ
ပာပြခဲ့တယ်။ ဝမ်းဗိုက်ကို ကျည်ဆံ ထိတာတောင် အဆီတွေ ကြားမှာ ကျည်မတိုးနိုင်တော့ သူ မသေခဲ့ဘူး။
ဆရာဝန်တွေကလည်း ထောက်ခံပါတယ်။ " အဆီမရှိတဲ့ ဝမ်းဗိုက်ဆိုရင် အခုနေ သေနေလောက်ပြီ " တဲ့။
နောက်ထပ် ဆရာဝန်ပြောတာက ပို မှတ်သားထိုက်တယ်။
" ကျည်ဆံရယ်တောင် မဟုတ်ဘူး၊ ဓါး စတာတွေနဲ့ ဝမ်းဗိုက်ကို အထိုးခံ ရ ရင်လည်း အဆီများများ ဝမ်းဗိုက်နဲ့ လူက သေဆုံးဖို့ ရာခိုင်နှုန်း ပိုနည်းတယ်၊
ဒါပေမယ့် ကျည်ဆံ၊ ဓါး စတာတွေရဲ့ အန္တရာယ်ကို ကာကွယ်ရုံ သက် သက် အတွက်တော့ ( ဒါကိုထောက်ရင် တခြား ကောင်းကွက်တွေ ရှိနိုင်သေးတယ် ) ဝလွန်းတာကို အားမပေးပါဘူး " တဲ့။

အမေရိကန်တွေက လူလည်တွေ၊ ဒါ့ကြောင့် သူတို့ လူဦးရေရဲ့ သုံးပုံ နှစ်ပုံက အိုဗာဝိတ်တွေ ဖြစ်နေတာ။ " ဝ " ခြင်းရဲ့ အားသာချက်တွေကို သိထား ကြ လို့ နေမှာ။ ဒါကို အာရှက မသိကြဘူး။
အထူးသဖြင့် မိန်းကလေးတွေ။ ဆောင်းပါတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်။ မိန်းကလေးတွေက မသိလို့ ပိန်ချင်တာ၊ ဖက်ရှင် ရှိုး၊ မော်ဒယ် ရှိုး တွေ ကို ယောက်ျားစစ်စစ် ၈၅ ရာခိုင်နှုန်းက မကြည့်ဘူး။
ယောက်ျားစစ်စစ်တွေ ကြည့်တာက " မယ် " ပြိုင်ပွဲတွေ တဲ့။ ဒါကြောင့် မော်ဒယ် စတိုင် ပိန်ပိန်လေးတွေက ယောက်ျားကောင်း ( စစ်စစ် ) ရဖို့ ရာနှုန်း အတော်နည်း တယ်တဲ့။

အာရှလည်း ပြောင်းလဲ စတော့ ပြုလာနေပြီ။ ဖက်တီး Psy က ဂန်းနန် စတိုင် နဲ့ ပိန်တာရိုးတွေကို ကျော်တက်သွားတယ်။
မြောက်ကိုရီးယား ဖက်တီး ခေါင်းဆောင်သစ် ကင်ဂျုံအွန်း ကို မြောက်ကိုရီး ယား သားတွေက ( ကြောက်လို့ပဲ ဖြစ်ဖြစ် ) " The sexiest man a live in the world " တဲ့။
ဒီ အထောက်အထားတွေ ရှိလို့ ပြောတာပါ " ဝ " တာက ကောင်းပါတယ်။ ။

ပေါ့ပေါ့ ပါးပါးလေးပါ


ဇင်ဝေသော်

သရော်စကား ဖလော် နားရောက်သော် ပျက်၏


စံပါယ်တဲ့ လေးရုံ
မလေးခင် မပန်ထိုက်
ပန်း ပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံတော့ ကျန်ပါသေး....


ဤကဗျာလေးသည် လေချိုရုံသာမက လေးနက်သော အဓိပ္ပါယ်ကို ဆောင် သည်ကိုလည်း လူတိုင်းသိသည်။
သို့သော် အပြစ်ရှာ ကောင်းသူက ရှာမည်ဆိုလျင် ဤ ကဗျာလေးမှာလည်း တင်စားမှု ဝေဝါးခြင်း ရှိသည်။ သကြားမင်း ဖန် ဆင်း သော နွား အမြီးတိုသည် ဆိုသ ကဲ့သို့ပင်ဖြစ်သည်။

( ဆောင်းပါးတို မပြီးခင် ကောက်ချက်ချ မစောရန် မေတ္တာရပ်ခံထားလိုပါသည်) ကြည့်ပါ။
" စံပါယ်တဲ့ လေးရုံ
မလေးခင် မပန်ထိုက်
ပန်း ပြတ်ခိုက်ကြုံ "
ဤ၌ ရှေးရှေးပွင့်ခဲ့ပြီးသော ဘုရားလေးဆူကို စံပါယ်ပန်း ကုန်သွားသော စံ ပါယ် လေး ရုံနှင့် နှိုင်းယှဉ်ပြသည်။
" အပွင့်ရယ်ကုန်
တစ်ငုံတော့ ကျန်ပါသေး "
ကို ဆက်ဖတ်ရာ နောင် ပွင့်လာလတ္တံ့သော ဘုရားရှင်ကို စံပါယ်ငုံ နှင့် နှိုင်း ယှဉ်ပြပြန်သည်။

အလင်္ကာ သဘောအရ တစ်တစ်ခွခွဆိုလျှင်...
ရှေးရှေးပွင့်ခဲ့ပြီးသော ဘုရားလေးဆူကို စံပါယ်ပန်း ကုန်သွားသော စံပါယ် လေးရုံနှင့် နှိုင်းယှဉ်လျှင် နောင် ပွင့်လာလတ္တံ့သော ဘု ရားရှင်ကိုလည်း စံပယ် ပွင့်လာလတ္တံ့သော စံပါယ်ရုံ နှင့်သာ နှိုင်းယှဉ်ပြသင့်သည်။
( စံပါယ်ရုံကို စံပါယ်ရုံ နှင့်သာ နှိုင်းသည်ဟူလို။)
သို့မဟုတ် နောင် ပွင့်လာလတ္တံ့သော ဘုရားရှင်ကို စံပါယ်ငုံ နှင့် နှိုင်းယှဉ်ပြမည် ဆိုပါကလည်း ရှေးရှေးပွင့်ခဲ့ပြီးသော ဘုရားလေး ဆူ ကို ကြွေကျသွာပြီးသော စံ ပါယ်ပန်း လေးပွင့် နှင့် နှိုင်းယှဉ်ပြသင့်သည်။
( စံပါယ်ပန်းနှင့် စံပါယ်ငုံ ကို နှိုင်းသည်ဟူလို။)
ဤသို့ မယောင်ရာ ဆီလူးနေလျင် ဝေဖန်နေသူ ( စဉ်းစားလွန်းသူ )သာ နစ်နာ ဖွယ်ရှိပေမည်။ ဤကဗျာသည် သူ့ ရသ နှင့်သူ။ သူ့ အဓိပ္ပါယ် နှင့်သူ ရှိနေခဲ့ပြီးသား ဖြစ်သည်။

ဤစကား ဤမျှ ချီးနေသည်မှာ ကြုံတွေ့ခဲ့ရသော မြန်မာရဟန်းတစ်ပါး၏ အတွေ့ အကြုံကို ပြောလို၍ဖြစ်သည်။ အင်္ဂလိပ်စာနှင့် ပတ် သက်၍ အထင်သေး တတ်ကြ သည်။

ဖြစ်ပုံက ပွဲ တစ်ခုသို့ အသွား သိပ်မရင်းနှီးလှသော စလုံးဒကာ တစ်ယောက်က ကားဖြင့် လိုက်ပို့သည်။ ပွဲပြီး၍ ပြန်ရန် ကားပေါ် အ တက်တွင် အပြင်မှာ ရပ်နေေ သာ ဇနီးမောင်နှံ အတွဲကို တွေ့ရသည်။ သူတို့နှင့်က တော်တော် ရင်းနှီသည်။ ဟာသဉာဏ်လည်း ရွှင် ကြသည်။
ထို့ကြောင့် " You, two are outstanding! " ဟု ပြောလိုက်သည်။
" ဘာကြောင့်လဲ ဘန္တေ " ဟုမေးရာ
" You are standing outside while the rest are in. " ဟု ဆိုလိုက်ရာ သူ တို့သာမက နောက်က လိုက်ပို့သူတို့ပါ ချက်ချင်း သေ ဘာပေါက်ပြီး ရယ်ကြ သည်။
ပြဿနာက မိမိကို ကားလိုက်ပို့သူ စလုံးဒကာမှာသာ ဖြစ်နေသည်။ သူ့ အခြေ ခံကောက်ချက်က မြန်မာရဟန်းများ အင်္ဂလိပ်စာ ညံ့သည် ဖြစ်နေသဖြင့် ပျက်လုံး ကို ရယ်ဖို့ အခွင့်အရေး လွတ်သွားသည့် အပြင် အင်္ဂလိပ်စာ အီဒီယံ အသုံးလွဲနေကြောင်း ထောက်ြ ပ ဖို့ စိတ်မသက်သာစွာ အခွင့် စောင့်ဆိုင်းနေ ရရှာ သည်။
နောက်ဆုံး ( အောင့်အီးမထားနိုင်တော့ ဟု ထင်သည် )
" ဘန္တေ သုံးလိုက်တဲ့ အီဒီယံက အဓိပ္ပါယ် မမှန်ဘူး၊ outstanding ဆိုတာ အပြင်မှာ ရပ်နေသူကို ဆိုလိုတာ မဟုတ်ဘူး " ဟုဆိုလိုက်ရာ စိတ် အပျက် ရ ဆုံးက ကိုယ်တိုင်ပင် ဖြစ်လိုက်ရတော့သည်။
အော် ဖြစ်ရလေ ဒကာရယ်၊ မြန်မာရဟန်းလည်း outstanding ဟူသည် အပြင်မှာ ရပ်နေသူမဟုတ်၊ understand ဟူသည် အောက် မှာ ရပ်နေသူမဟုတ်၊ misunderstand ဟူသည် အောက်မှာ ရပ်နေသူ ခြေချော်လဲခြင်း မဟုတ်။ လောက်တော့ သိခွင့်ရှိ ပါသည် ဟု သာ တွေးနေမိတော့သည်။
မည်သို့ ဖြစ်စေ မဆိုင်ရာအတွေးများ သူ့စိတ်ထဲမှာ ပြည့်နေသဖြင့် သူ ရယ်မောခွင့် မရလိုက်ရှာ။ ။


 သီဟနာဒ

ကမ္ဘာအရွေ့ လူအရွေ့


ကလေးဘဝက ကြားရဖူးတဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံး တစ်ခုကို သတိရမိ ပါတယ်။
တောင်ကလူတွေက မြောက် သွား၊ မြောက်ကလူတွေက တောင် သွား၊ ဘာဖြစ်လို့ အဲသလို သွားနေကြတာလဲဆိုတော့ နောက် တစ်ယောက်က....
တစ်နေရာထဲ စု သွားနေကြရင် ကမ္ဘာကြီး " စောင်း " သွားမှာ စိုး လို့တဲ့။

ကမ္ဘာကြီး စောင်းမသွားဖို့ တစ်ပတ်အတွင်း ဒီ ဆန့်ကျင်ဖက် သတင်းနှစ်ခု ပါလာပါတယ်။

" အမေရိကား က မြန်မာအင်ဂျင်နီယာတွေအတွက် အလုပ်ခေါ်

အမေရိကနိုင်ငံမှာ ရှိတဲ့ Society of North America Employment မှ မြန် မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနဲ့ အနောက် ဥရောပနိုင်ငံတွေ က လုပ်သက် ၅ နှစ်အထက်ရှိတဲ့ အင်ဂျင်နီယာတွေကို ယခု အပတ်အတွင်း မှာ အလုပ် ခေါ်ယူထားပါတယ်။ သူတို့ရဲ့ ဝက်ဆိုက်မှာတော့ အလုပ်လျှောက် ထားမယ့် အင်ဂျင်နီယာတွေက ဘွဲ့ရ၊ လုပ်သက် ၃ နှစ်မှ ၅ နှစ် အထက် ရှိရ မယ်လို့ သိရပါတယ်၊ ဘာညာ ဘာညာ............ "

ဒီဇင်ဘာ ၁ ရက်၊ စနေနေ့ စထရိတ်တိုမ်းစ် မှာ Emily Matchar ရေးတဲ့ " Living the American Dream- outside the US " ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပြန်တယ်။
အမေရိကားမှာ အလုပ်ရှာမရလို့ ( ရှာရခက်လို့ ) အပြင်ထွက်လာသူတွေ ထဲ မှာ အီလနွိုက် တက္ကသိုလ်က PhD ဘွဲ့ရ Dr. Liz Jacksons လို ၃၆ နှစ်အ ရွယ် အမျိုးသမီးတွေတောင် ပါနေပါတယ်။
" အမေရိကားမှာ အလုပ်ရှာမရဘူး ပြောရင် လူတွေက မယုံကြည်ကြဘူး၊ အလုပ်ရှာလို့ ရတယ်ဆိုရင်တောင် အများကြီး လစာ အဖြတ်ခံရတယ် " တဲ့။
ဒီတော့ ပညာတတ်လူငယ် အမေရိကန်တွေ ဦးလှည့်လာတာက အာရှနဲ့ အရှေ့ အလယ်ပိုင်း ဖြစ်လာခဲ့ကြတယ်။
" လေယာဉ်လက်မှတ်ဖိုး မနှမြောရင် အာရှကိုသာသွား၊ အခွင့်အရေး သေ ချာပေါက်ရှိတယ်။ အနည်းဆုံး အင်္ဂလိပ်စာပဲ သင်ဦး၊ Boom! " တဲ့။
အန္ဒိယန်း၊ ထိုင်ဝမ် အမေရိကန်တွေဆိုရင်လည်း အမေရိကားမှာ မနေဘဲ အိမ်ကို ပြန်တဲ့ ရာခိုင်နှုန်းက တဟုန်ထိုး တက်လာတယ်။

အရှေ့တောင် အာရှထဲမှာလည်း အတူတူပါပဲ။ ပြည်တွင်းက မြန်မာတွေက စင်္ကာပူလာဖို့ ကြိုးစားကြ၊ စင်္ကာပူက မြန်မာတွေ အိမ်ပြန် ချိန်ကို စဉ်းစားကြ။ ကမ္ဘာကြီး စောင်းသွားမှာ စိုး ကြလို့နေမှာ။

ဒီကြားထဲ အချိန်ကုန် ငွေကုန်ခံပြီး ကမ္ဘာပတ်တဲ့ လူတွေရှိသေးတယ်။ ကမ္ဘာ ကိုယ်တိုင်က ပတ်နေတာကြီးကို။ ကိုယ့် နေရာ ကိုနေ ရင် အလိုလို နေ စကြ ဝဠာကို ပတ်ပြီးသားပဲ မဟုတ်လား။
ကိုယ်က ကမ္ဘာပတ်လို့ ကိုယ်ပတ်နေတဲ့ လမ်ကြောင်းက ကမ္ဘာ့ အရွေ့နဲ့ ဦးတည်ရာ တူနေရင် ရှေ့ မရောက်တောင် ဖြစ်နိုင်သေး တယ်။ အကောင်းဆုံးက ကိုယ့်နေရာလေးမှာ ကိုယ့် အိပ်မက်နဲ့ ကိုယ် နေလိုက်ဖို့ပဲ။
BOOM!



 ဇင်ဝေသော်

လူ့အကြောင်း ထဲထဲ ဝင်ဝင်


လူဆိုတာ စိတ်မနှံ့သူ ကို စကားစ သူ့ ပါးစပ်က ထွက်လာတဲ့ စကားကို အ တိတ်ကောက်ပြီး ချဲဂဏန်း ထိုးတတ်ကြတဲ့ အမျိုး။
ဒါကို သိလျက်နဲ့ တစ်ယောက်ယောက်က အကြံဉာဏ် လာတောင်းရင် ဂုဏ် ယူတတ်တဲ့ လူတွေက ရှိသေးတယ်။
ကိုယ် ဘာဖြစ်သွားသလဲ၊ သေသေချာချာ စဉ်းစားကြပေါ့။

ဖိလစ်ပိုင် နိုင်ငံက ၃ နှစ်သား Ray Rong ဆိုတဲ့ ကလေးက လူနာတွေကို ကြည့်ပြီး " နင်က နေကောင်းအောင် ဒါစား၊ နင်ကတော့ ဒါစား " ဆိုပြီး ဓာတ် စာပေးသတဲ့။
အဲ့ဒါ မှန်လွန်းလို့ဆိုပြီး ၃ နှစ်သား ဒေါက်တာ Ray Rong ဆီ လာကြတဲ့ လူ နာတွေ မနက်မနက် မနည်းလှဘူး။( ဖနွမ်းပင် သတင်း )
ဒါကို သိလျက်နဲ့ တချို့ ဒေါက်တာတွေက သူတို့စကားကို လူနာတွေက နား မထောင်ရင် စိတ်တိုတတ်ကြသေးတယ်။
စိတ်တိုစရာ အကြောင်းကို မရှိဘူး။ ၃ နှစ်သားလို သဘောမထားလို့ နား မထောင်တာပေါ့။ ရှင်းရှင်းလေး။

လူတွေအကြောင်း သိထားရင် အကြံဉာဏ် လာတောင်းမှ စိတ်တိုစရာ၊ ကိုယ့်စကား နားမထောင်တဲ့ အတွက် ကျေးဇူးတောင် တင်သင့်တာ။

ပေါ့ပေါ့ ပါးပါးလေးပါ


ဇင်ဝေသော် 

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၁ )

" ငါက ဒါဝင်ပြောတဲ့ အီဗော်လူးရှင်းကို ယုံတယ်။ သမ္မာကျမ်းစာက ဆိုထား တဲ့ ဖန်ဆင်းရှင်ဝါဒကို လက်ခံတဲ့ အမေရိကန် ဖန်ဒယ် မင်တယ် ဝါဒကို မယုံဘူး။............."
".........ဒီတော့ သူတို့က ကလေးတွေ တိုးတိုးပြီး မွေးလာကြရော။ အဲ့ဒီ အ တိုင်းသာ ခရီးဆက်သွားနေလို့ကတော့ တို့နိုင်ငံထဲမှာ ထုံတုံတုံ ကလေးတွေ နဲ့ ပြည့်နေမှာပဲ။ အဲ့ဒီ ထုံပေပေလေးတွေကို တို့နိုင်ငံက တာဝန်ယူထား ရ မှာ။ ဒီလောက် မှန်လွန်းတဲ့ စကားမျိုးတွေကို ဘယ်သူမှ ထုတ်မပြောချင် ပါ ဘူးကွာ။ "
(လီကွမ်းယု)

မေး ။    ။ စင်္ကာပူအတွက် မှန်ကန်တဲ့ လူမှုပေါ်လစီကို ရောက်အောင် ဘယ်လိုအမြင်တွေနဲ့ ပုံဖော်ယူခဲ့ရသလဲ။ နှစ်ကာလအလိုက် ပြောင်းလဲယူခဲ့ရတဲ့ အမြင်တွေ၊ မပြောင်းလဲဘဲ ထားခဲ့တဲ့ အမြင်တွေက ဘာတွေပါလဲ။


          ဖြေ ။    ။ အခု ငါသိနေတာတွေကို အစက ငါမသိခဲ့ဘူး။ တချို့စာအုပ်ထဲက၊ တချို့ ဆရာတွေ၊ မိတ်ဆွေတွေဆီက အခြေခံဗဟုသုတတွေတော့ ရခဲ့တယ်။ ထုတ်ပြောရရင် လူသားအားလုံးဟာ အတူတူ၊ အခွင့်အရေးလည်း တန်းတူရသင့်တယ်ဆိုတဲ့ အမြင်မျိုးပေါ့။ ကမ္ဘာပေါ်မှာ လူကြိုက် တော်တော်များခဲ့တဲ့ ဆိုရှယ်လစ်ဝါဒပေါ့ကွာ။ မင်းတို့ အမှတ်ရသင့်တာက အဲ့ဒါ ဆိုဗီယက်ကြီး Sputnik လွှတ်တင်နိုင်ခဲ့တဲ့ ၁၉၅၀ - ခုနှစ်တွေတုန်းက ဆိုတာပဲ။ အဲ့ဒီယုံကြည်မှုက ကိန်းဘရေး(ဂ်ျ)တက္ကသိုလ်အထိ ရောက်ခဲ့တယ်။ ဝါဒတစ်ခုလုံးကို ခြုံကြည့်ရင် ဒီလို တန်းတူအခွင့်အရေး ယုံကြည်မှုမျိုး မဟုတ်ပေမဲ့ လွတ်လပ်ရေးရစ နိုင်ငံတွေအတွက် ရှေ့ခရီးဆက်ဖို့ အကောင်းဆုံးဝါဒလို့ ကျောင်းသားတွေက ယုံကြည်ကြတယ်။
          ဒီစနစ် အလုပ်မဖြစ်ခဲ့ဘူး။ လက်ရေတစ်ပြင်တည်းစနစ်ဟာ အလုပ်မဖြစ်နိုင်ဘူးဆိုတာ တိန့်ရှောင်ဖိန်က သဘောပေါက်ခဲ့တယ်။ လူသားရဲ့စိတ်ဓာတ်နဲ့ လူသားရဲ့ သဘာဝက သူ့အတိုင်း သူ့သဘာဝအတိုင်းပဲ။ လူသားတွေဆီမှာ မောင်းနှင်အား ရှိကို ရှိနေရမယ်။ သူ့ဇနီးအတွက်၊ သူ့ကလေးတွေအတွက်၊ သူ့အဖေ၊ သူ့အမေ၊ သူ့မိသားစု၊ သူ့လူမျိုးအတွက် သူ့ဘဝ စွန့်လွှတ်အနင့်နာခံမှုတွေ ရှိနေရမယ်။
          ဗြိတိန်ရဲ့ ဆိုရှယ်လစ်ဝါဒကို အစကနေအဆုံး သေသေချာချာ လေ့လာပြီးတဲ့နောက် ဒီကောက်ချက် ဆွဲလို့ ရလာခဲ့တာ။

          မေး ။    ။ တစ်ခါက ပြောခဲ့ဖူးတဲ့အထဲမှာ ကက်ဘိနိက်အဖွဲ့ဝင်တချို့က မစ္စတာလီနဲ့ သဘောထားချင်း မတိုက်ဆိုင်ကြဘူးဆိုလား။ မစ္စတာလီ ယုံကြည်တဲ့အတိုင်း ဖြစ်လာအောင် သူတို့ကို ဘယ်လို စည်းရုံးခဲ့ရသလဲ။
          ဖြေ ။    ။ ယုတ္တိဗေဒပေါ့။ ငါ့ကို အမာခံ ထောက်ခံပေးသူတွေက ဂိုကင်ဆွီ၊ ရာဇရတနန်၊ ဟွန်ဆွီစန်နဲ့ လင်ကင်ဆန်တို့ပဲ။ အားလုံးက လက်တွေ့သမားတွေ။ လူသားအားလုံး တန်းတူရည်တူဆိုတဲ့ ဝါဒက ဆိုရှယ်လစ်ရဲ့ သီအိုရီသဘောတရားတွေ လောင်းရိပ်မိနေတဲ့ဝါဒပဲ။ ဒါဟာ ဖြစ်နိုင်တယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။
          ဆိုဗီယက်ပြည်ထောင်စုကို အရင်ကြည့်မိတယ်။ ပြီးတော့ တရုတ်၊ ဗီယက်နမ်။ သူတို့ရဲ့ ပထမမျိုးဆက်က အလွှာပေါင်းစုံကနေ လာခဲ့ကြတာ။ သူတို့က ဖရီးဒမ်းဖိုက်တာတွေ၊ မာ့(က်စ်)ဝါဒနဲ့ တန်းတူရည်တူ အဖွဲ့အစည်းဆိုတာကို ယုံကြည်ကြတယ်။
          ဒုတိယနဲ့ တတိယမျိုးဆက်ရောက်တော့ အရောရောအနှောနှောတွေ ဖြစ်ကုန်ပြီ။ မင်းနဲ့ တန်းတူတဲ့သူကိုပဲ မင်းက လက်ထပ်တော့တယ်။ မင်းက တက္ကသိုလ်ဘွဲ့ရဆိုရင် မူလတန်းပညာရေး အဆင့်ပဲရှိတဲ့ မိန်းကလေးကို မင်းက လက်မထပ်တော့ဘူး။ ငါ လေ့လာမိတာကို ပြောပြမယ်။ ကျန်ဇီမင်းရဲ့သား၊ လီပိုင်ရဲ့သား၊ ဇူရောင်ကျိရဲ့သား၊ သူတို့ကို တလောလေးက ငါတွေ့ခဲ့ရတယ်။ အားလုံးဟာ ဉာဏ်ရည် ထိပ်တန်းတွေချည်းပဲ။
          လူ့အဖွဲ့အစည်းတိုင်းဟာ နောက်ဆုံးတော့ သူ့ဖြစ်စဉ်နဲ့သူပဲ သွားနေတာ။ နိုင်ငံက ငြိမ်ငြိမ်သက်သက်နဲ့ အေးအေးချမ်းချမ်းဆိုရင် လူတစ်ယောက်ရဲ့ စွမ်းရည်နဲ့ လုပ်ဆောင်ချက်အပေါ် အခြေခံပြီး ပညာရေးစံညွှန်းက အလိုလို မြင့်တက်သွားတာ။ လူတွေက သူတို့နဲ့ တန်းတူရည်တူတွေကိုပဲ ရွေးပြီး လက်ထပ်ကြတော့တာ။ ဆရာဝန်တွေကိုကြည့်။ အခု ဆရာဝန်တွေက ဆရာဝန်တွေအချင်းချင်း ပြန်လက်ထပ်ကြတယ်။ ဟိုတုန်းက ဆရာဝန်တစ်ယောက်က နာ့(စ်)ကို လက်ထပ်ယူတာတွေ ရှိတယ်။ ဒီတော့ သူတို့က ရလာတဲ့ ကလေးတွေကျတော့ တချို့ ဆရာဝန်ဖြစ်လာတယ်။ တချို့ ဖြစ်မလာဘူး။
          ဒီနေ့ ဒေါက်တာမိဘတွေက ရလာတဲ့ ကလေးတွေကို ကြည့်။ သူတို့ စိတ်ဝင်စားတယ်ဆိုရင် ဒေါက်တာ ဖြစ်လာကြတာချည်းပဲ။ တချို့ဆိုရင် NUS (National University of Singapore) ကို ဝင်ခွင့်မရရင် စိတ်အရမ်းဆိုးကြတယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံ ပိုကုန်တာကိုး။
          ကလေးတွေ ဗီဇကောင်းဖို့ မိဘနှစ်ပါးစလုံး စွမ်းရည်နဲ့ အိုင်ကျူ အဆင့်မြင့်နေဖို့ လိုတယ်ကွ။
          တစ်ခါက ဗြိတိသျတွေက ခွေးလှလှလေးတွေ တို့ကို ပေးကြတယ်။ Labrador (လက်ဘရာဒေါ) ခွေးတွေက တကယ်တော့ အမဲလိုက်ခွေးတွေ။ ငါးဖမ်းနိုင်တဲ့ ခွေးတွေကွ။ တို့ကို ပေးတဲ့ ခွေးတွေကတော့ အလှသက်သက်ပဲ။ ဒါနဲ့ ငါက ကာကွယ်ရေးဝန်ကြီးကို မေးလိုက်တယ်။ ခွေးတွေက ဘာမှသုံးလို့ မရတော့ သင်ကြားပေးဖို့။ ကာကွယ်ရေးဝန်ကြီးကလည်း ရဲဖက်ကို ပြန်ပေးလိုက်ရော။ ဒီခွေးတွေက ချန်ပီယံရွေးပွဲမှာ ဝင်ပြိုင်တဲ့ အလှပြခွေးတွေ၊ သူတို့က လှသလို မွေးလာတဲ့ ခွေးလေးတွေကလည်း အလှလေးတွေချည်းပဲ။ ငါ စာထဲမှာ ဖတ်ဖူးတာက စကော့တလန်က အနက်ရောင် လက်ဘရာဒေါ ခွေးတွေဟာ ငါးဖမ်းနိုင်တယ်။ ငှက်ကို ပစ်ချလိုက်ရင် သူတို့က သွားချီယူလာသေးတယ်တဲ့။ သူတို့က အဲ့ဒါတွေကို တအားမကိုက်ဘဲ ဖွဖွလေး ကိုက်ပြီး ယူလာတာတဲ့။
          ၁၉၇၀ - ခုတုန်းက Alec Douglas နဲ့ တွေ့တယ်။ ဟိုတုန်းက သူက ဝန်ကြီး။ ၁၉၇၀ - မှာတော့ အတိုက်အခံပါတီထဲမှာ။ ဩစတေးလျကအပြန် ဒီကို သူ ဝင်လာတာ။ ဒါနဲ့ ငါက သူ့ကို မေးတယ် "ကျွန်တော် ကြားဖူးတာက ခင်ဗျားတို့ ခွေးတွေဟာ ငါးဖမ်းနိုင်တယ်၊ ငှက်ချီနိုင်တဲ့ ခွေးတွေ" လို့။
          သူက "မဟုတ်ဘူး။ သူတို့ကို သီးသန့် လေ့ကျင့်ပေးရတာ။ သူတို့ရဲ့ ဗီဇတွေကလည်း မတူဘူး" တဲ့။ ဒါနဲ့ ငါက
          "ကျွန်တော့်ခွေးတွေကတော့ အလှပြဖို့ သက်သက်နဲ့ သူတို့ကို ကျွေးထားရတာ။ အခု သူများကို ပေးပစ်လိုက်ပြီ" လို့။
          သူက ခွေးချစ်တတ်သလားလို့ မေးတယ်။ ၁၉၇၁ - ခုနှစ်ရောက်တော့ သူက ဝန်ကြီးဖြစ်လာပြီး ဓနသဟာယအဖွဲ့ကွန်ဖရင့်ကို လာတက်တယ်။ ငါ့သမီးအတွက် ဘာဘရာဒေါ ခွေးမလေးတစ်ကောင်လည်း ယူလာတယ်။ ငါ မွေးဖူးသမျှထဲမှာတော့ အသိဉာဏ်အရှိဆုံး ခွေးပဲ။ ရဲဖက်က ခွေးလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပြီး သင်ကြားခိုင်းလိုက်တယ်။ ရေ ... လို့ ပြောလိုက်တာနဲ့ ရေထဲ ခုန်ဆင်းသွားတယ်။ ဒါနဲ့ Istana ရေကန်ထဲ ခေါ်သွားပြီး သူ့ကို ရေချိုးပေးလိုက်ကြရတယ်။
          ဒါနဲ့ ငါလည်း ဆုံးဖြတ်ချက် ချလိုက်တယ်။ ခွေးတွေသာ ဒီအတိုင်းဆိုရင် လူတွေလည်း ဒီအတိုင်း ဖြစ်နေရမယ်လို့။ ငါက ဒါဝင်ပြောတဲ့ အီဗော်လူးရှင်းကို ယုံတယ်။ သမ္မာကျမ်းစာက ဆိုထားတဲ့ ဖန်ဆင်းရှင်ဝါဒကို လက်ခံတဲ့ အမေရိကန် ဖန်ဒယ်မင်တယ်ဝါဒကို မယုံဘူး။

          မေး ။    ။ လူ့အဖွဲ့အစည်းက အခု တိုးတက်နေပြီ။ မစ္စတာလီ ယူဆခဲ့သလို မလွှဲသာမရှောင်သာ သဘောထား မတူညီမှုတွေလည်း တစ်ဆင့်ချင်း ပြောင်းလဲလာပြီ။ ဒီလို အခြေအနေမှာ အစိုးရ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာဖြစ်မလဲ။
          ဖြေ ။    ။ အစိုးရ ရင်ဆိုင်ရမယ့် ပြဿနာက အောက်ခြေလူတန်းစားတွေက ဘယ်တော့မှ အထက်က လူတွေကို မီနိုင်မှာ မဟုတ်တဲ့အတွက် ဒီလူ့အဖွဲ့အစည်းကို ဘယ်နည်းနဲ့ ညီညွှတ်အောင် ထိန်းထားမလဲ - ဆိုတာပဲ။ ဒီတော့ အောက်ခြေလူတန်းစားတွေကို ငါတို့က ပြောရတယ်။ ကလေးနှစ်ယောက် ရပြီးတဲ့နောက် သားကြောဖြတ်မယ်ဆိုရင် အိမ်ခန်း အလကားပေးမယ်လို့။
          ယူမယ့်လူ မရှိဘူး။ ဘာ့ကြောင့်လဲ ... သိလား။ သားကြောဖြတ်လိုက်တဲ့ဇနီးကို သူ့အမျိုးသားက စွန့်သွားတတ်လို့။ ဒါနဲ့ နောက်အိမ်ထောင်ပြုဖို့ ထပ်ရှာကြတယ်။ ကလေးက မွေးလို့ မရတော့ဘူးဆိုတော့ ဒုတိယအိမ်ထောင်နဲ့ကလည်း မမြဲပြန်ဘူး။ ဒီတော့ သူတို့က ကလေးတွေ တိုးတိုးပြီး မွေးလာကြရော။ အဲ့ဒီအတိုင်းသာ ခရီးဆက်သွားနေလို့ကတော့ တို့နိုင်ငံထဲမှာ ထုံတုံတုံကလေးတွေနဲ့ ပြည့်နေမှာပဲ။ အဲ့ဒီ ထုံပေပေလေးတွေကို တို့နိုင်ငံက တာဝန်ယူထားရမှာ။ ဒီလောက် မှန်လွန်းတဲ့ စကားမျိုးတွေကို ဘယ်သူမှ ထုတ်မပြောချင်ပါဘူးကွာ။

          မေး ။    ။ ကြည့်ရတာကတော့ စိတ်ခိုင်ဖို့ လိုသလို စိတ်ညစ်စရာလည်း တော်တော်ကောင်းမယ့် ကိစ္စပဲ။ အောက်ခြေက (၂၀) ရာခိုင်နှုန်း လူတွေဟာ အခွင့်အရေးတွေ မရခဲ့ကြလို့ အဲ့ဒီလို ဖြစ်နေတာလို့ဆိုရင် ရနိုင်မလား။
          ဖြေ ။    ။ Lim Chee Onn ရဲ့ အဖေက တက္ကစီသမား။ သူ့မှာ ပညာသင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ သူ့သားကျတော့ အခွင့်အရေးရတော့ တက္ကသိုလ်ရောက်သွားပြီး တိုးတက်သွားတယ်။

( Hard Truths. Chap 5. Tough Love.)
 ဆက်ရန်


ရေပေါ်ဆီ ( ၃ )

 ဇင်ဝေသော်

စကားကြီး ဆယ်ခွန်း ( မမှန်ဖို့ ရာခိုင်နှုန်း များတဲ့ )


1) သူ အစည်းအဝေးခန်းထဲမှာ ရှိနေပါတယ်ရှင်။
2) ဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ ကျနော်ရောက်လာတာ မဟုတ်ပါဘူး။
3) စကားပြောချိန် ငါး မိနစ်လောက်ပဲ ကြာမှာပါ။
4) တစ်ခုခု ရောင်းချင်လို့ စကား လာပြောတာ မဟုတ်ပါဘူး။
5) လူထုဟာ ကျနော်တို့အတွက် အရေး အကြီးဆုံးပါ။
6) ခင်ဗျား ပို့တဲ့ အီးမေး မရမိပါဘူး။
7) အပြင်သွားစရာ ရှိနေလို့ နောက်မှ ပြောရအောင်။
8) ကျနော်က အစိုးရ (
) ဌာနကပါ၊ ပြည်သူကို အကူအညီလို ရင်ပေးနိုင် ဖို့ ရောက်လာတာပါ။
9) The customer comes first.
10) The dog ate my homework.

ဒါတွေက အင်တာနေရှင်နယ် စကားကြီး ဆယ်ခွန်း ပါ။ မြန်မာလို ဆိုရင်

၁ ။ ဟယ် မတွေ့တာ ကြာလို့ထင်တယ်၊ ဝပြီး လှနေပါလား။
၂ ။ သားအမိသာဆိုတယ်၊ ညီအမ ကျနေတာပဲ။ မြှောက်နေတာ မဟုတ်ဘူး၊ တကယ်။
၃ ။ ဦးက အရမ်း နု တာပဲနော်။
၎ ။ အရမ်းကျေးဇူးများပါတယ်ဘုရား၊ ဝင် ဖတ်၊( မှတ် ) သွားပါတယ်။ ( ဖေ့စ်ဘုတ် ကွန်မင့် )
၅ ။ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးလုပ်ဆောင်နေကြပါတယ်။
၆ ။ လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပတ်သည်.......
ကျန်တာတော့ ကိုယ့်ဘာသာကိုပဲ ဖြည့်ကြပါတော့ဗျာ၊ ပေါပါတယ်။



ဇင်ဝေသော်

ဗုဒ္ဓဘာသာနှင့် စစ်တပ် ( ၁ )

Buddhism and the Role of the Armed Services. By: Peter Harvey.

ဤ သဝဏ်လွှာကို ၂၀၁၀ ခု မတ်လ ၂ ရက်နေ့ Birminghan Buddhist Viltara မှာ  ဗြိတိသျှ တပ်ပေါင်းစုံ ဗုဒ္ဓဘာသာနေ့ ကျင်းပ စဉ် မစ္စတာ ပီတာ ဟာဘေး ( Peter Harvey ) ဖတ်ကြားခဲ့ ပါတယ်။

ဗုဒ္ဓဘာသာ၏ အမြင်နှင့်လမ်းစဉ်
   
ဗုဒ္ဓ လို့ပဲ လူသိများတဲ့ သိဒ္ဓတ္ထဂေါတမမွေးဖွားရာ ဘီစီခြောက်ရာစုနှင့် နှိုင်းယှဉ်လျှင် ယနေ့ ဗုဒ္ဓဘာသာဟာ ယဉ်ကျေးမှုပေါင်း များ စွာကွဲပြားနေသော ဘာသာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဂေါတမဗုဒ္ဓဆိုတာ လူသားလောကမှာ ပထမဆုံးအသိဥာဏ်ရှင် ၊ နိုးထသူတစ် ပါးဖြစ်ခဲ့ပြီး လွဲမှားတဲ့အယူအဆတွေကို အဓိပ္ပါယ်ရှိရှိ ပယ်ချကာ မိမိကိုယ်တိုင်ပျော်ရွှင်ဖို့ နည်းလမ်းတွေကို ချမှတ်ပေးခဲ့သူပါ။ ဗုဒ္ဓ ရှာဖွေတွေ့ ရှိခဲ့တဲ့လွတ်မြောက်ရေးဝိမုတ္တိဆိုတဲ့ အယူအဆဟာ ကမ္ဘာမှာ မရှိခဲ့ဖူးပါဘူး။
ဗုဒ္ဓဘာသာကို ကျင့်ကြံအားထုတ်မှုရဲ့ အဓိက ရည်ရွယ်ချက်က ဒီဘဝမှာ ပျော်ရွှင်ရဖို့  ပြီးရင်နောင်သံသရာမှာ ဘဝကောင်း သုဂတိ ဘုံမှာ မွေးဖို့ ပါ။ အဲဒီနောက်ဒီမွေးသေစက်ဝိုင်းကို ကျော်လွန်ပြီး ဝိမုတ္တိနိဗ္ဗာန်ဓာတ်ကို မျက်မှောက်ပြုနိုင်ရေးပါ။ ကျနော်တို့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဒီဘဝဟာ ဘဝများစွာတွေထဲက တစ်ဘဝသာပါပဲ။ ဒီ  ဘဝကနေပြီး နတ်ဘုံ နတ်နန်းတွေကို ရောက်သွားနိုင်သလို အပ္ပါယ်လေးဘုံကိုလည်း ရောက်သွားနိုင် ပြန်ပါတယ်။ ဒီတော့ မမှတ်မိရင်သာရှိမယ် စကြဝဋ္ဌာဆိုင်ရာ ဆင်းရဲချမ်းသာမှုမျိုးစုံကို ကျနော်တို့  ကြုံတွေ့  ခဲ့ကြရပြီးပါပြီ။ အခုဘဝမှာ ကျနော်တို့ ကို ခါးခါးသီးသီးမုန်းတီးနေတဲ့ရန်သူတွေဟာ အရင်ဘဝတွေက (သို့ မ ဟုတ်) နောက်နောက်ဘဝတွေမှာ ကျနော်တို့ ကိုသိပ်ချစ်တဲ့၊ ကျနော်တို့ အပေါ်သိပ်ကောင်းတဲ့ဆွေမျိုးသားချင်တွေ၊ မိတ်ဆွေ အေ ပါင်း အသင်းတွေ ဖြစ်ခဲ့၊ ဖြစ်လာနိုင်ပြန်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီအဆုံးအမတွေဟာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရခြင်း အာ ဃာတတွေကို လျော့ချပေးနိုင်ပါတယ်။

ကိုယ်ဘဝကို ခရီးဆက်ရမယ်ဆိုတာကလည်း “ကံ” သို့ မဟုတ် စေတနာပါတဲ့ အပြု၊ အပြော၊အကြံတွေနဲ့ တိုက်ရိုက်ပတ်သတ်နေ ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အပြု၊ အပြောတွေ ပြောကြမယ်ဆိုရင် ဒုက္ခ အတိဘုံဘဝတွေဆီကို လားရဖို့ ရှိပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေဆီမှာ အခြေခံတဲ့ အပြု၊ အပြော ပြုကြ၊ ပြောကြရင် ပိုပြီးကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ကြ ရမှာပါ။ ဗုဒ္ဓဘာသာရဲ့ ဒီ ကမ္မဝါဒဟာ ဘယ်နတ်ကမှ ထိန်း ချုပ်ထားလို့ မရတဲ့ သဘာဝ ကျိုးကြောင်းဆက်တစ်ခုမျှသာဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် “နတ်” ဆိုတဲ့သတ္တဝါတို့ ကိုယ်တိုင်ကပင် ဒီ ကမ္မဝါဒရဲ့ စေခိုင်းရာ ကပြနေကြရတဲ့ သတ္တဝါတွေပါ။ ဘဝကောင်းတော့ ဘဝကောင်းတယ်။ ဘဝဆိုးတော့ ဘဝဆိုးတယ်။ ဒါပါပဲ။ ဆိုးဆိုးကောင်းကောင်း ဘဝတိုင်းဟာ သေခြင်းတရား နဲ့ အဆုံးသတ်ရပါတယ်။ ဘဝတိုင်းမှာ နာကျင်မှု၊ အလိုမကျမှု၊ စိတ်ဖိစီးမှုစတာတွေရှိနေပါတယ်။ ဒီလို ဒုက္ခတွေရှိနေပါလျက် ကျေ နပ်စရာလေးတွေကိုလည်း ရှာဖွေနိုင်ခဲ့ကြတော့ ကျနော်တို့ ကလည်း ဒီဘဝကိုပြန်လည် တွယ်ဖက်နေ ကြရပြန်ပါတယ်။ ဒါ့ကြောင့် ဒါတွေဇာတ်သိမ်းခန်းရောက်ဖို့ ကတော့ နိဗ္ဗာန်ရောက်မှပဲ ဖြစ်နိုင်တယ်လို့  နောက်ဆုံးပန်းတိုင်ကို ဗုဒ္ဓက ချပြထား ခဲ့ တာပါ။

ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့  ဒီလမ်းစဉ်ကိုလျှောက်ဖို့  ပထမဆုံးခြေလှမ်းက သရဏဂုံသုံးပါးဆည်းကပ် ကိုးကွယ်ခြင်းပါ။
(၁)  ဗုဒ္ဓ ။  ။ လွတ်ငြိမ်းရာကိုရှာတွေ့ သူ၊ သင်ပြသူ၊ လွတ်ငြိမ်းမှုခရီးကို ကိုယ်တိုင်လျှောက်ပြသွားခဲ့သူ။
(၂)  ဓမ္မ။  ။ ဗုဒ္ဓရဲ့အဆုံးအမ၊ အကျင့်လမ်းစဉ်၊ နိဗ္ဗာန်လမ်းညွှန်
(၃) သံဃာ။  ။ နိုးထသူတို့ အဖွဲ့ အစည်း၊ နိုးထခြင်းလမ်းစဉ်ကို ဆက်လက်လမ်းညွှန်ပေးတတ်သောဘုန်းတော်ကြီး  အဖွဲ့ အစည်း၊ သောတာပန် သကဒါဂါမ်စတဲ့ အရိယာပုဂ္ဂိုလ်ရှစ်ယောက်။
 ထေရဝါဒ ယဉ်ကျေးမှုကို လက်ကိုင်ထားကြတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ မှာ ဗုဒ္ဓကို ဗုဒ္ဓလို့ ပဲမြင်နေ ကြ ဆဲဖြစ်သလို ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်တွေ၊ ဗုဒ္ဓရဲ့အဆုံးအမတွေကို အမြတ်တနိုးသင်ကြားပို့ ချရင်း ကာကွယ်ထားကြပါတယ်။ ပြီးတော့ ဗု ဒ္ဓရဲ့အဆုံးအမတွေက သူတို့ ကို ကူညီစောင့်မနေဆဲပဲဖြစ်ပါတယ်။
မဟာယာနယဉ်ကျေးမှုကိုလက်ခံတဲ့ တိဗက်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုးလီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ ဗုဒ္ဓဟာ ဗုဒ္ဓအနေနဲ့ တင်မဟုတ်တော့ပဲ ဘုရားအလောင်းတွေ၊ ဂရုဏာရှင် သူတော်ကောင်းတွေကိုပါ ပေါင်းထည့် အရို အသေပြုနေ ကြပါတယ်။ဒါပေမယ့် ထေရဝါဒရော မဟာယာနပါ “နတ်” ဆိုတာရှိတယ်လို့  ယုံကြည်ကြပြီး အချို့ လောကီကိစ္စတွေကို နတ်တွေက ကူညီနိုင်၊ အစောင့်အရှောက်ပေးနိင်တယ်လို့  ယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်မှာ ချမှတ်ထားတဲ့ဖော်မြူလာတွေက လည်း မတူကွဲပြားရှိနေပါတယ်။ ပုညတြိယာဝတ္တုဆယ်ပါး၊ ဒါန၊ သီလ၊ ဘာဝနာ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ဖော်မြူလာတွေပါ။ ပိုပြီးလေးနက်လိုသူတွေအတွက် သမာဓိ၊ ပညာကျင့်စဉ်တွေ အထိ သွားရောက်နိုင်ပါတယ်။ အဲဒီမှာတွေ့ ရမှာက မဂ္ဂင်ရှစ်ပါး၊ သစ္စာေ လးပါး ဆိုတဲ့ အဆုံးအမတွေပါပဲ။

နောက်ပြီး ပါဖက်ဖြစ်လိုသူတွေအတွက် ပါဖက်ရှင်း (ပါရမီ ၁၀ ပါး)ဆယ်ပါးဆိုတာကိုလည်းတွေ့ ရပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာအရ ဒီဆယ်ပါးကိုစာရင်းပြုရရင် - ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဝိရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဌာန၊ မေတ္တာ၊ ဥပေက္ခ တို့ ဖြစ်ပါတယ်။
(generosity, moral virtue, renunciation, wisdom, energy/strength, patience, truthfulness, determination, loving-kindness, equanimity)
( ပါရမီ(၁၀) ပါး=Ten Perfection ကို အင်္ဂလိပ်လို သိလိုတဲ့လူပုဂ္ဂိုလ်တွေအတွက်ပါ။ )
 မဟာယာနကတော့ အနည်းငယ်ကွဲပြားပါတယ်။ သူတို့ ကဂရုဏာနဲ့ ခွင့်လွတ်ခြင်းကို ထည့်သွင်းထား ပါတယ်။ယဉ်ကျေးမှုနှစ် ခု စလုံးက လက်ခံထားကြတဲ့ စိတ်နေသဘောထားဆိုင်ရာ ဗြဟ္မဝိဟာရလေးပါးကတော့ မကွဲမပြားတစ်သားတည်းတွေ့ ရပါတယ်။
မေတ္တာ - သတ္တဝါတိုင်းကို ပျော်ရွှင်စေလိုခြင်း၊
ဂရုဏာ - ဒုက္ခရောက်သူတွေ ဒုက္ခကလွတ်မြောက်စေလိုခြင်း၊
မုဒိတာ - အောင်မြင်သူတို့ ရဲ့ အောင်မြင်မှုကို ဝမ်းသာနိုင်ခြင်း၊
ဥပေက္ခာ - အနိမ့်အမြင့်လောကဓံအပေါ်မှာ တည်တည်ငြိမ်ငြိမ်သဘောပေါက် နားလည်ထားခြင်းတို့ 
              ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတိုင်း တတ်နိုင်သမျှ မွေးမြူနေကြတဲ့ စိတ်နေစိတ်ဓာတ်တွေပါပဲ။
“ခိုကိုးရာမဲ့သူတွေ၊ ရဟန်းသံဃာတွေ၊ မိဘနဲ့ မိသားစုဝင်၊ မိတ်ဆွေတွေ၊ အမှန်တကယ်လိုအပ်နေသူတွေကို ရက်ရောစွာပေး လှူ တာမျိုးဟာ သေခြာပေါက်အကျိုးပေးကောင်းမယ့်ကံပါ။”

သီလဆောက်တည်မှု၊
ဘုရားဒေသနာတွေကို သင်အံ့၊ရွတ်ဖတ်ရင်း စိတ်အေးချမ်းစေမှု၊ စိတ်တန်ခိုးမြှင့်တင်မှု၊
အကုသိုလ် အတွေးအကြံတွေကို ပယ်သတ်နိုင်ဖို့ စိတ်ကျင့်စဉ်တွေကို ကျင့်မှု၊
အာကာပါနသာတိလို သတိပဌာန်ပွားများမှု၊ စတာတွေက ဗုဒ္ဓဘာသာတစ်ယောက် လျှောက်ရမယ့် လမ်းတွေပါပဲ။

ရဲဘော်ရဲဘက်တို့ ကို အကူအညီဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့တန်ဖိုးနဲ့ အရည်အသွေးများ

အပြစ်မဲ့တဲ့ပြည်သူတွေ ဒုက္ခမရောက်စေလိုတဲ့ သဘောထားဟာ ကရုဏာပါ။ သူတို့ ကို အကာအကွယ်ပေးကို ပေးရပါမယ်။ အကာ အကွယ်ပေးတယ်ဆိုတာနဲ့  မလွှဲသာမရှောင်သာ စစ်ရေးသဘောတရားတွေ ပါဝင်လာရတော့မှာပါ။ နောက်ပြီး ဗုဒ္ဓဘာသာက အထူး တလည်တန်ဖိုးထားတဲ့ သင်္ဂဟဝတ္တုလေးပါးဆိုတာ ရှိပါတယ်။
 ပေးကမ်းလှူဒါန်းခြင်း
ကြင်နာတဲ့စကားပြောဆိုခြင်း
မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲဆက်ဆံခြင်း
အချင်းချင်းရိုင်းပင်းကူညီအကြံဥာဏ်ပေးလမ်းညွှန်ခြင်း (အကျိုးစီးပွားကို လိုလားခြင်း)
 နောက်ဆုံးအချက်ဟာ စစ်တပ်တွေနဲ့  တိုက်ရိုက်ပတ်သတ်ပါတယ်။ ကိုယ့်ရဲဘော်ရဲဘက်  အချင်းချင်း မှားရင်ထောက်ပြ၊ လမ်ညွှန် မှုတွေပေး၊ မောရယ်ဆိုင်ရာ၊ စိတ်ဓာတ်ခွန်အားတွေ  ရဖို့ အားပေးနေကြရမှာပါ။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ လိုအပ်ရင် ကိုယ့် အ သက်ကိုပါ စတေးရဲခြင်းတွေဟာလည်း ဘုရားချီးမွမ်းတဲ့ ကိစ္စတွေပါ။ (သူများကို သတ်ဖို့ ကြိုးစားရင်း    ကိုယ်သေရတာမျိုးကိုတော့ မချီးမွမ်းပါ။)သာဓကအနေနဲ့  မဟာကပိ (မျောက်မင်း)ဇာတ်ကို ကြည့်နိုင်ပါတယ်။ ဘုရားအလောင်းမျောက်မင်းဘဝက သူရဲ့ ရဲဘော် ရဲဘက်တွေကို ကယ်တင်ဖို့ သူ့ ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပေးခဲ့ပါတယ်။ သူရဲ့ ခေါင်းဆာင်မှု စွမ်းရည်၊ ပေါ်ပြူလာဖြစ် တဲ့ဂုဏ် ရည်ကို မနာလိုတဲ့မျောက်တစ်ကောင်က သူ့ ခါးပေါ်အားနဲ့ ဆောင့်ခုန်လိုက်လို့  ခါးကျိုးပြီးသေဆုံးရှာတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်ထဲမှာရှိနေသင့်တဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမက ဗိုလ်ငါးပါးပဲဖြစ်ပါတယ်။
၁။ သဒ္ဓါဗိုလ် ။ သရဏာဂုံသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကိုယုံကြည်မှု၊ လူကောင်းသူကောင်းတွေကို ယုံကြည်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားလို့ ရပါတယ်။
၂။ ဝိရိယဗိုလ် ။ ဒီဝိရိယကိုပဲကျနော်တို့ ဘာသာစကားနဲ့ energy, mental strength, perseverance လို့  ဘာသာပြန်ဆိုကြပါတယ်။ သတ္တိရှိခြင်း၊ လူပီသခြင်းပါပဲ။
၃။ သတိဗိုလ် ။
၎။ သမာဓိဗိုလ် ။
၅။ ပညာဗိုလ် - တဲ့။
ဒီ  ဗိုလ်ငါးပါးထဲမှာ စစ်တပ်အတွင်း  ဆိုရင် ဝိရိယဗိုလ်ကမရှိမဖြစ်ကို လိုအပ်ပါတယ်။ စိတ်ဓာတ်စွမ်းရည်၊ သတ္တိ ဆိုတာမပါဘဲ စစ် သားကောင်းမဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ စိတ်ပညာ အလိုအရ ဒီဝိရိယဟာ ကုသိုလ်ရော အကုသိုလ်ပါဖြစ်နေနိုင်ပြန်ပါတယ်။ ဥပမာဆို ရ ရင် အသေခံဗုံးဖောက်ခွဲမယ့်လူတစ်ယောက်ဟာလည်း သတ္တိနဲ့ စိတ်စွမ်းရည်လိုပါတယ်။ ဓားပြတိုက်မယ့်သူဟာလည်း သတ္တိလိုတာ ပါပဲ။ ကောင်းမွန်တဲ့ ဝိရိယဖြစ်ဖို့  ဗုဒ္ဓဘာသာကလမ်းညွှန်ထားတာက သဒ္ဒါ၊ သတိ၊ ပညာတွေလိုပါတယ် တဲ့။

မိမိရဲ့ ဦးတည်ချက်  မှန်နေရမယ်။ မှန်ကန်တဲ့ ဦးတည်ချက်ကို ခရီးပေါက်အောင် ဘယ်လို  ချဉ်းကပ်ရမလဲ ဆိုတာတွေဟာ သဒ္ဓါ နဲ့ 
ပညာ ကိစ္စဖြစ်ပြီး အမှန်တကယ်ခရီးပေါက်ဖို့ မှာ သတိရဲ့  အခန်းကဏ္ဍကလည်း တော်တော် အရေးပါလှပါတယ်။ သတိ    ဆိုရာမှာ နိုးနိုးကြားကြားရှိခြင်း (သတိရှိခြင်း)၊ မိမိအတွေ့ အကြုံတွေနဲ့ ဆက်စပ်ပြီး သင်္ခန်းစာယူတတ်၊ ယူနိုင်ခြင်း၊ ကိုယ်ရဲ့ခံနိုင်ရည်၊ ခွန်အား၊ ကိုယ်ကျင့်တရားတန်ဖိုးတွေကိုပါ သတိထားနေမိဖို့  လိုအပ်ပါတယ်။ ဒါတွေဟာ သတိတွေပါ။  ဒီ အဖြစ်အပျက်ပြီးရင် ထပ်ပြောစရာ ရှိပါသေးတယ်။ တိုက်ပွဲမှာဒေါသတကြီးနဲ့  တစ်ယောက်ကိုတစ်ယောက် ပစ်သတ်နေမှ အကု သိုလ်မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ် နဲ့ တစ်ဖက်စစ်တပ်ကို အေးအေးဆေးဆေးပစ်သတ် နေတဲ့ စနိုက်ပါရဲ့အပြုအမူ၊ ကွန်ပြူတာ ထိန်းခလုပ်တွေနဲ့ တစ်ဖက်လေယာဉ်ကို လက်ညှိုးလေးတစ်ချောင်း  နဲ့  ပစ်ချသူရဲ့   အပြုအမူဟာလည်း အကုသိုလ်ပါပဲ။ ဗုဒ္ဓဘာသာ  အဆုံးအမအရ ဆုံးဖြတ်ချက်မှန်ကန်မှု၊ သည်းခံမှု၊ ဒေါသကင်းမှု၊ မိမိကိုယ်ကို  ထိန်းသိမ်းမှု၊ တည်ငြိမ်အေးချမ်း မှုတွေကို ဖွံဖြိုး တိုးတက်လာအောင် ကြိုးစားယူဖို့ အမြဲ တမ်း ညွှန်ပြနေတတ်ပါတယ်။ သေနတ်ကိုင်ထားတဲ့   လူတစ်ယောက်အတွက် ကိုယ့်ကိုယ် ကို (ကိုယ့်သေနတ်ကို) ထိန်းသိမ်းထားမှု၊ မှန် ကန်တဲ့ အားထုတ်ခြင်းဖြစ်မှု  ဆိုတာ အရေးအကြီးဆုံးပါပဲ။ နားမလည်၊ ပါးမလည်၊ ကိုယ့်ကျင့်တရား မရှိသူတစ်ယောက်ရဲ့ လက် ထဲသေနတ်ရောက်သွားရင် ဒီသေနတ် တစ်လက်ဟာ ဘယ်လောက် အန္တရာယ်ရှိတယ် ဆို တာ ပြောပြနေ စရာတောင် မလိုတော့ ပါဘူး။ ဒါ့ကြောင့် စစ်တပ်ထဲမှာ စည်းကမ်းဆိုတာ ပိုပြီးတင်းကြပ်ထားရတယ်။ ဒါကိုပင် ကျနော် တို့ ဘာသာစကားနဲ့ " Discipline " လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာမှာတော့ " ဝိနယ " တဲ့။

 စကားကြွင်း။    ။ ဆိုရပြန်ချေပြီ။ အက်ဒမင်က စာမေးပွဲ ဖြေဆိုဖို့ ဘာသာရပ် အရေအတွက် ဖြည့်ရာ၌ အနည်းငယ် ( ဤ၌ အနည်း ငယ် ဟူသည် အတော် များများကို ဆိုလိုသည် ) လက်လွန် သွားဟန် ရှိပါသည်။ မနေ့ကမှ သီတင်းသုံးဖော် ရဟန်းက ခေါင်းစဉ် မှားနေတယ် " ဒီဇင်ဘာ စကာဦး " ဟု ဆိုသဖြင့် " ခေါင်းစဉ် မမှား၊ ဝစ္စပေါက် ကျရုံသာ ဖြစ်သည် " ဟု ဖြေခဲ့ရသည်။ ယနေ့လည်း မေတ္တာဖြင့် ဖြည့်ကြရန် အမှာစကား ထားခဲ့ပါရစေ။


ဆက်ရန်



 သီဟနာဒ

လေ့လာမိတဲ့ သူတို့ နယ်ပယ်နဲ့ ရေးဟန်


တိုတိုတောင်းတောင်း ရေးရတတ်တဲ့ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပါတတ်တဲ့ အင်္ဂလိပ်ဆောင်းပါးတွေကို ကြည့်ရင် စာရေး သူ က ဝေါဟာရ နဲ့ စာဖတ်ပရိ သတ်ကို ကန့် လိုက်တာတွေ ရှိတယ်။ တချို့က သိပ္ပံနဲ့ အိုင်တီမှာ ဝင်ရေး တတ်သလို အား က စား မှာလည် ရေးတယ်။

သူပေးတော့မယ့် မက်ဆေ့ရဲ့ အနေအထားက သူသုံးလိုက်တဲ့ ဝေါဟာရ ကို အခြေခံပြီး မှန်းဆလို့ရတယ်။အိုင်တီမှာ ဆိုပါတော့။ စတိဗ် ဂျော့ လို့ သူသုံးထားရင် သူပေးတော့မယ့် အိုင်တီ မက်ဆေ့က လူ တော်တော် များများ နားလည်မယ့် မက်ဆေ့မျိုးပဲ။ သူ့ တာဂက်က အလွှာစုံက စာဖတ်သူတွေ။
ဒါကို စတိဗ် လို့ တင်ပဲ တမင်သုံးထားရင် သူပေးမယ့် မက်ဆေ့က အိုင်တီကို ထဲထဲဝင်ဝင် သိသူတွေ အတွက်ပဲ။ ကိုယ် သိပ်ပြီး စိတ်ဝင်စားတဲ့ ဘာသာရပ် မဟုတ်ရင် ဆက် မဖတ်နဲ့တော့။ နားလည်မှာ မဟုတ်တော့ဘူး။

ဘောလုံးမှာလည်း အတူတူပဲ။ စတီဗင် ဂျရတ်လို့ သူသုံးထားရင် သူပေးတော့မယ့် မက်ဆေ့က သာမန်တွေပဲ။ ဒါကိုပဲ စတိဗ် လို့ တင် တမင် သုံးထားရင် သူပေးမယ့်မက်ဆေ့က ဘောလုံး အကြောင်း ကောင်းကောင်း ကြီး သိထားပြီးသူတွေ အတွက်ပဲ။ စတိဗ် ဟာ စတီဗင် ဂျရတ်ကို ဆိုလိုကြောင်း၊ အလက်စ် ဟာ ဖာဂူဆန်ဖြစ်ကြောင်း၊ ဖနန်ဒို ဟာ တောရက်စ် ဖြစ်ကြောင်း သူ ပြောစရာ မလိုတော့ဘူး။
ဒါဟာ စေတနာလို့ ထင်ပါတယ်။ မင်း သိပ်ပြီး စိတ်ဝင်စားတဲ့ ဖီးလ် မဟုတ် ရင် ဆက်မဖတ်နဲ့တော့၊ အချိန်ကုန်တယ်၊ နားလည်မှာ လည်း မဟုတ့်ဘူး ဆို တဲ့ အချက်ပေးသံပါ။

နယူးစ် ဝိက်တို့၊ နယူးယောက် တိုင်းတို့ မှာ ရေးသူတွေလည်း ဒါ မျီုးတွေ တွေ့ရပါတယ်။ ဒါ့ကြောင့် သူတို့ ဆောင်းပါး    တချို့ကို ကျနော်တို့ နားမလည်တာပါ။ အင်္ဂလိပ်ကြောင့်ရယ်လို့ မဟုတ်ဘူး၊ ပါတော့ ပါတာပေါ့။စာအုပ်အဖြစ် ဆိုရင်တော့ အားလုံး ခရေစေ့ တွင်းကျ ရေးကြရပါတယ်။ စာရေးသူ တစ်ယောက်တည်းကပင် ဆောင်းပါးရေးဟန် နဲ့ စာအုပ်ရေးဟန် မတူတတ်ဘူး။

မြန်မာစာမှာလည်း ဆောင်းပါးနဲ့ ဝတ္ထုတို ဖတ်သူက ဝတ္ထုရှည် ဖတ်ရတ်ရတာ ပျင်းတယ်။ ဝတ္ထုရှည်ပဲ အဖတ်များရင် လည်း ဆောင်း ပါးနဲ့ ဝတ္ထုတို ( အထူးသဖြင့် ဆောင်းပါး ) က ပျင်းစရာပဲ။ရေးသူတွေကလည်း ဒီအတိုင်းပဲ။ ဆောင်းပါး၊ဝတ္ထုတို ရေးသူက ဝတ္ထုရှည် မရေးချင်ဘူး။ ဘယ်ဟာက လွယ်တယ်၊ ခက်တယ် ဆိုတာ ပြောလို့ မရပါဘူး။
မြန်မာပြည်မှာ ကြည့်ရင်တော့ နာမည်ကြီးတာခြင်း တူရင်ဝတ္ထုရှည် ရေးသူ က ငွေရေး ကြေးရေး ပိုကိုက်တာပေါ့။ တိုင်၊ နယူးစ် ဝိက်၊ နယူးယောက် တိုင်းတို့ မှာ တော့ ဖော်ပြတာ ခံရရင် ငွေ လည်း ရသလို သိက္ခာလည်း ပိုရှိပါတယ်။ ကိုယ်နဲ့ နယ်ပယ် မတူတာပဲ ရှိ မယ်၊ ရေးထားတာတွေကတော့ အတုံးလိုက် အတစ်လိုက်တွေချည်းပဲ။

နာမည်နဲ့တင် စည်းတားတာလည်း မဟုတ်ဘူး။ လေးလေး နက်နက် ဆောင်း ပါးတွေမှာ နည်းပညာနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို အ ရှည်လည်း သိပ် မသုံး ဘူး၊ သုံးလည်း တစ်ကြိမ်ပဲ။
သူ့စာဖတ်မယ့်လူက ဒီအဆင့်တော့ ရှိတဲ့ လူ ဆိုတာ သဘောပေါက် တယ်။ ပြီးတော့ လူတိုင်း နားလည်အောင်ဆိုပြီး ဝေါဟာရ ညှာ မသုံးဘူး။ ပညာရှင် အဆင့်တွေကိုး။ မသိရင် အဘိဓာန် လှန်။ ဒါပဲ။အဘိဓာန်က အဆင့် မမီ၊ ခေတ် မမီရင် ရှာတောင် မတွေ့တတ် ဘူး။ ဒါမျိုးကို လူ နားလည်တဲ့ စကားနဲ့ မရေးရကောင်းလား လို့ ပြော ရင် မဟုတ်လှသေးဘူး။

သူတို့ ပြောတာက လူနဲ့ကွာလွန်းနေတယ်၊ ထုတ်ဝေသူက စာအုပ် အနေနဲ့ ထုတ်လည်း ထုတ်ဝေချင်တယ်  ဆိုရင် အယ်ဒီတာက ကြားဝင် တံတား ခင်းပေးရတယ်။ မူရင်း စာရေးဆရာကတော့ မပြင်၊ မဖျက်၊ မဖြည့်ပဲ။ အရင်ဖတ်စဉ်က နားမလည်တဲ့ ဆောင်းပါး တချို့ဟာ အယ်ဒီတာက ကြားဝင် တံတားခင်းပေးလိုက်တော့မှ နားလည်သွားတာတွေ အများကြီး ရှိတယ်။

ဟာသ စာတွေလည်း ဒီ အတိုင်းပဲ။ သူတို့စာဖတ်၊ တချို့က မရယ်ရ ဘူး။ ရေးတတ်သူက ပြန်ရေးတော့မှ ရယ်ရတာ။ အစ အဆုံး ရှင်းပြရရင် မရယ်ရတော့ဘူး။ အဖြစ် အပျက်၊ လူနာမည် စတာတွေကို တဝက် တပျက် နဲ့ထားမှ ပျက်လုံး အရှိန် မြင့်တာ။ ဟာသ ဆိုတော့ ဒီမှာတော့ အက်သစ် သဘောတရားတွေ အကြောင်း ပြောလို့ မရပါဘူး။

ဝေါဟာရ၊ နာမည်တွေနဲ့ စာဖတ်ပရိသတ်ကို ကန့် လိုက်တာတွေ က လူ မသိအောင် ရေးတယ်ဆိုတာထက် စာဖတ်သူရဲ့ စိတ်ဝင် စားမှုအား၊ နား လည်နိုင်မှုအား နဲ့ စာဖတ်သူရဲ့ အချိန်ကို သတိပေးလိုက်တာမျိုးပါ။လိုက်နိုင်ရင် လိုက်ခဲ့၊ စောင့်ခေါ်နေမှာတော့ မဟုတ်ဘူး ဆိုသလိုပါ။
စာရေးသူ စောင့်ထိမ်းရမယ့် အက်သစ်ထဲမှာ ဒါတွေ ပါ မပါ တိတိကျကျ မသိပေမယ့် တစ်ဦးချင်း အနေနဲ့တော့ လိုက်နာကြ တာ တွေ့ရပါတယ်။
ဘာရယ် မဟုတ်ပါဘူး။ သတိထား လေးစားမိတာလေးမို့ ရေးလိုက်မိတာပါ။


ဇင်ဝေသော်

ဒီဇင်ဘာ စကာဦး


ဒီ အပတ်ကစလို့ အင်္ဂါနေ့တွေမှာ သီဟနာဒ ဘာသာပြန်ဆိုတဲ့ " ဗုဒ္ဓဘာသာနှင့် စစ်တပ် " ဆိုတဲ့ ဆောင်းပါးတွေကို တင်ပေး သွား မှာပါ။ ဆောင်းပါး အများစုဟာ ဗြိတိသျှစစ်တပ် အတွင်း တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ ဗုဒ္ဓဘာသာ ပညာရှင်တွေ ရေးထားတဲ့ စစ်တပ်နဲ့ဆိုင်ရာ ဆောင်းပါတွေ၊ သဝဏ်လွှာတွေပါ။ အင်္ဂလန်က ထုတ်တဲ့ " The Middle Way= အလယ်လမ်းစဉ် " ဂျာနယ်ထဲက ထုတ်ယူထားတာဖြစ်ပါတယ်။ သုတေသန ဆန်တာတွေ ပါသလို ကိုယ်ရေး ကိုယ်တာ အတွေ့အကြုံ၊ ခရစ်ယန် အများစုကြားမှာ ရင် ဆိုင်ရတတ်တဲ့ အခက်အခဲတွေလည်း ပါပါတယ်။

အထူးအဆန်း အနေနဲ့ သိခွင့်ရလိုက်တာကတော့ ဗြိတိသျှ ဗုဒ္ဓဘာသာ စစ်သားတွေဟာ ဟစ်တလာရဲ့ စစ်တပ်ကို ပစ်ဖို့တောင် ပါဏာတိပါတ သိက္ခာပုဒ်ကြောင့် ငြင်းဆိုခဲ့ကြပါ သတဲ့။ တာဝန်နဲ့ ဗုဒ္ဓ အဆုံးအမကြား သူတို့ ဘယ်လိုများ ဟန်ချက် ထိန်းထား ခဲ့ ကြတယ်ဆိုတာ စိတ်ဝင်စားစရာပါ။
မေတ္တာဖြင့်


သီဟနာဒ 

သာဓု ပါဘုရား


ဦးခင်ညွန့် အာဏာ ကြီးစိုးစဉ်က ဦးစောမြင့် ( မှူးသမိန်၊ မဟေသီ မဂ္ဂဇင်း အယ်ဒီတာချုပ် ) ၏ ကုလားဖန်ထိုးမှုကြောင့် မတရား အသိမ်းခံလိုက်ရသော ရန်ကုန်မြို့၊ တာမွေ၊ နတ်ချောင်းရှိ မဟာသန္တိသုခ သာသနာပြု ကျောင်းတော်ကြီးသည် ပိုင်ရှင်အမှန် ပီနန် ဆရာတော်ကြီးထံ ပြန်ရောက်ပြီဟု သိရသဖြင့် ဝမ်းမြောက်မိပါသည်။ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့၌  ရန်ကုန်မြို့သို့ ပီနန်ဆရာတော် ကြီးပြန်ကြွပြီး ထို မဟာသန္တိသုခ ကျောင်းတော်ကြီး၌ပင် သီတင်းသုံးမည်ဟု သိရသည်။

ထို မဟာသန္တိသုခ ကျောင်းတော်ကြီးအတွင်း ရှိသမျှ သံဃာအားလုံး သက္ကရဇ် ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉နာ ရီ နောက်ဆုံးထားပြီး  ထွက်ပေးရမည်ဟု မဟန မှ အမိန့်ဆင့်သည်။သီဟနာဒ ကိုယ်တိုင်  ၂၀၀၂ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၉ နာရီ မထိုးမီ မိနစ် အနည်းငယ်အလိုမှ နောက်ဆုံး တစ်ပါတည်း ထွက်ပေးခဲ့သဖြင့် အရပ်ဝတ် ထောက်လှမ်းရေးတို့ ဖမ်းဆီးခြင်းမှ သီသီလေး လွတ်ခဲ့သည်။ မထွက်သော် ဖမ်းမည်ဟု ဆိုသဖြင့်
" အရွယ်ကား သာသနာ ပြုရမည့် အရွယ်၊ ထောင်ထဲ ဘာမဟုတ်သောကိစ္စဖြင့် အချိန်ကုန်ရမည့် အရွယ် မဟုတ်၊ ကိုးနာရီထိုးက ထွက်မည် " ဟု ဖြေခဲ့ရသည်။
ထိုစကား က " အဘ " ကို ခိုက်စေသည်ထင်၏။  မဟာသန္တိသုခ၌ ပြန်လာ သတင်းသုံးရန် မိမိနှင့် အခြားတစ်ပါးကို ပြန်ပင့်၏။ မသင့်ပေ။ ဆရာနှင့် သီတင်းသုံးဖော်တို့ ပြေးခဲ့ကြရပေပြီ။
ပီနန်ဆရာတော်ကြီးနှင့် မလေးရှားမှာ တွေ့တော့မှ ဆရာတော်ကြီးက
" ကျောင်းကို ဘာလို့ သိမ်းတာလို့ ပြောလဲကွ "
" အကြွေးမကျေသေးလို့ လို့ ပြောပါတယ် ဘုရား "
" ဒါဖြင့် နိုင်ငံတော်ကိုရော ဒီကောင်တွေ ဘာလို့ အာဏာသိမ်းတာလဲကွ "
" အကြွေးမကျေသေးလို့ ပဲ ဖြစ်မှာပါ ဘုရား " ဟု လျောက်ရာ
" ဟား ဟား ဟား မဆိုးဘူး၊ မင်း အဖြေမဆိုးဘူး " စိတ်လိုလက်ရ ဆရာတော်ကြီးရယ်၏။
ယနေ့ ဆရာတော်ကြီး မဟာသန္တိသုခကျောင်းပေါ် ပြန်ရောက်ပြီ။ သဓုပါ ဘုရား။
တပည့်


သီဟနာဒ