သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၃ )

" ပထမဆုံး ကျရှုံးမယ့် နိုင်ငံဆိုတာ ဗိုလ်ချုပ်ကြီးတွေက ဝေစု အများဆုံးယူ ပြီး ပြည်သူကို အနည်းဆုံး ဖြန့်ဝေပေးတဲ့ နိုင်ငံပဲ " တဲ့။
( ထရူးမင်း )


ဒီနေ့ ခံစားမိတာကတော့ ၃၃ ဆက်မြောက် အမေရိကန် သမ္မတ Harry Truman ပါပဲ။ လူဆိုးကြီးလို့ ဆိုချင်ဆို လူကောင်းကြီးပါလို့ ပြောလိုပြော ကမ္ဘာ့စစ်ကိုတော့ လူမိုက်ဆန်ဆန် လက်နက်အချခိုင်းလိုက်သူပေါ့။

ဒီ အမေရိကန် သမ္မတ ရာထူးကို သူဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ သူ့ညီမဆီ ရေးတဲ့ ကိုယ်ရေးကိုယ်တာ စာမှာ တွေ့ ရတယ်။

" ပုံမှန်စိတ်ရှိသူ ( မရူးနှမ်းသူ ) တစ်ယောက်အနေနဲ့ အမေရိကန် သမ္မတ ဘယ်တော့မှ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ မတန်တဆ စီမံ ခန့်ခွဲနေရတဲ့ တာ ဝန်တွေအပြင် အပြစ်ရှာ ဝေဖန်ပုတ်ခတ်မှု မှန်သမျှကိုလည်း ခံရတယ်။
လူထုကို အသုံးတော်ခံရ၊ သူတို့ကိုယ်တိုင် တကယ်လုပ်ကို လုပ်ရမယ့် အလုပ်တွေကို လုပ်ဖို့ ချော့ရ၊ မြှောက်ပင့်ပြီး ကြိုက်အောင်ပြောရ၊ ဖက်နမ်းရ၊ ဖင်တွန်းပေးရ နဲ့ " တဲ့။

ခပ်ပြတ်ပြတ်ပဲ ပြောတတ်တဲ့ သူ့အကြောင်းသူလည်း သိထားပုံတော့ ရတယ်။
" သူတို့ကို ကျနော် ငရဲ မပေးခဲ့ပါဘူး။ အမှန်တွေပဲ ပြောခဲ့တာပါ။ ဒါကိုပဲ သူတို့က ငရဲ ထင်နေကြလို့ပါ " တဲ့။

သူ့ စီပွားရေးနဲ့ နိုင်ငံရေး အမြင်ကတော့ ကျနော်တို့ကို များ စောင်းပြောနေလေသလား?? ( ဒု သမ္မတ ဒစ်ကဆင်ကို ဆဲရင်း ဆိုရင်း )

" ပထမဆုံး ကျရှုံးမယ့် နိုင်ငံဆိုတာ ဗိုလ်ချုပ်ကြီးတွေက ဝေစု အများဆုံး ယူပြီး ပြည်သူကို အနည်းဆုံး ဖြန့်ဝေပေးတဲ့ နိုင်ငံပဲ " တဲ့။ ထရူးမင်းတို့ တော်ချက်က။ Like!

မိစ္ဆာအဏာရှင်တွေကို တို့ထိရာမှာလည်း လေသံမာလှတယ်။

" မိစ္ဆာအဏာရှင်တွေဟာ အကုသိုလ် ဆန္ဒတွေကနေ ပေါက်ဖွား လာတာ ။ ပြည်သူရဲ့ ဆင်းရဲမွဲတေမှု ကျစ်တီးကုန်းပေါ်မှာ ရှင်သန်ပြီး ပြည်သူတစ် ရပ်လုံး ယုံကြည်ချက်တွေ မဲ့ လာပြီဆိုရင် အဲဒါ သူတို့ ပန်းတိုင် " တဲ့။ လာပြန်ပြီ။ Like!

သူ ဘာတွေပဲပြောပြော နိုင်ငံရေးသမားက နိုင်ငံရေးသမားပဲဆိုတာကိုလည်း တစွန်းတစ သိလိုက်ရတယ်
" ဂျာမန်က နိုင်မယ့် အနေအထားဆို ရုရှားကို ကူညီရမယ်။ ရုရှားက နိုင်မယ့် အနေအထားဆိုရင်တော့ ဂျာမန်ကို ကူရမယ်။ သူတို့ချင်း အရေအတွက် များနိုင်သမျှ များအောင် သတ်ကြပါစေ "

စစ်ကို မုန်တီးမှု တစွန်းတစလေသံတော့ သူ ခပ်ဟဟ ပြောခဲ့တယ်။
" ကျနော်တို့က စစ်ပွဲတွေကို အဆုံးမသတ်နိုင်ရင် စစ်ပွဲတွေက ကျနော်တို့ကို အဆုံးသတ် ပေးသွားလိမ့်မယ် " တဲ့။

Ref: The Great Thoughts By George Seldes


 ဇင်ဝေသော်

ပထမဆုံး ဝါကျ



JEET ဆိုတဲ့ အန္ဒိယန်း စာရေးဆရာရဲ့ စာအုပ်ဟာ ထုတ်ဝေသူ အငြင်းပယ်ခံ ဘဝကနေ Man Booker Prize စာပေဆု ရဖို့ ရှိနေလို့ အံ့ဩ တကြီး ဖြစ်ကြ ရပါတယ်။ သူ့စာအုပ်ကို အန္ဒိယ တစ်နိုင်ငံလုံးရှိ ထုတ်ဝေသူတွေက ပယ်ချခဲ့
ပေမယ့် ကံဇာတာက တက်လာတော့ UK အခြေစိုက် Faber and Faber စာအုပ် ထုတ်ဝေရေးက ဝယ်ယူခဲ့ပါတယ်။
အဲဒီ Faber and Faber စာအုပ် ထုတ်ဝေရေးကလည်း အလွန် ချေး များပြီး တော်ရုံ တန်ရုံ စာအုပ်ကို ထုတ်ဝေတာ မဟုတ်ပါဘူး တဲ့။ ဒီလောက်ကောင်းတဲ့ စာအုပ်ကို ဘာကြောင့် များ အိန္ဒိယ ထုတ်ဝေသူတွေက မျက်စေ့လျှံသွားရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ JEET ကို အင်တာဗျူး ကြည့်တော့ ခပ်ဝါးဝါးတော့ သဘောပေါက်ခဲ့ရတယ်လို့ သိရပါတယ်။



" ဒီလောက် နာမည်ကြီးတဲ့ ခင်ဗျား စာအုပ် ရဲ့ ပထမဆုံး ဝါကျက ဘာလဲ "
" မမှတ်မိဘူးဗျ "
" ကိုယ့် စာအုပ် ရဲ့ ပထမဆုံး ဝါကျကိုများ မမှတ်မိရဘူးရယ်လို့ ဗျာ "
" အကုန် မမှတ်မိဘူး ပြောတာပါ "
" ပထမ ဝါကျက ဘယ်လောက် ရှည်နေလို့လဲ "
" စာမျက်နှာ ခြောက်မျက်နှာ ခွဲ ရှိတယ် " တဲ့။


 ဇင်ဝေသော်

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၂ )

" ဒီပွဲကို ကျနော်တက်ရောက်ခဲ့တာမှန်တယ်လို့ သိလိုက်ရပါတယ်။ တိုက် ဆိုင်မှုလည်းဖြစ်ကောင်းဖြစ်မယ်၊ မသေချာလှဘူး။ နောက်နှစ် ရောက်တော့ ယဇ်ပူဇော်ဖို့ တိရစ္ဆာန်အရေအတွက်တွေ တဖြည်းဖြည်း လျှော့ချလာခဲ့ ကြတယ်တဲ့"
( လက်ဖတင်နယ်ကာနယ် မာ့(စ်) ဗစ်ကာ (Mark Vickers)

ကျနော်တို့ စစ်တပ်ထဲကို ပုံမှန်လာနေတတ်တဲ့ ခရစ်ယာန် ချပ်ပလင် တစ်ယောက်လည်း ရှိတယ်။ သူ့ကို ဒီအကြောင်း ပြောပြတော့ ဒီလိုပွဲ မျိုးတွေကို သူ့အနေနဲ့ ဘယ်နည်းနဲ့မှ မတတ်နိုင်ကြောင်း ပြောပါတယ်။ သူပြောတာတွေက ကျနော် စဉ်းစားမိတာတွေနဲ့ ဆန့်ကျင်နေပြန်ရော။ တကယ်တော့ ဟိန္ဒူ စစ်သားတွေဖိတ်လို့ ကျနော်တတ်ခဲ့ရတဲ့ အခန်းအ နားတွေထဲမှာ အခုချိန်က ပထမ ဆုံး အကြိမ်မဟုတ်တော့ဘူး။ သူတို့ကိုလေးစားတဲ့အနေနဲ့ ကျနော်တတ်ခဲ့ တာပါ။ ကျနော် စဉ်းစားမိတာက ဒီပွဲကို ငါမတတ်လည်း ဒီ ဆိတ်တွေ ကျွဲတွေကတော့ အသတ်ခံရမှာပဲ ဆို တာကိုပါ။ တကယ်လို့ ကျနော်တက်ခဲ့ရင် တစ်ခုခု ကောင်းကျိုးလေးများ ရလာနိုင်မလားဆိုတဲ့ အတွေးပဲ ရှိပါတယ်။ ဒါနဲ့ ကျနော် ဆုံးဖြတ်ချက် ချ လိုက်နိုင်တယ်။

ငါ မတတ်ဘူးဆိုရင် ငါ့ခံစားမှုတစ်ခုကိုပဲကြည့်တဲ့ တစ်ကိုယ်ကောင်းဆန် သူဖြစ်မယ်။ ဒါကြောင့် ပွဲကျင့်ပရေး ခေါင်းဆောင်တွေကို ဘာပဲဖြစ်ဖြစ် ကျနော်တက်မယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်လေးတွေကို ကျွမ်းကျွမ်းကျင်ကျင် သတ်နိုင်လို့ ဆိုပြီး သားသတ် သမားကိုတော့ လက်ခုပ်သြဘာမပေးနိုင်သလို ဆုငွေတွေလည်း (ယဉ်ကျေး မှုအရ) မချနိုင်ပါဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ပြီးတော့ သတ်တာတော့ သတ်တာပေါ့ သူတို့ကို လူလို သဘောထားပြီးညင်ညင်သာသာနဲ့ အသက်ထွက်အောင် သတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီပွဲတော်နေ့မှာ သူများထက်စောရောက်အောင်သွားခဲ့ပြီး တိရစ္ဆာန်လေးတွေ နား သွား မေတ္တာပို့ပေးခဲ့တယ်။ တတ်သလောက် မှတ်သလောက်လည်း ရွတ်ဖက်ပေးတာပေါ့။ ပြီးတော့ မင်းတို့ကို ဒီလိုသတ်ဖြတ်ကြလို့ သူတို့ကို အမျက်မထား၊ ရန်ငြိုးမဖွဲ့ကြပါနဲ့လို့လည်း တိုးတိုးလေး ကပ်ပြီး ပြောပေး တယ်။ တစ်ခုကျေနပ်စရာက ကျနော် ကောင်းကောင်း မေတ္တာရပ်ခံထားတဲ့ အတွက် မကြာခင်အသတ်ခံရမှာပေမယ့် တိရစ္ဆာန်လေးတွေဟာ အစားကောင်းကောင်းစားရသလို အေးအေးချမ်းချမ်းရှိနေတာကိုလည်း တွေ့ရတယ်။ ပွဲလည်းစရော ကျနော်ကတော့ စိတ်ထဲကနေပဲ တိရစ္ဆာန်လေးတွေ အတွက် မေတ္တာစာတွေ ရွတ်ဖက်ပေးနေလိုက်တယ်။

ပွဲပြီးသွားတော့ ဒီပွဲ တာဝန်ခံက ကျနော့် ဆီလာပြီး စကားပြောတယ်။ သူ ကျနော့်ကို ကြည့်နေမိတယ်တဲ့။ သူနဲ့ ကျနော်က ရာထူး အဆင့် အတန်းချင်း တော်တော်ကွာနေတော့ သူ့စိတ်ထဲ ရှိနေတာတွေ ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ပြောရဲမှာမဟုတ်ဘူးလို့ တွေးနေမိတယ်။ မှားပါတယ် သူကျနော့်ကို ဆက်ပြောလာတာက ကျနော့်မျက်လုံးထဲမှာ ထိခိုက်ကြေကွဲ ရိပ်တွေ သူတွေ့နေရတယ်တဲ့။
ခဏကြာတော့ သူ ကျနော့်ဆီပြန်လာပြီး ကျနော်တက်ရောက်ခဲ့တဲ့အတွက် သူတို့ ဘယ်လောက်ဂုဏ်ယူကြောင်း၊ ဘယ်လောက်အလေးအနက် ထားကြောင်း ပြောတယ်။ ဟုတ်တာပေါ့ အပြစ်မဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ် မှုဆိုတာ ကျနော့် ယုံကြည်မှုနဲ့က တိုက်ရိုက်ဆန့်ကျင်နေတာပဲ။ ဒီလို အပြုအမူကို ဘယ် ဗုဒ္ဓဘာသာကမှ ကောင်းချီးပေးနေမှာ မဟုတ်ပါဘူး။

နောက် သူဆက်ပြောတာက ကျနော့် မေတ္တာရပ်ခံချက်ကြောင့် တိရစ္ဆာန်တွေ အပေါ် အတတ်နိုင်ဆုံး ညင်ညင်သာသာဖြစ်အောင် ဆောင် ရွက်ခဲ့ကြတယ် ဆိုတာပါ။

သူ့စကားဆုံးတော့ ဒီပွဲကို ကျနော်တက်ရောက်ခဲ့တာမှန်တယ်လို့ သိလိုက်ရ ပါတယ်။ တိုက်ဆိုင်မှုလည်းဖြစ်ကောင်းဖြစ်မယ်၊ မသေချာလှပါဘူး။ နောက်နှစ် ရောက်တော့ ယဇ်ပူဇော်ဖို့ တိရစ္ဆာန်အရေ အတွက်တွေ တဖြည်းဖြည်း လျှော့ချလာခဲ့ကြတယ်တဲ့။
အင်္ဂလန်မှာ အသတ်ခံနေရတဲ့ တိရစ္ဆာန်တွေကိုလည်း ကျနော် တွေ့ဖူးနေတာ ပဲ၊ အဲဒီ တိရစ္ဆာန်တွေနဲ့စာရင် အခု ကျနော် တွေ့မြင်လိုက်ရတဲ့ တိရစ္ဆာန်တွေက အများကြီးညင်ညင်သာသာ ရှိလှပါတယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ရှင်းရှင်း ပြောရရင်တော့ ဘာအကြောင်းနဲ့ မှ ဘယ်လို တိရစ္ဆာန်မဆို အသတ်မခံရစေလိုပါဘူး။

တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်ကိုယ်တိုင် သတိလက် လွတ်ဖြစ်ရ တတ်တာလည်း ရှိပါတယ်။ တခါမှာတော့ ကျနော်တို့အားလုံး ၀ရန်တာမှာ ထိုင်ပြီး အဖွဲ့လိုက်လက္ဘက်ရည်သောက်နေကြတယ်။ အဲဒီနေရာကနေ ဟိ မ၀န္တာတောင်တန်းကြီးကိုပင် လှမ်းပြီး မြင်နေရတယ်။ ကျနော်က အရာရှိ ဆိုတော့ ရဲဘော်တွေ ခုနှစ်ယောက်ရှစ်ယောက်က ကျနော့်ဘေးမှာ ၀ိုင်းပြီး ရပ်နေကြတယ်။ ကျနော့်ဘေးကပ်ရက်မှာ ရပ်နေတာက ချပ်ပလင် တစ်ယောက်။ ကျနော်ငုံ့ကြည့်လိုက်တော့ ပုရွက်ဆိတ်လေးတွေ အတန်း လိုက် သူ့ဆီကို သွားနေကြတာတွေ့ရတယ်၊ တဖြည်းဖြည်းနဲ့ သူ့ခြေဖမိုးပေါ် အထိ ပုရွက်ဆိတ်လေးတွေက တက်နေတာမြင်ရတယ်။

ကျနော့်စိတ်ထဲမှာတော့ “ပုရွက်ဆိတ်ကလေးတို့ရေ၊ ဒီဖက်ကိုလာခဲ့ကြပါ၊ ငါ့အနားကိုလာခဲ့ကြပါ မင်းတို့အတွက် ဘေးကင်းရန်ကင်း နေရာလေးတစ်ခု ငါပေးထားပါ့မယ်” လို့။ ဆုတောင်း မပြည့်ခဲ့ပါဘူး။ ချပ်ပလင်က ပုရွက်ဆိတ်ေ လးတွေပေါ် စိတ်ရှိလက်ရှိ တက်နင်းတော့တာပါပဲ။ တကယ်တော့ ဘာမှ မပြောဘဲ နေခဲ့သင့်တာပါ၊

မနေနိုင်ခဲ့တာနဲ့
“ချပ်ပလင်- ခင်ဗျား ဘာကြောင့်ဒီလိုလုပ်ရတာလဲ”
“ဘာလုပ်လို့လဲ ၊ ဘာမှမလုပ်မိပါဘူး”
လို့ သူကဖြေတယ်။
“လုပ်တယ်၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ ပုရွက်ဆိတ်ကလေးတွေ ကို မြင်ရက်သားနဲ့ တက်နင်းတယ်”
ပြောမိတော့ သူလည်း ရှက်သွားပြီးမျက်နှာကို နီရဲသွားတာပဲ။
ဒါနဲ့ ကျနော်လည်း ချက်ချင်း စကားလမ်းကြောင်းပြောင်းပြီး ခဏနေ လှည့် ထွက် ခဲ့တော့တယ်။ ကျနော်လည်း ထွက်ခဲ့ရော ကျန်ရစ်ခဲ့တဲ့ ချပ်ကျောင်း ပုံမှန်တက်တတ်တဲ့ ရဲဘော်နှစ်ယောက်(တစ်ယောက်က အမျိုးသမီး၊ တစ်ယောက်က အမျိုးသား) ပြောလိုက်တဲ့ စကားကို ကျနော်က ကြား မိအောင် ကြားလိုက်သေးတယ်။
“ပုရွက်ဆိတ်ကိုတောင် မသတ်ရဲတဲ့လူက ဘယ်လိုလုပ် စစ်တပ်ထဲ ရောက်ပြီး ဗိုလ်ဖြစ်လာရတာလဲ ” တဲ့။
ဒါနဲ့ သူတို့ဆီ ချက်ချင်းသွားပြီး အရာရှိလေသံနဲ့ပဲ ပြောလိုက်တယ်
“ မင်းတို့နှစ်ယောက် ငါးမိနစ်အတွင်း ငါ့ရုံးကိုလာခဲ့” လို့။

ဆက်ရန် -


သီဟနာဒ

သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၂ )


( Leonard Roy Frank 20th century American epigrammist. )

Democracy+ Private Ownership    =Capitalism.
Democracy+Public Ownership    =Socialism.
Dictatorship+Private Ownership    =Fascism.
Dictatorship+Public Ownership    =Communism.

Just one statement is missing.
Dictatorship+Dictator-ownership    = ???

 ဇင်ဝေသော်

ငယ်လေးတို့ရွာ

နောက်လူတွေကို သနားတယ်၊ ရှေ့ကလူတွေ ခိုးသွားလို့ သူတို့ခိုးစရာ ဘာမှ မကျန်တော့ဘူး။
(ရုရှားစကားပုံ)

စင်္ကာပူဆိုတာ မြေဆင်းရဲတဲ့မြို့။ ဘာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီမြို့ဟာ ဘယ်တော့မှ မြေမချမ်းသာနိုင်ဘူး။ ဒီတော့ တိုက်ခန်းတွေ၊ အိမ်တွေက မြင့်ပြီးရင်း မြင့်လာမယ်။ ကျဉ်းပြီးရင်း ကျဉ်းလာမယ်။ ပြီးတော့ စင်္ကာပူဆိုတာ လူလတ်တန်းစား မြန်မာတွေရဲ့ ထွက်ပေါက်၊ လူချမ်းသာ မြန် မာတွေရဲ့ အိမ်၊ ကွန်ဒို၊ ဘန်ဂလိုတွေ ဝယ်ယူရာ မြို့တော်။ နိုင်ငံတော်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားရင် အဲ့ဒီ လူချမ်းသာတွေရဲ့ ထွက်ပေါက် လည်း ဖြစ်နိုင်ပြန်သေးရဲ့။

စင်္ကာပူဆိုတာ အမေရိက၊ ဥရောပ၊ သြစတေးလျတို့လို ဗီဇာရဖို့လည်း သိပ် မခက်ခဲလှ၊ ငွေကုန်ကြေးကျကလည်း လူလတ်တန်းစားတို့ အတွက် ဖြစ်ညှစ် ထုတ်ရင် လက်လှမ်းမီလောက်တဲ့ အနေအထား၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာ ဘွဲ့ရ လူငယ်တွေအတွက် ကမ္ဘာ့စံချိန်မှီ ဘဝထွက်ပေါက်တစ်ခု အဖြစ် ရှိနေခဲ့ တာ ကာလအတန် ကြာခဲ့ပေါ့။

လူလတ်တန်းစား ကျောင်းသားလေးတွေကတော့ တက္ကသိုလ်တွေ ၊ ကျောင်းတွေက ပေးတဲ့ အဆောင်မှာပဲနေနေ၊ အပြင်မှာပဲ ငှါးရမ်းနေနေ ကျပ်ကျပ်ညှပ်ညှပ်ပဲ နေကြရရှာပါတယ်။ တစ်ချို့ကျောင်းသားတွေကတော့ ဘွဲ့ရပြီးလို့ လစာကောင်းကောင်းလေး ရရင် အခန်းကျယ်ကျယ်မှာ တစ်ယောက်တည်း နေလိုက်ဦးမယ်လို့ ကြုံးဝါး တတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြုံးလို့ ဝါးဝါး တကယ် အလုပ်လုပ် ကြပြန်တော့လည်း ဒီအိပ်မက်က တကယ်ဖြစ်လာဖို့ ခက်ခက်ပါပဲ။ ဒီလိုနဲ့ တိုက်ခန်းလေးတွေငှါး၊ သဘောထားမျှတဲ့ မိတ်ဆွေတွေနဲ့ အတူ အိမ်၊ အခန်းတွေ ရှယ်ယာလုပ်ပြီး ကျပ်ကျပ်ညှပ်ညှပ်ပဲ ခရီးဆက်နေကြရရှာဆဲပါပဲ။ အဲ့ဒါ စင်္ကာပူမှာ ရှိတဲ့ လူလတ်တန်းစား မြန်မာတွေကို ကိုယ်စားပြုတဲ့ ပုံရိပ်ကလေးပါ။

ဒါပေမယ့် ကျွန်တော်တို့ သိရတဲ့ အိမ်တစ်ချို့လည်း ရှိတယ်။ ဆယ်ကျော် သက် ကျောင်းသားလေး နှစ်ယောက် ကျောင်းထားဖို့ သူတို့ရဲ့ မိဘတွေ ဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းထဲကို အကြောင်းအားလျော်စွာ ရောက်ခဲ့ရဖူး တယ်။ မိဘတွေက စင်္ကာပူနဲ့ မြန်မာ သွားချည်လာလှည့်။ လေယာဉ် စရိတ် ဆိုတာ သူတို့ရဲ့ ထမင်းစားရေသောက် မုန့်ဖိုး၊ သားတို့နေတဲ့ ကွန်ဒိုက စင်္ကာပူရဲ့ အရှေ့ပိုင်းမှာ ရှိတယ်။ စက်ရုံတွေ သိပ်မရှိ၊ လေထုညစ်ညမ်းမှု သိပ်မရှိလို့ ကွန်ဒိုဈေး ပိုကြီးတဲ့ အရပ်ပေါ့။ သူတို့အခန်းကျယ်ကြီးကနေ ငုံ့ကြည့်လိုက်တော့ ပြာလဲ့လဲ့ ရေကူးကန်က ချမ်းစိမ့်စိမ့် မနက်ခင်းမှာတောင် ဒိုင်ပင်ထိုးပြီး ဆင်းကူးချင်စရာပါပဲ။ ဒီကောင်လေးနှစ်ယောက်ဟာ ဘယ်သူရဲ့ သားတွေများ ဖြစ်နိုင်ပါသလဲ။

နာမည်တွေ မပါရင်တောင်မှ ဘယ်လိုလူတွေရဲ့ သားတွေဆိုတာ ခပ်ဝါးဝါးေ တာ့ သဘောပေါက် နိုင်မယ်လေ။ ဒါတွေကို တွေ့ရတော့ ဣဿာ မစ္ဆရိယ ပဲ ဖြစ်ရမလိုလို၊ မုဒိတာပဲ မျက်စေ့မှိတ် ပွားလိုက်ရမလိုလို။ နိုင်ငံတော် အ တွက် ရင်ထဲမှာတော့ အောင့်သက်သက် နာကျင်ဆဲပါ။

နောက်တစ်အိမ်ကတော့ တရံရောအခါက ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့သမီး။ သူမဝယ်ထားတဲ့ ဘန်ဂလိုကြီး ဟီးနေချက်က လစာဒေါ်လာ ခြောက်ေ သာင်းလောက် ရသူတွေတောင် မနာလိုစိတ်ကို ချုပ်တည်းထားနိုင်မယ် မထင်ဘူး။ ရေးကူးကန်က ပြာလဲ့လဲ့။ ဈေးလည်းချို၊ အသစ်စက်စက် လည်း ဖြစ်နေလို့ဆိုပြီး စီးသူမရှိဘဲ ဝယ်ထားတဲ့ မာစီးဒီးနဲ့ BMW ဂျာမန်ကားနှစ်စီးက ဘန်ဂလိုရဲ့ ကျက်သရေကို ပိုပြီး ခန့်ငြားစေတယ်။ အဲ့ဒီ ဘန်ဂလိုမှာ ကလေးထိမ်းတစ်ယောက်ရယ်၊ ကားဒရိုင်ဘာရယ်၊ ကံကောင်း လှတဲ့ ကောင်လေးနှစ်ယောက်တို့ နေကြပါတယ်။ မိဘတွေကတော့ ရန်ကုန်၊ စင်္ကာပူ၊ အင်္ဂလန် သွားချည်လာလှည့်ပဲပေါ့။

နိုင်ငံတော်အတွက် ရင်နာနေရတာနဲ့ ဣဿာလည်း မဝင်မိ၊ မုဒိတာလည်း မပွားမိတော့ပါဘူး။ အနောက်နိုင်ငံတွေကတော့ ဝေးလည်းဝေး၊ ဗီဇာက လည်းကျပ်၊ စီးပွားရေးပိတ်ဆို့မှုတွေကလည်း တင်းကြပ်ဆိုတော့ ပိုက်ဆံ ရှိပေမယ့် ပြဿနာကတော့ အနည်းနဲ့အများ ရှိနေဆဲပါ။

ငွေရှိရင် အဆင်ပြေတဲ့ မြို့က စင်္ကာပူပါ။ ဘိန်းကို အဝင်မခံပေမယ့် ဘိန်းကနေ ရလာတဲ့ ငွေတွေကိုတော့ စင်္ကာပူက “နိုး” မပြောဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူဆိုတာ ဆရာ့ဆရာကြီးတို့ သားသမီးတွေ ကျောင်းတက်ရာ၊ တစ်ခုခုဆို ဆရာ့ဆရာကြီးတို့ ခိုလှုံရာ နေရာလေး ဖြစ်နေခဲ့တယ်။

ဆရာ့ဆရာကြီးတို့ရဲ့ တရားဝင် သားသမီးတွေ နေထိုင်၊ ပညာသင်ရာဖြစ်နေ လို့ စိတ်ထဲမှာ စင်္ကာပူကို “ငယ်လေးတို့ရွာ” လို့ ခေါ်နေမိတယ်။

ရန်ကုန်ကို ပြန်ရောက်လို့ သာကေတတို့၊ တောင်ဒဂုံတို့ကနေ လှမ်းကြည့်ရင် လွင်တီးခေါင်ထဲက တိုက်မြင့်မြင့်တွေ ထောင်ထွက်နေတဲ့ မြို့တော် တစ်ခု ကို တွေ့ရတယ်။ စင်္ကာပူက ဆင်ကန်းနဲ့ နည်းနည်း ဆင်ပါတယ်။ အဲ့ဒီမြို့တော်ရဲ့ နာမည်ကို မေ့နေတာနဲ့ ဦးလေးတစ်ယောက်ကို မေးမိတော့ အဲ့ဒါ ယုဇနဥယျာဉ်မြို့တော်လေ၊ ဒီနေ့ လူတွေ သိနေကြတာကတော့ “ငယ်လေးတို့ရွာ” တဲ့။

လာပြန်ပြီ ငယ်လေးတို့ရွာ။
အဲ့ဒီဦးလေး ရှင်းပြတာက ထူးဆန်းလွန်းတော့ မယုံဘူးလို့ မပြောရဲခဲ့ပေမယ့် ယုံပြစ်လိုက်ဖို့ကြပြန်တော့လည်း ဝမ်းနည်းစရာ ကောင်းလွန်းလှတယ်။ နံပါတ်မဝင်တဲ့ အငယ်လေးတွေ အဲ့ဒီမြို့မှာ အနေများတယ်တဲ့။ အဲ့ဒီအငယ်လေးတွေက အများအားဖြင့် နယ်က ဖြစ်နေပါသတဲ့။ (ကျန်သူတွေကို တောင်းပန်ခဲ့ပါရစေ)

ဒါကို ယုံပြစ်လိုက်ဖို့ အင်တင်တင် ဖြစ်နေတဲ့ ကျွန်တော့်ကို “မင်းမယုံရင် တက္ကစီတစ်စီးကို တားပြီး ငယ်လေးတို့ရွာ သွားမလို့ပါလို့ ပြောလိုက်၊ တက္ကစီ က မင်းကို ပို့ပေးလိမ့်မယ်” လို့ ပြောတယ်။

ဒါနဲ့ ကျွန်တော်လည်း သူ့ကားပေါ်က ဆင်းပြီး ရောက်လာတဲ့ တက္ကစီကိုတား၊ ငယ်လေးတို့ရွာ သွားမလို့ပါလို့လည်း ပြောလိုက်ရော တက္ကစီသမားက ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ပြီး နှစ်ထောင်လို့ ဈေးပြောကာ အဲ့ဒီ မွဲခြောက်ခြောက် မြို့တော်လေးဆီ မောင်းထွက်ခဲ့ပါတော့တယ်။ ကျွန်တော် သဘောပေါက်ထားတာက စင်္ကာပူသာ ငယ်လေးတို့ရွာဆိုတာပါ။ အဲ့ဒီမြို့တော်ကို တက္ကစီသမားလောကက ငယ်လေးတို့ရွာလို့ ခေါ်တာ မသိ ဘူးလေ။

ခေတ်နောက်ဆွဲသမားတွေကို ချန်ထားခဲ့မယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကြောင့် ကျန်နေရစ်ခဲ့မှာစိုးလို့ အဲ့ဒီဝေါဟာရလေးကို မရ၊ အရ နှုတ် တက် ရွတ်မိတယ်။ “ငယ်လေးတို့ရွာ” ။

ရွာနာမည်ချင်း တူပေမယ့် နေတဲ့လူတွေကတော့ မတူကြဘူး။
သူတို့ အနာဂတ်တွေရော ကွဲပြားနေမှာပဲလား၊ မဆီမဆိုင် ရုရှားစကားပုံက ကျွန်တော့်ခေါင်းထဲ ရောက်လာသေးတယ်။


 ဇင်ဝေသော်

ပြုံးစိစိ အတွေး


၁၁၅ နှစ် အရွယ်ရှိ ဂျပန်လူမျိုး ကမ္ဘာ့ အသက်ရှည်ဆုံးအဖွား Okubo ဟာ စနေနေ့က စောင့်ရှောက်ရေးဂေဟာမှာ ဆုံးပါးသွားခဲ့ပါတယ်။ သူမဟာ ကမ္ဘာ့ အသက်ရှည်ဆုံးလူသား ဘွဲ့ကို အမေရိကန်အအဖွား Dina Manfrgndini ဆီကနေ ရယူခဲ့တာပါ။ ဒီဘွဲ့ကိုရပြီး တစ်လတောင် မပြည့်လိုက်ဘူးလို့ သိရပါတယ်။ ဒေါ်Dina Manfrgndini ကိုယ်တိုင်ကလည်း ကမ္ဘာ့ အသက်ရှည်ဆုံးလူသား ဘွဲ့ကိုရပြီး နှစ်ပတ်အတွင်း ဆုံးပါးခဲ့ရပါတယ်။ ( The Straits Times, 14th, Jan, 2013 )

ကမ္ဘာ့ အသက်ရှည်ဆုံးလူသားတွေရဲ့ လတ်တလောသမိုင်းကို ပြန် ကြည့်တော့ ...
လွန်ခဲ့တဲ့ စက်တင်ဘာလက ကမ္ဘာ့ ( အမျိုးသား ) အသက်ရှည်ဆုံး ၁၁၄ နှစ်ရှိ ဂျပန်အဘိုးသေဆုံးပြီး ဒီဇင်ဘာလ၊ ၄ ရက်မှာ ၁၁၆ နှစ်ရှိ ကမ္ဘာ့ ( အမျိုးသာမီး ) အသက်ရှည်ဆုံးလည်း သေဆုံးခဲ့ရပြန်ပါတယ်။ ပြီးတော့ အသက် ၁၁၅ နှစ်ရှိ အဖွားတစ်ယောက်က ဒီဘွဲ့ကို ဆက်ခံခဲ့တယ်။ ဘာမှ မကြာလိုက်ဘူး။ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့မှာ ဒီအဖွားလည်း ဆုံးပါးခဲ့ ရပြန်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး မတွေးဘဲ မနေတတ်တဲ့ ပညာရှင်တွေကတော့ ....
" ဒီဘွဲ့ကို ရယူပြီး မကြာမီ သေဆုံးရတာဟာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး " လို့ တွေးနေကြပါသတဲ့။
အဖြေများရှိရင် ချီးမြှင့်လိုက်ကြပါအုံး။


 ဇင်ဝေသော်

တစ်ရေး စက်ခွင့်


ကမ္ဘာမှာ ကံဆိုးတဲ့ မီလျံနာတွေ ကောင်း ကောင်းမအိပ်နိုင်ပေမယ့် ကံကောင်းတဲ့ လက်လုပ်လက်စား လခစားတွေကတော့ အိပ်ခြင်းအတွက် ပြဿနာ လုံးဝမရှိကြပါဘူး။

သိပ္ပံပညာရှင်တွေက ဖီးလစ် ( ဒတ်ခ်ျ အီလက်ထရောနစ် ) ကုမ္ပဏီ အလုပ်သမားတွေကို သုတေသန ပြုကြည့်ရာ ၇ နာရီမှာ အများစု အိပ်ရာက ထ၊ လုပ်စရာတွေ လုပ်နေကြပေမယ့် တကယ် ရာနှုန်းပြည့် အိပ်ရာကထကြတာကတော့ ၁၀ နာရီမှ လို့ ဆိုပါတယ်။ ဒါက ရုံးသွားရာမှာ ဘတ်စ်၊ မြေအောက်ရထား စီးရင်း ကား၊ ရထားပေါ်မှာ ဆက်အိပ်ကြတာကို ဆိုတာ ဖြစ်ဟန်တူပါတယ်။ ကိုယ်ပိုင် ကားမောင်းပြီး ရုံးသွားသူတွေ ဒီ အခွင့်အရေးမျိုး မရနိုင်ပါဘူး။

ကျနော်သိတဲ့ ကောင်မလေး တစ်ယောက်ကတော့ ဖိနပ် အထူကြီး စီးထားရင် ၉ နာရီ ၁၅ ဆို ရာနှုန်းပြည့် အိပ်ရာကထနေတတ်ပြီး ဖိနပ် အပါးလေး စီးထားရင်တော့ ၁၀ နာရီမှ ရာနှုန်းပြည့် အိပ်ရာက ထတယ် လို့ပြောပါတယ်။ ဖိနပ် အထူ အပါးနဲ့ အိပ်ယာကထချိန် ဆက်စပ်လို့မရပါဘူး လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဆိုင်ပါတယ်။ အဲဒီ ငတိမလေး အဆိုအရ  ဖိနပ် အပါးလေးနဲ့ဆို ချော်လဲမှာ မစိုးရိမ်ရတဲ့အတွက် ( ဖုန်းခေါ်သူ မရှိရင် )လမ်းလျှောက်ရင်း ၂၅ ကနေ ၃၅ ရခိုင်နှုန်းအထိ ငိုက်မြည်းလို့ ရတယ်လို့ သိရပါတယ်။

အဲဒီ ငတိမလေးထက် ပြိုပီး အိပ်တတ်တာက အိုဗာဝိတ် ငတိမကြီးပါ။ အသက်က ၃၄ ပဲ ရှိပါသေးတယ်။
သူမက အအိပ်ကြီးရုံတင် မကဘဲ "sleep-eating disorder " ပါ ( သူက ရှက်လို့ ဝန်မခံပေမဲ့ ) ဖြစ်နေတာပါ။  sleep-eating disorder ဆိုတာ အိပ်ပျော်နေစဉ် ရှိရှိသမျှ အစားအစာတွေ အားလုံးစားပစ်တတ်ပြီး အိပ်ယာက နိုးတော့ စားခဲ့သမျှတွေကို ဘာမှ သတိမရတော့ပဲ ထပ်ပြီး စားတတ်ခြင်းပါ။
ဒီလိုဆိုတော့လည်း သူ  အိုဗာဝိတ်  ဖြစ်နေတာကို နားလည်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အိပ်မရတဲ့  မီလျံနာတွေထက် သာပါတယ်။

မြန်မာတွေက အစား ပြိုင်ပွဲလောက်သာ သိပြီး အအိပ် ပြိုင်ပွဲရှိတာကို သိပ်မသိကြဘူး။  စပိန်နိုင်ငံမှာ " Siesta Championships " ခေါ်တဲ့ နေ့ခင်း  အအိပ် ပြိုင်ပွဲနှစ်စဉ် ကျင်းပပါတယ်။ မက်ဒရစ်မြို့က ရှော့ပင်းမောလ် တစ်ခုခုမှာ  ကျင်းပတတ်ပါတယ်။ မိနစ် ၂၀ အချိန်ပေးတယ်။ အဲ့ဒီ မိနစ် ၂၀ အတွင်းမှာ အချိန် အကြာဆုံး အိပ်နိုင်သူကို ဆုပေးတယ်။ လိမ်လို့တော့ မရဘူး၊ ပြိုင်ပွဲဝင်သူတွေ တကယ် အိပ်ပျော် မပျော် ဆရာဝန်တွေက စက္ကန့်နဲ့အမျှ စစ်ဆေးတယ်။
ဒီနှစ် ပထမဆု ရသွားသူက အသက် ၆၂ အရွယ်ရှိ  Pedro Soria Lopez တဲ့။ မိနစ် ၂၀ အချိန်ပေးထားရာမှာ ၁၉ မိနစ်လုံးလုံး လုံးဝ အိပ်ပျော်နေခဲ့တယ် တဲ့။
ဥရောပမှာ စပိန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ဆိုးရွားသလောက် ကြောင့်ကြမဲ့ အိပ်နိုင်တာလည်း  စပိန်တွေပဲရှိတယ်လို့ ပြောစမှတ်လည်း ရှိပါတယ်။

သတင်းသမားတွေက အံ့ဩလွန်းလို့ ဒီလို အိပ်စက်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ လို့ Pedro Soria Lopez ကိုမေးတော့
" နေ့လည်စာ နင်းကန်စားတာ " လို့ ဖြေပါတယ်။

ဒါကို သဘောမတူတဲ့ ငတိမလေးက  မလိုပါဘူး၊ ဒေါက်ဖိနပ်စီးမထားရင် အိပ်လို့ ရတာပဲ လို့ ပြောပြီး
ငတိမကြီးကတော့ မစားဘဲ အိပ်ပြချင်တယ်လို့ ကြုံးဝါးနေတယ်။ ဟုတ်တယ်လေ၊ အိပ်ပျော်နေရင်းလည်း တဝတပြဲ စားလို့ရတာပဲ။ သူမှ  မမှတ်မိတာ။
အိပ်ပျော်စဉ် လမ်းထလျှောက်တတ်တာတွေက အန္တရာယ်ရှိသလို စားလို့ စားမှးန်းမသိတာလည်း ပြဿနာတော့ မသေးလှဘူး။
မနက် ရေခဲသေတ္တာဖွင့်တိုင်း အိမ်သားတွေ ရန်ဖြစ်ရတယ်တဲ့။ စားစရာတွေ ပျောက် ပျောက်နေလို့။



 ဇင်ဝေသော်

ဟောင်းဝါ့ဒ် ဝက်ဘ် နဲ့ အိုးထရက်ဖို့ သမိုင်း


" Shwe Min Won :လီပါပူး ကံဆိုးတာက ပွဲကို ဟောင်းဝပ်ဝဟ် ကိုင်မတဲ့ဗျာ"

ဟောင်းဝါ့ဒ် ဝက်ဘ် နဲ့ အိုးထရက်ဖို့ သမိုင်း

ဒိုင်လူကြီး အဖြစ် စတင်ခဲ့သည့်နှစ် =၂၀၀၃။
၂၀၁၀ ခုနှစ် ချန်ပီယံ လိဂ် ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ နှစ်ပွဲလုံး ကိုင်တွယ်ခွင့်ရခဲ့တဲ့ ပထမဆုံး ဒိုင်။
၂၀၁၂၊ ၂၀၁၃ ရာသီ ကိုင်တွယ်ခဲ့သည့်ပွဲစဉ်ပေါင်း= ၁၅။
ပြခဲ့သည့် အဝါကတ်ပေါင်း= ၅၄။
ပြခဲ့သည့် အနီကတ်ပေါင်း= ၁။

သူ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ မန်ယူ၊ လီဗားပူး ပွဲမှာ ပွဲစလို့ တစ်မိနစ်အတွင်း မန်ယူကို ပင်နယ်တီတစ်လုံး လက်ဆောင်ပေးခဲ့။
ပြီးတော့ စတီဗင် ဂျရတ်ကို အနီကတ် ပြခဲ့။
လွန်ခဲ့တဲ့ နှစ်နှစ်က ပွဲမှာ ပွဲစလို့ ၃၁ စက္ကန့်အရှိ မန်ယူ ပင်နယ်တီရခဲ့ပြန်။ အဲဒီ ဂိုးက ပွဲတစ်ခုလုံးရဲ့ အဖြေဖြစ်ခဲ့။
လီဗားပူးနည်းပြက အဲဒီ ပင်နယ်တီကို " ဟာသ " လို့ပြောခဲ့။
နာရီဝက်ကျော် ကြာတော့ စတီဗင် ဂျရတ် အနီကတ်ထိခဲ့ပြန်။
ဒတ်ချဘောလုံးသမား ဘာဘယ်လ်က ဟောင်းဝါ့ဒ် ဝက်ဘ်ကို မန်ယူ အားကစားတီရှပ်ဝတ်ပေးပြီး တွစ်လိုက်လို့ ပေါင် တစ်သောင်း ဒဏ်ရိုက်ခံရ။


 ကမ်းလက် 

စူပါများကြား ရပ်တည်ခြင်း ( ၈:၁ )

အခု ဆက်လက်ဖော်ပြမယ့် အပိုင်းက လီကွမ်းယု ရဲ့ The Hard Truths ( to keep Singapore going ) စာအုပ်မှ အခန်း ( ၈ ) " Standing Among Giants " စူပါများကြား ရပ်တည်ခြင်း ဖြစ်ပါတယ်။

" အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင်တယ်ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူး ပဲ” လို့ ပြောလိုက်မှာပဲ "
( လီကွမ်းယု )

မေး ။ ။ အခု ကျွန်တော်က မစ္စတာလီကို ကမ္ဘာ့အဖြစ် အပျက်တွေနဲ့ ဒေသ ဆိုင်ရာ နိုင်ငံရေးအကြောင်းကို မေးပါတော့မယ်။ နိုင်ငံတွေရဲ့ ပြုမူဆောင်ရွက်ပုံ၊ သူတို့နိုင်ငံတွေ အချင်းချင်း အပြန်အလှန် ဆက်ဆံပုံတွေကို အခြေခံပြီး ရှင်းပြပေးပါ။ ကမ္ဘာပေါ်မှာ ဒေသဆိုင်ရာ နိုင်ငံရေး သဘော တရားတွေ ပြောင်းလဲလာဖို့ ရှိပါသလား။
ဖြေ ။ ။ ဒါမျိုးတွေက ရှေးရှေးကတည်းက ဖြစ်လာခဲ့တာပဲ။ လူမျိုးစုတစ်စုက အခြားလူမျိုးစုတစ်စုရဲ့ နယ်မြေကို လိုချင်တယ်။ ဒီတော့ တိုက်ခိုက်ကြ၊ နယ်မြေတွေကို ချဲ့ကြပေါ့။ နောက်ဆုံး လူမျိုး တစ်မျိုးစုတည်း ဖြစ်နေ ရင်တောင် သူသာတယ်၊ ငါသာတယ်နဲ့ တိုက်ခိုက်နေခဲ့ကြတာပဲ။

လူမှုဗေဒပညာရှင် Edward Wilson က ပြောတယ်။ လူမျိုးစုနှစ်ခုတိုက်နေရင် တတိယလူမျိုးစုကပါ သူနဲ့ DNA တူတဲ့ မျိုးစုဖက်က ဝင်ပြီးတိုက်တယ်တဲ့။ သူဆိုလိုတာက လူသားရဲ့ မူလဗီဇဓာတ်ခံကကို အကွဲကွဲအပြဲပြဲကို ရှာနေ တတ်တယ်ဆိုတဲ့ သဘာဝပါ။ (အမှာ = ၂၀၀၈ ခု Pew Hispanish Centre ရဲ့ အစီရင်ခံစာအရ သက္ကရာဇ် ၂၀၅၀ မှာ လူဖြူစပိန်လူဦးရေ အမေရိကမှာ (၄၇) ရာခိုင်နှုန်းရှိမယ်။ ဒါက (၆၇) ရာခိုင်နှုန်းကနေ လျော့သွားတာပါ။ ၂၀၀၅ - ခုမှာ လက်တင်လူဦးရေက (၁၄) ရာခိုင်နှုန်းကနေ (၂၉) ရာခိုင်နှုန်း တက်လာတယ်။ အာရှသားတွေက (၅) ရာခိုင်နှုန်းကနေ (၉) ရာခိုင်နှုန်းအထိ တက်လာပြီး လူမည်းတွေကတော့ (၁၃) ရာခိုင်နှုန်းအတိုင်းပဲ ရှိမယ်။ )



တရုတ်ပြည်ဆိုရင်လည်း ရာစုပေါင်းများစွာကတည်းက ကျူးကျော်ခံလာရ တာပဲ။ နောက်ဆုံး ကျူးကျော်လာတဲ့ လူမျိုးစုတွေကို ဟန်လူမျိုးတွေက ဝါးမြို သွားတယ်။ မန်ချူးတို့၊ မွန်ဂိုတို့လေ။ အခု မန်ချူးတွေရော၊ မွန်ဂိုတွေရော ဟန် တရုတ်တွေ ဖြစ်ကုန်ပြီ။ သူတို့ မသိမ်းသွင်းနိုင်တာဆိုလို့ Ninxia ပြည် နယ်က Uighur လို့ခေါ်တဲ့ မွတ်ဆလင်တွေရယ်၊ ပြီးတော့ တိဗက်တွေရယ်။ တိဗက်တွေကတော့ တောင်အမြင့်ကြီးတွေပေါ်မှာနေတော့ အောက်ဆီဂျင် သိပ်မရဘူး။ အဲဒီကို လွှတ်လိုက်တဲ့ ဟန်တရုတ်တွေကလည်း သူတို့လို အသက်မရှူနိုင်ဘဲ အဆုတ်ပြဿနာတွေကြောင့် အသက်ရှုမဝလို့ ဆို ပြီး ပြန်ပြေးလာကြတယ်။

လူဖြူတွေကိုလည်း ကြည့်။ သူတို့အချင်းချင်း အင်ပါယာထောင်ဖို့ တိုက်ခဲ့ ကြတယ်။ ဗြိတိသျှတွေဆိုရင် အိန္ဒိယပြည် ပြည်နယ်တော်တော်များများကို သိမ်းပိုက်နိုင်တယ်။ အရှေ့တောင်အာရှ၊ အာဖရိကတို့ကို သိမ်းပိုက်တယ် ။ တောင်အမေရိကကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အမေရိကန် ကိုလိုနီ နယ်တွေ အားလုံး လက်လွှတ်ခဲ့ရတယ်။ ပြီးတော့ သြစတေးလျ၊ နယူးဇီလန်၊ တောင် အာဖရိကတို့ကို ဆက်ပြီးလက်လွှတ်ခဲ့ရတယ်။

တောင်အာဖရိကမှာရှိတဲ့ Boer (လူမည်းမျိုးစု) တွေကို ဗြိတိသျှတွေက တိုက် ခဲ့ပေမဲ့ လူမည်းအချင်းချင်းပြန်တွေ့တော့ Boer လူမည်းတွေက ဗြိတိသျှတွေ ဖက်က ဝင်ကူပြီး တိုက်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗြိတိသျှတွေနဲ့ သူတို့က DNA ချင်း နီးနီးစပ်စပ်တူတယ်လို့ ယုံကြည်ကြလို့တဲ့။ သူတို့ယုံကြည်တာက Boer လူမည်းတွေရဲ့ မူလနေရာက ဟော်လန်တဲ့။ ဒါကြောင့် ဗြိတိသျှတွေနဲ့ DNA ပိုနီးစပ်တယ်လို့ ယုံကြည်ကြတာ။

လူသားရဲ့ ဖြစ်စဉ်ပြောင်းလဲမှုက ရှောင်လွဲလို့ မရတဲ့ကိစ္စလို့ ထင်တယ်။ အခု ဂလိုဘယ်ဖြစ်လာတော့ ပိုပြီးတော့ ဆက်စပ်လို့တောင် နေသေးတယ်။ အမေရိကနဲ့ ဥရောပမှာ အကြီးအမှူးတွေ ဖြစ်ကြတဲ့လူဖြူတွေ အခု တရုတ်၊ အိန္ဒိယတွေနဲ့ ရင်ဆိုင်တိုးနေကြရတယ်။ သူတို့ဘယ်လို ညီမျှမှုရအောင် ယူ ကြသလဲဆိုတာ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပဲ။ ဗြိတိသျှတွေ အမေရိကန်လက်ထဲ အာဏာလွဲပေးလိုက်တာကတော့ ချောချောမွေ့မွေ့နဲ့ အပျက်အစီးလည်း သိပ်မရှိလိုက်ဘူး။ ဗြိတိသျှတွေက တဖြည်းဖြည်း ကျ ဆင်း၊ အမေရိကန်တွေက တရိပ်ရိပ် တက်လာ၊ အေးအေးဆေးဆေးပဲ လွဲပြောင်းပေးလိုက်တယ်။ ဘာသာစကားကလည်း အတူတူ၊ ယဉ်ကျေးမှု ကလည်း သိပ်မကွဲ၊ အမေရိကန်တွေက အင်္ဂလိပ်ဘာသာစကားပါ သိမ်းယူ လိုက်တယ်။

တရုတ်ပြည်က ဘယ်တော့များ အမေရိကန်ပါဝါနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်မလဲ ဆိုတာ ငါတော့ သေသေချာချာ မသိဘူး။ ဒီရာစုအကုန် ဖြစ်ချင်ဖြစ်မှာပေါ့။ နောက်ရာစုအသစ်လောက်ဆိုရင်တော့ သူတို့ အတူတူပဲခွဲပြီး ရပ်တည်ကြမလား၊ တစ်ခုကို တစ်ခု ချေမှုန်းကြမလား ဆိုတာ လေ့လာခွင့်ရလိမ့်မယ်။

မေး ။ ။ ဒါက မစ္စတာလီရဲ့ ကိုယ်ပိုင်အယူအဆလား။ ဒါဝင်ရဲ့ အယူ အဆနဲ့ တော်တော် ဆင်နေတယ်။
ဖြေ ။ ။ ဒါဝင်ဝါဒနဲ့ ထပ်တူကြီးတော့ မဟုတ်ပါဘူးကွာ။ ငါ့အတွေ့အကြုံ၊ ငါ့ဦးနှောက်ကို အခြေခံပြီး ကောက်ချက်ချထားတာပါ။ သီအိုရီအတိုင်းလည်း ငါမသွားဘူး။ Edward Wilson နောက်လည်း တစ်ကောက်ကောက် မလိုက် ဘူး။ Wilson က အခြေခံသဘောတရားနဲ့ ဥပမာတချို့ ငါ့ကိုပေးခဲ့ပါတယ်။

ဒါက ရှောင်လွှဲလို့မရတဲ့ လူ့သဘာဝဖြစ်စဉ်ပဲ။ တကယ်လို့ နိုင်ငံတွေအများ ကြီးပါဝင်တဲ့ “နေးရှင်း” တစ်ခုကို တည်ထောင်နိုင် ရင်တော့ ကိုယ့်နိုင်ငံသား မဟုတ်သူတွေကိုလည်း “နေးရှင်း” အတွက် သုံးလို့ရတာပေါ့။ ဗြိတိသျှအစိုးရဆိုရင် အာဖရိကရိုင် ဖယ်တွေ၊ အိန္ဒိယရဲ့ စစ်တပ်တွေကိုသုံး ပြီး စစ်ပွဲတွေအများကြီး တိုက်ခဲ့တာပဲ။ (နောက်ဆုံး ဗြိတိသျှတွေ အညံ့ ခံခဲ့ရတယ်။) အာဖဂန်စစ်ပွဲကလည်း သိပ်တော့မထူးဘူး။ လူမျိုးစုကွဲတွေ သူသာတယ် ငါနာတယ် ငြင်းခုံရင်း စစ်ပွဲဖြစ်တာ။ ရုရှားကဝင်ပြီး ဟန့်တား တယ်။ ပြီးတော့ သူတို့လူမျိုးစုတွေ အားလုံးပေါင်းပြီး ရုရှားကို တိုက်ထုတ် လိုက်ကြပြန်ရော။ အခုတော့ နေတိုးက ဝင်တားတယ်။ နောက် သူတို့ချင်း ပေါင်းမိပြီး နေတိုးအဖွဲ့ကို တိုက်ထုတ်ကြဦးမှာ။

မေး ။ ။ ဟိုတုန်းက မစ္စတာလီ အခုပြောသလို မစဉ်းစားခဲ့ဘူး လို့ ပြောခဲ့ပါ တယ်။ ဒီလို ကမ္ဘာ့အမြင်ကို ဘယ်လိုရခဲ့တာလဲ။ ဘယ်လို ကမ္ဘာ့အရေး အခင်းတွေက ဒီလို ကောက်ချက်ဆွဲမိအောင် မစ္စတာလီကို တွန်းပို့ပေးခဲ့ တာလဲ။
ဖြေ ။ ။ ဒီလိုပါပဲ။ ကလေးဘဝကနေ လူပျိုအရွယ်၊ လူငယ်ကျောင်းသား ဘဝကနေ လူကြီး၊ တဖြည်းဖြည်း စဉ်းစားတတ်လာတာပါ။ ဂျပန်တွေ စင်ကာပူကို ရောက်လာပြန်တော့လည်း ဗြိတိသျှတွေလိုပဲ။ လူမျိုးတွေ ခွဲခြားပြီး အုပ် ချုပ်တယ်။ မလေးတွေကို အရေးပေး၊ အလိုလိုက်တယ်။ သူတို့ကို အရှုံးပေးခဲ့ တဲ့ အိန္ဒိယန်းတွေကို သူတို့လူတွေလို သဘောထားဆက်ဆံတယ်။ တရုတ်တွေကို ဖိနှိပ်တယ်။ ဇီဝဗေဒအားဖြင့်ဆိုရင် တရုတ်က သူတို့နဲ့ ပိုပြီး နီးစပ်တယ်။ ဒါပေမဲ့ အရင်က တရုတ်တွေက သူတို့ကို ဆန့်ကျင်ခဲ့ဖူးတော့ တရုတ်နဲ့ တရုတ်လွှမ်းမိုးမှုကို မလိုချင်တော့ တရုတ်တွေကို ဖိပြီး နှိပ်ကွပ် တာ။ တကယ်တမ်း ပြောရရင် ဒီနယ်မြေတစ်ခုလုံးကို ထိန်းထားဖို့ တရုတ်လူ မျိုးတွေ အလုံအလောက်ရှိတာပဲ။ နောက်ထပ် တရုတ်တွေကို နှိပ်ကွပ်ရတဲ့ အကြောင်းက ဒီကတရုတ်တွေက သူတို့နဲ့ Chonging မှာ တိုက်နေတဲ့ ပြည်မ တရုတ်စစ်တပ်ကို ထောက်ပံ့ပေးလို့ပဲ။

ဒီတော့ မင်းကိုယ်တိုင်သာ ကောက်ချက်ဆွဲပေတော့။
ငါ့ကို ဘာလို့ရိုက်ကြတာလဲ။ တရုတ်ဖြစ်နေလို့။
မလေးတွေအပေါ် ဘာလို့ ညှာတာကြတာလဲ။ အိန္ဒိယန်းတွေအပေါ် ဘာလို့ ရဲဘော်ရဲဘက်လို ဆက်ဆံတာလဲ။
အရှေ့အာရှမှာ ဘော့(စ်) လုပ်ချင်တာဆိုတော့ မျိုးရိုးဗီဇချင်း ပိုနီးစပ်တယ် ဆိုတဲ့အသိကို အရှေ့အာရှကို ဗိုလ်ကျချင်တဲ့စိတ်က အနိုင်ရသွားလို့ပဲ။

မေး ။ ။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာမှု၊ ခေတ်မီလာမှု၊ ဂလိုဘယ်ဆန် လာမှုတွေကို အခြေခံပြီး တစ်ချို့အမြင်တွေမှာ ပိုပြီးတရားမျှတမှု ဖြစ်လာနိုင် တယ်ဆိုတာကို မစ္စတာလီ မယုံကြည်ဘူးနော်။
ဖြေ ။ ။ မင်းမှာ သမီးရှိသလား။

မေး ။ ။ ရှိတယ်။
ဖြေ ။ ။ အာဖရိကလူမည်းတစ်ယောက်က မင်းရဲ့သမီးကို လက်ထပ်ချင်တယ် ဆိုရင် ဘယ်လို တုန့်ပြန်မလဲ။ တော်လိုက်တဲ့ ငါ့သမီးလို့ ပြောမှာလား။ ဒါမှမဟုတ် သမီး စဉ်းစားပါဦးလို့ ပြောမှာလား။ ငါသာဆိုရင်တော့ ငါ့သမီးကို “နင် အရူးပဲ” လို့ ပြောလိုက်မှာပဲ။

 ဇင်ဝေသော်

Chicken dinner တဲ့






စာသောက်ဆိုင်ရှေ့က ကြော်ငြာဘုတ်ပေါ်မှာ " Chicken dinner ၊ တစ်ဒေါ်လာ " ရေးထားလို့ ဆိုင်ထဲဝင်ပြီး စားမလို့ တစ်ပွဲမှာလိုက်တယ်။
ခဏနေတော့ ပန်းကန်လုံးထဲ ထည့်ထားတဲ့ ပြောင်းဖူးစေ့ အစိမ်း တစ်ပွဲလာချပေးတယ်။

R.D, Jan, 2013


 ကမ်းလက် 

စနေ ဘောလုံး


ရွှေခြံ ရေ

ပြောစမှတ် ပြုလောက်တဲ့ အသင်းကြီး လေးသင်း ( အာဆင်နယ်၊ မန် စီးတီး။ မန်ယူ၊ လီဗာပူးလ် ) ထိပ်တိုက်တွေ့ကြတဲ့ အပတ်ဖြစ်နေပေမယ့် စိတ်ဝင်စား စရာတွေက ချယ်လ်ဆီးနဲ့ စပိန်လူမျိုးတွေ ဖြစ်နေခဲ့တယ်။

ဥရောပ ချန်ပီယံကြီး ပြည်တွင်းဖလားပြိုင်ပွဲမှာ ဆွမ်ဆီးကို ၂ ဂိုး ဂိုးမရှိ ရှုံး လိုက်သလို " ရာဖာ ( ဘင်နီတက်ဇ် ) ထွက်၊ ရာဖာ ထွက် " ဆိုတာတွေက လည်း နေရာအနှံ့ပဲ။ ရာဖာမှာ ဂွာဒီယိုလာနဲ့တူတာဆိုလို့ မွတ်ဆိတ်မွှေးရှည် တာပဲ ရှိတယ်လို့ ဝင်နောက်သူက ရှိသေးတယ်။
နယူးကာဆယ်ကနေ ဒမ် ဘာ ဘာ ရောက်လာလို့ သန်းငါးဆယ်တန် တောရက်စ် ချယ်လ်ဆီးမှာ အ သက် ပြင်းပြင်း မရှူရဲသလို ဆွမ်ဆီးက မီချူး ခြေစွမ်းတွေနင်းကန် ပြနေတော့ စပိန်လက်ရွေးစဉ် အသင်းမှာတောင် တောရက်စ် ရဲ့ နေရာက ခပ် လှုပ်လှုပ် ပဲ။ ဈေးကတော့ ကွာတယ်။ တောရက်စ်က သန်းငါးဆယ်၊ မီချူး က နှစ်သန်း။ လတ်တလောကစားပုံကိုကြည့်ရင်တော့ ပြောင်းပြန် လှန်ထားမှ ယုတ္တိရှိမယ်။

ရုပ် အဆိုးဆုံးက အဟောင်းကို တန်ဖိုးမထားတာ။ ၃၄ နှစ်သား၊ စတန်းဖို့ဒ် အချစ်တော် ဖရင့် လမ်းပတ်ကို အရွယ်တော် တဆိတ် ဟိုင်းပြီမို့ မြန်းလိုရာ သာ မြန်းပေတော့ ဆိုတဲ့ ပေါ်လစီ။ ဒါကို ဖာဂူဆန်က ဟားတိုက်လို့ ရီနေ မှာ သေချာတယ်။ ဒီ ပေါ်လစီက လမ်းပတ်ကိုသာမက အက်ရှလေ ကိုးလ် နဲ့ ဂျွန် တယ်ရီတို့အတွက်လည်း " ငါတို့အလှည့် ဘယ်တော့လဲ " ဆိုတဲ့ မက်ဆေ့ဂ်ျ အသေ အချာချန်ထားခဲ့မှာပဲ။
လမ်းပတ် နဲ့ အက်ရှလေ ကိုးလ် ကို ကောက်သင်းကောက်မလို့ ဖာဂူဆန်က အိပ်ထောင် တပြင်ပြင်၊ ဂျွန် တယ်ရီကတော့ အသင်းခေါင်းဆောင်ဆိုတော့ ချယ်လ်ဆီးကထွက်ရင်တောင် အင်္ဂလန်က ပြိုင်ဖက်တွေဆီသွားဖို့ ပို ခက် မပေါ့။

ဒီတပတ် ဆွဲဆောင်မှူ အား အကောင်းဆုံးကတော့ မန်ယူ၊ လီဗာပူးလ် ပွဲပေါ့ ။ ဒါပေမဲ့ အာဆင်နယ်၊ မန် စီးတီး လည်း အကြိတ် အနယ် ရှိမှာပါ။ အာဆင် နယ်ကွင်းမှာ ၃၇ နှစ်အတွင်း အနိုင်မရဖူးသေးတဲ့ မန် စီးတီးကလည်း ရက်ကော့ဒ် ကျိုးချိန် ရောက်ပြီလို့ ကြုံး ကြုံးပြီး ဝါးနေကြလေရဲ့။ ဒါပေမဲ့ အသင်း မစွဲသူတွေ အမြင်မှာတော့ ဆာဂျီယို အဂွေရို က နာနေ၊ ပြဿနာ အထုပ်အထည်နဲ့ ဘာလိုတယ်လီကို ပွဲထုတ်ရမလို ဖြစ်နေ၊အာဆင်နယ် ကွင်း မှာလည်း ဖြစ်နေ ဆိုတော့ ၃၇ က ၃၈ ဖြစ်သွားလိမ့်မယ် ဆိုတာလောက်ပါပဲ။ အဖြစ်နိုင်ဆုံးက သရေပါ။

သမိုင်းစာအုပ်ကို ပြန် မလှန်ရင် မန်ယူ၊ လီဗာပူးလ် အဆင့်က ခပ် ဟဟပါ။ ဒါပေမဲ့ အသင်းကြီးနဲ့တွေ့တိုင်း လီဗာပူးလ်ဟာ ၁၉၈၀ ခုတွေက ခြေကို ပြန် ရှာတွေ့တတ်တယ်။
လက်ရှိ တစ်ယောက်ချင်းယှဉ်လို့ရတာက ဗန်ပါစီနဲ့ ဆွာရက်ဇ်ရယ်၊ ဂိုးသမား နှစ်ယောက်ရယ်ပဲ ရှိမယ်။ ရွန်းနီ နာနေလို့ ဘူလီမကျနိုင်ပေမဲ့ ဟာနန်ဒက်ဇ် ဆိုတဲ့ ချာချီတိုကလည်း ဥရောပသားတွေထက် ခြေတိုပေမဲ့ ဂိုးသွင်းခြေက မတိုလှဘူး၊ နောက်တန်းတွေပဲ ချာချာနေခဲ့တတ်တယ်။ ဒီပွဲကတော့ သရေဆို မန်ယူ အရှုံးပါပဲ။



ဇင်ဝေသော်

၂၀၁၂ အပျော် စစ်တမ်း


UN က ၂၀၁၂ အတွင်း ကမ္ဘာ့လူထုကြီးရဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ရာမှာ အဓိက အကြောင်းငါးချက် ရှိတယ်လို့ ဆိုထားပါတယ်။

၁ ။ ချမ်းသာတဲ့ နိုင်ငံတွေက လူတွေဟာ ပိုပြီး ပျော်ရွှင်ကြရတယ်။ သူတို့ ပျော်ရွှင်ကြတယ်ဆိုတာ ကြွယ်ဝချမ်းသာမှုကြောင့်ထက်
( က ) လူမှုဆက်ဆံရေး ကွန်ယက် ပိုကောင်း၊ ပို ချောမွေ့တာ
( ခ ) ကိုယ်ကျင့်တရားပျက်ကွက်မှု နည်းပါးတာ
( ဂ ) တစ်ကိုယ်ရေ လွတ်လပ်ခွင့် ရရှိတာ စတဲ့ အကြောင်းတွေကြောင့် လို့ ဖော်ပြထားပါတယ်။

( ( က ) နဲ့ ပတ်သက်လို့တော့ သိပ်ပြီး သဘောမတူချင်ဘူး၊ ရွာက လူတွေ ဆို ဈေး အပေါစား ဖုန်းလေးတွေနဲ့ ဖုန်းလာတိုင်း ချောင်း ကမ်းပါးထိပ် ပြေး လိုက်၊ သစ်ပင်ပေါ်တက်လိုက်နဲ့ ပျော်နေလိုက်ကြတာ။ ဘယ် အမေရိကန်မှ လိုက်လို့ မမီဘူး )

၂ ။ အိမ်ထောင်ရှင်တွေက ဆင်းဂဲလ်တွေထက် ပိုပျော်ကြရတယ်။
ဒီအတွက် အကြောင်းပြချက် ပေးမထားဘူး။ ဒီ အယူအဆကတော့ ကြာပါပြီ။ " Married peoples live longer " လို့ ဆိုတော့ နောက် တောက်တောက် လူတစ်ယောက်က
" Married peoples live longer or seem longer " လို့တောင် ဝင်နှောက် လိုက်သေးတယ်။

၃ ။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပျော်ကြရပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ အတူတူပါပဲ တဲ့။

ဒီအချက်ကတော့ ဆင်းရဲတဲ့ နိုင်ငံတွေက အမျိုးသားတွေ အတွက် တော်တော် အကြပ်ရိုက်စေပါလိမ့်မယ်။ စဉ်းစားကြည့်ကြ ဗျာ။ ကြိုးစားလို့ ချမ်းသာသွားပြီဆိုရင်တောင် ပို ပျော်ရွှင်ရမှာက အမျိုးသမီးတွေ၊ အမျိုးသားတွေ မဟုတ်ဘူး။ ဆင်းရဲနေတာကမှ အတူတူ ပျော်ရသေးတယ်။ ကြိုးစားချင်စိတ်မှ ရှိကြပါဦးမလား မသိ။ ထားပါတော့၊ နောက် နှစ်ချက်က

( ၄ ) စိတ် ကျန်းမာရေး နဲ့
( ၅ ) အမူအယာ ယဉ်ကျေးသိမ်မွေ့တို့ကလည်း ပျော်ရွှင်မှုကို ဖြစ်စေပါတယ် တဲ့။

( Ref: R.D, Jan, 2013. )



ဇင်ဝေသော် 

ဘာသာစကား နဲ့ လူမျိုး ( ၆:၈ )

"ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီဇင်များ)။ ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ် "
( လီကွမ်းယု )

 ရွှေ့ပြောင်း ဘာသာစကား ( ၆:၇ ) မှအဆက်

မေး ။        ။ တရုတ်ကလည်း အခုတက်လာပြီ။ ဒါဆိုရင် စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက တရုတ်ဘာသာစကားကို ဒီထက်ပိုပြီး နေ ရာပေးစေချင်တဲ့ သဘောတွေ ရှိလာနိုင်လိမ့်မယ်လို့ မမြင်မိဘူးလား။
ဖြေ ။        ။ မဖြစ်နိုင်ဘူး။ ငါတို့က အရှေ့တောင်အာရှထဲမှာပါတာ။ တရုတ်ပြည်နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့စီးပွားရေးကို ဘယ်သူက ထောက်ခံ မှာလဲ။ တရုတ်ပြည်တစ်ပြည်ထဲနဲ့ စီးပွားရေးလုပ်ပြီး ရပ်တည်မှာလား ။ ဟောင်ကောင်ဆိုရင်တော့ ဟုတ်တယ်။ တရုတ်ပြည် က ထောက်ခံပေး ထားလိမ့်မယ်။ တို့က စင်္ကာပူ၊ လွတ်လပ်စွာရပ်တည်တဲ့ နိုင်ငံ၊ တရုတ်က တို့ကို မထောက်ပံ့ဘူး။

လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်တော့ သူတို့က ငါတို့ ဟာ ဟောင်ကောင်မဟုတ်ဘူးလို့ ပြောကြတယ်။ ဟောင်ကောင်က တ ရုတ်ပြည်ရဲ့ အစိတ်အပိုင်းပဲ။ သူတို့နဲ့ ဟောင်ကောင်က ဆက်ဆံရေး ကောင်း တယ်။ ငါတို့က သီးသန့်။ စင်္ကာပူကို လိုက်လျောတာမှန်သမျှ တခြားနိုင်ငံေ တွကိုလည်း သူတို့ လိုက်လျောကြရလိမ့်မယ်။ တရုတ်ပြည်ထဲကို ၀င်ပေါင်းပြီး အထူးသီးသန့် အုပ်ချုပ်မှုဇုန်တစ်ခုအနေနဲ့ ပါရင်တော့ တစ်မျိုးပေါ့။ မင်းဒီလို လုပ်ချင်သလား။ တို့နဲ့ သူတို့နဲ့လည်း အဲသလောက် မနီးဘူး။

ဟောင်ကောင်ကတော့ ပြည်မကြီးနဲ့ ပိုနီးအောင် ဆက်သွယ်နေကြတယ်။ တံတားကြီးတစ်ခုက ဟောင်ကောင်၊ Zhu Hai ၊ မကာအိုနဲ့ Real River Delta နားမှာရှိတဲ့ တခြားမြို့တွေကို ဆက်သွယ်ပေးလိမ့်မယ်။


မေး ။        ။ တရုတ်ပြည်ရဲ့ အပျော့ဆွဲမှုကြောင့် စိတ်ဆွဲဆောင်မှု ကတော့ တော်တော် အားကောင်းလိမ့်မယ်။
ဖြေ ။        ။ ဘာ စိတ်ခံစားမှု ဆွဲဆောင်ချက် နေရမှာလဲ။ Plen ကို မင်းသိသား ပဲ (The Plen ဆိုတာ Plenipotentiary ရဲ့ အတိုကောက်ပဲ)။ ကလေးဘဝ ကတည်းက သူ့သားကို တရုတ်ပြည်ပို့ထားတာ။ ဒီတော့ Eu Chooi Yip နဲ့ Goh Keng Swee တို့တွေ့ကြတယ်။ သူတို့က မိတ်ဆွေတွေ။ သူ့ သားကတော့ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီကို စိတ်လျှော့လိုက်ပြီ လို့ ပြောတယ်။

သူ့ကို ငါတို့ ပြန်သွားခွင့်ပြုဦးမလား။ Plen ရဲ့သားက Tsing Hua မှာ။ ဉာဏ်ကောင်းတယ်။ ကွန်မြူနစ်မဟုတ်ဘူး။ မလေးရှန်းတရုတ်မလေးကို လက်ထပ်ထားတယ်။ ဒါကြောင့် သူ့ကို ၀င်ခွင့်ပေးပြီး သူနဲ့အတူ ညစာတောင် ငါတို့ စားခဲ့ကြသေးတယ်။ ငါလည်း သိချင်တာနဲ့ တရုတ်ပြည်မှာ ဘယ်လိုနေ ထိုင်ခဲ့ရသလဲလို့ မေးခဲ့တယ်။

စင်္ကာပူးရီးယန်းနဲ့ မလေးရှန်းတွေကို Changsha မှာ ရှိတဲ့ ရွာတစ်ရွာမှာ စုပြီး အတူတူထားတာ။ သူတို့ ကြီးပြင်းခဲ့ရတာကကို ပြည်မက တရုတ်တွေနဲ့ တကွဲ တပြားစီ ကြီးပြင်းခဲ့ရတာ။ ကျောင်းလည်း အတူတူ တက်ခွင့်မရ။ ဆက်ဆံတာကလည်း ခွဲခွဲခြားခြားပဲ။ Tsinghua ကို ပြည်မတရုတ်တွေနဲ့ အတူသွားတယ်။ ဟိုမှာ ကြီးခဲ့တာဆိုတော့ တရုတ်စကားပြောတာက လည်း ပြည်ကြီးတရုတ်တွေအတိုင်းပဲ။ ဒါပေမဲ့ သူ့အပေါ် ဆက်ဆံတာ ကြတော့ မတူဘူး။

မေး ။        ။ အဲဒါက ဟိုတုန်းက ချိုင်းနားပဲ၊ ကျွန်တော်ဆိုလိုတာက အဲဒါ လွန် ခဲ့တဲ့ နှစ် ၃၀၊ ၄၀၊ ၅၀ လောက်ကပဲ။

ဖြေ ။        ။ ၁၉၈၀ - ခုနစ်တွေတုန်းက Xiamen ကို ငါရောက်ခဲ့တယ်။ သူတို့က မလေးရှား၊ စင်္ကာပူကနေ ပြန်လာပြီး နေထိုင်ကြတဲ့ တရုတ် လူ မျိုးတွေရှိတဲ့ နေရာကို လိုက်ပြကြတယ်။ သူတို့အားလုံးဟာ ကျန်တဲ့ တရုတ် လူမျိုးတွေနဲ့ အတူတူနေခွင့်မရဘူး။ မျိုးဆက်နှစ်ဆက်သုံးဆက်လောက် ကြာ ရင်တော့ အတူတူ ဖြစ်သွားပြီး ကျောင်းအတူတူ တက်ခွင့်ရကောင်းရ လိမ့် မယ်။

ဒါပေမဲ့ Huajiao က Huajiao ပဲ (တစ်ခြားနိုင်ငံမှာနေထိုင်တဲ့ တရုတ် စီတီ ဇင်များ)။ပြည်ကြီးက တရုတ်တွေအောက် အဆင့်တစ်ဆင့် နိမ့်တယ်။ Huayi (အခြားနိုင်ငံတွေမှာနေတဲ့ တရုတ်လူမျိုး စီတီဇင် မဟုတ်သူ) တွေက နှစ် ဆင့်နိမ့်တယ်။

စင်္ကာပူမှာ ကွန်မြူနစ်တွေ ကြီးစိုးနေတုန်းက ငါတို့ စိုးရိမ်တာဟာ အဲဒါပဲ။ တစ်ချိန်က ငါတို့ ကွန်မြူနစ် အဖွဲ့ဝင်တွေ ဒီကို ပြန်လာချင်ကြတယ်။ ငါတို့က လက်မခံဘူးလို့ ငြင်းခဲ့တယ်။ အဲဒါ ငါတို့ရူးတာ။ တရုတ်ပြည်က သူတို့ကို တရုတ်လူမျိုးအဖြစ် အသိအမှတ်မပြုဘူးဆိုတာကို ငါတို့ မသိခဲ့ကြဘူး။ မိခင်နိုင်ငံ (Motherland) ဆိုတဲ့ အမည်နဲ့ ဂုဏ်ယူနေတဲ့ တရုတ်ပြည်ကြီးက သူ့လူမျိုးတွေကို ဒီလို ခွဲခွဲခြားခြား ဆက်ဆံလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

တရုတ်တွေနဲ့ ငါတို့ မိတ်ရင်းဆွေရင်းလို စကားတွေ ပြောကြတယ်။ ယဉ်ကျေးမှုအကြောင်းတွေ ပြောကြတယ်။ တကယ်တော့ တို့ယဉ်ကျေး မှုတွေက မတူကြပါဘူး။ တို့က အနောက်ပိုဆန်တယ်။

ဆက်ရန် -

 ဇင်ဝေသော်

ခေါင်းစဉ်မလိုတဲ့ လူတစ်ယောက်အကြောင်း


" စာရေးဆရာ ကိုအောင်ဆန်း " အပါအဝင် စာအုပ်ပေါင်း များစွာ လက်ဆောင်ပေး လိုက်သည့် ( ဆရာကြီး ) ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီ တာချုပ် ကဗျာဆရာ မောင်စိမ်းနီအား ကျေးဇူးစကားဆိုရင်း မနက်က ပို့စ်လေးကို ပြန်ခေါ်လိုက်မိပါတယ်။



( ၁ )
မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့ရလေ သည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတတ်ရကား လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိ ရလေသည်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲ သား ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့် ကို ချီ၍သွားလေသည်။ တစ်ခါသော် အသားစိမ်းကို အတင်းလု၍စားမည်ပြု သည်ဟု ကျွန်တော့်မိခင်က ပြန်၍ ပြောပြသဖြင့်သိရသည်။

( ၂ )

ကျွန်တော်က................ အမူအယာလည်းကြမ်း၏။ အလိုက်လည်းမသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တစ်ခုမှ မရှိ။ အသက် လေး ငါး ခြောက်နှစ်တိုင်အောင် ည အိပ်ရာတွင် သေးပါသေး၏။
မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အကိုဖြစ် သူ အိမ် တွင် တည်းခိုကြသည်။ လူပျိုပေါက်စ ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေးများနှင့်ဆိုလျှင် သာ၍ပင် ရှက်မိသည်။ ထို့ကြောင့် ည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ ရာ ည အိပ်သည့်အခါ မအောင့်နိုင်တော့ဘဲ သေးပါကျလေသည်။ ကျွန်တော် လည်း ပါပြီးမှ သိလေသည်။

( ၃ )

ကျွန်တော်ကား.........
သူများအကြောခံရ၏၊ မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော် ဆယ်မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော့် မိဘများနှင့်အတူ လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုစဉ် ထိုရွာ မှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့်အားမြှောက်၍ " ဗိုလ်ကြီး ဗိုလ်ကြီး " ဟုခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်း လျက်အဖြူဆုပ်ကို ခေါ်တိုင်း ခေါ်တိုင်း ပေးခဲ့လေသည်။

ကစားခုန်းစားဆိုလျင် များစွာ မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်း တမ်း၏။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကြည်းသားရိုက်ခြင်းစသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်။
ရွရွလေး လုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့် မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော် ၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ အသက် နှစ်ဆယ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ၊ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲ အနာအကြီး အကျယ်စိုခဲ့ဖူး၏။ ထိုအခါ ကျွန်တော် သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတ မိသည်။
......ကျွန်တော်သည် ထိုကလေးဘဝတွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူ ဖြစ်လေ၏။

( ဗိုလ်ချုပ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊" စာရေးဆရာ ကိုအောင်ဆန်း " မှ ၊ မောင်စိမ်းနီ စုစည်းသည်။ )
PDF download
Online reading
(စာအုပ်ဖတ်နိုင်မယ့်နေရာလေးတွေကိုညွှန်းလိုက်ပါတယ်။)

 ဇင်ဝေသော်

ရပ်သတင်း ရွာသတင်း


အထူးဆန်းဆုံး ရွာရောက်တုန်း ကြားရ၊ သိရတဲ့ သတင်းကတော့ ဆရာ့ ဆရာကြီး တေဇရဲ့ အဲယား ပုဂံ ပျက်ကျတဲ့ သတင်းနောက်ဆက်တွဲပဲ။

ကံဆိုးရှာသူ မြေပြင်ကလူဟာ လေယာဉ်တိုက်မိလို့ သေဆုံးရရှာတယ်။ ဘယ် ဗေဒင်ဆရာက ဟောဟော ယုံချင်စရာကို မရှိဘူး။
ပြည်တွင်းဂျာနယ်တွေ ဆွဲလိုက်တဲ့ ကာတွန်းတွေလည်း ပလူပျံနေတယ်။ ချစ်ကြတာကိုး။ ဒါပေမဲ့ တေဇကိုယ်တိုင်က အဲဒီရက်မတိုင်မီလေး ဗိုလ်ချုပ်ကြီးမောင်အေး ကျန်းမာရေးကြောင့် စင်္ကာပူရောက်နေခိုက်ဖြစ်နေခဲ့တယ်။ မကြာခဏ ထိခိုက်မှုတွေ ဖြစ်နေရလို့ ကံမကောင်းလှဘူး လို့ သူ့ကိုယ်သူ ထင်နေချိန်လည်း ဖြစ်တယ်။ စင်္ကာပူရှိ သူ့ ဘန်ဂလိုအိမ်က ကစ်ချင်းထဲဝင် ပြီး ပန်းသီးလှီးတော့ လက်ကိုထပ်ပြီး ဓားရှမိသေးတယ်။
လူက မူးမူး၊ စိတ်က ညစ်ညစ်။ စင်္ကာပူမြို့ထဲ ပြိုင်ကား ပတ်မောင်းမယ် လုပ်နေလို့ နီးစပ်ရာတွေက မနည်း ဆွဲထားရတယ်လို့ သိရပါတယ်။

လက်ရှိ သမ္မတနဲ့ ပတ်သက်လို့တော့
" ဒီ သမ္မတက အချက် တစ်ချက်နဲ့ ပတ်သက်လို့တော့ ဘယ်တော့မှ ဗိုလ်ချုပ် နဲ့ တူမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်က အလုပ်ကိုပဲ အာရုံစိုက် ပြီး ခေါင်းပေါ်က ဆံပင်နဲ့ အရေပြားပေါ်က အဝတ်အစားကို လုံးဝ ဂရုစိုက် တာ မဟုတ်ဘူး။
ဒီ သမ္မတက ကျန်တာတွေနောက်ထား စမတ်ကျကျ ဝတ်ရတာကို တော်ေ တာ် သဘောကျတဲ့ လူ "
တဲ့။

ဦးအောင်မင်းက " တရုတ်ကျေးဇူးရှိတယ်၊ တရုတ်ကို ကြောက်ရတယ် " ပြောတော့ လူထုကြီး တော်တော် ဒေါသဖြစ်ကြရတယ်။ ဒါပေမဲ့ အတွင်း လူတစ်ယောက်စီက ကြားခဲ့ရတာကတော့
" ဦးအောင်မင်းကိုများ ဗွေယူနေကြရတယ်လို့ဗျာ၊ တော်တော် အာချောင် တဲ့လူ၊ အခု မို့၊ အရင်က ကျနော်တို့ အိမ်တွေ ရောက်ရောက်လာ တတ် ပြီး ဗေဒင်ဟောတော့တာပဲ " တဲ့။
ဘယ်လောက်မှန်တယ်လို့ အာမ မခံရဲပေမဲ့ ဒီလူကလည်း ခေသူတော့ မ ဟုတ်လို့ အပျင်းပြေတင်ပေးလိုက်တာပါ။


 ဇင်ဝေသော်

ပန်း အရင်ဝင်လျက် ရှုံးရသူ


၁၉၆၈ ခု အိုလံပစ်ပြိုင်ပွဲကြီး ပြီးစ ကောင်လေး ငါးယောက်က စားသောက် ဆိုင်ထဲမှာ တဝ တပြဲ စားပြီး ကျသင့်ငွေကို ဘယ်သူရှင်းရမယ် ဆိုတာ ဆွေးနွေးနေကြတယ်။ သူတို့ ဆုံးဖြတ်ချက်က ရပ်ကွက်ထဲ တစ်ပတ် ပတ်ပြေးမယ်၊ နောက်ဆုံးမှရောက်တဲ့လူ ရှင်းရမယ်ပေါ့။ သူတို့ ပြောဆိုနေကြတာကို ကြားပြီး စိတ်ဝင်စားသွားတဲ့ စားသောက်ဆိုင် ပိုင်ရှင်က သူလည်း ဝင်ပြိုင်မယ်လို့ စိန်ခေါ်တယ်။

စိတ်ကောင်းရှိတဲ့ ကောင်လေး ငါးယောက်က ဒါတော့ မတရားဘူးပေါ့၊ ဆရာက ငွေရှင်းရမယ့် အထဲမှ မပါတာ၊ တကယ် ဝင်ပြိုင်ချင်တယ် ဆိုရင်တောင် " တာ " အရင် ထွက်သင့်တယ်လို့ အကြံပြုကြတယ်။ သူတို့ ပြိုင်ပွဲ နာမည်က " Like in Mexico " တဲ့။

ဒါကို သဘာဝကျတယ်ဆိုပြီး ဆိုင် ပိုင်ရှင်က သဘောတူကာ " တာ " အရင် ထွက်ပြီး ရပ်ကွက်ထဲပတ်ပြေးတယ်။ သူ အရင်ဆုံး ပန်းဝင် တယ်။ ပြဿနာ က အဲဒီ ကောင်လေး ငါးယောက် ဘယ်ရောက်သွားသလဲ ဆိုတာ သူ မသိလိုက်ခြင်းပါပဲ။ အစကို ရှာမရတော့ဘူး။
R.D. July,1969.


 ဇင်ဝေသော်

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၁ )

 ( လက်ဖတင် ကာနယ် မာ့(စ်) ဗစ်ကာ (Mark Vickers) ဟာ ၁၉၉၁-ခုနှစ် ကစပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူကျင့်သုံးခဲ့ပါတယ်။ ဒီ ဆောင်းပါးဟာ သူ အာဖဂန်နစ်စတန်မှာ တာဝန်ထမ်းဆောင်ရင်း ရေးခဲ့တဲ့ ဆောင်းပါးပါ။)

" ဒီလို စိန်ခေါ်ပြီး ပြောလိုက်လို့ တစ်ယောက်စ နှစ်ယောက်စကများ ကျနော် တို့ လူနည်းစု ဗုဒ္ဓဘာသာ စစ်သားတွေရဲ့ ခံစားချက်နဲ့ ရပ်တည် ချက်ကို သဘောပေါက်သွားရင် ကြိုးစားရကျိုးနပ်တယ်လို့ ဆိုရမှာပါ " 
( Mark Vickers )


ဒီနှစ် စစ်တပ်ကနေ အနားယူပြီး ကျနော့် ချစ်ဇနီးရှိရာ ထိုင်ဝမ်ကို သွားရော က်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ် ၀န်း ကျင်က ကျနော် တာဝန်ကျခဲ့တဲ့ တပ်အတွင်း စစ်သားစစ်ဗိုလ်တွေကို စာရင်းပြုကြည့်ရာမှာ ဗုဒ္ဓဘာသာရယ်လို့ များများစားစား မရှိ ခဲ့ပါဘူး။ အခုချိန်မှာတော့ စစ်တပ်ထဲ မှာပဲ ဗုဒ္ဓဘာသာခံယူထားသူ ရာပေါင်းများစွာ ဖြစ်နေတာကို တွေ့နေရပါပြီ။ ဗုဒ္ဓဘာသာစစ်မှုထမ်းတွေထဲမှာ ကျနော်က စီနီယာအကျဆုံးတဲ့။ ဒါကလည်း ကျနော့်ရဲ့ ဗုဒ္ဓဘာသာကျင့်စဉ် စာရိတ္တထက် ကျနော့် စစ်တပ်ရာ ထူးေ ကြာင့် ဖြစ်ပုံရပါတယ်။

ဗုဒ္ဓဘာသာ စစ်ဗိုလ်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ကို ပြန် ကြည့်ရင် ဘာတွေတွေ့ရသလဲ။
တစ်ဖက်သား ထိခိုက်အောင် နောက်ပြောင်ခြင်း ခွင့်မပြု။ ဥပဒေနဲ့ မညီညွတ် တဲ့ အဆင့်အတန်း ခွဲခြားမှုမျိုး မလုပ်ရတဲ့ စစ်တပ်လို နေရာမျိုးမှာ တာဝန် ထမ်းဆောင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ကျနော်တော့ထင်ပါတယ်။ ဒီလို အပြောအဆိုအပြုအမူတွေကို အလေးအနက်ထားပြီး အနည်းဆုံး ကျနော်တို့ ညဏ်မီသမျှတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ကြ တာပါ။ အဲသလို မဟုတ်ခဲ့ဘူးဆိုရင်လည်း စစ်တပ်တာဝန်ကို ဒီလောက် အကြာကြီးထမ်းဆောင်နိုင်မယ်လို့ မထင်မိဘူး။

ကျနော့်ဘာသာရေးယုံကြည်မှုနဲ့ ပါတ်သတ်ပြီး ဘယ်သူ့ကိုမှလည်း အထူး တလည် ကြော်ညာမနေခဲ့ဖူးပါဘူး။ အမှန်တကယ်စိတ်ဝင်စားလို့ လာမေးမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ပတ်သတ်လို့ ရှင်းပြဆွေးနွေးရတာကို ရှက်ရွံ့မှု မရှိခဲ့ဖူးပါဘူး။ မှားချင်မှား၊ မှန်ချင်မှန်ပေါ့ ကျနော့်အထက်၊ အောက်မှာရှိတဲ့ ဗုဒ္ဓဘာသာစစ်မှုထမ်းတွေနဲ့လည်း ကိုယ့်ယုံကြည်မှုနဲ့ ပတ်သတ်လို့ အချေ အတင် ဆွေးနွေးတာမျိုး မလုပ်ခဲ့မိဘူး။ ဘာသာရေးနာမည် မပါရင် တစ်ယောက်ကိုတစ်ယောက် စကြနောက်ကြရတာကိုက ပိုပြီး အဆင်ပြေ လွယ်ကူတယ်မဟုတ်လား။ အထူးသဖြင့်တော့ ကျနော့် လက်အောက်ငယ် သားတွေနဲ့ ရယ်စရာမောစရာ ပြောကြတဲ့အခါမျိုးတွေမှာပေါ့။
စစ်တပ်အတွင်း ရာထူးအဆင့်အတန်းတွေ ထပ်တလဲ သုံးစွဲနေရတာကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီအဆင့်အတန်းတွေနဲ့မှ စကားပြောလို့ရတာကပင် ကျနော်ထမ်းဆောင်နေတဲ့ စစ်တပ်ရဲ့ ယဉ်ကျေး မှုဖြစ်နေလို့ မလွှဲသာ မရှောင်သာ သုံးစွဲနေရတာပါ။

တစ်ယောက်ခံစားနေရတာတွေ ပွင့်ထွက်လာအောင် စပေးနောက်ပေးတာက ကျနော်တို့ ဗြိတိသျှ စစ်တပ်ရဲ့ အရိုးစွဲ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါတယ်။ ကျနော့် သဘောကတော့ သိပ်ပြီး ရေးကြီး ခွင်ကျယ်မရှိလှပါဘူး။ နောက် ဆုံးတော့လည်း စစ်ဝန်ထမ်းဆိုတာကပင် ကျနော်တို့အားလုံး စိတ်လိုလက်ရ လုပ်အားပေးနေတဲ့ တာဝန်တစ်ခုပဲ မဟုတ်လား။
အလားတူပါပဲ တစ်ဖက်သားကို ထိခိုက်နာကျင်စေလို၊ အရှက်ရစေလိုတဲ့ စေ တနာအရင်းခံနဲ့ နောက်တတ်ပြောင်တတ်တဲ့ လူတစ်ချို့ ရှိနေတတ်တယ် ဆို တာ ကိုလည်း ကျနော် သတိထားမိတယ်။ တစ်ဖက်သားကို တကယ်နှိမ့်ချ ချင်လို့ ပြောတဲ့စကား မျိုးတွေပေါ့။ ဒါမျိုးတွေ ကြုံတွေ့လာရပြီဆိုရင်တော့ တရားမျှတမှုဖြစ်အောင် ခပ်တင်းတင်းပဲ ကိုင်တွယ်ကြရပါတယ်။

တစ်ချို့ပြတ်လုံးတွေက ရယ်ဖို့မောဖို့ထက် ထိပါးခြင်းလို့ မပြောချင်ရင်တောင် သရော်တော်တော်တွေလို့တော့ ပြောရင်ရပါတယ်။ ဗုဒ္ဓဘာသာဖြစ်နေတော့ ကျနော်ကိုယ်တိုင်လည်း ဒီလို သရော်တာမျိုးတွေ ခံခဲ့ရဖူးတယ်။ အများ အားဖြင့်တော့ မျက်ကွယ်ပြုလိုက်တာပါပဲ။ သူတို့ပိုပြီး အမြင်ကျယ်လာပါစေ လို့ပဲ ဆုတောင်းနေမိတယ်။
စစ်တပ်ထဲရယ်မှလည်း မဟုတ်ပါဘူး။ ဒီလိုပြသနာတွေဟာ တစ်ခြားနေ ရာတွေမှာလည်း ရှိတော့ရှိနေမှာပါပဲ။ ပိုတောင် ဆိုးကောင်းဆိုးဦးမယ်။
တစ်ခု အံ့သြစရာကောင်းတာက ကျနော်တခါမှ မတွေ့ဖူးသေးတဲ့ လူ တချို့ ကတောင် ကျနော် ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာသိပြီး ဖြစ်နေတတ်ကြတယ်။ လူစိမ်းတစ်ယောက်ကို ကြားလူက ၀င် ၀င်ပြီး “သူက ဗုဒ္ဓဘာသာ” လို့ ၀င်ပြောတတ်ကြတယ်။ ဒါကိုပဲ တစ်ချို့က သတင်းထူးလုပ်နေကြသေးတယ်။ အင်း ငါ့အကြောင်း နောက်ကွယ်က ဘာတွေများ ပြောကြဦးမှာပါလိမ့်လို့ တခါ တခါ တွေးတောင်တွေးမိပါသေးရဲ့။

ကိုယ် ဗုဒ္ဓဘာသာဖြစ်တာနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောဖို့ မိတ်ဆွေ ဗုဒ္ဓဘာသာတစ်ယောက်က အကြံညဏ်ပေးခဲ့ဖူးတယ်။ ခက်တာက စစ်သားေ တွ ဆိုတာက (၂၄)နာရီ တစ်ရက်၊ (၇) ရက် တစ်ပတ် အတူတူနေကြရတာ။ အလုပ်လုပ် အတူတူ၊ ထမင်းစား ရေချိုး၊ အိပ်တာတောင် အတူတူ၊ ကြာ လာတော့ ဘယ်သူမှ မပြောလဲ သူ့အားနည်းချက်၊ အားသာချက်တွေက ဘာ၊ သူ ယုံကြည်တာ မယုံကြည်တာက ဘာ၊ သူ့မိသားစုက ဘယ်လို၊ သူ့ အိပ်မက်က ဘယ်လို ဆိုတာတွေ တစ်ခုမကျန်သိကုန်ကြတာ။

ဒါပေမယ့် ယုံကြည်မှု ဘာသာတရားနဲ့ ပတ်သတ်လို့ တမင်တကာ ပြောဆို တတ်တဲ့ အခါတွေ ရှိတတ်တယ်ဆိုတာကိုလည်း ၀န်ခံရမှာပါ။ သူတို့ စဉ်းစား မိစေဖို့ပါ။ ဒီလို စိန်ခေါ်ပြီး ပြောလိုက်လို့ တစ်ယောက်စ နှစ်ယောက်စကများ ကျနော်တို့ လူနည်းစု ဗုဒ္ဓဘာသာ စစ်သားတွေရဲ့ ခံစားချက်နဲ့ ရပ်တည်ချက် ကို သဘောပေါက်သွားရင် ကြိုးစားရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ တကယ်လည်း လူတိုင်း မတူညီနိုင်ဘဲနဲ့ အားလုံးတူညီရေးဆိုပြီး အော်နေလို့ အဓိပ္ပါယ်လည်း မရှိပါဘူး။

၂၀၀၈- ခုနှစ်က စလို့နီပေါကို ရောက်သွားပြီး ဂေါ် ရခါးတွေနဲ့ အတူ နေခဲ့ရ ဖူးတယ် ။ အတွေ့အကြုံတွေက စိတ်ဝင်စားစရာကောင်းသလို ဗုဒ္ဓဘာသာ တစ်ယောက်အတွက် ဘ၀အပေါ်ထားတဲ့ အမြင်ကို ပိုမိုလေးနက်စေပါတယ်။ သူတို့ဆီမှာ သေခြင်းနှင့် ရှင်ခြင်း အဓိပ္ပါယ်ဟာ ပိုပြီးထင်ထင်ရှားရှား ရှိတယ်။ လူတစ်ယောက် သေဆုံးတယ်ဆိုရင် ကနော်တို့ အနောက်မှာလို ဖုံးဖုံးဖိဖိ မရှိသလို ဆေးရုံဆေးခန်းတွေရဲ့ ပြင်ဆင်မှုတွေလည်း လုံးဝမရှိပါဘူး။ ၂၄ နာရီအတွင်းမှာပဲ မြစ်ကို သက်သေပြုပြီး မြစ်ဘေးမှာ မီးရှို့ မီးသဂြိုလ် လိုက် ကြတော့တာပဲ။
ကံမကောင်းလှတဲ့ အချက်က လူသေကောင်တွေကို မြင်ဖူးရတာ ဟာ(ကျနော်က စစ်သားဆိုတော့) များလွန်းနေပြီး သေခြင်းတရားအကြောင်းကို ထုံပေပေ ဖြစ်နေတတ်တာပါ။
အဲဒီမှာပဲ ဟိန္ဒူတွေရဲ့ တိရစ္ဆာန် ယဇ်နတ်ပူဇော်ပွဲတွေတက်ဖို့ ဖိတ်ကြား တာလည်း အကြိမ်ကြိမ်ခံခဲ့ရတယ်။ ဒီယဉ်ကျေးမှုက ကျနော့် ဗုဒ္ဓဘာသာ ယုံကြည်မှုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာမို့ ဒီပွဲမျိုးတွေကို တက်သင့် မတက်သင့် တော်တော်စဉ်းစားယူရပါတယ်။

ဆက်ရန် -


 သီဟနာဒ

လောကနှင့် ကောလဟလ


ကျောင်း၏ ၂၁၀၃ ခု Sunday Dhamma Classes များ ဇန်နဝါရီ ၆ ရက်နေ့က ပြန်လည် စတင်ဖွင့်လှစ်ခဲ့ကြသည်။
၆ ရက် နောက်ကျနေပြီဖြစ်သော်လည်း Happy New Year နှုတ်ခွန်းဆက် စကားက ပထမဆုံးအကြိမ် ပြန်တွေ့ကြတာ ဖြစ်သဖြင့် လိုအပ်နေဆဲပင်။

ယဉ်ကျေးမှု သုံးခုနှင့် ဆက်စပ်နေသော နေရာဖြစ်သဖြင့် နောက် လာရန် Happy New Year များ တန်းစီနေသည်။
ဖေဖော်ဝါရီမှာ ရောက်လာမည့် တရုတ် နှစ်သစ်ကူး။
အေပရယ်မှာ ရောက်လာမည့် မြန်မာ၊ သီရိလင်္ကာ နှစ်သစ်ကူး။
Happy New Year နှုတ်ဆက်ရန် နှစ်ကြိမ် ကျန်သေးသည်။

နှစ်သစ်ကူးတိုင်း လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာ အနာဂတ် ဟောစာတမ်းများလည်း ထွက်လာတတ် ကြ သည်။
၂၀၁၂ ဆိုလျှင် ကမ္ဘာပျက်ဖို့အထိ နိမိတ်ဖတ်ခဲ့ကြ၏။ ထို့ကြောင့် မနှစ်က သူတို့ကို မကြာမကြာ မေးမိသည်။ ၂၀၁၃ မှာရော ဘယ်လိုနေမလဲ ဟု ဖြစ် သည်။
အနောက်တိုင်းသားတို့ ယုံကြည်မှုအရ ၁၃ ဂဏန်းကလည်း ကောင်းလှသည် မဟုတ်။

Sunday Dhamma Classes ဖွင့်ပွဲက ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်သည်။ ဗုဒ္ဓဘာ သာက ကောလဟလကို မယုံကြည်၊ စေတနာကိုသာ ယုံကြည်သည်။ ဗုဒ္ဓဘာသာ အရ Happy New Year ဖြစ်ရန် ကောင်းမွန်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ များများဖြစ်စေဖို့ အားထုတ်ခြင်း၊ အားထုတ်သည် အလျောက် အထမြောက်ခြင်းပင်ဖြစ်သည်။

အတ္တ၊ ပရ အကျိုးရှိသော အလုပ်များ လုပ်နေလျင် ၁၃ ဂဏန်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဟု ဆရာများ၊ ကျောင်းသားများကို ဘုရားစကား တဆင့် ပါး မိ၏။


 သီဟနာဒ

စပယ်ရှယ် ဝန်ဆောင်ခ


စပယ်ရှယ် ဝန်ဆောင်ခ
တရုတ်ပြည်ကမူလတန်းကျောင်း တစ်ကျောင်းမှာ ထူးခြားတဲ့ ဝန်ဆောင်မှု တစ်ခုပေးတယ်။ ကျောင်းဆင်း ကျောင်းတက်တိုင်း ဆရာ၊ ဆရာမက ကလေးကို တယုတယ ပွေ့ဖက်ပေးတယ်။ ဒီအတွက် ဝန်ဆောင်ခ ယွမ် ၈၀ (US$12.80) လစဉ် အပိုဆောင်ရတယ်။ နံစော်နေတဲ့ ဆင်းရဲသား ကလေး ဆိုရင် ဝန်ဆောင်ခပိုပေးရမလား မသိဘူး။ ကံကောင်းတယ် မြန်မာမိဘတွေဆီ ဒီ ဝန်ဆောင်ခ မျိုး မရောက်လာသေး ဘူး။ အခြားပုံစံနဲ့ပဲ ရှိတယ်။
Kindergarten charges fee for teachers’ hugs :)


သစ်ပင်ရဲ့ အရေးပါမှု
အိန္ဒိယနိုင်ငံ၊Mumbai မြို့ Sanjay ဆိုတဲ့လူက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ သူ့ဇနီးက တောင်းပန်စကား မပြောလို့ ဆိုပြီး ဆန္ဒပြတဲ့အနေနဲ့ သစ်ပင်ပေါ် တက်နေတာ ၉ လ ကြာတယ်။ စားလည်း သစ်ပင်ပေါ်၊ အိပ်လည်း သစ် ပင်ပေါ် မှာပဲ။
သစ်ပင်တွေက အာရှမှာ ပိုပြီးအသုံးဝင်တယ်။ မြန်မာပြည် မှာ နှစ်သိန်းတန် ဖုန်းတွေ ဖုန်းပြောရင်း လိုင်းမကြည်ရင် သစ်ပင်မြင့်မြင့်ပေါ်တက်ပြောလိုက်၊ ကြည်သွားရော၊ လွယ်လွယ်လေး။


 ဇင်ဝေသော်

သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၁ )


ပထမဆုံး အင်္ဂလိပ်စာရေးဆရာ ဆင်မြူယယ် ဘတ်တလာ ( ၁၈၃၅- ၁၉၀၂ ) နဲ့ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။




ဘဝဆိုတာ ဆက်လက်ရှင်သန်ဖို့ရော ထိုက်တန်ရဲ့လား။
ဒီမေးခွန်းက မိခင်ဝမ်းဗိုက်ထဲ ပဋိသန္ဓေဘဝက မေးရမယ့်မေးခွန်းပါ။ လူသားတစ်ယောက်အနေနဲ့ မေးရမယ့်မေးခွန်း မဟုတ်တော့ဘူး။
Is life worth living?
This is a question for an embryo,not for a man.


ထာဝရဘုရားရှင်နဲ့ လူသားဟာ တစ်ယောက်ယောက်သာမရှိရင် ထာဝရ မှာရော လူသားမှာပါ ပါဝါလည်း မရှိတော့ဘူး။
God and man are powerless without one another.

နတ်မိစ္ဆာကို တောင်းပန်ပါတယ်။
ဒီ အမှုနဲ့ပတ်သက်လို့ ကျနော်တို့ကြားနာခဲ့ရသမျှတွေဟာ တစ်ဖက်တည်းရဲ့ ထွက်ဆိုချက်တွေသာ ဖြစ်နေတယ်ဆိုတာ အမှတ်ရနေရပါမယ်။
ကျမ်းစာတွေအားလုံး ထာဝရဘုရားရှင် ရေးထားတာတွေချည်းပဲ။
An apology to the Devil. It must be remembered that we have heard only one side of the case. God has written all books.

From Note-book. The Greatest Thoughts by George Seldes.


 ဇင်ဝေသော်

လူထုကြားက ဓာတ်ကြီးလေးပါး


ရေ။ ယိုစီးခြင်းသဘော ( စာပေသိ )

ရေ။ ရှားပါး၊ မလုံလောက်၊ နောက်ကျိ လာတဲ့သဘော။ မြို့တော်မှာ တိုက်အထပ်မြင့်လေလေ ရေဘေးဒုက္ခ ပိုကြီးလေလေသဘော။

မြေ။ ခက်မာခြင်းသဘော။( စာပေသိ )

မြေ။ အသိမ်းခံရခြင်း၊ လျော်ကြေး ဟုတ်တိပတ်တိပြန်မရခြင်းသဘော၊ ပိုင်ဆိုင်ဖို့ ခက်ခဲလာခြင်းသဘော၊ ရန်ကုန်မြေဈေးကနယူးယောက် မြေေ ဈးကို စိန်ခေါ်နေတဲ့သဘော။

လေ။ ရွေ့လျားခြင်းသဘော ( စာပေသိ )

လေ။ မသန့်ရှင်းသော ပတ်ဝန်းကျင်ကြောင့် ပို၍ပို၍ နံစော်လာခြင်း၊ အဆင့်မ မီသော အဆောက်အအုံတို့ကြောင့် တစ်ခုခုဆို ပို၍ပို၍ ပျက်စီးစေသော သဘော။

မီး။ လောင်ကြွမ်း ရင့်ကျက်စေသောသဘော( စာပေသိ )

မီး။ ပုံမှန်ပျက်တတ်သေးသော၊ သူမရှိရင် ဘာမှဆက်လုပ်လို့ မရတတ်သော သဘော။ အချိန်ပြည့်မရသဖြင့် လူထုကို ဒုက္ခ အကြီးအကျယ်ပေးနေသော သဘော။ ( ဂက်စ်များ မြေကြီးထဲမှာ ရှိနေပါလျက် ) ထင်း၊ မီးသွေးတို့ကို အစားမထိုးနိုင်သဖြင့် နွေရောက်တိုင်း ကျီးလန့် စာစား နေကြရသည့် သဘော။

ဘယ်သူတွေ ဘာတွေပြောပြော အဲ့ဒါ လူထုကြားက တကယ် ဓာတ်ကြီးလေးပါး အစစ်။


 ဇင်ဝေသော်

ရွှေ့ပြောင်း ဘာသာစကား ( ၆:၇ )

လာမယ့် နှစ် ၂၀၀၊ ၃၀၀ မှာ ဘယ်ဘာသာ ကြီးစိုးလာမလဲ ဆိုတာကတော့ ဘယ်သူပြောနိုင်မှာလဲကွာ။ လက်တင်ဘာသာဟာ ဥရောပတိုက်ရဲ့ ဘာ သာဖြစ်ခဲ့ဖူးတယ်။ (၁၆) ရာစုအထိ Erasmus အပါအ၀င် ပညာရှင်တွေ အား လုံး လက်တင်လိုပဲ ရေးခဲ့ကြတာ။ ချပ်ကျောင်းတွေကလည်း လက်တင်ဘာ သာပဲ သုံးခဲ့ကြတာ။ (၁၈) ရာစုရောက်တော့ ကိုယ့်ဘာသာစကားနဲ့ကိုယ် စတင်ခွဲထွက်ခဲ့ကြတယ်။ နောက်ဆုံး လက်တင်ဘာသာလည်း ပျောက်ထွက် သွားတော့တာပဲ။ ကက်သိုလစ် ချပ်ကျောင်းတွေထဲက လွဲရင် လက်တင်ဘာ သာက သေသွားပြီ။ အင်္ဂလိပ်ဘာသာဟာ အမြဲတမ်း ကမ္ဘာသုံး ဖြစ်နေပါမယ် လို့ ဘယ်သူပြောလို့ရမှာလဲ။
( လီကွမ်းယု )

မေး ။ ။ စင်္ကာပူမှာ တစ်ခုတည်းသော တရုတ်ဘာသာနဲ့ သင်ကြားပေးတဲ့ Nantah တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာ ပြောင်းလဲပစ်လိုက်တော့ အဲ ဒီခေတ်က တရုတ်ဘွဲ့ရပုဂ္ဂိုလ်တွေ တော်တော် စိတ်မကောင်း ဖြစ်ကြရတယ်။ ဒီကိစ္စမျိုးကို ရှောင်လို့ ရနိုင်မယ့် နည်းများ မရှိနိုင်ဘူးလား။ အခုနေ တရုတ် ဘာသာစကားနဲ့ သင်မယ့် တက္ကသိုလ်တစ်ခုလောက် ရှိနေရင် ပို မကောင်း ဘူးလား။
ဖြေ ။ ။ ရှိပြီဆိုပါတော့ … အဲဒီတက္ကသိုလ်မှာ ဘယ်သူတွေ သွားတက်မှာ တုန်း။ ပီကင်းတို့ ရှန်ဟိုင်းတို့မှာရှိတဲ့ တက္ကသိုလ်တွေဆီ သွားတက်လို့ ရနေ ပါလျက်နဲ့ ဒီကို ဘယ်သူက လာမှာတုန်း။
Wee Cho Yaw (တရုတ်လူမျိုးရေးအဖွဲ့ခေါင်းဆောင် ဘဏ်အရာရှိ) ကို ဒီ ကိစ္စ ငါခိုင်းဖူးတယ်။ တရုတ်ကျောင်းပြန်ဖွင့်ရအောင်၊ လိုအပ်တာ မင်း ဖြည့် ဆည်းပေးပါလို့။ အလုပ်မဖြစ်လောက်မှန်းသိတော့ သူပယ်ချခဲ့တယ်။ စင်္ကာ ပူးရီယန်း မိဘတွေကတော့ သူတို့ကလေးတွေကို ဒီကျောင်းမျိုးမှာ မထည့် ဘူး။ အင်္ဂလိပ်လိုတတ်တာလောက် ဒီမှာ အလုပ်မဖြစ်ဘူး။

မေး ။ ။ တရုတ်က တက်လာတော့ ဒီ ဘာသာစကားနှစ်ခု ပေါ်လစီကို ပြန် စစ်ဆေးကြည့်ဖို့ လိုတယ်လို့ မထင်မိဘူးလား။ ရှေ့မှာ မစ္စတာလီ ပြော ခဲ့ တယ်။ ဒါက ဘာသာစကားနှစ်ခုကိစ္စတင်မကဘူး။ ယဉ်ကျေးမှု နှစ်ခုကိစ္စပါ ပါဝင်နေတယ်ဆိုတာလေ။
ဖြေ ။ ။ ငါပြောတာက လူနည်းစုလေးတစ်ခု အတွက်ပါ။ လူတိုင်း နှစ်မျိုးလုံး ထိပ်ရောက်ဖို့က ဖြစ်မှ မဖြစ်နိုင်တာ။ မင်းသာ ရူးသွားမယ်။ ဘာမှဖြစ်လာ မှာတော့ မဟုတ်ဘူး။

မေး ။ ။ လူအများစုအတွက်ကတော့ ဒီဘာသာစကားနှစ်ခုစနစ်က ဒီ အတိုင်း ပဲ ရှိနေမယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ဟုတ်တယ်။ လူတော်တွေ တစ်ရာ၊ နှစ်ရာ အများဆုံးဖြစ်နိုင်ရင် သုံးရာလောက်ရအောင် ကြိုးစားရမယ်။ ခက်တာက လူတော်တွေ ကျပြန်တော့ အကောင့်တင့်တွေ၊ ရှေ့နေတွေ၊ အာခီတက်တွေပဲ ဖြစ်ချင်ကြ တာကွ။ ဘယ်သူကမှ ဘာသာစကား စပါယ်ရှယ်လစ် မဖြစ်ချင်ဘူး။ တဖြည်းဖြည်းတော့ တရုတ်ပြည်ကို သွားပြီး Lin Thai Ker လို အာခီတက် သွား လုပ်နိုင်အောင် လုပ်ရမယ်။
(Lin Thai Ker က အာခီတက်တစ်ယောက်၊ မြို့ပြတည်ဆောက်ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ - အစီအစဉ် ချမှတ်သူပါ။ အာရှနဲ့ အရှေ့အလယ်ပိုင်းက မြို့တော်တွေရဲ့ အစီအစဉ်တွေကို ရေးဆွဲပေးခဲ့သူ။ တရုတ်ပြည်က Quyn မြို့တော်မှာလည်း သူ့လက်ရာတွေ ရှိပါတယ်။)

မေး ။ ။ စီးပွားရေးအတွက် တရုတ်စာ သင်ယူရတယ်ဆိုတဲ့ အချက်ကို အ သာထားပြီး လူနည်းစုလေးတွေကို ရွေးပြီး သူတို့ကလည်း သင်လိုတယ် ဆို ရင် ကျောင်းမှာ မိခင်ဘာသာမသင်ဘဲ တရုတ်ဘာသာစကားကိုပဲ သင်ခွင့်ပေးလိုက်ရရင် ဘယ်လိုရှိနိုင်မလဲ။
ဖြေ ။ ။ အိမ်မှာ အင်္ဂလိပ်စကားပြောကြတဲ့ တရုတ်တွေအတွက် အခုတင် ပဲ တော်တော် အခက်တွေ့နေကြပြီ။ အကြီးတန်းဝန်ကြီး ဇယကုမာရ်က သူ့ ကလေးတွေကို တရုတ်စာ အသင်ခိုင်းတယ်။ ကလေးတွေက ဥာဏ် လည်းကောင်း ၊ အားထုတ်မှုလည်းရှိတော့ အလုပ်ဖြစ်တယ်။ ကြိုးစားတဲ့ ကလေးတစ်ချို့လည်း ရကြပါတယ်။ ဒါပေမဲ့ သူတို့ သင်ချင်တာက အများကြီး။ အင်္ဂလိပ်၊ မလေး၊ အာရဘစ် (ကိုရန်ကျန်းထဲက)၊ တရုတ် … စုံလို့ပဲ။

မေး ။ ။ ဒုတိယဘာသာစကားကို သင်ချင်ရင် သင်ခွင့်ပြုမယ်ဆိုရင် တရုတ်ဘာသာကို ယူမယ့် မလေးအရေအတွက် ဒီထက်ပိုများလာမယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ သူတို့ကလေးတွေရဲ့ ပညာရေး မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက်မှာ မကြောက်လို့ လုပ်ချင်ကြတယ်ဆိုရင် တို့ဖက်က ခွင့်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ပြဿနာတက်လာရင်တော့ ကျေးဇူးပြုပြီး အစိုးရ အပေါ် အပြစ်ပုံမချပါနဲ့။ တရုတ်ဘာသာဟာ သိပ်လွယ်ကူတဲ့ ဘာသာမဟုတ် ဘူးဆိုတာ သိလျှက်နဲ့ စမ်းကြည့်ကြမယ်ဆိုရင် စမ်းကြလေ။

မေး ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က စင်္ကာပူမှာ ရုံးသုံးစကားဟာ အင်္ဂလိပ်ပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်မိတုန်းကလို တရုတ်လည်း ဒီလိုဖြစ်လာ လိမ့်မယ်လို့ ကြိုတင် မတွက်ချက်မိဘူးလား။
ဖြေ ။ ။ မမြင်မိဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်တုန်းက အမေရိက၊ ဗြိ တိန်၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန် စတဲ့ ကမ္ဘာ့တခါးပေါက်ထဲကို ၀င်ဖို့ အင်္ဂလိပ်စာနဲ့မှရမယ်လို့ ငါသုံးသပ်ခဲ့တယ်။ ဒီအပြင် အင်္ဂလိပ်စကားသုံးတဲ့ ဥရောပတိုက်က ကုမ္ပဏီကြီးတွေလည်း ဖြစ်နိုင်တာပေါ့။ ဂျပန်တွေလည်း ဒီ လာရင် အင်္ဂလိပ်လိုပဲ ပြောကြတယ်။ ဒါက တို့အတွက် အကောင်းဆုံး အား သာချက်ပဲ။ ပြင်သစ်တို့ ရုရှားတို့ ကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်သလို အင်တာနက်က ကမ္ဘာကို ဒီလောက် စိုးမိုးထားနိုင်လိမ့်မယ်လို့ မထင်မိဘူး။
ငါက ကံကောင်းသွားတာပါ။ ငါ့သုံးသပ်ချက် ကွက်တိကျသွားတယ်။ ရုရှားကိုသာ ပေါင်းလိုက်မိရင် ငါတို့တော့ ၀မ်းနည်းနေရမှာ။ ရုရှားဘာသာ စကားသင်ဖို့ ငါ့သားကို ပြောဖူးတယ်။ ရုရှားတွေက သင်္ချာမှာ တော်တယ်။ အခု မင်းမှာ အင်္ဂလိပ်ရှိတယ်။ တရုတ်၊ မလေးလိုလည်း ပြောတတ်တယ်။ ရုရှားလိုသင်နိုင်မှတော့ သင်ထားပါလားလို့ တိုက်တွန်းဖူးတယ်။ ရုရှား ဘာ သာစကားစာမေးပွဲ အိုလယ်ဘယ်မှာ သူ ဂုဏ်ထူးနဲ့အောင်တယ်။ ကိန်းဘရေ့(ဂ်ျ)ရောက်တော့ ရုရှားဘာသာ ဆက်သင်တယ်။ ရုရှားလို သူ မိန့်ခွန်းပြောနိုင်တယ်။ ပြောတတ်ပေမဲ့ ဘာအကျိုးရှိလို့လဲကွာ။
အခု ရုရှားခေါင်းဆောင်တွေ ရုရှားလိုပြောရင် သူ သိပ်တောင် နားမလည်တော့ဘူး။ မေ့ကုန်ပြီ။

မေး ။ ။ သူက မစ္စတာလီထက် ဦးနှောက်ဆဲ (လ်)တွေ ပိုများတယ်။
ဖြေ ။ ။ များတိုင်း လျှောက်လုပ်စရာလားကွာ။ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေ မှာ သူ့ဦးနှောက်ကို သုံးလို့ရတာပဲ။ ငါလည်း ဘာသာစကားခြောက် မျိုး လေ့ လာခဲ့တယ်။ အဲဒီခြောက်မျိုးစလုံး မမေ့အောင် ထိန်းထားနိုင်ပါ့မလား။ ကမ္ဘာအရပ်ရပ်က စီးပွားရေးသတင်းတွေ ဖတ်ရတယ်။ Dow Jones, Sand P, စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ငွေလဲလှယ်နှုန်းတွေ ကြည့်ရတယ်။ ကမ္ဘာ့စီးပွားရေးကို မျက်ခြေမပြတ်စေဘဲ သူတို့ အနေအထားတွေ ကို လည်း လေ့လာရ၊ သုံးသပ်ရတယ်။ စီးပွားရေးအကြပ်အတည်းကနေ ဘယ် အချိန် လွတ်လာနိုင်မလဲ … စုံလို့ပါကွာ။
ကဲ … ဘာသာစကားခြောက်မျိုးလုံး မမေ့အောင် ထိန်းထားနိုင်မလား။ အဓိပ္ပာယ် မရှိ၊ ရူးလို့ပြောတာ။ ကျွမ်းကျင်တဲ့ ဘာသာစကားတစ်ခု ရှိဖို့ပဲလို တယ်။ အဲဒီစကားနဲ့ အလုပ်လုပ်၊ သတင်းအချက်အလက်ယူ၊ တွေးခေါ်သုံးသပ်၊ လုံလောက်ပြီ။ ငါ့အတွက် အဲ ဒီဘာသာစကားက အင်္ဂလိပ်ပဲ။

မေး ။ ။ ဘာသာစကားပေါ် အခြေခံပြီး နိုင်ငံရေးမူဝါဒကို ရပ်တည်တဲ့ လူတွေ နဲ့ အတူတွဲပြီး အလုပ်လုပ်ခဲ့ရဖူးတယ်နော်။ ဒါတွေအားလုံး ပြီးဆုံး သွားပြီ လို့ ပြောရင် ရနိုင်ပါ့မလား။ စင်္ကာပူမှာ ဘယ်ဘာသာကို ရုံးသုံးအဖြစ် သတ် မှတ်ရမယ်ဆိုတဲ့ကိစ္စ လုံးဝပြေငြိမ်းသွားပြီလား။
ဖြေ ။ ။ ကမ္ဘာသုံးဘာသာစကားက အမြဲတမ်းပြောင်းလဲ နေနိုင်တာပဲ။ စင်္ကာ ပူမှာပဲ လာမယ့် အနှစ်ငါးဆယ်နဲ့ တစ်ရာအတွင်းလောက်ပေါ့။ လာမယ့် နှစ် ၂၀၀၊ ၃၀၀ မှာ ဘယ်ဘာသာ ကြီးစိုးလာမလဲ ဆိုတာကတော့ ဘယ်သူပြောနိုင်မှာလဲကွာ။ လက်တင်ဘာသာဟာ ဥရောပတိုက်ရဲ့ ဘာသြာ ဖစ်ခဲ့ဖူးတယ်။ (၁၆) ရာစုအထိ Erasmus အပါအ၀င် ပညာရှင်တွေအားလုံး လက်တင်လိုပဲ ရေးခဲ့ကြတာ။ ချပ်ကျောင်းတွေကလည်း လက်တင်ဘာသာပဲ သုံးခဲ့ကြတာ။ (၁၈) ရာစုရောက်တော့ ကိုယ့်ဘာသာစကားနဲ့ကိုယ် စတင်ခွဲထွက်ခဲ့ကြတယ်။ နောက်ဆုံး လက်တင် ဘာသာလည်း ပျောက်ထွက် သွားတော့တာပဲ။ ကက်သိုလစ် ချပ်ကျောင်းတွေထဲက လွဲရင် လက်တင်ဘာ သာက သေသွားပြီ။ အင်္ဂလိပ်ဘာသာဟာ အမြဲတမ်း ကမ္ဘာသုံး ဖြစ်နေပါမယ် လို့ ဘယ်သူပြောလို့ရမှာလဲ။
တရုတ်စကားဟာ ကမ္ဘာသုံးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ငါ မယုံ ကြည်ခဲ့ဖူးဘူး။ ငယ်ငယ်ကတည်းက ပြောလာတာ မဟုတ်တဲ့ လူတစ်ယောက် အတွက် တော်တော်ခက်တဲ့ ဘာသာစကား ပဲ။ ဖော်နက် တစ် မရှိ၊ ဖျင်းယင် မရှိနဲ့။ တရုတ်အက္ခရာတွေကို မစွန့်လွှတ်သမျှ သူတို့ စကားသင်နေရတာက နှစ်ဆပို ဒုက္ခရောက်တယ်။ အရင်ဆုံး နားထောင်၊ စကားပြော။ အဲဒါတင်ပဲ ခက်လှပြီ။ စကားတစ်လုံးကို အသံငါးမျိုး၊ လေးမျိုးနဲ့ တစ်မျိုးက အသံပေါ့တဲ့။
နောက်တစ်ချက်က အက္ခရာသုံးထောင်ကျော် မှတ်မိနေရဦးမယ်။ တချို့အသံတွေကို ဆက်စပ် တွေးလို့တော့ ရပါရဲ့။ ဒါပေမဲ့ စကားတစ်လုံးထဲ က အဓိပ္ပာယ်တွေ အများကြီး ထွက်လာပြန်ရော။ စကားလုံးက အတူတူ၊ အ သံထွက်ကျ ကွဲနေပြန်ရော။ တော်တော် ရှုပ်ထွေးတာပဲ။ Mai ရဲ့အဓိပ္ပာယ်က Bury တဲ့၊ Man Yuan ရဲ့အဓိပ္ပာယ်က Complain တဲ့။ အဲဒါ အက္ခရာ အတူ တူ။ ဘာကြောင့်ပါလိမ့်လို့ ငါစဉ်းစားနေခဲ့တာ အကြာကြီးပဲ။ နောက်မှ ဆရာ က ပြောတယ်။ စကားလုံးက အဓိပ္ပာယ်ကွဲသွားရင် အသံထွက်လည်း ကွဲ သွားတယ်တဲ့။ ဒါနဲ့ အဘိဓာန်လှန်ကြည့်တော့ ဟုတ်တယ်။ စကားလုံးတွေရဲ့ သမိုင်းနဲ့ ဘယ်လိုဖြစ်လာခဲ့တယ်ဆိုတာကို ငါလည်း မသိဘူး။ အဲဒါကလည်း ပြဿနာပဲ။ စကားလုံးနှစ်လုံးကို တစ်လုံး တည်း ပေါင်းလိုက်ြ ပန်တော့ အဓိပ္ပာယ်က ပြောင်းသွားပြန်ရော။ တအားခက်တဲ့ ဘာသာ စကား ရယ်။
( ဆက်ရန် )

ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )

 ဇင်ဝေသော်

မြို့တော်ရဲ့ ပြကွက် တစ်ကွက်


အကောင်းစား ကားတစ်စီးနဲ့ စက်ဘီးစီးလာတဲ့ ကောင်လေး၊ ကောင်မလေး အတွဲ နည်းနည်း ဝင်ငြိသွားတယ်။
လမ်းစည်းကမ်း ဆိုတာ " ချို " နဲ့လား။ အနည်းနဲ့ အများ နှစ်ဖက်မှားပဲ ဖြစ် မှာပေါ့။
ကားပေါ်က မျက်စေ့ တွေ အမြင်မှာတော့ လဲကျသွားတဲ့ စက်ဘီးနဲ့ ကောင် ကလေး လည်း ဘာမှကြးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူး။
ဒါပေမဲ့ အဲဒီ့ ကောင်ကလေးက မထနိုင်ဘူး။
" ညီလေး၊ ဘာဖြစ်သွားသေးသလဲ၊ ထ ထ၊ အကိုတို့ ဆေးခန်းလိုက်ပို့ပေး မယ် "
" ကျနော် ထ လို့ မရဘူး၊ ညာဖက် ခြေထောက် ကျိုးသွားတယ် ထင်တယ် ၊ ဆေးခန်းလိုက်မပို့ပါနဲ့၊ ဆေးဖိုးပဲ ပေးထားခဲ့ပါ "
" ဆေးဖိုး ဘယ်လောက်ပေးရမလဲ "
" ၁၅ သိန်း "
" ဒါဆိုရင်တော့ နောက်ထပ် ခြေတစ်ချောင်းပါ တကယ်ကျိုးအောင် ဝင်တိုက် ပြီး သိန်း ၃၀ အလျော်ပေးမယ်၊ လာခဲ့ ကားရှေ့ကို "
ဆိုပြီး အဲဒီကား ဝူးကနဲ မောင်းထွက်သွားတော့တယ်။

မြို့တော်ရဲ့ ဒီ ပြကွက်လေးကိုကြည့်ပြီး တချို့က ရီ ( ရယ် ) ကြတယ်။ တချို့က တည်ကြတယ်။
ဒါကတော့ ခံစားသူ အကြိုက်ပေါ့လေ။ ကျနော်တော့ ရီပြီးမှ တည်လိုက်မိ တယ်။ မြို့တော်ရဲ့ ပါဖောင်းမင့် အာ့တ် လေလား။


ဇင်ဝေသော်

အင်တာနေရှင်နယ် ဒေါ်လာ နှစ်ရာ


သတင်းစာတွေ၊ မီဒီယာတွေ၊ အင်တာဗျူးတွေ ဖတ်လိုက်၊ နားထောင်လိုက်နဲ့ တို့ နိုင်ငံကြီး တော်တော်ဟုတ်နေပြီလို့ ထင်မိတယ်။ ဟုတ်သလောက်တော့ ဟုတ်တယ်။ မဟုတ်သလောက်က မဟုတ်ဘူး။
နိုင်ငံခြား ဒေါ်လာငွေတွေ ငွေလဲ စင်တာတွေမှာ တရားဝင် လဲလှယ်နိုင်ပြီ။ ခိုးကြောင် ခိုးဝှက် လဲစရာ မလိုတော့ဘူး။ အဲဒါ ကမ္ဘာ သိ ကြေငြာထားတဲ့ သတင်းပေါ့။

ဒါနဲ့ အထင်တကြီး စလုံး ဒေါ်လာလေးတွေ ယူသွားတယ်။ သွားပြီးလဲမယ် ဆိုတော့......
နိုင်ငံခြား ဒေါ်လာငွေတွေကို မြန်မာ ကျပ်ငွေနဲ့ လဲပေးတဲ့ ဘဏ် ခြောက်ခု ရဲ့ ကောင်တာ ခြောက်ခု ဖောရိန်း မန်းနီး အိတ်က်စ် ချိန်း စင်တာမှာ ရှိတယ်။

ဖြစ်ရပုံက တချို့ကောင်တာက ပတ်စ်ပို့ပါမှ လဲပေးတယ်တဲ့။ ဟိုက်။ ဘာဆိုင်လို့လဲ။ ငွေလဲ ကောင်တာက အင်မီဂရေးရှင်းရုံးမှ မဟုတ်တာဘဲ။
တချို့ကောင်တာက စင်ကာပူ ဒေါ်လာ ဘယ်က ဘယ်လို ရလာတာလဲတဲ့။ ဟိုက်။ ( ဒုတိယဟိုက် ) မေးစရာလား။
ကျန်တဲ့ကောင်တာနှစ်ခုက လဲပေးပါတယ်၊ ဒါပေမဲ့ ..တစ်ယောက်ကို ဒေါ် လာ နှစ်ရာပဲ လဲလို့ရပါတယ် တဲ့။ ဟိုက်။ ( တတိယဟိုက် )

မှန်တယ်။ တရားဝင် လဲလှယ်နိုင်ပြီ။ ဒါပေမဲ့ ဒေါ်လာ နှစ်ရာပဲ။
အပြင်မှာတော့ ကြိုက်သလောက် လဲလို့ရတယ်။ အဲ ဈေးလေး ကွာတာပဲရှိ တယ်။
ပြည်ပ စာဖတ်ပရိသတ်အတွက် ရွာပြန် လက်ဆောင်သတင်းလေးပါ။



ဇင်ဝေသော်

ဘာသာစကား နဲ့ ဇာတိဂုဏ် ( ၆း ၆ )

          ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။ ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။

(လီကွမ်းယု)

လီကွမ်းယု နဲ့ ခရစ်ယန်ဘာသာတရား ( ၆း ၅ )   မှအဆက်

မေး ။   ။ ခုတလော ဘာသာစကားထဲမှာ မစ္စတာလီ စိတ်တော်တော် နစ်မြုပ်နေတယ်လို့ ထင်တယ်။ တရုတ်ဘာသာစကား သင်ကြားရေး၊ ဒါမှမဟုတ် ဘာသာစကားနှစ်ခု ပြိုင်တူသင်ကြားရေးကိစ္စမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ မစ္စတာလီရဲ့ သဘောထားနဲ့ ဘာ့ကြောင့် ဒီလို ဖြစ်နေတယ်ဆိုတာ သိပါရစေလား။
ဖြေ ။    ။ ပထမဆုံးကတော့ ဇာတိဂုဏ်လို့ ပြောရမယ်။ တရုတ်လို ဘွဲ့ရသူနဲ့ အင်္ဂလိပ်လို ဘွဲ့ရသူနှစ်ယောက်ရဲ့ ခြားနားချက်ကို ငါ တွေ့မိတယ်။ ဒါ့ကြောင့် မိခင်ဘာသာစကား သင်ရမယ်လို့ အတင်းတွန်းပေးနေတာ။ အင်္ဂလိပ်ဘွဲ့ရတစ်ယောက်မှာ မူလဗီဇ ပျောက်သွားတယ်။

         ၁၉၆၅ - ခုနှစ် အရေးအခင်းဖြစ်တော့ ရပ်ဖဲ(လ်)ကောလိပ်ကျောင်းသားတွေက ရီနေကြတယ်။ အဲ့ဒီအချိန်မှာ တရုတ်ကျောင်းက ကျောင်းသားတွေက လမ်းပေါ်တက်ပြီး အသည်းအသန် ဆန္ဒပြနေကြတာ။ ဒါဟာ နိုင်ငံရေးရေသာခိုမှု၊ ရူးကြောင်ကြောင်နိုင်မှုပဲ။ လူထုကြီးထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။

 မေး ။   ။ မစ္စတာလီလည်း အင်္ဂလိပ်လို ဘွဲ့ရခဲ့တာပဲ။ မစ္စတာလီရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အင်္ဂလိပ်ဘွဲ့ရတွေပဲ မဟုတ်လား။
ဖြေ ။    ။ စင်္ကာပူမှာ အနိုင်ရဖို့ တရုတ်ဘွဲ့ရတွေကို စည်းရုံးနိုင်မှ ရမယ်ဆိုတာကို ငါတို့ သဘောပေါက်ခဲ့ကြတယ်။ အင်္ဂလိပ်ဘွဲ့ရဆိုတာက လူဦးရေနဲ့စာရင် နည်းနည်းလေးပဲ ရှိတာ။ ဒါ့ကြောင့် တရုတ်ဘွဲ့ရတွေရဲ့အားကို ရအောင်လို့ လက်ဝဲသမားတွေနဲ့ ငါတို့ပေါင်းခဲ့တာ။ တရုတ်ဗီဇသာ ပျောက်သွားရင် ငါတို့ ဘာလူမျိုးတွေဆိုတဲ့ စိတ်လည်း ပျောက်သွားမှာ။ တို့က အနောက်တိုင်းသား မဟုတ်ဘူး။ တို့မှာ အရှေ့တိုင်းသား တရုတ်ဗီဇ ရှိကိုရှိနေရမယ်။ ဒါက ငါ့ကို မောင်းနှင်ပေးလိုက်တဲ့ ပထမအကြောင်းပဲ။

         အခု စင်္ကာပူးရီးယန်းတွေက စင်္ကာပူးရီးယန်းဖြစ်တဲ့အလျှောက် ဒီယဉ်ကျေးမှုတန်ဖိုးကို အလေးမထားတတ်ကြဘူး။
         ယဉ်းကျေးမှုဆိုတာ ဘာလဲ၊ ဒါမျိုးတွေ။

         အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း ငါ ဖတ်ကြည့်တယ်။ လုံးဝမတူဘူး။ မူလဗီဇဓာတ်ခံ ရကိုမရဘူး။ ဒါနဲ့ ငါ ဆုံးဖြတ်ချက်ချပြီး ငါ့သားနှစ်ယောက်ကို ဦးဇွန်းပုတ်ဆံပင်အရွယ် ကတည်းက တရုတ်ကျောင်းကို ထည့်လိုက်တာ။ သူတို့ ကိန်းဘရေး(ဂ်ျ)ကို ရောက်တော့ သူတို့အရွယ် ကလေးတွေအားလုံးက ဆံပင်ရှည်တွေနဲ့ ဖြစ်ကုန်ပြီ။ သူတို့က ဒီအတိုင်းပဲ။ လုံးဝ မပြောင်းကြဘူး။ အနောက်ယဉ်ကျေးမှု လွှမ်းမိုးတာကို သူတို့ မခံကြဘူး။ မင်းကမင်း၊ ငါက ငါပဲ။ မင်း သင်္ချာအကြောင်းပြောရင် ငါလည်း သင်္ချာအကြောင်း ပြောမယ်။ ငါနဲ့မင်း ယှည်လို့ရတယ်။ ဒါပေမယ့် ငါက ငါပဲ။ ဆိုလိုတာက သူတို့မှာ ယုံကြည်မှုအပြည့် ရှိကြတယ်။

 မေး ။   ။ တကယ်လို့ သူတို့များ အင်္ဂလိပ်ကျောင်းကို အရင်သွားခဲ့ကြရင် ...
ဖြေ ။    ။ ဒါဆိုရင် တစ်မျိုး ဖြစ်သွားနိုင်တယ်။ အင်္ဂလိပ်ကျောင်းသားတွေက ကမ္ဘာရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ ဆံပင်ရှည်ထားရမယ်။ ဒါဟာ ကမ္ဘာ့ယဉ်ကျေးမှုလို့ ထင်ကြတယ်။ ငါ့သားတွေကလည်း ဒီလိုပဲ ထင်မှာပေါ့။ အမြင်သာ မတူကြတာ။ အဲ့ဒီစိတ်ဓာတ်က တရုတ်တော်လှန်ရေးမျိုးဆက်ရဲ့ စိတ်ဓာတ်ပဲ။ အခုတော့ မဟုတ်ဘူး။ အဲ့ဒါက ၁၉၅၀ - နဲ့ ၆၀ - ခုနှစ်တွေက။

         အခုနှစ်တွေမှာ မိဘတွေက တရုတ်စာသင်တာဟာ  အချိန်ဖြုန်းတာ သက်သက်လို့ ထင်ကြတယ်။ တန်ဖိုးကို မသိကြတော့ဘူး။ ဒီအချိန်မှာ ရုတ်တရက်ကြီး တရုတ်ပြည်က တက်လာပါလေရော။ တရုတ်စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်တဲ့လူတွေ မရှိရင် အခွင့်အရေးတွေ ငါတို့ ဆုံးရှုံးတော့မယ်။ သူတို့က ဒီကိုလာပြီး စီးပွားရေးလုပ်ကြတော့မှာ။ သူတို့အင်္ဂလိပ်က မကောင်းဘူး။ မလေးလိုလည်း ဟုတ်တိပတ်တိ မတတ်ဘူး။ ဒီတော့ စင်္ကာပူးရီးယန်း စီးပွားရေးမိတ်ဖက်တွေကို သူတို့ လိုလာပြီ။ သူတို့နဲ့ လက်တွဲပြီး စီးပွားရေးလုပ်၊ အင်္ဂလိပ်စကားပြော၊ မလေးစကားပြော၊ သူတို့ကို ဒေသတွင်း အကုန်ခေါ်သွားလို့ ရတယ်။

         တရုတ်စကားမတတ်လို့ကတော့ တရုတ်ပြည်မှာ စီးပွားရေးလုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ တို့ဆီက စီးပွားရေးသမားတိုင်း သဘောပေါက်တယ်။ အင်္ဂလိပ် ပထမဘာသာ၊ တရုတ် ဒုတိယဘာသာအနေနဲ့ သင်တဲ့ ကျောင်းတွေက ကျောင်းသားတွေ၊ ကျေးဇူးတင်စကား လာလာပြောတဲ့ အီးမေးတွေ ငါရတယ်။ ဆိုလိုတာက ကမ္ဘာ့အကြီးဆုံးဈေးကွက်က ငါတို့ကို အများကြီး အကူအညီပေးနိုင်တယ်။ တို့လိုတာက သူတို့နဲ့ ဆက်သွယ်ဖို့ ဘာသာစကားရှိနေဖို့ပဲ။

         အင်္ဂလိပ်စကားနဲ့ အမေရိက၊ ဥရောပနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို ဆက်သွယ်လို့ရတယ်။ ဒါက ဘယ်လို တိုးတက်လာတယ်ဆိုတာကို ပြောတာ။ ဘာဖြစ်လို့ တရုတ်နဲ့ ဆက်ဆံပြီး တရုတ်အောင်မြင်မှုနဲ့ အတူလက်တွဲပြီး မလိုက်နိုင်ရမှာလဲ။ လာမယ့်နှစ် ၂၀၊ ၃၀ နဲ့ ၄၀ မှာ သူတို့စီးပွားရေးဟာ အများကြီး တိုးတက်လာမှာ။ အမေရိကန်တွေရဲ့ လူတစ်ယောက်စီ (တစ်ဦးချင်း) ၀င်ငွေကို မီဖို့တော့ နှစ်ပေါင်း ၆၀၊ ၇၀ လိုလိမ့်ဦးမယ်။

မေး ။   ။ နောက်ပြန်ကြည့်ရင် ဘာသာစကားနှစ်ခု သင်ယူရမယ်ဆိုတဲ့ ပေါ်လစီချမှတ်မိတာနဲ့ ပတ်သက်လို့ နောင်တရစရာများ ရှိသလား။
ဖြေ ။    ။ နောင်တတော့ မရဘူး။ အင်္ဂလိပ်စကား အိမ်မှာပြောတဲ့ ကလေးတစ်ယောက်ကို တရုတ်စာ တရုတ်လိုသင်၊ တရုတ်လို ငါနဲ့တူအောင်လိုက်ဆို။ ဒါမျိုးဆိုတော့ ကလေးတွေက မသိဘူး။ နားရှုပ်ကုန်တာ။ သူတို့က တရုတ်ပြည်က ကျောင်းမှာ သင်သလို သင်ကြတာ။ နောက်ပိုင်း ဒီစနစ်ကို ငါပြောင်းပစ်ခဲ့ရတာ။ ငါကြားရတာက တချို့ကလေးမိဘတွေက သူတို့ကလေးတွေ တရုတ်စာသင်ရတာက လွတ်အောင် နိုင်ငံခြားကျောင်း သွားထားကြသတဲ့။

         ဒီနောက် Goh Yeng Seng နဲ့ ငါသွားတွေ့တယ်။ သူက တရုတ်အမျိုးသားပညာရေးဌာနမှာ အကြီးအကဲ၊ ဘာသာဗေဒနဲ့ ဒေါက်တာဘွဲ့ကိုလည်း အင်္ဂလန်က ရထားတာ။ သူလည်း ဒါတွေ လေ့လာတော့မယ်ဆိုတော့ အင်္ဂလိပ်စာ အရင်သင်ယူရတာ။ သူ့အင်္ဂလိပ်စာ လေ့လာတာကလည်း ငါ တရုတ်စာ လေ့လာခဲ့ရသလိုပဲ။ အင်္ဂလိပ်-တရုတ် အဘိဓာန်ကို သုံးရတယ်။ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်ကို သုံးလို့ကတော့ ဒီဟာ မသိလို့ ရှာတယ်။ ဟိုဟာပါ ထပ်မသိနဲ့ အချိန်တွေ အတော်ကုန်တာ။

         ငါ တရုတ်စာသင်တော့လည်း တရုတ်-အင်္ဂလိပ် အဘိဓာတ်ကိုသုံးခဲ့တာ။ ဒါကြောင့် အိမ်မှာ အင်္ဂလိပ်စကားပြောတဲ့ ကလေးတွေကို အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး တရုတ်စာသင်ဖို့ ဆုံးဖြတ်ခဲ့တာ။ အဲဒါအဆင်ပြေသွားတယ်။ အရင်ဆုံး ကျောင်းလေးကျောင်းမှာ စမ်းကြည့်တယ်။ ကလေး မိဘတွေဖက်ကနေ တိုးတက်မှုရှိကြောင်း သတင်းပို့ကြတယ်။ ဒါနဲ့ တရုတ်ဘွဲ့ရအဖွဲ့တွေကို အတိုက်အခံလုပ်ပြီး နောက်ထပ် ကျောင်းတွေမှာ ဆက်ပြီး ဒီစနစ်ကို ကျင့်သုံးခဲ့ကြတယ်။

         အခုအခြေအနေက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားပြီ။ ဆရာတွေကိုယ်တိုင်က ဘာသာစကားနှစ်ခုကို ကောင်းကောင်းပြောနိုင်ကြပြီ။ ဆရာကြီးတွေကို အစားထိုးလိုက်တဲ့ ဆရာငယ်လေးတွေဆိုရင် အင်္ဂလိပ်လို ကောင်းကောင်းတတ်ပြီ။ တရုတ်စာကို ထပ်ပြီး လေ့ကျင့်ပေးလိုက်တော့ ပြဿနာ လုံးဝမရှိတော့ဘူး။ ပြီးတော့ သင်မယ့်နှုန်းကိုလည်း လေ့လာရတယ်။ မော်ဂျူးတစ်ခု ထားရတယ်။ နောက်ဆုံးတော့ ဒီပြဿနာက ဖြေရှင်းနိုင်သွားတယ်။ ဒါပေမဲ့ ငါက ညံ့ခဲ့လို့ နှစ် (၄၀) လောက်တောင် ကြာခဲ့တယ်ကွ။

         ဘာတတ်နိုင်မှာလဲကွာ။ ဒီလောက်ကြီး အခက်အခဲတွေ၊ စိတ်ပျက်စိတ်ညစ်စရာတွေ ရင်ဆိုင်ရမယ်မှန်း သိခဲ့ရင် ငါလုပ်ချင်မှလည်း လုပ်ဖြစ်ခဲ့မှာပေါ့။ ဒါ ဘ၀ပဲလေ။ လေ့လာပြီးတဲ့နောက်မှ ပညာဆိုတာ ရလာတတ်တာပဲ။

 မေး ။   ။ တကယ်တမ်းဆိုရင် အဲဒီအချိန်တုန်းက အင်္ဂလိပ်ဘွဲ့ရ ကလေးမိဘတွေက တော်တော်ကို ဝေဖန်ခဲ့ကြတာ။ အဓိကအချက်ကတော့ သူတို့ကိုယ်တိုင်က တရုတ်စာကို စိတ်မ၀င်စားတာနဲ့ ကလေးတွေကိုလည်း တရုတ်စာသင်ဖို့ အားမပေးကြတာပါ။
ဖြေ ။    ။ တချို့တ၀က် မှန်ပါတယ်။ သူတို့ကိုယ်တိုင်ကကို စိတ်ဝင်စားမှု မရှိတာ။ ငါကိုယ်တိုင်လည်း ဒီလိုပဲ ကျောင်းမှာသင်၊ ကျောင်းကထွက်တော့မေ့ … ဖြစ်ဖူးတယ်။ အခု တရုတ်ပြည်က တတ်လာပြီ၊ တရုတ်စာ ကောင်းကောင်းတတ်ဖို့ သင့်ပြီ။ မင်းက ရှေ့နေလား၊ စာရင်းစစ်လား။ ဘာပဲဖြစ်ဖြစ် တရုတ်စကားပြောတတ်ရင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေက မင်းကို ငှားကြမယ်။ လစာကလည်း ကောင်း၊ အိမ်ကောင်းကောင်းလည်း ပေး၊ မင်းကလေးတွေအတွက် ပညာရေးကောင်းကောင်းလည်း ပေးထားတယ်။ ပိုက်ဆံ ပိုစုလို့ရ၊ အရင်ထက် ပိုက်ဆံပိုရှိတဲ့ လူအနေနဲ့ ပြန်လာ။ မင်း CV ကလည်း ပိုပြီး အထင်ကြီးစရာကောင်း၊ မင်းနဲ့ စကားပြောရင် သူတို့က တလေးတစား ပြောရတော့မယ်။ ကဲ အခုတော့ စိတ်မ၀င်စားမှုကိစ္စက ပြီးသွားပြီ။ သူတို့ စိတ်ဝင်စားလာကြပြီ။

 မေး ။   ။ တရုတ်ဘွဲ့ရ၊ အင်္ဂလိပ်ဘွဲ့ရ အုပ်စုနှစ်ခုရဲ့ ဘာသာစကား သင်ကြားမှု ပေါ်လစီနဲ့ ပတ်သက်လို့ ခြားနားချက်ကို မစ္စတာလီ ပြောပြခဲ့တယ်။ ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့ရတယ်။ သူတို့ရဲ့ ခြားနားချက်က ဘယ်လောက်ကြီးကျယ်သလဲ။
ဖြေ ။    ။ အေး … လူငယ်တွေမှာတော့ ဒီခြားနားချက်က နည်းနည်းပဲ ရှိတော့တယ်။ သူတို့က အင်္ဂလိပ်ကို ပထမဦးစားပေး၊ တရုတ်ကို ဒုတိယဘာသာအနေနဲ့ သင်ကြားခဲ့ကြရတာကိုး။ ငါ ဟနွိုင်းကိုရောက်တော့ စထရိတ်တိုင်း(မ်)က ငါ့သတင်းကိုယူဖို့ ပီကင်းက သတင်းထောက်ကို လွှတ်လိုက်တယ်။ အဲဒီကောင်မလေးက ကျောင်းမှာ တရုတ်စာကို ဒုတိယဘာသာအနေနဲ့ သင်ခဲ့ရတာ။ သူ့ CV ကိုကြည့်တော့ သူက လန်ဒန်က စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့တာ။ ငါတို့ သံအမတ်က ပြောတယ်။ သူ ပီကင်းမှာစပြီး အလုပ်လုပ်တော့ ဒုက္ခ တော်တော်ရောက်ခဲ့တယ်။ ခြောက်လလောက်လည်းကြာရော အဆင်ပြေသွားရောတဲ့။ ဒါနဲ့ ငါက ခြောက်လအတွင်း သူတို့ကို မီအောင် ဘယ်လိုလိုက်ခဲ့သလဲလို့ မေးတယ်။

         အိမ်မှာ တရုတ်စကားပြောလို့လို့ သူက ဖြေတယ်။ အရေးနဲ့ အဖတ်မှာတော့ သိပ်ပြီး အဆင့်မြင့်ကြီး ဟုတ်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမြဲတမ်း ပြောနေတော့ သူ့တရုတ်စကားက ချောနေတာပဲ။ အခု နှစ် နှစ်လောက်လည်းကြာရော တရုတ်တွေနဲ့ ဘာမှ ခွဲလို့ မရတော့ဘူး။

         အခု လိုအပ်တာက စီးပွားရေးလေကွာ။ ကဲ … နောက် စီးပွားရေးပါဝါတွေက ဘယ်မှာလဲ။ အမေရိက၊ ဂျပန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ ဆက်ဆံဖို့ အင်္ဂလိပ်စာ။ သူတို့ကို ငါက မစွန့်လွှတ်ဘူး။ သူတို့နဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး သဘောတူညီမှုက ရှိနေမှာပဲ။ အခု ငါတို့ စီးပွားရေးအတွက် အင်ဂျင်အသစ်တွေ ထပ်ပြီး တပ်ဆင်ရတော့မယ်။

         တရုတ်၊ အိန္ဒိယ၊ ပါရှားဒေသ (ပင်လယ်ကွေ့) နိုင်ငံတွေကွာ။ ငါတို့ဆီက တော်တဲ့ကလေးတွေ သူတို့နဲ့ ဆက်ဆံဖို့ အာရပ်စကားတောင် သင်ယူသင့်ပြီ။ ဒီမှာ အာရပ်ရပ်ကွက်လေးလည်း ရှိသင့်တယ်။ ဒါမှ သူတို့ သက်တောင့်သက်သာရှိမှာ။ အစကတည်းက စင်္ကာပူမှာ အာရပ်တွေ ရှိခဲ့တယ်။ ယီမင်က လာကြတဲ့လူတွေ၊ အာရပ်အမည်နဲ့လမ်းလည်း ဒီမှာရှိတယ်။ အာရပ်တွေအတွက် နေရာလေး ဒီမှာရှိရင် သူတို့နဲ့ ဆက်ဆံရတာ ပိုအဆင်ပြေမယ်။ သူတို့က အင်္ဂလိပ်စကားတတ်ပါတယ်။ ဒါပေမဲ့ အဲဒီကိုသွားပြီး စီးပွားရေးလုပ်မယ်ဆိုရင် အလုပ်သမားတွေကို ခြုံငုံမိအောင် အာရပ်စကားနည်းနည်းတော့ ပြောတတ်မှ ကောင်းမယ်။

         အိန္ဒိယနဲ့ ဆက်ဆံဖို့ တမီး(လ်) သင်တာကတော့ သိပ်အသုံးမကျလှဘူး။ ဒီဘာသာက တမီး(လ်) နာဒူးမှာပဲ ပြောကြတာ။ အိန္ဒိယဘာသာစကား သင်မယ်ဆိုရင် ဟိန္ဒီက အကောင်းဆုံး၊ သန်းသုံးလေးရာလောက် ဒီဘာသာနဲ့ စကားပြောလို့ရတယ်။ စီးပွားရေးလုပ်သူတိုင်းက အင်္ဂလိပ်လို ပြောတတ်တော့ ပြဿနာတော့ မရှိလှဘူး။ တရုတ်ပြည်က တရုတ်စကားမတတ်ရင် ဘာမှ လုပ်လို့မရဘူး။ သိပ်ပညာတတ်တဲ့ လူနည်းစုလေးပဲ အင်္ဂလိပ်လိုတတ်တာ။ အိုလံပစ်အတွက်ဆိုပြီး အခု လူတိုင်း အင်္ဂလိပ်စာတွေ သင်နေလိုက်ကြတာ။ ရနိုင်လှ ထမင်းစားရေသောက် စကားပေါ့ကွာ။

 မေး ။   ။ စင်္ကာပူမှာ တစ်ခုတည်းသော တရုတ်ဘာသာနဲ့ သင်ကြားပေးတဲ့ Nantah တက္ကသိုလ်ကို အင်္ဂလိပ်ဘာသာ ပြောင်းလဲပစ်လိုက်တော့ အဲဒီခေတ်က တရုတ်ဘွဲ့ရပုဂ္ဂိုလ်တွေ တော်တော် စိတ်မကောင်း ဖြစ်ကြရတယ်။ ဒီကိစ္စမျိုးကို ရှောင်လို့ ရနိုင်မယ့် နည်းများ မရှိနိုင်ဘူးလား။ အခုနေ တရုတ်ဘာသာစကားနဲ့ သင်မယ့် တက္ကသိုလ်တစ်ခုလောက် ရှိနေရင် ပို မကောင်းဘူးလား။


ဆက်ရန် -

ဇင်ဝေသော်

“မအိုမင်းတဲ့ ချစ်ခြင်းတရား”


Letter in the Wallet
By- Arnold Fine

           ဒီဝတ္တုတိုလေးကို ရီးဒါးဒိုင်ဂျက်(စ်)မှာ ၁၉၈၅- ခုက ဖော်ပြခဲ့တာလို့ဆိုပါတယ်။ အခု နိုဝင်ဘာ၊ ၂၀၁၂- မှာ အမှတ်တရ ပြန်လည်ဖော်ပြထားတာပါ။ ပထမဆုံးဖတ်တုန်းကတော့ သာမာန်ပါပဲ။ ပျင်းပျင်းရှိလို့ ဒုတိယအကြိမ်ပြန်ဖတ်လိုက်မိချိန်မှာတော့ ဟန်နာ့နဲ့ မိုက်ကယ်တို့ရဲ့ သစ္စာတရားက မဖြစ်မနေတိုက်တွန်းနေလို့ ဘာသာပြန်လိုက်မိပါတော့တယ်။ သူတို့သစ္စာကို မဖောက်ရဲလို့ လို့ပြောရမယ်ထင်ပါတယ်။
         
           အသည်းခိုက်အောင်ချမ်းတဲ့ မနက်ခင်းတစ်ခုမှာ ပိုက်ဆံအိတ်ကလေးတစ်ခုကို ခလုတ်တိုက်မိတယ်။ အိတ်ထဲမှာ အမည်၊ နေရပ်လိပ်စာလည်း မတွေ့ရဘူး။ အိတ်ထဲမှာပါတာက သုံးဒေါ်လာရယ် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဝါကျင့်ကျင့် စာလေးတစ်စောင်ရယ်ပါ။


           အဲဒီ စာအိတ်ပေါ်မှာ ပြန်ပို့ရမယ့် လိပ်စာကလွဲလို့ ဘာမှမတွေ့ရပြန်ဘူး။ ဒါနဲ့ စာအိတ်ကိုဖောက်ပြီး ဖတ်ကြည့်တော့ ဒီစာဟာ ၁၉၂၄- ခုက ရေးထားတာဆိုတော့ နှစ်ပေါင်းခြောက်ဆယ်နီးပါးတောင် ကြာနေပေါ့။ ပိုက်ဆံအိတ်ပိုင်ရှင်နဲ့ပတ်သက်တဲ့ သဲလွန်စလေးများ ရမလားဆိုပြီး စာကိုလည်း ထပ်တလဲလဲဖတ်ကြည့်နေမိတယ်။

           စာက တကယ်တော့ ရည်းစားစာပါ။ ဒီစာကို ဦးတည်ရေးထားခံရသူက မိုက်ကယ်ပါ။ သူမရဲ့ အမေက မိုက်ကယ်နဲ့တွေ့ခွင့်မပြုလို့ မတွေ့နိုင်တဲ့အကြောင်း ရေးထားတာပါ။ ဒါပေမယ့် မိုက်ကယ်ကိုတော့ အမြဲတမ်းဆက်ချစ်နေမယ်ဆိုတဲ့အကြောင်း ပြောပြထားတယ်။ စာရဲ့အောက်မှာ ဆိုင်းထိုးထားတဲ့နာမည်က ဟန်နာ့တဲ့။ စာကလေးကတော့ ချစ်စရာလေးပါ။ ဒါပေမယ့် ဒီစာပိုင်ရှင်ရဲ့ သဲလွန်စကိုလိုက်ရှာဖို့ မိုက်ကယ်ဆိုတာကလွဲလို့ ဘာမှ မရှိခဲ့ဘူး။ ဒါနဲ့ အင်ဖော်မေးရှင်းစင်တာကို သတင်းအစအနလေးများ ရလိုရငြား ဖုန်းကောက်ဆက်လိုက်မိတယ်။

           “အော်ပရေတာခင်ဗျား၊ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း မေတ္တာရပ်ခံစရာလေး ရှိနေလို့ပါ။ ကျွန်တော်ကောက်ရခဲ့တဲ့ ပိုက်ဆံအိတ်ရဲ့ ပိုင်ရှင်ကိုတွေ့ဖို့ ကျွန်တော်ကြိုးစားရှာဖွေနေတာပါ။ ဒီစာထဲမှာပါတဲ့ လိပ်စာရဲ့ဖုန်းနံပတ်လေးများ ပြောပြနိုင်မလားလို့ပါ။”

           အော်ပရေတာက ကျွန်တော့်ကို သူမရဲ့ စူပါဗိုက်ဆာလိုင်းဆီ လွှဲပေးလိုက်ပါတယ်။ သူမက ဖုန်းနံပါတ်ရှိကြောင်း ကျွန်တော့်ကိုတော့ အဲဒီဖုန်းနံပါတ်မပေးနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို သူမကပဲ ရှင်းပြပေးပြီး ဟိုဖက်က လက်ခံစကားပြောဆိုဖို့ သဘောတူရင် ကျွန်တော့်ဆီ ဖုန်းပြန်ခေါ်ပေးမယ်လို့ ပြောပါတယ်။ တစ်မိနစ်လောက်ကြာတဲ့အခါမှာတော့ ကျွန်တော့်ဆီ ဖုန်းပြန်ဝင်လာပါတယ်။ “အမျိုးသမီးက ရှင်နဲ့စကားပြောမယ်လို့ ပြောပါတယ်”။

           ဟန်နာ့ကို သိသလားလို့ အဲဒီအမျိုးသမီးကို ကျွန်တော်ကမေးတယ်။
           “သိတာပေါ့ရှင်၊ ကျွန်မတို့ ဒီအိမ်ကို ဟန်နာတို့မိသားစုဆီက ဝယ်ထားလိုက်တာပဲ။”
           “အခု သူတို့ ဘယ်မှာနေကြသလဲဆိုတာ ပြောပြပေးနိုင်မလားဗျာ”
           “ကြာတော့ ကြာပြီရှင့်၊ ဟန်နာက သူ့အမေကို လူကြီးဂေဟာကို ပို့လိုက်ရတယ်။ ဂေဟာကို ခေါ်ကြည့်မယ်ဆိုရင်တော့ ဟန်နာရဲ့ လက်ရှိလိပ်စာကို ရနိုင်လိမ့်မယ်လို့ထင်ပါတယ်။
          
သူမကပဲ လူကြီးဂေဟာရဲ့ ဖုန်းနံပါတ်ကိုပေးလို့ ကျွန်တော်ခေါ်ကြည့်တော့ ဟန်နာရဲ့မိခင်ဟာ ဂေဟာမှာပဲ ဆုံးပါးသွားတဲ့အကြောင်း ပြောပြပြန်ပါတယ်။ တဆက်တည်း သူမကပဲ ဟန်နာရှိနိုင်လောက်တဲ့ လိပ်စာတစ်ခုကို ကျွန်တော့်ကို ထပ်ပေးပြန်တယ်။ ကျွန်တော်ဖုန်းဆက်တော့ ဖုန်းဖြေတဲ့အမျိုးသမီးကပဲ အခုဟန်နာကိုယ်တိုင် လူကြီးဂေဟာမှာ ရှိနေတဲ့အကြောင်း ရှင်းပြပါတယ်။ ပြီးတော့ အဲဒီဂေဟာရဲ့ ဖုန်းနံပါတ်ကို ထပ်ပေးလို့ ဆက်ကြည့်တော့ ဖုန်းဖြေတဲ့အမျိုးသမီးက “ဟုတ်ပါတယ်ရှင်၊ ဟန်နာဟာ ကျွန်မတို့နဲ့အတူတူ ရှိနေပါတယ်” လို့ ဖြေလာပါတယ်။

           ကျွန်တော်များ ခဏဝင်တွေ့လို့ရမလားလို့ မေးမိတယ်။ ဟုတ်တယ်လေ၊ အချိန်က ည (၁၀) နာရီထိုးနေပြီ။ ဂေဟာရဲ့ ဒါရိုက်တာက ဟန်နာက အခုအချိန်ဆိုရင် အိပ်ပြီလား၊ တီဗွီကြည့်နေတုန်းပဲလား မသေချာဘူး။ ကံကောင်းလို့ မအိပ်သေးရင်တော့ တွေ့နိုင်ပါတယ်ပြောလို့ ကျွန်တော်လည်း ကံစမ်းလိုက်မိပါတယ်။ ဒါရိုက်တာနဲ့ အစောင့်က ဂေဟာရဲ့အပေါက်ကနေ ကျွန်တော့်ကိုစောင့်နေကြတယ်။ ပြီးတော့ ဂေဟာရဲ့ တတိယထပ်ကိုရောက်တော့ ကျွန်တော့်ကံ သိပ်မညံ့ကြောင်း တွေ့လိုက်ရတယ်။ ဟန်နာက တီဗွီကြည့်နေတုန်းပါ။
           ကျွန်တော်တို့ အခန်းထဲဝင်သွားတော့ မျက်နှာချိုချို၊ ငွေအိုရောင်ဆံပင်၊ ဖော်ရွေတဲ့မျက်လုံးနဲ့ ပြုံးနေတဲ့ဟန်နာ့ကို တွေ့ခဲ့ရတယ်။ ကျွန်တော်ကပဲ ကောက်ရခဲ့တဲ့ ပိုက်ဆံအိတ်နဲ့ စာအကြောင်းကိုရှင်းပြပြီး သူမကို ထုတ်ပြလိုက်တယ်။ စာကို သူမခဏ စူးစိုက်ပြီးကြည့်တယ်။ ပြီးတော့မှ သက်ပြင်းတစ်ချက်ချလိုက်ပြီး-

           “လူလေးရယ်၊ ဒီစာလေးဟာ မိုက်ကယ်နဲ့ အဒေါ်တို့ နောက်ဆုံးဆက်သွယ်ခဲ့ရတဲ့ စာလေးပါ”
           အဲဒီနောက် သူမက ဟိုးအဝေးကို ငေးကြည့်ရင်း-
           “သူ့ကို သိပ်ချစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက အဖွားက (၁၆) နှစ်ပဲ ရှိသေးတယ်လေ။ မေမေက သိပ်ငယ်သေးတယ်ဆိုပြီး အဖွားကို မိုက်ကယ်နဲ့ တွေ့ခွင့်မပေးတော့ဘူးလေ။ မင်းယုံမလားမသိဘူး။ မိုက်ကယ်က သိပ်ချောတာ။ ရုပ်ရှင်မင်းသား ရှောင်ကွန်နရီကျနေတာပဲ”

           ကျွန်တော်တို့ ပြိုင်တူရယ်မိကြသေးတယ်။ ဒီနောက်တော့ ဒါရိုက်တာက ကျွန်တော်တို့နှစ်ယောက်ကို ချန်ထားခဲ့ပြီး အပြင်ထွက်သွားခဲ့တယ်။
           “ဟုတ်တယ်ကွဲ့၊ မိုက်ကယ်ဂိုးစတိန်းဆိုတာ သူ့နာမည်ပဲ။ သူ့ကိုတွေ့ရင် ပြောပြပေးပါကွယ် ဟန်နာကချစ်နေဆဲ၊ မိုက်ကယ့်ကို သတိရနေဆဲပါ၊ အခုအချိန်အထိ အဖွားဘယ်သူ့ကိုမှ လက်မထပ်ခဲ့ပါဘူး” လို့။

           သူမရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ရီဝေနေတယ်။ မျက်ရည်တွေကြားကပဲ ရအောင်ပြုံးပြီး “မိုက်ကယ့်လောက် ချစ်ရမယ့်လူ အဘွားဘဝမှာ မရှိခဲ့ဘူး” လို့ ဆက်ပြောရှာတယ်။

           အတော်ကြာတော့မှ ဟန်နာ့ကို ကျေးဇူးတင်စကားပြော၊ နှုတ်ဆက်ပြီး စက်လှေကားနဲ့ ပထမထပ်ကို ဆင်းသွားမိတယ်။ တံခါးဝမှာ ကျွန်တော်ရပ်နေတော့ အစောင့်က “ဟန်နာက ဘာအကူအညီများ ပေးလိုက်နိုင်သလဲ” လို့ မေးတယ်။ လမ်းစတော့ရခဲ့ကြောင်း သူ့ကိုရှင်းပြပြီး ကျွန်တော့်အိတ်ထဲက ပိုက်ဆံအိတ်ကလေးကို သူ့ကိုထုတ်ပြမိတယ်။ ပြီးတော့ ဒီပိုက်ဆံအိတ်ပိုင်ရှင်ကိုတွေ့ဖို့ ဒီနေ့တစ်နေ့လုံး ကြိုးစားခဲ့ရပုံကိုလည်း သူ့ကိုရှင်းပြလိုက်တယ်။

           ပိုက်ဆံအိတ်ကိုလည်းမြင်လိုက်ရော အစောင့်က “ ကျွန်တော်သိပြီ၊ အိတ်ပိုင်ရှင်က မစ္စတာ ဂိုး(လ်) စတိန်းပဲ။ အဲဒါ သူအမြဲတမ်း သိမ်း၊ အမြဲတမ်း ကျပျောက်နေတတ်တဲ့ ပိုက်ဆံအိတ်ကလေးပဲ”
           “မစ္စတာ ဂိုး(လ်) စတိန်း ဆိုတာဘယ်သူလဲ”
           “ကျွန်တော်တို့ဂေဟာက သက်ကြီးရွယ်အိုတစ်ယောက်ပဲ။ ရှစ်ထပ်မှာနေတယ်။ သေချာပါတယ်၊ ဒါ သူ့ပိုက်ဆံအိတ်ပါ။ သူလမ်းလျှောက်ထွက်ရင်း ကျပျောက်ခဲ့တာဖြစ်မှာ”

           အစောင့်ကို ကျေးဇူးတင်စကားပြောပြီး ဒါရိုက်တာရုံးခန်းကို ကျွန်တော်ပြန်သွားတယ်။ အစောင့်ပြောသမျှတွေကို ဒါရိုက်တာကို ပြန်ပြောလိုက်တယ်။ ပြောပြီးတော့ သူမကိုယ်တိုင် ကျွန်တော်နဲ့အတူလိုက်လာပြီး ရှစ်ထပ်ကို ကျွန်တော်တို့ တက်သွားကြပြန်တယ်။
           “သူဧည့်ခန်းထဲမှာရှိနေတုန်းလို့ ထင်တာပဲ။ ညပိုင်းတွေမှာ သူစာကြည့်နေတတ်တယ်” လို့ နာ့စ်မလေးကပြောတယ်။
          
မီးလင်းနေတဲ့အခန်းထဲကို ကျွန်တော်တို့ဝင်လိုက်တော့ စာအုပ်ဖတ်နေတဲ့ လူကြီးတစ်ယောက်ကို တွေ့ရတယ်။ ဒါရိုက်တာက သူ့ကိုပဲ ပိုက်ဆံအိတ်များ ကျပျောက်ခဲ့သလားလို့မေးတော့ မိုက်ကယ်ဂိုးစတိန်းက သူ့အိတ်ထောင်ကို စမ်းကြည့်တယ်။ ဒီတော့မှ အဖြစ်မှန်ကိုသိပြီး “ဘုရား၊ ဘုရား ဟုတ်တယ်၊ ကျုပ်ပိုက်ဆံအိပ်ပျောက်နေတယ်” လို့ဖြေတယ်။

ပိုက်ဆံအိတ်ကိုလည်းတွေ့လိုက်ရော သူတော်တော် သက်တောင့်သက်သာ ဖြစ်သွားတဲ့ပုံပဲ။ “ ဟုတ်တယ်၊ ဒီနေ့ နေ့ခင်းပိုင်းက ကျပျောက်ခဲ့တာနေမှာ။ မင်းကို ဆုချရဦးမယ်” လို့ပြောတယ်။

           “မလိုပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်ဝန်ခံစရာရှိတယ်။ အိတ်ထဲကစာကို ကျွန်တော်ဖတ်လိုက်မိတယ်။ ဒါကလည်း ပိုက်ဆံအိတ်ပိုင်ရှင်ကို သိလိုတဲ့ဆန္ဒကြောင့်ပါ။ ခွင့်လွှတ်ပါဗျာ”
           သူ့မျက်နှာပေါ်က အပြုံးတွေ ရုတ်တရက် ပျောက်သွားတယ်။
           “မင်း စာကိုဖတ်လိုက်တယ်၊ ဟုတ်လား”
           “စာဖတ်မိရုံတင် မကပါဘူးဗျာ။ ဟန်နာဆိုတာ ဘယ်သူလဲဆိုတာတောင် ကျွန်တော်သိခဲ့ရပါတယ်”
           သူ့မျက်နှာက ပိုပြီး ဖြူရော်ရော်ဖြစ်သွားတယ်။
           “ဟန်နာ၊ မင်း ဟန်နာဘယ်မှာဆိုတာ သိတယ်၊ ဟုတ်လား။ သူနေကောင်းသလား။ အရင်တုန်းကလိုပဲ ချစ်စရာလေးပဲလား”
           သူ့ရဲ့ တလစပ်မေးခွန်းတွေကြားမှာ ကျွန်တော်နှုတ်ဆိတ်သွားမိတယ်။
           “ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါလားကွာ” မိုက်ကယ်က ထပ်ပြီးတောင်းဆိုတယ်။
           “သူမ နေကောင်းပါတယ်။ ပြီးတော့ ခင်ဗျားသိတဲ့အတိုင်းပဲ ဟန်နာက အမြဲတမ်းချစ်စရာလေးပါ”
           “သူဘယ်မှာလဲ၊ ငါ့ကို ပြောပြပါကွာ။ မနက်ဖြန် သူ့ကို ငါဖုန်းဆက်ချင်လို့” သူက ကျွန်တော့်လက်တွေကို ဆွဲယမ်းပြီး အားမလိုအားမရ ဆက်ပြောတယ်။
           “မင်းသိသလား။ သူ့စာရောက်တဲ့နေ့မှာ ငါ့ဘဝလည်း သေဆုံးခဲ့တယ်။ ဘယ်သူ့ကိုမှလည်း လက်ထပ်ချင်စိတ်မရှိဘူး။ သူ့ကို တစ်သက်လုံးချစ်နေမှာ”

           “မိုက်ကယ်၊ ကျွန်တော်နဲ့လိုက်ခဲ့” လို့ ကျွန်တော်က ပြောလိုက်တယ်။
           ကျွန်တော်တို့သုံးယောက် စက်လှေကားနဲ့ သုံးထပ်ကိုဆင်းသွားပြီး ဟန်နာရှိတဲ့အခန်းကို ဝင်သွားကြတယ်။ ဟန်နာက တီဗွီကြည့်နေတုန်းပါ။ ဒါရိုက်တာကပဲ သူမဆီလျှောက်သွားပြီး-
           “ဟန်နာ၊ ဒီအမျိုးသားကို သိသလား” လို့ ခပ်ဖွဖွ မေးတယ်။ မိုက်ကယ်က တံခါးပေါက်မှာ ရပ်လို့ပေါ့။
           သူမက မျက်မှန်ကိုပြင်တပ်ပြီး ခဏစိုက်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။
           “ဟန်နာ၊ အဲဒါ မိုက်ကယ်လေ၊ မိုက်ကယ်ဂိုးစတိန်းပေါ့။ သူ့ကို မှတ်မိတယ်မဟုတ်လား”

           “မိုက်ကယ်၊ ရှင်က မိုက်ကယ် ဟုတ်လား”
           မိုက်ကယ်က ဖြေးဖြေးချင်း သူမဆီလျှောက်သွားတယ်။ သူမကလည်း ထရပ်ပြီး သူတို့ ဖက်ထားကြတယ်။ သူတို့နှစ်ယောက် လက်ချင်းအတူတူတွဲ ဆိုဖာပေါ်ထိုင်ရင်း စကားတွေပြောကြတော့ ကျွန်တော်နဲ့ ဒါရိုက်တာလည်း အလိုက်တသိ အခန်းထဲက ထွက်လာခဲ့ကြတော့တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာလည်း မျက်ရည်တွေနဲ့ပါ။
          
           သုံးပတ်ကြာတော့ ဒါရိုက်တာက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။
           “လာမယ့် တနင်္ဂနွေနေ့မှာ လက်ထပ်ပွဲတစ်ခုကို တက်ရောက်ဖို့ အချိန်လေးများ ပေးနိုင်မလားလို့ပါ”
           ကျွန်တော့် အဖြေကိုတောင် မစောင့်တော့ပဲ-
           “ဟုတ်ပါတယ်၊ မိုက်ကယ်နဲ့ ဟန်နာတို့ရဲ့ လက်ထပ်ပွဲပါ” တဲ့။
           မဖြစ်မနေကို တက်ရမယ့် လက်ထပ်ပွဲပေါ့ဗျာ။ အဲဒီလက်ထပ်ပွဲကို ဂေဟာတစ်ခုလုံးကလူတွေ အားလုံးတက်ရောက်ကြတယ်။ ဟန်နာက သတို့သမီးဂါဝန်ရှည်နဲ့ သိပ်လှနေသလို မိုက်ကယ်ကလည်း နက်ပြာရောင် ကုတ်အင်္ကျီနဲ့ ထောင်ထောင်မောင်းမောင်း စမတ်ကျလှပါတယ်။ ဂေဟာက သူတို့နှစ်ယောက်အတွက် သီးသန့်ခန်းတစ်ခန်း စီစဉ်ပေးတယ်။ ၇၆- နှစ်ရှိ သတို့သမီးနဲ့ ၇၈-နှစ်ရှိ သတို့သားတို့ ဆယ်ကျော်သက်ကလေးတွေလို နုပျိုနေတာကိုများ မြင်ဖူးချင်ရင် သူတို့စုံတွဲကိုသာကြည့်ကြဖို့ အကြံပေးလိုက်ချင်ပါတော့တယ်။

           အနှစ် ၆၀- ကြာ ဝေးကွာနေတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဒီလိုပဲ လှလှပပ အဆုံးသတ်နိုင်ခဲ့တယ်။ တကယ့် ကြည်နူးစရာ…….။       ။


 ဇင်ဝေသော်