ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၁)


ဒီနေ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအရေအတွက် ဘယ်ေ လာက် များနေပြီလဲ။ ဒီအဖြေက ဘယ်သူ့ဆီမှာမှ တိတိကျကျ မရှိတာ သေ ချာတယ်။ စင်္ကာပူ တစ်မြို့တည်းမှာကိုပဲ မြန်မာ သံရုံးက ထုတ်ပြန်တဲ့ စာရင်း နဲ့ အမှန်တကယ်ရှိနေတဲ့ လူဦးရေက ဘယ်တော့မှ ထပ်တူကျနိုင်တာ မဟုတ် ပါဘူး။

အမေရိကရောက်သူ၊ ဥရောပရောက်သူ၊ ဩစတေးလျရောက်သူ၊ ဂျပန်၊ကိုရီး ယား၊ စင်္ကာပူစသည် ရောက်နေသူတွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘယ်လောက်ပဲ လားရာ နိုင်ငံတွေကွဲကွဲ သူတို့ ထွက်ခွါရာကတော့ မြန်မာ ဆိုတဲ့ တတိယနိုင်ငံ တစ်နိုင်ငံကပါ။ ဒီတော့ ပထမကမ္ဘာက တတိယနိုင်ငံ သားတွေပေါ့။
စင်္ကာပူမှာ ဒီနှစ် ပိုပြီး လစာတွေမြင့်လာရမယ်၊ ခရိုက်တီးရီးယာတွေ မြင့်လာ ရမယ်၊ လက်ရှိအလုပ်သမားတွေထဲက ဒီစံတွေကို မမီတဲ့ နိုင်ငံခြား အလုပ် သမားတွေ တစ်ဝက်လောက် လျှော့ချဖို့ စတင်နေကြပါပြီ။ ဒီမူနဲ့ ပတ်သက်လို့ စင်္ကာပူဟာ နိုင်ငံခြား အုပ်သမားတွေအပေါ် လိုတစ်မျိုး မလိုတစ်မျိုး ဆို တဲ့ ဝေဖန်သံတချို့လည်း ခံနေရတယ်၊ ဒါမှမဟုတ် ဒီလိုပြောလာနိုင်တယ် ဆို တဲ့ လိပ်ပြာ မလုံ့တလုံ ခံစားချက်ရှိလာနိုင်ပါတယ်။ ဒါနဲ့ပဲ စထရိတ်တိုင်းက သူတို့မူကို ကာကွယ်ဖို့ ဆောင်းပါးရှည်တစ်ပုဒ်ဖော်ပြလာတယ်။ သူတို့ ဆောင်းပါးကို ကိုးကားရင်း နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေရဲ့ ဘဝအစိတ်အပိုင်း တချို့ကို ထင်ဟပ်စေမယ့် ဒီဆောင်းပါးကို ရေးမိပါ တယ် ။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်လိုသူတွေအတွက်လည်း အင်ဖို ခပ်ပါးပါး ရနိုင်တာပေါ့။

နိုင်ငံခြားသားတွေ အများကြီး ရောက်လာမှာကို စိုးရိမ်တဲ့ နိုင်ငံတွေထဲမှာ စင်္ကာပူသာ ထီးထီးကြီး ရှိနေတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာ ရှိနေပါ တယ်။ ဒီဆောင်းပါးထဲမှာ ဗြိတိန်၊ ဩစတေးလျ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း နဲ့ အင်ဒိုနီးရှားတို့ ပါဝင်ပါတယ်။

ဒီအနေအထားကို ရောက်အောင် ဖန်တီးပေးတာကတော့ ကုမ္ပဏီတွေက အလုပ်သမားခ ဈေးချိုနိုင်သမျှ ချိုအောင် ရနိုင်ရေး ကြိုးစားချက်နဲ့ ကိုယ့်ပြည် သူပြည်သားတွေကို ဘယ်လို ကာကွယ်မလဲဆိုတဲ့ အစိုးရတွေရဲ့ တုန့်ပြန် ချက်တွေပါပဲ။ စိတ်ဝင်စားစရာ တော်တော် ကောင်းပါတယ်။ ကုမ္ပဏီက အမြတ်များများ ကျန်ချင်တယ်။ လုပ်အားခ လျော့ချချင်တယ်။ ဒီတော့ ဒီလုပ် အားဟာ ဖောရိန်းက လုပ်အားလား၊ ပြည်တွင်းကလုပ်အားလား ဆိုတာ စဉ်း စား မနေအားတော့ပါဘူး။ ဒါကို ထိန်းချုပ်ပေးနိုင်တာကတော့ အစိုးရပါပဲ။ အထူးသဖြင့် အလုပ်သမားရေးဝန်ကြီးဌာနရဲ့ တင်းကြပ်တဲ့ မူဝါဒပါပဲ။

၁။ ဗြိတိန်

ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ နိုင်ငံခြားသား အလုပ်သမား ဥပဒေနဲ့ ပတ်သက်လို့ ဗြိတိန်ဟာ တင်းကြပ်မှု အပြင်းထန်ဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ သူတို့ရဲ့ ဒီဥပဒေဟာ (၁၉၇၃) ခုနှစ်ကတည်းက ရှိနေခဲ့ပြီးသားပါ။ ဗြိတိန်နိုင်ငံထဲကို အလုပ်ယာယီနဲ့ ဝင်လာရင်း အပြီးနေထိုင်ဖို့ ကြိုးစားလာကြလိမ့်မယ် ဆိုတာ ကလည်း သိပ်မမှားနိုင်တဲ့ တွက်ကိန်းတစ်ခုလည်း ဖြစ်နေတယ် မဟုတ်လား။ ဒါ့ကြောင့်ပါ။

ဒီတော့ ပြည်ထဲရေး (Home Office) ဝန်ကြီးဌာနအောက်မှာ UK Border Agency ဆိုတာ ပေါ်ပေါက် လာခဲ့ရတာပါ။ ဒီအေဂျင်စီကပဲ အလုပ်သမား ခန့်အပ်ဖို့ လျှောက်လွှာတိုင်းကို စစ်ဆေး ကိုင်တွယ်ပါတော့တယ်။ သူတို့မူ အရ ၂၀၀၈ - ခုနှစ်ကစလို့ ဗီဇာအဆင့် (၅) မျိုး (Five tiers) ခွဲခြား သတ် မှတ်ထားခဲ့ပါတယ်။

နံပါတ် (၁) ဗီဇာအဆင့်ကတော့ အထူးချွန်းဆုံး၊ အတော်ဆုံးလို့ ဗြိတိသျ အစိုးရ ကလည်း ယုံကြည်၊ ကမ္ဘာကလည်း အသိအမှတ်ပြုခံထားရတဲ့ ပညာ ရှင်၊ သိပ္ပံပညာရှင်နဲ့ မီလျံနာသူဋ္ဌေးတွေပါ။ ဒီအုပ်စုကတော့ ဘာ စာရွက်စာ တန်း၊ ဘာအထောက်အထားမှ မလိုဘဲ အချိန်မရွေး ဗီဇာနံပါတ် (၁) ကို လျှောက်ထားနိုင်ပါတယ်။ ပျိုတိုင်းကြိုက် နှင်းဆီအုပ်စုပေါ့။

ဗီဇာအဆင့် (၂) နဲ့ (၃) ကတော့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေနဲ့ အ ထိုက် အလျှောက် အရည်အချင်းရှိတဲ့ အလုပ်သမားတွေအတွက် ရည်စူးပါ တယ်။ သူတို့ကတော့ အလုပ်လုပ်ခွင့် ပါမစ် မလျှောက်ခင်မှာ အလုပ်ရှင် ကုမ္ပဏီရဲ့ အလုပ်ကမ်းလှမ်းထားတဲ့ စာကို ပြသဖို့ လိုပါတယ်။

ဗီဇာ (၄) နဲ့ (၅) ကတော့ ဗြိတိသျမှာ ကျောင်းလာတက်တဲ့ ကျောင်း သားေ တွရယ်၊ အခြားကိစ္စမှာ အကြုံးဝင်သူတွေရယ်ကို ရည်ညွှန်းပါတယ်။ ဒီ ဗီဇာ လေးနဲ့ငါးဟာ အများအားဖြင့်တော့ ဗြိတိသျမှာ အလုပ်လုပ်ခွင့် (တရား ဝင်) မရကြပါဘူး။

ဗီဇာအဆင့် နှစ်နဲ့သုံးကတော့ အလုပ်လုပ်ဖို့ ရောက်လာကြတယ် ဆိုတာ ဗေ ဒင်မေးစရာ မလိုတော့ပါဘူး။ သူတို့နဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း အစိုးရက ကန့်သက်ချက် လူဦးရေ ထုတ်ပြန်ပေးတယ်။ လူဦးရေ မပြည့်ခင် ကိုယ် က လျှောက်တယ်ဆိုရင်တောင် ဗီဇာ ရ၊ မရတော့ တစ်ဦးချင်းစီရဲ့ ကံနဲ့ပဲ ဆိုင်နေပါတော့တယ်။

သူတို့ကို အလုပ်ခန့်မယ့် အလုပ်ရှင်တွေကလည်း နိုင်ငံခြားသားကို အလုပ် မခန့်မီမှာပဲ ဘော်ဒါအေဂျင်စီမှာ မှတ်ပုံအရင်တင်ပြီး ခွင့်ပြုချက်လည်း ရထား ပြီး ဖြစ်နေရပါမယ်။ ဒါက နှစ်စဉ် လုပ်ကို လုပ်ရမယ့် တာဝန်တစ်ခုပါ။ အဲ သလိုပဲ ဒီကုမ္ပဏီက နိုင်ငံခြားသား ဘယ်လောက် အလုပ်ခန့်ခွင့် ရှိတယ် ဆို တာကိုလည်း ဘော်ဒါအေဂျင်စီက နှစ်တိုင်း ကန့်သက် ထုတ်ပြန်ပေးပါတယ်။ ကန့်သက်ပေးထားတဲ့ ကိုယ်တာထဲမှာ ရှိနေတယ်ဆိုရင်တောင်မှ ဗီဇာ ရ၊ မရ ကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။

ဒါတင် မကသေးပါဘူး။ နိုင်ငံခြားသားကို ငှါးရမ်းမယ့် ကုမ္ပဏီတစ်ခုဟာ လို အပ်နေတဲ့ လက်ရှိ အလုပ်ရာထူးအတွက် ဗြိတိန်လူမျိုး (သို့) ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လူမျိုးတွေထဲမှာ ရှာလို့၊ ခန့်လို့ မရနိုင်ကြောင်း သက်ေ သ အထောက်အထားတွေနဲ့ ရှင်းပြကြရပါတယ်။

ဒီလို ကြိုးစားပြီး ဗြိတိန်လူမျိုး (သို့) ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လူမျိုးတွေထဲမှာ ရအောင်ရှာ ပါတယ်ဆိုတာ သက်သေပြဖို့ ပြည်တွင်း သတင်းစာ၊ အပြည်ပြည်ဆိုင်ရာ သတင်းစာ၊ ဝက်(ဘ်)ဆိုက်တွေမှာ အ လုပ်ကြေညာ ခေါ်ရပါတယ်။ အလုပ်ကြေညာခေါ်ပြီး အနည်းဆုံး တစ် ပတ် စောင့်ရတယ်။ အလုပ်လာလျောက်သူတွေနဲ့ အင်တာဗျူးတွေကိုလည်း ရက်ကော့ဒ် လုပ်ထားရတယ်။ ဒါတွေရှိတော့မှ နိုင်ငံခြားသားကို မခန့် မဖြစ်တော့တာကြောင့် ခန့်လိုက်ရပါတယ်လို့ ရှင်းပြလို့ ရတယ်။

သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့ ဗြိတိန်လူမျိုးတွေကို အမှန် တ ကယ်ပဲ ခန့်အပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို အတည်ပြု၊ ဆုံးဖြတ်ဖို့ကတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိနဲ့ပဲ သက်ဆိုင်ပါတယ်။

တရုတ်ဒိုင်ယာလက်စကား ပြောတတ်သူကို လိုအပ်နေလို့ ခန့်ရတာစတဲ့ ဆင်ခြေမျိုးတွေနဲ့ အလုပ် မဖြစ်နိုင်သလို ဈေးချိုလို့ ငှါးရမ်းတာမျိုး မဖြစ် ရေ အာင်လည်း တားမြစ်ထားပါတယ်။ လူတစ်ယောက်ရဲ့ ဝင်ငွေဟာ တစ်နာရီ မှာ အနည်းဆုံး (၆း၁၉) ပေါင် ရှိနေရပါမယ်။

ဘယ်လိုပဲ ဥပဒေနဲ့ တားတား၊ တချို့ လစ်ဟာတာမျိုးလည်း ရှိနေတတ်ပါ တယ်။ အထူးသဖြင့် ဗြိတိသျတက္ကသိုလ်တွေက ဘွဲ့ရတဲ့ ကျောင်းသားတွေ ဆိုရင် ဗီဇာသက်ညှာခွင့် ပြုထားလေတော့ တချို့ အလုပ်လုပ်ရင်း အမြဲနေ သွားတတ်တာတွေလည်း ရှိနေတတ်ပါတယ်။

အလားတူပါပဲ။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေက ဗြိ တိန်မှာ ရှိနေရင် သူတို့ အလုပ်သမားတွေကို အခြားနိုင်ငံမှာ ရှိတဲ့ ဌာနခွဲတွေ ကနေ ပြောင်းလွှဲပေးနိုင်ပါတယ်။ ဒါပေမဲ့ ယာယီသာ ခွင့်ပြုတာမျိုး ဖြစ်သလို သက်မှတ်ထားတဲ့ ကိုယ်တာလည်း ရှိနေမှပါ။

ဒီစစ်စတန်ကို ကုမ္ပဏီတွေကတော့ သဘောမတွေ့ကြလို့ တော်တော် ကျယ် ကျယ်လောင်လောင် ဝေဖန်နေကြပါတယ်။ အခြားဌာနက အရာရှိတွေကို ဗြိတိန်မှာ တာဝန်ပြောင်းပေးဖို့ ဗီဇာလျှောက်ထားရတဲ့ အချိန်က လပေါင်း များစွာ ချီပြီး ကြာနေတာပဲ။ ဒါသာ ဖြစ်တယ်၊ ဒီနည်းလမ်းက အကုန်အကျ နည်းလှတယ်တော့ မဟုတ်ဘူး။ ဗီဇာအဆင့်နှစ် အလုပ်သမားတစ်ယောက် ကို ငှါးရမ်းဖို့ လယ်ဗီးကတင် ပေါင် တစ်ထောင်ပါ။

ဒါသာ ဖြစ်တယ်၊ အစိုးရမှာလည်း လူထုရဲ့ ဝေဖန်မှုတွေကနေ လွတ်နေ တာတော့ မဟုတ်ပြန်ပါဘူး။ အစိုးရရဲ့ မူဝါဒဟာ နိုင်ငံခြား အလုပ်သမားတွေ ဝင်မလာနိုင်အောင် မတားမြစ်နိုင်ဘူးလို့ လူထုက ယုံကြည်ကြလို့ပါ။

သူတို့ပြောတဲ့ နိုင်ငံခြား အလုပ်သမားဆိုတဲ့ အထဲမှာ ဗြိတိသျလူမျိုးတွေနဲ့ ဥရောပသမဂ္ဂ (၂၆) နိုင်ငံက လူမျိုးတွေ မပါဝင်ပါဘူး။ သူတို့ကတော့ လာချင် ရင်လာ၊ အလုပ်လုပ်ချင်ရင်လုပ်၊ ပြဿနာ မရှိပါဘူး။
(ဆက်ရန်)


ဇင်ဝေသော် 

လက်တွေ့ သုတေသန


အမ ။ ။ ဟဲ့ မောင်လေး၊ နင်က ဘာဖြစ်လို့ မျက်နှာ ပုဝါကြီးစည်းထားရ တာလဲ။

မောင်။ ။ မျက်စေ့နှစ်လုံး အမြင် မရရင် အနံ့ခံတဲ့ အာရုံမှာ ပိုပြီးစူးရှတယ်ဆို လို့ စမ်းသပ်ကြည့်တာလေ။ တကယ်မှန်တယ်၊ အဝေးက အနံ့တွေကို ငါ ကောင်းကောင်း ရနေတယ်။ မျက်လုံး မစည်းခင်က ဒီ အနံ့တွေကို မရခဲ့ဘူး။

အမ ။ ။ အခု နင်က ဘာအနံ့တွေ ရနေလို့လဲ။

မောင် ။ ။ မီးဖိုထဲမှာ မေမေချက်နေတဲ့ ဟင်းနံ့တွေ၊ ကြက်သွန်နံ့၊ သစ်သီးနံ့၊ ဘာအနံ့လို့ ခွဲခြားပြောလို့ မရတဲ့ အနံ့မျိုးစုံကို ငါ ရနေတယ်။

အမ ။ ။ မှန်း စမ်း...၊ ရမှာပေါ့၊ နင့်မျက်လုံးကို စည်းထားတဲ့အဝတ်က ငါ လျှော်မလို့ထားတာ မလျှော်ဖြစ်သေးတဲ့ လက်သုပ်ပုဝါကြီး ဟဲ့။


ဇင်ဝေသော်

တန်ရာ တန်ကြေး (အထူးကုဆရာဝန်ကြီး တစ်ယောက်ရဲ့ မိဘမေတ္တာဖွဲ့ အက်ဆေး)


Grief hurts but heals too
By Dr. James Low


" ချစ်ခြင်းတရားရဲ့လျော်ကြေးက လမ်းခွဲ ၀မ်းနည်း ပူဆွေးရခြင်းဆိုရင်တောင် အရဲစွန့်ပြီးချစ်သင့်ပါတယ်။ ဒါဟာ ချစ်ရမယ့်သူလည်းမရှိ ၀မ်းနည်းစရာ လည်း မလိုတဲ့ အနေအထားထက်အများကြီးသာပါတယ်"

ဒီနှစ်ထဲမှာ သက်ကြီးရွယ်အိုတွေ ၊ နေ့လား ညလား မသိရတဲ့ လူနာတွေကို အမြဲတမ်းကုသမှုပေးနေရတော့ ဘ၀နဲ့ဆိုင်တဲ့ အမြင်တွေလည်းတော်တော် ရမိတယ်။ နေ့လား ညလား မသိရ ၊ တဖြည်းဖြည်းနဲ့ သေခြင်းတရားဆီ ချဉ်း ကပ်နေတဲ့ မိမိတို့ ကျေးဇူးရှင်မိခင် (သို့) ဖခင် တို့ကို ထိုင်ရင်း ကြည့်နေကြ ရတဲ့ မိသားစုဝင်တွေရဲ့စိတ်ခံစားချက်တွေကိုလည်း နားလည်စ ပြုလာတယ်။
ဒီလိုအဖြစ်တွေ ဒီလောက်ကြုံတွေ့နေရတာတောင် ကျနော့်ကိုယ်ပိုင်ဖခင်ကြီး ဆုံးပါးခဲ့ရင် ဘယ်လိုလဲ ဆိုတဲ့ စိတ်ဓါတ်ပြင်ဆင်မှု လုပ်မထားနိုင်ခဲ့ဘူး။

ဝမ်းနည်းကြေကွဲမှုတွေဟာ တစ်ခုခုဆုံးရှုံးရာကနေ အစပြုတယ်ဆိုတာသာ မှန်ခဲ့ရင် ကျနော့်ဝမ်းနည်းမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စတင်ခဲ့စရာပါ။ အဲဒီကတည်းက ဟောလီဒေးရက်တိုခရီးထွက်ရင်း ကျနော့်ဖခင်ကြီး ဟာ လေဖြတ်တဲ့ ရောဂါခံစားလိုက်ရပြီး စကားမပြောနိုင် ၊ လမ်းမလျှောက်နို င် ၊ စားလည်းမစားနိုင်ရှာတော့ဘူး ။ အတိုဆုံးစကားနဲ့ပြောရရင် ကျနော့်ဖ ခင်ကြီးဟာ လူရာမ၀င်တော့ပါဘူး ။
အစာကိုပိုက်ကနေတစ်ဆင့် သွင်းယူရတယ်၊ ဆီးကိုလည်း ပိုက်ကနေတဆင့် သွားရတယ်။ သူ့ရဲ့နေ့စဉ်သာမန်လုပ်ငန်းလေးတွေဟာ သူတစ်ပါးအကူ အညီမပါဘဲ ဘာဆိုဘာမှ လုပ်လို့မရတော့ပါဘူး။ ဘယ်တော့မှ ပြန်ကောင်း လာတော့ မှာ မဟုတ်ဘူးဆိုတာသိလိုက်ရပြီး ဖခင်ကြီးရဲ့ ဘ၀အစိတ်အပိုင်း ကြီးတချို့ကို ဆုံးရှုံးလိုက်ရပြီဆိုတာလည်း ခံစားလိုက်ရပြန်ပါတယ်။ သူ့စ ကားပြောသံကို ဘယ်တော့မှ ကြားရမှာ မဟုတ်တော့ဘူး ၊ သူနဲ့ထမင်းလက် ဆုံစားခွင့် ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူးဆိုတာ အတိအကျ သိ ထားပေမယ့် ပြန်ရလေနိုးဆိုတဲ့ မျှော်လင့်ချက်က ကုန်မသွားခဲ့ပါဘူး ။

အကြီးအကျယ်ဆုံးရှုံးမှုတစ်ခုဟာ တစ်နေ့နေ့မှာ မလွဲမသွေ ကြုံတွေ့လာ ရတော့မယ်ဆိုတဲ့ အသိနဲ့အတူ ဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ကြို တင်ပြင်ဆင်မှုလည်း ကြိုးစားတော့ ထားခဲ့မိပါတယ်။ ဒီအခါမှာ ကြေကွဲဝမ်း နည်းမှုရဲ့ အဓိပ္ပါယ်ကိုလည်း သိလာသလိုလို ရှိလာခဲ့ပါတယ်။ ဒါဆို ဒီလိုကြေ ကွဲဝမ်းနည်းမှုဟာ တစ်ယောက်ယောက်ကို အချစ်ကြီးချစ်မိလို့ ဖြစ်လာရတာ လား ။
ဆရာဝန်တစ်ယောက်အနေနဲ့ မကြောင့်မကျ နေနိုင်တဲ့ ဒီဘ၀ကိုရောက်ေ အာင် ပြုစု ပျိုးထောင်ပေးခဲ့သူတွေဟာ ကျနော့်မိဘနှစ်ပါး မဟုတ်လား ။ သူတို့ကိုတော့ ကျနော်ချစ်သင့်တာပေါ့။ သူတို့ကို ချစ်မိလို့ ဒီလိုကြေကွဲ ပူဆွေး ရတယ်ဆိုရင်လည်း ထိုက်တန်တယ်လို့ပဲ ပြောရမှာပါ။ သူတို့ကျနော့် ကိုပေးခဲ့တဲ့ မိဘတို့ချစ်ခြင်းမေတ္တာတွေ ၊ ငယ်စဉ်တောင်ကျေး ကလေးဘ၀ တည်းက ပြုစုစောင့်ရှောက်ခဲ့ရတာတွေဟာ မနည်းလှပါဘူး ။
ဒါနဲ့တိုတိုပဲ ကောက်ချက်ချလိုက်မိတယ်။ ချစ်ခြင်းတရားရဲ့လျော်ကြေးက လမ်းခွဲ ၀မ်းနည်း ပူဆွေးရခြင်းဆိုရင်တောင် အရဲစွန့်ပြီးချစ်သင့်ပါတယ်။ ဒါဟာ ချစ်ရမယ့်သူလည်းမရှိ ၀မ်းနည်းစရာလည်း မလိုတဲ့ အနေအထား ထက် အများကြီးသာပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လေးကတင်ပဲ လေဖြတ်တာ အပြင် တော်တော်ဆိုး ရွားတဲ့ ကင်ဆာပါထပ်ဖြစ်လာခဲ့ပါတော့တယ် ။ ရောဂါသိခဲ့ရပြီးတဲ့နောက် သုံး ပတ်အတွင်းမှာပဲ သေခြင်းတရားဟာ ကျနော့်ဖခင်ကြီးဆီ မြန်မြန် ဆန်ဆန် ပဲ ရောက်လာခဲ့ပါတော့တယ် ။ ဒီအတွက် ကျနော့်ကိုယ်ကျနော် ပြင်ဆင် ခဲ့ပြီးပြီလို့ ထင်ထားခဲ့ပေမယ့် တကယ်တော့ အဆင်သင့်ဖြစ်မနေခဲ့ပါဘူး ။
အသက်မရှိ ၊ အေးစက်နေပြီဖြစ်တဲ့ ဖခင်ကြီးရဲ့ရုပ်အလောင်းကို လွန်ခဲ့တဲ့ ဩဂုတ်လက နောက်ဆုံးကျနော် ကိုင်တွယ်ခွင့်ရခဲ့တာပါ။ အခေါင်းထဲမှာ ရှိနေတဲ့ ရုပ်အလောင်းဟာ ငါ့ဖခင်မဟုတ်တော့ဘူး ၊ အနှစ်မရှိတဲ့ အနတ္တ ရုပ် ကြွင်းတစ်ခုသာပဲလို့ ကျနော့်ကိုယ်ကျနော် ထပ်တလဲလဲသတိပေးနေခဲ့တယ် ။ မရပါဘူး ။

ဝမ်းနည်းမှု ၊ ဒေါသဖြစ်မှု ၊ မယုံကြည်နိုင်မှု ၊ ကြောက်ရွံ့မှု ၊ နောင်တ စတာတွေဟာ စိတ်ထဲမှာ အထိန်းအကွပ်မဲ့လျက်ပါ။
ဒီခံစားမှုတွေအားလုံးထဲမှာ တစ်ခုက “ ငါ အဖေ့အတွက် အကောင်းဆုံး လုပ်ကော ပေးနိုင်ခဲ့ရဲ့လား ၊ ဒီလောက်ကြီးမြန်မယ်မှန်း သိရင် သူ့အတွက် ဒီထက် အချိန်ပိုမပေးသင့်ခဲ့ဘူးလား ” ဆိုတဲ့ နောင်တ အတွေးပါပဲ။

ဈာပနအခမ်းအနားနဲ့ ဘာသာရေးကျင့်ဝတ်ထုံးစံတွေက ကျနော့်ကို သက် သာမှုရစေခဲ့ပါတယ်။ တကယ်တမ်း ၀မ်းနည်းပူဆွေးနေရချိန်မှာ ဒါတွေဟာ အရေးပါလှသလို အရှိတရားကို လက်ခံတတ်ဖို့အတွက်လည်း ဒါတွေ လို အပ်ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ သေခြင်းတရားဟာ မြဲတဲ့တရား ဆိုတာ အစပြုလက်ခံလာနိုင်ခဲ့ပါတော့တယ် ။ ဒီသဘောတရားကို လက်ခံ လိုက်ခြင်းဟာ ကျနော့်စိတ်ကို ကုစားဖို့ လမ်းစလည်း ဖြစ်နေပါတယ် ။
ဈာပနအခမ်းအနားအနားမှာ အဖေ့မိတ်ဆွေ အသစ်အဟောင်းတွေရော ၊ ကျနော့်မိတ်ဆွေ အသစ်အဟောင်းတွေပါတက်ရောက်လာကြတော့ စည် စည် ကားကားပါပဲ ၊ ဒါကသည်ပင် ဖေဖေဟာ လူချစ်လူခင်ဘယ်လောက်များ တယ်ဆိုတာ ပြသရာရောက်သလို ပတ်ဝန်းကျင်ရဲ့အားပေးမှုကြောင့် မိသား စုဟာ အထီးကျန် မဆန်လှဘူးဆိုတာ သိခဲ့ရပြန်ပါတယ်။

အံ့ဩစရာပါပဲ ၊ ဒီရက်တွေအတွင်း ကျနော့်စိတ်ထဲခံစားနေရတာတွေ မမျှော် လင့်ဘဲ လျော့ပါးသွားတာတွေ့ရပါတယ်။ ဒါပေမယ့် အဖေ နေခဲ့တဲ့ အခန်း ၊ အဖေထိုင်တတ်တဲ့ ထိုင်ခုံ ၊ အဖေပြောခဲ့တဲ့ စကားတွေကို ပြန်ကြားမိ တိုင်းတော့ မျက်ရည်စို့လျက်ပါပဲ ။ သေဆုံးသူတွေကို သတိရနေခြင်းဟာ အဓိပ္ပါယ်မဲ့ အချိန်ကို နောက်ပြန်ဆွဲနေခြင်းပဲလို့လို့လည်း တချို့ကပြောကြပါ တယ်။ အဖေ အသုံးပြုခဲ့တဲ့ ပစ္စည်း ပစ္စယတွေကို ရှင်းလင်းပေးရတာက လည်း တော်တော်နာကျင်စရာကောင်းပါတယ်။ ဒါက မလုပ်လို့လည်း မရပါ ဘူး ။ တကယ်လက်တွေ့ဘ၀မှာက အဖေမပါတော့တဲ့ ကျနော်တို့မိသားစု ခရီးကို ကျနော်တို့ကိုယ်တိုင် ခရီးဆက်ကြရတော့မှာမဟုတ်လား ။
အဖေနဲ့ပတ်သက်တာတွေအားလုံးဟာ ပန်းအိုးကွဲ တစ်ခုလိုပါဘဲ ။ ကွဲနေတဲ့ ပန်းအိုးကို ပြန်ဆက်ကြရာမှာ ပုံမှန်အရင်လိုတော့ ဘယ်ဖြစ်နိုင်ပါတော့မလဲ ။ ဒါပေမယ့် အရင်လိုမဟုတ်တဲ့ ပန်းအိုးကွဲ အစအနတွေကိုပဲ အမြတ် တနိုး နဲ့ နှလုံးသားထဲမှာ သိမ်းဆည်းထားလို့ ရနိုင်ပါတယ်။

တကယ်တမ်းပြန်စဉ်းစားကြည့်တော့လည်း အဖေဟာ ၈၈-နှစ် အရွယ် အ ထိ ကောင်းကောင်းမွန်မွန် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒီမှာရှိကြတဲ့ သက် ကြီးရွယ်အိုတွေအားလုံးလိုပါပဲ ကျနော့်အဖေဟာ မိဘမဲ့ ကလေး တစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရတယ်။ သူ့မှာတီဘီရောဂါ ရခဲ့ တယ် ။
ဘ၀နဲ့ပတ်သက်လို့ကျနော်တို့တွေးယူသင့်တာက ဘာတွေဆုံးရှုံးခဲ့ရပြီလဲ ဆိုတာထက် ဘာတွေရလိုက်သလဲ ဆိုတာမျိုးပါ။ ကျနော်ပြန်ရလိုက်တာ ကတော့ အဖေဆုံးပါးသွားတဲ့နောက် ငါတို့လည်း ဒီလမ်းကိုလိုက်ရမှာပဲ ဆို တဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို ထပ်တလဲလဲ သတိပေးနေမိခြင်းပဲဖြစ်ပါတယ် ။ ပြီးတော့ ကျနော်တို့ရဲ့လက်ရှိဘ၀နဲ့ စိတ်ဓါတ်ရင့်ကျက်မှုကျင့်စဉ်တွေကို အမှတ်ရစေတယ်။

ဖခင်ကြီးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ်တော့ အရိုးတွေ ၊ ပြာစတွေ ၊ အမှုန် အမွှားတွေပဲ ကျန်ခဲ့တော့တယ် ။
ဒါတွေသည်ပင် ဘ၀တစ်ခုလုံးရဲ့ ရုပ်ကြွင်း လား ၊
သေဆုံးသူရဲ့ ရပိုင်ခွင့်က ဒါပဲလား ?
မဟုတ်ပါဘူး ။ ကျနော်တို့ရနိုင်တာက လူ့ဘ၀နဲ့ဆိုင်တဲ့လေးနက်တဲ့ အသိ ပါ။ ဒီအသိကြောင့် ပတ်ဝန်းကျင်ကို ကျနော်တို့ပိုပြီးချစ်မြတ်နိုးလာနိုင်တယ် ။ ဒိထက်ပိုပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ဘ၀ရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာကိုတောင် လေ့လာသုံးသပ်ခွင့်ရလိုက်ပါတယ်။
ဒီကြေကွဲ ၀မ်းနည်းရမှုကို အခြေခံပြီး ကျနော်တို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် အတွက် အပြုသဘောဆောင်တဲ့ ကုသိုလ်စိတ်တွေတောင်ရလာနိုင်ပါတယ် ။

တချို့ကြီးကျယ်မြင့်မြတ်မှုလုပ်ငန်းကြီးတွေဟာ နက်နက်နဲနဲကြီး ခံစား လိုက် ရပြီးတဲ့နောက်မှ ဖြစ်လာတတ်တဲ့ သဘောလည်းရှိပါတယ်။
ဒီအတွေးတွေကြောင့် ပူပြင်းလှတဲ့စိတ်ဟာ ငြိမ်းချမ်းစပြုလာတယ်။ အချိန်က ကုစားပေးတာပါ။ ဒါပေမယ့် စိတ်ရှည်မှု ၊ ယုံကြည်မှု ၊ မျှော်လင့်ချက် ချစ်ခြင်းမေတ္တာတရားတွေရဲ့ အကူအညီတော့ လိုတာပေါ့ ။
ဒီလိုနဲ့ ကျနော့်ဖခင်ကြီးရဲ့ ကြီးမားတဲ့ကျေးဇူးတရားတွေကို အောက်မေ့လိုက် မိတိုင်း ၀မ်းနည်းမိရတာတွေ ၊ မျက်ရည်ကျရတာတွေဟာ ကျနော်နဲ့ ဝေး လာခဲ့တယ်။

ရုပ်ဝတ္ထုအားဖြင့် အဖေဟာမရှိတော့ဘူး ။ ဒါပေမယ့် ကျနော့် နှလုံးသား တစ်နေရာမှာတော့ အဖေဟာကွယ်ပျောက်သွားမှာ မဟုတ်တော့ဘူး ။ ဒါဟာ စိတ်ခံစားမှုပါ ။ ဒီခံစားမှုမှာ အချိန်နဲ့နေရာဆိုတာ မရှိပါဘူး။ မှန်ချင်မှတော့ မှန်မှာပေါ့ဗျာ၊ ကျနော့်ရဲ့ ၀မ်းနည်းမျက်ရည်တွေဟာ ကျနော်နဲ့ ကျနော့်အဖေ တို့ဆက်ဆံရေးအတွက် အဆုံးသတ်မရှိတဲ့ ချစ်ခြင်းတရားကို ဖွဲ့ချည်ပေးခဲ့ တယ် လို့ ခံစားနေရပါတယ်။


 ဇင်ဝေသော်

ဖုန်းချင်းပဲ ငြိနေကြသလား


ကျနော်မရှိချိန်မှာများ တယ်လီဖုန်းလာခဲ့ရင် မလွဲအောင်လို့ဆိုပြီး အော်တို မက်တစ် ဖုန်းဖြေတဲ့စက်ကလေး တပ်ဆင်ထားလိုက်မိတယ်။ ဒီတော့မှ နည်း ပညာက ဘယ်လောက် ရှေ့ရောက်နေတယ်ဆိုတာ သိရတော့တယ်။ ဟိုဖက် က ခေါ်တာကလည်း စက်ပဲ ဖြစ်နေတယ်လေ။
ဒါနဲ့ စိတ်ဝင်စားလို့ လေ့လာကြည့်တော့ ကျနော့်ဆီခေါ်ရင် ကျနော့်စက်က အလုပ်နဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေ တန်းပြောပြပြီး မက်ဆေ့ ချန်ထားခဲ့ ဖို့ပြောတယ်။ ဟိုဖက်ကက်ကလည်း အဲသလိုပဲ မက်ဆေ့ချန်ထားခဲ့ဖို့ပြောပြီး တစ်စက်နဲ့ တစ်စက် ဆစ်ဂနယ်တွေပေးပြီး ခဏစောင့်ကြတယ်။ ပြီးတော့ ဘာမက်ဆေ့မှ ချန်မထားကြဘူး။
ခဏနေတော့ ဟိုဖက် ဖုန်းက ကျနော် မဖြေတာထင်ပြီး ထပ်ထပ် ခေါ်တယ်။ ကျနော်တော့ အသလိုပဲထင်တယ်။ ကျနော့်စက်ကလည်း ဖုန်းဝင်လာတိုင်း ဒီအတိုင်းပဲ ဆက်ဆံတယ်။ မက်ဆေ့ ချန်ထားခဲ့ဖို့ပဲ ပြောတယ်။ အကြိမ်ပေါင်း မနည်းလှဘူး။

ဒါမှမဟုတ် အော်တိုမက်တစ်စက်ချင်းများ တစ်စက်ကိုတစ်စက် သာယာနေ ကြသလားမသိဘူး။ ဒီလိုလေ ကျနော့်ဖုန်းထဲက အသံက အမျိုးသားအသံ၊ ဟိုဖက်က အမျိုးသမီးအသံ။ ဒီခေတ် နည်းပညာက ပြောလို့ရတာ မဟုတ်ဘူး ။ လူနဲ့ တော်တော်တူနေပြီ။

( Bruce Peasley )


 ဇင်ဝေသော်

လူစိမ်းမှ လူရင်းသို့ ( ၇း ၄ )


" တကယ်လို့ သစ္စာရှိမှု၊ မိသားစုအနှောင်အဖွဲ့၊ စစ်မှုထမ်းစဉ်က ရဲဘော် ရဲ ဘက်စိတ်၊ ကျောင်းတက်စဉ်က သူငယ်ချင်းစိတ် … တွေရောလို့ မေးရင် … မှန်ပါတယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ အခွင့်အရေးမရှိရင်တော့ အရည်အချင်း ရှိတဲ့ကောင်က ပြန်မလာပါဘူး" (လီကွမ်းယု)

မေး ။ ။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတာ က နိုင်ငံရပ်ခြားကို အပြီးထွက်သွားပြီး နေထိုင်ခြင်းပဲ။ ဒီပြဿနာက မစ္စတာ လီ ၀န်ကြီးချုပ်ဘ၀ကတည်းက ရင်ဆိုင်ခဲ့ရတာ။ အခုလည်း ရင်ဆိုင်နေကြရ တုန်းပဲ။ အခု ပိုပြီး ဂလိုဘယ်လိုက်ဇ်ဖြစ်လာတဲ့ ကမ္ဘာမှာ ဒီပြဿနာကို ဘယ် လို အဖြေရှာနိုင်မလဲ။
ဖြေ ။ ။ ဒါက ဂလိုဘယ်ဖြစ်နေတော့ ဒီရေစီးကို ငါတို့လည်း ရပ်တန့်နိုင်မယ် မထင်ဘူး။ ငါတို့ကျောင်းသားလေးတွေ နိုင်ငံရပ်ခြားကို ထွက်သွားတဲ့အခါ ဒီ မှာအမြစ်တွယ်ရစ်အောင် တို့ဘာလုပ်ကြမလဲ။ နိုင်ငံခြားမှာ သူတို့ရနိုင်တဲ့ အ လုပ်အကိုင်နဲ့ အခွင့်အရေးပဲ။ ဒါဆို သူတို့ပြန်လာကြမှာ။ ဘယ်အရာက သူ တို့ပြန်လာမှာကို တားမြစ်မလဲ။ အိမ်ဈေးလား၊ ကားဈေးလား။ အမေရိကမှာ အိမ်ဈေး၊ ကားဈေးက ချိုတယ်။ ဒါပေမဲ့ အဟန့်အတားက ရှိနေတယ်။ သူတို့ လူဖြူအုပ်စုတွေထဲ ဘယ်တော့မှ မရောက်သလို ဘယ်တော့မှလည်း အသိ အမှတ်ပြုခံရမှာ မဟုတ်ဘူး။
အဲဒါ လူဖြူတွေရဲ့နိုင်ငံပဲ။ သမ္မတ အိုဘားမားကတော့ ဒါကို ကျော်လွှားနိုင်ခဲ့ တယ်ပေါ့။ သူ့ကိုတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ချွင်းချက် ထားရလိမ့်မယ်။ အများအားဖြင့်တော့ လူဖြူနဲ့လူမည်း ရောလို့မရကြပါဘူး။
တို့ဆီက တော်တဲ့ကျောင်းသားတွေဆိုရင် ဘွဲ့မရခင် အမေရိကမှာ အလုပ် ကမ်းလှမ်းတာကို ခံကြရတယ်။ တို့ကျောင်းသားတွေက
“အိုကေ … စင်္ကာပူမပြန်ခင် အတွေ့အကြုံလေးဘာလေး ယူလိုက်ဦးမယ်" လို့ ဆိုကြတယ်။
တကယ်လို့ ငါတို့ဆီမှာ ဆွဲဆောင်မှုရှိတဲ့ စီးပွားရေးအနေအထားမရှိရင် သူ တို့ပြန်လာကြပါ့မလား။ ငါတော့ မထင်ဘူး။ ငါတို့စီးပွားက ကောင်းတယ်ဆိုရင်တော့ သူတို့ကုမ္ပဏီက သူ့ကို ငါတို့ဆီ ထ ရန်စဖာ ချပေးလိုက်မှာပေါ့။ သူ့ကွန်ယက်က ဒီမှာ ပိုကောင်းတယ် မဟုတ် လား။
နောက်ဆုံး သူတို့ ပြန်လာ၊ မလာက ဘယ်အပေါ်မှာ မူတည်နေသေးတုန်း။ အားကောင်းတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အရေးပါပဲ။
တကယ်လို့ သစ္စာရှိမှု၊ မိသားစုအနှောင်အဖွဲ့၊ စစ်မှုထမ်းစဉ်က ရဲဘော်ရဲဘက် စိတ်၊ ကျောင်းတက်စဉ်က သူငယ်ချင်းစိတ် … တွေရောလို့ မေးရင် … မှန်ပါ တယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ အခွင့်အရေးမရှိရင်တော့ အရည်အချင်းရှိ တဲ့ကောင်က ပြန်မလာပါဘူး။

မေး ။ ။ အခုမှ အခြေချ နေထိုင်လာတဲ့လူတွေကြောင့် စင်္ကာပူမှာ ရှိပြီးသား လူမျိုးစုများ စုပေါင်းနေထိုင်ရေးမူဝါဒကို အဟန့်အဟား မဖြစ်စေနိုင်ဘူးလား။ ဥပမာ … အိန္ဒိယန်းတွေက သူတို့ ဟိုမှာ ကျင့်သုံးခဲ့တဲ့ ဇာတ်ခွဲခြားမှုစနစ်တွေ ဒီကို ယူလာတာမျိုး၊ တရုတ်တွေမှာလည်း အသားပိုညိုတဲ့ တရုတ်တွေကို ဖြူ တဲ့တရုတ်တွေက အထင်သေး၊ မနှစ်မြို့တာမျိုးတွေ။
ဖြေ ။ ။ မထင်မိပါဘူး။ ဒီကိုရောက်လာတဲ့ လူသစ်တိုင်း သူတို့က လူနည်းစု ဆိုတာ သဘောပေါက်ပါတယ်။ အိန္ဒိယန်းတွေ ဟိန္ဒီစကားကောင်းနေလို့ စင်္ကာပူမှာ ဘာမှလုပ်လို့ မရဘူး။ အင်္ဂလိပ်လိုကောင်းမှ ရမယ်။
အမျိုးသားရေးစိတ်ဓာတ်နဲ့ သူတို့ဟိန္ဒီ ဘာသာကို တော့ သင်ချင်သင်နိုင် တာပေါ့။ အိန္ဒိယပြန်ပြီး စီးပွားရေးလုပ်မယ်ဆိုရင်လည်း လုပ်နိုင်တာပေါ့။ ဒါပေမဲ့အိန္ဒိယ မှာ အင်္ဂလိပ်လို ပြောလို့ရေးလို့လည်း ရနေတာပဲ။ သူတို့ သဘောပေါက်ထား ရမှာက သူတို့ကလေးတွေ ဒီက ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျ ဖြစ်နေရမယ် ဆိုတာပဲ။ နို့မို့တော့ သူတို့ ဘယ်မှရောက်မှာ မဟုတ်ဘူး။

ဇာတ်စနစ်ကတော့ ပျောက်ဖို့ အချိန် အတော်ကြာပါလိမ့်ဦးမယ်။ ဝင်လာတဲ့ လူတွေရဲ့ စိတ်ထဲမှာလည်း ဒီဇာတ်စနစ်အစွဲက ပါလာတယ်။ ဒီမှာ ကျောင်း တက်တဲ့ ဒုတိယမျိုးဆက်တွေလည်း သူတို့ လက်ထပ်တဲ့အခါမှာ မိဘတွေဆီ က ဖိအားတော့ ခံနေကြရဦးမှာပဲ။ “မင်းအတွက် ဇနီးကို အိန္ဒိယပြန် ရှာပေးမ ယ်” ဆိုတာမျိုးတွေပေါ့။
ဒါပေမဲ့ တဖြည်းဖြည်းတော့ ဒီယဉ်ကျေးမှုက ပျောက်သွားမှာပါ။ ဒီယဉ်ကျေးမှုက စင်္ကာပူနဲ့မှ အံမဝင်တာပဲ။ ကလေးတွေက ကျောင်းတက်ရင်း ဒီမှာ ချစ်သူတွေ ဖြစ်ကြ၊ ဒါဆို သူတို့ ငြင်းမှာပဲ။ ဒီမှာ အိန္ဒိယန်းဒေါက်တာတွေ နဲ့ တရုတ်ဒေါက်တာတွေ လက်ထပ်ထားတာ အများကြီးရှိတယ်။
တရုတ်တွေနဲ့ ပတ်သက်လို့တော့ ဒီလောက် ပြဿနာမရှိပါဘူး။ သူတို့မှာ ဇာတ်စနစ်မရှိဘူး။ တရုတ်စကားကို လေယူလေသိမ်းတစ်မျိုးနဲ့ ပြောကြတယ်။ ဒါပေမဲ့ ငါတို့ စာသင်ကျောင်း တွေရဲ့ ကောင်းမူကြောင့် သူတို့ကလေးတွေကတော့ စင်္ကာပူရီးယန်းတွေ ပြောသလိုပဲ ပြောလာကြမှာပါ။ တကယ်ဆိုရင် သူတို့ရဲ့ မူရင်းတရုတ်လေသံကြောင့် ငါတို့ တရုတ်စကားတောင် ပိုကောင်းလာနိုင် တယ်လို့ မျှော်လင့်မိတယ်။

မေး ။ ။ လူထုရဲ့ သဟဇာတဖြစ်မှုကို နောက်ထက် ခြိမ်းခြောက်လာ တဲ့ ပြဿ နာက အသစ်ရောက်လာတဲ့ နိုင်ငံခြားသားသူဋ္ဌေးတွေက လက် ဝတ် ရတနာတွေ ဝတ်ဆင်ပြီး သူတို့ ဘယ်လောက် ချမ်းသာကြောင်း ပြတတ် တဲ့ သဘာဝပဲ။ ဒီယဉ်ကျေးမှုကလည်း စင်္ကာပူးရီးယန်းတွေနဲ့ သိပ်ပြီး အစပ် အဟပ် မတည့်လှဘူး။
ဖြေ ။ ။ လက်ဝတ်ရတနာတွေ ဝတ်တာက အများအားဖြင့် အိန္ဒိယန်း အမျိုး သမီးတွေပါ။ သူ့ရှိလို့ သူဝတ်တာပဲ။ အဲဒါ သူ့ကိစ္စလေ။ တို့လူမျိုးတွေက ဒါကို မနာလို ဖြစ်နေကြလို့လား။ ရတနာတွေ ညွှတ်နေအောင် ဝတ်ပြထားတာတွေ Tatler မဂ္ဂဇင်းထဲမှာလည်း တွေ့နေရတာမဟုတ်၊ မဟုတ်ဘူးလား။ အဲသလို လူကုံထံဝါဒကို ငါ အားမပေးပေမဲ့ ရှိပါစေဆိုပြီး ထားလိုက်တာပဲ။ လူ့အဖွဲ့ အ စည်းတိုင်းရဲ့ အထက်တန်းလွှာမှာ ဒါမျိုးတွေ ရှိတတ်တယ်။ ဖက်ရှင်ကိုသူများ ထက်ဦးအောင် ဝတ်တာတို့၊ ပါတီပွဲတွေ တက်တာတို့ပေါ့ကွာ။ နေကြစမ်း ပါစေ။ လူနည်းစုကလေးပါ။ သူတို့ကြောင့် စင်္ကာပူရဲ့ “စံ” မပြောင်းပါဘူး။ စင်္ကာပူရဲ့ “စံ” ကို သက်မှတ်တာက ဝန်ကြီးတွေ၊ ပါလီမန်အမတ်တွေနဲ့ စီအီး အိုတွေပါ။

ကမ်းခြေအိမ်တွေ၊ F1 ပြိုင်ပွဲတွေ ရှိနေတော့ ဒီလိုလူမျိုးတွေလည်း ဝင်လာကြ မှာပဲ။ သူတို့ကို ဆွဲဆောင်နိုင်ဖို့လည်း တို့ကြိုးစားနေကြတယ်။ Ong Beng Seng ဆိုရင် အဲသလိုလူမျိုးတွေ ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ ပိုများလာေ အာင် ကြိုးစားနေတယ်။
ကာစီနိုတွေ ရှိနေပြီဆိုတော့ အခမ်းအနားတွေ၊ ပြပွဲကြီးတွေ ရှိနေမှာပဲ။ ဒီတော့ တရုတ်၊ ကုလားသူဋ္ဌေးတွေလည်း ရောက်လာကြမှာပဲ။
ပိုပြီး ချမ်းသာတဲ့လူတွေ ဒီကို ရောက်လာတာ ပြဿနာ မရှိပါဘူး။ ဒါမျိုးတွေ တီဗွီမှာ ကြည့်ခဲ့ရတယ်။ အခု အပြင်မှာ ဒါမျိုးတွေ တကယ် တွေ့မြင်နေရ တယ်။ ဒီတော့ မင်း ဘယ်လိုခံစားရမလဲ။ ပို ပိုပြီး ကြိုးစားပေါ့။ လက်ဝတ် ရတနာက ပိုက်ဆံရှိရင် မင်းလည်း ဝယ်လို့ရတာပဲ။
ဒါပေမဲ့ သူတို့ချမ်းသာတာကို ထုတ်ပြဖို့ စင်္ကာပူရီးယန်းတွေက ရတနာတွေ ညွှတ်နေအောင် ဝတ်ကြမယ် မထင်ပါဘူး။ ဒါမျိုးကို သူတို့ ခံတွင်း မတွေ့ကြ လှဘူး။


မေး ။ ။ စင်္ကာပူဟာ “နေးရှင်း” တစ်ခုဖြစ်ဖို့ ကူးပြောင်းဆဲကာလလို့ ပြော ခဲ့တယ်။ နိုင်ငံရဲ့ သမိုင်းသက်က တိုတိုနဲ့ ဘုံဆိုင်ဘာသာစကား၊ ယဉ်ကျေးမှု နဲ့ ဘူမိဗေဒသဘောတရားတွေက ဘယ်က ရလာမှာလဲ။
ဖြေ ။ ။ အဖြေက ဇာတိမာန် ဖြစ်နေရမယ်။ နိုင်ငံတော်အတွက် အသက် ပင်သေသေဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် အသက်ပေး ကာကွယ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေပဲ။ တရုတ်ပြည်ကိုပဲ ကြည့်။ သူတို့ လည်း ပြည်ပကျူးကျော်တာတွေ ခံခဲ့ရတာပဲ။ ဒါပေမဲ့ ကျူးကျော်သူတွေ အား နည်းလာတာနဲ့ တပြိုက်နက် ပြန်လည်တော်လှန်နိုင်ခဲ့တာချည်းပဲ။ အဲဒါ တညီ တညွှတ်တည်းရှိလို့။ ဘာသာစကားတူတယ်။ ယဉ်ကျေးမှုတူတယ်။ လူမျိုး အနေနဲ့ကလည်း ဟန်လူမျိုးဆိုတာ တူကြတယ်။

တို့က ဘာသာစကား တူသလား၊ ယဉ်ကျေးမှု တူသလား၊ မတူဘူး။အနောက် ပိုင်း အိန္ဒိယလို (သို့) အာဖရိကနိုင်ငံတွေလို နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ကို တို့က ကောက်ယူမွေးစားခဲ့ကြတယ်။ အာဖရိကန်နိုင်ငံတွေလည်း “နေးရှင်း” မဟုတ်ဘူး။
တကယ်လို့သာ ဒုတိယဘာသာစကား ပျောက်သွားရင် (တရုတ်၊ မလေး၊ အိန္ဒိယန်းစကား … တစ်ခုခုကို ဆိုလိုပါတယ်) စင်္ကာပူတင်မကဘူး၊ ငါတို့ရဲ့ဇာတိစိတ်လည်း ပျောက်ထွက်သွားမှာပဲ။ “နေးရှင်း” တစ်ခုဟာ (၄၅) နှစ်နဲ့ တည်ဆောက်ယူလို့ မရပါဘူး။

မေး ။ ။ နိုင်ငံခြားသားတွေ အလုံးအရင်းနဲ့ ဝင်လာတော့ ကျွန်တော်တို့ ကြိုး စား တည်ဆောက်နေတဲ့ လူမျိုးရေးစိတ်ဓာတ် ပျောက်ဆုံးသွားမှာ မစိုးရိမ်မိ ဘူးလား။

ဖြေ ။ ။ စိုးရိမ်စရာ ရှိကောင်း ရှိမှာပေါ့။ ဒါဖြင့် တို့မှာ တခြားရွေးစရာကော ရှိလို့လား။ စင်္ကာပူးရီးယန်းတွေကို ကလေးနှစ်ယောက် အနည်းဆုံး ယူကြပါ ၊ ဖြစ်နိုင်ရင် သုံးယောက်ယူကြပါလို့ ငါ အမြဲတမ်း ပြောတယ်။ ဘယ်သူမှ အရေး မစိုက်ဘူး။ ကဲ … မင်း ဘာလုပ်မလဲ။

မေး ။ ။ စင်္ကာပူးရီးယန်းတွေက “စင်္ကာပူစိတ်” ရှိကြသလား။

ဖြေ ။ ။ ဩစတေးလျက Perth မြို့ကို ရောက်တော့ အဲ့ဒီမှာရှိတဲ့ စင်္ကာပူး ရီးယန်းတွေနဲ့ တွေ့ခဲ့တယ်။ သူတို့က အဲ့ဒီမှာ အခြေကျနေကြပေမဲ့ စင်္ကာပူ ကို ကောင်းကောင်းကြီး သတိရကြတယ်။ ငါတို့ တွေ့ဆုံပွဲကို ဦးဆောင်စည်း ရုံးတဲ့လူဆိုရင် သူ့သားရဲ့ စင်္ကာပူပတ်(စ်)ပို့ဒ်ကို အာမခံပစ္စည်းတစ်ခုလိုကို သိမ်းထားတာ။ သူ့သားက ပါ့(သ်)တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဩစတေးလျမှာ ရှိတဲ့ ကုမ္ပဏီအကြီးအကြီးတစ်ခုမှာ စာရင်းစစ် လုပ်နေတယ်။
ငါက
“ဘာဖြစ်လို့ စင်္ကာပူပက်စ်ပို့ဒ်ကို ဆက်ကိုင်ထားတာလဲ” လို့ မေးတယ်။
သူက
"စင်္ကာပူပြန်ပြီး စစ်မှုလည်း ထမ်းခဲ့ပြီးပြီ။ သူ့သဘောက ဩစတေးလျ ရဲ့ စီး ပွားရေးများ ကျဆင်းသွားမယ်ဆိုရင် စင်္ကာပူ ပြန်ချင်ရင် ပြန် လို့ရအောင် ” လို့ သူက ပြောတယ်။
သူက ဒီကို ပြန်လာပြီး စစ်မှုထမ်းတယ်။ သူ့မိသားစုတွေကတော့ ဟိုမှာ။ တကယ်လို့ သူက ဩစတေးလျန်း မိန်းကလေးကို လက်ထပ်လိုက်မယ်၊ အဲဒီ မှာလည်း အလုပ်အကိုင်က ရှာဖွေလို့ မရဘူးဆိုရင် သူ့ဇနီးကို ဒီကို ခေါ် လာပြီး နေကြမှာ။
ဥပမာ … ရာသီဥတု အပြောင်းအလဲကြောင့် Perth က ခြောက်သွေ့သွားမယ် ဆိုရင် ဒီကို ပြန်လာကြမှာ။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ နေကြရတာ ဆိုတော့ ပုံသေမူဝါဒကြီး ဆွဲထားလို့ မရတော့ဘူးပေါ့။

*****


 ကမ်းလက်