ကမ္ဘာကျော်တွေ အင်တာဗျူးတဲ့ ဗုဒ္ဓ

၁။ နယူတန် နဲ့ ဗုဒ္ဓ
နယူတန်။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပြီ ဗျ။
ဗုဒ္ဓ ။ ။ ကောင်းလိုက်တာ ဒကာကြီးရာ။ ဗုဒ္ဓလည်း အပါယ်လေးပါးရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပါတယ်ဗျ။ သတ္တဝါတွေသေရင် အပါယ်ရောက်ကြတာ များသဗျ။

၂။ ဝန်းကျင်ထိမ်းသိမ်ရေး သမားနဲ့ ဗုဒ္ဓ
ဝန်းကျင်ထိမ်းသိမ်ရေး သမား။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တို့ ကမ္ဘာကြီးက ပူနွေးသထက် ပူနွေးလာနေတယ် ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးတို့က ခုမှ ပူနွေးနေ၊ ကျုပ်ကဖြင့် အာဒိတ္တပရိတ္တ ပရိယာယ သုတ်ထဲမှာ "The whole world is burning" လို့ သတိပေးခဲ့တာ ကြာပေါ့။ ရဟန်းတွေကို သစ်ပင် ခုတ်ခွင့်ကို မပြုခဲ့ဘူး ဗျ။

၃။ ဘီးလ်ဂိတ် နဲ့ ဗုဒ္ဓ
ဘီးလ်ဂိတ်။ ။ ဗုဒ္ဓ ရေ ကျုပ်တော့ အပျော့စွမ်းအင်ကို တွေ့မိတယ်ဗျ၊ ဒါကို မိုက်ကရို ဆော့ဖ် လို့ အမည်ပေးမလို့ ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးက ဒါကို မိုက်ကရို ဆော့ဖ် လို့ ခေါ်သလား။ ကျုပ်ကတော့ ဒါကို အာရှဘာသာနဲ့ အဘိဓမ္မာထဲမှာ သုခုမ ရုပ် လို့ ခေါ်ထားတယ် ဗျ။

၎။ ရေသံသရာ နဲ့ ဗုဒ္ဓ
ရေသံသရာ ။ ။ဗုဒ္ဓ ရေ ၊ ရေဟာ အသွင်ကွဲသွားပေမယ့် အိတ်ခ်ျတူးအို ဓာတ်က မပျက်တော့ အကြောင်း ညီညွတ်တိုင်း ရေဘဲ ပြန်ပြန် ဖြစ်တယ် ဆိုတာ တွေ့ရသဗျာ။
ဗုဒ္ဓ ။ ။ဒကာကြီးကလည်း၊ ရေမှ သံသရာလည်တာ မဟုတ်ပါဘူးဗျာ။ လူလည်း သံသရာလည်တာ ပါဘဲ။ ကျုပ်ပြောထားတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလုံက လူသံသရာ ဖော်မြူလာ လေဗျာ။

၅။ ဖလော်ဆော်ဖာ နဲ့ ဗုဒ္ဓ
ဖလော်ဆော်ဖာ။ ။ကြည့်လိုက်စမ်းပါ ဗုဒ္ဓရာ။ တံတားအောက်က ရေတွေ စီးဆင်းသွားနေလိုက်တာ။
ဗုဒ္ဓ ။ ။ရေမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး၊ ဒကာကြီးလည်း စီးဆင်း နေတာပဲလေ။

၆။ ရီဆိုက်ကယ်လစ်တ် နဲ့ ဗုဒ္ဓ
ရီဆိုက်ကယ်လစ်တ်။ ။ကမ္ဘာကြီးကို ကာကွယ်ဖို့ စွန့်ပစ် ပစ္စည်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရမယ် ဗုဒ္ဓ ရေ။
ဗုဒ္ဓ ။ ။ ဒီ ကိစ္စကိုတော့ အနန္ဒာနဲ့သာ ဆွေးနွေးတော့ ဗျို့။သင်္ကန်းကနေ အိပ်ယာခင်း၊စောင် ။ အိပ်ယာခင်း၊စောင် ကနေ ကြမ်းတိုက် အဝတ်၊ တစ်ချို့ကို လက်သုတ် ခြေသုတ်။နောက်ဆုံး မြေဩဇာ ဖြစ်အောင် သုံးပြလိမ့်မယ်။ အာနန္ဒာကတော့ သုံးတတ်ရင် သုံးမရတာ ဘာမှ မရှိဘူး လို့ ဆိုလေရဲ့။ဥတေန မင်း လက်မြှောက်သွား သတဲ့ ဒကာကြီး ရေ။
(First Posted on 9th July, 2012.)

သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

နတ်မျက်စိ၊ သတိ၊ သညာနှင့် CCTV

နတ်မျက်စိ

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ပညာအရာ၌သာမက တံမျက် စည်းလှည်းရာ၌လည်း နာမည်ကြီးတော်မူလေ၏။ သို့သော် အခါ တစ်ပါး တောကြီးထဲ၌ သမာပတ်ဝင်စားနေစဉ် ဘယ်သူမှ မရှိပါဘူးလေ ဟူသည့်အမှတ်ဖြင့် ပတ်ဝန်းကျင်ကို တံမျက်စည်းမလှည်းဘဲ နေခဲ့တော် မူသည်ဟုဆို၏။ ၎င်း အချင်းအရာကို ဒိဗ္ဗစက္ခုအဘိညာဉ် (နတ်မျက်စိ ) ဖြင့် မြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်သာရိပုတ္တရာ သမာပတ် ဝင်စားရာ ကြွတော်မူလာပြီး ပညာပေးတော်မူလိုက်လေသည်။

ဆိုလိုသည်က သင် တံမျက်စည်းမလှည်းတာကို ငါ ဘုရားသိတော်မူသည် ဆိုသည့်သဘောဖြင့် ခြေတော်ရာတစ်စုံ ထင်ကျန်ရစ်အောင် အဓိဋ္ဌာန်ထား ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ စီအီးအိုသဖွယ်ဖြစ်သော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ရှက်နိုးခြင်း လွန်စွာဖြစ်လိုက် ရလေသည်။ စီအီးအိုကြီး အငိုက်မိသွားခြင်းပေတည်း။ ထိုမှနောက် အမှိုက်လေးများတွေ့မြင်ပါက သင်္ကန်းရုံလျက်ပင် ခြေထောက်ဖြင့် လမ်းပေါ်မှ ဘေးသို့ ဖယ်ရှားနေတတ်သည်ဟု စာပေကဆိုလေသည်။

သတိ၊ သညာမျက်စိ

ရွာမှဆရာတော်က နတ်မျက်စိ (ဒိဗ္ဗစက္ခုအဘိညာဉ်) တော့ ရတော်မမူပါ၊ သို့သော် သတိ၊ သညာမျက်စိ အတော်ကောင်းလှသည်။ ကျေးလက် ဘုန်း ကြီးကျောင်းတို့ အစဉ်အလာအတိုင်း ဆွမ်းဟင်းကျန်တို့ကို ပေါင်ပြီး ဟင်းေ လး (ဟင်းပေါင်း) လုပ်ထားရသည်။ ဟင်းလေးအိုးက နှစ်အိုးဖြစ်သည်၊ တစ်အိုးက ဆရာတော်နှင့် သံဃာတော်များအတွက်ဖြစ်ပြီး နောက်တစ်အိုးက သာမဏေများနှင့် ကျောင်းအိပ်ကျောင်းသားများအတွက် ဖြစ်လေသည်။ သိကြသည့်အတိုင်းပင် ဆရာတော့် ဟင်းလေးအိုးထဲမှာက ဝက်သား၊ ငါး စသည်တို့ပါဝင်သည်။
ထို ဟင်းလေးအိုးများကို ညနေစောင်းတွင် ပြန်လည်နွှေးပြီး ဆွမ်းစားကျော င်းပေါ် ပြန်တင်၊ ပြီးလျင် သော့ခတ်လိုက်ရသည်။ ထိုအခန်းကို ကြက်သရေ ခန်းဟုခေါ်သည်။ ဘာကြောင့် ကြက်သရေခန်းဟုခေါ်သည်ကိုတော့ မသိ။

ထိုနေ့ ကျောင်းသားကြီး စံဦးက ဟင်းလေးနွှေးတာဝန်ကျသည်။ ဟင်းလေးနွှေးအပြီး ဟင်းလေးအိုးများကို ကျောင်းပေါ်သို့တင်ရာတွင် 'မ' ထားရသည့် ဟင်းလေးအိုးအလေးချိန်ကြောင့် သူ့ ခြေသံက အနည်းငယ် ပိုပြင်းနေသည်။ ထိုအချိန် ဆရာတော်က ကျောင်းအောက်ထပ်မှာ အနား ယူနေချိန် ဖြစ်လေသည်။
ကျွန်ုပ်တို့ မသိလိုက်သည့် ဆရာတော့် ထောင်ခြောက်က ဟင်းလေးအိုးနှစ် အိုး ကို အတူမထားဘဲ တစ်ထောင့်စီမှာ ခွဲခြားထားခြင်းဖြစ်သည်။ အခန်း ဘယ်ထောင်ကို သွားနေသလဲဆိုသည့် စံဦး၏ ခြေသံကို နားထောင်လိုက် လျင် စံဦး သယ်သွားသည့် ဟင်းလေးအိုးက ဆရာတော်နှင့် သံဃာတော် များအတွက်ဟင်းလေးအိုးလား၊ သာမဏေများနှင့် ကျောင်းအိပ်ကျောင်း သား များအတွက် ဟင်းလေးအိုးလား ဆိုသည်ကိုလည်း သိနိုင်ပေသည်။

ဆရာတော်က ပြုံး၏။ ဆရာတော်က စံဦး ခြေသံရပ်သွားအပြီး ခဏအကြာ "စံဦး ရေ"
ဟု လှမ်းခေါ်လိုက်သည်။ ကံဆိုးသောစံဦး ဆရာတော်ခေါ်သံကို ချက် ချင်း ပြန် မထူးနိုင်ရှာတော့ပေ၊ အကြောင်းက ဝက်သားပူပူတစ်တုံး ပါးစပ်ထဲ ထည့်ထားလိုက်မိသောကြောင့်ပင်၊ ခဏနေ ထူးတော့ထူး၏၊ သူ့ထူးသံ "ဘုရား"
ဆိုတာကြီးက ပလုပ်ပလောင်းသံကြီးနှင့်ဖြစ်သဖြင့် စံဦး ဝက်သားခိုး မိ သွားလေတော့သည်။
ဆရာတော်က ရိုက်တော့ မရိုက်ပါ၊ သို့သော် ပြုံး၏။ ထိုမှနောက် ဟင်းလေး အိုများ နေရာခွဲထားခြင်းသည် ရွာဘုန်းကြီး၏ စီစီတီဗွီဖြစ်ကြောင်း သိ လိုက်ရလေတော့သည်။

CCTV

ယနေ့ခေတ်က CCTV ခေတ်ဖြစ်သည်။ နတ်မျက်စိ မရ၊ မရှိ၊ သတိ၊ သညာ မျက်စိ မရ၊ မရှိလည်း အထိုက်အလျောက်တော့ အိုကေသည်ဟု ဆိုရန်ရှိ သည်။ သို့သော် လုံးဝထင်မှတ်မထားသည့်ကိစ္စ ဖြစ်သွားခဲ့သည်။ ည ၁၂ နာရီမှာ လူငယ်နှစ်ယောက် အုတ်တံတိုင်းကို ခုန်ဝင်လာကြသည်။ သူတို့လည်း CCTV ကင်မရာများရှိသည်ကို သတိထားမိပုံမရ။ နောက်မှ သိကြပုံရသည်။
သိသည်နှင့် တပြိုင်နက် ကင်မရာများကို ရှောင်ရင်း ရှောင်ရင်း မသိမသာ ချဉ်းကပ်ကြသည်။ ထို့ကြောင့် သူတို့ မျက်နှာစသည်ကို ထင်ထင် ရှားရှား မမြင်ရ၊ သူတို့အရိပ်တွေကိုသာ မြင်ရတော့သည်။ ကျောင်းအဆောက်အဦ ထဲ ဝင်မရသောအခါ ညောင်ပင်အောက်မှာရှိသည့် အလှူခံပုံးဆီကို ဦးလှည့် သွားကြသည်။ ထို အလှူခံပုံးမှာလည်း ကင်မရာက ရှိနေပြန်၏။
သူတို့ ဘာလုပ်သည် ထင်ပါသနည်း။ တုတ်ရှည်ရှည်တစ်ချောင်းဖြင့် ယင်း ကင်မရာကို မိုးပေါ်ထောင်နေအောင် လှည့်ပေးလိုက်သည်။ ကင်မရာ၏ ဖော့ကပ်သည် ကောင်းကင်ကြီး ဖြစ်သွားလေတော့သည်။ သူတို့ ကံမကောင်းပါ။ ထို အလှူခံပုံးကလည်း ဖောက်ခွဲသည့် အဆင့်မရောက်ဘဲ ဘာမှ ခိုးယူလို့ မရ။ အကြံကုန် ဂဠုန်ဆားချက်သည်ထင်၏။ ဘာမှမရသည့်နောက်ဆုံး သရက်ပင်မှ အလုံးသေးသေး၊ အစေ့ကြီးကြီး ပထမတန်းစား အချဉ်မျိုး သရက်သီးတိုကို ဆွတ်ခူးကာ ထွက်သွားကြေ လတော့သည်။

ဘုရားရှင်၏ ဒိဗ္ဗစက္ခုအဘိညာဉ်၊ ရွာမှဆရာတော်၏ သတိ၊ သညာ မျက်စိ တို့ကို သတိရရင်း CCTV အောက်မှ သရက်သီးပျောက်ရပုံကို စဉ်းစား ရင်းပြုံးမိ၏။
CCTV ရှိပါလျက် လူငယ်နှစ်ယောက်ကို ပညာ မပေးလိုက်နိုင်ခဲ့။

နှလုံးသား v ဥပဒေ

၁။ နှလုံးသား v ဥပဒေ

နှစ်ကာလအတော်ကြာ အတည်မပြုနိုင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ဥပဒေမူကြမ်း အတည်ဖြစ်သွားခဲ့တယ်။ သား (သို့) သမီးက သက်ကြီးရွယ်အို မိခင်၊ ဖခင်တွေကို အနည်းဆုံး နှစ်လတစ်ကြိမ်သွားရောက် လည်ပတ်ရမယ်ဆိုတဲ့ ဥပဒေပါ။ အူကြောင်ကြောင်နိုင်သလို အငြင်းပွားစရာတွေလည်း အများကြီး ပဲ။ နယ်ခြားမှာ အလုပ်လုပ်နေသူတွေအတွက် နှစ်လပြည့်တိုင်း ပြန်ဖို့က မ လွယ်ဘူးဆိုတာမျိုးတွေရှိသလို အိမ်ထောင်ပြုပြီးသားတွေဆို နှစ်ဖက် မိ ဘတွေရှိနေပြီဆိုတော့ ဘယ်မိဘတွေဆီ အရင်သွားမလဲ၊ ဒါတွေအတွက် ဘယ်သူက ခွင့်ပေးမှာလဲဆိုသူတွေလည်း ရှိနေပြန်တယ်။
တကယ်လို့ သား (သို့) သမီးတွေက မလိုက်နာရင် မိဘတွေက တရားစွဲ ဆိုနိုင်တယ် ( တရားစွဲလို့ မိဘကနိုင်သွားခဲ့ပါတယ်)။
အဲသလို အမှုအခင်းတွေဖြစ်ပြီးမှ ဥပဒေကြောင့် မဖြစ်မနေ သွားတွေ့ရတဲ့ သား (သို့) သမီးတွေမှာ နှလုံးသားရော ပါသွားကြပါတော့မလား။ အွန်လိုင်းပေါ်မှာတော့ ဒီ ဥပဒေကို ရယ်နေကြလေရဲ့။

၂။ အစိုးရတွေက အစိုးရအလုပ် လုပ်ကြတယ်

တစ်ဦးချင်းသတင်းမှာတော့ Snowden က ဟော့တ်အဖြစ်ဆုံးပဲ။ သူ့ကို ထောက်ခံသူတွေ ရှိသလို အူကြောင်ကြောင်လို့ ပြောသူတွေလည်း ရှိတယ်။ အများအားဖြင့် သူ့ကို ထောက်ခံသူတွေက အရပ်သားတွေပါ၊ အစိုးရတွေမပါဘူး။ ဒါနဲ့ပဲ သူလည်း နိုင်ငံရေးခုံလှုံခွင့်တောင်းတာ ဘယ်နိုင်ငံ ကမှ မပေးကြသေးဘူး။
ရှားရှားပါးပါး ဘိုလီဗီးယားကတော့ စိတ်ဝင်စားသတဲ့။ မြောက်ကိုရီးယား ကတော့ လျှောက်ရင်ပေးလောက်တယ်။ မပေးကြဘူးဆိုရာမှာ အမေရိကန် က ပေးလာမယ့် ဖိအားကိုကြောက်လို့ချည်းပဲ မဖြစ်နိုင်ဘူး၊ အစိုးရတွေက အစိုးရရဲ့ လုံခြုံရေးတာဝန်တွေကို (အထူးသဖြင့် အကြမ်းဖက်မှုတွေနဲ့ ပတ် သက်လို့ပေါ့) သဘောပေါက်ပြီး အမေရိကန်အစိုးရကို နားလည်ပေးနိုင်ကြလို့ လည်း ဖြစ်နိုင်ပါတယ်။ ပြည်သူအသိခံလို့ မရတဲ့ အစိုးရတွေရဲ့ အစီအစဉ်ေ တွထဲမှာ ဒါတစ်ခုတည်းမဖြစ်နိုင်ဘူးမဟုတ်လား။
ဘာပဲဆိုဆို Snowden တော့ ရုရှားလေယာဉ်ကွင်းမှာ ဒုတိယနိုင်ငံရဲ့ "Yes" အသံကို စောင့်နေရဆဲထင်ပါရဲ့။

၃။ မြန်မာသမ္မတ "ရဲ" လာပြီ

တိုင်းမဂ္ဂဇင်းကို ကန့်ကွက်တယ်။ ဘာဖြစ်ဖြစ် ပြောလိုက်တော့ ပြီးသွားတာေ ပါ့။အမှားအမှန်ကတော့ ပြောနေကြမှာပဲ။ ပြောစရာတွေကလည်း ရှာနေရင် သူ့အကြောင်းပြချက်နဲ့သူ ရှိနေမှာပဲ။ ရေငုံနှုတ်ပိတ်သန်းရွှေထက် အများကြီး သာပေပြီ။
တစ်ခုရှိတာက သမ္မတက တရားဝင် ကမ္ဘာသိကြေငြာပြီးရင်တော့ ဘယ်သူမှ ဘယ်လမ်းပေါ် ဘယ်ဘုရားပေါ်မှ ဆန္ဒမပြသင့်တောဘူး။ ဘာမှ မဟုတ်ဘဲ နဲ့ နိုင်ငံနာတယ်။

ယနေ့ မှတ်ဖွယ် (မှတ်စုဟောင်းများမှ)

သုဘရာဇာကား တစ်သက်လုံးမောင်းလာသူကို တက္ကစီဒရိုင်ဘာလိုင်စင် ထုတ်မပေးသင့်။
နောက်ကနေ သူ့ပခုံးကိုပုတ်ပြီး စကားပြောမိတိုင်း ကားတိုက်မှု ဖြစ်သည်။

ဇွန်း ခရင်းနဲ့စားသော မိခင်တို့က သူတို့ကလေးပေါက်စနလေးတွေကို ဇွန်း ခရင်း သေးသေးလေးများဖြင့် ကျွေးကြသည်။
သို့ဆိုလျင် တူဖြင့်စားသည့် တရုတ်မိခင်တို့က သွားကြားထိုးတန်ဖြင့် ကျွေး ကြရမည်။

၂၁ ကို တွမ်တီ ဝမ်း၊ ၃၁ ကို သာတီဝမ်း ဟုဆိုက
၁၁ သည် ဝမ်းတီဝမ်းသာ ဖြစ်နေရမည်။

လက်ခံရအခက် ငြင်းရအခက်

(၁)
"တိုင်းပြည်ကြီး ပျက်တော့မည်။
တွေးရင်းနှင့် ကြည်နူးမိသည်" တဲ့။ သက်ဦးမောင်က။
ဒီနေ့ သတင်းစာကို ကောက်လှန်တော့
"Hate speech testing Myanmar democracy" တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၂ )
လတ်တလော နိုင်ငံအလိုက်သတင်းတွေ တစ်ပြေးနေတာကတော့ ဆီးရီး ယားနဲ့ မြန်မာပါပဲ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ကိုယ်စီနဲ့။
အမေရိကန်သံအမတ်စကားက သက်ဦးမောင်ကို ထောက်ခံနေပြန်တယ်။
"This country, for too long, has been at war with itself. For decades, the talk has been one of 'enemies within'. This attitude has been major caused this country's underdevelopment."
"In many ways.....the sense of fear and insecurity here is fundamental to what is to be Myanmar...... based as they are on concerns about geography, demographic, or ethnic and cultural differences."
"It leads nowhere good,it is in fact dangerous."
အချင်းချင်း သတ်ပုတ်နေတဲ့နိုင်ငံ၊ အချင်းချင်း စွပ်စွဲနေတဲ့ နိုင်ငံ၊ ဒီ့နိုင်ငံမွဲနေရတဲ့အကြောင်းတွေထဲမှာ အဲဒါက အဓိကအကြောင်း တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၃)
တရုတ်ပြည်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ် ထင် သလဲ။
တစ်နိုင်ငံလုံး ဝိုင်းပြီး နွားမတွေသေသည်အထိ နို့ ညှစ်မယ်။ ဒီသတင်းကိုရေး ရင် ရေးသူကို ဖမ်းမယ်။
ပြင်သစ်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ်ထင်သလဲ။
သုံးကောင်မဟုတ်လို့ လမ်းပေါ်တက် ဆန္ဒပြမယ်။
လက်ခံရအခက် ငြင်းရအခက်။

ဆိုဆိုက်တီး သတ္တဝါ (Society animal)

...........အဖွဲ့
...........အဖွဲ့
............အဖွဲ့

ဘယ်အဖွဲ့အထဲမှ မပါချင်တဲ့လူတွေလည်း
သူတို့ချင်း ပေါင်းမိတော့
"ဘယ်အဖွဲ့အထဲမှ မပါတဲ့" အဖွဲ့လေး ဖြစ်သွားတာပဲ။
လူဆိုတာ ဆိုဆိုက်တီး သတ္တဝါ။

ခေတ်နှင့် ဘာသာရေး

ဘာသာမတူသူ အချင်းချင် ထိမ်းမြားလက်ထပ်ခြင်းနှင့် စက်စပ်ပြီး ဗုဒ္ဓဘာ သာက ဘာပြောသလဲဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အကျယ်တဝင့် ရေး လာ ပြောလာကြသည်ကို တွေ့ရသည်။ သမသဒ္ဓါ၊ သမသီလာ (ယုံကြည်မှု တူ၊ ကိုယ်ကျင့်သီလတူ) စသည်ကို ထောက်ဆပြီး ဘာသာတူသူအချင်းချင်း လက်ထပ်ပေါင်းရမည်ဟု ဆိုသူရှိသလို ဘုရားလက်ထက်တော်ကတည်းက ဘာသာမတူ ထိမ်းမြားလက်ထပ်ခြင်းများ ရှိနေသည်ဟု နာမည်ကြီး ဝိသာခါ စသည်တို့ကို ထောက်ရှုပြီး ပြောသူတွေလည်းရှိသည်။
ဘယ်လိုပင်ပြောပြော ထိုခေတ်က အစ္စလာမ်ဘာသာ မပေါ်ပေါက်သေး သဖြင့် ယင်းအကိုးအကားတို့လည်း ထိရောက်လှသည်ဟုတော့ မယူဆမိ။ ဆိုလိုသည်မှာ ဝိသာခါသည် ဘာသာခြားကို လက်ထပ်လိုက်သော်လည်း သူမ၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ရန် မလိုပေ။ အကယ်၍ လက်မထပ်ခင်ကတည်းက လက်ထပ်ပြီးလျင် လက်ရှိယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ရမည်ဟုဆိုလျင် ဝိသာခါလို ၇ နှစ်နှင့် သောတာပန်တည်ပြီးသူက ထိုအမျိုးသားကို လက်ထပ်ပါဦးမည်လား။
အစ္စလာမ်ဘာသာက ထိုသို့ ခွင့်မပြု။ သို့သော် အစ္စလာမ်ဘာသာရေး အဆုံး အမက ပြင်လို့မရတော့၊ ထိုအခါ ဆိုင်ရာဆိုင်ရာ အစိုးရတို့က လူ့အဖွဲ့ အစည်းနှင့် သဟဇာတဖြစ်မည့် ဥပဒေကို ရေးဆွဲကြရတော့သည်။

နိုင်ငံရေးက ဘာသာမတူသူ အချင်းချင် ထိမ်းမြားလက်ထပ်ခြင်းကို အားပေး သည်။ ဘာသာရေး (အချို့ဘာသာများ) က မကန့်ကွက်ဟုဆိုသော်လည်း အားပေးသည်ဟု ဆိုရန်တော့ ခက်ပါသည်။ တစ်ခုရှိသည်က အခြား ယုံ ကြည်မှုရှိသူကို လက်ထပ်လိုက်ပြီး မိမိယုံကြည်မှုဖက်ရောက်အောင် ဆွဲေ ဆာင်နိုင်လျှင်တော့ အားပေးကြလိမ့်မည်ထင်သည်။ သူ့သဘောနဲ့သူ ဖြစ်လာလျင်တော့ ကောင်းပါသည်၊ ထိုအတွက် အကြမ်း၊ အနုနည်းများသုံးလာလျင်တော့ မကောင်းတော့ပါ။ ဤသည်က လတ်တလော ပြဿနာဖြစ်သည်။

"ခေတ်နှင့် ဘာသာရေး" နှင့်ပတ်သက်ပြီး စင်္ကာပူက ရှေးဦးစွာ လေ့လာခွင့် ရလိုက်ပြီး ထိုပြဿနာကို လီကွမ်းယုက ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ သည်။ လက်ထပ်မှုသာမက အစားအသောက်မှ စပြီး အစ္စလာမ်က သီးသန့် ဆန်သည်။ ထို့ကြောင့် အတူတကွ ပူးပေါင်းရေးအတွက် သူ စိုးရိမ်မှုအဖြစ် ဆုံးက ၁၇ ရာစုဟန်နဲ့ အစ္စလာမ်ယုံကြည်မှုလို့ အမုန်းခံ ပြောကြားခဲ့သည်။ ထို့ကြောင့် ခြိမ်းခြောက်မှုတွေလည်း ခံခဲ့ရသည်။ သို့သော် နိုင်ငံခေါင်းဆောင် ဟူသည် လုပ်သင့်သည်ကို ရဲရဲလုပ်ရသည်။ ကြောက်နေလို့မရ။

အချို့က စင်္ကာပူမှာ မလေးလူဦးရေတိုးပွားလာမှုကို ဟန်ချက်ထိန်းထားနိုင် ရန် အခြားနိုင်ငံခြားသားများကို လက်ခံထားရသည်ဟု ဆိုကြသည်။ တကယ် စာရင်း အရကတော့ မလေးလူဦးရေက ထင်သလောက်တိုးမလားသလို မလေးရှားမှ မလေးလူမျိုးတို့ကလည်း စင်္ကာပူကို အလုံးအရင်းနဲ့ ဝင်မလာ ကြပါ။
အကြောင်းက မွတ်စလင်နိုင်ငံမှာ ရသည့်အထူးအခွင့်အရေးမျိုး စင်္ကာပူမှာ မရသောကြောင့် ဖြစ်သည်။ သင့် ယုကြည်မှုအတိုင်း ဘုရားရှိခိုးနိုင်သည်၊ ပတ်ဝန်းကျင် ဆူညံမှုမဖြစ်အောင် အသံချဲ့စက်နဲ့တော့ မရွတ်ဆိုရ။ ဒါမျိုးတွေဖြစ်သည်။ ထို ဥပဒေက အားလုံးလိုက်နာကြရသောအခါ သူတို့ လည်း ပြောခွင့်၊ ဝေဖန်ခွင်း မရှိတော့။
ယခုအချိန်အထိတော့ စင်္ကာပူက ဥပဒေနဲ့ ကောင်းကောင်း ထိန်းထားနိုင် ဆဲဖြစ်သည်။ အမှန်မူ ဤတာဝန်သည် အစိုးရ၏တာဝန်သာဖြစ်သည်။ လီ ကွမ်းယုကို အစွန်းရောက်အစ္စလာမ်ဝါဒီတို့က ခြိမ်းခြောက်သည်၊ သမာ သမတ် ကျသော (ခေတ်ကို၊ တာဝန်ကို နားလည်သော) အစ္စလာမ်တို့က ပူးပေါင်း အလုပ်လုပ်သည်။

ကျောင်း၏ ဝေယျာဝစ္စများကို အားတက်သရော ပါဝင်ကြသည့် တရုတ် မိ သားစု ထဲက မိန်းကလေး တစ်ယောက်ကလည်း ရှေးနည်းအတူ ဘာသာ မတူ ထိမ်းမြားလက်ထပ်ခြင်းနှင့် စက်စပ်ပြီး ဗုဒ္ဓဘာသာက ဘာပြောသလဲ ဟု မေးဖူးသည်။ သူမ၏ ရီးစားက အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ ။ သူမလည်း ဝိသာခါအကြောင်းလောက်တော့ ကောင်းကောင်းသိပါသည်။
ဝိသာခါဘာသာခြားကို လက်ထပ်စဉ်က လက်ထပ်ပြီးလျင် လက်ရှိယုံကြည် မှုကို စွန့်ရမည်ဟု မဆို။ ထို့ကြောင့် ဤ ကိစ္စ၌ ဝိသာခါ အကြုံးမဝင် ဟုသာ ဖြေလိုက်သည်။
ထို့နောက် သူတို့ချင်း အဆက်ပြတ်သွားသည်ထင်သည်။ ဘာသံမှ မကြား ရတော့။ အမှန်မူ အစ္စလာမ်နှင့် ဘာသာခြား လက်ထပ်ခြင်းက အတော်ရှားပါ သည်။ ဥပဒေကြောင့်ဖြစ်နိုင်သလို တင်းကြပ်လွန်းသည့် သူတို့ ဘာသာရေး အစွဲကို လက်ရှောင်ကြခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ လက်ရှိ အစိုး မှာ ဤတာဝန်ရှိနေသည်။ အစ္စလာမ်ကို ကိုင်တွယ်ရာမှာ လီကွမ်းယုလောက် ပါးနပ်ပြီး လီကွမ်းယုလိုလည်း မိုက်မှရမည်။ ထိုဥပဒေက ခေတ်နှင့် ညီညွတ် ပြီး ဘယ်ဘာသာကိုမှလည်း မသာစေ၊ မနာစေသင့်။
သို့ မဟုတ်လျင် ကမ္ဘာပိုင် ဗုဒ္ဓဘာသာ နာသည်။

**ဒေသသုံးပါ၊ မရိုင်းပါ**

"စိတ်ဝင်စားစရာကောင်းတာက တရုတ်လူမျိုးတွေကို ခေါ်ရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး"

ကုလားလို့ခေါ်တာ ရိုင်းတယ်၊ မရိုင်းဘူး စတဲ့အညင်းအခုံ အီးမေးတွေ၊ စာတွေ တော်တော်များများ ဖတ်နေရတယ်။ ဒါပေမဲ့ မြန်မာလို တရုပ်လို့ အခေါ်ခံရတဲ့ တရုပ်မျိုးဆက်တွေဆီက ဘယ်လို အသံမှ မကြားရဘူး။ မကြာရရုံတင်မကဘဲ ဒီလို ဒေသသုံးဝေါဟာရတွေကို တရားဝင်တောင် အသိအမှတ်ပြုထားသလိုပါပဲ။
ကိုလိုနီခေတ်နဲ့ ကိုလိုနီမတိုင်မီခတ်အထိ နိုင်ငံခြားသားတွေကို မြန်မာလိုခေါ်ရာမှာ ဒီ နာ မည်သုံးမျိုးက ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်ပုံရပါတယ်။
ကုလား (မည်း)
ကုလားဖြူ
တရုတ် ဒါတွေပါ။
ဒီနေ့ သတင်းစာမှာ "Tracing the history of Chinese immigrants" ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ဒီ ဆောင်းပါးက စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဟောင်း Lee Khoon Choy ပြုစုတဲ့ Golden Dragon Purple Phoenix သမိုင်းစာအုပ်ကို ဖတ်ညွှန်းသဘော ရေးထားတာပါ။
စိတ်ဝင်စားစရာကောင်းတာက တရုတ်လူမျိုးတွေကို ခေါ်ရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး။

သူတို့ကို
အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူမှာ Peranakans
ဖိလစ်ပိုင်မှာ Mestizos
ထိုင်းမှာ lokjins
မြန်မာမှာ တရုတ် ကပြား (Tayoke kabya)
ကမ္ဘောဒီးယားမှာ Konkat Cen
ဗီယက်နမ်မှာ Min Huong
လာလိုမှာ Sino-Lao လို့ခေါ်ပြီး
ဘရူးနိုင်းမှာတော့ သတ်သတ်မှတ်မှတ် မရှိဘူးလို့ ဆိုပါတယ်။

သူ့ဘာသာစကားနဲ့ သူ ဒီလို ခေါ်ဝေါ်ကြတာကို ရိုင်းတယ်လို့ မဆိုနိုင်တော့ ဘူးထင်ပါတယ်။
မြန်မာလို ကုလား ဆိုတဲ့ ဝေါဟာရဟာလည်း ဒီလိုပါပဲ။ ကုလား ဆိုတဲ့ ဝေါဟာရမှာ အင်ဒီးယန်း၊ ဘင်္ဂါလီ၊ အရှေ့အလယ်ပိုင်းသားတွေနဲ့ အာဖရိကန်တွေတောင် ပါဝင်ပါတယ်။
တရုတ်တွေကတော့ (Tayoke kabya) လို့ ခေါ်တာကို နာကြပုံမရပါဘူး။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူမှာဆိုရင် သူတို့ကိုသူတို့ ပရာနကန်းတွေလို့ ဂုဏ်ယူစွာနဲ့တောင် ပြောတတ်ကြသေးတယ်။

မေ့မရနိုင်တဲ့ အကြောင်း (ကမ်းလက် လပတ်လည်)

" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ"

အမှတ်တမဲ့ ဒီစကားကိုပြောလိုက်မိပြီး ဘကြီးအေးက သူ့ပါးစပ်ကိုသူ အသံမဲ့ ကြိမ်ဆဲနေလိုက်မိတယ်။ စိတ်မလုံတာနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့် လိုက်တော့ ကံကောင်းတယ်လို့ ဆိုရမလား၊ ဘယ်သူမှတော့ သူ့စကား အ ဓိပ္ပါယ်ကို နားလည်ကြပုံ မရဘူး။ အေးလေ၊ ဒီ စကားကို အပြည့်အဝ နား လည်ဖို့ဆိုတာကလည်း အဖြစ်အပျက်တွေကိုလည်း သိထားအုံးမှကိုး။ ရွာထဲမှာ ရှေ့မှီနောက်မှီလူကြီးတွေလည်း သိပ်မှ မရှိတော့တာကလား။

(၁)

ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရွာသူကြီး ဦးယဉ်ကျေးသေဆုံးပြီ လို့ သတင်းတစ်ခါထွက်ခဲ့ဖူးတယ်။ ဦးယဉ်ကျေးဆိုပေမဲ့ လူကတော့ ယဉ်ေ ကျးလှပုံမရပါဘူး။ သူတို့ခေတ် မိဘတွေက နာမည်လှလှ အဓိပ္ပါယ်လှလှေ လးတွေ ရွေးပေးတတ်ကြလို့သာ ဒီနာမည်နဲ့ ရှိနေပုံရပါတယ်၊ တကယ်တော့ တစ်ရွာလုံးက သူ့ဆို ရွံကြောက်ကြီးပါ။
သူကြီးဖြစ်စမှာ ဟုတ်မလိုမလိုပေမဲ့ တဖြည်းဖြည်းနဲ့ သူ့အကြောင်းကို တစစ သိလာကြရတာ။ အဲဒီအချိန်တုန်းက ဘကြီးအေး အသက် လေးဆယ်ကျော်ကျော်လောက် ရှိဦးမှာပေါ့။ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းကောင်းကြီး မှတ် မိနေသေးတယ်။ နောက်တက်လာမယ့် သူကြီးက ဘယ်လိုနေမယ်ဆိုတာ မသိပေမဲ့ ဦးယဉ်ကျေးသေဆုံးပြီဆိုတော့ ရွာသားတွေကတော့ ပျော်နေကြ တယ်။ သူ့ အသုဘမှာ ဖဲရိုက်၊ သုံးပုံရိုက်ကြဖို့အားလုံး ဟန်ပြင်နေကြလေရဲ့။

ပြဿနာက ( ပြဿနာလို့ပြောရင် ကောင်းမှ ကောင်းပါ့မလား မသိဘူး) သူ့ အခေါင်းကို အိမ်ထဲကနေ အိမ်ပြင် ယာယီထန်းလက်တဲထဲကို အထုတ်မှာ စတာ။ သူ့အခေါင်းကို အထုတ်မှာ အခေါင်းနဲ့ ခေါင်တိုင် ဝင်တိုက်မိ ပါလေရော။ အဲဒီအချိန်မှာပဲ ညီးသံလိုလိုကြားလို့ အခေါင်းကို ဖွင့်ကြည့်တော့ ဦးယဉ်ကျေးက တကယ်သေဆုံးတာမဟုတ်သေးပဲ မြောနေတာဖြစ်တယ် ဆို တာ ရွာသားတွေ သိလိုက်ရတယ်။ ဦးယဉ်ကျေးက အသက်ရှူနေတုံး ပဲ။ ပျော်နေကြတဲ့ ရွာသားတွေ၊ ဖဲရိုက်၊ သုံးပုံရိုက်ဖို့ပြင်နေတဲ့ ရွာသားတွေ ဇက် တငန့်ငန့်ဖြစ်ကုန်တယ်။

ဒါတင် ဘယ်ကမလဲ သေရွာပြန် ရွာသူကြီး ဦးယဉ်ကျေးက ကျန်းမာရေးတွေ တဖြည်းဖြည်းပြန်ကောင်းလာပြီး ရွာကို ဆက်အုပ်ချုပ်လာလိုက် တာ နှစ်ေ ပါင်း ဘယ်နည်းတော့မလဲ။ ပယောဂတွေ ဘာတွေကို ယုံကြည်ကြတဲ့ ရွာသားတွေကတော့ အဲဒါ ဖုတ် ဝင်နေတာ၊ ဦးယဉ်ကျေးအစစ်မဟုတ်ဘူးလို့ဆိုကြတယ်။ သူတို့ပြော လည်း ပြောစရာပဲ သေရွာပြန်ဦးယဉ်ကျေးက သူတော်ကောင်းဖြစ်လာရမယ့် အစား ပိုပြီးတောင် လောဘမောဟတွေ အားကြီးလာသေးတယ်။ တချို့ ကတော့ အလောင်းသယ်တဲ့အဖွဲ့နဲ့ သူ့အိမ်က ခေါင်တိုင်ကို ထိုင်ဆဲနေတတ် ကြတယ်။ ဒင်းတို့သာ ဂရုတစိုက်သယ်ယူခဲ့ရင် ဦးယဉ်ကျေးသေနေပြီပေါ့။

သူ တကြော့ပြန် အုပ်ချုပ်တဲ့နှစ်တွေမှာပဲ ဘုရားပွဲတွေလည်း စည်စည် ကား ကား မကျင်းပနိုင်၊ ရွာဦးက ကန်ရေဆိုလည်း မိုးမကျခင် ရေတွေခန်း၊ ရာသီ ဥတုက မမှန်ရတဲ့အထဲ သူကြီးမွေးထားတဲ့ လူရမ်းကားတွေက စပါးမပေါ်ခင် စပါးလာသိမ်း၊ တစ်ရွာလုံး ဒုက္ခပင်လယ်ဝေရတဲ့ နှစ်တွေပေါ့။ ရွာမှာ အကြီး အကျယ် ချမ်းသာနေကြတာကတော့ ဦးယဉ်ကျေး မိသားစုနဲ့ သူ့တပည့်တွေ အုပ်စုပဲ။ မကျေနပ်ပေမဲ့ ဘယ်သူမှ ဘာမှ လုပ်လို့ မရဘူး။ ဒါတွေကို ဘကြီးအေးက ကောင်းကောင်းကြီး သိမီနေတော့ စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းလည်း သူလည်း ဘာမှ တတ်နိုင်တာမဟုတ်းလေ။

(၂)

အသက်အရွယ်လေးရလာတော့ ရွာထဲက နေ့စဉ်ဒုက္ခတွေကို မမြင်ချင်၊ မကြားချင်တော့ဘူး။ ဒါနဲ့ပဲ ကံဦးကျောင်းနဲ့နီးတဲ့ သရက်ခြံထဲမှာ တဲထိုးပြီးနေလိုက်တော့တယ်။ ဆရာတော်ကြီးတွေ ဟောထားတဲ့အတိုင်း "မမြင်ရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်၊ မကြားရရာ ကိလေသာ သူ့ဟာသူ ငြိမ်းသည်" ပဲ လုပ်နေလိုက်တော့တယ်။ သရက်ခြံထဲတဲထိုးပြီးနေလိုက်ပေမဲ့ မြေးကလေး ငတွတ်လာတိုင်း ရွာသ တင်း၊ ရပ်သတင်းက ပါပါလာတတ်ပြန်ရော။

ဦးယဉ်ကျေး သူကြီးမဖြစ်ခင် ကဆို ဒီနယ်မှာ ဒီရွာက ထိတ်ထိတ်ကျဲပဲ ဥစ္စာ။ ဘယ်ရွာသားကမှ ဒီရွာသား ကို ထိရဲတာမဟုတ်ဘူး။ အခုများလား တစ်ခု ခုဖြစ်ပြီဆို ခံလိုက်ရပြီ ဒီရွာသား။ ရွာထဲက ကောင်လေး၊ ကောင်မလေးတွေ ဆို သူများရွာသွားပြီး စာရင်းငှား လုပ်နေရသတဲ့။ ကြားမှ မကြား ဖူးတာ။ ဟိုရွာ၊ ဒီရွာတွေက ပြန်ပြန်လာကြပြီး သူများသူကြီးနဲ့ တို့ သူကြီးကတော့ ကွာပကွာ ဆိုပြီးပြောပြောနေကြတော့ ရွာမှာ ကျန်ရစ်ခဲ့သူတွေက ပိုပြီး ရင် ထုမနာ ဖြစ်ကြရတာပေါ့။

(၃)

တမနက်မှာတော့ မြေးကလေး ငတွတ် အမောတကော ရောက်လာပြီး
"ဘကြီးအေး၊ သူကြီး ဦးယဉ်ကျေး ဆုံးပြီတဲ့"
"ဟေ ဟုတ်လား၊ မင်း ဘယ်လို သိခဲ့တာလဲ"
"သူ့တစ်အိမ်လုံး ငိုနေကြတယ်။ အသုဘကိစ္စ ၊ သက်ပျောက်ဆွမ်းအတွက် ဆရာတော်ပင့်ဖိုကိစ္စ စတာတွေစီစဉ်ရအောင် ဘကြီးအေးကို အခေါ်ခိုင်းလို့ ကျုပ် ပြေးလာခဲ့တာ"
"အေးလေ၊ ဒါဆိုသွားကြမယ်" ဆိုပြီး မြေးလေးနဲ့ အတူ သူကြီးအိမ်ကို သူတို့ တန်းပြီးသွားကြတယ်။ ဘကြီးအေးတို့ သူကြီးအိမ်ရောက်တော့ အလောင်းေ ကာင်ကို ရေချိုး၊ အခေါင်းထဲထည့်၊ အခေါင်းကို သူသေဆုံးတဲ့ ကုဋင်ကနေ အပြင်ထုတ်ဖို့ လုပ်နေကြချိန်ပေါ့။ ဒါကိုလည်းမြင်ရော ဘကြီးအေးပါးစပ်က ထိန်းချိန်တောင် မရလိုက်ဘဲ

" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ" လို့

အလောတကြီး အော်လိုက်မိတယ်။ ဒီတခါ ခေါင်တိုင်နဲ့ ဝင်တိုက်မိလို့ အ သက်ပြန်လည်လာလိုကတော့ ရွာသွားတွေအတွက် မလွယ်တော့ဘူးဆိုတာ ဘကြီးအေးက အသိဆုံး နေမှာပေါ့။
ဒါပေမဲ့ ဘယ်လောက်ဆိုးသွမ်းတဲ့ လူအတွက်ပဲဖြစ်ပါစေ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ သေပါစေလို့တော့ ဆုမတောင်းအပ်ဘူး မဟုတ်လား။
" ဟေ့ ခေါင်တိုင်နဲ့ ဝင်တိုက်မိမယ်၊ သတိထားကြ" ဆိုတော့ ဘာလိုလိုကြီး။

***************************************************
ဖတ်ဖူးတဲ့ အင်္ဂလိပ်လိုစာလေးတစ်ပုဒ်ကို ခံစားပြီး ရေးထားတာပါ။
ကမ်းလက် လပတ်လည်မှာ ဝတ္ထုတို မတင်ဘူးသေးလို့ ရေးလိုက်မိပါတယ်။

၁၁၁ နှစ် သမိုင်း

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်က အမေရိက.... တဲ့

၁။ ပျမ်းမျှလူ့သက်တန်း ၄၇ နှစ်
၂။ ၈ ရာခိုင်နှုံးသောမိသားစုအိမ်မှာသာ တယ်လီဖုန်း ရှိ၊ ဒန်ဗာကနေ နယူးယောက်ခေါ်ရင် သုံးမိနစ် ၁၁ ဒေါ်လာကျ။
၃။ တစ်နိုင်ငံလုံး ကားစီးရေ ၈,၀၀၀ သာရှိပြီး ကားလမ်းကလည်း ၂၃၀ ကီလိုမီတာသာရှိ။
၎။ အမြန်နှုန်းက တစ်နာရီမှာ ၁၆ ကီလိုမီတာသာ မောင်းခွင့်ရှိ။
၅။ သာမန်လူတစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခက ဒေါ်လာ ၂၀၀ ကနေ ၄၀၀။
၆။ အရည်အချင်းမီ အကောင်တင့် တစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခ က ဒေါ်လာ ၂,၀၀၀၊ သွားဆရာဝန်က ဒေါ်လာ ၂,၅၀၀၊ တိရစ္ဆာန်ဆေးကု ဆရာဝန်က ၁,၅၀၀ ကနေ ၄၀၀၀၊ စက်မှုအင်ဂျင်နီယာက ၅,၀၀၀။
၇။ ၉၅ ရာခိုင်နှုံးမိခင်တွေ ကလေးမီးဖွားကြတာက အိမ်မှာပဲ။ ၉၀ ရာခိုင်နှုံး ဆရာဝန်တွေက တက္ကသိုလ်ဘွဲ့ရတွေ မဟုတ်ကြ။
၈။ သကြားတစ်ပေါင် ၄ ဆင့်၊ ကြက်ဥတစ်ဒါဇင် ၁၄ ဆင့်၊ ကော်ဖီတစ်ပေါင် ၁၅ ဆင့်။
၉။ အမျိုးသမီးအများစုက တစ်လ တစ်ခါသာ ခေါင်းလျှော်။
၁၀။ လူ အသေအပျောက် အများဆုံးရောဂါတွေက နမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျှောဝမ်းပျက်၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ။
၁၁။ Las Vegas ရဲ့ လူဦးရေက ၃၀။
၁၂။ ဆယ်ယောက်မှာ တစ်ယောက်က စာ မရေးတတ် မဖတ်တတ်။
၁၃။ ၆ ရာခိုင်နှုံးသာ အထက်တန်းကျောင်း ပညာရေးရှိ။
၁၄။ တစ်နိုင်ငံလုံး လူသတ်မှု ၂၃၀ သာရှိခဲ့။

ယနေ့ အမေရိက???????

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်ကမြန်မာ၊ ကိုလိုနီလက်အောက်။
ယနေ့ မြန်မာ၊ စင်္ကာပူမီကိုဖို့ နှစ် နှစ်သာလို။ လျပ်စစ်မီး ရှိရှိ၊ မ ရှိရှိ၊ ကလေးတွေ ထင်းခွေရင်း မွေးမွေး မမွေးမွေး၊ ၂၀၁၅ ဆို စင်္ကာပူကိုမီပြီ။ ဒါပဲ။