သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၇ )


Andy Rooney (၁၉၁၉ ၂၀၁၁)

မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ပြန်စလိုက် ပါတယ်။ ဒီနေ့ တီဗွီကြေငြာသူ၊ စာရေးဆရာ၊ သတင်းစာဆရာ အမေရိကန် Andy Rooney ကို ရွေးလိုက်ပါတယ်။
သူ့ရဲ့"I've learned...." ဆိုရိုစကားတွေလည်း ကမ္ဘာကျော်ပါတယ်။ အခုတော့..

သူပြောမှ Vegetarian က ရှင်းသွားတယ်။
Vegetarian - that's an old Indian word meaning lousy hunter.

Vegetarian ဆိုတာ အဖြစ်မရှိတဲ့ မုဆိုးကိုခေါ်ဝေါ်တဲ့ အန္ဒိယန်း စကား အဟောင်း တဲ့။ အခု အသားမစားတာ ဖြစ်သွားပြီ။

လူ့သဘာဝကို သူဖွင့်ပြသွားတာလည်း တော်တော်ကောင်းပါတယ်။
People will generally accept facts as truth only if the facts agree with what they already believe.

အချက်အလက်တွေနဲ့ ညီရဲ့လား အချက်အလက်တွေနဲ့ ညီရဲ့လား လို့ မကြာ မကြာ မေးတတ်ကြပေမဲ့ တကယ့်အမှန်အကန် အချက်အလက်ကိုတောင် ကိုယ်လက်ခံထားတဲ့ ယုံကြည်မှုနဲ့ ကိုက်ညီမှ အမှန်လို့ လက်ခံကြတာမျိုး မ ဟုတ်လား။ တကယ်တော့ လူက အချက်အလက်ထက် ကိုယ့် အဇ္ဈတ္တ ကို ရှေးရှကြတာ များနေတာပါ။

ဒါကတော့ ဆင်ချင်မိစရာ မှတ်ချက်ပါ။ ကွန်ပျူတာက အချိန်ကုန် သက် သာပေမဲ့ စက္ကူတော့ တော်တော်ကုန် ဆိုပဲ။
Computers may save time but they sure waste a lot of paper. About 98 percent of everything printed out by a computer is garbage that no one ever reads.

အပြုံးစစ် ကို အဓိပ္ပါယ်ဖွင့်ရာမှာလည်း သူက တစ်မျိုးဆန်းနေတယ်။

If you smile when no one else is around, you really mean it.
ဘယ်သူမှ မရှိဘဲ တစ်ယောက်ထဲ ပြုံးမိရင် တကယ် ပြုံးချင်လို့ တဲ့။

နောက်ဆုံးစကားကို ပို သဘောကျတယ်။
ဒီမှာ It's paradoxical ကို "ရှေ့နောက်မညီဘူး" လို့ ယူဆနိုင်ပါတယ်။ မူရင်းက ပိုလှနေလို့ ဘာသာမပြန်တော့ပါဘူး။
It's paradoxical, that the idea of living a long life appeals to everyone, but the idea of getting old doesn't appeal to anyone.

ဇင်ဝေသော်

politician, leader, statesman

politician နဲ့ statesman ရဲ့ ခြားနားချက်က ဘာလဲ ဆိုတဲ့မေးခွန်းအပေါ် လီကွမ်းယု ဖြေခဲ့ပုံပါ။ ကောင်းပါတယ်။ သူ့ဖက် နည်းနည်းယက်တယ်လို့ ယူဆသူတွေကိုလည်း အပြစ်ဆိုလို့တော့ ရမယ် မထင်ဘူး။
သူက politician နဲ့ statesman ကြားမှာ leader ကိုတောင် အခုအခံ ထား သွားသေးတယ်။ ဖတ်ကြည့်ပါ။

၁။ politician က သူ့ကိုယ်သူ လူသိများအောင်လုပ်ပြီး ရာထူးရအောင် ယူ တယ်။ အဲဒီ ရာထူးနဲ့ ဘဝင်ခိုက်နေတယ်။
၂။ leader က မစ်ရှင် ရှိတယ်။ လုပ်သင့်တာတွေ လုပ်လို့ရအောင် အာဏာ ရအောင်ယူတယ်။
၃။ statesman ကတော့ အာဏာရအောင်ယူ၊ လုပ်သင့်တာ လုပ်ပေးရုံတင် မကဘဲ သူ့ကိုဆက်ခံမယ့် လူတော်ကို ရအောင်ရှာပြီး အာဏာလွှဲပေးတယ်။

Well, varying between a politician and a statesman. A politician just wants to publicise himself and gets into office, and he enjoys the pride to be there. A leader has a mission. You seek power because you want to do certain things. A statesman is one who has not only sought power and done those things but is able to hand over to a good successor. That is my understanding.

သူ့ အဆိုအရ statesman က leader ထက် တဆင့်မြင့်တယ်။

ကဲ ရပြီ။
ဦးသိန်းစိန်၊ ဒေါ်စု၊ ဦးရွှေမန်း။ တစ်လား၊ နှစ်လား၊ သုံးလား။

One Man's View of The World. (LKY)
Chap 11, p 318, 319

**အသေ နှင့် အနေ**

အသေ

လောဘစိတ်နဲ့ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်
ဒေါသကြ်ီးလျှင် ပါယ်ငရဲ ဖြစ်ရအမှန်ပဲ၊
မောဟစိတ်နဲ့သေခဲ့ပြန် ဖြစ်ရတိရစ္ဆာန်
ဆိုးသွမ်းလေဟန် စိတ်သုံးမျိုး စွန့်ခွာ ပယ်လို့ ချိုး။ ။

(မာဂဓီ သာစည်၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်္ခန်းစာ မှ၊ ပြန်ရွတ်ကြည့် ရင်း ရေးထားခြင်း ဖြစ်သဖြင့် အမှားတွေ့က သူတော်စဉ်တို့ ထောက်ပြ ကြပါလေ)

အနေ

လောဘစိတ်နဲ့ နေခဲ့လျှင် အဆိပ်လာဘ် တရွှင်ရွှင်
ဒေါသကြ်ီးလျှင် ရှူးရှဲရှဲ သတ်မယ် ဖြတ်မယ် တကဲကဲ
မောဟစိတ်နဲ့နေတဲ့သူ ပျင်းရိ အူ တူတူ
လူစင်မမီစေ စိတ်သုံးမျိုး စွန့်ခွာ ပယ်လို့ ချိုး။ ။

သီဟနာဒ
(ဆရာတော်ကို အားကျ ကြည်ညိုစွာဖြင့်)

စာဖတ်သူသို့ ပြန်စာ

မတတ်နိုင်တော့ဘူး။ တစ်ယောက်မက တောင်းဆိုလာကြတော့ တင်လိုက် တာပေါ့။

လီကွမ်းယု ဆွဲထားတဲ့ မြန်မာပြည်ရဲ့ ကောက်ချက် (၈) ချက်

နောက်ဆုံး နံပါတ် (၈)

The Burmese living abroad are another group that could encourage the country to open up faster. They are the best people from Myanmar who had previously gone to exile. Their children would no longer feel any obligation to the country, but those who left Myanmar in their youth or adults would have retained an emotional connection. With changing political situation, if they can be persuaded to return to start enterprises, it would certainly be a boost to the country.
(Page 199/200)

နံပတ် တစ်

It was not a volt-face rooted in deep soul-searching or genuine epiphany. Neither was it a desperate act of self-preserving by an authoritarian regime that believed it was on the verge of collapse. A much more prosaic explanation is in order. The generals could see that the country was in a cul-de-sac. There were no options left.
(page 197)

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ (ဦးကိုမောင် (ပြုံးစိစိ)၊ ဇင်ဝေသော်)

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ အမေရိကန် လူမည်းတွေရော မြန် မာပြည်တွင်းက အနုပညာရှင်တွေပါ နောက်ကောက်ကျ ကုန်ရော။
ဗိုလ်ချုပ်ထဲက ဗိုလ်ချုပ် တဲ့။ သီချင်းလုပ် ဆိုပစ်လိုက်တယ်။
အမေရိကန် လူမည်းတွေလည်း အိုဘားမားကို ဂုဏ်ပြုသီချင်း စပ်ဆိုသင့်တာ
"လူမည်းထဲက တို့ လူမည်း ..ည်း .....ည်း"

"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်"

သူမှပျော်တာ မဟုတ်ပါဘူး။ သူ့ သီချင်းနားထောင်ရတာကလည်း ပျော်စရာ ကြီးပါ။
"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်" တဲ့။ ဟဲ ဟဲ။

ဘာသာရေး အငွေ့အသက်လည်း မကင်းဘူး။

"ရှေးဘဝ ဘဝရဲ့ ရေစက်၊ အခုတစ်ခေါက် ထပ်တွေ့ရမှာပဲ
ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်...ပ်...ပ်" တဲ့။

ဟိုက်၊ ဒီကိစ္စ ဟိုကောင်လေး ဆက်ရေးပါစေ။

အမှာစကားလည်းပါးသေးတယ် (လူငယ်တွေအတွက်ပဲ နော်၊ ဆောရီးပဲ။ လူကြီးတွေအတွက် မပါဘူး)

"တိုင်းပြည်ကိုချစ်ရင် ခေတ်လူငယ်များ
မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)"။

ချစ်လို့ပြောတယ်မှတ်ကြပါ။ မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)။

လူကြီးတွေအတွက် သူ မပြောတော့ ကိုယ်ပြောရတာပေါ့
"ကိုယ့်ကိုယ်ကိုချစ်ရင် ခစ် လူကြီးများ
ဘိန်းဘုရင်နဲ့ ပေါင်းစားကြကွဲ့"

ဦးကိုမောင် (ပြုံးစိစိ)
**********************************************

အင်း ဦးသိန်းစိန်ကို လူထု တကယ်လက်ခံထားတာက သမ္မတတစ်ယောက် အနေနဲ့ပါ။ ဗိုလ်ချုပ်အနေနဲ့ မဟုတ်ပါဘူး။
ဒါတွေက ပြင်လို့မရတဲ့ လူထုရဲ့ လက်ခံထားမှုပဲ။

ဗိုလ်ချုပ်လို့ ဆိုလိုက်ရင် (နံမည် မပါရင်တောင်) နိုင်ငံသား လူအများစုက တခြားဗိုလ်ချုပ်တွေကို ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြေးမြင်ကြတယ်။

ဘာသာရေးမှာလည်း တိပိဋကဓရ ဆရာတော်ကြီးလို့ ဆိုလိုက်ရင် (ဘွဲ့တော်မပါရင်တောင်) တခြား ဆရာတော်ကြီးတွေကို ကျော်ပြီး လူအများ စုကတော့ မင်းကွန်းဆရာတော်ကြီးကို ပြေးမြင်ကြတယ်။

စာပေအသိုင်းအဝိုင်းမှာလည်း အဲသလိုပဲ။ အမေလို့ ပြောရင်လူထု ဒေါ်အမာ ပဲလေ။
ဒေါ်စုကတောင်မှ အခု ရောနေပြီ၊ ဒေါ်စု၊ အန်တီစု၊ အမေစု၊ ဟို အဖွားကြီး၊ စုံလို့ပဲ။

ဦးသိန်းစိန် ဖြစ်နိုင်တာက (သူ စွမ်းရင်) "သမ္မတထဲက တို့သမ္မတ" ပဲ ဖြစ် ဖို့များတယ်။

"ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်" ကတော့
အင်း...
အများစုအတွက်
ဗိုလ်ချုပ်အောင်ဆန်းပဲ
ဖြစ်နေမယ်ထင်တယ် လာရှိုးက
(အမေရိက က) ဦးသိန်းအောင် ရယ်။