ဆဲဆိုခြင်း သမိုင်းနဲ့ တန်ဖိုး သတ်မှတ်ချက်

စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် အောက်စ်ဖို့ တက္ကသိုလ်က ထွက်လာပါ တယ်။ ဆဲဆိုခြင်း သမိုင်းအကျဉ်း တဲ့။
ဆဲဆိုခြင်းဟာ မယဉ်ကျေးဘူး၊ ကိုယ့်ရဲ့ လူမှုရေးအဆင့်ကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ကို သမိုင်းအဆက်ဆက်က လူတွေ လက်ခံသလို သမိုင်း အ ဆက်ဆက်မှာလည်း ဆဲဆိုတဲ့ ဝေါဟာရတွေ ရှိနေခဲ့တယ်။ လူတွေဘာကြောင့် ဆဲဆိုကြသလဲဆိုရင်တော့ စိတ်တင်းကျပ်မှုကို ပြေေ လျာ့စေလို့၊ တခါတခါ စိတ်ကျေနပ်မှုကိုတောင် ရစေလို့လို့ ဆိုပါတယ်။

ပါမောက္ခက သူမရဲ့ ဆဲဆိုခြင်း သမိုင်းအကျဉ်းကို နှစ်ပေါင်း နှစ်ထောင်ကျော် က ရောမခေတ် လက်တင်လို ဆဲသံဆိုသတွေနဲ့ စတင်ချီလာခဲ့တယ်။
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေဟာ အလွန် ရိုင်းစိုင်းတဲ့ ဝေါဟာရတွေအဖြစ် ရောမခေတ်မှာ လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီ ဝေါဟာရတွေဟာ ဒီခေတ်မှာ မရိုင်းဆိုင်းတော့ပါဘူး။ အထူးသဖြင့် ဆေးပညာရပ် သင်္ခန်းစာ၊ ကျန်းမာရေးသင်တန်းတွေမှာ ဆို ဖော်မယ် ဖြစ်နေကြပါပြီ။ ရောမခေတ်မှာဆို အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေရဲ့ အမည်ကို ဘယ်လိုနေရာမျိုးမှာမှ သုံးစွဲဖို့ မအပ် တဲ့ ဝေါဟာရေ တွပါ။

နောက်ပြီး God နဲ့ ဆက်စပ်တဲ့ ဝေါဟာရတိုင်းဟာ ဘာသာရေး စော်ကားမှု တစ်ခုလို့ ယူဆကြပါသတဲ့။ ဥပမာ Oh,my God လို စကားမျိုးပါ။ ဒါပေမဲ့ ဒီခေတ်မှာ ဒီဝေါဟာရ ဘယ်လောက်တွင်ကျယ်ပြီး ဘယ်လောက် ယဉ်ကျေး တယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။
၁၉ ရာစုနဲ့ ၂၁ ရာစု ဝေါဟာရ သတ်မှတ်ချက်ကတော့ အင်တာနက် မပေါ် ခင်အထိ ထူးထူးခြားခြား ကွာဟမှု မရှိခဲ့ပါဘူး။ လူ့ခန္ဓာကိုယ် အစိတ် အ ပိုင်းတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို ပုံဖော်ပြတဲ့ စကားတွေဟာ ရိုင်ဆိုင်း ဆဲပါ။ "F**k " လို ဝေါဟာရတွေကို ထောက်ပြတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံတွေမှာ (အထူးသဖြင့် အမေရိကန်တွေ) "Sh*t" "D**k" "Holly D**k" "P**s" စတဲ့ ဝောဟာရတွေဟာ ပုံမှန် ဝေါဟာရတွေဖြစ်ေ န တာကြာပါပြီ။
အင်တာနက်က တဆင့် ဒီ စကားလုံးတွေ ပြန့်သွားလိုက်တာ တစ်ကမ္ဘာလုံး က ချတ်တင်း ရုမ်းတွေထဲမှာ ဒီ စကားလုံးတွေမြင်လို့ အံ့ဩတကြီး မဖြစ်ကြ ရတော့ဘူး တဲ့။

ဒီခေတ်မှာ လူထုလက်မခံနိုင်တဲ့ အဆိုးဆုံးဝေါဟာတွေက "nigger" "retards" "cripple" "black people" "monkey" စတာတွေ ဖြစ်လာခဲ့ ပါပြီ။ နိုင်ငံရေးသမားတစ်ယောက်က F**k ဆိုတဲ့ စကားလုံးကို လူထုေ ရှ့သုံးလို့ ဘာမှ မဖြစ်ပေမဲ့ "nigger" "retards" "cripple" "black people" စတဲ့ စကားလုံးတွေကို လူထုရှေ့မှာ သုံးလိုက်ရင်တော့ သူ့ရဲ့ ဘဝနဲ့ အလုပ်ပါ ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ဆွေးနွေးပြထားပါတယ်။

သူပြောမှ ငယ်ငယ်က ရွာက လူကြီးတချို့ ပုံပြောသံကို ကြားယောင်မိ ပါ တယ်။
"ခွေးမသားလေးတွေ၊ နင်တို့က ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ ဟိုတုံးက တို့ရွာမှာ ကမျင်းမ မိအေးဆိုတဲ့ ကောင်မ ရှိဖူးတယ်။ သူ့ကို သေနာကောင် ငမူးက မရ ပန်းသေ အရူးအမူးကို ကြိုက်နေတာ။ ပြဿနာက လူလွန်မသား၊ သူကြီးသား ငထွားပဲ "
ကျနော်တို့က ဆဲနေတယ်လို့ကို မခံစားရဘူး။ အားလုံး ပျော်လို့ ရွှင်လို့ပဲ။

စိတ်ဝင်စားရင်
Brief History of Swearing
Mellisa Mohr, Oxford University Press, 2013

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်းယု)

အရှေ့အလယ်ပိုင်း၊ နွေ ရောက်မလာတဲ့ နွေဦး

မေး။ ။ အရှေ့အလယ်ပိုင်း ဒီမိုကရေစီနဲ့ ပတ်သက်လို့ မစ္စတာလီမှာ အကောင်းမြင်ဝါဒ မရှိဘူး နော်။ တူရကီဆိုရင် ဘယ်လိုပြောမလဲ၊ အစ္စလမ်နဲ့ ဒီမိုကရေစီ နှစ်ခုစလုံး ထွန်းကားနေတာပဲ။

ဖြေ။ ။ အစ္စလမ်နိုင်ငံတွေက နိုင်ငံကို မအုပ်ချုပ်နိုင်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ အော့တိုမန် (Ottoman) အင်ပါယာဆို တကယ်အောင်မြင်ခဲ့တာ ပဲ။ ဒါပေမဲ့ တူရကီက အာရပ်နိုင်ငံတွေထဲ မပါဘူး။ သူတို့က တူရကီတွေ၊ တခြားစီပဲ။ တူရကီတွေက သူတို့ဟာ အာရပ်ကမ္ဘာကို အောင်နိုင်ခဲ့တဲ့ အော့ တိုမန် မျိုးဆက်တွေလို့ သူတို့ကို သူတို့ ယုံကြည်ကြတယ်။ သူတို့ အခြား အစ္စလမ်ဘာသာဝင်တွေထက် သာနေတဲ့ အဓိကအချက်က ပညာအများကြီး ပိုတတ်နေလို့။

မေး။ ။ အာရပ်နွေဦး လှုပ်ရှားမှုဟာ အရေးပါတဲ့ ပထဝီနိုင်ငံရေး လှုပ်ရှားမှု တစ်ခုပဲ။ ဝေဖန်သူတချို့ ပြောနေတာက အီဂျစ်က မူဘာရက်ကို အမေရိကန်တွေ လက်လွတ်ခံလိုက်တာ စောသွားတယ်၊ သူဆို အမေရိကန်တွေ နဲ့ တော်တော် ရင်းရင်းနှီးနှီးရှိတယ်။ ဒီတော့ သူတို့ သုံးသပ်တာက အရေး ရယ် အကြောင်းရယ်ဆို မဟာမိတ် ဖွဲ့ထားလည်း အမေရိကန်တွေကို အားကိုးလို့ မရဘူး တဲ့။

ဖြေ။ ။ မူဘာရက်ကို အမေရိကန်တွေက ဘယ်လိုလုပ် ကယ်တင်လို့ ရမှာ လဲ၊ အမေရိကန်စစ်သားတွေ အီဂျစ်ကို လွှတ်မှာလား။ ဒါက ပြည်တွင်းရေး သက်သက်လေ။ အမေရိကန်တွေ ကြားဝင်လည်း အမေရိကန် အလံတွေ မီးရှို့ခံရတာပဲ ရှိမယ်။ အမေရိကန်တွေနဲ့ပေါင်းလို့၊ သူတို့က ထောက်ခံလို့ အန္တရာယ်မရှိတော့ဘူး တွက်ထားလို့ မရဘူး။ အင်း ထိုင်ဝမ်ကတော့ ချွင်း ချက်ပေါ့။ တရုတ်က ပြန်သိမ်းချင်နေတာ။ အမေရိကန်ရဲ့ သတ္တမ ရေတပ်က ထိုင်ဝမ်ရေလက်ကြားမှာ ကျောက်ချထားတယ်။ ဒါတောင် ထာဝရတော့ မဖြစ်နိုင်ဘူး။

မေး။ ။ အာရပ်နွေဦး ပထဝီနိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အမေရိကန်တွေဟာ အောင်မြင်သူတွေလား ဒါမှမဟုတ် အရှုံးသမားတွေ လား။

ဖြေ။ ။ ဒီကိစ္စက ဘာမှပြောလို့မရဘူး။ သူတို့ ထောက်ခံထားတဲ့ အစိုးရ ရဲ့ ခြေလက်တွေ အဖြတ်ခံလိုက်ရတော့ သူတို့ဩဇာလည်း ဘယ် ရှိနိုင် ပါတော့မလဲ။ အမေရိကန်ဆီက ဘီလီယံချီတဲ့ ဒေါ်လာတွေ အကူအညီ ယူပြီး နိုင်ငံကို လည်ပတ်မယ့် လူစွမ်းကောင်းခေါင်ဆောင်တစ်ယောက်ပေါ် လာရင် သူတို့ ပြန်ဝင်လာကြဦးမှာပဲ။ အကူအညီဆိုတာ တကယ်တော့ အလွန် အရေးပါတဲ့ ကိစ္စပဲ။

*သင်္ချာတော်ရင် အပျိုကြီး ဖြစ်တတ်တယ်*

အရင်တပတ် အင်္ဂါနေ့က တရုတ် ဘယ်လင်တိုင်းနေ့ပါ။ Qixi ပွဲတော်လို့ ခေါ် တယ်။ အခုတော့ အိမ်ထောင်ဖက်ရှာကြတဲ့ ပွဲလို့ ခေါ်ရင်ရနေပါပြီ။ ပညာ တတ် အပျိုကြီးတွေ ပိုများတယ် တဲ့။
များပြီပေါ့။ သူတို့ အိမ်ထောင်ဖက်ရွေးတဲ့ ဖော်မြူလာကိုလည်း ကြည့်ပါအုံး။

စတိတ်မင့်။ ။ အမျိုးသားသည် ဘယ်အရာမှာမဆို အမျိုးသမီးထက် တစ် ဆင့်မြင့်နေရမည်။ အရပ်၊ အသက်၊ အရည်အချင်း၊ လစာ စသည်တို့ ပါဝင် သည်။

ဒီ စတိတ်မင့်အတိုင်း ပြဿနာရဲ့ ဆိုလူးရှင်းကို ရှာကြည့်တော့ ဒီလိုရတယ်။
Grade A+ Grade B
Grade B + Grade C
Grade C + Grade D

အရပ်စကားနဲ့ ပြောတော့ ....
(က) အဆင့် A ရှိ အမျိုးသားနဲ့ အဆင့် B ရှိ အမျိုးသမီး
(ခ) အဆင့် B ရှိ အမျိုးသားနဲ့ အဆင့် C ရှိ အမျိုးသမီး
(ဂ) အဆင့် C ရှိ အမျိုးသားနဲ့ အဆင့် D ရှိ အမျိုးသမီး

ဒီတော့ အဆင့် A ရှိ အမျိုးသမီးနဲ့ အဆင့် D ရှိ အမျိုးသားက ဖော်မြူလာထဲ မဝင်တော့ဘူး။ သွားကရော။
ပြီးတော့ မြို့ကြီးတွေက အဆင့် A ရှိ အမျိုးသမီးတွေကလည်း လယ်တော ထဲက အဆင့် D ရှိ အမျိုးသားကို စိတ်မဝင်စားတော့ဘူး။



ဒီတော့ Shengnu နဲ့ Shengnan တွေ ဖြစ်ကုန်ရော။
Shengnu က Leftover women။
Shengnan က Leftover men။

***ရုစဗဲ့ ပြောခဲ့တဲ့ မဟာဗျူဟာ သုံးခု***

၁။ အညံ့ဆုံး လူတန်းစားကို စည်းရုံးဖို့ ဖိနှိပ်ချုပ်ချယ်တဲ့ နည်းကိုသုံးပါ။
၂။ ဒုတိယတန်းစားကို စည်းရုံးဖို့ မြှောက်ပင့်တဲ့ နည်းကိုသုံးပါ။
၃။ အဆင့်မြင့် လူတန်းစားကို စည်းရုံးဖို့ အကြံဉာဏ်တောင်းပါ (မိတ်ဆွေ ဖွဲ့ပါ) တဲ့။


သူကိုယ်တိုင်ပြောခဲ့ပေမဲ့ ရုစဗဲ့ကိုယ်တိုင်ကတော့ ပထမ မဟာဗျူဟာကို မ သုံးစွဲခဲ့ဘူးလို့ ထင်ပါတယ်။ သူတို့တတွေ ဒုတိယကမ္ဘာစစ်ထဲကနေ ဒုတိယနဲ့ တတိယမဟာဗျူဟာတွေသုံးပြီး ထွက်လာခဲ့ကြတာပါ။
ရာဇဝင်အဆိုး အကောင်းတွေကို အလီလီဖြတ် သူ့သတ် ကိုယ့်သတ် ဇာတ် လမ်းတွေနဲ့ လက်ပွန်းတတီးရှိလှတဲ့ ၂၁ ရာစု လူ့အဖွဲ့အစည်း (အများစု) ဟာ ပထမ မဟာဗျူဟာကို စက်ဆုပ်ကြလှပါပြီ။ တော်ကြပါတော့။
ဒီ ပထမ မဟာဗျူဟာကို ကျင့်သုံးဖို့ တစ်ဖက်သားကို တိရစ္ဆာန်အရာထားပြီး ကိုယ်တိုင်ကလည်း တိရစ္ဆာန်တစ်ကောင်လောက် မိုက်မဲမှ ရနိုင်ပါတယ်။
ကံဆိုးစွာပဲလို့ ဆိုရပါလိမ့်မယ်။ အဖွဲ့အစည်း တချို့ဟာ ပထမ မဟာဗျူဟာ ကို တောင်းဆိုနေဆဲဖြစ်သလို အာဏာ၊ ပါဝါ၊ လူသတ်လက်နက်ပိုင်ဆိုင်သူ တချို့ကလည်း ဒါတွေကို အသုံးပြုဖို့ လက်ရဲဇက်ရဲ ရှိနေကြဆဲပါပဲ။

ဒုတိယ မဟာဗျူဟာ
ဒုတိယ မဟာဗျူဟာကလည်း ဟုတ်တော့မလိုလိုနဲ့ နားထင်သွေးရောက်ေ စတဲ့ မဟာဗျူဟာမို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် မစွံ လှသေးပါဘူး။ နိုင်ငံရဲ့ မဆလသက်တမ်းတစ်လျှောက်လုံးမှာ သာကီဝင်တွေ၊ မျိုးချစ်စိတ်တွေ၊ သဟဇာတ၊ အညမည၊ အနု၊ပဋိလောမ သဘောတရား စတဲ့ စကားလုံးထွားထွားကြီးတွေနဲ့ မြှောက်ပင့်လာလိုက်တာ ကမ္ဘာမှ ကိုယ် ဘယ်နေရာမှာရှိမှန်းတောင် မသိနိုင်တော့ဘူး။
"စင်္ကာပူလာသင့် မလာသင့်" ဆောင်းပါးမှာ "ငါတို့က လဲတွေ၊ လားတွေနဲ့ အင်္ဂလိပ်စကား ပြောတတ်တဲ့ စလုံးတွေလောက်တောင် အင်္ဂလိပ်စာ မတော် ဘူးဆိုပါလား၊ လေပါ့ကွာ" လို့ လူငယ်တစ်ယောက်က ကွန်မင့်ရေးတော့ သူ တင်မကဘူး၊ ကျနော်ပါ လေ သွားခဲ့ရဖူးပါတယ်။

စိတ်မကောင်းဘူး။ ကျနော်တို့ကိုယ်တိုင်တွေလည်း ထင် ကြီးတစ်လုံး ကိုင်စောင်ခဲ့ကြတဲ့ မျိုးဆက်တွေပဲလေ။ ထိုင်းလည်း ကိုယ့်လောက် မစွံ၊ မလေး လည်းကိုယ့်လောက် မစွံ၊ စလုံးလည်း ကိုယ့်လောက် မစွံ။ လာအိုတွေ က ပါ ကျော်တက်သွားတော့မှ အောက်ဆုံးက ထိုင်နေရတဲ့ ဘဝအမှန်ကို သိ ခဲ့တော့တာပဲ။
ဒုတိယ မဟာဗျူဟာကို ကျင့်သုံးဖို့ဆိုရင်လည်း တစ်ဖက်သားကို အရူး အနှမ်း သဘောထားမှ ရတတ်ပြန်တယ်။ ကျနော်တို့ နိုင်ငံဟာ မဟာဗျူဟာ တစ် နဲ့ နှစ် ကြားမှာ အနုလုံ၊ ပဋိလုံ လည်ပတ်နေခဲ့ရတယ်။

ကျနော်ကတော့ ရိုးရိုးလေးပဲ ကြည့်မိတယ်။
(အိန္ဒိယနဲ့ တရုတ်ကိုထိန်းဖို့ မြန်မာပြည်ဟာ အမေရိကန်တွေအတွက် အ ချက်အချာကျတယ်)။ ပစိဖိတ်ကို ပိုင်မှ အာရှကို စိုးမိုးနိုင်ပါလိမ့်မယ်၊ ဟုတ်တယ်၊ ပြောသလောက်ကြီးတော့ မဟုတ်ဘူး။

သယံဇာတတွေ ပေါတယ်။ (ဘရူနိုင်းကို မမီဘူး)

(လူတွေက မညံ့ဘူး)။ ဂျပန်တွေ ကိုရီးယားတွေလောက် (အများစုက) တော် လည်းမတော် ကြိုးလည်း မကြိုးစားဘူး။ ပိုက်ဆံနဲ့ အချိန်ရှိရင် ကိုရီးယား ဇာတ်ကားတွေလောက်တော့ မြန်မာ ဒါရိုက်တာတိုင်း ရိုက်နိုင်တယ် ဆိုတဲ့ ဒါရိုက်တာကို အတော်ဆုံး လူရွှင်တော်ဆု ပေးလိုက်ချင်ပါတယ်။

အမှာ။ ကွင်းစ ကွင်းပိတ်ထဲက စာတွေက ကြားဖူး နားဝ စကားတွေပါ။

ကျနော်တို့ လူငယ်တွေကို အမှန်တွေပဲ ပြောသင့်ပြီ။
သယံဇာတနဲ့ ပါးပါးနပ်နပ်လေး မျှားခေါ်ပြီး လူသားအရင်းအမြစ်ကို စိုက်ပျိုး သင့်ပြီ။

အသုံးအစွဲမတတ်ရင် ဘာသာရေးက နိုင်ငံရေးကို ရန်မူတယ်။
နိုင်ငံရေးကလည်း အကိုင်အတွယ်မတတ်ရင် ဘာသာရေးကို မျက်စောင်း တခဲခဲပဲ။

ကျနော်တို့ အရူးပျေက်ချိန် တန်ပါပြီ။ တက်လာမယ့် လူငယ်တွေကိုလည်း အရူးလုပ်ဖို့ မသင့်တော့ဘူး။ ရုစဗဲ့ရဲ့ ဒုတိယ မဟာဗျူဟာကို ကျနော် ငြင်း ဆန်လိုက်မိပါတယ်။

နောက်မှပဲ တတိယ မဟာဗျူဟာကို ဆက်ပါဦးမယ်။ ဒီအကြောင်းကို အခြား ကလောင်နဲ့ ဆောင်းပါးအရှည် ရေးဖူးကြောင်း ဖတ်ဖူးသူများကို အသိပေး ချင်ပါတယ်။ လွတ်လွတ်လပ်လပ်လည်း ပြောရင်ရနေလို့ အခု အတို ချုပ် ပြန်ခေါ်လိုက်တာပါ။

ရွှေခြံရေ

မနေ့ညက အာဆင်နယ် ကြွေပြသွားလိုက်ပုံက တစ်တောလုံးကို ဝေရောပဲ။
အရံခုံပေါ်က ဝိန်းရွန်နီလည်း သူ့စာရင်းမပေါက်တဲ့ ဂိုးလေးဂိုးနဲ့ မယားပါ သား၊ သမီးတွေကို ပေချစ်နေရသလိုနေမှာ။
ကံသီလို့ သူ့ပင်နယ်တီ သန္ဓေပျက်တော့ လီဗာပူးလ်လည်း သုံးမှတ် မဲ ပေါက်သွားတယ်မဟုတ်လား။
ဒါပေမဲ့ ကြွားလောက်တဲ့ ခြေ မဟုတ်တာတော့ အန်ဖီးလ် သက်သေပဲလေ။
ပြန်ပေါင်းထုပ် မော်ရင်ညိုရဲ့ ချယ်ဆီးလ်အတွက် နယူးဘွိုင်း ဟူးလ်စီးတီးဟာ ဘယ်လောက်ပဲ အသည်းမာမာ
အိပ်ကပ်ထဲ တစ်စုံတစ်ရာယူပြီး ဘလူးတို့ တံတားကို ဖြတ်နိုင်မယ် မထင်ဘူး။
မန်ယူရဲ့ သုံးဂိုးအသားတင်ကို နောက်ကောက် ချနိုင် မချနိုင်ပဲ စောင့်ကြည့်ရုံပါ။

ကျနော်သိလိုက်တယ် (WISDOM OF ANDY ROONEY)

သူ့စာကြောင်းတိုင်းဟာ ကဗျာအပိုဒ်လေးတွေလို လှပါတယ်။ သူ့မူရင်း အင်္ဂလိပ်လိုကို အားပြုဖတ်ကြည့်ပါ။
အင်္ဂလိပ်လို လုံးဝမရသူတွေအတွက်ပဲ မြန်မာလို ပြန်ပေးထားတာပါ။

ဘဝဆိုတာ အိမ်သာစက္ကူလိပ်လိုပါ၊ ကုန်ခါနီးလေ အကုန်မြန်လေ။
I've learned.... That life is like a roll of toilet paper. The closer it gets to the end, the faster it goes.
ကမ္ဘာမှာ အကောင်းဆုံးစာသင်ခန်းဆိုတာ အဘိုး/အဖွားရဲ့ ခြေအစုံအောက် မှာ ရှိပါတယ်။
I've learned.... That the best classroom in the world is at the feet of an elderly person.

အငြိမ်းချမ်းဆုံး ခံစားမှုကို ရင်ခွင်ထဲမှာ သားသား/မီးမီး အိပ်ပျော်နေချိန်မှာ ရရှိတယ်။
I've learned.... That having a child fall asleep in your arms is one of the most peaceful feelings in the world.

မှန်ကန်မှုထက် ကြင်နာမှုက ပိုအရေးကြီးတယ်။
I've learned.... That being kind is more important than being right.
ကလေးတစ်ယောက်က ပေးတဲ့လက်ဆောင်ကို ဘယ်တော့မှ မငြင်းဆန် သင့်ပါ။
I've learned.... That you should never say no to a gift from a child.

တခါတလေ လူတစ်ယောက်အတွက် လိုအပ်မှုဆိုလို့ တွဲလက်တစ်ချောင်းနဲ့ နားလည်မှု နှလုံးသားတစ်ခုတင်ပဲ ဖြစ်နေတတ်ပါတယ်
I've learned.... That sometimes all a person needs is a hand to hold and a heart to understand.

အမှန်တရားကို မျက်ကွယ်ပြုရုံနဲ့ အမှန်တရားက ပြောင်းလဲမသွားဘူး။
I've learned.... That to ignore the facts does not change the facts.

ဝေဒနာကို ကုစားနိုင်တာက မေတ္တာတရားပါ၊ အချိန်မဟုတ်ဘူး။
I've learned.... That love, not time, heals all wounds.
လူတစ်ယောက်အနေနဲ့ အောင်မြင်ဖို့အလွယ်ဆုံးနည်းကတော့ ကိုယ့်ဘေးမှာ ကိုယ့်ထက်သာသူတွေ ဝန်းရံနေခြင်းပဲဖြစ်ပါတယ်။
I've learned.... That the easiest way for me to grow as a person is to surround myself with people smarter than I am.

အခွင့်အရေးဆိုတာ ဘယ်တော့မှ အလကားမဖြစ်ပါ၊ ကိုယ်လွတ်သွားရင် အခြားတစ်ယောက် ရသွားတယ်။
I've learned.... That opportunities are never lost; someone will take the ones you miss.

ကျနော်အကြိုက်ဆုံးက ဒီ နောက်ဆုံးစကားပါ။

လူမျိုးရေး လက္ခဏာများ (ကျောင်းတွင်းမှတ်စု)

(၁)
စင်္ကာပူ အနောက်ပိုင်း၌ နံနက်စောစောထပြီး လမ်းလျှောက်မည်ဆိုလျှင် ဤသို့တွေ့ရသည်။
တရုတ်အဘိုးကြီးများတွင် ပြေးသူကပြေး၊ လမ်းလျှောက်သူက လျှောက်၊ စက်ဘီး စီးသူက စီးဖြစ်သည်။
မလေးအဘိုးကြီးများကတော့ နံနက်စောစောတွင် သုံးလေးယောက်စုပြီး ကားမှတ်တိုင်းမှာ စကားပြောကြတော့သည်။ နာရီ အတန်ကြာတတ်၏။

(၂)
ထိုင်းလူမျိုးများက ဘီယာ၊ အရက် အလွန်နှစ်သက်ကြသည်။ ( မြန်မာလူမျိုး လည်း အတူတူပဲဟု တစ်ယောက်ယောက်က ဆိုလျှင် မငြင်းပါ)
ဂိုးလ်ဒင်းမိုင်းလို နေရာမျိုးမှာ ညနေခင်းနှောင်းပိုင်းသွားလျှင် အုပ်စုဖွဲ့ပြီး ဘီ ယာ၊ အရက်သောက်နေသူများ အများအပြားတွေ့ရသည်။
သို့သော် ဘုန်းကြီးတစ်ပါးပါးကို မြင်သည်နှင့် အရက်ခွက်ကို ချပြီး လက်အုပ် ချီကြ၊ ဦးချကြလေသည်။ တချို့ဆိုလျှင် ခေါင်းပင် မထောင်နိုင်တော့။ ခေါင်း မထောင်နိုင်သော်လည်း လက်နှစ်ဖက်ကတော့ အပေါ်တက်လာ တတ်လေ သည်။
ရွှေမြန်မာတို့က မူးလျှင် ဘုန်းကြီးကို ရှောင်လေတော့သည်။

၃။စင်္ကာပူရီယန်းတို့ကတော့ လူစည်စည်ရှိလျှင် တန်းစီကြတော့သည်။ အလ ကားပေးသည်လည်းမဟုတ်၊ မရှိလို့လည်း ဘာမှ မဖြစ်သည့် မက်ဒေါ်နယ်လို အရုပ်များကို ဝယ်ယူရန် မနက်စောစောထ တန်းစီသည့် လူ ထောင်ချီပြီး ရှိလေ၏။
ပရိတ်ရေ၊ ပရိတ်ကြိုးရရန်လည်း တမျှော်တခေါ် တန်းစီကြသည်။

၎။
ရွှေမြန်မာတို့ကတော့ ဘုန်းကြီးရှေ့ ရှက်သလိုလို ရွံ့သလိုသလိုသာရှိမည် ဘုန်းကြီးကျောင်း (ဘုန်းကြီးကျောင်းဟု မှတ်ထင်စရရှိသော အဆောက်အဦ များ အပါအဝင်) ထဲဝင်သောအခါ ဖိနပ်ချွတ်ကြလေတော့သည်။ မချွတ်ပါနဲ့ ဆိုလျင်ပင် မရတတ်။ ငရဲရောက်ရင် ဘုန်ကြီးက လိုက်ကယ်နေမှာ မဟုတ် ဟု သူတို့ချင်း ပြောတတ်ကြ၏။ရွှေမြန်မာတို့ကား ဖိနပ်ချွတ်အကျင့် အလွန်စွဲကြ၏။ ဗိမ္ဗိသာရ လက်ချက်ထင်၏။

ဤသည်တို့ကား မကြာမကြာ တွေ့မြင်နေရသည့်် မြင်ကွင်းတို့ဖြစ်လေသည်။

စာမဖတ်သူ ပပျောက်ရေးနဲ့ အာရပ် နွေဦး (မောနင်းပို့စ်)

အခုရက်တွေမှာ တစ်ယောက်ယောက်က ဟို၊ ဒီ သတင်းကြားပြီးပြီ လား လို့ မေး လာရင် "မသိသေးဘူး၊ ရယ်ရသလား" လို့ပဲ မေးမိတော့တယ်။
မရယ်ရရင် သိပ်မသိချင်တော့ဘူး။

*တရုတ်ပြည်နဲ့ စာမဖတ်သူ ပပျောက်ရေး

တရုတ်ပြည်ဟာ ကွန်ဖြူးရှပ်တို့ပြည်၊ စက္ကူကို ပထမဆုံး တည်ထွင်နိုင်တဲ့နိုင် ငံ၊ ရှေးအကျဆုံး အက္ခရာ၊ ပေစာ၊ သစ်ခေါက်စာ၊ နံရံထွင်းစာတွေ တွေ့ရ တဲ့နိုင်ငံ။ အဲဒီ့နိုင်ငံရဲ့ စာဖတ်သူဦးရေက ရုပ်ပျက်ဆင်းပျက် ကျဆင်းနေလို့ စာမဖတ် မနေရ ဥပဒေ ရေးဆွဲဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေရဲ့ ရထားပေါ်၊ ဘတ်စ်ကားတွေပေါ်မှာ ဖုန်းနဲ့ အလုပ်ရှုပ်နေ သူတွေ ရှိနေပေမဲ့ စာဖတ်နေသူတွေလည်း ရှိပါတယ်။ ပီကင်းက ကား၊ ရထားတွေပေါ်မှတော့ ဖုန်းနဲ့ မက်ဆေ့ပို့သူ၊ ဂိမ်းကစားသူ၊ ဗွီဒီယိုကြည့်နေ သူတွေပဲ ရှိပါသတဲ့။
အသက် ၁၈ နှစ်နဲ့ ၇၀ကြားမှာ တစ်နှစ်ကို လူတစ်ယောက်ရဲ့ စာဖတ်နှုံးက ၄. ၃၅ ပဲ ရှိပါတယ်။
သူတို့ပေးတဲ့ အချက်အလက်တွေအရ ဆမ်ဆောင်းမ်တို့နိုင်ငံ တောင်ကိုရီး ယားက စာဖတ်နှုံး တစ် ပြေးနေပါတယ်။
အမေရိက က ၇ ရာခိုင်နှုံး
ဂျပန် က ၈.၄ ရာခိုင်နှုံး
တောင်ကုရီးယားက ၁၁ ရာခိုင်နှုံး ။
အွန်လိုင်းပေါ်မှာတော့ ဒီသတင်းက ပျက်လုံးဖြစ်နေပါတယ်။
စာ ပုံမှန်မဖတ်ရင် ထောင်ထဲသွားရတော့မှာလား တဲ့။

**နွေမရောက်လာတဲ့ အာရပ် နွေဦး

မွတ်စလင်ဘာသာဝင် အများစုနိုင်ငံတွေနဲ့ ဒီမိုကရေစီဟာ သဟဇာတ မကျ လှဘူးဆိုတာ အီဂျစ်က ကောင်းကောင်းကြီး ပညာပေးနေပါပြီ။ လီကွမ်းယုကတော့ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီ အလားအလာကို "Spring without summer" လို့ သူ့စာအုပ်အသစ်မှာ ပြောထားလေရဲ့။ သူတို့ယဉ်ကျေးမှု၊ အကျင့်စရိုက်တွေကြောင့် အမေရိကန်တွေ ဘယ်လောက် ကြိုးစား ကြိုးစား ဒီမိုကရေစီထွန်းကားဖို့မလွယ် တဲ့။

ဒီနေ့ သတင်းဆောင်းပါးကတော့ "Arab Spring throws up more thorns than buds" တဲ့။ အာရပ် နွေဦးက အဖူးအငုံထက် ဆူးတွေ ပိုထွက်လာ စေ တယ် လို့ ဆိုရမယ်ထင်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဥက္ကလာဟိုးမားတက္ကသိုလ်က အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသနပညာရှင် Mr Joshua Landis ပြောတာက တိုတိုနဲ့ တော်တော် ထိပါတယ်။

"လူဦးရေက အဆမတန်များ
စုတ်ပြတ်နေတဲ့ ပညာရေးစနစ်
သောက်စရာ ရေက မရှိ၊ ပြဿနာဖြစ်ပြီပေါ့"
တဲ့။

ကလေးတွေ နင်းကန်မွေး၊ စနစ်တကျ ထိန်းကြောင်းမပေးနိုင်။ ပညာရေး ကလည်း ကျောင်းကောင်းတွေ ရှိတယ်ဆိုရင်တောင် ကလေး အယောက် ၂၀ အတွက် ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ဒီကြားထဲ အကြမ်းဖက် သင် တန်းကျောင်းတွေက ရေနံပေါပေါနဲ့ လည်ပတ်နေတာ။ သောက်စရာ ရေက မလောက်မငှ၊ ရေနံကရတဲ့ငွေတွေကလည်း တော်ဝင်မိသားစုတွေအတွက်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အတွက်ပဲများ။ အဲသလိုနဲ့ လူရမ်းကားတွေ ဖွားလာတာပဲ။
ဆောရီးပဲ၊ ဒုတိယသတင်းက မရယ်ရဘူး။

Reflection!

ဦးသိန်းစိန်ရယ်၊
ဒေါ်စုရယ်၊
ရိုဟိန်ဂျာရယ်၊
ဆဲသံဆိုသံတွေရယ် မရှိရင်
ဖေ့စ်ဘုတ်ပေါ်က စာ (၈၀) ရာခိုင်နှုံးလည်း မရှိနိုင်ဘူး။

မောနင်းပို့စ်

နယူးဇီလန်က အမျိုးသမီးတစ်ယောက် အိပ်ပျော်နေရင်း ကားမောင်းသွားတာ ကီလိုမီတာ သုံးရာတောင်ပြည့်တယ်လို့ နယူးဇီလန် ဟာရယ်က ဖော်ပြထား တယ် လို့ဆိုပါတယ်။ ကမ္ဘာ့ ရက်ကော့လို့ ဆိုရမလိုပါ။ ကားမောင်းရုံတင်မကဘဲ ဖုန်းမက်ဆေ့ဂ်ျတွေပါ မိတ်ဆွေတွေဆီ ပို့နေလို့ မိတ်ဆွေတွေက သိပြီး ရဲကိုအကြောင်းကြားကြတယ်။ ဒါ့ကြောင့် သူမကို ခြေ ရာ ခံလိုက်နိုင်တာပါ။ သန်းခေါင်အချိန်မှာ သူမရဲ့ Hamiltom မှာရှိတဲ့ အိမ်ကနေ ကားမောင်းထွက်သွားလိုက်တာ Mount Maunganui မှာရှိတဲ့ သူမရဲ့ နေအိမ်ဟောင်းကို မနက် ၄ နာရီ ၅၅ မှာ ရောက်သွားတယ်။ လမ်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မမှတ်မိဘူးလို့ သိရ ပါတယ်။
(ST)
အိပ်မပျော်ဘဲ မောင်းနေတဲ့ ဟောလုံးဒေးသွား စလုံးတွေ နယူးဇီလန်မှာ မကြာမကြာ အက်ဆီးဒင့်ဖြစ်ချိန်မှာ (ရန်ကုန် မန္တလေး လမ်းမကြီးကို အားနာ လို့ ချန်ထားခဲ့တယ်) သူမက အိပ်ပျော်နေရင်း ကားမောင်းတာ ဘာမှ မဖြစ် ဘူးဆိုတော့ ချီးကြူးစရာပါပဲ။

ခရီးသွားခြင်းနဲ့ ပတ်သက်လို့ အာဖရိက လေကြောင်းရဲ့ နောက်တောက်ေ တာက် ကြေငြာပုံကို ပြောပြချင်ပါတယ်။

" Ladies and gentle men။ ကျနော်တို့ လေကြောင်းရဲ့ ဝန်ဆောင်မှုကို သဘောကျပါသလား၊ သဘောမကျရင် အရေးပေါ် ထွက်ပေါက် ခြောက်ေ ပါက် (six emergency exits) ရှိပါတယ်"
"လေယာဉ်ပေါ်ကအဆင်းမှာ ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် သတိထားပါ၊ ကျန်နေခဲ့ရင် ပြန်မရပါဘူး၊ လေယာဉ်ဝန်ထမ်းတွေအားလုံး အညီအမျှ ခွဲဝေ ယူကြမှာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ ဇနီး/ခင်ပွန်းတွေကို ချန်မထားခဲ့ကြပါနဲ့" တဲ့။

ဒါပြီးတော့ မြောက်ကိုရီယား အဲယားလိုင်းကို သွားမယ်။
ကော်ရယို အဲယားလိုင်း (Air Koryo) ဟာ ပြုံယမ်း လေဆိပ်ကနေ မထွက် ခွာမီ နှစ်နာရီလောက် နှောင့်နှေးနေခဲ့တယ်။
လေယာဉ်တက်တော့မှ ခရီးသည်က လေယာဉ်ဝန်ထမ်းကိုခေါ်ပြီး နှောင့်နှေး ရခြင်းအကြောင်းကို မေးကြည့်တယ်။

"ဘာကြောင့် လေယာဉ်ထွက်ဖို့ နှစ်နာရီလောက် နှောင့်နှေးနေခဲ့ရတာလဲ"
"လေယာဉ်မှုးက လေယာဉ်မတက်ခင် စက်သံ မမှန်ဘူးဆိုတာ သတိထား မိ တော့ အရေးပေါ် အစားထိုးနေရလို့ပါ"
"အခု လေယာဉ်အင်ဂျင် အစားထိုးပြီးပြီပေါ့"
"လေယာဉ်မှုးကို အစားထိုးလိုက်တယ်လေ။ ဘာလို့ အင်ဂျင်ကို အစား ထိုးနေမလဲ၊ စက်သံ မမှန်ဘူးထင်တာက လေယာဉ်မှုးပဲ ဥစ္စာ"