လူဝင်မှုနှင့် ဦးစော (၂ ) - မောင်သန့် 

(အီးမေးထဲက စာ။ နည်းနည်းတော့ ရှည်တယ်)

၁၉၃၅ ခုနှစ်မှာ သြဂုတ်လမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) ကို ထုတ်ပြန်ခဲ့တယ်။ စက်တင်ဘာလမှာ အိန္ဒိယအစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ စတင်အာ ဏာ တည်တာကတော့ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဖြစ်ပါတယ်။

ဒီအချိန်ကစပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခု မဟုတ်တော့ ဘဲ ဗြိတိသျှ အင်ပါယာအတွင်းက သီးခြားနိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့။ ၉၁ ဌာန အုပ်ချုပ်ရေးလို့ ခေါ်ရခြင်း ကတော့ ဌာနပေါင်း ၉၈ ခုရှိရာမှာ ဘုရင်ခံက ၇ ခုကိုကိုင်ပြီး ကျန်တဲ့ ၉၁ ခုကို ပြည်သူ့ ကိုယ်စားလှယ် အမတ်တွေလက်ထဲ ထည့်တယ်ဆိုတဲ့ သဘောပါ။

ဒါကလည်း အမည်ခံ ဟန်ပြ သက်သက်လို့ပဲ ဆိုရမှာပါပဲ။ ဘုရင်ခံလက်ထဲမှာ ဗီတိုအာဏာကို ကိုင်ထားပြီး လွှတ်တော်ကိုလည်း ရုတ်သိမ်းနိုင်တယ်၊ ကက် ဘိနက်ကိုလည်း ဖြုတ်ပစ်နိုင် ပါတယ်။ ဒီ ၉၁ ဌာန အုပ်ချုပ်ရေးကိုတော့ တို့ဗ မာ အစည်းအရုံးကြီးနဲ့ ကျောင်းသားသမဂ္ဂတွေက အပြင်းအထန် ကန့်ကွက်ခဲ့ တာပေါ့။ နိုင်ငံရေးအင်အားစုတွေ အတွင်းမှာလည်း ပူးသတ်မယ်တို့၊ ခွာသတ် မယ်တို့ အယူအဆ အမျိုးမျိုးဖြစ်ပြီး ကွဲကြတာပါပဲ။

ဒါကြောင့် ၁၉၃၈ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ချိန်ဟာ ၉၁ ဌာန အုပ်ချုပ်ရေးကာလမှာ ဖြစ်တယ်လို့ ဆိုရမှာပေါ့။ ဒါတင်မက ရေနံမြေသပိတ်နဲ့ တတိယ ကျောင်းသားသပိတ်ကြီးဟာလည်း ဒီကာလမှာ ဖြစ်တာပါပဲ။ ရေ နံမြေသပိတ်ကို အာရုံလွှဲလို၍ ကုလား-ဗမာ အဓိကရုဏ်း ဖန်တီးတယ်လို့ လည်း အဆိုရှိပါတယ်။

၁၉၃၇ ဧပြီ ၁ ရက်နေ့မှာ ဒီစနစ်ကို စတင်ကျင့်သုံးဖို့အတွက် အောက်လွှတ်ေ တာ် ရွေးကောက်ပွဲ ကိုတော့ ၁၉၃၆ ခုနှစ် နိုဝင်ဘာမှာလုပ်ခဲ့တယ်။ ၁၉၃၇ မတ်လ ၁၁ ရက်နေ့မှာတော့ အစိုးရအဖွဲ့ စာရင်းကို အတည်ပြုတယ်။
ဒီ အုပ်ချုပ်ရေးစနစ်မှာ ပထမဆုံး အမတ်ချုပ် (နန်းရင်းဝန်) ကတော့ ဒေါက် တာ ဘမော်ပေါ့။ ပြောရဦးမယ် ကျုပ်တို့ လူမျိုးတွေအကြောင်း။ အစိုးရအဖွဲ့ အတည်ပြုပြီး နောက်တစ်နေ့မှာပဲ ဦးဘဘေတို့ ငါးပွင့်ဆိုင်အဖွဲ့က ညွန်ေ ပါင်း အစိုးရတစ်ဖွဲ့လုံးကို အယုံအကြည်မရှိ အဆိုတင်သွင်းပါလေရောဗျာ။ လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က ဧပြီ ၁ ရက်နေ့မှ စတင် တာဝန် ထမ်းဆောင် ရမှာဖြစ်လို့ ဘောင်မဝင်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ ဖြစ်ပုံ ပြောပါတယ် အစိုးရ တာဝန်ဖြင့် မယူရသေးဘူး အယုံအကြည်မရှိအဆိုက စတင်တော့တာပဲ။

ဒါတင်လားဗျာ ဒီကြားထဲမှာ သူတစ်ပြန် ငါတစ်ပြန် အယုံအကြည်မရှိ အဆို တင် ပြီး ဖြုတ်ချ နေလိုက်ကြတာ ဖေဖော်ဝါရီ ၁၉၃၉ မှာတော့ နန်းရင်း ဝန် ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး နန်းရင်းဝန်ဦးပု ဦးဆောင်တဲ့အစိုးရ တက်၊ နောက်တစ်ခါ ၁၉၄၀ စက်တင်ဘာမှာ နန်းရင်းဝန် ဦးပုအစိုးရ ပြုတ် ကျပြီး နန်းရင်းဝန်ဂဠုန်ဦးစော ဦးဆောင်တဲ့ အစိုးရတက်ပေါ့။ (ဘုရင်ခံကြီး ခမျာတော့ လွှတ်တော်ကိုကြည့်ပြီး သဘောတွေကျနေမှာပဲဗျာ။)

အစိုးရတစ်ရပ်ကို ဖြုတ်ချဖို့ဆိုတာလည်း လုံလောက်တဲ့ ပြဿနာတွေ ဖန် တီးနိုင်ဦးမှကိုး။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာကို ဖန်တီးသူလို့ မစွပ်စွဲလိုပါ။ ဆက်စပ်၍သာ စဉ်းစားကြ ပါလေ။ မြန်မာပြည်မှာ ပြဿနာဖြစ်စေမယ့်ေ လာင်စာတွေက အဆင်သင့်ပါ သောက်လက်စ ဆေးလိပ်တိုလေးကို တစ် ချက်တောက်လိုက်ရုံနဲ့ မီးဟုန်းဟုန်းထတောက်မယ့် ကောက်ရိုးပုံ တွေက အများသားလားဗျာ။
ကုလား-ဗမာ အဓိကရုဏ်း အပြီးမှာ ဒေါက်တာဘမော် အစိုးရကို ဖြုတ်ချ ဖို့ လုပ်တယ်။ ဒါပေမယ့် ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲနဲ့ မအောင်မြင် ခဲ့ဘူး။

အလုပ်သမားသပိတ်တွေ ကျောင်းသားသပိတ်တွေ ဖြစ်တယ်။ ဗိုလ်အောင်ကျော်ကျတယ်။
ဒါနဲ့ ဒေါက်တာဘမော်အစိုးရကို ထပ်ဖြုတ်ချတယ်။ ဒီတစ်ခါတော့ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၃၇ မဲနဲ့ ဒေါက်တာ ဘမော် အစိုးရ ပြုတ်ကျတယ်။ ဦးပု အစိုးရတက်တယ်။ ဦးပု အစိုးရကိုလည်း အကြိမ် ကြိမ်ဖြုတ်ချကြတာပဲ။
ဒီကြားထဲ မြန်မာပြည်နိုင်ငံရေး အခင်းအကျင်း တွေတော့ မပြောတော့ ပါ ဘူး။ နောက်ဆုံး ဦးပုအစိုးရလည်း ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂ မဲ နဲ့ ပြုတ်ကြတာပဲ။ ဦးစောအစိုးရ တက်တယ်။ ဦးစောအစိုးရကိုလည်း ဖြုတ် ချဖို့လုပ်တာပဲ။

၉၁ ဌာနခေတ် လွှတ်တော်တွင်းက အိန္ဒိယအမျိုးသားတွေနဲ့ဆိုင်တဲ့ ဥပဒေ ကြမ်းတွေအကြောင်း မပြောခင် ဒိုင်အာခီခေတ်က ဥပဒေကြမ်းလေးနှစ်ခု အကြောင်း ပြောဦးမယ်။ ဘာလို့လဲဆို အဲဒီဥပဒေကြမ်းနှစ်ခုကလည်း အိန္ဒိ ယ အမျိုးသားတွေကြားမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလို့ပါ။ အဲဒါက ပင်လယ်ရေကြောင်း ခရီးသည်များအပေါ် အခွန်ကောက်ခံရေး ဥပေ ဒကြမ်းနဲ့ ပြစ်မှုကျူးလွန်သူများ ပြည်နှင်ဒဏ်ပေးရေး ဥပဒေကြမ်းတို့ပဲ ဖြစ် ပါ တယ်။ ဒီဥပဒေကြမ်းနှစ်ခု ဥပဒေပြုကောင်စီမှာ တင်တယ်ကြားရင်ပဲ အိန္ဒိယ အမျိုးသားတွေဟာ ကုလားသိုက် ကျားဝင်ကိုက် ဆိုသလို ပွက်လောရိုက် ကုန်တာပေါ့။

ပထမ ဥပဒေကြမ်းဟာ ၁၉၂၂ မတ်လမှာ တင်တာပါ။ ပင်လယ်ရေကြောင်း မှ မြန်မာပြည်ကို ဝင်လာသူတိုင်း တစ်ဦးလျှင် အခွန်တော်ငွေ ငါးကျပ် ပေးေ ဆာင်စေဖို့ပါ။ (ငါးကျပ်ကတော့ များတာပေါ့နော် အခုတောင် မှတ်ပုံတင် က ခြောက်ကျပ်ပဲ ရှိတာ။)
ဥပဒေနှစ်ခုလုံးကို အိန္ဒိယ အမျိုးသားတွေက အကြီးအကျယ် ကန့်ကွက် ကြ တာပေါ့။ နောက်ဆုံး ဥပဒေပြုကောင်စီက အတည်ပြုပေမယ့် အခွန်ကောက် ယူမယ့် ဥပဒေကို ဘုရင်ခံက ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတော့တယ် ။ ပြည်နှင်ဒဏ်ဥပဒေဟာလည်း သြဇာရှိတဲ့ အိန္ဒိယ ကုန်သည်ကြီးများနဲ့ အိန္ဒိ ယ အမတ်တွေက သူတို့လိုချင်သလို ပြင်ဆင်ပြီးမှ ၁၉၂၆ ခုနှစ်မှာမှ ဥပဒေ အဖြစ် ထွက်လာ ပါတော့တယ်။

၉၁ ဌာန အုပ်ချုပ်ရေးခေတ်ဟာ ငါးနှစ်တောင်မခံပါဘူး။ တိတိကျကျပြော မယ်ဆိုရင် လေးနှစ် ရှစ်လနဲ့ ခုနစ်ရက်လို့ ပြောလို့ရပါတယ်။
ဒီနောက်ပိုင်း ဂျပန်ဝင်တာပေါ့လေ။ ဒီကြားထဲ လွှတ်တော်ထဲ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ခေါင်းစဉ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲအဓိက ပြော ပါမယ်။

ပထမ ပြောချင်တဲ့ ဥပဒေကြမ်းက နေထိုင်မှု ဥပဒေကြမ်းပေါ့။ ၁၉၃၇ ခုနှစ် သြဂုတ်လ ဥပဒေပြု လွှတ်တော်မှာ ဦးဘဖေက မြန်မာပြည်တွင် နေထိုင်မှု ဥပဒေကြမ်းကို တင်သွင်းတယ်။

ဒီဥပဒေအရ မြန်မာပြည်တွင်နေထိုင်သော နိုင်ငံခြားသားများ၏ အခြေအနေ အရပ်ရပ် ခွဲခြမ်း စီစစ်ရန်နှင့် မြန်မာပြည်တွင် နေထိုင်ခွင့်အတွက် အခကြေးေ ငွပေးရန် ဖြစ်ပါတယ်။
ဒီဥပဒေဟာ အိန္ဒိယ အမျိုးသားများ အစိုးရအမှုထမ်းခွင့်နဲ့ အခြား အခွင့် အရေးတွေကိုတော့ ကန့်သတ်တာ မရှိပါဘူး။ ဒါကြောင့်လည်း အိန္ဒိယ အမတ် တော်တော်များများက လက်ခံကြပါတယ်။

ဒါပေမယ့် ဒါကို အပြင်းအထန်ကန့်ကွက်သူကတော့ အိန္ဒိယအမျိုးသား မူဆ လင်အမတ် အက်စ်အင် ဟာဂျီပေါ့။ သူက “၁၉၃၅ ခုနှစ် ဥပဒေအရ အမျိုး မျိုးသော လူနည်းစု အမျိုးသားများ၏ (အဲဒီ လူနည်းစု လူနည်းစုနဲ့ပဲ အခု အချိန်အထိ လုပ်စားနေတုန်းပဲ) လုံခြုံမှုကို အကာအကွယ် ပေးထားချက်များ လုံးဝပျက်စီးသွားစေမည့် ဥပဒေဖြစ်သည်။

မကောင်းဆိုးဝါးများ ဆက်ကာ ဆက်ကာ လာစေရန် သန္ဓေတည်ခြင်း သြာ ဖစ်သည်။ ၁၉၃၅ ခုနှစ် ဥပဒေကို ချိုးဖျက်သည့် ဥပဒေဖြစ်၍ ဤ လွှတ်တော် က အတည်မပြုနိုင်။
ဘိလပ် ပါလီမန်ကသာ အတည်ပြုနိုင် သည်” ဆိုပြီး ပြောပါတော့တယ်။

ဒါ့ပြင် အမတ်ဖြစ်တဲ့ လွယ်အိပ်ကြီး ဦးဘလှိုင်ကိုလည်း ပုတ်ခတ်ပြောဆိုတဲ့ အတွက် ဦးဘလှိုင်က “အိန္ဒိယသားတို့သည် မြန်မာပြည်သို့လည်း လာေ ရာက်ငွေရှာသေးသည်။မြန်မာ့အရေးအခင်း များတွင် ဝင်ရောက်စွက်ဖက် ရန်လည်း ဘယ်တော့မှ လက်မနှေး။ ဒီလိုသာ ဆက်လုပ်နေဦးမည် ဆိုလျှင် အဓိကရုဏ်းများဖြစ်၍ ဆုံးမည်မဟုတ်ကြောင်း သတိပေးပါသည်။
အကယ်၍ အဓိကရုဏ်းသာ စတင်ဖြစ်ပွားမည် ဆိုလျှင် တစ်တိုင်းပြည်လုံး အုပ်ထိန်းမရ ငရဲပြည်ကဲ့သို့ တစ်ပြည်လုံး ပျံ့နှံ့သွားပေလိမ့်မည်” ဆိုပြီး ပြန် လည် ချေပပြောဆိုပါတယ်တဲ့။ ဦးဘလှိုင် သတိပေးပြီး တစ်နှစ်မပြည်မီမှာပဲ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ခဲ့တာပါပဲ။

ထူးခြားတာက ဟာဂျီရဲ့ ပြောဆိုချက်ကို အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က လက်ခံခဲ့တယ်တဲ့။ ဘာကြောင့်လက်ခံလည်း ဆိုတာတော့ မသိပါ။ ဒီဥပဒေကြမ်းကတော့ ချောင်ထိုး ခံလိုက်ရတော့တာပါပဲ။

လွှတ်တော်ပြင်ပမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ အားကောင်းနေတုန်း လွှတ်ေ တ်ာတွင်းမှာလည်း အစိုးရကို အားစမ်းတဲ့နည်းကတော့ ဥပဒေကြမ်းတွေ တင် သွင်းတာပေါ့ ဦးစောဟာ လယ်ယာမြေ ဥပဒေကြမ်းတွေ တင်ခဲ့တယ်။ သူ့ကိုထောက်ခံသူတွေကတော့ ငါးပွင့်ဆိုင် အမတ်တွေပေါ့။ ဦးစောက မျိုး ချစ် ပါတီကို ၁၉၃၇ သြဂုတ် ၁၄ မှာ တည်ထောင်ခဲ့တာ။ ရွေးကောက်ပွဲ လုပ် တုန်းက မျိုးချစ်ပါတီ မရှိသေးဘူး။
ဒီနေရာမှာ ငါးပွင့်ဆိုင်ဆိုတာဘာလဲ ဆိုတာ တစ်ချို့ မသိတဲ့လူလည်း ရှိမှာ မို့ ပြောပါ့မယ်။
(လိုရင်းကို မရောက်နိုင်တော့ဘူးနော်။ သည်းခံပါဗျာ။)

ငါးပွင့်ဆိုင်အဖွဲ့ဆိုတာ အဖွဲ့ငါးဖွဲ့ ပေါင်းထားတဲ့ အဖွဲ့ပါ။ ၁၉၃၆ ခုနှစ် ဧပြီ ၃၀ ကနေ မေ ၂ ရက်ထိ မန္တလေးမှာ ညီညွတ်ရေး အစည်းအဝေး ကျင်းပတဲ့ အခါ နိုင်ငံရေးအဖွဲ့ တွေဖြစ်တဲ့ ပြည်သူပြည်သားအဖွဲ့၊ အမ်အေမောင်ကြီး ဦးစီးတဲ့ ခွဲခွာရေးအသင်းကြီးကို အမည် ပြောင်းထားတဲ့ မြန်မာပြည် လွတ် လပ်ရေးအဖွဲ့ (Free Burma)၊ ရေဦးဆရာတော် ကြီးမှုးတဲ့ ဗဟို ဂျီစီဘီအေ အဖွဲ့၊ ဦးဘစီ ဦးစီးတဲ့ သပိတ်မှောက် ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးတဲ့ မန္တလေး ၂၁ ဦး အဖွဲ့တွေကိုပေါင်းပြီး ညီညွတ်ရေး မူလဂျီစီဘီအေ အဖွဲ့ချုပ် ဆိုပြီး ဖွဲ့ထားတာပါ။

Five Flowers Party လို့လည်း ခေါ်ပါတယ်။ အဖွဲ့တွေကလည်း အများ သားနော်။ အလျဉ်းသင့် ရင်တော့ ဒီအကြောင်းတွေ သတ်သတ်ရေးပေး ပါ့ မယ်။
ဒီအဖွဲ့ကြီးရဲ့ အကြီးအမှူးကတော့ ရေဦးဆရာတော် ဦးသြဘာသပါ။
ဥက္ကဋ္ဌကတော့ မက္ခရာမင်းသားနဲ့ ဒေါ်ခင်လေးတို့ရဲ့ သားငယ် ထိပ်တင်ဝ မင်းသားပေါ့။ ရွေးကောက်ပွဲမှာလည်း ဒီအဖွဲ့ကြီးက အမတ်နေရာ ၄၆ နေ ရာနဲ့ အများဆုံးနိုင်ထားတာပါ။

ခုနကပြောခဲ့တဲ့ လွှတ်တော်တွင်း အားစမ်းတဲ့ လယ်ယာမြေ ဥပဒေတွေထဲက တစ်ခုကတော့ ၁၉၃၇ ခုနှစ်မှာ ဦးစောတင်သွင်းတဲ့ လယ်ယာမြေ ဥပဒေ ကြမ်းပေါ့။ ဒီဥပဒေကြမ်းအရ လယ်ယာမြေအားလုံးကို နိုင်ငံတော်ပိုင် ကြေ ညာပြီး လယ်လုပ်သူများကို လယ်ယာမြေများ ဝေခြမ်းပေးရန် ဖြစ်ပါတယ်။ လယ်လုပ်သူသာ လယ်ပိုင်ရမည်ဆိုတဲ့ စနစ်ပေါ့နော်။ အဲဒီမှာ အပြင်းအထန် ကန့်ကွက်သူကတော့ ဘယ်သူရှိမလဲ ချစ်တီးကိုယ်စားလှယ် ဗယ်လယန် ချစ်တီးယားပေါ့။ ဒေါက်တာဘမော် အစိုးရကလည်း ဒီဥပဒေကြမ်းကို ပယ်ချ ခဲ့ ပါတယ်။
အကြောင်းပြချက်ကတော့ ၁၉၃၅ ခုနှစ် ဥပဒေနဲ့ လွန်စွာ ဆန့်ကျင်နေလို့ပါတဲ့။

ဒါကိုမကျေနပ်တဲ့ ဦးစောက နောက်တစ်ခါ သီးစားခ ထိန်းသိမ်းရေး ဥပဒေ ကြမ်းကို နောက်ထပ် တင်ပြန်ပါတယ်။
(တောင်သူလယ်သမားအရေး အကျိုးတော်ဆောင်ကြီးပေါ့ဗျာ။)
ဒီဥပဒေကြမ်းအရ လယ်တစ်ကွက်မှ ထွက်ရှိတဲ့ စပါးရဲ့ လေးပုံတစ်ပုံကိုသာ လယ်ခအဖြစ် ပိုင်ရှင်ကိုပေးရန် ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကိုလက်ခံဆွေးနွေး ဖို့လည်း လက်မခံပါဘူး။
မကျေနပ်လို့ ၁၉၃၇ စက်တင်ဘာမှာ လွှတ်တော်ကို ထပ်တင်ပြန်ပါတယ်။ ဒီ တစ်ခါတော့ လယ်ရှင်ကြီးတွေရဲ့ ကိုယ်စားလှယ် အမတ်တွေက အပြင်း အထန် ကန့်ကွက်ကြပါတော့တယ်။
ဘယ်လောက်ထိလဲ ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယကုန်သည်ကြီးများ အသင်းက ဘိလပ် အစိုးရ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံကို စာရေးသား ကန့်ကွက်တဲ့ အထိပါပဲ။

အမတ်ဟာဂျီကလည်း ဒီဥပဒေကြမ်း တင်သွင်းတာဟာ ဦးစောအနေနဲ့ ကိုယ် ကျိုးအတွက် စတန့်ထွင်တာဆိုပြီး ပြောဆိုတိုက်ခိုက် တာပေါ့။ ဦးစော က လည်း ဒီဥပဒေကြမ်းကို မရုတ်သိမ်းပေးနိုင်တဲ့အပြင် အိန္ဒိယအမျိုးသား အ သင်း အဖွဲ့မှာ ဟာဂျီလိုလူမျိုး ခေါင်းဆောင် မလုပ်သင့်ကြောင်း၊ ဟာဂျီေ ကြာင့် ဒီတိုင်းပြည်တွင်းမှာ အပြန်အလှန် ရန်ငြှိုးထား မုန်းတီးမှုတွေ ဖြစ် လာနိုင်တယ်ပေါ့။ ဘိလပ်သား အမတ်တွေကိုလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့ သူတွေလို့ ပြောပြီး လွှတ်တော် ထဲမှာ အပြန်အလှန် ဖြဲကြတာပေါ့ဗျာ။
(မျိုးချစ် ခေါင်းဆောင်ကြီးပေကိုး။)

အစိုးရအနေနဲ့လည်း ၁၉၃၈ သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ ပါသေးတယ်။
ဒါကိုလည်း ချစ်တီးတွေနဲ့ နတ်တူကွတ်တိုင် ချစ်တီးယားအသင်းက အပြင်း အထန်ကန့်ကွက်ပြီး ဟိုက်ကုတ် တရားလွှတ်တော်ကို လျှောက်ထားကြရာမှာ တရားလွှတ်တော်က ငွေမျက်နှာ ကြည့်ပြီး မြေရှင်တွေကို အနိုင်ပေးလိုက် တယ်တဲ့ဗျား။

ဒီလောက်ဆိုတော်ပါပြီ။ ခေါင်းစဉ်နဲ့လည်း တော်တော်လွဲသွားပြီလားမသိ။
ပြောချင်တာက ၉၁ ဌာန အုပ်ချုပ်ရေးခေတ်က နိုင်ငံရေးအားပြိုင်မှုတွေမှာ ဘာကို အသုံးချလည်းဆိုတာ နည်းနည်းလောက် သိစေချင်လို့ပါ။ အဓိကက လူမျိုးရေး၊ ဘာသာရေးပြဿနာ ကောက်ရိုးပုံ၊လယ်ယာမြေပြဿနာ ကော က်ရိုးပုံ၊ အလုပ်သမားပြဿနာ ကောက်ရိုးပုံ၊ ကျောင်း သား ပြဿနာေ ကာက် ရိုးပုံတွေပါပဲ။
ဒီပြဿနာတွေကို မီးထိုးပေးတာကတော့ သတင်းစာတွေ ပေါ့ဗျာ။ အဲဒီအချိန်က ဦးစောဟာ သူရိယ သတင်းစာကြီးရဲ့ အယ်ဒီတာချုပ် ဖြစ်သလို အခြား နိုင်ငံရေး အဖွဲ့အစည်းတွေမှာလည်း လက်ကိုင်တုတ် သတင်းစာတွေ အသီးသီး ရှိကြပါတယ်။ ဒီအကြောင်းတွေကိုလည်း နုတ်သပ်သပ် ရေးပါဦးမယ်။ (ခုခေတ်နဲ့ ဘာ ကွာ လဲဟင်၊ ကျုပ်ကတော့ မသိ။)

ကဲ အခုတော့ လိုရင်းကို သွားကြရအောင်။ နေဦးဗျ တစ်ခုတော့ ပြော ချင်သေးတယ်။
အခု ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကိုပါ။ အဲဒါလေးလည်း ထည့်ပြောဦးမှပေါ့နော်။

နားဦးမယ်ဗျာ။
နောက်တစ်ပုဒ်ဆိုရင်တော့ ပြီးပါပြီ။

မောင်သန့် 

ချန်ပီယံလိဂ် အုပ်စုဇယား

မန်ယူ၊ ချဲလ်ဆီးက အာဆင်နယ်၊ မန်စီးတီးနဲ့ယှဉ်ရင် အုပ်စုချောင်သလိုလို ရှိတယ်။
စာနယ်ဇင်းတွေက အာဆင်နယ် အုပ်စုအကျပ်ဆုံးဆိုပေမဲ့ တကယ်ကျပ်တာ က အုပ်စု GROUP H: ထင်ပါတယ်။ သူတို့လေးသင်းကမှ ဥရောပ အစဉ် အ လာ ရှိသူတွေချည်းပဲ။

GROUP A:
1) Manchester United,
2) Shakhtar Donetsk,
3) Bayer Leverkusen,
4) Real Sociedad

GROUP B:
1) Real Madrid,
2) Juventus,
3) Galatasaray,
4) FC Copenhagen

GROUP C:
1) Benfica,
2) Paris Saint-Germain,
3) Olympiacos,
4) Anderlecht

GROUP D:
1) Bayern Munich,
2) CSKA Moscow,
3) Manchester City,
4) Viktoria Plzen

GROUP E:
1) Chelsea,
2) Schalke,
3) FC Basel,
4) Steaua Bucharest

GROUP F:
1) Arsenal,
2) Marseille,
3) Borussia Dortmund,
4) Napoli

GROUP G:
1) Porto,
2) Atletico Madrid,
3) Zenit Saint Petersburg,
4) Austria Vienna

GROUP H:
1) Barcelona,
2) AC Milan,
3) Ajax,
4) Celtic

စာဖတ်သူသို့ပြန်စာ

"စင်္ကာံပူရောက် မြန်မာ အဘိဓာန် လေးလဲ သိချင်လိုက်တာ" Hnin Wai Aung
5 Hs

1) HDB
2) Hope for high pay
3) High land price in home (Myanmar)
4) High blood blood pressure (Job stress)
5) ဟူး ......
အခုတော့ ဒါပဲ စဉ်းစားလို့ရတယ် ဗျာ။

ကမ်းလက် လပတ်လည် (NUSBS နှစ်ပတ်လည်)

စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ (Buddhist Society) နှစ်ပတ်လည် "Wise Up!" မဂ္ဂဇင်းအတွက် ထိုအဖွဲ့ချုပ်၏ Spiritual Adviser ဖြစ်သည့် ဦးစိတ္တရ ရေးသားသည့် စာလုံးရေ (၃၀၀) ရှိ (ဘုန်းကြီးပဲ ရေးချင်ရာရေးပါစေဟူသော အထူးအခွင့်အရေး ရဟန်၊ ယူထား ဟန် မတူပါ) အမှာစာကို အမှတ်တရအဖြစ် ဘာသာပြန်ပေးထားခြင်း ဖြစ်ပါ သည်။ သူတို့မဂ္ဂဇင်းအတွက်ဖြစ်ပြီး စောင့်စည်းသင့်သည်ဟု ယုံကြည်သဖြင့် အင်္ဂလိပ်လိုတော့ ဖော်ပြမထားတော့ပါ။

Wise Up!
Dhamma Sisters and Brothers
ကျွန်ုပ်လူငယ်ဘဝက လက်ဝှေ့ပွဲ တစ်ပွဲကြည့်ဖူးသည်။ လက်ဝှေ့သမား နှစ်ေ ယာက်စလုံးက ပညာလည်းကောင်း သတ္တိလည်းရှိကြသဖြင့် ဘက်ညီပြီး ကြည့်လို့ကောင်းသောပွဲ တစ်ပွဲဖြစ်ခဲ့၏။ ဆိုင်းသံဗုံသံများကလည်း စီညံ ၍နေလေသည်။
ထိုစဉ် နောက်ခုံမှာ ထိုင်နေသူတစ်ယောက်က ဆိုင်းသံ၏ စည်းချက်နဲ့အညီ ကျွန်ုပ်ခေါင်းကို ရိုက်နေတော့သည်။ ဒေါသတကြီးဖြင့် နောက်လှည့်ကြည့်စဉ် သူက သူတပါးကို ရိုက်နေမှန်းပင်မသိရှာသည့် ကလေးငယ်၏ အပြစ် ကင်း စင်သောမျက်နှာလေးကို တွေ့လိုက်ရသည်။ တုန့်ပြန်လိုသော ကျွန်ုပ်၏ ဒေါ သ လည်း သူ့ကိုမြင်ပြီး အေးငြိမ်းသွားခဲ့တော့သည်။ ဤသို့ သာမန်ဖြစ်စဉ်ေ လးများမှာပင် အကြောင်းရင်းမှန်ကို သဘောပေါက်လိုက်ပါက ဒေါသဖြင့်ေ လာင်ကြွမ်းနေရသောအဖြစ်မှ ကင်းလွတ်ခွင့်ရလေသည်။

Wise Up!
Dhamma Sisters and Brothers
နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့အားလုံး ပျော်ရွှင်မှုကို ရှာဖွေနေကြသည်။ လိုအပ်မှု ကို ရသူတို့ ပျော်ရွှင်ကြရသည်ဟု ဆိုကြ၏။ ဗုဒ္ဓဘာသာစိတ်ပညာအရ သမာ ဓိ၊ ပညာကြောင့် ရရှိသော ပျော်ရွှင်မှု၊ စွန့်လွှတ်ပေးလှူရမှုကြောင့် ရရှိသောေ ပျာ်ရွှင်မှုတို့အပြင် လောဘကြောင့်လည်း ပျော်ရွှင်မှု ရနိုင်သည်ဟု ဆိုသည်။ တချို့ ပျော်ရွှင်မှုက အပြစ်ကင်းပြီး တချို့ ပျော်ရွှင်မှုက အပြစ်ရှိသည်။ မိမိ၏ ပျော်ရွှင်မှုကို ရှာဖွေရင်း သူတစ်ပါးကို ဒုက္ခရောက်အောင် မသိ မသာ ပြုမူတတ်ကြလေသည်၊ သတိ၊ ပညာ အထူး ထားသင့်ကြ၏။

Wise Up!
Dhamma Sisters and Brothers
အကောင်းအဆိုး လောကဓံများနှင့် ကြုံရခိုက် အပျော်လွန်၊ ဝမ်းနည်းလွန် သည့် ခံစားမှုများ ရှိတတ်ကြ၏။ သတိထားသင့်သည်မှာ ဘုရားရှင်သည် ဒေ သနာအားလုံးကို ဒုက္ခသစ္စာဖြင့် မိတ်ဆက်ထားလေသည်။ ထိုကြောင့် သမ္မာ ဒိဋ္ဌိ ဦးဆောင်သည့် မဂ္ဂသစ္စာကို ပွားများဖို့ ကြိုးစားကြသလို ကြုံတွေ့ရမည့် ဒုက္ခသစ္စာကိုလည်း မေ့မထားသင့်။ ဒုက္ခအစုမှ လွတ်မြောက်မှုပေးနိုင်သော အရာသည်လည်း ပညာမှလွဲ၍ ဘာမျှမရှိပေ။

Wise Up!
Dhamma Sisters and Brothers
နောက်ဆုံးစကားဆိုချင်ပါ၏။ အခါတပါး၌ ဘုရားအလောင်းတော်သည် ပညာ ရှိဘုရင်တစ်ပါးအား အကြံဉာဏ်ပေးဖူး၏။ ထို ပညာရှိဘုရင်က ဘုရား အလောင်းတော်ကို ဆုအနေဖြင့် တစ်ဂါထာကို အသပြာ တစ်ထောင် ပေးခဲ့ ၏။
ထို အကြံဉာဏ်ကိုပင် လှေထိုးသားအားပေးလိုက်မိရာ လှော်တက်ဖြင့် အရိုက် ခံ ရလေသည်။ သတိ၊ ပညာ မူသင့်၏။

စာကြွင်း။ ။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ လွန် ခဲ့သော လေးငါးနှစ်ခန့် က ဆောင်ပုဒ်သည် Wake Up! ဖြစ်သည်။ ထို့နောက် Light Up! ဖြစ်လာပြီး ယခု Wise Up! ဖြစ်လာသည်။ သတိ၊ ပညာကို ရည်ညွှန်းသည်။ နောင်နှစ်များတွင် ဘယ်ဆောင်ပုဒ်ကို သုံးကြမည် နည်းဟု ကျောင်းသားတို့က လျှောက်ထားရာ Shut Up! လည်းမဆိုး ဟု မြန်မာဘုန်းကြီးက ခပ်နောက်နောက် ဩဝါဒပေးထားကြောင်းလည်း သိရပါသည်။ ကံအလွန်ဆိုးလျှင် Shut Up! လည်း ဖြစ်လာနိုင်ဖွယ် ရှိ ပါကြောင်း...။
Shut Up! ကို Noble silence ဟု ဘာသာပြန်လျှင် ရနိုင်သည်ဟု မြန်မာ ဘုန်းကြီးက ဆက်လက်အကြံပေးသည်ဟု သိရပါသည်။

**နေရာအမှန် ပြန်ရောက်သည့် ဘာသာရေး**

ဘာသာရေးနှင့် နိုင်ငံရေးကို ကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားမပွင့်မီနှင့် ဘုရားရှင်လက်ထက်ကာလကိုပါ အနည်းငယ် စောင်းငဲ့ ကြည့်နိုင်သည်။ ဘုရားမပွင့်မီကာလမှာ နိုင်ငံရေးသည် ဘာသာရေးဩဇာ လွှမ်းမိုးမှုအောက်မှာ ကျပ်ကျပ်တည်းတည်း ရှိခဲ့သည်။ ခတ္တိယတို့က အာဏာ ရှိသော်လည်း ဗြဟ္မဏတို့ကို လွန်ဆန်ရန် အလွန်ခက်ခဲသည်။
ဘုရားရှင်လက်ထက် ဗုဒ္ဓဘာသာဝင် ဘုရင်များဖြစ်လာကြသည့် ဗိမ္ဗိသာရ မင်း တို့လက်ထက်မှာ ဗြဟ္မဏတို့လွှမ်းမိုးမှု အတန်ငယ်ရှိခဲ့သော်လည်း ရိုး စင်း သည့် ဗုဒ္ဓဘာသာဓလေ့ထုံးစံများကို ပို၍ လိုက်နာခဲ့ကြသည်။ များပြားလှသည့် ပိဋကတ်တော်အားလုံးကို နှိုင်းစာကြည့်လျှင် ရှင်ဘုရင်တို့ကို တိုက်ရိုက်ဟေကြားသည့် နိုင်ငံရေးတရားက အတော်ရှားပါးသည်ဟု ဆိုနိုင်ပါ သည်။ သုတ်ထဲမှာ ရာဇောဝါဒ သုတ်ကို တစ်လုံးတစ်ခဲလိုက်တွေ့ရသော် လည်း ရာဇောဝါဒ သုတ်ကိုယ်တိုင်ကပင် နိုင်ငံရေးစစ်စစ်ဟု ပြောရန် ခက်နေ ဆဲပင်ဖြစ်သည်။ အကျဉ်းအားဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် မရှိဟု ဆိုရပေမည်။

ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက်တင်ရှိလာသည့်ကာလက အသော ကခေတ်ဟု ဆိုရမည်။ သဘောထား မတိုက်ဆိုင်သူများ ယောနိသော မနသိ ကာရဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်ခံလိုသည်။ အသောက အကြောင်းကျွန်ုပ် တို့သိထားသမျှက အလွန်နည်းပါးလှသည်၊ တစ်ဖက်အမြင်မျှသာ ဖြစ်သည် ဟု ဆိုခဲ့ဖူးပါသည်။ မှန်သည်ဟုလည်း ယုံကြည်ဆဲဖြစ်သည်။ ကျွန်ုပ်တို့ သိ ထား၊ ဖတ်ထားရသမျှတွေကလည်း ရှာဖွေရင်း တွေ့တွေ့လာသောအထောက် အထားများ အရ မခိုင်မပိုင် ဖြစ်ဖြစ်လာလေသည်။ ဗုဒ္ဓဘာသာဝင်တိုင်းက အသောကမင်းကြီးနှင့် ပတ်သက်ပြီး ပထမဆုံး သာသနာပြုမင်း၊ မစ်ရှင်နရီ စနစ်ကို ပထမဆုံးကျင့်သုံးသောမင်းဟု ဂုဏ်ယူတတ်ကြသည်။ မှန်ပါသည်၊ အငြင်းပွားဖွယ်မရှိပါ။
သို့သော် ထို မစ်ရှင်နရီက နောင်နှစ်ပေါင်း ၂၀၀၀ နီးပါးတွင် ဥရောပတိုက်က ကျင့်သုံးလာသည့် သာသနာပြုခရီးစဉ်များနှင့် တူညီသော အချက်များရှိပါ သည်။ ဘာသာရေးကို ရှေ့ကလာစေပြီး တဖြည်းဖြည်း နိုင်ငံရေး သဘော တ ရားများ ပါလာသည်။ မယုံကြည်လျှင် အသောက ကျောက်စာများကိုကြည့်ပါ၊ ဗုဒ္ဓဘာသာ အငွေ့အသက်များပါဝင်သော်လည်း ဘုရားဟောများကို ရေး ထိုးခြင်း ထက် ဘုရားဟောများနှင့် ဆက်နွယ်နေသည့် သူပိုင် နိုင်ငံရေး အ ယူအဆများ ပိုများနေသည်ကို တွေ့ကြရပါမည်။ ဤသို့ဆိုသဖြင့် အသောက မင်းကြီးကို ဝေဖန်နေသည်ဟု အထင်လွဲစရာရှိ၏။
မဟုတ်ပါ။ လူ့သမိုင်း ခေတ်ဦးမှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် ရှိနေသည် ဆိုသည့် အချက်ကို ဆိုလိုခြင်းသာ ဖြစ်ပါ၏။

ထို့အပြင် ရှေးခေတ်၊ အလယ်ခေတ် ဥရောပသမိုင်းကိုလည်း ကြည့်နိုင်ပါ သည်။ အိန္ဒိယနှင့် ဆင်ဆင်တူသည်။ ခရစ်ယန် ဘာသာရေးခေါင်းဆောင် များက နိုယ်ငံရေးမှာ အကြီးအကျယ် လွမ်းမိုးမှုရှိခဲ့သည်။ ကိုလိုနီခေတ်အထိ သူတို့ဩဇာ ငြောင်းခဲ့သည့်။ သို့သော် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအပေါ်မှာ ဘာသာရေးဩဇာ သက်ရောက်မှု လျော့ပါးလာခဲ့သည်။ ယနေ့ ဥရောပနှင့် အမေရိကကို ကြည့်လျှင် ခရစ်ယန်ဩဇာ ရှိနေသေးသည်မှန်သော်လည်း ပုံစံတစ်မျိုးဖြင့်သာ ရှိနေတော့သည်။
ဆိုလိုသည်မှာ ပရိုတက်စတင့် ဘုန်းတော်ကြီးက အစိုရ၏ ဥပဒေနဲ့ပတ် သက် ပြီး အိမ်ဖြူတော်အရောက်သွားပြီး ဩဝါဒပေးလို့မရ၊ ပေးလို့ရသည်ဆိုစေ အိုဘားမားက လိုက်နာချင်မှ လိုက်နာမည်။ သီးသန့် ကွဲထွက်လာသည်။ လူ့ ကိုယ်ကျင့်နှင့် ပတ်သက်၍ကား ဘာသာရေးက ပြောမြဲ ပြောနေမည်သာဖြစ် သည်။
ဥရောပမှာလည်း ယနေ့ ပုတ်ရဟန်းမင်းကြီးသည် အလယ်ခေတ် ဥရောပ ပုတ်ရဟန်းမင်းလောက် နိုင်ငံရေးထဲ ဝင်စွက်ခွင့် မရှိတော့ပါ။ ခေတ်မီသော လူ့အဖွဲ့အစည်းများက အစိုးရများ အရွယ်ရောက်လာသည်။ ဘာသာရေး ကြိုးကိုင်မှုက လွတ်လာသည်။

အာရှမှာလည်း ဂျပန်၊ ကိုရီးယားစသော နိုင်ငံများမှာ ဤ လက္ခဏာများ တွေ့ ရသည်။ ခရစ်ယန်နိုင်ငံ အများစုက ဘာသာရေးနှင့် နိုင်ငံရေး ကွဲပြားလာနေ သည်။
မကွဲသေးသည်က မွတ်စလင်နိုင်ငံအများစုနှင့် ဗုဒ္ဓဘာသာ နိုင်ငံအချို့ သာဖြစ်သည်။ ခေတ်သစ်ယုံကြည်မှု လူ့သမိုင်းအရ တဖြည်းဖြည်းနဲ့တော့ ဒီလမ်းကို သွားနေသည်ဟု ယူဆရန်ရှိသည်။ ဤကိစ္စက အချိန်ယူရသည် ထင်ပါသည်။ လူထုရော အစိုးရ ဤ၌ အကြုံးဝင်ကြ၏။

အခြားဘာသာများကိုတော့ မဆိုလို၊ ဗုဒ္ဓဘာသာအရကတော့ ဘာသာရေးနှ င့် နိုင်ငံရေး သီးသီးခြားခြာရှိနေခြင်းသည် ဗုဒ္ဓဘာသာ၏ နေရာ အမှန် ကို ပြန်ရောက်တာဖြစ်ပြီး ဘုရားလက်ထက်တော်က အတိုင်း ပြန်ဖြစ်သွား သည်ဟု ဆိုနိုင်ပါသည်။
ရောဟိနီမြစ်ပဋိပက္ခကို နိုင်ငံရေးဟု အချို့ကဆိုချင်ကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မသတ်ကြဖို့ပေးသော ဩဝါဒမျှ သာ ဖြစ်ကြောင်းသတိမူသင့်၏။

ငရဲထင်သွားမှာ စိုးလို့

အမျိုးသမီးတစ်ယောက်ဟာ နာရီပေါင်းများစွာ ကြာတဲ့ မေဂျာ အော်ပရေးရှင်း (ခွဲစိပ်ကုသမှု) ကို ခံယူရတယ်။ သူမ သတိပြန်လည်လာလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတော့ ပြူ တွင်းပေါက်တွေမှာ လိုက်ကာ အထူကြီးတွေနဲ့ ဖုံးကာထား သလို သူမ မျက်စေ့တွေကိုလည်း အဝတ်နဲ့စည်းထားတာကို တွေ့ရတယ်။
ခွဲစိပ်မှုနဲ့ မျက်စေ့ အဝတ်စည်းတာကလည်း ဘာမှမဆိုင်။ ဘာဖြစ်လို့ ဒီလို စီ စဉ်ထားရတာလဲလို့ အနီးမှာရှိတဲ့ ဆရာဝန်ကို မေးတော့ ဆရာဝန်က

"ပတ်ဝန်းကျင်တစ်ခုလုံး ဆိုင်တွေ၊ အိမ်တွေ မီးရှို့ခံနေရတော့ (မီးလောင်နေတော့) တကယ်လို့ သမီးများ မေ့ဆေးအရှိန်ပြယ်၊ သတိပြန်လည်လာပြီး ဒါတွေကို ရုတ်တရက်မြင်လိုက်ရင် ငါတော့ သေပြီး ငရဲပြည် ရောက်နေပြီလို့ ထင်သွားမှာစိုးလို့ ဒီလို စီစဉ်ထားရတာ သမီးရယ်"
ဒေါက်တာက ရှင်းပြရင်း အားပေး သတဲ့။

သွေးပေါင်၊ သတိပဋ္ဌာန် နှင့် အထိတ်တလန့် ဖြစ်စဉ်

စနေနေ့က တရားထိုင်အပြီး ယောဂီအချို့နှင့် စကားပြောဖြစ်ခဲ့သည်၊ အင် တာဗျူးဟု ခေါ်လျှင်လည်း ရပေမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယောဂီနှစ်ယောက်က အိပ်ယာမဝင်မီ နှင့် အိပ်ယာ ထ ထချင်းအချိန်များတွင် တရား ရှူမှတ်ရတာပိုကောင်းသည်ဟု ပြောပြီး တက် တက်နေတတ်သည့် သွေးပေါင်များ ကျသွားပြီး ယခုဆိုလျှင် သွေးေ ပါင်ချိန်လိုက်တိုင်း ပုံမှန် ၇၅ နှင့် ၁၂၀ သာရှိနေကြောင်း ပြောကြသဖြင့် ဝမ်းသာရသည်။
ဒကာမ၏ အမျိုးသားက ဗုဒ္ဓဘာသာ ဟုတ်ဟန်မတူ၊ သို့သော် တရားပုံမှန် ထိုင်ပြီးနောက် သွေးပေါင်က ပါဖက်ဖြစ်သွားသည့် ကိစ္စကိုမူ အထူးအ ဆန်း ဖြစ်နေဟန်တူသည်။ တရားပုံမှန်မထိုင်ခင်ကဆိုလျင် သွေးတက်တတ်သောပြဿနာက သူ့ထက် သူ့ဇနီးက ပိုဆိုးသည်ဟု သူက ဆိုသေးသည်။ အခုတော့ တစ်နေလျင် နာရီ ဝက်ခန့် ပုံမှန်ထိုင်သည်ဟု ဆိုလေသည်။ နိဗ္ဗာန်ကို ဘေးမှာ အသာထားပြီး တရားရှူမှတ်ခြင်းက ပစ္စက္ခကျန်းမာရေးကို တိုးတက်စေသည်ဆိုလျင်လည်း ဝမ်းသာစရာ မဟုတ်ပါလား။

တလောကပင် တရားရှူမှတ်ခြင်းနှင့် ဆက်စပ်သည့် သိပ္ပံဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ သူတို့က မဟာသတိပဋ္ဌာန်သုတ်မှာ ဘုရားရှင် မိန့်ထား သည့် နိဗ္ဗာနံ သစ္ဆိကရိယာယ ကို စမ်းသပ်ခြင်းဖြစ်သည်။ တရားရှူမှတ်ခြင်း က လူ၏ လွတ်မြောက်ရေးအတွက် ဘယ်လိုဆက်စပ်နေသလဲ ဆိုသည့် အ ချက်ဖြစ်သည်။ သို့သော် သူတို့ ထင်ထင်ရှားရှား ရလိုက်သည့် အဖြေက လစ် ဘရေးရှင်းမဟုတ်ဘဲ ကွန်ပက်ရှင်း (Compassion) ခေါ် ကရုဏာဖြစ်နေေ လသည်။
တရားပုံမှန်ထိုင်သူတို့မှာ အတွင်း ဦးနှောက် ဖွဲ့စည်းမှုမှာရော အပြင်ပိုင်း အမူ အကျင့်မှာပါ ကရုဏာ သဘောတရားများ ပိုမိုအားကောင်းလာသည်ဟု ဆို ထားသည်။

အနောက်က သတိပဋ္ဌာန်ကို လေ့လာရာမှာ တမလွန်ဆိုသည်ထက် လက် ရှိနေရေးထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အကျိုးတို့ကို ပို၍ ရှေး ရှု ကြ၏။ ထို့ကြောင့် အကျိုးဆက်က မြင်သာထင်သာရှိ၏။ ထို့ကြောင့်ပင် လူသိပိုများလာခြင်းဖြစ်သည်။
ဖရီးသင့်ကား တစ်ယောက်က နိဗ္ဗာန်ကို မယုံပါ။ သို့သော် လက်ရှိဘဝ အ ကျိုး အတွက် တရားတော့ ထိုင်တတ်ကြသည်။ ၂၀၀၃ ခုက မိမိထံ ပထမ ဆုံးရောက်လာပြီး တရားထိုင်သူ သုံးယောက်တွင် နှစ်ယောက်က ဘာသာ မရှိသူမျာဖြစ်ကြသည်။ ဤကိစ္စ ရှိစေ။

အထက်က အကြောင်းကို ပြန်ဆက်ရလျှင် ယောဂီက သွေးပေါင်တွေ ပုံ မှန်ဖြစ်သွားပြီဆိုခိုက် မြန်မာ ဒကာ၊ ဒကာမများအိမ်သို့ ဆွမ်းစားသွားရာ ဒကာ၊ ဒကာမတို့ ချက်/ ညွှန်းဟင်းများကို (ဘုန်းကြီးကို ဘုန်းပေး လိုေ သာစေတနာဖြင့် ငရုပ်သီး သိပ်မစပ်ပါ ဟု လျှောက်တတ်ကြ၏၊ အမှန်မူ စပ်၏ စသည်) ဘုန်းပေးပြီး သွေးတက်သလိုလို ခံစားရသည့် ကိုယ့်အဖြစ်ကို စဉ်းစားမိရင်း ပြုံးမိသေး၏။
တကယ် ချိန်ကြည့်တော့ သွေးပေါင်က ပုံမှန်ပင်ဖြစ်၏။ တော်သေးသည်၊ သို့ မဟုတ်လျင်.............

ကိုဝင်းဇော်ဦး ကျန်းမာပါစေ

မနှစ်က ထင်တယ်၊ အသက်အရှည်ဆုံးအဖွား မြန်မာပြည်မှာ ရှိတယ်ဆို ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ကြ၊ ရှယ်ကြ တော်တော်လုပ်လိုက်ကြသေး တယ် ။ ပြဿနာက ယုံကြည်လောက်တဲ့ မှတ်တန်းမှတ်ရာမှာ မြန်မာက နိုင်ငံ အ လိုက်ကို အားနည်းတယ်။ တကယ်လို့ အဲဒီ အဖွားက ၁၂၆ နှစ် အမှန် ဆို ရင်တော့ ဘောလုံးပွဲကအစ အမြဲတန်း အသက်လိမ်ညာလာတဲ့ အကျင့် ဆိုးကြောင့် ကမ္ဘာက အသိအမှတ်မပြုတာလို့ ဆိုရလိမ့်မယ် ထင်တယ်။ ပြီးတော့ မြင်ရတဲ့ အရာလည်း မဟုတ်ဘူး။ အခု မြင်ရတဲ့ ကိစ္စပေါ်လာတယ်။ ဘယ်သူမှ ငြင်းလို့မရတော့ဘူး။

Photo from The Straits Times

စင်္ကာပူကို လာပြီး ခွဲစိပ်မှုခံယူရရှာတဲ့ ကိုဝင်းဇော်ဦး အကြောင်းပါ။ သူ့ ဟို မုန်း ဓာတ်ကလည်း ထူးထူးခြားခြား အရပ်ကို မနားတန်း ရှည်စေတယ် တဲ့။ ကျန်းမာရေးကို မထိခိုက်ဘူးဆိုရင်လည်း ဒီ အတိုင်း ထားရရင် မဆိုးဘူး ။ လှောင် ပြောင်လိုစိတ်ရှိသူတွေကတော့ ရှည်လို့ပြောင်၊ ပုလို့ပြောင်ြေ ပာင်လှောင်နေကြမှာပဲ။
သူ့အရပ်က ၇ ပေ ခွဲလောက်တောင် ရှိနေပြီ၊ အကြိတ်ကို ခွဲမထုတ်ရင် အရပ် ရှည်လာဦးမှာဖြစ်ပြီး အသက်ကျတော့ တိုသွားမယ်တဲ့။

ဒါက မနေ့က စထရိတ်တိုင်းမ် ပေးထားတဲ့ ရက်ကော့တွေပါ။
Tallest man ever Robert Wadlow 272cm
Tallest man alive Sultan Kosen 31, Turkey, 251cm
ကိုဝင်းဇော်ဦး ၊ မြန်မာ၊ 36, 233cm
Yao Ming 33, China, 229cm

နာမည်နဲ့မလိုက်တာက ကမ္ဘာ့အရပ် အရှည်ဆုံး အမေရိကန်ပါပဲ။ Wad low ရယ်လို့။
ကမ္ဘာ့အရပ် အရှည်ဆုံးလူသား မပိုင်ရရင် နေပါစေ၊ ကိုဝင်းဇော်ဦးရဲ့ ခွဲစိပ် မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

news from  The Straits Times: Myanmar's 'tallest man' seeks medical aid in Singapore

မကြုံဖူးသဖြင့် ထူးသည် ၂ (ကျောင်းတွင်းမှတ်စု)

ယနေ့ အသက် ၁၀၃ နှစ် ရှိပြီဖြစ်သော တရုတ်ဒကာမကြီးတစ်ယောက် အိမ် ကို ဒကာ၊ ဒကာမသုံးယောက်နှင့်အတူ ရောက်ဖြစ်သည်။ ဒေါ် ကွမ် ဟု သိရ သည်။ ပြောသံသာ ကြားဖူးသော်လည်း အသက် ရာကျော်ရှည်သူများနှင့် လူ ချင်း မတွေ့ဖူးပါ။ ကိုးဆယ်ကျော်များနှင့်ကား မကြာမကြာ တွေ့ဖူးသည်။ အသက် ၈၆ နှစ်ရှိ ဒကာမကြီး နယ်လီ တန် ဆိုလျှင်လည်း ကျောင်းကို သူမ ဘာသာ ဘတ်စ်ကားစီးပြီး လာတတ်သည်။ အသက် ၈၀ နှင့် ၉၀ ဆယ် အ တွင်း တက်တက်ကြွကြွရှိသည့် ဒကာ၊ ဒကာမကြီးများ ကျောင်းဝန်းကျင် မှာ တော်တော်တွေ့ရသည်။ စလုံးများ သက်တန်းပိုရှည်လာသည့် သာဓက ဟု ဆိုရမည်။

ယနေ့ သွားသာ သ္ပားခဲ့ရသည် ၁၀၃ နှစ် ရှိပြီဆိုမှတော့ ဘုန်းကြီးမှန်းမသိ၊ ဘာမှန်းမသိသာဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသမျှ လုံးဝ လွဲမှားသွားသည်။
သူမအတွက် ကဿပဗောဇ္ဈင်္ဂသုတ်ကို စုပေါင်း ရွတ်ဖတ်သရဇ္ဈာယ်ပေးကြ သည်။ ဤသို့ ခေါင်းဆောင် ရဟန်းတစ်ပါး၊ နောက်လိုက် ဒကာ၊ ဒကာမ နှ စ်ယောက် သုံးယောက်နှင့်အတူ သက်ကြီးရွယ်အိုများထံ သွားရောက်ပြီး ပရိတ်ရွတ်၊ မေတ္တာပို့ပေးခြင်းကို ဤမှာ "ဓမ္မဓူတ" ခရီး ဟုခေါ်သည်။ လူနာ က ဗုဒ္ဓဘာသာမဟုတ်လျင်တော့ ရဟန်း ပါစရာ မလိုအပ်ပေ ၊ ဆေးကြော င့် ဘေးပင် ဖြစ်တန်ရာ၏။
(ဤ၌ ကဿပဗောဇ္ဈင်္ဂသုတ် ဟူသည် မြန်မာ ပရိတ်ကြီး ၁၁ သုတ် စာအုပ် မှာ ပါသည့် ဆင်ဆာဖြတ်ခံထားရသည့် တိုတိတိ သုတ် မဟုတ်၊ ဘုရား မုခ ပတ်တော်အစစ်၊ ဆင်ဆာဖြတ် မခံရသည့် ပထမ ဂိလာနသုတ်ဟုခေါ်သည့် သုတ် ဖြစ်သည်)

ဘုန်းကြီးကို မတွေ့ မမြင်ရတာ ဆယ်နှစ်ကျော်ပြီဟု သူမက မျက်ရည်ဖြင့် ဆိုလေသည်။ သားသမီးတို့က ဗုဒ္ဓဘာသာမဟုတ်ကြလေသောကြောင့်လား စဉ်းစားစရာ ရှိသည်၊ သူတို့ ကိစ္စမို့ မမေးဖြစ်။
မိမိနှင့်အတူ ပါလာသည့် ဒကာ၊ ဒကာမတို့ မိခင်နှင့် အလွန်ရင်းနှီးပြီး သူတို့ ကို လည်း ကောင်းကောင်း မှတ်မိနေသည်။ အသံကလည်း အတော် "မာ" လေ သည်။
ထို အကြောင်း အပြန် ကားပေါ်မှာ ပြောခိုက် ဒကာက ကားမောင်းရင်း ဒီလ က ၇ လ မြောက် (သရဲကြီးလကို ဆိုလိုသည်) လ ဖြစ်သဖြင့် အတွင်းမှာ "အပ" ဝင်နေသဖြင့် ဤမျှ သန်မာဟန်တူကြောင်း အဆိုပြုသည်။
ထိုစဉ် တနင်္ဂနွေ ဓမ္မကျောင်းဆရာမ၊ သူ့ဇနီးက ဘယ်ကလာ အပ ဝင်နေရ မှာလဲ၊ ဝင်နေရင်တောင် ဒီလို ဘုရား မုခပတ်တော်များ ရွတ်ဖတ်ရာမှာဘယ် လို ပူးကပ်နေနိုင်မှာလဲ ဟု ယုတ္တိရှိရှိ ဆိုလေသည်။

မည်သို့ဖြစ်စေ အသက်ကလည်း ရာကျော်၊ သတိလည်း မလွတ်သည်ကေ တာ့ အံ့ဖွယ်တစ်ခု ဖြစ်သလို သူမထံ မကြာမကြာ သွားရောက်ပြီး ဗောဇ္ဈင်္ဂ သုတ် ရွတ်ဖတ်ပေးဖို့လည်း ဆုံးဖြတ်လိုက်မိသည်။

စာကြွင်း။ ။မြန်မာ ဒကာ၊ ဒကာမအချို့က သူတို့ ဗောဇ္ဈင်္ဂသုတ် က မြန် မာ ဗောဇ္ဈင်္ဂသုတ်နဲ့လည်း မတူဘူး ဆိုတတ်ကြသေး၏။
မတူဆို မြန်မာတို့က ဘုရားဟောကို ဖြုတ်၊ ဖြတ်၊ ကပ် (Cut and paste) ကတ် အင် ပေ့စ် လုပ်ထားသည်ကိုးဟုသာ.......။
အကြောင်း ညီညွတ်မှ ရေးပြီးသား " ပျောက်ဆုံးနေသည့် ဘုရားရှင်၏ ဆေး ဝါးများ" ဆောင်းပါး တင်ပါဦးမည်။ 

ဆရာမနဲ့ ညီညီ

ဆရာမ။ ။ ညီညီရေ၊ အထက်လူကြီးနဲ့ မောင်း(ခလုပ်) ကျိုးနေတဲ့ သေနတ် ရဲ့ တူညီတဲ့အချက်က ဘာလဲ ပြောပြနိုင်မလား။

ညီညီ ။ ။ ပြောပြနိုင်ပါတယ် ဆရာမ။ "Both don't work but you can't fire them." ပါ။

ဆရာမ။ ။ ဒါဖြင့် အောက်လမ်းဆရာနဲ့ ဂေါက်သီးရိုက် သမားကရောကွယ်။

ညီညီ ။ ။ မြေကြီးကို တောင်ဝှေးနဲ့ရိုက်ရင် ရှေးတုံးက အောက်လမ်းဆရာ လို့ခေါ်ပြီး ဒီနေ့တော့ ဂေါက်သီးရိုက်သမားလို့ခေါ်ပါတယ် ဆရာမ။ မြေကြီး ကို တောင်ဝှေးနဲ့ရိုက်ရင် မြန်မာပြည်မှာတော့ အငြိမ်းစား ဗိုလ်ချုပ်ကြီး လို့ လည်းခေါ်ပါတယ် ဆရာမ။