အပ္ပမာဒနှင့် ဖလော်ဆော်ဖား(စ်)

(၁)
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
မမေ့ မသေ၊ မေ့လျှင် သေ။

(၂)
ပထမ ဖလော်ဆော်ဖာ -
ဘုရားရှင် မိန့်တော်မူ၏။ မမေ့လျော့ခြင်းသည် မသေချင်းတရား (နိဗ္ဗာန်) ၏ အကြောင်းဖြစ်သည်။ မေ့လျော့ခြင်းသည် (အဖန်ဖန်) သေရခြင်း၏ အကြောင်းဖြစ်၏။

ထို့ကြောင့် မမေ့ကြနှင့်။ ဘာကို မမေ့ရမည်နည်း။ အသက်ရှူခြင်းတည်း။ အသက်ရှူဖို့မမေ့ကြလေနှင့်။ အသက်ရှူဖို့ မေ့လျှင်ဖြင့် သေလိမ့်မည်

(တနင်္ဂနွေသား ဆရာတော်တစ်ပါး မိန့်ခဲ့သည်ဟု ပြောရန်လိုက ဤ၌ ပြောထားခဲ့ချင်၏။)

(၃)
ဒုတိယ ဖလော်ဆော်ဖာ -
လူဟူသည်အသက်ရှူဖို့မေ့သော သတ္တဝါမဟုတ်။ အသက်ရှူနေသည်ကိုသာ မေ့သောသတ္တဝါတည်း

အသက်ရှူမှုကို မေ့နေသော်လည်း အသက်ရှူမှုက ရပ်တန့်မသွား။ ဖောင်းမှု ပိန်မှုကို မေ့နေသော်လည်း ဖောင်းမှု ပိန်မှုက ရပ်တန့်၍မသွား။ ဖောင်းမြဲ ပိန်မြဲတည်း။ ဓာတ်ဆီဖြင့်မောင်းသောကား ဓာတ်ဆီကုန်လျှင် ရပ်တန့်သွားသကဲ့သို့ သတိမေ့ခြင်းကြောင့်တော့ အသက်ရှူမှုကမရပ်။ အကြောင်းက သတိသည် အသက်ရှုခြင်း၏ အကြောင်းတရား မဟုတ်သောကြောင့်တည်း။”

သတိ (အမှတ်) ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသက်ရှူမှုက ရှိမြဲ။ မပူပင်ရ။ ထို့ကြောင့် လူသည် အသက်ရှူမှုအပေါ် မေ့မေ့လျော့လျော့ ရှိ၏။ သတိမေ့လိုက်သည်နှင့် တပြိုင်နက် အသက်ရှူမှု ရပ်တန့်သွားမည်ဆိုလျှင် လူသည် အသက်ရှူမှုကို ဤထက်အလေးထားစရာ ရှိ၏



(၄)
နားကြားပြင်းကတ်သွားသောယောဂီသည် ထိုအသက်ရှူမှုကို ဆိတ်ငြိမ်ရာ၌ ထိုင်မှတ်နေတော့၏။

ထိုအခါ ထိုယောဂီသည် ဘုရားရှင်၏ မုခပတ်တော်မှ တိုက်ရိုက်ကြားနေရသကဲ့သို့ ဤဝါကျကို ရှင်းရှင်းကြီးကြားနေရသည်ဟု ဆို၏။

          “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

ထိုယောဂီအတွက် စကားလုံးများ၊ ဝါကျများ၊ ငြင်းခုံမှုများ မလိုတော့။ ဝင်မှု၊ ထွက်မှု (သို့) ဖောင်းမှု၊ ပိန်မှုသာ လိုတော့၏။ ထိုဖောင်းမှု ပိန်မှု မရှိလည်း မှုစရာမလို။ အခြားသော မှတ်သားစရာများ မျာစွာရှိ၏။ ဤသို့ဖြင့် သူသည် စကားလုံးများကို လွန်မြောက်သွားတော့၏။

(စကားလုံးများကို လွန်မြောက်သွားသော မိတ်ဆွေရဟန်းကို ဂုဏ်ပြုပါသည်။ မိမိကား ကြိုးစားဆဲ။ စကားလုံးများဖြင့် ရစ်ထွေးနေဆဲ။)





သီဟနာဒ
 










posted on 17/02/2012







Copyright © 2011 ကမ်းလက်. All rights reserved.

အိုင်ဒင်တတီသတ်မှတ်ပုံ


ဂျာမန်နဲ့ ပြင်သစ်လူမျိုးနှစ်ယောက် သူတို့ချင်းတွေ့ဆုံရာမှာ တစ်ယောက်က ဂျာမန် နောက်တစ်ယောက်က ပြင်သစ်ဖြစ်နေပြီး သူတို့နှစ်ယောက်နဲ့ အီ ရတ်၊ အီဂျစ်လူမျိုးနှစ်ယောက်တွေ့ဆုံရာမှာတော့ ရှေ့နှစ်ယောက်က ယူရိုပီ ယံတွေဖြစ်သွားပြီး နောက်နှစ်ယောက်က အာရပ်တွေဖြစ်သွားပါတော့တယ်။
ရှေ့ခွဲခြားမှုက နိုင်ငံအပေါ်အခြေခံပြီး နောက်ခွဲခြားမှုက စီဗီလိုက်ဇေးရှင်းကို အခြေခံတယ်။
(The Clash of Civilizations. P 76)

ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ သမိုင်း


ကိုးကွယ်မှုဘာသာတရားတွေကနေ စီဗီလိုက်ဇေးရှင်းတွေဖြစ်။
စီဗီလိုက်ဇေးရှင်းကနေတဆင့် ပထဝီနိုင်ငံရေး။
လူ့သမိုင်းဆိုတာကကို ကိုးကွယ်မှုဘာသာတရားတွေရဲ့ သမိုင်း၊ စီဗီလိုက်ဇေး ရှင်းတွေရဲ့ သမိုင်းပါ။
ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ သမိုင်းဆိုတာ မြန်မာနဲ့ ထိုင်းကြားက သမိုင်းလောက်တော့ မကတန်ရာ။

ဓားသွားပေါ်မှာ ကတဲ့ဆပ်ကပ်


သူ့ရဲ့သမိုင်းလေလား။ "ဓားသွားပေါ်မှာ ကတဲ့ဆပ်ကပ်" ထဲမှာ တာရာမင်းဝေ က
သီဟ စကားပြောဖို့ ခါးဆန့်လိုက်သည်မှာ ကြာပွတ်တစ်ချောင်းဖြေချ လိုက် သည်နှင့်တူသည် လို့ ဥပမာညွှန်းခဲ့တယ်။
တကယ်က တာရာမင်းဝေကိုယ်တိုင် စကားပြောတိုင်း ကြာပွတ်တွေ ဖြေနေ တာပါ။
စစ်ပွဲက ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲရှုံးရှုံး
အချိန်တိုတိုနဲ့ ပြီးဆုံးလေလေ ကြားကမြေဇာပင်တွေ သက်သာလေလေပါ။


Switch Seats :)