တရုတ်လေးမျိုး


လောက၌ တရုတ်လေးမျိုး ရှိလေရာ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ
၁။ ပြည်ကြီးတရုတ်
၂။ ဟောင်ကောင်၊ ထိုင်ဝမ်တရုတ်၊
၃။ စင်ကာပူ စသည်တရုတ်
၎။ မလေး၊ အင်ဒို၊ မြန်မာတရုတ်တို့တည်း။

ယင်းတို့တွင် နံပတ် ၄ သည် စိတ်နေသဘောထား အဖြူစင်ဆုံးဟု စလုံးတို့ကိုယ်တိုင် ၀န်ခံကြလေ၏။
(အထက်သို့ အစဉ်အတိုင်း မှတ်လေ)

ကျမ်းကိုး။ အင်တာနက် နိကာယ်၊ ဖေ့စ်ဘုတ် ၀ဂ်၊ စလုံးသုတ်။

3-Day Introductory Course on Vipassanã at Mangala Vihara

Happy Lunar New Year!

"ဟက်ပီး လူနာ နယူးယီးယား"


အမေရိကမှာ ခရစ်ယန်မဟုတ်တဲ့ အိမ်နီးချင်းတွေကို အားနာလို့
"မေရီ ရစ္စမတ်" လို့ပြောဖို့တောင် လျှတွန့်လာတယ် ဆိုတဲ့ သရော်စာလေးကို သတိရတယ်။
အခုလည်း တရုတ်မဟုတ်တဲ့ လူမျိုးတွေကို အားနာလို့ "ဟက်ပီး ချိုင်းနီးစ် နယူးယီးယား" လို့ မပြောဘဲ "ဟက်ပီး လူနာ နယူးယီးယား (Happy Lunar New Year) လို့ပြောရင် ပိုသင့်မယ်။
အူကြောင်ကြောင်နိုင်လည်း မတတ်နိုင်ဘူး။
ဘာသာရေး၊ လူမျိုးရေး အစွန်းလွတ်အောင်
"ဟက်ပီး လူနာ နယူးယီးယား" ပေါ့။ တစ်ခုခုတော့ ပြောမှရမယ် မဟုတ်လား။