သတင်းတွေဖတ်ပြီး တွေးမိတာပါ


ကမ်းလက် shared Myat Thar's post.
 
သတင်းတွေဖတ်ပြီး တွေးမိတာပါ။
ဆီးရီးယန်းကလေးငယ်လေး လှေမှောက်ပြီး ရေနစ်သေဆုံးသွားတဲ့ ဓါတ်ပုံကို မြင်တဲ့အခါ အကြီးအကျယ် တုန်လှုပ်သွားသူဟာ ဥရောပနိုင်ငံတွေ ဖြစ်နေတယ်။ သမိုင်းကြောင်းထဲက ခရူးဆိတ်စစ်ပွဲတွေ၊ လတ်တလော ဥရောပမှာ မူဆလင်အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံခဲ့ရမှုတွေကို ကျော်လွန်မေ့ပျောက်ပြီး မူဆလင်ဘာသာဝင် ဆီရီးယန်း ဒုက္ခသည်များကို တိုင်းပြည်အတွင်း ဒုက္ခသည် အဖြစ်နေထိုင်ခွင့်ကို ချက်ချင်းခွင့်ပြုပြီး ခုစတင် လက်ခံနေပြီဖြစ်ပါတယ်။ ဂျာမဏီ မြူးနစ်မြို့မှာ အခုကြိုဆိုပွဲတွေ လုပ်နေပါတယ်။ နော်ဝေက လူလေးသောင်း လက်ခံဖို့ ကတိပြုပြီး မြို့အလိုက်ခွဲဝေနေရာချထားဖို့ ပြင်ဆင်နေပါပြီ။ အခြားဥရောပ နိုင်ငံများကလည်း စတင်လုပ်ဆောင်နေပါပြီ။ အသက်ကိုရင်းပြီး ပြေးကြသူတွေ၊ ကလေးငယ်တွေ ရေနစ်သေဆုံးသွားတဲ့ သတင်းတွေကို သူတို့ မခံစားနိုင်ကြပါဘူး။
လူ့ယဉ်ကျေးမှုဆိုတာ အသိတရားကနေ ဖြစ်လာတယ်ဆိုတာ ဒီနေရာမှာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အကြောက်တရား၊ အမုန်းတရားတွေကို ကျော်လွန်ဖောက်ထွက်ပြီး ၊ မေတ္တာတရားနဲ့ ကြင်နာမှုဟာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှာ အရာရာထက် ပိုမိုအားကောင်းကြောင်း ပြသလိုက်ပါတယ်။

တချိန်ထဲမှာဘဲ အင်မတန်မှ ချမ်းသာလှတဲ့ ရေနံသူဌေး အာရပ်နိုင်ငံများကတော့ သူတို့နဲ့ ဘာမှ မဆိုင်သလိုနေနိုင်တာကိုလည်း တွေ့ရပြန်ပါတယ်။ အပေါဆုံးက ငွေကြေးဖြစ်တဲ့အတွက် ငွေကြေးလိုရင်ပေးမယ်၊ ငါ့တိုင်းပြည်ထဲတော့ လာအရှုတ် မခံနိုင်ဘူး ဆိုတာမျိုးဖြစ်နေလို့ ဝိုင်းဝန်းရှုံ့ချခံနေကြရပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ အေးဆေးပါဘဲ။ လူ့ဂုဏ်သိက္ခာဖြစ်တဲ့ စာနာညှာတာတတ်တဲ့ အကြင်နာ မေတ္တာတရား မရှိလဲ ရုပ်ဝတ္ထုတွေနဲ့ အင်မတန်ချမ်းသာမှုတွေ ပြည့်စုံနေရင် ရပါတယ်လို့ ထင်ကြပုံပါဘဲ။

အကယ်၍များ အာရှသားတွေ ဥရောပသားတွေလောက် အသဲမနုကြဘူးဆိုရင်၊ အဲ့ဒီလောက် လုပ်စရာ မလိုပါဘူးဆိုရင်
လူ့သမိုင်းတလျှောက် ယဉ်ကျေးမှု အစောဆုံးဆိုတာကို ဘယ်လိုများမြင်ကြပါသလဲ သိချင်မိပါတယ်။
 

အိမ်မွေးတိရစ္ဆာန်တွေကို ပလပ်စတစ် ဆာဂျူရီလုပ်ပေး


ကြွားနေရတာနဲ့ ဒီသတင်းလေး မနက်က မတင်မိဘူး။ ကျန်း၊ တောင်ကိုရီးယားကတော့ မနိုင်ဘူး၊ အလုပ်မရှိ ကြောင်ရေချိုးပဲ ပြောပြော ဘာပြောပြော။ ခွေးလို၊ ကြောင်လို အိမ်မွေးတိရစ္ဆာန်တွေကို ပလပ်စတစ် ဆာဂျူရီလုပ်ပေးရတာ အတော်လေး ခေတ်စားနေပါသတဲ့။ ကျန်းမာရေးအတွက်ရော ကြည့်လို့ ပိုလှအောင်အတွက်ရောပါ တဲ့။

အယ်ဒီတာရဲ့ အက်သစ်


ရဟန်းဝတ်ဖော်ပြထားပြီး လီကွမ်းယု၊ ဟန်တင်တန်နဲ့ သူတို့ စာအုပ်အမည်တွေပါ အတိအကျထည့်လိုက်ရင် ဘာမှမဖြစ်ပေမဲ့ အမြင်မတူသူတွေ စိတ်ကသိကအောက်ဖြစ်နိုင်လို့ ရှောင်ရေးသွားခဲ့တယ်။ အထူးသဖြင့် ဂလိုဘယ် ပေါ်လစ်တစ်ဆိုတဲ့စကားကို ရှောင်ရေးသွားပါတယ်၊ လေးစားစရာ၊ အတုခိုးစရာပါ။ တလောက မြန်မာ ဂျာနယ်တစ်စောင်နဲ့တော့ ကွာလှပါတယ်။

ဒီအပိုဒ်မှာ မလိုတမာရေးမယ်ဆို "ရဟန်းဝတ်ပြီး ယောက်ျားလိုလို၊ မိန်းမလိုလို ဇင်ဝေသော်ဆိုတဲ့ ကလောင်အမည်နဲ့ မဆီမဆိုင် ကမ္ဘာ့နိုင်ငံရေးတွေ ဘာသာပြန်နေတဲ့" လို့ရေးရင် ရတာပဲ။ အယ်ဒီတာဟာ စာလုံးပေါင်းအပြင် စားရေးသူရဲ့ ပုဂ္ဂလိကဆန်တဲ့ စွပ်စွဲမှုတွေကိုလည်း တည်းဖြတ်ရပါတယ်။ ဒါမှ စံဝင်တဲ့ အယ်ဒီတာဖြစ်ပါတယ်။

သူများပြောတဲ့ ကိုယ့် ပရိုဖိုင်။


အဘိဓမ္မာသင်တန်း ပို့ချတယ်ဆိုတာကလွဲရင် အမှန်တွေပါ။ သူတော်ကောင်းတွေ သင်ယူနိုင်၊ ပို့ချနိုင်အောင် နေရာစီစဉ်ပေးရုံပါ။



ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့


"ဇင်ဝေသော်၊ ဇင်ဝေသော်နဲ့ ဘာသာပြန်စာအုပ်တွေဖတ်ပြီး အထင်ကြီးမိတာ။ အင်္ဂလိပ်စာတတ်တာပါ၊ အတွေးအခေါ်က ချာပါ့"
"ဟိုက် အသားလွတ်ကြီးပါလား၊ ငါရေးတာကလည်း ဘုံဝါဒ။ မင်းနဲ့ငါ၊ ငါတို့နဲ့ သူတို့၊ အရှေ့နဲ့အနောက် ကမ္ဘာရဲ့ နှစ်ခြမ်းကွဲ ပါရာဒိုင်းအကြောင်ပါ၊ ဘလော့တယ်ကွာ"
"ဒီမိုချာကြီးက ဘလော့သွားတယ်၊ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်က ဘာလဲ" တဲ့။

ဟ ကောင်လေးရ၊ ဒီမိုကရေစီဆိုတာ သူ သန့်ရှင်းထားတဲ့ ကွင်းပြင်ပေါ် မင်းကို လွတ်လွပ်စွာ အီအီးပါခွင့်ပေးတာ မဟုတ်ဘူး ဟ။