ညီမလေးရေ -
အမတ်ကြီးတစ်ယောက်ဟာ
စည်ကြီးတစ်လုံးကိုထမ်းပြီး စာသင်ခန်းထဲကို ဝင်လာသတဲ့။ ဝင်လာပြီး သူ့စည်ကြီးကိုချကာ တီးပြသတဲ့။
တီးလိုက်တော့ စည်ကြီးကမြည်တာပေါ့ကွယ်။ ပြီးတော့ သူက ပြောတယ်။
“
ပညာရှိဆိုတာ စည်လိုပဲ။ တီးမှသာ မြည်တယ်။
မတီးရင် မမြည်ဘူး။” ဆိုပြီး ပညာရှိ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပြောပြတာပေါ့။
ဒီတော့ ကျောင်းသားလေးတစ်ယောက်က-
“
သူက ပညာရှိဖြစ်ပြီး တီးပေးမယ့်သူရှိမှ
မြည်တာလား၊ တီးပေးမယ့်သူမရှိရင် သူ့ပညာတွေက နှမြောစရာကြီး။ သုသာန်ထဲ
ပါသွားမှာပေါ့” လို့ ချင့်ချင့်ချိန်ချိန်နဲ့ ပြောသတဲ့။ ပြီးတော့-
“
ပညာရှိရိုးမှန်ရင် တီးသူရှိရှိ၊ မရှိရှိ မြည်သင့်တဲ့အချိန်
မြည်နေသင့်တာပေါ့” လို့ ဆိုလိုက်တဲ့ အချိန်မှာတော့ အမတ်ကြီးဟာ-
“
မင်းတို့ခေတ်လူငယ်တွေ တယ်ပြောရခက်တာပဲ” ဆိုပြီး စာသင်ခန်းထဲက ထွက်သွား တော့သတဲ့။
အဲဒီအမတ်ကြီးပြီးတဲ့နောက်မှာ
စာသင်ခန်းထဲ ဝင်လာတာက (၂၁) ရာစု ရဟန်းတော် တစ်ပါးတဲ့ကွယ်။ သူ့လက်ထဲမှာ
ဘာလေးမှန်းမသိတဲ့ ပစ္စည်းလေးကိုလည်း ကိုင်ထားသတဲ့။ ပြီးတော့ သူက
သူကိုင်ထားတဲ့ပစ္စည်းလေးကို ရှေ့မှာချပြီး မီးခိုးငွေ့တွေထွက်လာအောင် ထင်းတွေကို
မီးရှို့လိုက်သတဲ့။ ထင်းတွေက သိပ်မခြောက် သေးတော့ မီးမတောက်သေးပဲ မီးခိုးတွေအူပြီး
ထွက်လာ တော့တာပေါ့။
မီးခိုးတွေလည်းထွက်လာရော သူ့ပစ္စည်းလေးက
တဂင်ဂင်နဲ့ ထမြည်တော့တာပဲတဲ့။ ဒီတော့မှ- အဲဒီ (၂၁) ရာစုရဟန်းက-
“
ကလေးတို့ရေ၊ ဒါဟာ ဖိုင်းယားအလမ်းလို့ခေါ်တယ်။ သူ့ပတ်ဝန်းကျင်မှာ စိုးရိမ်လောက်တဲ့ အပူဓာတ်ရှိနေရင်ဖြစ်စေ၊
မီးခိုးတွေ သိပ်အူနေရင်ဖြစ်စေ ထမြည်တော့တာပဲကွဲ့။
ဒီဖိုင်းယား အလမ်း လေးက ပညာတော့သိပ်မရှိရှာဘူးတဲ့ကွဲ့။
ဒါပေမယ့် သူမြည်ရမယ့် အချိန် ကိုတော့ ကောင်းကောင်း
ကြီး သိတယ်တဲ့ ကွယ်” လို့
ရှင်းပြသတဲ့။
ကျောင်းသားလေးတွေက
လက်ခုပ်တွေဝိုင်းတီးပြီး-
“
ဒီလိုမှပေါ့၊ ပညာရှိဆိုမှတော့ မြည်သင့်တဲ့အချိန်ကို
သိနေရမှာပေါ့။ တီးပေးမယ့်သူကို စောင့် နေလို့ ဘယ်ရမလဲ” လို့ ပြောကြသတဲ့။
ဒါနဲ့
(၂၁) ရာစု ရဟန်းက-
“
မေးစရာရှိရင် မေးကြပါ” လို့ ကျူ အင်(န်) အေ ဆက်ရှင်ကို စိန်ခေါ်သတဲ့။
ဘယ်သူမှ
မမေးကြတော့ပါဘူး။
(၁၉)
ရာစု ပညာရှိဟာ (၂၁) ရာစုမှာတော့ အထာကိုင်နေတဲ့လူကြီးဆိုတာ သူတို့သဘော ပေါက်သွား ကြပြီလေ။
ဒါပါပဲကွယ်။
ဒီပုံပြင်ရဲ့ မော်ရယ်(လ်)က ဘာညာဆိုပြီး ဆရာကြီးလေသံနဲ့ လုပ်မနေ တော့ပါဘူး။
ပညာရှိဖြစ်ဖို့ထက်
အသုံးဝင်နေဖို့ပဲလိုတာပါ။
Post a Comment