ဦးကိုမောင်- ကလေးတို့၊ လူစုံတက်စုံပါလား။
မင်းတို့ ကမ်းလက်ရဲ့ အနေအထားက ဘယ်လိုလဲကွဲ့။
(ကလေးများ)- မျှော်လင့်တာထက် ပိုကောင်းပါတယ်ဖေကြီး။
အံ့သြစရာကောင်းတာက လွန်ခဲ့တဲ့တစ်ပတ်ကအထိ စာဖတ်ပရိသတ်ကိုကြည့်တော့ အမေရိကားက Top ဖြစ်နေပြီး
စင်္ကာပူက ဒုတိယ။ ဒီတစ်ပတ်ထဲမှာ စင်္ကာပူက ခေါက်ချိုးတက်လာလို့ Top ဖြစ်သွားတာ။
(ဦး) -
အမေရိကားကလူတွေကို တို့လည်းမသိပါလား။ စင်္ကာပူက ထားပါတော့။ ဒါနဲ့ အခုလောလောဆယ်
ဘယ်နှစ်ယောက်လောက် ဝင်ကြည့်သွားပြီလဲကွဲ့။
(များ)- ဒါကို
လျှိုထားကြတာ ဖေကြီးရဲ့ ။ ကမ်းလက်ရဲ့ မွေးနေ့တို့ ဘာတို့မှာဆိုရင်တော့ ထုတ်ပြဖို့ စိတ်ကူးရှိကြပါတယ်။
ဒါကလည်း ကမ်းလက်ပရိသတ်တွေ မုဒိတာပွါးရအောင်လို့ပါ။ ဒါကလည်း အဖွဲ့နဲ့ တိုင်ပင်ရဦးမှာ။
(ဦး)- မင်းတို့ဟာကကွာ၊
ဖေကြီးကိုတောင် ပြောမပြနိုင်ဘူးလား။
(များ)- ပြောပါဘူး၊
ဖေကြီးကိုပြောလိုက်ရင် အားလုံးကို ပြောလိုက်သလို ဖြစ်သွားမှာပေါ့။
(ဦး)- ကဲ-
ထားပါတော့ကွာ။ ဒါနဲ့ စာမူကိစ္စတွေကရော။
(များ)- သီဟနာဒနဲ့
ဇင်ဝေသော်ရေးထားတာတွေ စာရင်းချုပ်လိုက်ရင် (၉၂) ပုဒ် ရှိသွားပြီ။ အတိုရော၊ အရှည်ရောပေါ့
ဖေကြီးရာ။ ခက်တာက ဘုန်းဘုန်းသီဟနာဒက ပိုးကိုက်မှရေးတာတဲ့။ ပိုးရှာထားမှဖြစ်မှာ။ ကြမ်းပိုးကိုက်လို့
စာရေးရင်လည်းမဆိုးဘူး။
(ဦး)- ဒါနဲ့
ဘယ်လိုစာတွေကို လူတွေပိုဖတ်သလဲကွဲ့။
(များ)- FB
နဲ့ ဘလော့(ဂ်) မတူဘူး ဖေကြီး။ FB မှာ အတို ဟာသလေးတွေကို ပိုဖတ်ပြီး၊ ဘလော့(ဂ်) မှာကျတော့
အက်ဆေး၊ ဝတ္တု ပီပီပြင်ပြင်တွေကို ဖတ်ကြတာ။ ဥပမာ- အရောင်များနဲ့ ကစားခြင်းနဲ့ လရောင်တမ်းခြင်းတို့လိုပေါ့။
FB မှာ ဒီနှစ်ပုဒ်က ဖတ်သူနည်းတယ်။ ဘလော့မှာကျတော့ သူတို့က Top တွေဖေကြီးရဲ့၊ မတူဘူး။
ဘုန်းဘုန်း သီဟနာဒက ဒါကို သဘောကျနေတာ။ ငါက ရယ်ချင်တဲ့သူပဲ ရှိတယ်ထင်တာ၊ စာဖတ်ချင်သူတွေလဲရှိသားပဲ။
ကြိုးစားရကျိုးနပ်တယ်တဲ့။
(ဦး)- ဒါနဲ့
ဆုထားရော ဘာစာအုပ်တွေ ဖတ်နေလဲ။
(ဆုထား)- Many
Lives, Many Masters ကို ဖတ်နေပါတယ်ဖေကြီး။ လုံးစေ့ပတ်စေ့တော့ ဘာသာမပြန်ပါဘူး။ ရှည်လွန်းသွားပြီး
ကိုရီးယားကားလို ဖြစ်မှာစိုးလို့။ ခပ်တိုတိုချုပ်ပြီး မက်ဆေ့ပေးနိုင်အောင်တော့ ကြိုးစားမှာပါ။
(ဦး)- ကောင်းပါလေ့ကွယ်။
အမေရိကန် စိတ်ပညာရှင် ဒေါက်တာတစ်ယောက်ရေးထားတဲ့ စာအုပ်မဟုတ်လား။ တို့ဘုရားရှင်ရဲ့ သံသရာဝါဒကို
သိပ္ပံက လက်ခံရတဲ့သဘောပေါ့။ သာဓုပါကွယ်။
(ကလေးများ)- ဖေကြီးက သူများအကြောင်းတွေ လျှောက်မေးပြီး စာမူကျတော့ မပေးဘဲနဲ့။ အခု စာမူတောင်းမလို့
လာကြတာ။
(ဦး)- ဟေ-
ဒီလိုလား။ မညှင်းကြပါနဲ့ကွယ်၊ ဖေကြီးကအသက် ကြီးပါပြီ။
(များ)- မရဘူး။
တစ်ပုဒ်ဖြစ်ဖြစ်၊ နှစ်ပုဒ်ဖြစ်ဖြစ် ပေးမှရမှာ။
(ဦး)- ကဲ
စာမူမပေးနိုင်တောင် အကြံဥာဏ်တော့ ပေးနိုင်ပါသေးတယ်ကွယ်။ ကလေးတို့ကို စာမူ ၅၅၀ ပုဒ်အရင်
ပေးမယ်။
(များ)- ဘာပြောတာလဲ
ဖေကြီး။
(ဦး)- ကလေးတို့
စာမူပြတ်သွားရင် ၅၅၀- ဇာတ်နိပါတ်တော်တွေကို တစ်နေ့ တစ်နိပါတ်တင်လို့ ပြောတာပါ။ ရက်ပေါင်း
၅၅၀ တင်လို့ရတယ်။
(များ)- ဟေး
ဒါမှ ဖေကြီးကွ။အာ…. ဖေကြီးက ညစ်ပြီ။ ဒါတော့ သူပြောမှလား။
(
ကလေးများ ဤ၌လေသံမတူကြ။)
(ဦး)- ဒါမှ
မလောက်သေးဘူးဆိုရင် တစ်ထောင့်တစ်ညပုံပြင်စာအုပ်ကို ရှာဝယ်ကြကွယ်။ တစ်ပုဒ်ကိုတစ်ရက်တင်ရင်
၁၀၀၁ ရက်တင်လို့ရတယ်။ ကဲ ဘာလိုသေးတုန်း။ ဖေကြီးက တစ်ပုဒ်နှစ်ပုဒ်တောင်မကဘူး ၁၅၅၁ ပုဒ်
ပေးလိုက်ပြီ။
ဘာသဘောပေါက်သွားကြလည်းတော့
မသိဘူး။ ကလေးတွေက ပြိုင်တူ-
(များ)- ဟေး
ဒါမှ ဖေကြီးကွ။ စာမူကိစ္စ ပူရတော့ဘူး…တဲ့။
ကဲ
မှတ်ကရော။ ၁၅၅၁ ရက်အတွက် စာမူပူစရာတောင် မလိုတော့ဘူး။ ဦးကိုမောင်တို့က ငယ်ရာကကြီးလာတာ
(ကြီးရာက ငယ်သွားတာမဟုတ်ဘူး)။ ဒီအကြံဥာဏ်လောက်တော့ လိုရင် ထုတ်လို့ရပါတယ်။ ကလေးတွေဆို
ပျော်…လို့ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်)။
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment