ကလေးတို့ရေ-
ပြောပြန်ရင်လည်း
မကောင်းတော့ဘူး။ ဒါပေမယ့်မကောင်းတာကိုပဲ ပြောတော့မယ်။ ဖေကြီးတို့ မြို့သစ်ဒေလီရဲ့ အင်ဒီယာဂန္ဓီ
အပြည်ပြည်ဆိုင်ရာ အဲပေါ့(ထ်) ထဲမှာ မြောက်ဦးခေါင်းနဲ့တူတဲ့မြို့ကို ခရီးဆက်ကြဖို့
(ဗာရာဏသီကိုပြောတာ) စောင့်နေကြတုန်းကပေါ့။
ကောင်မလေးတစ်ယောက်က
(ခပ်စွာစွာအတန်းထဲကပဲ) အအေးဘူးတွေ ဘာတွေရောင်းတဲ့ မက်ရှင်းဆီကနေ
အအေးဘူးသွားဝယ်တယ်။ သူ့အတွက်ရော၊ ဆရာတော်လေးသုံးပါးကို ကပ်ဖို့အတွက်ရောပေါ့ကွယ်။
အဲဒီ အင်ဒီရာဂန္ဓီ အင်တာနေရှင်နယ်လေဆိပ်ထဲက ဖျော်ရည်ရောင်းတဲ့ စက်ကြီးကလေ
ထည့်လိုက်တဲ့ပိုက်ဆံတွေကိုသာ ဝါးဝါးသွားပြီး ဖျော်ရည်ဘူးကျတော့ ထုတ်မပေးဘူးကွယ့်။
တစ်ဝက်နဲ့ တစ်နေတဲ့ ပုံကြီးပဲပြနေတယ်။ တော်တော်ကပ်စေးနဲတဲ့ စက်ကြီးပဲကွယ့်။
အဲဒါနဲ့
ကောင်မလေးက “ မန်းကီး
ဘစ်စနစ်။
မန်းကီး ဘစ်စနစ်” ဆိုပြီး အဲဒီစက်ကြီးနဲ့ ရန်ဖြစ်ပါလေရော။ ရန်ဖြစ်တယ်ဆိုတာ
စက်ကြီးကိုတဘုန်းဘုန်းနဲ့ ထုတာကိုပြောတာ။ ဘုရား……ဘုရား။
ချက်ချင်း ဘယ်သူ့ကိုသတိရသွားတယ်ထင်လဲ။ စဉ်းစားကြပေါ့။ မပြောဘူး။
သူထုလိုက်တော့ စက်ကြီးကကြောက်သွားပြီး ဖျော်ရည်ဘူးတွေ ထုတ်ပေးတော့တာပဲကွဲ့။
ဖေကြီးဖြင့် စပ်စပ်ကို သတိရလိုက်တာ။ အဲဒီမြို့မှာလေ
တစ်ခါတစ်လေတော့လည်း ထုလိုက်တာက တည့်သွားလိုက်ပြန်ရော။
အဲဒီလေဆိပ်ထဲမှာပဲ ဗာရာဏသီကိုဆက်ဖို့ စောင့်ရတဲ့အချိန်က (၈) နာရီလောက်ကြာတယ်။
ဆိုကြပါစို့ကွယ်။ ဒီလောက်ကြာမှတော့ ကိုယ့်ခုံလေးတွေပေါ် အိပ်သူကအိပ်၊
ငိုက်သူကငိုက်၊ အိုင်ပက်နဲ့ ချက်သူကချက်၊ ပါးစပ်နဲ့ ချက်သူကချက်ပေါ့။
ထိုင်ခုံမယ်မယ်ရရ မရှိတာက ခရီးသွားအဖွဲ့ရဲ့ခေါင်းဆောင် ကုလားထိုင်လူကြီး ပေါ့ကွယ်။
အဲဒီမှာ သူက “အားလုံးတန်းစီ၊ ဘုတ်ဒင်းလုပ်တော့မယ်” လို့ အော်လိုက်ရော။ ဒါနဲ့
အားလုံးမျက်ခုံးလေးတွေပွတ်ပြီး တန်းစီကြတာပေါ့။ သူကတော့ တန်းမစီဘူးလေ။ သူက
လူကြီးကိုး။ အားလုံးလည်း တန်းစီရော သူက လှဲအိပ်လို့ရတဲ့ ခုံကြီးပေါ်တက်ပြီး အိပ်ထည့်လိုက်တာ
(၅) မိနစ်အတွင်း အသံတွေဘာတွေတောင်ပေးလို့။
သူ့ကံကလည်း မခေဘူး။
လေယာဉ်ထွက်ဖို့ (၁၀) မိနစ်အထိ ခရီးစဉ်က မကြေငြာဘူး။ ဂိတ်လည်း မဖွင့်ဘူး။
(၅) မိနစ်လောက်ကြာတော့မှ လေယာဉ်ဒီလေးတဲ့ကွဲ့။ ဒီတော့ ကိုယ့်ခုံကိုယ် ပြန်သွားကြပေါ့။ ပြန်သွားစရာခုံမရှိတာက ကောင်လေးတစ်ယောက်။ သူ့ခုံပေါ်မှာ ကုလားထိုင်လူက အိပ်နေတာလေ။ ခပ်တည်တည်ပဲ။
(၅) မိနစ်လောက်ကြာတော့မှ လေယာဉ်ဒီလေးတဲ့ကွဲ့။ ဒီတော့ ကိုယ့်ခုံကိုယ် ပြန်သွားကြပေါ့။ ပြန်သွားစရာခုံမရှိတာက ကောင်လေးတစ်ယောက်။ သူ့ခုံပေါ်မှာ ကုလားထိုင်လူက အိပ်နေတာလေ။ ခပ်တည်တည်ပဲ။
သိပ်တော့ မတူဘူးပေါ့ကွယ်။ မရ အရတူအောင် ဆွဲတူရင်တော့ သူက ဦးကိုမောင်နဲ့ တူတာပေါ့။
ပြောချင်တာက
အိန္ဒိယလေယာဉ်တွေဟာ ဒီလေးတွေ၊ ပို့စပုန်းတွေ ကြိုတင် ကြေငြာတာသိပ်မရှိဘူး။
ငါးမိနစ်၊ ဆယ်မိနစ်အတွင်း ကပ်ဆော်တာတဲ့။
နောက်တစ်ခုက
ရေနွန်ဆိုတဲ့ကောင်။
သူ့အကြောင်းမပြောခင် အိန္ဒိယရဲ့ အကျင့်ကို အရင်ပြောမှရမယ်။ ဖေကြီးမှားရင် မှားမယ်။
မှားလည်း အရေးမကြီးပါဘူး။ ဒီလိုကွဲ့- ဟိုတယ်ဆိုတဲ့စာလုံး ရှေ့မှာထားရေးရင်
ဟိုတယ်အစစ် မဟုတ်ဘူးတဲ့။
အဆင့်မရှိဘူးပေါ့။ ဥပမာ- ဟိုတယ်ဆီဒိုးနားပေါ့။ဒါဆိုအဆင့်မရှိဘူးပေါ့။ ဟော်တယ်ကို နောက်ကထားရေးရင်တော့ တကယ့် စတန်းဒတ်ပေါ့။ ဥပမာ-
ဆီဒိုးနားဟော်တယ်ပေါ့။
( ဖေကြီးသိပ်မမှတ်မိတာက
ဟော်တယ်ရှေ့နောက်ကိစ္စ၊ ထားပါတော့)
ရေနွန်ဆိုတဲ့ကောင်က
တစ်ခုခုစားမယ်လုပ်တိုင်း ဟိုတယ်က ရှေ့မှာလား၊ နောက်မှာလားဆိုတာ အရင်ကြည့်တယ်။ ရှေ့ကနေနေ၊
နောက်ကနေနေ စားမှာ စားလိုက်ပေါ့။ ဟုတ်ဘူးလား။
တစ်နေရာရောက်တော့ နာမည်ကို သူဖတ်တယ်။ စတန်းဒတ်ဖြစ်တယ်ဆိုပြီး
ယုံယုံကြည်ကြည်နဲ့ စားထည့်လိုက်တာ ဝမ်းတွေလျှောပါလေရောကွာ။ ဒီကောင့်ကိုကြည့်ပြီး
ဖေကြီးဘယ်သူ့ကို သတိရတယ်ထင်လဲ။
ဟိုကောင်မလေးလေ။ သတ်ပုံကိစ္စတွေနဲ့ ဝမ်းမကြာမကြာ လျှောတတ်တဲ့ကောင်မလေး၊ ကမ်းက
အယ်ချုပ်ပေါ့။
ဒါပါပဲကွယ်။ ကြုံမှ ဆက်ဦးမယ်။
ဦးကိုမောင်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment