အသက်ကြီးသူတွေ အလိမ်ပိုခံရတယ်


နယူးယောက် တိုင်းမ်၊ ဂျူဒီ ဂရေဟမ် ရဲ " For the elderly,less sense of whom to trust " ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးလေး ဖတ်မိလို့ တင်လိုက်ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ မကြာခဏကြုံကြရတတ်တာက သူတို့ဟာ ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံနေတတ်တာမျိုးပါ။ သံသယ ဖြစ်သင့်သူတွေကို မဖြစ်၊ သံသယ မ ဖြစ်သင့်သူတွေကို သံသယ ဖြစ် တတ်တာဟာလည်း ဒီ အကျိုးသက်ရောက်မှုပါပဲ။ University of California, Los Angeles ( UCLA ) ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ သုတေသနအရ သိပ္ပံနည်းကျတယ်လို့ ဆိုရမှာ။

အသက်ကြီးလာတာနဲ့ အမျှ ဘယ်သူ့ကို ယုံကြည်ရမလဲ ဆိုတဲ့ အသိဉာဏ်အားတွေလည်း လျော့ကျလာတယ်လို့ သိရပါတယ်။
ဒီ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ တေလာရဲ့ ဖခင်ဟာ သူနဲ့မသိ၊ လမ်းမှာတွေ့တဲ့ လူနှစ်ယောက်ကို ယုံကြည်ပြီး ဒေါ်လာ တစ်သောင်း ခွန်နှစ်ထောင် ( ၁၇၀၀၀ ) ပေးလိုက်ရာကနေ ဒီ သုတေသနကို စတင်ခဲ့ကြတာပါလို့ ဆိုပါတယ်။
ဆေးပညာဆောင်းပါးပေမဲ့ ဒါကို သိထားရင် ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံတာတွေ တွေ့ရရင် စိတ်မပျက်၊ စိတ်မတိုမိတော့ဘဲ သူတို့ကို ပိုလို့စာနာမိနိုင်ပါတယ်။

သူတို့ လက်ထဲမှာ အဖိုးတန် ပစ္စည်းတွေ အပ်မထားမိဖို့၊ အသုံးငွေ အများကြီး ပေးမထားမိဖို့ စတာတွေကလည်း ဆင်ခြင်စရာတွေပါ။ နောက်ပြီး သိပ္ပံနည်းကျ လူလိမ်တွေက လူငယ်တွေထက် လူကြီးတွေကို အာရုံပိုကျနိုင်တယ် ဆိုတာကိုလည်း သတိထားလို့ ရနိုင်တာပေါ့။


 ဇင်ဝေသော်

1 comments:

ဟယ် ......... မှန်လိုက်တာဟယ်။

နေကောင်းတယ်ဆိုပြီး သွားဖြဲလေးနဲ့ ရီပြလို့ အမေ့ကို လိမ်ပြီး မြန်မာပြည်ကြီးက ပြန်လာတယ်။ ဘန်ကောက်လည်း ရောက်ရော အသံတောင်မထွက်နိုင်ဘူး ဖျားလို့ :D

Reply

Post a Comment