Home » All posts
ဆရာမကြီးက ဆော်သားပဲ။ အသလိုလူလည်း ရှိမှပေါ့။
in
Politics,
ပြန်လည်မျှဝေခြင်း
- on 8/20/2015
- No comments
ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ
in
Politics,
ကစ်ဆင်းဂျား
- on 8/20/2015
- No comments
နှစ်ပေါင်းနှစ်ဆယ်လောက် တရုတ်နဲ့အမေရိကန် ဆက်ဆံရေးပြတ်တောက် နေခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည် စတင်ဖို့ ၁၉၇၁- ခုနှစ်က တရုတ်ပြည် ကို ပထမဆုံးအခေါက် ကျွန်တော်ရောက်စဉ်မှာ "အမေရိကန်ကိုယ်စားလှယ် အဖွဲ့အတွက်တော့ တရုတ်ပြည်ဟာ နားလည်ရ ခက်တဲ့ 'ပဟေဠိဆန်ဆန် (land of mystery)' နိုင်ငံပါပဲ" လို့ပြောတော့ ပရီးမီးယာ ကျောက်အိမ်လိုင်က ”တရုတ်ပြည်နဲ့ ပိုပြီး ရင်းနှီး ကျွမ်းဝင်သွားရင် အရင်ကလောက် နားလည်ရခက်မှာ မဟုတ်တော့ပါဘူး” လို့ ပြန်ပြောခဲ့ပါတယ်။
တရုတ်ပြည်ထဲမှာ လူဦးရေ သန်းကိုးရာရှိနေပေမဲ့ သူတို့အတွက်တော့ အရာခပ်သိမ်းဟာ ပုံမှန်ပါပဲလို့ သူက မှတ်ချက်ထပ်ပေးပါတယ်။
(ကစ်ဆင်းဂျား)
အင်္ဂလိပ်စာက အသံထွက် မငြိမ်ဘူး
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/20/2015
- No comments
သာသနာ့တက္ကသိုလ်က ဆရာတော် မိန့်တာကို သတိရတယ် "အင်္ဂလိပ်စာက အသံထွက် မငြိမ်ဘူး" တဲ့။
အမှန်ပဲ။ "Busy" က ဘူးဇီးဖြစ်ရမှာ ဘီးဇီးလာဖြစ်နေတယ်။ ဒါပဲလားဆိုတော့ မဟုတ်ဘူး။
Lazy က ပျင်းရိသော၊ laziness ပျင်းရိခြင်း။ ဖြစ်သင့်တာက busy က အလုပ်ရှုပ်သော ဆိုရင် business က အလုပ်ရှုပ်ခြင်းပဲ။ အခုတော့ business က စီးပွားရေးလုပ်ငန်း တဲ့။ အင်္ဂလိပ်စာကတော့ မနိုင်ဘူး။
မောနင်း ပို့စ်
in
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 8/19/2015
- No comments
မြန်မာတွေအတွက် သိပ် မထူးလှပါဘူး၊ ဒေါ်စုက ဦးရွှေမန်းနဲ့ ပူးပေါင်းသွားမယ်၊ အစိုးရပါတီတွင်း အကွဲအပြဲကြောင့် အဖွဲ့ချုပ် အခြေအနေ ပိုကောင်းသွားမယ် လို့ ပြောပြီး......
အောက်လွှတ်တော် ဥပဒေပြုအဖွဲ့ဝင် အများစုကလည်း သမ္မတက မျက်ကွယ်ပြုထားချိန်မှာ ဦးရွှေမန်းက ရပ်တည်ပေးထားခဲ့လို့ ဦးရွှေမန်းဖက်ကနေ ရှိနေမယ် ဆိုတာလောက်ပါပဲ။
၂။ စင်္ကာပူက နှစ် ၅၀ မြောက် ရွှေရတုအမှတ်တရ ၁၀ တန်နဲ့ ၅၀ တန် ငွေစက္ကူအသစ်တွေ ထုတ်ပြီး ၅၀ တန် ပေါ်မှာ ကွယ်လွန်သွားသူ မစ္စတာလီကွမ်ယုရဲ့ ပုံ ပါဝင်ပါသတဲ့။ (အဖြူရောင်၊ လက်သီးလက်မောင်း တန်းနေပုံ)
သူတို့က မြန်မာစစ်အစိုးရအဆက်ဆက် သုံးတဲ့ တိရစ္ဆာန်ပုံတွေ သဘောမကျကြဘူး ထင်ပါရဲ့။ ဒေါရစ်ကို ငွေစက္ကူအသစ်ရပြီလားမေးတော့ ဘဏ်ရှေ့မှာ တန်းစီရတာ အကြာကြီးနေမှာလို့ ပြောတယ်။
မယားကြီးနှင့် ဒုလ္လဘရဟန်း (သုံးသပ်ချက်)
in
3D ဘာသာရေး,
သီဟနာဒ
- on 8/18/2015
- No comments
၂၀၁၁ ခုနှစ်ကထင်သည်၊ ကျောင်းမှာ ဒုလ္လဘရဟန်းခံပွဲလုပ်တော့ သီဟိုဠ် ရဟန်းများကသာမက သီဟိုဠ်ယဉ်ကျေးမှုနှင့် အကြွမ်းတဝင်ရှိသည့် တရုတ် ဒကာ၊ ဒကာမအချို့ကပါ သာမန်လူတစ်ယောက်က ချက်ချင်း ရဟန်းဝတ်လို့ ရပါသလားဟု မေးကြသည်။
အမှန်ကတေတာ့ ရပါသည်ဟု ဖြေရပါလိမ့်မည်၊ သို့သော်......
သီဟိုဠ်ယဉ်ကျေးမှုအရ ရဟန်းမဝတ်ခင်ကတည်းက လူထွက်မည့်ရက် တွဲပါလာလျင် လုံးဝ ရဟန်းခံမပေးပါ။ နောက်မှ အကြောင်းကြောင်းကြောင့် လူထွက်ခြင်းက အပြစ်ဆိုဖွယ် မရှိသော်လည်း မဝတ်ခင်က လူထွက်မည့် ရက် တစ်ပါတည်း ပါလာခြင်းကတော့ မဖြစ်သင့်ဟု (သံဃာကိုပင် စော် ကားမော်ကား လုပ်ရာရောက်သည်ဟု တချို့က ယူဆကြ) ယူဆပြီး ထိုပုဂ္ဂိုလ်ကို ရဟန်းဘောင် တက်မပေးကြခြင်း ဖြစ်ပေသည်။
မြန်မာ့ယဉ်ကျေးမှုက ရိုးစင်းသည်၊ ရဟန်း ဝတ်လိုသူ မည်သူ့ကိုမှ မတား ဆိုသည့် အယူအဆရှိပြီး ရက်ပိုင်းအတွင်း ဝတ်မည့်သူကိုပင် သာမဏေ ခဏဝတ်အပြီး ရဟန်းခံပေးလိုက်သည်။
ယခုခေတ် မတော်တရော် ဒုလ္လဘများ ပိုများလာချိန်၌ ရဟန်းဖြစ်ခွင့် ဈေးချို လွန်းသလို ဖြစ်သွားနိုင်ပေသည်။
ထို တစ်နှစ်သာ ဒုလ္လဘရဟန်းခံပွဲ ပြုလုပ်ဖြစ်ပြီး မလုပ်ဖြစ်တော့ပါ၊ ကုသိုလ် ရချင်ရင် သာမဏေဘဝ၊ ဆယ်ပါးသီလထိန်းရင်း ကုသိုလ်ယူပါ၊ ဝိနည်း မသိ၊ ဘာမသိ အပြစ်မဖြစ်ပါစေနဲ့ဟုသာ ပြောဖြစ်တော့သည်။
ရဟန်းဝတ် လိုသူ မှန်သမျှကို မတားမြစ်အပ်သော်လည်း မဝတ်ခင်က လူ ထွက်မည့်ရက် ပါလာသူကို ရဟန်းပြုပေးအပ်၊ မပေးအပ်နှင့် ပတ်သက်၍ ကား ယဉ်ကျေးမှုကြီးနှစ်ခု အယူအဆ မတူကြပါပေ။
သီဟနာဒ
ဒီခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ပြောရဦးမယ်။ အခု အသက် အကြီးဆုံး၊ ဝါအငယ်ဆုံး အတူနေ စလုံးဘုန်းကြီးဘွဲ့က ရာဇ တဲ့။ ဦးရာဇပေါ့။ သံသယရှိလို့ ဘွဲ့အရှည်က ဘာလဲ၊ ဒါပဲလားမေးတော့ ဒါပဲတဲ့။ ရှေ့ကလည်း မပါ၊ နောက်ကလည်း မပါဘူး တဲ့။ မဟာစည်ဌာနချုပ်မှာ ရဟန်းဖြစ်ခဲ့တာ။ အချင်းချင်းဆိုတော့ ပြုံးမိတယ်။ ခဏတဖြုတ်ဝတ်မယ့် ဒုလ္လဘလို့ ယူဆပြီး ဘွဲ့ကတောင် တိုနံ့နံ့ပဲ။ အခု ဦးရာဇက ဆယ်ဝါတောင် အတော် ကျော်နေပြီ။ အခု ဘွဲ့က နည်းနည်းတိုနေသလိုလို။
မောနင်း ပို့စ်
in
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 8/18/2015
- No comments
ဦးရွှေမန်းသား နှစ်ယောက်က ချမ်းသာလှပြီး အမေရိကန်ရဲ့ ဘလက် လစ်တ် ထဲမှာပါနေတော့ စစ်တပ်က လက်ရှိ သမ္မတဖက်မှာ ရှိနေမယ်ပေါ့။
၃၊၄။ ဘန်ကောက် ဗုံးသတင်းက စိတ်မကောင်းစရာတွေကြားကနေ ပြုံးစရာလေးတစ်ခု တွေ့လိုက်ရတယ်။ လူတိုင်းက တတ်နိုင်သလောက် အကူအညီ ပေးနေချိန် တချို့ကတော့ ဓာတ်ပုံပဲ ရိုက်နေကြသတဲ့၊ ဖေ့စ်ဘုတ်မှာ တင်ဖို့နေမှာပေါ့လေ။
နှစ်ပတ်အတွင်း စပါးပြန်မစိုက်နိုင်ရင်
in
ဇင်ဝေသော်,
အမျိုးသားရေး
- on 8/17/2015
- No comments
ဦးသိန်းစိန်ကတော့ ဘုရားဆင်းတုတွေ ပေးဝေဖို့ ကြည့်ရှုစစ်ဆေးနေဆိုလား တွေ့လိုက်ရတယ်။
နိုင်ငံခြားရောက် အလုပ်သမားတွေ နေစရာအိမ် အတည်တကျမရှိဘဲ ကံစမ်းမဲ ဘုရားဆင်းတုပေါက်သလိုတော့ ဖြစ်နေလိမ့်မယ်ထင်တယ်။
ဘုန်းကြီးတစ်ပါး ဆွမ်းကပ်ရင်တောင် (နေရာထိုင်ခင်းကအစ) လူဆယ်ယောက် ဖိတ်ကျွေးသလောက် ပြင်ဆင်ယူရတာမျိုး။ ကုသိုလ်ရေးပေမဲ့ တစ်ခါတစ်ခါ..........
ခင်ဗျားက အသက်ပေးသွားသကိုး.....
in
ကဗျာ,
ဇင်ဝေသော်,
အမှတ်တရ
- on 8/16/2015
- No comments
သူများတွေအတွက် ဝမ်းနည်းရ
ကိုယ့်အမာရွတ်တွေ
အာရုံကြောဆေးတွေအတွက်
ကျေးဇူးတင်နေရ။ ။
ကျုပ်တို့က နာမည်ကြီး
အဝေးပြေး ကွန်ကရစ်လမ်းမှာ
ကား အက်ဆီးဒင့်ဖြစ်ရလို့
ခေတ်မီသွားပြီ ထင်နေတာ
(ဒဏ်ရာတွေက မသေကောင်း မပျောက်ကောင်း)
ခင်ဗျားက အသက်ပေးသွားသကိုး.....
ကိုသာပို။
![]() |
| photo from U Tun Lwin's facebook |


















