သူတို့အတွက် ချမိသည့် သက်ပြင်း

စင်္ကာပူလာစဉ် အင်္ဂလိပ်စကားလုံးဝ မပြောတတ်သည့် နောင်တော် ရဟန်း တစ်ပါးက ယခင်ကအမြင်နှင့်တိုင်းတာပြီး မှတ်ချက်ပေးသည်။
"အရင်ကဆိုရင် မင်းနဲ့ တရုတ်တွေနဲ့ ဒီထက်ပိုပြီး ပြုံးပြုံးရွှင်ရွှင်ရှိတယ်၊ အခု အဲသလိုမဟုတ်တော့ဘူးလားလို့" ဟု ဖြစ်သည်။
သူ့ကို ခပ်တိုတိုတော့ဖြေမိသည်။
"အရင်က တပည့်တော်က ဆုံးဖြတ်ရတဲ့ နေရာမှာမဟုတ်ဘူး၊ တာဝန် ဒီလောက် မရှိဘူး။ လူတိုင်း ချစ်အောင်နေလို့ရတယ် ဘုရား၊ အခု အခြေ အနေက ဆုံးဖြတ်စရာရှိရင် ရဲရဲဆုံးဖြတ်ရတော့ မကြိုက်သူ၊ သဘောထား မတိုင်ဆိုင်သူတွေ ရှိနေမှာပေါ့၊ အရေးကြီးတာက အများစု လက်ခံနေဖို့ပါပဲ" ဟူ၍သာ ဖြစ်သည်။

ရဟန်းမှာလည်း စိတ်ဖိစီးမှုရှိသည် ဆိုလျင် လူမျိုခြားကြား မနေဖူးလျှင် အထူးအဆန်း ဖြစ်နိုင်သည်။ မြန်မာပြည်မှာတော့ ကျောင်းတစ်ကျောင်းမှာ ဆရာတော်က အချုပ်ဖြစ်သည်။ ဟင်းကို ဘယ်လိုချက်ရတယ်ဟု ဆရာတော် ကဆိုလျင်ပင် နေ့တိုင်း ဟင်းချက်နေသော ဒကာမက နားထောင်တတ် သည်။ နိုင်ငံခြားတွေမှာတော့ ဆရာတော်၏ ဗွီတိုအာဏာက အကန့်အသတ် ရှိသည်။ ပို၍ ဒီမိုကရက်တစ်ဆန်လာသည်။ လူတိုင်း ပြောခွင့် ဝေဖန်ခွင့်ရှိသည်။ ကောင်းသည်ဟု ယုံကြည်မိသည်၊ ကိုယ့် အားနည်းချက်ကိုလည်း သိလို့ရသည်။

မိမိအရင်နေသွားသည့် ဆရာတော်က ဒါတွေတော့ ငါရှိစဉ် ပြောင်းလဲသွား မည်ဟု မိန့်သည်။ ထို့ကြောင့် သူ့ကိုပင် အရှင်ဘုရားက အဲဒါတွေ မပြောင်း လဲခင် အရှင်ဘုရားကို သူတို့က အရင်ပြောင်းသွားလိမ့်မယ် ဟု ရယ်စရာ ပြန်လျှောက်မိသည်။ ဤကျောင်း၏အဓိပတိ ဆရာတော်ကြီးက ၂၀၀၂ ခုမှာ ပျံတော်မူသည်။ သူရှိစဉ် အရာအားလုံးက သူ့ခြေသူ့လက်၊ တပည့်တွေကလည်း ငယ်မွေးခြံပေါက်ချည်းဖြစ်သည်။ ထို့ကြောင့် ပွဲလမ်းရှိလို့ ဘုန်းကြီးပင့်လျှင်ပင် ဘယ်နေ့ မင်းတို့ ဆွမ်းစားလာခဲ့ကြ ဟု ဖီတ်ကြားလိုက်ရုံသာ။ ကား အကြိုအပို့က ဘယ်လိုလဲ စသည့်မေးခွန်းမျိုး မည်သူမှ မမေးရဲကြ။ စ ရောက်စဉ်ကတည်းက ဆရာတော်ကြီး မရှိတော့ သည့်နောက် ဒါတွေတော့ ပြင်သင့်သည်ဟု ခံစားမိသည်။ သို့သော် ကိုယ့်မှာ တာဝန်မရှိသေးတော့ ရေလိုက်ငါးလိုက်သာ နေလိုက်သည်။ အမှန်မူ ရေ လိုက်ငါးလိုက်နေခြင်းက လူမုန်းနည်းသည်။ သို့သော် ရေလိုက်ငါးလိုက်စနစ်က တာဝန် တကယ်ရှိလာလျင် ကျင့်သုံးဖို့ ခက်လာသည်။

ပြောင်းလဲရေးဟူသည် လွယ်ကူလှသော ကိစ္စမဟုတ်၊ သူတို့ အရိုးစွဲနေသော အမြင်၊ အမူအကျင့်ကို ချက်ချင်းစွန့်လွှတ်ဖို့ကခက်သည်။ မှန်တယ်ထင်သောကြောင့် ဖြစ်သလို အတ္တကြောင့်လည်း ဖြစ်နိုင်သည်။ ဤ၌ ဒေါ်စုပြောသည့်စကားတစ်ခွန်းကို သတိရမိသည် " ပြောင်းလဲမှုဟာ မြင်သာရမယ်၊ ညင်သာရမယ်" ဖြစ်သည်။ မှန်လှသည်။

အရင်က ဆရာတော်လို ပါးစပ်ဖြင့် ဖွင့်မပြောမိသော်လည်း ပြောင်းလဲသင့် သည်ထင်သောကိစ္စအချို့ကို ပြင်နိုင်ခဲ့သည်ဟု ယုံကြည်မိသည်။ ပင့်သံဃာများ ကား အကြို အပို့ကိစ္စ၊ သံဃာများ (အတွင်းသိ၊ အပြင်သိဆို လျင်) ညအိပ်ညဉ့်နေ လက်ခံခြင်း၊ အလှူခံငွေများ အခြားဌာနတွေကို လှူဒါန်း ရာ သသံဃာ၏ သဘောတူညီချက်ရယူဖို့၊ ဗုဒ္ဓဘာသာကို သင်တာဆိုလျှင် ဘယ်ဘာသာစကားနဲ့ သင်သင် လက်ခံဖို့ စတာတွေ ဖြစ်သည်။ သူတို့ လက်ခံအောင်လည်း ပြောရသည်။ လီကွမ်းယု ယနေ့ ဝန်ကြီးချုပ်ဆိုလျှင်ပင် တချို့ ဥပဒေတွေ ပြောင်းကို ပြောင်းရမည်၊ ထို့အတူ ဆရာတော်ကြီး သက်ရှိ ထင်ရှားရှိနေဆဲဆိုလျှင်လည်း တချို့ စည်းကမ်းတွေကို ပြောင်းရတော့မည် စသဖြင့် ခပ်မာမာ ပြောရသည်။ စီမံခန့်ခွဲသည့် ဂေါပကလူကြီးတွေက လက်ခံကြ၏။ ထို့ကြောင့်လည်း အလုပ် ဆက်လုပ်လို့ ရနေခြင်းဖြစ်သည်။

ဤကျောင်းက စုံ၏။ တရုတ်ရှိသည်၊ တရုတ်ဆိုရာ၌ အင်္ဂလိပ်စကားပြော တရုတ်၊ မင်ဒရင်း စကားပြော တရုတ်ရှိသည်၊ သိရိလင်္ကာတွေ ရှိသည်၊ ယခု မြန်မာရှိသည်။ လုပ်ငန်းတွေအနေနဲ့ကြည့်လျှင် ဆန်းဒေးစကူးရှိသည်၊ ပါဠိကောလိပ်ရှိသည်၊ အရွတ်အဖတ် သင်တန်းများရှိသည်၊ တရုတ်လို၊ အင်္ဂလိပ်လို အလွတ်သင်တန်းများရှိသည်၊ ဝိပဿနာသင်တန်းရှိသည်၊ စုံလှ ၏။ ဘုံဆိုင် ဥပဒေမရှိလျှင် တစစီကွဲသွားမည်။ ထိုအခါ ပြတ်ပြတ်သားသား ပြောဆို ဆုံးဖြတ်ရ၏။ ဥပဒေ ချမှတ်ကြရ၏။
ထို့ကြောင့် ဒီ မြန်မာရဟန်းလက်ထက်မှာ ဒီလိုတွေလုပ်၊ ဒါတွေပြောင်း ဆိုသူတွေလည်း ရှိနိုင်ပါ၏။ အမှန်က ကော်မတီနှင့် ဆွေးနွေးပြီးမှ လုပ် လို့ ရသည်။ ကော်မတီကလည်း ဘုန်းကြီးနှင့် တိုင်ရသည်။
အထက်ပါ နောင်တော်ရဟန်းမိန့်သော စကားများလည်း ဤ လူများကို ရည်စူးဟန်တူပါသည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲနေပုံ၊ ပြောင်းလဲကြရပုံဖြစ်ပါသည်။ မလွယ်ပါ။ အရေး ပါ သည့် ကော်မတီ ( ဂေါပက) ဥက္ကဋ္ဌနှင့် အခြားပုဂ္ဂိုလ်များကိုယ်တိုင်၊ မိမိ ကိုယ်တိုင် ဆုံးရှုံးသွားသည့် အပြုံးမျက်နှာတချို့ ရှိနိုင်ပါ၏။ သို့သော် ဤ အရာတို့သည် မိမိတို့ယုံကြည်ရာကို ပြောင်းလဲဖို့အတွက် ပေးလိုက် ရ သည့် လျော်ကြေးဟု မှတ်ယူကြရပါတော့မည်။ အမှန်မူ သီဟိုဠ်ကျောင်းမှာ မြန်မာဘုန်းကြီး ကျောင်းထိုင်တင်သည်ဆိုကတည်းက ဂေါပကဖက်က ပြောင်းလဲမှု စခဲ့ခြင်းဟု ဆိုနိုင်သည်။

ဤသည်မှာ သာမန် ကျောင်းတစ်ကျောင်း၏ ခေါင်းဆောင်လွန်ကာလ ကို ပြောင်းလဲရာ၌ အခက်အခဲတို့ဖြစ်သည်။ မလွယ်လှပါ။

သို့ဆိုလျှင် နိုင်ငံအလိုက် ပြောင်းလဲနေသော၊ ထို တာဝန်ကို အဓိက ယူထား ရသော သမ္မတကြီး ဦးသိန်းစိန်အတွက်လည်းကောင်း၊ အကြည်ညိုခံ၊ အလေးစားခံ ဘဝမှ တကယ့်ပြောင်းလဲရေး ရေစီးထဲ စီးဝင်လိုက်ရ သည့် ဒေါ်စုအတွက်လည်းကောင်း စာနာစွာ သက်ပြင်းချလိုက်မိ၏။
သေးလျှင် သေးသလို၊ ကြီးလျှင် ကြီးသလို လွယ်ကူသော ပြုပြင်ပြောင်း လဲရေးဟူသည် မရှိပါ။
လူတိုင်းလက်ခံဖို့မလို၊ ၅၅ ရာခိုင်နှုန်းလက်ခံလျှင် ခေါင်းဆောင်ဖြစ်နိုင်ကြ ပါသည်။

တော်တော်နောက်တဲ့သားမက်တွေ

Dormitory ကို စာလုံးတွေ နေရာရွှေ့စဉ်လိုက်တော့ Dirty Room ဖြစ်တယ်။
Mother-in-law ကို နေရာရွှေ့လိုက်တော့ Woman Hitler ဖြစ်ရော၊ ဟစ်တလာမကြီး တဲ့။
တော်တော်နောက်တဲ့သားမက်တွေ။

ဖြစ်ရလေ အယ်ဒီတာရယ်

လူညံ့ဟာ နှစ်မျိုးပဲရှိတယ်။
တစ်မျိုးက မွေးရာပါ ညံ့သူနဲ့ နောက်တစ်မျိုးက လူတတ်ကြီး ဝင်လုပ်လိုက် မှ ညံ့သွားတဲ့သူ တဲ့။

"အယ်ဒီတာ၊ အယ်ဒီချာ၊ အယ်ဒီညာ၊ အယ်ဒီပြာ၊ အယ်ဒီငါ၊ အယ်ဒီဆာ၊ အယ်ဒီဝါ၊ အယ်ဒီဟာ၊ အယ်ဒီနာ၊ အယ်ဒီသာ၊ အယ်ဒီခါ " စတဲ့ အယ်ဒီတာဂိုဏ်းဝင်တွေကို ဆရာ သစ္စာနီက စာရင်းပြုပေးထားပါတယ်။
ဘယ်သူတွေ ဘယ်အထဲပါတယ်ဆိုတာသိချင်ရင် သူ့ကို လက်ဘက်ရည် တိုက်ပြီး တိုးတိုးလေး လာမေးဖို့လည်း ဆရာ သစ္စာနီက ကြော်ငြာ ဝင်ထား ပါတယ်။ သစ္စာနီက အရက်မသောက်တတ်ပါဘူး။ ဒါ့ကြောင့် ဈေးချိုချိုနဲ့ အဖြေရနိုင်ပါတယ်။

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အယ်ဒီတာ အာဘော် တစ်ခုကို ဖတ်မိတယ်။ အယ်ဒီတာ ခပ်နာနာဝေဖန်ထားတာက ဒေါ်စုရဲ့ ဘင်္ဂါလီကလေးနှစ်ယောက် ဥပဒေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအရ အပြစ်တင်စရာ ဖြစ်မယ် ဆိုတဲ့ မှတ်ချက်ကိုပါ။ ယဉ်ကျေးမှု စီးမျောပုံ (သို့) အရပ်စကားနဲ့ ဥပဒေကို အယ်ဒီတာ မကွဲရှာဘူး။ ဖတ်ကြည်ပါ။

"ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်း ကန့်သတ်မှုတွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ် တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ်စွဲလို့ မရ ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီး တစ်ဦးစနှစ်ဦးစ ထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါ တယ်။
ဘင်္ဂါလီမိသားစုတွေရဲ့ သားဖွားနှုန်းဟာ ကြောက်ခမန်းလိလိမြင့်တက်နေတာ ကြာပါပြီ။ ဒါကိုထိန်းချုပ်ဖို့မကြိုးစားရင် တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်လာမ ယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လူ့အခွင့်အရေးရှုထောင့်ကနေ ကွက်ကွက်လေးကြည့်တာက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့အမြင်မျိုး မဟုတ်ပါဘူး။ တရားမ၀င်ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ သားတွေထက် ပိုတဲ့အခွင့်အရေးမျိုး ပေးသင့်ပါသလား။ အဲဒီလိုပေးလို့ဖြစ် လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံသားတွေပဲ ရင်စီးခံစားရမယ် ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားမိလေရော့သလား။ တတိယစကားအဆုံးမှာ ၀ုန်းခနဲခုန်ဆင်းသွားတယ်လို့ စာရေးသူသုံးသပ်ရင် မှားတယ်လို့ ငြင်းမလား သိချင်ပါတယ်။" တဲ့။

သူ့စေတနာနဲ့ မျိုးချစ်စိတ်ကို လေးစားပါတယ်။

" မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်" ဟာ ယဉ်ကျေးမှု စီးမျောပုံပါ (သို) အရပ်စကားပါ။ ဥပဒေ မဟုတ်ဘူး။ သူတို့အကြောင်းနဲ့သူတို့ ကလေးမယူကြတာ၊ ဥပဒေကြောင့် မဟုတ်ဘူး။

ဒါကို ထပ်ရှင်းအောင် ပြောရရင် "ဒီနေရာမှာ ဆေးလိပ် မသောက်ရ" ဆို သလိုပဲ၊ နဂိုက ဆေးလိပ်မသောက်ရင် ဒီဥပဒေကြောင့် ဘာမှမထူးခြားဘူး၊ ဒီဥပဒေက လက်ရှိ ဆေးလိပ်သောက်သူတွေအတွက့်ပဲ။ ဒါပေမဲ့ ဒီ ဥပဒေ ထဲမှာ ဆေးလိပ် မသောက်သူတွေလည်း အကြုံးဝင်နေရမယ်။ ဒါမှ ဥပဒေ။ သူတို့ကို ဖယ်ထားလို့ မရဘူး၊ ငါတို့ လက်ရှိလူတွေထဲမှာတော့ ဆေးလိပ်ေ သာက်သူ မရှိသေးဘူး၊ ရှိရှိ မရှိရှိ ဒီနေရာဟာ ဆေးလိပ် လုံးဝမသောက်သင့် တဲ့ နေရာမို့ ဒီ ဥပဒေရှိနေရမယ်။ ဒါမှ ဥပဒေ။ ဟိုဟာက အရပ်စကား။

"တရားမ၀င်ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့အခွင့် အရေး မျိုး ပေးသင့်ပါသလား"
ဒီ စကားကလည်း မြန်မာတိုင်းရင်းသားတွေအတွက် ကလေးနှစ်ယောက်ပဲ ယူခွင့်ရှိတယ် ဆိုတဲ့ ဥပဒေမျိုးရှိနေမှ ( ရိုဟိန်ဂျာတွေတော့ ကြိုက်သလောက် ယူကြစေ ဆိုသလို ဖြစ်နေလို့ ) ပြောလို့ ဘောင်ဝင်မယ့် စကားပါ။

ဒေါ်စုက ဒီ ဥပဒေအကြောင်း သူမ ကောင်းကောင်းမသိဘူးလို့ ပြောတယ်။ မသိတာ ကောင်းသွားတယ်၊ နိုင်ငံရေးခေါင်းရှိတဲ့လူ ဒီ ဥပဒေမျိုးမထုတ်ဘူး။ ရိုဟိန်ဂျာ ပြဿနာဟာ ဒီဥပဒေကြောင့် သေးမသွားတဲ့အပြင် ပိုတောင် ဆိုး လာမယ်။
ရိုဟိန်ဂျာ ပြဿနာဟာ မသေးလှကြောင်း သိပေမဲ့ ဒီထက် ပညာသားပါတဲ့ အကြံပြုချကတွေနဲ့မှ အလုပ်ဖြစ်မယ်လို့ ထင်တယ်။ "ကလေးနှစ်ယောက် ပေါ်လစီနဲ့ မေးခွန်းများ" ရေးခဲ့ ပြီးပြီမို့ ဒီကိစ္စကို ဒီမှာ နားပါတော့မယ်။
ဒေါ်စုကိုဝေဖန်လို့ ရေးမိတာ မဟုတ်ဘူး။ အယ်ဒီတာဆရာ အရပ်စကားနဲ့ ဥပဒေ မကွဲဘူးထင်လို့ ရေးမိတာပါ။

ဦးဝေရောစနကြောင့် စိတ်နဲ့ ပြန်လျှောက်မိတဲ့ ခရီး

         ထို ခရီးက ကြမ်း၏၊ မိုင် ၄၀ ခန့်ရှည်၏။ မိမိတို့လို မြေပြန့်သားများအ တွက် နှစ်ညအိပ် သုံးရက် သွားရသည်။ ထို ခရီးကား နာဂတောင်တန်း က လေရှီးမြို့ပင်ဖြစ်သည်။ ပိန်သေးသေးရဟန်းငယ်ကိုကြည့်ကာ လာ ကြိုနှင့်သော လူပုဂ္ဂိုလ်သာသနာပြုတို့က အရှင်ဘုရား၊ တက်နိုင်ပါ့မလား ဟုပင် မေးကြသည်။ ကြိုးစားပြီးတက်မယ်ဟု မယုတ်မလွန် ဖြေမိသည်။

         ယခုရေးလိုသည်က ခရီးကြမ်းအကြောင်းမဟုတ်၊ ပထမဆုံးတွေ့ ကြုံလိုက် ရသည့် လေရှီးမြို့ ပန္နက်ချထားပုံဖြစ်သည်။ ထိုစဉ်က လေရှီးမြို့သည် အိမ်ခြေ နှစ်ရာပင် မပြည့်။ ထိုမြို့ကို ပန္နက်ချသွားသူတို့က ဗြိတိသျှတို့ဖြစ် သည်။ အံ့ဩချီးမွမ်းစရာကောင်းသည်က မြို့တည်သည်ဆိုကတည်းက ဗြိတိသျှတို့မူအရ
၁။ ဆေးရုံ
၂။ ရဲစခန်း နှင့်
၃။ စာသင်ကျောင်း
တို့ကို ပထမဆုံး အခိုင်အမာတည်ဆောက်ကြသည်။ ယနေ့ အထိ ပြည်မထဲ မှာ ဤအခြေခံအဆောက်အဦများ လုံလုံလောက်လောက် မရှိသေးခြင်းကို ကြည့်လျှင် ဗြိတိသျှတို့ ဘယ်လောက် စနစ်ကြီးသည်၊ လူ၏ အခြေခံ လိုအပ် ချက်ကို ဘယ်လောက် အလေးထားနိုင်သည်ဆိုတာကို သဘောပေါက်နိုင် သည်။ ယနေ့ ဘူးသီးတောင် မောင်းတောကိစ္စက ထိမ်းမရ၊ သိမ်းမရဖြစ်နေသည်။

         မြန်မာအစိုးရက ထိုဒေသကို မြန်မာတိုင်းရင်းသားများ သွားရောက်နေ ထိုင်စေလိုသဖြင့် စီမံကိန်းချခဲ့သည်။ လူပုဂ္ဂိုလ်များသားမက ရဟန်း သာသနာပြုများကိုလည်း လွှတ်ခဲ့သည်။ သို့သော် စနစ် မကျ သဖြင့် ရေရှည်မခံခဲ့။ အားလုံး ပြန်ပြေးလာကြသည်။ အရာရှိတို့က မနေနိုင်သူတို့ကို အပြစ်တင်၏။ သို့သော် သူတို့က ဗြိတိသျှတို့လောက် ခေါင်းမရှိ၊ စိတ်ကောင်းမရှိ၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမပေးခဲ့။ စစ်တိုက်ခိုင်း၏၊ လက်နက် မပေးလိုက်။

         လေရှီးမှာ မြို့နှင့်တူတာဆို၍ ထို အဆောက်အဦ သုံးခုသာရှိသည်ဟုဆိုလျှင် ရနိုင်သည်။ ဗြိတိသျှတို့ လုပ်မပေးနိုင်ခဲ့သဖြင့် ယနေ့တိုင် အဆုံးမသတ်နိုင် သည့် ကိစ္စက လမ်းပမ်းဆက်သွယ်ရေးဖြစ်သည်။ ငွေကုန်ပြီး ခရီးမပေါက်။ ရယ်ဖွယ်ပင် ဖြစ်နေသေးတော့သည်။ မိုးကုန်ပြီဆိုသည်နှင့် စက်ကြီးများသုံး ကာ လမ်းခင်း၊ လမ်းပြင်တော့သည်။ ဆောင်းရာသီတစ်ခု ဂျစ်ကားများ၊ စစ်ကားများတက်လို့ရသည်။ မိုးရွာပြီဆိုသည်နှင့် တောင်ကျရေတိုက်စားပြီး ထိုလမ်းလည်း ပျက်လေတော့သည်။ နောက်နှစ်ရောက်လည်း ဤအတိုင်း ထပ်ခင်း၊ ဤအတိုင်း ထပ်ပျက် သံသရာဖြင့် နိုင်ငံ့ဘဏ္ဍာကို လူစား၊ ရေကျွေး လုပ်နေကြသည်။ အလွန် ဦးနှောက်နည်းသည့် ခန့်ခွဲမှု၊ အုပ်ချုပ်မှုဖြစ်သည်။
သွားလာရေး မလွယ်ကူခြင်းကြောင့် အချင်းချင်း ဆက်ဆံမှု သိပ်မရှိကြ၊ ထို့ကြောင့် တစ်ရွာ နှင့်တစ်ရွာ၊ တစ်အုပ်စုနှင့် တစ်အုပ် ဘာသာစကားလည်း မတူကြ။ တစ်ရွာထဲသာ နားလည်သော ဘာသာစကားများရှိသည်။ ကမ္ဘာက ရွာဖြစ်ချိန် ထို နာဂရွာတို့က ကမ္ဘာခြားနေကြဆဲပင်။


Novices in Red by Aung Kyaw Htet
Source: www.dhammaweb.net

         ကိုယ်တိုင်လည်း နာဂတောင်ပေါ်မှာ တစ်သက်လုံး မနေနိုင် ဆိုသည်ကို သဘောပေါက်မိပြီး ငါ ဘာလုပ်ပေးခဲ့ရမလဲဟု အကြိမ်ကြိမ် စဉ်းစားမိခဲ့ဖူး သည်။ ကိုယ်မှလည်းမဟုတ်၊ ၉၀ ရာခိုင်နှုန်းသော မြေပြန့် ရဟန်းတော်များ အတွက် ဝေးလံသီခေါင်လှသော၊ ငှက်ဖျားရောဂါ ထူပြောလှသော ထိုဒေသ တို့၌ တစ်သက်လုံးနေရန်က ခက်ခဲလှ၏။ ထို့ကြောင့် နာဂ စစ်စစ် လူ တစ်ယောက်နှင့် နာဂရောက် မြန်မာလေးတစ်ယောက်ကို ရဟန်းခံ၊ ရှင်ပြုေ ပးပြီး ရန်ကုန်ကို ပို့ပေးခဲ့သည်။ သူ့လူမျိုးနှင့်သူ သာသနာပြုနိုင်အောင် စီစဉ်ပေးမှ ရေရှည်တည်မည်ဟု ယုံကြည်မိသည်။ ကိုရင်ကို စာသင်တိုက်၊ ရဟန်းကိုတော့ မဟာစည်ရိပ်သာထဲ အဝင်ခိုင်းလိုက်သည်။ သူတို့ကို တာဝန်ယူ ပို့ပေးခဲ့သော်လည်း ကိုယ်တိုင်က ခြေသလုံး အိမ်တိုင် ( ခြေသလုံး ကျောင်းတိုင် ဆို ပိုသင့်မည်) ဖြစ်နေသည့်အတွက် အရပ်က ရန်ကုန်ရှိ နောင်တော် ရဟန်းကို အပူကပ်ရသည်၊ ကူညီစောင့်မ ရန်လျှောက်ထားရ၏။ ကိုရင်ကိုတော့ အမတွေက ရဟန်းခံပေးထားသည်။

         ရေစက်ဆိုတာ ရှိ၏။ဝမ်းမြောက်ဖွယ် ကြုံဆုံမှုလေးတစ်ခု ဖြစ်ပေသည် ။ မေလက ရန်ကုန်ပြန်တော့ ကိုယ့်အလုပ်နဲ့ကိုမို့ မည်သူ့ကိုမှ အသိမပေးမိ။ တည်းခိုနေသည့် ကျောင်းမှာပင် လုပ်စရာရှိတာလေးတွေ လုပ်နေမိသည်။

         ထိုအခိုက် ဦးဝေရောစန ရောက်လာသည်။ နာဂတောင်မှ ကလေးတွေ ရန်ကုန်ပို့ရင်း ဆင်းလာခြင်းဖြစ်သည်ဟုဆိုသည်။ သူပင် ရဟန်း ၁၄ ဝါ ရနေပေပြီ။ တော်တော်ကြီး ဝမ်းသာမိသည်။ လူချင်းမတွေ့တာ ၁၀ နှစ်ေ ကျာ်နေပြီ။ ယခု သူက ကျောင်းထိုင်ဘုန်းကြီးသင်တန်းပင် ပြီးလို့ ရွာမှာ လက်ထောက်ကျောင်းထိုင်ပင် ဖြစ်နေပြီဟု ဆိုသည်။
           "ဦးဝေရောစန၊ ဘာလိုသေးလဲ" ဆိုတော့
          " ဖြစ်နိုင်ရင် ခရီးစရိတ်ကုန်ကျ တာပေးခဲ့ပါ (စုစုပေါင်း ၇ သောင်း ဟုဆိုသည်) ပြီးတော့ ဆက်သွယ်ရေးအတွက် ဟန်းဖုန်းလည်း ရရင်ကောင်းမယ်" ဟုဆိုသည်။     
         ပြုံးလိုက်မိ၏။ ယနေ့ခေတ်က နာဂရဟန်းလည်း ဟန်းဖုန်းလိုသည်။ ဂလို ဘယ်ကမ္ဘာက နာဂရွာလေးကို ချန်မထားခဲ့။
သို့သော် ဒီလူ ဒီမူနဲ့ဆိုလျင် လေရှီးကားလမ်းကတော့ ?????

အဟင့် အဟင့် ယင်းလပ်တို့ အိမ်ဖြူတော် မရောက်ဖူးသေးဘူး

နေးရှင်းက အယ်ဒီတာ ဆရာကဝိရဲ့ ဆောင်းပါးလေးပါ။ ဒုန့် ခရိုင်း ဖော် မီ ထိုင်းလန့်ဒ် (Don't cry for me Thailand) လို့ပဲ မက်ဒေါနား အသံနဲ အော် ဆိုရမလိုလို။ ဒီဆောင်းပါးကို ( အဟင့် အဟင့် စွက်ပြီး) အကျဉ်းချုပ်ပြန် ထားပါတယ်။

အရင်တပတ် ကြာသပတေးနေ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဂျပန် ဝန်ကြီးချုပ် အဘေနဲ့ ဂျပန်မှာတွေ့ဆုံပြီး ဒါးဝယ် ပရောဂျက်မှာ ရင်းနှီးမြှတ်နှံဖို့ တိုက်တွန်းခဲ့တယ်။
ဒါပေမဲ့ မြန်မာပြည်ထဲက သတင်းခေါင်းစဉ်က နောက်နေ့ ဂျပန်ဝန်ကြီး ချုပ် မြန်မာပြည်လာမယ်တဲ့။ ဂျပန် ဝန်ကြီးချုပ် စိတ်ထဲမှာ ဒါးဝယ် ပရော ဂျက် ရှိမနေဘူး၊ သီလဝါပဲ ရှိနေခဲ့တယ်။ (အဟင့် အဟင့်)
ရောက်ပြီး ရေတို၊ ရေရှည် စီမံကိန်းတွေနဲ့ အကြွေးတွေလျှော် ဝမ်း ဘီလီယံ ရင်းနှီးမှုတွေ ကတိပြုခဲ့တယ်။ တကယ်က ဂျပန်ရော မြန်မာပါ ထိုင်း ရင်းနှီး မှုပါတဲ့ ဒါးဝယ် ပရောဂျက်ကို အာရုံမကျကြသေးပါဘူး။



စောစောကပဲ မြန်မာ သမ္မတ ဦးသိန်းစိန် အမေရိက အိမ်ဖြူတော်ကို သွားရောက် အိုဗားမားနဲ့တွေ့ဆုံပြီး အခြေခံ စီးပွား၊ ကုန်သွယ်မှု သဘောတူ ညီချက်တွေ ရယူနိုင်ခဲ့ကြတယ်။ မိတ်ဆွေဟောင်း ထိုင်းနိုင်ငံနဲ့ ကာလ အတော်ကြာက ရှိနေခဲ့တဲ့ ဆွေးနွေးမှုတွေကိုတော့ အမေရိကန်တွေက မီးစိမ်း မပြသေးဘူး။ (အဟင့် အဟင့်)

တကယ်ဆို ယင်းလပ်ကိုယ်တိုင် အိမ်ဖြူတော်ထဲ မရောက်ဖူးသေးဘူး။ (အဟင့် အဟင့်)။ ဗုဒ္ဓဟူးနေ့က ထိုင်းအမေရိကန် ဆက်ဆံရေး နှစ် ၁၈၀ ပြည့်ပွဲ ကျင်းပခဲ့တယ်။ ဒါကလည်း မနှစ်ကဆွေးနွေခဲ့တာတွေ နဲ့ နှိုင်း စာရင် ကြက်ပွဲလောက်ပဲ ရှိတယ်။
မြန်မာအချက် ထိုင်းအခက်ပဲ။ အခု ကမ္ဘာမှာ " ပြုပြင်ပြောင်းလဲရေး အိုက် ကွန်း၊ ဦးသိန်းစိန်၊ ဒီမိုကရေစီ ချန်ပီယံ၊ ဒေါ်အောင်ဆန်းစုကြည်" တဲ့။ သူတို့နှစ်ယောက်က ပါတီကွဲနေပေမဲ့ နိုင်ငံအတွက် တညီတညွတ်ရှိနေတယ်။

အလားတူပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ မဟာဗျူဟာဆိုင်ရာတွေ တွေ့ဆုံဆွေးနွေးကြတယ်။ သူတို့ဆွေးနွေးတာကို ထုတ်ပြန်တော့ စာပိုဒ် နှစ်ပိုဒ်ထဲ။

တချိန်က "အပြုံးမြို့တော်" ဘွဲ့ကို မြန်မာက ထိုင်းဆီက လုယူသွားပြီ။ ဂျော့ဂ်ျ ဘုရှ် လက်ထက်ကဆို မြန်မာဟာ "axis of evil" အကုသိုလ် မဏ္ဍိုင်တဲ့။ အခု ပြောင်းလဲလို့ လ ၂၀ ပဲရှိသေးတယ် စူပါကြီးတွေ စုပြုံဝင်လာလိုက်တာ လူ့အခွင့်အရေး၊ တိုင်းရင်းသားပြဿနာ၊ ရိုဟိန်ဂျာအသံတွေပါ တိတ်ဆိတ်ေ နပါရော။ ဆိုပါတော့၊ ရိုဟိန်ဂျာပြဿနာက ရှိဆဲပဲ၊ ဒါပေမဲ့ အခြား သတင်းတွေက ဒါကို ဖုံးသွားပြီ။

ဒီကြားထဲ ဓါးစာခံက ထိုင်းပဲ။ ထွက်ပြေးလာတဲ့ ရိုဟိန်ဂျာတွေကို ဗီဇာ ၆ လ ပေးထားရတာ။ အခု ၆ လ ပြည့်တော့မယ်။ ခေါ်မယ့် တတိယနိုင်ငံ လည်းမရှိ။ တကယ့်ပြဿနာ။ ဘာဆက်လုပ်ကြမလဲ။ အဲ ထိုင်းကိုကျတော့ ရိုဟိန်ဂျာတွေကို ဘယ်လိုဆက်ဆံသလဲဆိုပြီး မျက်စေ့ ဒေါက်ထောက် ကြည့်နေကြပြန်တယ်။ (အဟင့် အဟင့်)

သံတမန်တွေ၊ စီးပွားရေးသမားတွေနဲ့ ရန်ကုန်မှာ အင်တာဗျူးတော့ သူတို့ အမြင်တွေ တူနေကြတယ်။
၁။ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာဟာ တကယ် ဆီးရီးယပ်စ်ဖြစ်တယ်။
၂။ သူတို့အားလုံး အစိုးရ၊ ပုဂ္ဂလိ ဆက်ဆံရေးတွေနဲ့ ဆက်ဆံသွားမယ်။ အဓိက က အဓိက မူနဲ့ တဲ့။

မြန်မာအစိုးရက ပါးတယ်။ တရုတ်နဲ့ ဖြစ်နိုင်ရင် ဝေးချင်တယ်ပြောတယ်။ ပြီးတော့ အနောက်က အမြဲ ပြောနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေး တယ်၊ မြောက်ကိုရီးယားနဲ့ အနုမြူကိစ္စကို ရပ်ပစ်တယ်။ အံ့ဩစရာက ဦးသိန်းစိန် အိမ်ဖြူတော် ရောက်သွားတာ နှစ် နှစ်ပဲ အချိန်ယူလိုက်ရတယ် (ယင်းလပ်ကိုယ်တိုင် အိမ်ဖြူတော်ထဲ မရောက်ဖူးသေးဘူး)။ အခု အရှေ့တောင်အာရှရဲ့ အမေရိက မဟာဗျူဟာ ဌာနချုပ်က မြန်မာပဲ။ လုံခြုံရေး၊ အတူစစ်လေ့ကျင့်ရေးတွေလုပ်မယ်။ မြန်မာစစ်တပ် အရည် အသွေး မြင့်လာမယ်။

သံတမန်ရေးအရ စကားလုံးချိုချိုတွေ ပြောနေကြပေမဲ့ ထိုင်းတွေဟာ သူတို့ နောက်ကောက်ကျနေရစ်ပြီဆိုတာ သိလိုက်ကြရပြီ။ (အဟင့် အဟင့် )

အမေရိက၊ ဥရောပ၊ ဂျပန်တို့ မြင်နေတာက ထိုင်းဟာ ပရိုချိုင်းနား ဖြစ် တယ် ။ မြန်မာက ဖြစ်နိုင်ရင် တရုတ်နဲ့မပေါင်းချင်ဘူး၊ ခင်ဗျားတို့က မပေါင်း လို့ ပေါင်းနေရတာလို့ လက်သိပ်ထိုး ပြောတယ်။ ဒီတော့ သူတို့က ရွေးစရာ ရှိသွားပြီ။ ရွေးမယ်ရွေး ပရိုချိုင်းနား ထိုင်းကို ဘယ်ရွေးနေတော့မလဲ။

Ref: Myanmar gains affection in US, Thailand loses out
By Kavi Chongkittavorn. ST, The Nation, Asia News Network.