ဗုဒ္ဓဘာသာရဲ့ စီးပွားရေး အက်သစ်


၁။ အနာကုလာစ ကမ္မန္တာနဲ့
၂။ အနဝဇ္ဇာနိ ကမ္မာနိ
ဒီမင်္ဂလာနှစ်ပါးက အသက်မွေး ဝမ်ကြောင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ချိတ်ဆက်ထားတယ်လို့ ယူဆရင် ရတယ်။
အတိုဆုံးကတော့ တစ်က ကုသိုလ်သိပ်မရ၊ ဝမ်းဝ။ နှစ်က ကုသိုလ်လည်းရ ဝမ်းလည်း ဝ။


ဆိုပါဆို့။ နယ်ပယ်အကျဉ်းဆုံးကို ကြည့်ပါ။ တောင်သူတစ်ယောက်က သူ့နွားကို ရောင်းရ၊ လဲရထပ်ရတော့မယ်။
(၁) စဉ်းစားပုံက ဒီနွားကို ဘယ်သူ့ရောင်းရင် ငွေပိုရမလဲ။ ဘယ်သူနဲ့ အလဲ အထပ်လုပ်ရင် အမြတ်ပိုကျန်မလဲ။
(၂) စဉ်းစားပုံက ငါ့နွားကိုဝယ်မယ့်သူက နွားကို သနားတတ်သူ၊ ပုံမှန် အစာကျွေး၊ ပုံမှန် ခိုင်းသူ ဟုတ်ရဲ့လား။ ခိုင်းဖို့ပါဆိုပြီး သားသတ်ရုံပို့မယ့်သူ မဟုတ်တာ သေချာရဲ့လား။

နယ်ပယ် အကျယ်ဆုံးကိုကြည့်ရင် ကမ္ဘာ့စီးပွားရေးပေါ့။ အစိုးရတစ်ဖွဲ့ဖွဲ့နဲ့ စီးပွားရေးအရ ဆက်ဆံရတော့မယ်။
(၁) စဉ်းစားပုံက ဘယ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရင် အမြတ် အစွန်း ပိုရမလဲ။
(၂) စဉ်းစားပုံက စီးပွားရေးကရလာတဲ့ အမြတ်အစွန်းတွေကို ဒီ အစိုးရက ဘယ်မှာသုံးစွဲမှာလဲ။ သူ့အာဏာမြဲဖို့၊ ပြည်သူကို ဖိနှိပ်ဖို့သုံးစွဲသွားမှလား။

ကြည့်ရဲရင် အဲသလောက်အထိ ကြည့်နိုင်ပါတယ်။
(ရှေးဟောင်းမင်္ဂလာနဲ့ ခေတ်သစ်လူမှု ဒိုင်မင်းရှင်း)

ဇင်ဝေသော်

ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်း (ဓမ္မဂင်္ဂါ)


Intensive Course for Dhammacariya Monks
ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်း
====================

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်တွင် သင်တန်းသားများအတွက် လုံလောက်သောနေရာထိုင်ခင်းနှင့် စာသင်ခန်းများ မကြာမီ စီစဉ်ပေးနိုင်တော့မည်ဖြစ်၍
ယခု ၁၃၇၆ ခုနှစ်ဝါဆိုအမီ ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်းတစ်ခုဖွင့်လှစ်ရန် စီစဉ်သွားမည်။

နိုင်ငံရပ်ခြားတက္ကသိုလ်များသို့ တက်ရောက်တော်မူကြမည့် (သို့မဟုတ်) ပြည်တွင်းပြည်ပသာသနာပြုတော်မူကြမည့် ဓမ္မာစရိယရဟန်းသာမဏေများအတွက်
၁) အရေးပေါ်အင်္ဂလိပ်စာ
၂) စီမံခန့်ခွဲမှုနှင့်
ခေါင်းဆောင်မှုအတတ်ပညာ
၃)ကွန်ပြူတာနည်းပညာဖြင့် ဓမ္မဖြန့်ဝေခြင်း
၎)ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပထ၀ီဝင်နှင့် သမိုင်း
စသောဘာသာရပ်များ သင်ယူကြရမည်ဖြစ်သည်။

တစ်ပတ်လျင် တစ်ကြိမ်ဝိပဿ နာနည်းစုံလေ့လာအားထုတ်ကြရမည်။

သင်တန်းကာလအတွင်း
တက္ကသိုလ်ကောလိပ်များ၊ ပိဋကတ်တိုက်များ၊ ပြတိုက်များနှင့်
ဗုဒ္ဓသာသနိကပထဝီဝင်နေရာများသို့ လေ့လာရေးခရီးများ စီစဉ်ပေးမည်။

သင်တန်းကာလ ( ၆) လဖြစ်သည်။
လက်ခံမည့်သင်တန်းသား အပါး (၂၀)
သင်တန်းဝင်ခွင့် မြန်မာစာဖြေဆိုရမည်။

သင်တန်းသားအရည်အချင်း သက်တော်သုံးဆယ်ထက်မကြီးသော ဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဖြစ်ရမည်။

သင်တန်းဝင်ခွင့်စာမေးပွဲရက် သီးခြားကြေငြာမည်။

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
=====================
အထက်ဖော်ပြပါ အစီအစဉ်သည်
ရွှေပြည်ကြီး၏ တစ်နေ့ရွှေ တစ်နေ့ငွေ အခြေအနေပေါ်တွင် လုံးလုံးလျားလျား သက်ဆိုင်မှုရှိသည်။
---------------------------=----------
The Dream will come true!

Shared from 
ဓမ္မ ဂင်္ဂါ's post.

တော်တော်နောက်တဲ့ လုပ်ထုံးလုပ်နည်း


တော်တော်နောက်တဲ့ လုပ်ထုံးလုပ်နည်းပါပဲဗျာ။ ခက်တာက ခေတ်ကို ဖွက်ထားလို့မရတာပါ။


Photos from
Gold Fish's post.

ဒါက တကယ်လား။


shared from
Nay Myo's photo.
 
 

အနာဂါမ်ရွာ



ရွာကိုရောက်ဖူးတဲ့ သူငယ်ချင်းတိုင်းက ရွာလေးကို အဲသလိုပဲ အမည်ပေး တတ်ကြတယ်။ ခရီးကြမ်း၊ နေပူ၊ ရေရှား၊ ဖုန်ထူ စတဲ့ ဂုဏ်ထူးဝိသေသတွေေ ကြာင့် တစ်ခေါက်ရောက်ပြီး ရင် နောက်တစ်ခေါက် မလာချင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ်ခေါ်ရင်လည်း မလိုက်ကြတော့ဘူး။
အခု အဲဒီရွာလေးမှာ ပရဟိတနှစ်ဖွဲ့၊ နိုင်ငံရေးပါတီနှစ်ခုရှိနေတယ်။

အရင်က အဲဒီရွာလေးကို နယ်စည်းခြားပေးထားတာက ကိုရင်ဝတ်၊ စာသင်တဲ့ ဘုန်းကြီးကျောင်း အမည်နဲ့ပါ။ တောရကျောင်းထွက်၊ ကံဦးကျောင်းထွက်၊ အလယ်ကျောင်းထွက် တဲ့။ အဲဒီ ကျောင်းထွက်ဆိုတဲ့ စီဗီလိုက်ဇေးရှင်း စည်း အရ ကျနော်တို့က တောရကျောင်းထွက်အုပ်စုပေါ့၊ ပိုကြီးတယ်။ ရွာအလိုက် လူစွာလေးတွေလည်း ထွက်တယ်။ မတည့်ကြဘူးလို့ ပြောမရသလို တည့်ပါ တယ်လို့လည်း ပြောမရဘူး။ အုပ်စုချင်း အမြဲအားပြိုင်နေတတ်တယ်။

အရာရာပြောင်းလဲခြင်းအရပေါ့။ ရွာကလေးဟာလည်း အရင်လိုကွဲနေတာမျိုး မဟုတ်တော့ဘဲ ပရဟိတနှစ်သင်းကိုအခြေခံပြီး နှစ်အုပ်စုကွဲသွားတယ်။ "ပန်မေတ္တာ" အုပ်စုနဲ့ နောက်တက် "ကိုးဆယ်ဆ" အုပ်စုတဲ့။ ကိုးဆယ်ဆ ဆိုတာက ရွှေသံလွင်ရဲ့ စပွန်ဆာအထိ ရယူထားနိုင်တဲ့ အဖွဲ့ကြီး။ ပန်မေတ္တာ ကတော့ မူးစုပဲစု အုပ်စုပေါ့လေ။ "ကိုးဆယ်ဆ"မှာ အကောင်းစား ကား ကြီး လေးငါးစင်းရှိပြီး ပန်မေတ္တာမှာတော့ ကားတစ်စီးပဲ ရှိတယ်။ ထူးခြားတာက "ကိုးဆယ်ဆ" ကားကြီးတွေဟာ အကူအညီလာတောင်းသူ မရှိလို့ ရပ်ထားနေရချိန်မှာ ပန်မေတ္တာက ကားလေးတစ်စီးကတော့ ရွာကသာ မက နယ်ကပါ အကူအညီတောင်းနေတော့ နားချိန်တောင် မရှိလှဘူး။

ရွာလေးရဲ့ နောက်ထပ်အမည်က "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" တဲ့။ ဒါကလည်း အမျိုးသမီးကြီးတစ်ယောက်ရဲ့ အညာခရီးစဉ်နဲ့သွားပြီး တိုက်ဆိုင်နေပြန်တယ်။ ရွာသားလူငယ် ၆၀ လောက်ကို ကားနဲ့လာခေါ်ပြီး ရဲစခန်းမှာ ရိုက်နှက်ဆုံးမလိုက်ကြတယ်။ ထားပါတော့၊ "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" လို့ ခေါ်ရတဲ့ နောက်ထပ်အကြောင်းတွေလည်း ရှိနေနိုင်တာပေါ့။ (ဒီအကြောင်းကို ဘကြီးမိုး (ဦးမိုးသူ) နဲ့တွေ့စဉ်မေးကြည့်တော့ သူတို့မှာ မှတ်တန်းရှိထားတယ်လို့ ပြောပါတယ်။)

ထားပါတော့။ အခု စဉ်းစားမိတာက "ကိုးဆယ်ဆ"မှာ ကားအကောင်းစား ကြီးတွေ ရှိလျက်နဲ့ ဘာကြောင့်များ ပန်မေတ္တာက ကားလေးကိုပဲ လူတွေက ပိုသုံးချင်ကြတာလဲ။

၁။ လုပ်ဆောင်ကူညီပုံ၊ စေတနာ စသည် မတူလို့လား။
၂။ ပရဟိတဆိုတဲ့ နယ်ပယ်ထဲမှာကိုပဲ နိုင်ငံရေးပါတီနှစ်ခုရဲ့ သဘောတရားတွေ စီးဝင်နေလို့လား။

"၁" နဲ့ပဲဆိုင်ပါစေလို့ ဆုတောင်းနေမိတယ်။