ငချိတ်ပေါင်း


မနက်ဖြန်မနက် ငချိတ်ပေါင်း လာကပ်ချင်တဲ့ ဒကာမတစ်ယောက်က လျှောက် ထားသဖြင့် လက်ခံလိုက်ပါသည်။ ငြင်းရန်အကြောင်းမရှိပါ။ ပဲနံပြားကပ်လိုကြောင်း လျှောက်ထားသူ မရှိပါ။ ရှိစေဆိုငြား ပထမလျှောက် ထားသူ၏ အလှူကိုသာ လက်ခံရန် ဝိနည်းတော်ပညတ်ချက် ရှိသည်။ နောက်လူကိုလက်ခံဖို့ ရှေ့လူကိုငြင်းရင် အာပါတ်သင့်သည်။

Comments

ဒီလူက ပထမလတ်တန်းအောင် အင်ဂျင်နီယာ
Ko Wun Tho ဘုရားရှင်မှ လှူသမျှ လက်ခံရန် အဆိုရှိသဖြင့်
မျှော်လငိ့နိုင်သေးကြောင်း

ကမ်းလက်။ ။ လာခဲ့ပါ။ ဝမ်းတော်ဆန့်သမျှတော့ ဘုန်းပေးပါမည်။ အရင်လူကိုတော့ မငြင်းပယ်ကောင်းပါ။

Myo Myintzaw "တရက်တမျိုးပဲသုံးဆောင်ခွင့်ပြုတယ်လို့ယူစရာဖြစ်နေတယ်ဘုရား ညဏ်မမှီပါဘုရား"
ကမ်းလက် "မဟာဒုက်စတဲ့ ဆင်းရဲသားလူတန်းစားရဲ့ ပင့်ဖိတ်မှုကို လက်ခံထားပြီးပြီမို့ လူကုန်ထံ၊ အာဏာရှိ လိစ္ဆဝီတို့ရဲ့ ပင့်ဖိတ်မှုကို ဘယ်လောက်ဖိအားပေးပေး (ဒါက နိုင်ငံရေး စကား)၊ ဘယ်လိုဆွမ်း၊ ဘယ်လိုဟင်း၊ ဘယ်လိုလှူဖွယ်တွေ ဆက်ကပ်ပါမယ်လို့ ဆိုဆို (ဒါက စီးပွားရေးစကား) လက်မခံခဲ့တာက ဘုရားရှင်ရဲ့ရပ်တည်ချက်ပေါ့ ဒကာ မျိုးမြင့်ဇော်။ နောက်လူက ဒုတိယဦးစားပေး၊ ခေတ်စကားနဲ့ ဝိတ်တင်းလစ် ပေါ့။ ဒီနေ့ နောက်သလို တည်။ တည်သလို နောက်။ အားလုံးက အမှန်တွေပါ။ မျက်စေ့ ရှုပ်မှာစိုးလို့ ကျမ်းမညွှန်းတာ။

Zin Wai Thaw is going.


*****

သူတို့မသိတဲ့ ပြည်ထောင်စုနေ့


ပြောရရင် ဘသားမိုးကြိုးပဲ။ စထရိတ်တိုင်းမ်က ဗိုလ်ချုပ်နှစ်တစ်ရာပွဲကို တခမ်း တနား ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ်။
ပြီးတော့ ဦးသိန်းစိန်ရဲ့ ဖွဲ့ခြေဥပြင်ဖို့ အိုကေ ဆိုတဲ့အကြောင်း (ဒါကတော့ နိုင် ငံရေးမို့ ပါလာတတ်ပါတယ်)။
ဒီမှာ ဝှိုက်ကတ်ကိစ္စကို နည်းနည်း တို့ထိထားတယ်။
စင်္ကာပူကိုယ်တိုင်ကလည်း မလေး၊ စင်္ကာပူ ရထားလမ်းတစ်လျှောက်က (တရားမဝင်နေထိုင်တယ်လို့ စင်္ကာပူက ယူဆ၊ မလေးတွေကလည်း စင်္ကာပူ ဆိုတာ မလေးရှားရဲ့ အစိတ်အပိုင်းပဲလို့ ယုံကြည်ခဲ့ကြစဉ်ကပါ) မလေးတွေကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့တာပါ။


ဒါက အတည်လား၊ နောက်တာလား



ကမ်းလက် shared Hmuu Zaw's photo.
ဒါက အတည်လား၊ နောက်တာလား။ မှုးဇော်နာမည်မြင်ရင် မသေချာလို့မေးရတာပါ၊ နောက်တာလား၊ အတည်လား?


နံပြားလေးတစ်ချပ်


ကမ်းလက် shared RFA Burmese's video.
 မပြောသင့်တဲ့ စကားလေးကို မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား ဖြစ်သွား လိမ့်မည် မဟုတ်ပါ။
သင် မကြိုက်စေဦးတော့ နံပြားလေးတစ်ချပ် မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား သွားလိမ့်မည် မဟုတ်ပါ။

မပြောသင့်တဲ့ စကားလေးကို မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား ဖြစ်သွား လိမ့်မည် မဟုတ်ပါ။ သင် မကြိုက်စေဦးတော့ နံပြားလေးတစ်ချပ် မြိုချလိုက်ခြင်းကြောင့် သင့်အစာအိမ် ဆိုးဆိုးရွားရွား သွားလိမ့်မည် မဟုတ်ပါ။