နိုင်ငံရေး၊ သံတမန်ရေး၊ လက်နက်အထိ တရုတ်က ဖိအားပေးနေမှာ


ဒါတွေက အသစ်မဟုတ်သလို အဟောင်းလည်းမဟုတ်ဘူး။
နိုင်ငံရေး၊ သံတမန်ရေး၊ လက်နက်အထိ တရုတ်က ဖိအားပေးနေမှာ။
ရုရှားနဲ့ တရုတ် ရင်ဖွင့်ပေါင်းလို့မရတာလည်း ဒီအချက်ပဲ။
ဒါနဲ့ပတ်သက်ရင် ကာချုပ်ရုံးက မှန်တယ်။ သမတရုံး မှားတယ်။
တရုတ်ကို ဒီပလိုမေစီကောင်းကောင်းနဲ့ ခပ်တင်းတင်းကိုင်မှ ရမယ်။ အဲဒါ အချုပ်အခြာ အာဏာပဲ။ မွတ်စလင်ခံမနေရင် အကြီးအကျယ် ပြသနာဖြစ်မှာက တရုတ်နဲ့အနောက်။ မြန်မာက တံခါးဖွင့်ပေါ်လစီကျင့်သုံးပြီးတဲ့နောက် တရုတ်ကို ဖားနေစရာ မလိုဘူး။


မူအားဖြင့် နားလည်လိုက်ပါပြီ


ထက် ထက်
Today at 8:33pm
ဒီနေ့ ဗိုလ်ချုပ်ရာပြည့်ပွဲမှာ ဘုန်းဘုန်း စီစဉ်ရေးသားတဲ့ 'မူအားဖြင့် နားလည်လိုက်ပါပြီ' တခန်းရပ်ပြဇာတ် ကောင်းတယ်ဘုရာ့


ကော်ပီရိုက်ကိစ္စ၊ အနုပညာနဲ့ ဖန်တီးမှုကိစ္စတွေကို လေးစားသလို လိုက်လည်းလိုက်နာသူတွေအတွက် ဘာမှမဖြစ်လောက်ပေမဲ့ အသိအမှတ်ပြုမှုကို ကျေနပ်၊ တန်ဖိုးထားမှုကို ရိုကျိုးစွာ တောင့်တမိပါတယ်။ ဒီပြဇာတ်လေးကို ဓမ္မဂင်္ဂါနဲ့ကျနော် ရေးခဲ့တာပါ။ မူရင်းက "ကလေး နိုင်ငံရေး" ဆိုတဲ့ ကမ်းလက်ရဲ့ ပို့စ်ပါ။ Ref; The World Joke Book ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် စာပေဟောပြောပွဲ (သစ္စာနီ)


အရေးပေါ် အပြောင်းအလဲ
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် မနက်ဖြန်ညနေ ၇ နာရီခွဲမှာ သူ ရေးသားလျက်ရှိသည့် အောင်ဆန်းဝါဒ အကြောင်း ဆရာက ပြောပါလိမ့်မည်။
နေရာ။ မင်္ဂလဝိဟာရ။


February 22 at 7:54pm
ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် စာပေဟောပြောပွဲ
ဟောပြောမည့်သူ သစ္စာနီ
တိုက်ရိုက်ထုတ်လွှင့်ခြင်း
http://www.ustream.tv/channel/thitsarni
၂၀၁၅ ဖေဖော်ဝါရီ ၂၂
မင်္ဂလ၀ိဟာရကျောင်းတိုက် ဒုတိယထပ်
ချူကွင်ညိုခန်းမ


နေ့သန့်စင်ရာ အခန်းလေး


ဒါကတော့ နေ့သန့်စင်ရာ အခန်းလေးပေါ့။ စာရေးလို့ကောင်းတယ်။ စကားပြောစရာရှိရင်တော့ အပြင်ထွက်ပြောလိုက်တယ်။


သစ္စာနီနဲ့အတူ သန္တရသလွင်ပြင်ကို ဖြတ်သန်းခြင်း



စင်္ကာပူရောက် ဆရာ့ပရိသတ်တွေအတွက် အထူး ရည်စူးပါတယ်။ ဘာသာရေးနေရာမှာ ဘာသာရေးပဲဖြစ်စေချင်လို့ "သန္တရသလွင်ပြင်" အကြောင်း လူငယ်တွေကိုပြောပေးဖို့ မေတ္တာရပ်ခံမှုကို သဘောတူ လက်ခံပေးတဲ့ ဆရာသစ္စာနီကို ကျေးဇူးစကား ဆိုလိုက်ပါတယ်

အချိန်။ ။ ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်၊ ညနေ ၇ နာရီခွဲမှ ၉ နာရီအထိ။
နေရာ။ ။ မင်္ဂလဝိဟာရကျောင်း၊ ချူကွင်ညို ခန်းမ။ (Mangala Vihara Buddhist Temple, 30, Jalan, Eunos, Singapore. 419495.)

သစ္စာနီနဲ့အတူ သန္တရသလွင်ပြင်ကို ဖြတ်သန်းခြင်း
Live broadcasting
http://www.ustream.tv/channel/thitsarni


လူဦးရေ ကန့်သတ်မှုရှိပါတယ်။ တက်ရောက်လိုသူများ အီးမေးလိပ်စာနဲ့တကွ ကမ်းလက်အီးမေးမှာ မှတ်ပုံတင်ဖို့လိုအပ်ပါတယ် (lek.camm@gmail.com)။ သိလိုတာကို ဖေ့ဘုတ် မက်ဆေ့ဘောက် (သို့) ကမ်းလက်အီးမေးမှ တဆင့် မေးမြန်းနိုင်ပါတယ်။
အီးမေးတောင်းခံရခြင်းက အကြောင်းတစ်ခုခုရှိလာရင် ချက်ချင်း သတင်းပေးပို့နိုင်ဖို့ပါ။

ဗီဇာမရခဲ့ရင် ချက်ချင်းအကြောင်းကြားနိုင်ဖို့ မှတ်ပုံတင်ဖို့၊ အီးမေးပေးဖို့ တောင်းဆိုခဲ့တာပါ။ အခု မည်သူ မဆို လာရောက်နိုင်ပါပြီ၊ တတ်နိုင်သရွေ့ နေရာစီစဉ်ပေးပါမယ်။


“သန္တရသလွင်ပြင်” ဆိုပြီး ဘာသာရေး ဆောင်းပါးတွေ ဘယ်လို ရေးဖြစ် ခဲ့တာလဲ ဆရာ...

အဲဒါဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့တာ။ စာအုပ်အဖြစ် နှစ်အုပ် ထွက်သွားတယ်။ “ဖတ်ကြည့်ရင် သိလိမ့်မယ်”၊ “မျက်စိ ထဲက ဆူး“ တို့ ဘာတို့ပေါ့။ ပညာတတ်လူငယ်တွေ ဦးနှောက်ထဲ ဘာသာရေးအသိ ဝင်စေချင်တဲ့ စေတနာနဲ့ ခေါင်းစဉ် ပေးတာကအစ “ပန်းပွင့်ကိုယ်ပေါ်က သက္ကာလိပ်ပြာ” ဆိုတာမျိုး၊ လူငယ်ကြိုက်ပေးပြီး ရေးခဲ့တယ်။ လယ်တီ ဆရာတော် နဲ့ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ စာအုပ်တွေ အများကြီးရှိပေမဲ့ လူငယ်တွေကြားထဲ မရောက်ဘူးလေ။ ဒါကြောင့် လူငယ်တွေကို ဦးတည်ပြီိး အက်ဆေး ဆန်ဆန်လေးတွေ ရေးခဲ့တာ။ စရေးကတည်းက စရဏ၊ အဲဒီနောက် သီလ၊ သမာဓိခန်း၊ နောက်ဆုံး ဝိပသနာ အဆင့်ထိ ရောက်သွားတယ်။ သန္ထရသ လွင်ပြင်(၁) နဲ့ (၂)တောင် မတူဘူး။ (၂) က လူငယ်တွေ ဖတ်လို့ မရဘူး။ ဘာသာရေးဆိုတာ ဆုံးခန်းတိုင်အောင်ပြောမှ၊ ဒါနဲ့ပဲ နောက်ပိုင်းမှာ ကျယ်ပြန့်သွားခဲ့တယ်။

သစ္စာနီ