သုံးမျိုး သုံးလီ

ရှေးရှေးက ပိဋကတ် သုံးပုံကို ဝိနည်း၊ သုတ္တန် အဘိဓမ္မာ ဟု သုံးမျိုးခွဲသည်။
ယနေ့ခေတ် ပညာရှင် အချို့က ဝိနည်းကို ရဟန်းသိက္ခာ အတွက် လက်ရှောင်ပြီး အထက်ပါ ပိဋကတ် ( သုတ္တန် အဘိဓမ္မာ ) နှစ်ပုံကို
၁ ) Devotional Buddhist teachings
၂ ) Intellectual Buddhist teachings
၃ ) Practical Buddhist teachings ဟု ခွဲခြားကြသည်။

၁ ) Devotional Buddhist teachings ဟူသည် သဒ္ဓါတရားကို အားကောင်းစေ၏၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ ယုံကြည်နိုင်ပြီး မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်သောပညာရှင်တို့က လဲဂျင့် ဟူသာ သာမန်လက်ခံသည်။ ဗုဒ္ဓ၀င် အသေးစိတ်၊ ၅၅၀ ဇာတ် စသည်တို့ ပါဝင်သည်။ ဗုဒ္ဓ၀င် နှင့် ပတ်သက်၍ တညီတညွတ်တည်း လက်ခံနိုင်သည်မှာ "ဗုဒ္ဓ " ဟူသော ပုဂ္ဂိုလ်ထူး တကယ်ရှိခဲ့သည်၊ မိဘ ဆွေမျိုးမျာလည်း ရှိခဲသည်၊ ကပိလ ဝတ္ထု ၊  ဇေတဝန် စသော ကျောင်းတော်များ တကယ်ရှိခဲ့သည် စသည်တို့ကို တူးဖော်တွေ့ရှိမှု  အထောက် အထားတို့အရ သိရသည် ။ သို့သော် ထို ဗုဒ္ဓ နှင့် ပတ်သက်၍ မွေးသက္ကရာဇ်ကိုပင် အယူအဆ အားလျော်စွာ အမျိုးမျိုး ကွဲလွဲနေသည်။ ၅၅၀ ဇာတ်တော် စသည်တို့ကလည်း ပုံစံ အမျိုးစုံဖြင့်  ဗုဒ္ဓဘာသာ ဟုတ် မဟုတ်သော အာရှ ယဉ်ကျေးမှုတို့၌ တွေ့ရသည်။ ပညာရှင် လက်ခံနိုင်သည့် အထောက်အထားများ ပထမဆုံး ဖော်ပြနိုင်သည်မှာ အသောက ကျောက်စာများသာ ဖြစ်ပြီး ထိုမှ သဲလွန်စ ယူကာ ဆက်လက် သုတေသန ပြုနိုင်ကြသည်။ မည်သို့ ဖြစ်စေ  ဗုဒ္ဓဘာသာ များ အနေနှင့် ဤမျှဆို ကျေနပ်ဖွယ်ပင် ဖြစ်၏။ အလက်ဇန်ဒါး စသော ထိုထိုပညာရှင်တို့ မပါဘဲ လုမ္ဗိနီ ဘယ်မှာရှိသည်ပင် အန္ဒိယသားများ၊ နီပေါသားများ၊ ဗုဒ္ဓဘာသာအားလုံးများ မသိခဲ့ကြ။ သုတ္တန် ပိဋကတ်ထဲမှ အချိ့ကိုလည်း ဤ၌ ထည့်သွင်းနိုင်သည်။

၂) Intellectual Buddhist teachings ဟူသည် ပညာရှင်ဆန်ပြီး စူးစမ်းလေ့လာမှုကို အားပြုသော အဆုံးအမတို့ ဖြစ်သည်။ အဘိဓမ္မာ ပိဋကတ်၊ ဗြဟ္မဇာလသုတ် စသည်တို့ များစွာဤ၌ ပါဝင်သည်။

၃ ) Practical Buddhist teachings ဟူသည် လက်တွေ့ အကျဆုံး အဆုံးအမတို့ ဖြစ်သည်။ မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒ သုတ်၊ မေတ္တသုတ်၊ မဟာသတိပဋ္ဌာသုတ် စသည်တို့ များစွာပါဝင်သည်။


သုံးမျိုးသော အဆုံးအမတို့ကို အခြေခံပြီး သုံးမျိုးသော ဗုဒ္ဓဘာသာတို့ ကွဲပြားလာသည်။
၁ ။ မိရိုးဖလာ ဗုဒ္ဓဘာသာ
၂ ။ ပညာရှင်ဆန်သော ဗုဒ္ဓဘာသာ
၃ ။ လက်တွေ့ကျသော ဗုဒ္ဓဘာသာ တို့ ဟုဖြစ်လေသည်။

၁ ။  မိရိုးဖလာ ဗုဒ္ဓဘာသာများက  Devotional Buddhist teachings ကို သဘောကျသည်၊ ရိုးသားသည်၊ ယုံကြည်လွယ်သည်၊ လေ့လာသုံးသပ်မူ အားနည်းသည်။ မိမိနှင့် မတူလျှင် လက်မခံတတ်၊ သို့သော် သဒ္ဓါတရားကြောင့် အေးချမ်း၏။

၂ ။ ပညာရှင်ဆန်သော ဗုဒ္ဓဘာသာက Intellectual Buddhist teachings ကို သဘောကျသည်၊ လေ့လာသည်၊ အလွယ်တကူ မယုံကြည်၊ မိမိနှင့် မတူသော်လည်း မတူညီမှုကို သဘောပေါက်သည်၊ ဆွေးနွေးမှု၌ ဝါသနာပါသည်၊ ကောင်း၏ သို့သော် ကျင့်ဖို လိုသေး၏။

၃ ။  လက်တွေ့ကျသော ဗုဒ္ဓဘာသာက Practical Buddhist teachings ကို သဘောကျသည်၊ ကျင့်သည်၊ ထွေထွေထူးထူး သိပ်မပြော၊ ပြောစရာရှိ၍ ပြောရမည်ဆိုလျှင်လည်း အကျိုးအကြောင်းညီညီသာပြောပြီး သူ့အလုပ်ကိုသာ ဆက်လုပ်နေတတ်သည်။ ဗုဒ္ဓဘာသာ သုံးယောက်တွင် အဆင့် အမြင့်ဆုံးဟု မှတ်ယူရပေမည်။ ကုန်ကုန်ပြောရလျှင် အထက်ပါ လေးသုတ်ကိုသာ ( မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒ သုတ်၊ မေတ္တသုတ်၊ မဟာသတိပဋ္ဌာသုတ် ) ကျင့်သုံးနိုင်လျှင် လောကီ လောကုတ္တရာ ပြည့်စုံပြီး နိဗ္ဗာန်အထိရောက်နိုင်ပြီဟုပင် ဆိုနိုင်ပေပြီ။


မေတ္တာဖြင့်
သီဟနာဒ

အယ်ဒီတာ လောက

ပထမ အယ်ဒီတာ ။ ။ အောဘစ် လေယဉ်ပေါ်က သတင်း အမှားပြင်ဆင်ချက် ပို့လာတယ်။
ဒုတိယ အယ်ဒီတာ ။ ။ ဘာတဲ့လဲ၊ အဲဒီ အမျိုးသမီးက အခုထိ သေနေတုန်းပဲ တဲ့ လား။

အယ်ဒီတာက နိုင်ငံရေး ဆောင်းပါး ရေးထားတဲ့ သတင်းထောက်ကို ပြောတယ်
" မနက်ဖြန်အထိ မရွှေ့နဲ့၊ ဒီနေ့ ပုံနှိပ်မှရမယ်။ မနက်ဖြန်ဆို မင်းဟာတွေ မှန်မှာ မဟုတ်တော့ဘူး "
overhreardinthenews.com

အပယ်ခံ စာမူများ
မိဘတွေရဲ့ မွေးနေ့လက်ဆောင် ကဒ်တွေပေါ်ရေးပေးဖို့ ပေးပို့တဲ့ စာတိုလေးတွေထဲမှာ ဒါတွေ အပယ်ခံခဲ့ရတယ်
1 ) Happy mother's day! From the best thing you ever made out of eggs.
2 ) I picked out the perfect Christmas gift for you! All you need to do is go to amazon.com and click " Buy. "
3 ) You'll always be my Dad. That's one thing the casinos can't take away.
4 ) Give a dad a fish and he will eat it. Teach a dad to fish and he will drink beer on the dock.
( Shoebox, the greeting card company.)


ဇင်ဝေသော်

ရေပေါ်ဆီ (၁)

ခေါင်းဆောင်ဟာ အခြေခံ အရည်အချင်းတွေနဲ့ ပြည့်စုံနေရပါတယ်။ အိုင်ကျူမြင့်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဒါက အစိတ်အပိုင်းတစ်ခုသာပါ။ အီးကျူ၊ ခေါင်းဆောင်မှုစွမ်းရည်၊ ရေရှည်အလုပ်လုပ်နိုင်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ အကြံကောင်းဉာဏ်ကောင်းရှိမှု - စတဲ့ တခြားအရည်အချင်းတွေလည်း အများကြီး လိုအပ်ပါတယ်။

မေး ။     ။ ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ စင်္ကာပူရင်ဆိုင်နေရတာက ဘာလဲ။

ဖြေ ။    ။တို့မှာ လူဦးရေ သုံးသန်းပဲ ရှိတယ်။ နှစ်စဉ် ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပြည့်စုံတဲ့လူ (၁၀၀) လောက် ထွက်လာနိုင်တယ်။ အဲ့ဒီအထဲက ပြန်စစ်ယူရင် (၂၀) သို့မဟုတ် (၃၀) လောက် ကျန်မယ်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ထွက်လာတယ်။ နိုင်ငံရေးလောကအတွက် မရှိလာဘူး။ ဆိုလိုတာက နိုင်ငံရေးထဲကို သုံးဆယ်ကျော်၊ လေးဆယ်ပြူပြူမှာ (လေးဆယ်ဝန်းကျင်မှာ) နိုင်ငံရေး စလုပ်နေရမယ်။ နောက်ကျသွားပြီဆိုရင် လူထုနဲ့ ဆက်သွယ်မှု ပြတ်သွားတယ်။ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ရတာမျိုး၊ ကလေးတွေကို နမ်းရတာမျိုးတွေ မလုပ်နိုင်တော့ဘူး။

၂၀၀၁ - ခုနှစ်မှာ ငါတို့ (မျိုးဆက်သစ် နိုင်ငံရေးသမားတွေ) ရအောင် မရှာနိုင်ခဲ့ဘူး။ ဒါနဲ့ ဒေါက်တာသုံးယောက်ကို ဆွဲထုတ်ခဲ့ရတယ်။ တကယ်ဆို သူတို့ သုံးယောက်စလုံးက သူတို့ပညာနဲ့ သူတို့ ထိပ်တန်းတွေချည်းပဲ။ Ng Eng Hen, Vivian Balakrishnan ရယ်၊ Balaji Sadasivan ရယ်။ ဗလကြီး (Balaji) ဆိုရင် ထိပ်တန်း ဦးနှောက်ခွဲစိတ်ကုဆရာဝန်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ ခေါင်းဆောင်ကောင်း ဖြစ်မလာဘူး။

မေး ။     ။ ဒီကိစ္စအတွက် ဝေဖန်နေကြတာက ဒီစနစ်က အထက်ကနေ အောက်ခြေကို လှမ်းရွေးတဲ့စနစ်တဲ့။ နိုင်ငံထဲက လူတော်တွေကို ရွေးပြီး ခေါင်းဆောင်ဖြစ်နိုင်မယ့် လူတွေကို မစ္စတာလီကိုယ်တိုင် ရွေးချယ်တာတဲ့။

ဖြေ ။    ။မဟုတ်ပါဘူး။ တို့က ထိပ်တန်းဆရာဝန်၊ ထိပ်တန်းခွဲစိတ်အထူးကု၊ ထိပ်တန်းစာရင်းစစ်တွေ ဆိုပြီး ရွေးနေတာ မဟုတ်ပါဘူး။ မူဝါဒက သူတို့ကို ရွေးတာပါ။ တို့က လူတော် အနည်းစုလေးကိုပဲ ကြည့်ပြီး သူတို့အထဲက အလားအလာ ရှိသူတွေကို ရှာယူရတာပေါ့။

မေး ။     ။ စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ ဒီလိုရွေးချယ်မှုမျိုး ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးလောကထဲမှာတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ခေါင်းဆောင်ရွေးတာကအစ ပါဝင်နေတာဟာ တစ်မျိုးပဲလို့ မထင်မိဘူးလား။

ဖြေ ။    ။မထင်မိပါဘူး။ အစိုးရအဖွဲ့ကို တစ်ယောက်ယောက်က မောင်နှင်ပေးနေရတယ်။ ကံကောင်းမယ်ဆိုရင် အစိုးရကို လည်ပတ်စေတာ၊ ဝန်ကြီးရွေးချယ်တာတွေသာမက လူတွေကိုပါ သူ့ဖက်ပါလာအောင် စွမ်းနိုင်တဲ့ ဝန်ကြီးချုပ်တစ်ယောက် ရနိုင်တယ်။

ကိုယ့်ပါတီထဲမှာကိုပဲ လူပေါင်းစုံ ရှိနေရတယ်။ ကော်ဖီဆိုင်တွေမှာ အချိန်ကုန်တတ်တဲ့ လူတွေဟာ အခြေခံလူထုနဲ့ ဆက်ဆံရာမှာ တော်ကြတယ်။ Ong Ah Heng ဆိုရင် ငါ့ရဲ့ အတွင်းရေးမှူးပဲ။ သူက လက်တွေ့ကျတဲ့ အခြေခံလူတန်းစားထဲကလာတာ။ ဒါနဲ့ သူ့ကို National Transport Workers' အဖွဲ့ထဲ ထည့်ပြီး Nee Soon မဲဆန္ဒနယ်မှာ ဝင်ပြိုင်ဖို့ တွန်းပေးလိုက်ကြတယ်။

ပါတီတစ်ခုမှာ လူပေါင်းစုံလိုတယ်။ ဒါဆို သူတို့က ဝန်ကြီးတစ်ယောက်အနေနဲ့ အလုပ်လုပ်နိုင်မလား။ ပီအေပီရဲ့ တည်ထောင်သူ အဖွဲ့ဝင် တိုချင်ချိုင် ပြောတာတစ်ခုရှိတယ် "စိတ်မပူပါနဲ့၊ သူဟာ ထာဝရ အတွင်းရေးမှူးအနေနဲ့ပဲ ရှိနေပါလိမ့်မယ်" တဲ့။

မေး ။     ။ ပါတီထဲမှာ လူပေါင်းစုံ ရှိနေရမယ်ဆိုပေမယ့် လူထုရဲ့အမြင်ကတော့ ခေါင်းဆောင်တွေကို ပညာရေးကဏ္ဍတစ်ခုအပေါ်မှာ မူတည်ပြီး ရွေးချယ်နေကြတာ ဆိုတာမျိုး ဖြစ်နေတယ်။

ဖြေ ။    ။အစိုးရက ပညာရေးကဏ္ဍတစ်ခုကိုပဲ ကြည့်ပြီး ရွေးတယ်ဆိုတဲ့ အယူအဆကတော့ လုံးဝအမှားပဲ။ ပညာရေးကို အရင်ကြည့်တယ်ဆိုတာ မှန်ပါတယ်။ ဒါက ပထမအဆင့်ပဲ။ ဒီနှစ်တွေအတွင်းမှာ ဂျင်နရယ်အီလက်ထရစ်မှာဖြစ်ဖြစ်၊ IBM မှာပဲဖြစ်ဖြစ်၊ မိုက်ကရိုဆော့(ဖ်)မှာပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်ဟာ အခြေခံ အရည်အချင်းတွေနဲ့ ပြည့်စုံနေရပါတယ်။ အိုင်ကျူမြင့်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ဒါက အစိတ်အပိုင်းတစ်ခုသာပါ။ အီးကျူ၊ ခေါင်းဆောင်မှုစွမ်းရည်၊ ရေရှည်အလုပ်လုပ်နိုင်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ အကြံကောင်းဉာဏ်ကောင်းရှိမှု - စတဲ့ တခြားအရည်အချင်းတွေလည်း အများကြီး လိုအပ်ပါတယ်။ ပညာရပ်တစ်ခုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ဒီအရည်အချင်းတွေနဲ့မှ အလုပ်လုပ်လို့ ရတယ်။ SIA (Singapore International Airline) က စီအီးအို ချူးချောင်စိန်ဆိုရင် စင်္ကာပူတက္ကသိုလ်က ဘွဲ့၊ Imperial Collage က မာစတာဘွဲ့ ရပေမယ့် စကောလားတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် လူတော်တစ်ယောက်ပဲ။ လူတွေကို နားလည်တယ်။ ခေါင်းဆောင်နိုင်တယ်။ စီးပွားရေးသဘောကို နားလည်တယ်။ ဒါ့ကြောင့် SIA လည်း အခြေအနေ ကောင်းနေရတယ်။ (ဒါ့ကြောင့် SIA အခြေအနေ ကောင်းနေတာ။)

မေး ။     ။ လူထုကြီးကတော့ ဒီနေ့အထိ ဒေါက်တာ Toh ရဲ့အမြင်ကို အာရုံကျနေကြတုန်းပဲ။ လူထုက သူတို့ရဲ့ခေါင်းဆောင်ကို ကိုယ့်ကြိုးစားမှုကို အခြေခံပြီး တစ်ဆင့်ချင်း တက်လာတာကိုပဲ မြင်ချင်ကြတယ်။ တစ်ယောက်ယောက်ကို ချက်ချင်းရွေးပြီး ရာထူးကြီးကြီးနေရာ ပေးလိုက်တာမျိုးကို သိပ် သဘောမတွေ့ကြဘူး။

ဖြေ ။    ။အောက်ခြေက နိုင်ငံ့ခေါင်းဆောင် ဒီနေ့ကမ္ဘာမှာ မရှိဘူး။ ရှိရင် ငါ့ကို ပြပါ။ အမေရိကန် သမ္မတလောင်းတွေကို ဘယ်လိုရွေးသလဲ။ အောက်ခြေလူတန်းစားကလား။ မဟုတ်ဘူး။ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတွေရဲ့ ထိပ်သီးအုပ်တွေထဲကနေ ရွေးယူရတာ။

ဘားရက်အိုဘားမား ဝင်လာတယ်။ သူ့အတွက် အခွင့်အရေး ဘယ်လောက် ရှိသလားဆိုတာ သေသေချာချာ တွက်ချက်ပြီး တက်လာတာ။ အခြေခံမူတွေကို စနစ်တကျ ပြင်ဆင်ခဲ့တာ။ သူများ အာရုံမကျတဲ့ လူနည်းစု တစ်သီးပုဂ္ဂလပါတီးလေးတွေကို သူက ဦးတည်ထားခဲ့တာ။ သူ့ကို သိပ်အလေးမထားခဲ့တာဟာ ဟီလာရီရဲ့အမှားပဲ။ သူနိုင်ပြီး သမ္မတလောင်း လျာထားခဲ့လိုက်ရတယ်။ နောက်ဆုံး ဘာဖြစ်လဲ။ အမေရိကန်တွေက "အိုကေ၊ လူမည်းကို သမ္မတတင်ကြည့်ရအောင်။ ဒါက အဖြူလူမျိုးနိုင်ငံမှာ (လူဖြူနိုင်ငံမှာ) လူမည်းသမ္မတဖြစ်တယ်ဆိုတဲ့ နာမည်လည်း ကျန်တာပေါ့။ ဒီလူမည်းက လူတော်တစ်ယောက်" လို့ ပြောကြတယ်။

ရီပတ်ဘလင်ကန်ပါတီကိုကြည့်။ သူတို့ ဘယ်က ရောက်လာကြတဲ့လူတွေလဲ။ ဂျွန်မက်ကိန်းဆိုရင် စစ်ပွဲသူရဲကောင်း၊ သူ့အဖေက ကြယ်လေးပွင့် သူရဲကောင်း။ သူ ဆီးနိတ်ရာထူး ရတယ်။ ဂျော့ဘု(ရှ်)နဲ့ ဝင်ပြိုင်တယ်။ ရှုံးတယ်။ နောက်ဆုံး ၂၀၀၈ - မှာ သမ္မတ လျာထားခံရတယ်။

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီရဲ့ခေါင်းဆောင်တွေကိုကြည့်ဦး။ သူက Eton နဲ့ Oxford မှာ ကျောင်းပြီးတယ်။ ကွနှ်ဆာဗေးတစ် အမတ်တွေကိုယ်တိုင်က သူ့ကို ရွေးတာ။ အားလုံးက အထက်တန်းလွှာက လူတွေ။

တရုတ်ပြည်က ကွန်မြူနစ်ပါတီကို ဆက်ကြည့်ဦး။ ပထမ တော်လှန်ရေးကာလတုန်းကတော့ ဟုတ်တယ်။ ဒါပေမယ့် မော်စီတုန်း အာဏာရပြီးကတည်းက အားလုံးကို ဘေးဖယ်ပစ်လိုက်တာ နောက်ဆုံး သူ့မှာပဲ အာဏာရှိတော့တယ်။ သူမသေချင်အထိ ကိစ္စတော်တော်များများ သူကိုယ်တိုယ်တိုင်ပဲ ဆုံးဖြတ်တယ်။

အရှိကို အရှိအတိုင်းပဲ ကြည့်ရအောင်ပါ။ အာဖရိကန် နေရှင်နယ်ကွန်ဂရက်ကို ကြည့်ဦး။ အာဖရိကန်လူထုကြီး ဆုံးဖြတ်တာလား။ မဟုတ်ဘူး။ နယ်လ်ဆင် မင်ဒဲလား။ သူက လွတ်လပ်ရေး ခေါင်းဆောင်။ ထောင်ထဲမှာ နှစ်နှစ်ဆယ်ကျော် နေခဲ့တယ်။ သူ အနားယူတော့ သူ့ဘေးမှာ မွေးထားတဲ့အဖွဲ့က ဆက်လုပ်တယ်။ ဒါ အောက်ခြေလူတန်းစားလား။

မေး ။     ။ အရည်အချင်းအကြောင်း ပြောနေပေမယ့် စင်္ကပူက တစ်ပါတီထဲကပဲ အုပ်ချုပ်နေတော့ ပီအေပီ တစ်ပါတီက သက်မှတ်တဲ့ အရည်အချင်းပဲ ဖြစ်နေတော့မှာပေါ့။

ဆက်ရန် -


ဇင်ဝေသော်
Zin Wai Thaw

နိုဝင်ဘာ၊ ဒီဇင်ဘာ ကျောင်းပိတ်ရက် ဗုဒ္ဓဘာသာသင်တန်း

BUDDHISM THROUGH ENGLISH
The class on Buddhism will be opened every Sunday during November and December holidays. It will be conducted with English medium and mainly emphasized on the major events of the life of the Buddha, fundamental teachings of the Buddha, and history of Buddhism. Anyone who is above fifteen can make enrollment.
နိုဝင်ဘာ၊ ဒီဇင်ဘာ ကျောင်းပိတ်ရက် ဗုဒ္ဓဘာသာသင်တန်း
ဗုဒ္ဓဝင်၊ ဗုဒ္ဓဘာသာသမိုင်းနှင့် ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်များကို အင်္ဂလိပ်လို သင်ကြားပေးမည်။ ဗုဒ္ဓဘာသာအကြောင်း ဂဃနဏ သိလိုသူများ၊ အင်္ဂလိပ်လို လေ့လာလိုသူများ တက်ရောက်ရန် သင့်လျော်ပါသည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလ၊ တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်။ အသက် (၁၅) နှစ်နှင့် အထက် ဖြစ်ရမည်။
Date        11 Nov 2012
Time        5:15 pm
Venue      Mingala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495
Contact       Elsie 8611 4840
                  Myint Myint Than 94242713
                  media@bmca-sg.com
                  http://www.facebook.com/BMCAsg

******************************************************************************************
ဘာသာစကား စာစကား သင်ကြားအပ်သည် မှတ်

အခြေခံ မြန်မာစာ ရက်တို(နှစ်လပြတ်) အမြန်သင်တန်း

         
နိုဝင်ဘာ နှင့် ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် အခြေခံ မြန်မာစာ ရက်တို(နှစ်လပြတ်) အမြန်သင်တန်း ဖွင့်လှစ်မည် ဖြစ်ပါသည်။
အသက် ၁၀နှစ်မှ ၁၅နှစ်အထိ ကလေးများအတွက် ရည်ရွယ်ပါသည်။
ဝိုင်းပုံစံ ဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။
နိုဝင်ဘာ () ရက် နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးရန် နှိုးဆော်အပ်ပါသည်။
၁၀ နှစ်အောက် ကလေးများ အတွက် တနင်္ဂနွေသင်တန်းများ ပုံမှန်ရှိပါသည်။

သင်တန်းအချိန်
စမည့်ရက်        ။ ၁၁ ၊ ၁၁၊ ၂၀၁၂ (တနင်္ဂနွေနေ့ တိုင်း)
စမည့်အချိန်      ။ ညနေ ၅ နာရီ ၁၅မိနစ်
နေရာ              ။ မင်္ဂလဝိဟာရ ကျောင်းတိုက်, 30 Jalan Eunos, Singapore 419495
ဆက်သွယ်ရန်    ။ မအယ်စီး ၈၆၁၁ ၄၈၄၀မမြင့်မြင့်သန်း ၉၄၂၄ ၂၇၁၃
                      media@bmca-sg.com
                     http://www.facebook.com/BMCAsg


ကမ်းလက်

အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် (စင်္ကာပူ)

စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာစာမေးပွဲ ကျင်းပခွင့်ကို ပြည်ထောင်စုမြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုပြီး ဖြစ်ပါသည်။

အဘိဓမ္မာစာမေးပွဲ ဖြေဆိုမည့် ပုဂ္ဂိုလ်များအနေဖြင့် ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်များကို မင်္ဂလာဝိဟာရကျောင်း
(Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495) တွင် ရယူနိုင်ပါသည်။ ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်တို့ကို ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်တွင် ကြည့်ရှုနိုင်ပါသည်။

ဖြေဆိုသူတစ်ဦးလျှင် ဝင်ခွင့်တောင်းခံလွှာ (၂) စုံ၊ ဝင်ခွင့်ကဒ် (၂)စုံ ဖြည့်ရမည်။ 



ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။

စာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် တစ်ဦးလျှင် (၂) လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ ယူဆောင်ကာ အောက်ပါ နေ့ရက်များတွင် မင်္ဂလာဝိဟာရကျောင်းသို့ လာရောက်၍ ဖောင်ဖြည့်နိုင်သည်။

ဗုဒ္ဓဟူးနေ့       ။    ။ ည (၇း၃၀) နာရီမှ (၉း၀၀) အထိ
စနေနေ့         ။    ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ
တနင်္ဂနွေနေ့    ။    ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ

မိမိအစီအစဉ်ဖြင့် ဖောင်ဖြည့်သူများသည် ဝင်ခွင့်တောင်းခံလွှာများကို နိုဝင်ဘာ (၁၁) ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထား၍ မင်္ဂလာဝိဟာရကျောင်းသို့ ပြန်လည်ပေးပို့ရမည်။

စာမေးပွဲကျင်းပမည့်ရက်

အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၀) ရက်၊ တနင်္လာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၁) ရက်၊ အင်္ဂါနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့)

စာမေးပွဲကျင်းပမည့်အချိန် ။        ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ           ။        ။ မင်္ဂလာဝိဟာရကျောင်း၊ Chew Quee Neo Hall

အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်
အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ
အဘိဓမ္မာ ၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၊ ၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

~ စုံစမ်းရန် ~
ဦးစက္ကပါလ (၈၅၉၈၈၁၇၇)
ဦးအံ့ထူးနိုင် (၉၀၂၅၄၉၀၉)

အဘိဓမ္မာအသင်းကြီး၏ Webiste

ကမ်းလက်

လူ ( လောဘနဲ့ မောဟ )

ရှေးသရော အခါ လူတစ်ယောက်ထံ၌ တစ်နေ့လျှင် ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းမကြီးတစ်ကောင် ရှိလေသည်။
တစ်နေ့လျှင်  ရွှေဥတစ်လုံးမျှသာ ဥပေးနေသဖြင့် စိတ်မရှည်တော့သော ထိုလူက ဘဲငန်းမကြီးသတ်၊ ဝမ်းဗိုက်ထဲ ရှာကြည့်လေရာ
 ရွှေဥနှင့်တူတာဆို၍ ဘာမှ မရှိတော့သည်ကို တွေ့ရလေသည်။




ထိုအခါ ထို ပုဂ္ဂိုလ်က များစွာ ကျေနပ်မိလေတော့သည်။
အကြောင်းကား
" ဤ ဘဲငန်းမကြီး၌  ရွှေဥ ဥပေးရန် လက်ကျန်မရှိတော့၊ မစူးစမ်းမိသော် ဥလာနိုး ဥလာနိုး ဖြင့် အစာတွေ ကျွေးနေရဦးမည် " ဟု တွေးမိသောကြောင့် ဖြစ်လေသည်။


ဇင်ဝေသော်

ပြုံးမိတဲ့ သတင်း သုံးပုဒ်

ကဲ... ဖြေကြ
Stephen Wright: “If all the nations in the world are in debt, where did all the money go?”
စီးပွားရေးပညာရှင်တွေ ဖြေကြဗျာ။
( အမေရိက၊ ဥရောပ၊ အာရှတိုက်က ) နိုင်ငံတိုင်း အကြွေးတင်နေတယ်ဆိုရင်၊ ရှိရှိသမျှပိုက်ဆံတွေ ဘယ်ရောက်ကုန်တာတုန်း တဲ့။ ဘာတွေမှန်း မသိဘူး။


ဒုန့် ဝေါရီး? ထောင်ဒဏ် ငါးနှစ်
လိမ်မပြောတဲ့လူတွေထဲမှာ မိုးလေဝသ ခန့်မှန်းသူတွေက နံပါတ်တစ်ပဲ။
" သူတို့က လိမ်မပြောဘူး၊ မှားတာပဲရှိတယ် " တဲ့ ။
နောက် တစ်ခုက
" မိုးလေဝသထက် ပိုကြောက်စရာ ကောင်းတာဆိုလို့ မိုးလေဝသခန့်မှန်းကြေငြာသူတွေပဲ ရှိတယ် " တဲ့။
ဒါ့ကြောင့် ထင်ပါရဲ့ အီတလီ တရားရုံးတစ်ခုက ငလျင် အကြီးအကျယ် လှုပ်ခါနီးမှာ ပြည်သူတွေကို " ဒုန့် ဝေါရီး " ပြောလို့ မိုးလေဝသခန့်မှန်းကြေငြာသူကို အရင်တပတ်က ထောင်ဒဏ် ငါးနှစ် ချလိုက်တယ်။


သတင်းနဲ့ မီဒီယာ
မီဒီယာက ယုံလို့ မရ၊ မယုံလို့ မရ။ တော်တော်ရေးတတ်ကြတယ်။
မနေ့ညက ကန်တဲ့ မန်ယူ အာဆင်နယ် ပွဲ အာဆင်နယ် ရှုံးနေတာက လ အတော်ကြာပြီ။ ဗန်ပါစီ မန်ယူ သွားခွင့်ပြုလိုက် ကတည်းက တဲ့။

လန်ဒန် အခြေစိုက် ရော့ဘ် ဟျုဂ်ျ ကလည်း အရေးကောင်းတယ်။ နယူးကာဆယ်နဲ့ လီဗာပူ တိုက်စစ်ခြင်း ယှဉ်ရင် လီဗာပူက သာတယ်။

နယူးကာဆယ် တိုက်စစ်မှူး ဒန်ဘာဘာ က ဂိုးသွင်းတတ်တယ်၊ ဂိုးသွင်းခွင့် ဖန်တီးပေးတတ်တယ်။ ဒါပဲ။
ဒါပေမယ့် လီဗာပူတိုက်စစ်မှူး လူးဝစ် ဆွာရက် က ဂိုးလည်သွင်းတတ်၊ ဂိုးသွင်းခွင့် လည်းဖန်တီးပေးတတ်၊ ဘောလုံးဆုံးသွားရင် လိုက်လည်း လုတယ်။

အဲ ... လိုအပ်ရင် ပါစပ်နဲ့လည်း ငုံ့ကိုက်တတ်တယ် တဲ့။

ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့် များ ( ၅ )

" စင်ကာပူမှာ အလကားသုံးလို့ရတာ အိမ်သာပဲရှိတယ် ကျန်တာတခုမှ free မရဘူး "
" တချို့ဈေးအိမ်တွေက၁၀ပြားပေးရတယ် "

ဘာမှ အလကား မရဘူးဆိုတာ တော်တော်များများ မှန်နိုင်ပါတယ်။ ( ထူးထူးခြားခြား သတင်းစာလေးတွေ တချို့ အလကား ဝေပါတယ် ) အိမ်သာတွေ အတွက် သိသိသာသာကြီး မပေးလိုက်ရဘူး ဆိုရင်တောင် ပုံစံတစ်မျိုးမျိုးနဲ့ ယူထားမယ်ထင်တယ်။ ဥပမာ ရထားဘူတာတွေလိုမှာပေါ့၊ ရထားစီးခထဲမှာ ထည့်တွက်ထားမယ်လို့ ထင်ပါတယ်။ လေယာဉ်ဆိပ်မှာတော့ ခရီးသွားသူ မဟုထ်ရင် အခွန်ရဖို့ လမ်းမမြင်ဘူး။

အိမ်သာရယ် ဆေးရုံဆေးခန်းတွေရယ်ဟာ ကျန်းမာရေး၊ လူမှုရေး ရှုဒေါင့်တွေအရ နံပါတ်တစ် ဖြစ်နေရမယ်လို့ တိုးတက်ပြီး နိုင်ငံကြီးတိုင်း ( အိန္ဒိယက လွဲရင် ) လက်ခံကျင့်သုံးကြပါတယ်။ စင်ကာပူတော့ နိုင်ငံကသေးတော့ သူများတွေထက်ပိုပြီး ဂရုစိုက်နိုင်တာပေါ့။


ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ခရီးသွားနဲ့ စီးပွားရှာမယ့် နိုင်ငံတိုင်း ဒီ စနစ်ရှိရပါမယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြားသားတိုင်း ဒီ ဒုက္ခကို ရင်ဆိုင်ကြရတယ်။ ကျန်တာတွေကောင်းတယ်၊ အဲဒါက တော်တော် စိတ်ညစ်စရာ လို့ ပြောကြတယ်။
အရေးကြုံလာရင် ပိုက်ဆံပေးရတာက ပြဿနာကြီးမဟုတ်လှပါဘူး။ ဒီ ပြဿနာ ဘယ်သွားရှင်းရမလဲ ဆိုတာ မသိရခြင်းကသာ ဇောချွေးပျံရတာပါ။ နှာခေါင်းပိတ်၊ အသက် မရှုရဲတဲ့ အိမ်သာထဲဝင်ဖို့ထက် ၁၀ ပြားပေးရတာက မဆိုးဘူးထင်ပါတယ်။

ပြီးတော့ ဆေးရုံဆေးခန်းတွေပါ။ မဖြစ်လို့ သွားရပေမယ့် မသွားချင်တဲ့ နောက်ထပ်နေရာတစ်ခုပေါ့။
စင်ကာပူ ဆေးရုံဆေးခန်းတွေရဲ့ ပေါ်လစီက စိတ်ကိုလည်းကု ရောဂါလည်းကု ပါ။ ကျနော်တို့နိုင်ငံက ဆရာဝန်တွေ၊ နာ့စ်တွေ ( တချိ့လို ) မျက်နှာထားကြီးတွေနဲ့ မကျန်းမာရှာတဲ့ လူနာကို မအော်ကြ မငေါက်ကြဘူး။ လူငယ်ဆရာဝန်တွေဆိုရင် ပိုပြီးတောင် ဖော်ရွေသေးတယ်။ စိတ် ချမ်းသာတယ်။ ဒါတွေကို အလကားတော့ မရဘူးပေါ့။ ဒါဟာ ခေတ်သစ် လူနေမှုစနစ်၊ ဝန်ဆောင်မှုစနစ်ပါ။ မှန်တယ်လို့လည်း ထင်ပါတယ်။

အလကား ရတာ မရတာ အပထား။ အိမ်သာနဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှု အဆင့်မရှိသေးရင် အဲဒီ လူ့ အဖွဲ့အစည်းလည်း သိပ်မစွံသေးပါဘူး။ ရှောင်လွှဲမရတဲ့ နေရာတွေမို့ပါ။

ဒါ့ကြောင့် လူတော်တွေ ဘယ်လောက်ရှိရှိ အိန္ဒိယ ဟာ ကမ္ဘာ့စံ နဲ့ ဝေးနေရတာပါ။ စိတ်ညစ်ညစ်နဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကြောင့် သွားနေရတဲ့ နေရာတွေမှာ အိန္ဒိယက နံပါတ် တစ် ပဲ။ မြန်မာက နံပါတ် နှစ် မဖြစ်သင့်ဘူး။ ဒါပေမယ့် အလကားတော့ ရပါရဲ့ ဆေးရုံတွေမှာ၊ ဘူတာရုံတွေမှာ၊ ဈေးတွေမှာ၊ အဝေးပြေးကားဂိတ်တွေမှာ အိမ်သာတွေက ညစ်ပတ်လွန်းတယ်။

ကမ္ဘာ့ခရီးသွား ထွန်းကားရင် အိမ်သာတွေသန့်ရှင်းဖို့ အဓိက လိုပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ စီးပွားရေးလို့တောင် ပြောလို့ရပါတယ်။ မရှိလို့ကတော့ တကယ် ဒုက္ခရောက်တဲ့ ကိစ္စပါ။


လေးစားလျက်
ဇင်ဝေသော် ( ကမ်းလက် )

ပဟေဠိ

ပထမလူ ။       ။ ဘုရားရှင်ရဲ့ လူ့ဥပဒေတွေဖြစ်တဲ့ ငါးပါးသီလတို့ ရှစ်ပါးသီလတို့ဆို ရှင်းနေတာပဲနော်။ ဖတ်လိုက်ရင် တန်းပြီး နားလည်တယ်။ မင်္ဂလသုတ်တို့ သိင်္ဂါလောဝါဒသုတ်တို့ဆိုလည်း လိုက်နာရမယ့် ဝတ္တရားတွေက ရှင်းနေတာပဲ။

ဒုတိယလူ။       ။ ဟုတ်တယ်ဗျ။ လူ့ဥပဒေတွေဖြစ်တဲ့ ငါးပါးသီလတို့ ရှစ်ပါးသီလတို့ ရှင်းနေတာက ဘုရားလက်ထက်က အကြံပေး ပညာရှင် အဖွဲ့ဆိုတာတွေ မရှိသေးလို့နေမှာ၊ သုတ္ထန်တွေ အဓိပ္ပါယ်ရှင်းနေတာကတော့ စပိခ်ျ ရိုက်တာတွေ ( Speech writer ) မပေါ်သေးလို့ထင်ပါတယ်။ ထားပါဗျာ၊ ဒီကိစ္စတွေမှာ ဉာဏ်မမီပါဘူး။


ဇင်ဝေသော်

*** ပါလီမန် လွှတ်တော်မှ ထုတ်ပြန် ကြေငြာချက် ***

၁ ။ လျှပ်စစ်မီးကိစ္စ
လျှပ်စစ်မီးများ ပျက်ခြင်းသည် အစိုးရနှင့် မဆိုင်၊ ထရန်စဖော်မာပုံး များနှင့်သာဆိုင်သည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ခဲ့သော် ထရန်စဖော်မာပုံး နှင့်အနီးဆုံးတွင်ရှိသော တာဝန်သိ ပြည်သူတစ်ယောက်ယောက်က ( မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ) ထရန်စဖော်မာပုံးကို ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ပေးရန်လိုအပ်ပါသည်။  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ဟူသည်  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်၊ တုတ် စသည်ဖြင့် မရိုက်ရဟု ဆိုလိုသည်။ ထိုသို့ ကန်လိုက်ခြင်းကြောင့် ခြေထောက်မှာ ဒဏ်ရာရသော် ဆေးဖိုးဝါးခ လိုအပ်သည်ထက် ပိုမတောင်းရန်  ထရန်စဖော်မာပုံးများ နှင့် နီးသော ဆေးရုံ ဆေးခန်းများကို အမိန့်စာ ထုတ်ပေးပြီးဖြစ်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလို။

၂ ။ လျှပ်စစ်ပစ္စည်းများ မသုံးစွဲရန်
လွှတ်တော်ပါလီမန်ထဲ၌ အရေးတကြီးကိစ္စများ ဆွေးနွေးရာ လွှတ်တော်ပါလီမန်အတွင်းရှိ နဗီဂိတ်တာများ၏ ဆစ်ဂနယ်များ ရောထွေးသွားနိုင်သဖြင့် ပြည်သူများ အနေနှင့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ အင်တာနက် စသည့် လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြရန် မေတ္တာရပ်ခံလိုက်သည်။ ထိုသို့သော အပြုအမူတို့ကြောင့် ပါလီမန်၏ ဆုံးဖြတ်ချက်များ နှောင့်နှေးစေနိုင်သည်ဟု မြန်မာ့ ပညာရှင်တို့ တွေ့ရှိခဲ့ရသည်။ မနေ့က သမ္မတရုံးသို့ ပို့လိုက်နိုင်သော ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေအတည်ပြုချက်သည် မီးဖြတ်ပြီး လျှပ်စစ်ပစ္စည်း သုံးစွဲမှု ရပ်တန့်လိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

၃ ။ စကားလုံးကြီးများ မသုံးစွဲရန်
နိုင်ငံတော်၏ ဒီမိုကရေစီသည် နုနု နယ်နယ်သာ ရှိသေးသည်။ ထို့ကြောင့် သုံးစွဲသူကိုယ်တိုင် မနိုင်မနင်း မ ယူနေရသည့် မဏ္ဍိုင် မဏ္ဍပ် မဟာဗျူဟာ စူဠဗျူဟာ စသောပါဠိသက် မြန်မာ ဝေါဟာရများ၊ ဟူးမင်းရိုက် ဟျူမီလီယေးရှင်းရိုက်၊ စထရက်ဒဂျီ ထရက်ဂျဒီ စသော အင်္ဂလိပ်  ဝေါဟာရများဖြင့် ပစ်ပေါက်၍ မကစားကြရန်၊ အထူးသဖြင့် သမ္မတကြီးကို မျက်ရည်ယိုစေသော ပေါက်တတ်ကရ မေးခွန်းများ မမေးကြရန်ဖြစ်သည်။ နိုင်ငံအတွက် မျက်ရည်ကျရသော ခေါင်းဆောင်များတွင် အေဗရာဟင် လင်ကွန်း၊ တိန်ရှောက်ဖိန်တို့မှအစ လီကွမ်းယု အထိပါဝင်ကြောင်းသိရသည်။ နောက်နောင် မျက်ရည်ယိုမေးခွန်း မေးပါက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် တားမြစ်မည်ဖြစ်သည်။

၎ ။ အလုပ်လက်မဲ့ ပြဿနာ

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ဤ  ပြဿနာကို စစ်အစိုးရ လက်ထက်ကတည်းက အမျှော်အမြင်ကြီးစွာ ဖြေရှင်းနိုင်ခဲ့သည်။ ဥပမာ ကားလမ်းများ ညီညွတ်နေလျှင် မိုးရွာအပြီး ရေများက သူ့ အလိုလို အောက်စီးသွားသဖြင့် မည်သူမှ အလုပ်မရနိုင်တော့။ ယခုမူ အမျှော်အမြင်ကြီးစွာ မညီအောင်လုပ်ထားသဖြင့် မိုးရွာအပြီး တံမြက်စည်းများဖြင့် လှဲကျင်းပေးရသည်။ ထို့ကြောင့် စည်ပင်သာယာ ဝန်ထမ်းများစွာကို အလုပ်ပေးထားနိုင်ခဲ့သည်။

ဤသို့သော စီးပွားရေး ပညာရှင်အချို့နှင့် ဖွဲ့စည်းထားသော အစိုးရကို ပိုင်ဆိုင်ထားသော မြန်မာပြည်သူများ အနေနှင့် ကံကောင်းသည်ဟု ဆိုနိုင်ပြီး ဉာဏ်ရှိသရွေ့တော့ ပြည်သူ့တာဝန်ကို  ဘယ်သူမှ မပေးဘဲ ကိုယ်ဘာသာကိုယ် လွှတ်တော်အမတ် ရာခိုင်နှုန်းများများ ယူပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု သံဓိဋ္ဌာန်ပြုကြသည် ။



ပုံ
အမိန့်အရ
ဦးကိုမောင်၊ အလယ်လွှတ်တော် အမတ် ( ကြီး )