မြွေ ဒိုင်ယာရီ


မြွေနှစ်က အနုပညာ၊ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုရပါ လိမ့်မယ်။ မြွေနှစ်မှာ မွေးဖွားတဲ့ ကမ္ဘာသိသူတချို့နဲ့ ကမ္ဘာ့ဖြစ်စဉ်တချို့ကို ကြည့်နိုင်ပါတယ်။

၁။ အေဗရာဟင် လင်ကွန်း၊ အမေရိကန် သမ္မတ။ ( ၁၈၀၉-၁၈၆၅ )
၂။ ဂျွန် အက်ဖ် ကနေဒီ၊ အမေရိကန် သမ္မတ။ (၁၉၁၇-၁၉၆၃ )
၃။ မော်စီတုံး၊ တရုတ် ကွန်မြူနစ်ခေါင်းဆောင်။ ( ၁၈၉၃-၁၉၇၆ )
၎ ။ ရှီ ကျင်းပိုင်၊ လက်ရှိ တရုတ် ကွန်မြူနစ်ခေါင်းဆောင်။ ( ၁၉၅၃- )
၅ ။ ကိုရီးယား ဂန်းနန်းစတိုင် ရပ်ပါ ပီအက်စ်ဝိုင်နဲ့ ( ၁၉၇၇- )
၆။ ရုပ်ရှင်မင်းသမီး အော်ဒရီကဟ်ပ်ဘန်း တို့လည်း (၁၉၂၉-၁၉၉၃) မြွေတွေပါ။

ကမ္ဘာ့ဖြစ်စဉ်တချို့

၁၉၅၃
၁။ အက်ဒမန် ဟီလာရီနဲ့ တန်ဇင် နော်ဂေးတို့ အေဝရက်တောင်ပေါ် ခြေခြနိုင်။
၂။ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင် သေဆုံး။

၁၉၆၅
၁။ ပထမဆုံး အမေရိကန်စစ်သားများ ဗီယက်နမ်မြေပေါ်ရောက်။
၂။ စင်္ကာပူ လွတ်လပ်ရေးရရှိ။

၁၉၇၇
၁။ တိန့်ရှောင့်ဖိန် အာဏာပြန်ရ။
၂။ တစ်ကမ္ဘာလုံး ကျောက်ရောဂါ ပပြောက်ခဲ့။

၁၉၈၉
၁။ တရုတ်ပြည် ဒီမိုကရေစီရရှိရေး ဆန္ဒပြတောင်းဆိုမှုဖြစ်။ အသက်ပေါင်းများစွာ စတေးခဲ့ရ။ ( Tiananmen Square Revolution )
၂။ ဘာလင် တံတိုင်းကြီးပြိုကျခဲ့။

၂၀၀၁
၁။ အမေရိကရှိ ဝေါထရိတ်စင်တာနဲ့ ပင်တဂွန်ကို အကြမ်းဖက်သမားတို့ ဝင်ရောက်တိုက်ခိုက်၊ လူပေါင်း သုံးထောင်ကျော်သေဆုံး။
၂။ အမေရိကန်တို့က အရှေ့အလယ်ပိုင်းကို ဝင်ရောက်သိမ်းပိုက်။

၂၀၁၃ ??

Source: Daily mail.co.UK..AFP


ဇင်ဝေသော်

“ထား”


“ထား” ဆိုတာ သူမနာမည် မဟုတ်သလို “ထား” လို့ ခေါ်တယ်ဆိုတာကို လည်း သူမကိုယ်တိုင်ကတောင် မသိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်စုံတရာကို ထားခဲ့ရမယ်ဆိုတာ သေချာသွားလို့ သူမကို “ထား” လို့ စိတ်ထဲမှာ ခေါ်လိုက်မိတာပါ။ ထားက အသားညိုတယ်၊ မျက်နှာချိုတယ်၊ စိတ်ရင်း ဖြူတယ်၊ တိုင်းရင်းသားလေသံ နည်းနည်း ဝဲတယ်။ နယ်က၊ ရွာလေး တစ်ရွာကပါ။

သူမနဲ့ လုပ်ဖော်ကိုင်ဖက် အမကြီးတစ်ယောက်နဲ့ ဆက်စပ်ပြီး ထားကိုကျနော် သိခဲ့ရတာ။ သူမ စင်္ကာပူကို ရောက်လာခဲ့ရတာက လူအိုရုံမှာ သူနာပြုအကူ (နာ့စ်) တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ ကိုယ်ရေး ကိုယ်တာ သိပ်ဆန်သွားမှာစိုးလို့ လစာကို မမေးမိပေမဲ့ စင်္ကာပူဒေါ်လာ လေး ရာနဲ့ ငါးရာကြားမှာ ဖြစ်လိမ့်မယ်လို့တော့ အကြမ်းဖျင်း တွက်ဆလို့ ရပါ တယ် ။ နေစရိတ်နဲ့ စားစရိတ်က အလုပ်ရှင်က တာဝန်ယူထားတာရယ်၊ အပြင် ထွက်ခွင့် သိပ်မရတာရယ်၊ ကွန်ပျူတာ အင်တာနက် သုံးခွင့် မရတာ ရယ်ကြောင့် သူမရတဲ့ လစာလေးထဲကနေ ယိုဖိတ်စရာ အပေါက်တော့ သိပ် မရှိနိုင်ပါဘူး။

သူမ စိတ်လိုလက်ရ ရှိတုန်း ပြောပြလို့ သူမအကြောင်း သိလိုက်ရတာက သူမမှာ (၆၅) နှစ် ကျော်နေပြီး ဖြစ်တဲ့ မိဘနှစ်ပါးလုံး ရှိသေးတယ်။ အမကြီး တစ်ယောက် ရှိတယ်။ သူမ အမကြီးကတော့ သူ့အိမ်ထောင်နဲ့ ကလေးနှစ်ယောက်နဲ့။ မိဘကို လုပ်ကျွေးခွင့်ရအောင် စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်တည်း ထွက်လာခဲ့တာ။ ဒါပါပဲ။ အဲ … သူမရတဲ့ လစာလေးထဲ ကနေ တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပုံမှန် ပို့ပေးတယ်။

သူမ ပြောပြတာက ဒါအကုန်ပေမဲ့ ကျနော့်အတွေးက ကုန်မသွားခဲ့ဘူး။ မိဘတွေကို ထောက်ပံ့ဖို့ ထွက်လာခဲ့တော့ မိဘတွေကို ပြုစုခွင့် သူမ လက် လွှတ်ခဲ့ရတယ်။ သူမက လူအိုရုံမှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေ ရချိန်မှာ သူမရဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ဘယ်သူက စောင့်ရှောက်နေ မလဲ။ သမီးကြီးကလည်း သူ့အိမ်ထောင်နဲ့သူ၊ သူ့ကလေး နှစ်ယောက်နဲ့သူ၊ မိဘနှစ်ပါးအတွက် အချိန်ပေးနိုင်မယ် မဟုတ်ဘူး။ ဒါဆိုရင်တော့ ဒီ ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် ဖေးမ ရင်း စောင့်ရှောက်လို့ ပဲ နေကြရလိမ့်မယ်။
ဒါဟာ သူမကို “ထား” လို့ ခေါ်မိခြင်းရဲ့ ပထမ အကြောင်းတရားပါ။
တစ်လကို ဒေါ်လာနှစ်ရာ ထောက်ပံ့နိုင်ဖို့ ကိုယ်ပိုင် မိဘတွေကို “ထား” ခဲ့ရပြီး ကိုယ့်မိဘ မဟုတ်တဲ့ သူစိမ်းတစ်ရံ သက်ကြီးရွယ်အိုတွေကို ရပ်ဝေးမြေခြား လာပြီး စောင့်ရှောက်နေရလို့ ထားလို့ ခေါ်မိတာပါ။

ဒီအသက်၊ ဒီအရွယ်ဆိုတော့ ချစ်သူတွေ ဘာတွေလည်း သူမမှာ ရှိနေနိုင် ပြီပေါ့။ စင်္ကာပူကို အရဲစွန့်ပြီး တစ်ယောက်ထဲ ထွက်လာခဲ့တဲ့ မိန်းကလေး တစ်ယောက်မှာ ချစ်သူနဲ့ တစ်ချိန်ချိန်မှာ အတူတူ နေရဖို့ဆိုတဲ့ အိပ်မက်ကို လည်း ထားခဲ့ရမှာပေါ့။ ဒါဆို သူမနာမည်က “ထား” ဆိုတာထက် “ထားထား” လို့တောင် ခေါ်ဖို့ သင့်နေပြန်ပါပြီ။
တစ်လကို ဒေါ်လာနှစ်ရာ မိဘတွေဆီ ပို့ပေးတယ်ဆိုရင် ကျန်တဲ့ ဒေါ်လာနှစ် ရာလောက်ကို သူမချစ်သူနဲ့ နီးစပ်ဖို့ ကြိတ်ပြီးတော့များ စုစောင်းနေရှာမလား။ စတင် တွေ့ရှိချိန်ကစလို့ ချစ်စရာ၊ ခင်စရာကောင်းတဲ့ ထားနဲ့ ပတ်သက်လို့ ဖြူ စင်စွာ တွေးကြည့်ခဲ့မိပါတယ်။

ကျနော်သိတဲ့ “ထား” ဟာ စိုင်းထီးဆိုင် သီချင်းထဲက ထားမဟုတ်သလို တစ်ပြည်သူ မရွှေထားထဲက ထားလည်း မဟုတ်ရှာဘူး။ သက်ကြီးရွယ်အိုတွေကို ပြုစုရတာဟာ ကုသိုလ်ရတဲ့ အလုပ်လို့ ဗုဒ္ဓဘာသာ ဝင်ပီပီ နှလုံးသွင်းထားမှာ ဖြစ်သလို ကိုယ့်မိဘတွေကို ပြုစုခွင့်နဲ့ အကြောင်း မလှစွာ လွဲချော်နေရတာကိုလည်း သူမ ကြိတ်ပြီး ကြေကွဲနေရှာမှာပါ။

ကျနော်သိတဲ့ “ထား” လို ထားတွေ စင်္ကာပူမှာ ဘယ်နှစ်ယောက်များ ရှိနေ မလဲ???

အရင်တစ်ပတ်ကပဲ ထားနဲ့တွေ့တော့ သူ ရွာပြန်တော့မယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။
“ဘာ ဖြစ်လို့လဲ၊ ဒီမှာ အဆင်မပြေလို့လား”
“မဟုတ်ပါဘူး။အဆင်ပြေပါတယ်။အရင်တုန်းက အေးဂျင့်ကို ပေးစရာတွေကလည်း မကျေသေးတော့ ဒါတွေကျေအောင် ကြိတ်မှိတ်ပြီး လုပ်နေရတာပေါ့။ အခုတော့ ကျေသွားပါပြီ။ စိတ်လည်း ပေါ့သွားတယ်။ ဒေါ်လာလေး သုံးလေးရာနဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို စောင့်ရှောက်သူ မရှိဘဲ ပစ် ထားခဲ့ရတာကို စိတ်လည်း မကောင်းပါဘူး။ ရှိတဲ့ပိုက်ဆံလေးနဲ့ ရင်းနှီး စားသောက်ပြီး မိဘတွေနားမှာပဲ နေသင့်တယ် ထင်လို့ ပြန်မယ်လို့ ဆုံးဖြတ် လိုက်တာပါ”

စိတ်ထင်မှ ပြောတတ်တဲ့ ထားဟာ ဒီတစ်ခါတော့ ရှည်ရှည်မျောမျောကို ရှင်းပြရှာတယ်။
ဒီတစ်ခါတော့ “ထား” ဟာ ကျနော်နဲ့အတူ စင်္ကာပူကိုပါ ထားခဲ့ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။ ကျနော်ကတော့ ထားအတွက်၊ ထားမိဘနှစ်ပါးအတွက်၊ အကယ်၍ စောင့်နေသူ ရှိခဲ့ရင် ထားချစ်သူအတွက် ဝမ်းသာမိပါတယ်။
အဲ သူမ “ထား” ခဲ့သမျှတွေထဲမှာ ဒီတစ်ခါ ထားခဲ့ခြင်းဟာ ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့လည်း တွေးနေမိတယ်။ မှန်ချင်မှတော့ မှန်မှာပေါ့။ ထားခဲ့ပါ ထားရယ်။ ထားခဲ့ရမယ့် အရာအားလုံးဟာ ထားကို ထားခဲ့ရမှာပဲ မဟုတ်လား။

အထားခံရတဲ့ ကျနော်က ဝမ်းသာမိသလိုမျိုး နောက် အထားခံလိုက်ရတဲ့ စင်္ကာပူကရော ဝမ်းသာနိုင်မလား။ ဒီကိစ္စကို သေသေချာချာ မသိဘူး။ စင်္ကာပူက “ထား” တို့လို မိန်းကလေးတွေကို တကယ် ထားချင်ပါတယ်။
ဘာလို့လဲ သိလား။
သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို ထားတို့က လာလုပ်ပေးနေလို့ပဲပေါ့။ သူမကို ထားချင်တဲ့ စင်္ကာပူကို ထားခဲ့ပြီး “ထား” တစ်ယောက် ပြန်သွားခဲ့ တယ်။

မိတ်ဆွေအပေါင်းအသင်းတွေ လာလို့၊ ပြန်လို့ အကြိုအပို့ မလုပ်တတ်တဲ့ ကျနော်ဟာ ထားပြန်တဲ့နေ့က ချန်ဂီလေဆိပ်ကို လိုက်ပို့လိုက်မိတယ်။ “ထား” ပြီး ပြန်သွားတဲ့ “ထား” ကို ဂုဏ်ပြုဖို့ပါ။
အဲဒါ အဖြူထည် ရင်းနှီးလိုက်ရတဲ့ ကျနော်သိတဲ့ “ထား” ပါပဲ။
“ထား” မှ ရယ်လို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ အားလုံးလည်း ထားခဲ့ရမှာ မှန်သမျှကို ထားခဲ့ကြရဦးမှာပဲ မဟုတ်လား။
ဒါပေမဲ့ အဲဒီနေ့က ချန်ဂီလေဆိပ်မှာ တမာရနံ့လိုလို ဘာလိုလို ရနံ့ တစ်ခု တောင် ခပ်သင်းသင်းရလိုက်မိတယ်။


ဇင်ဝေသော်

ကြွက်ကိုနိုင်တဲ့နည်း


ကြွက်ကို နိုင်တဲ့နည်းက ကြောင်မဟုတ်သလို မြွေလည်း မဟုတ်ပါ။မြို့တော် ခန်းမရယ်၊ ကုန်စုံဆိုင်ရယ်၊ ချပ်ကျောင်းရယ်မှာ ကြွက်တွေ တော်တော်ေ သာင်းကြမ်းနေတယ်။ ဘာကြောင့်ကြွက်တွေ ဒီနေရာတွမှာ ပေါနေတာ လည်းဆိုတာတော့ မသိရပါ။

မြို့တော်ခန်းမကတော့ ကြွက်နှိမ်းနင်းရေး အနေနဲ့ ကြောင်တွေကို မွေးထား လိုက်တယ်။ အစပိုင်းမှာ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းကျ ကြွက်မခုတ်တော့တဲ့ အပြင် သူတို့ မစင်တွေကပါ ဒုက္ခထပ်ပေးနေလို့ ကြောင်တွေကိုမောင်းထုတ် လိုက်ရတယ်။ ကြောင်မရှိတော့ ကြွက်တွေက အရင်ကအတိုင်းပဲ ပြန် လည်သောင်းကြမ်းနေကြပြန်တယ်။

ကုန်စုံဆိုင်ကတော့ လူတွေကိုယ်တိုင် ထောင်ချောက်ဆင်ဖမ်းပြီး နှိမ်းနင်း တယ်။ မရပါဘူး။ ကြွက်ကောင်ရေက ဆတိုးတက်လာသလားတောင်ထင် ရတယ်။ ဒါနဲ့ လက်လျှော့လိုက်တော့ ကြွက်တွေက အရင်ကအတိုင်း ပဲ ပြန်ဖြစ်လာတယ်။

ချပ်ကျောင်းကတော့ ရှိရှိသမျှ ကြွက်တွေကို ခရစ်ယန်တွေဖြစ်အောင် အား ကြိုးမာန်တက် စည်ရုံးလိုက်ကြတယ်။ သူတို့အလုပ်ဖြစ်သွားတယ်။ ခရစ်ယန်ဖြစ်သွားတဲ့ ကြွက်တွေဟာ တစ်နှစ်မှာ နှစ်ကြိမ်ပဲ ချပ်ကျောင်း ထဲ ပြန်လာကြတော့တယ်။
အဲဒါ အီစတာပွဲတော်နေ့နဲ့ ခရစ္စမတ်နေ့ပဲ။ ကျန်တဲ့နေ့တွေမှာဆို ကြည့်ချင် လို့တောင် မမြင်ရတော့ဘူး တဲ့။

Ref: R.D, Dec, 2009


ဇင်ဝေသော်

မြွေနှစ်သစ်ကူးနှင့် ခန္ဒသုတ်


ဤကျောင်းမှာ နှစ်စဉ် တရုတ် နှစ်သစ်ကူးနေ့တိုင်း ည ၁၂ နာရီမှစတင်ကာ မဟာသမယသုတ်နှင့် မေတ္တသုတ်ကို ရဟန်းတွေရော လူများပါ စုပေါင်းပြီး ရွတ်ဖတ်ပူဇော်ကြသည့် အစဉ်အလာရှိခဲ့သည်။ ပျံတော်မူသွားခဲ့သည့် သီရိ လင်္ကာဆရာတော်ကြီး ချမှတ်ပေးထားခဲ့သည့် အဓိပ္ပါယ် ပြည့်ဝသော နှစ် သစ်ကြိုဆိုမှုတစ်ခုလည်းဖြစ်သည်။

ယခုနှစ်က မြွေနှစ်ဟု သိရသည်။ သူ့နေ့နှင့်သက်ဆိုင်ရာ သုတ်တော်များကို လပြည့်နေတိုင်း ရွေးချယ်ရွတ်ဖတ်ပူဇော်ကြရာ မြွေနှင့်ဆိုင်သော သုတ္တန်ရော မရှိဘူးလား မေးလာသဖြင့် ခန္ဒသုတ်ကို ညွှန်းဆိုလိုက်ရသည်။ ထို့ကြောင့် သူတို့ နှစ်သစ်ကူးချိန် ယနေ့ည၌ မဟာသမယသုတ်၊ မေတ္တသုတ်တို့အပြင် ခန္ဒသုတ်ကိုပါ ပေါင်းထည့် ရွတ်ဖတ်ပူဇော်ကြမည်။

မြွေဟုဆိုသဖြင့် ခန္ဒသုတ်နှင့် အဆင်ပြေသွားသည်။ အခြား ကြက်၊ဝက်၊ ဆိတ် စသော နှစ်များဆိုလျင် ဘယ်လိုလုပ်ရပါ့မလဲ ဟု စဉ်းစားမိသေးသည်။
သေသေချာချာ စဉ်းစားလိုက်မှ ခန္ဒသုတ်ဟူသည် မြွေသာ မောင်ပိုင်စီးလို့ရ သည့် အိတ်ကလူးစစ်သုတ် မဟုတ်။
အခြေမပါသော သတ္တဝါ၊ အခြေနှစ်ခြောင်းပါသော သတ္တဝါ၊ ၊ အခြေလေးခြောင်းပါသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါဟု ဆိုထားသည်။ တကယ်ဆို ဘယ်သတ္တဝါပဲ လာလာ ခန္ဒသုတ်သုတ်နှင့် အလုပ်ဖြစ်သည်။

ခန္ဒသုတ်သုတ်၌ မလာသည်က အခြေသုံးခြောင်းပါသော သတ္တဝါသာဖြစ် သည်။ အခြေသုံးခြောင်းပါသော သတ္တဝါလည်း တရုတ်နှစ်များတွင် မရှိလောက်ဟု တွေးမိကာ စိတ်သက်သာရာတော့ ရလိုက်မိ၏။

တရုတ်မျိုးနွယ် စာဖတ်သူတိုင်အတွက် ပျော်ရွှင်သော နှစ်သစ်ဖြစ်ကြပါစေဟု ဆုတောင်းပေးပါ၏။



သီဟနာဒ

အရေးတကြီးပြဿနာ သုံးခု


1 ) " ing " နဲ့ ရေးထားရင် ပြုလုပ်ဆဲ၊ ဖြစ်ဆဲလို့ အဓိပ္ပါယ်ရတယ် တဲ့။ " building " ကို ဘယ်လိုပြောမလဲ။ ဆောက်ပြီးလို့ အိမ်ဖြစ်နေတာတောင် " ing " မပျောက်သေးဘူး။

2 ) မျက်နှာသုတ် တဘက်ကိုယ်တိုင်က လျှော်ဖို့လိုအပ်တယ်ဆိုရင် အဲဒီတဘက်မလျှော်ခင်က သုတ်ထားတဲ့မျက်နှာကရော ဘယ်လောက် သန့်နိုင်မှာတဲ့လဲ။

3 ) Why do they call it a shipment when it goes in a car,
but cargo when it goes in a ship?
( R.D, June 1923 )


ဇင်ဝေသော်

လွယ်လွယ်ပြော ရသားနဲ့ ( အင်္ဂလိပ် ဝေါဟာရများ ) နှစ်


လွယ်လွယ်ပြော ရသားနဲ့ဆိုပေမဲ့သတင်းကိုသတင်းလိုပဲရေးတတ်ကြ ပြီး ဆောင်းပါးတွေကိုတော့ ဆောင်းပါးဟန်နဲ့ပဲ ရေးကြရပါတယ်။
သတင်းက လူတန်းစားအစုံကိုရည်စူးပြီးရေးတော့ လွယ်နေ တတ်ပြီး ဆောင်း ပါးတွေကတော့ ပိုခက်တာပေါ့။ အီဒီယံက အီဒီယံအဘိဓာန်မှာ ရှာလို့ရပေမဲ့ တချို့ ဝေါဟာရတွေက အီဒီယံကမဟုတ်တော့ မသိရင်ဒုက္ခတော်တော် ဒုက္ခပေးပါတယ်။
ဒါ့ကြောင့် သူတို့ထုတ်ပေးထားတဲ့ နောက်ထပ် အသုံးများ ဝေါဟာရဆယ်ခုကို ထပ်တင်ပေးလိုက်ပါတယ်။

ဒါကို မဖတ်ခင် စာမျက်နှာပေါ်က မိတ်ဆွေ တစ်ယောက်ရဲ့ဖေ့စ်ဘုတ်ကနေ ယူပြီး တင်ပေးလိုက်တဲ့ မြန်မာစာကြောင်း တစ်ကြောင်းကို အချိန်ရရင် အဓိပ္ပါယ် ပြန်ကြည့်ကြပါဦး။

Lk Wt မှ ယူထားပါသည်

" မြန်မာစာကို မြန်မာ ဖတ်ပြီး မြန်မာ မူးသွားတယ်။ ဘာလို့ အဲ့လိုမျိုးကြီး နားလည်ရခက်အောင်ရေးတာလဲ မသိဘူး။ @-@"

>>> သစ္စာရှိမှုဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အရှင်သခင် တစ်ဦး အပေါ်၌ အလုပ်အကျွေးပြုခြင်းဟု အနက် အဓိပ္ပါယ်ကောက်ယူပါက အဆိုးအကောင်းသိတတ်သည့် မိမိ၏ စိတ်နှင့် မဆန့်ကျင်သော အရာတစ်ခု ကို သစ္စာရှိစွာ လုပ်ပေးရမည်ဟူသော အယူအဆနှင့် ဆန့်ကျင်မှု အပေါ်၌ အလေးအနက် မထားကြပေ။ <<
အဓိပ္ပါယ် ပြန်လို့ ရကြပါပြီလား။ ရပြီဆိုရင်တော့ ထပ်မူးကြတာပေါ့။

လွယ်လွယ်ပြော ရသားနဲ့ ဝေါဟာရ ဆယ်လုံး

1 ) we must=it is imperative that we
2 ) requires=is highly dependent on
3 ) offers=is at the forefront of providing
4 ) organizes=brought about the organization of
5 ) speed=significantly expedite the process of
6 ) then=at which time
7 ) ultimately=in the final analysis
8 ) works=is committed to
9 ) works=is focus on
10 )when=at such time



ဇင်ဝေသော် 

ကမ္ဘာ့ငွေကြေးပြဿနာ တရားခံ


ဂလိုဘယ်သတင်းဆိုတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာ့ငွေကြေးပြဿနာရဲ့ အဓိကလက်သည်က အမေရိကနဲ့ ဝေါစထရိတ် စတာတွေ မဟုတ်နိုင်သလို ဥရောပနဲ့ သူတို့ စင်ထရယ်ဘဏ် စတာတွေ လည်း မဟုတ်နိုင်ပြန်ပါဘူး။
အဲဒီ ပြဿနာက ဇင်ဘာဘွေမှာ စတာပါ။ ဇင်ဘာဘွေနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးက နိုင်ငံတော် ဘဏ္ဍာဆိုလို့ အမေရိကန် ၂၁၇ ဒေါ်လာပဲ ဘဏ်ထဲမှာ ကျန်တော့တယ်လို့ မီဒီယာကို အသိပေးခဲ့ကြောင်း သိရပါတယ်။

အဲဒီကနေ တဆင့် ငွေစက္ကူတွေ ဘယ်ရောက်ကုန်သလဲလို့ သဲလွန်စ ရှာဖွေ ရာက တဆင့် တရားခံအကြောင်းတရား ( ဆော့ဇက်စ် ) ကို အိမ်သာက သတိပေးဆိုင်းဘုတ်မှာတွေ့ရတာပါ။ ကမ္ဘာ့ငွေကြေးတွေ ဘယ်ရောက် ကုန် တယ်ဆိုတာ တိတိကျကျ ပြောဖို့ခက်သေးပေမဲ့ ဇင်ဘာဘွေ ဒေါ်လာတွေ ဘယ်ရောက်ကုန်တယ်ဆိုတာကိုတော့ အောက်ကဆိုင်းဘုတ်ထဲမှာ သဲလွန်စ တွေ့နိုင်ပါတယ်။


 ဇင်ဝေသော်

အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၏ တတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ


အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၏ Website နှင့် Facebook တို့တွင်ကြည့်ရှုနိုင်ပါသည်။

Website : www.abhidhammafoundation.org
Facebook : www.facebook.com/abhidhammasociety


 ကမ်းလက် 

ခေတ်သစ် ဆန်ရေ


မီလျံနာသူဌေးကြီး လေယာဉ်စက်ပျက်ကျလို့ သေဆုံးသွားတော့ ကျန်ရစ်တဲ့ သားသုံးယောက်မှာ အမွေတွေ အများကြီး ခွဲဝေရရှိလိုက်ကြတယ်။ ကျေးဇူး ကြီးမားလှတဲ့ ဖခင်ကြီးရဲ့ ဆန္ဒအတွက် ငွေဘယ်လောက်ပဲ ကုန်ကုန် ကု သိုလ်ကောင်းမှုတွေ ပြုလုပ်ကြမယ်လို့လည်း သူတို့က သံဓိဋ္ဌာန်ချလိုက်ကြ တယ်။
ခက်တာက ဘာလုပ်ကြမလဲ ဆိုတဲ့ အဖြေကို မရနိုင်ကြတာ။ ဒါနဲ့ သူတို့ ဇနီးတွေနဲ့ တိုင်ပင်ကြတယ်။ သူတို့ဇနီးတွေ ထညီတညွတ်တည်း ပေးတဲ့ အကြံဉာဏ်က ငြင်းလို့မရအောင် ကောင်းလွန်းတော့ သူတို့ အကြံပေးတဲ့ အတိုင်းပဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"ရှင်တို့ဖခင်ကြီးရဲ့ နောက်ဆုံးဆန္ဒက လေယာဉ်စက်ပျက်နေချိန်မှာ လေထီးလေးတစ်ချောင်းလောက်ရှိရင် ကောင်းမှာပဲ ဆိုတဲ့ ဆန္ဒပဲဖြစ်မယ်။ ရှင်တို့အဖေကို တကယ်ချစ်ရင် သူ့ ရုပ်အလောင်းကို မီးသဂြိင်္ုတဲ့ အခါ လေ ထီးတစ်ချောင်းစီ ထည့်ပေးလိုက်ကြပါ။ ဒါမှ ရှင်တို့ အဖေကိုကျေးဇူးဆပ် ရာရောက်မယ် " တဲ့။

Ref: R.D, Sep,2012


 ဇင်ဝေသော်

ရွှေပြည်တော် မျှော်လေတိုင်းဝေး


( ပုံပြင် တစ် )

ကျွန်တော်တို့ဝင်းထဲမှာ ညနေပိုင်း သန့်ရှင်းရေးလာလုပ်တဲ့ အိန္ဒိယန်း တစ်ယောက် ရှိတယ်။ သူ့နာမည်ကိုတော့ အဲလက်(စ်)လို့ အလွယ်တကူ မှတ်ထားလိုက်ရတယ်။ သန့်ရှင်းရေးလုပ်၊ ပန်းပင်တွေကို ရေလောင်း၊ အလုပ်ချိန် တစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ သူ့ကို ပေးတဲ့လစာက တစ်လကို စင်္ကာပူဒေါ်လာ (၅၀၀) ပါ။

သူ့အကြောင်းကို စိတ်ဝင်စားလို့ နည်းနည်းပါးပါး မေးကြည့်တော့ သူ့မှာ တစ်ခြား အချိန်ပိုင်း အလုပ်နှစ်ခု ရှိတယ်။ ဒေါ်လာ (၈၀၀) နဲ့ (၅၀၀) စီ ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူ့လစာဟာ (၁၈၀၀) ဖြစ်သွားတယ်။ သူပြောတဲ့စကားအရ သူ့မှာ အိမ်ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ်။ သူ စင်္ကာပူကို လာပြီး အလုပ်လုပ်တဲ့ ရည်ရွယ်ချက်က ဒေါ်လာ (၂၀၀၀၀) စုမိဖို့ပါတဲ့။

ဒေါ်လာနှစ်သောင်းရှိရင် ဘာလုပ်မှာလဲဆိုတော့ အိန္ဒိယကို ပြန်မယ်၊ ကိုယ်ပိုင် ဈေးဆိုင်ဖွင့်မယ်။ အဲ့ဒါဆို အိန္ဒိယမှာ ငါကိုယ်တိုင် ဘော့စ် တစ်ယောက် ဖြစ်သွားပြီလို့ သူ့စိတ်ကူးကို ပြောပြပါတယ်။ တရုတ်လိုရှာ၊ ကုလားလိုစုဆိုတဲ့ မြန်မာစကားက တော်တော်မှန်တယ်။ သူသိပ်ကြိုက်တဲ့ ကြက်သားဒန်ပေါက် ထမင်းကိုတောင် တစ်လကို တစ်ကြိမ်ပဲ စားတယ်။ စားတဲ့နေ့က သူလစာ ထုတ်တဲ့နေ့ပါ။ ကြက်သား ဒန်ပေါက်တစ်ပွဲကို ငါးဒေါ်လာပေးရပါတယ်။

ဒီမှာ သူအလုပ်လုပ်တာ သုံးနှစ်လောက်တော့ ရှိပြီ ထင်တာပဲ။ ပြီးခဲ့တဲ့ လ ကတော့ သူရောက်လာပြီး သူ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ သူ့နာမည်က ရာဇူးတဲ့။ သူလုပ်နေတဲ့ အလုပ်တွေကို ရာဇူးက ဆက်ပြီး လုပ်တော့မယ်။ သူကတော့ အိန္ဒိယကို အပြီး ပြန်တော့မှာ ဆိုပြီး နှုတ်ဆက် သွားပါတယ်။ မင်း ဒေါ်လာနှစ်သောင်း ရပြီလားဆိုတော့ သူက လက်မထောင်ပြတယ်။ သူ့အတွက် ဝမ်းသာရပါတယ်။ သူ့နိုင်ငံ၊ သူ့ဇနီးနဲ့ သူ့သမီးလေးဆီ သူ ပြန်လို့ ရသွားပြီ။ သူ စိတ်ကူးသလို ဖြစ်ခဲ့ရင် သူကိုယ် တိုင် ဘော့စ်တစ်ယောက် ဖြစ်သွားပြီ။ ပြောဖို့ ကျန်နေတာက သူက ဗာရာဏ သီကပါ။ ဆင်းရဲတဲ့ဒေသတစ်ခုပေါ့။ ဒါ့ကြောင့် ဒေါ်လာနှစ်သောင်းနဲ့ ရင်းနှီး စားသောက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ကျွန်တော် စိတ်ဝင်စားမိတာက သူ ဘယ်လိုစုစောင်းသွားသလဲဆိုတာ ပါဝင်သလို ဈေးကြီးလှပါတယ်ဆိုတဲ့ စင်္ကာပူရဲ့ အခြေခံစားဝတ်နေရေး စရိတ်တွေလည်း ပါပါတယ်။ တကယ်တမ်း တွက်ကြည့်ရင် နေစရာ အိမ်ခန်း ကလွဲရင် စင်္ကာပူရဲ့ အခြေခံ စရိတ်ဟာ မဖြုန်းတဲ့သူအဖို့ ဈေးမကြီးလှပါဘူး။ ဝင်ငွေနဲ့ တိုင်းတာကြည့်ရင် ဈေးချိုတယ်လို့တောင် ပြောလို့ ရပါတယ်။

တစ်လကို ဒေါ်လာ (၁၈၀၀) ရတဲ့ အဲလက်(စ်)ရဲ့ တစ်နေ့ဝင်ငွေဟာ ဒေါ်လာ (၆၀) ပါပဲ။ စားစရိတ်အတွက် ညမနက် ကြက်သားဒန်ပေါက် စားမယ်ဆို ရင်တောင် (၁၀) ဒေါ်လာပဲ ကုန်သေးတယ်။ ဝတ်ဖို့ဆိုတာကလည်း မော်ဒယ် ကျသွားတဲ့ ဂျော်ဒါနိုးတို့ ဘာတို့ကို ဝယ်ဝတ်ရင် (၅) ဒေါ်လာ၊ ဂျင်းဘောင်းဘီ ဆိုရင်လည်း ဒေါ်လာ (၂၀)၊ (၃၀)လောက်နဲ့ ရနိုင်တယ်။ နေရေး အတွက်တော့ စဉ်းစားရပါလိမ့်မယ်။ ငှါးထားတဲ့အိမ်ခန်းမှာ မိတ်ဆွေတွေ နဲ့ ပေါင်းပြီးနေမယ်ဆိုရင်တောင် တစ်လကို (၃၀၀) နဲ့ (၅၀၀) ကြားထဲမှာ ရှိပါလိမ့်မယ်။ ဆိုပါတော့ တစ်ရက်ကို နေခအတွက် (၁၅) ဒေါ်လာ။ မဖြစ်မနေ ကုန်နိုင်သေးတာက ဖုန်းခ၊ တစ်လကို အိန္ဒိယန်းတစ်ယောက် က ဒေါ်လာ (၂၀) ထက်ပိုပြီး အကုန်ခံမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ခရီးသွားလာစရိတ်က သူ့နေရာနဲ့ သိပ်မဝေးလှတော့ MRT စီးရင် အသွားအပြန် (၁) ဒေါ်လာစီ၊ (၂) ဒေါ်လာလောက်နဲ့ အဆင်ပြေနိုင်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးကောင်းတယ်ဆိုရင် တစ်နေ့တာ သူ့ ကုန် ကျငွေဟာ ဒေါ်လာအစိတ် ကျော်ကျော်လေးပဲ ရှိသေးတယ်။ ဒီတော့ တစ်နေ့ ကို ဒေါ်လာ (၃၀)နဲ့ (၄၀) ဝန်းကျင် စုလို့ ရနိုင်တယ်။ ဒါဆိုရင် တစ်လကို ဒေါ် လာ (၁၀၀၀) လောက် သူ စုလို့ ရနိုင်တယ်လို့ တွက်လို့ ရတယ်။ ဒါ့ကြောင်းလည်း သူမှန်းထားတဲ့ ဒေါ်လာ (၂၀၀၀၀) ပြည့်သွားတာပေါ့။

လက်ဖွာတဲ့ လူချမ်းသာတွေအတွက် ပစ္စည်းတွေက ဈေးကြီးပေမယ့် အခြေခံ လူတန်းစားတွေအတွက် ဈေးချိုချိုနဲ့ ရနိုင်တဲ့ အခြေခံစားသောက်ကုန်တွေ လည်း ရှိတယ်။ ဆိုပါတော့၊ ဒေါ်လာသောင်းချီကုန်မယ့် ဘူဖေးဒင်းနား ကြီးတွေ ရှိသလို သုံးဒေါ်လာနဲ့ ကိစ္စပြီးလို့ ရတဲ့ ကြာဇံကြော်လည်း ရှိတယ် ။ ထောင်ချီပေးရတဲ့ အိုင်ဖုန်းရှိသလို ဖုန်းလိုင်းယူရင် အလကားရတဲ့ ဟန်း ဆက်တွေ လည်း ရှိတယ်။ မီလျံဝက်လောက် ပေးရတဲ့ ကားတွေ ရှိသလို တစ်ဒေါ်လာနဲ့ လိုရာကို ရောက်နိုင်တဲ့ MRT တွေ၊ ဘက်(စ်)ကားတွေလည်း ရှိတယ်။ အားလုံးဟာ အဲယားကွန်းတွေနဲ့ အေးစိမ့်နေတာပါပဲ။

 
 
( ပုံပြင် နှစ် )

ရန်ကုန်ပြန်ရောက်တော့ အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ကောင်းမလေးနဲ့ စကားပြောကြည့်မိတယ်။ သူမ ရတဲ့လစာက ခြောက်သောင်းလို့ ဆိုပါတယ်။ ဘက်(စ်)ကားခက အသွား ငါးရာ၊ အပြန် ငါးရာတဲ့။ ဘက်(စ်)ကားခနဲ့တင်ပဲ သူမရဲ့လစာထဲက နှစ်သောင်းခွဲသုံးသောင်း ကုန်သွားပြီ။ ဒီကောင်မလေး ဘာနဲ့များ စားမှာပါလိမ့်။ ခရီးသွားရင်း ထမင်းအဝစား တစ်ပွဲကို တစ်ထောင့် ငါးရာက တစ်နေရာ၊ နှစ်ထောင်က တစ်နေရာ ရှင်းခဲ့ရတာကို သတိရမိတယ်။
နိုင်ငံတစ်ခုချင်းစီရဲ့ ခြားနားချက်က အဲ့ဒါပါပဲ။

တစ်နေ့ကို ဒေါ်လာငါးဆယ်ဝင်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ စားစရိတ်က ရှစ်ဒေါ်လာနဲ့ ဆယ်ဒေါ်လာကြားမှာ ရှိတယ်။ တစ်နေ့ကို မြန်မာငွေ နှစ်ထောင်ရတဲ့ စက်ချုပ်သမတစ်ယောက်ရဲ့ စားစရိတ် က ဝယ်စားရင် နှစ်ထောင်။ (ချက်စားရင်တော့ သက်သာကောင်းပါရဲ့)
စင်္ကာပူက အလုပ်သမားတစ်ယောက်ရဲ့ ခရီးစရိတ်က (သိပ်မဝေးလှဘူးဆို ရင်) နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာ။ မြန်မာပြည်က စက်ချုပ်သမလေးရဲ့ ခရီး စရိတ်က တစ်ထောင်။

ထားပါတော့…
ကျွန်တော် ဆက်ကြည့်မိတဲ့ ကိစ္စက ဒေါ်လာနှစ်သောင်းနဲ့ အိမ်ပြန်သွားတဲ့ အဲလက်(စ်)ရဲ့ အကြောင်းပါ။
မြန်မာပြည်ကနေ အလုပ်လာလုပ်ကြတဲ့ မြန်မာတွေ ရှိတယ်။ စာရင်းစစ်၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာပညာရှင်တွေ များပါတယ်။ လုပ်သက် သိပ် မရှိကြသေးဘူးဆိုရင် သူတို့ ဝင်ငွေက ဒေါ်လာ (၁၈၀၀) နဲ့ (၂၅၀၀) ကြားလောက်မှာ ရှိနိုင်ပါတယ်။ အရည်အချင်း သိပ်ရှိပြီး ထက်မြတ်တဲ့ လူငယ်အချို့နဲ့ စင်္ကာပူမှာ ကျောင်းပြီးသူ အချို့ကတော့ ဒီထက် ပိုရစရာ ရှိပါတယ်။

ထားပါတော့။ သူတို့ကိုလည်း စိတ်ကူးထဲမှာ အဲလက်(စ်)လို ပြည်တော်ပြ န်နိုင်ဖို့ ငွေစုခိုင်းလိုက်ပါတယ်။ ဥပမာ ဒေါ်လာ (၂၅၀၀) ရတဲ့ လူငယ် တစ်ယောက် ဆိုပါတော့။ ဒေါ်လာ (၈၀၀) လောက် သုံးခိုင်းပြီး ဒေါ်လာ (၁၇၀၀) လောက် အစုခိုင်းလိုက်တယ်။ မြန်မာပြည်မှာ ကျန်ရစ်တဲ့ မိသားစု အတွက်၊ မြန်မာပြည်ကနေ ထွက်မလာခင် ချေးငှါးခဲ့ရတဲ့ ကျန်ကျမှုတွေ အ တွက် တစ်လကို ဒေါ်လာ (၅၀၀) ကနေ (၉၀၀) ပြန်ပို့ရမယ်။ ဒါဆိုရင် ဒေါ်လာ တစ်ထောင်ဝန်းကျင်လောက်တော့ စုထားလို့ ရနိုင်တယ်။

ကျန်းမားရေးပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုရင် တစ်နှစ်ကို တစ်သောင်းကျော်ကျော်တော့ စုမိပါလိမ့်မယ်။ ဆိုပါတော့၊ သုံးနှစ်ကနေ ငါးနှစ်အထိ အလုပ်လုပ်ရင်း ပိုက်ဆံရှာမယ်။ ဒေါ်လာငါးသောင်းလောက် စုမိပြီ၊ ရန်ကုန်ပြန်မယ်။ သူတို့ ဘာလုပ်စားကြမှာပါလိမ့်။

အဲလက်(စ်)ကတော့ မိဘလက်ငုတ် မပါဘဲ သူကိုယ်တိုင် ဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး သူ့မိသားစုကို ဦးဆောင်တော့မတဲ့။ အဲလက်(စ်)ကို သတိရလို့ ရာဇူးကို မေးကြည့်တော့ သူတော်တော်လေး အဆင်ပြေနေတယ်လို့ ကြား ရတော့ ဝမ်းသာမိပါသေးတယ်။

တောင်ဒဂုံမှာ ရှိတဲ့ လယ်ကွက်သာသာ အိမ်မြေက သိန်းထောင်ချီနေသတဲ့။
ငါးနှစ်လောက် ပိုက်ဆံစုပြီး မြန်မာပြည်ကို အပြီးပြန်မယ်လို့ ကြုံးဝါးသွားတဲ့ မိတ်ဆွေတစ်ချို့ စင်္ကာပူကို ပြန်ရောက်လာတယ်။ ဟိုပြန်ရောက်တော့ ရိုးရိုး သားသားနဲ့ လုပ်စားဖို့ ခက်လို့တဲ့။ ငွေအရင်းအနှီး ရှိဖို့ထက် အကပ်ကောင်းဖို့ က ပိုအရေးကြီးနေလို့တဲ့။ အကပ် မရှိလို့ကတော့ သိန်းထောင်ချီ ပါသွား လည်း လုပ်စားဖို့ ခက်နေတုန်းပဲတဲ့။

သမ္မတကြီးကတော့ ပြန်လာဖို့ ဖိတ်ပါရဲ့။
မဆီမဆိုင်တဲ့ဟာတွေအတွက် စားပွဲအောက်ကနေ ငွေထိုးပေးနေရတာတွေ များတော့ ပြန်သွားသူ တစ်ချို့ ပြန်ရောက်လာတာကိုလည်း တွေ့ ရတယ် ။ တောင်ဒဂုံက လယ်ကွက်က သိန်းတစ်ထောင်ဆိုတော့ သူတို့ စုထား တဲ့ ဒေါ်လာနဲ့ မလောက်တာလည်း ပါမှာပေါ့။

အခြေခံပြဿနာတွေ မပြေလည်သေးရင် ပြည်ပမှာ အနေကြာတဲ့ မြန်မာေ တွ ပြန်လာဖို့ ဆိုတာကလည်း …..

ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။
ရွှေပြည်တော် - မျှော်တိုင်းဝေး …..။

( မနှစ်က မေလမှာရေးထားတဲ့ ဆောင်းပါးမို့ သတင်းအချက်အလက်နဲ့ ကုန်ဈေးနှုံးတချို့ ကွဲလွဲနိုင်ပါတယ် )


 ဇင်ဝေသော်