နှိုးဆော်လွှာ

(ဟိုတုန်းက လူတန်းစား ဒီထက်ပိုကွဲတယ်၊ကုသိုလ်တောင် စုပေါင်းပြုတဲ့ ကုသိုလ်ထက်(Collected Kamma) တစ်ဦးတည်းတွေ ပိုများတယ် ဆိုတာလေး ခံစားမိလို့ပါ။ပြုံးစိစိ ဖတ်ပေးကြရန် မေတ္တာရပ်ခံအပ်ပါတယ်။)

၁။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တပည့်သားရဟန်းတော် များနှင့်အတူ ကြွရောက်တော်မူလာပြီး ဘုရင့်သမားတော်ကြီး ဒေါက်တာ ဇီဝက ၏ သရက်တော ထဲ၌ သီးတင်းသုံးတော်မူပါမည်။ သီတင်းသုံးခိုက် သာသနာတော် အတွက်  အလွန်ကျေးဇူးများသော(ပရိတ်သတ်အကြိုက်လည်း တွေ့နိုင်သည့် ) သာမညဖလ သုတ်  တရားတော်ကိုလည်း ဘုရင်မိုက် အဇာတသတ် ကို ဦးတည်၍ ဟောကြားတော်မူပါမည်။

ဘုရားရှင် မကြွလာမီ ထို သရက်တောကြီး  သရက်ဥယျာဉ်တော်ကြီး အဖြစ် ပြုပြင် မွမ်းမံရန် အလှူငွေများ လိုအပ်လျှက် ရှိပါသည်။ ထို့ကြောင့် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ် ပါဝင်နိုင်ကြရန် သရက်ဥယျာဉ် ကော်မတီက မေတ္တာ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

ပုံ/
သရက်ဥယျာဉ် ကော်မတီ၊
မဇ္ဈိမဒေသ။

၂။ ဝိသာခါ ဆိုသော ဗုဒ္ဓဘာသာ အမျိုးတစ်ယောက်သည် သူမ၏ အပ်ဒိတ် အဖြစ်ဆုံး မဟာလတာ မဟလ္လက ဝတ်စုံကို ရောင်းချပြီး မြန်မာလို ပန်းမြိုင်လယ်၊ ပါဠိလို ပုပ္ဖာရာမ ကျောင်းဆောင်ကြီး ဆောက်လုပ်လှူဒါန်းမည်ဖြစ်ပါသည်။ ထို ကျောင်းဆောင်ကြီး ပြီးစီးသွားသော အခါ ရဟန်းတော်ပေါင်းထောင်ချီပြီး သတင်းသုံးနိုင်မည် ဖြစ်သဖြင့် အလွန်ထူးခြားသော ကုသိုလ်ဖြစ်ကြောင်း ဆိုဖွယ်မရှိပေ။ ကျောင်းအမကြီးက အလှူခံရန် ဆန္ဒမရှိသော်လည်း သူတစ်ထူး၏ ကုသိုလ်ကို မတားမြစ်ကောင်းသဖြင့်     ဝက်ဆိုက်မှ ကြေငြာရန်(အင်တင်တင်ဖြင့်) သဘောတူခဲ့ပါသည်။ ထို့ကြောင့် စေတနာရှင် ပြည်သူများ အနေဖြင့် သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

ပုံ/
ပုပ္ဖာရာမကျောင်း ကော်မတီ
မဇ္ဈိမဒေသ။

၃။ အနာထပိဏ် သူဋ္ဌေးကြီးသည် ဇေတမင်းသား၏ သရက်ခြံ ကို ဝယ်ယူပြီး ဘုရားရှင်အား ဂရမ်မြေနှင့်တကွ ကျောင်းဆောက်လှူရန် ပလန် ချလျက် ရှိပါသည်။ ယင်း ကျောင်းတော်ကြီး ပြီးသောအခါ နာမည်ကျော် မင်္ဂလသုတ် စသော တရားတော်များ ထိုကျောင်း၌ ဟောကြားမည်-ဟု သတင်းရရှိသည်။ အလှူအတန်း ရက်ရောသော သူဋ္ဌေးကြီးသည် တစ်ချိန်ချိန်၌ ဆင်းရဲသွားနိုင်သည် ဟု စီးပွားရေး ပညာရှင်တစ်ချို့က ခန့်မှန်းကြသည်။ ယင်း ခန့်မှန်းချက်ကို ဘာသာရေးသမား တို့က လက်မခံ၊ မိစ္ဆာ ဒိဋ္ဌိ ဆန်သည်ဟု ဆိုကြ၏။ ရှေးနည်း အတိုင်းပင်သူဋ္ဌေးကြီးက အလှူခံရန် ဆန္ဒမရှိသော်လည်း သူတစ်ထူး၏ ကုသိုလ်ကို မတားမြစ်ကောင်းသဖြင့်     ဝက်ဆိုက်မှ ကြေငြာရန်(အင်တင်တင်ဖြင့်) သဘောတူခဲ့ပါသည်။ ထို့ကြောင့် စေတနာရှင် ပြည်သူများ အနေဖြင့် သရက်ခြံဝယ်ယူရန် နှင့် ကျောင်းတော်ကြီး ဆောက်လုပ်ရန် သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

ပုံ/
ဇေတဝန်ကျောင်းကော်မတီ၊
မဇ္ဈိမဒေသ။


"ဒီခေတ်မှာ ကုသိုလ်စုပေါင်းပြုဖြစ်ဖို့ အခွင့်အရေး ပိုရလာတာ စဉ်းစားရင်း ရေးလိုက်တာပါ။ ဒါတွေဟာ နှစ်ဦးနှစ်ဖက်  အကျိုးပဲဖြစ်စေတယ်ဆိုတာ ယုံကြည်ပါတယ်။"


 ဦးကိုမောင်
(ပြုံးစိစိဖတ်စာ တာဝန်ခံ။ စိတ်ကူးပေါက်မှ ပြုံးတတ်သူ။ )

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၁ )

အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

မေး ။   ။ ဒီအခန်းကို Mrs Lee အကြောင်းနဲ့ စလိုက်ကြရအောင်လား။ သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရသလဲ။

ဖြေ ။    ။ အေးလေ။ အစ ပထမတော့ တော်တော်ကို အခက်အခဲ တွေ့စေခဲ့တာပဲ။ သူ နှစ်ကြိမ် လေဖြတ်တယ်။ ၂၀၀၃ - မှာ တစ်ကြိမ်၊ ၂၀၀၈ - ခုနှစ်မှာ တစ်ကြိမ်။ ဦးနှောက်မှာ သွေးယိုနေတာ ဆရာဝန်တွေ တွေ့ရတယ်။ စွမ်းသလောက်တော့ တို့လည်း ကြိုးစားကြပါတယ်။ နောက်ဆုံးမှ ဆရာဝန်တွေ လက်လျှော့လို့ အိမ်ကို ပြန်ခေါ်ခဲ့ရတယ်။ နာ့(စ်)က (၂၄) နာရီ စောင့်ရှောက်ပေါ့။ ငါလည်း အိပ်လို့ ကောင်းကောင်း မရပါဘူး။ ဒီရောဂါတွေ ဖြစ်မယ်ဆိုတာ တွက်ချက်ထားကြပေမဲ့ ဖြစ်လာတာက နည်းနည်း စောသွားတယ်။

နောက်တော့လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းယူရတာပေါ့ကွာ။ နာ့(စ်) ထားပေးတာက လွဲလို့ ကိုယ်လုပ်ပေးနိုင်တာလည်း ဘာမှ မရှိတော့ဘူး မဟုတ်လား။ ငါတို့ ကလေးတွေလည်း ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းနဲ့ အာရုံကြောတွေ ဆုံးပြီးရင်းဆုံး ဖြစ်လာတယ်။ အခုဆို သူ မှတ်မိပေမဲ့ စကား မပြောနိုင်တော့ဘူး။ ဘဝဆိုတာ ဒါပဲလေ။

ငါကိုယ်တိုင် စက်ဘီးနဲ့ ချော်လဲတော့ ဒီအတွေးမျိုးတွေ ပေါက်ခဲ့ဖူးတယ်။ ခေါင်းနဲ့ နံရံနဲ့ကို ရိုက်မိတာ။ ငါလည်း သူလို ဖြစ်မယ်ဆိုရင် ဖြစ်သွားနိုင်တာပဲ။ တချို့ဘဝ အစိတ်အပိုင်းတွေက ရှောင်လွဲလို့ မရဘူး။ အရှိအတိုင်း လက်ခံနိုင်အောင်ပဲ ကြိုးစားရတော့တာပေါ့။ ဒီလိုဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ စကားနဲ့တင်ပဲ မသက်မသာလေ။ ဘယ်အချိန် ဖြစ်လာမလဲပဲ စောင့်နေရတာမျိုးကိုး။ စိတ်ဓာတ်ပိုင်း အနေနဲ့တော့ ငါက ပြင်ဆင်ထားပါတယ်။

ငါကိုယ်တိုင်ရဲ့ သေခြင်းတရားအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုန်း။ အဆိုးတွေကိုသာ ထိုင်စဉ်းစားနေလို့ကတော့ ဘယ်လို ရှေ့ခရီးဆက်လို့ ရပါတော့မလဲ။

မေး ။   ။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိသေးသလား။

မြေ ။    ။ ငါ့ကို သူ အမှတ်မိဆုံးပဲ။ ငါ့အသံကို ကြားရင် သူမှတ်မိတယ်။ ခြောက်ဆယ့်နှစ်နှစ်ကျော် အတူတူ နေလာခဲ့ကြတာကွာ။ သူ့အတွက်ရော ငါ့အတွက်ပါ မသက်မသာကြီးပေါ့။ နောက်ပိုင်းမှာတော့ အိပ်ချိန်တွေ ပိုများလာပြီး အားလည်း နည်းပြီးရင်းနည်း ဖြစ်လာနေတယ်။

မေး ။   ။ ဒီလို ခက်ခဲတဲ့ နေ့ရက်တွေမှာ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ဘယ်လို လုပ်ဆောင် နေရသလဲ။

ဖြေ ။    ။ အင်း …။ တစ်ချိန်တုန်းကတော့ သူနဲ့ အတူတူ နေ့လည်စာ၊ ညနေစာတွေ စားကြ၊ ပြီးတော့ လမ်းလျှောက်ကြပေါ့ကွာ။ အခုတော့ မင်းဒရင်စာ ပိုကောင်းလာအောင် အာရုံစိုက်ပေးနေရတယ်။ လမ်းလျှောက် ထွက်တယ်ဆိုရင်လည်း ငါ့ဘေးက လုံခြုံရေးအရာရှိကို တရုတ်လို ပြောတယ်။ မသိသေးတဲ့ တရုတ်စကားလုံး အသစ်တွေကို လေ့လာတယ်။ နေ့စဉ်သုံး ဝေါဟာရတွေပေါ့။ စားပွဲတို့၊ ကုလားထိုင်တို့၊ အံဆွဲတို့ စတာတွေပေါ့။ တရုတ်စာနဲ့ ပတ်သက်လို့ ငါသိတဲ့ ဝေါဟာရတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ချည်းပဲ။

နာ့(စ်)နဲ့လည်း တရုတ်လိုပဲ ပြောတယ်။ ငါ နေ့လည်စာ၊ ညစာ စားနေချိန် ငါ့ဇနီးလည်း အိပ်ပျော်နေမယ်ဆိုရင် သူနဲ့ တရုတ်လို ပြောတာပေါ့။ ဒီတော့ ငါ့တရုတ်စကားက တော်တော် ကောင်းလာတယ်။ အခုဆိုရင် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြောဖို့ စကားပြန် မလိုတော့ဘူး။ အခုတလော တရုတ်ပြည်က ကောင်ဆယ်လာ Liu Yangdong နဲ့ တွေ့တယ်။ သူက နိုင်ငံတော် ကောင်စီထဲမှာ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ပဲ။ ပြီးတော့ ပညာရေး ဒုဝန်ကြီး Hao Ping နဲ့ တွေ့ဖြစ်တယ်။ တရုတ်စာ သင်နေတော့ အာရုံ မပြန့်တော့ဘူးပေါ့။ နို့မို့တော့ ယောင်တောင်တောင် ဖြစ်နေမှာပဲ။

ဒါတွေအတွက် အဆင်သင့် ဖြစ်နေအောင် စိတ်ဓာတ်ပြင်ဆင်ထားရတယ်။ ပြင်လည်း ပြင်ဆင်နိုင်ခဲ့ပါပြီ။ သူ မရှိတော့ဘူး ဆိုတဲ့နောက် ပြင်ဆင်စရာ ထပ်လိုလာဦးမှာပေါ့ကွာ။ အဲ့ဒီအချိန်ရောက်မှ အိမ်ကြီးကကြီး၊ နေသူက မရှိ ဖြစ်ဦးမှာ။ ကံကောင်းတယ် ပြောရမလားပဲ။ ငါ့အလုပ်တွေအပေါ် အာရုံစိုက်ထားနိုင်ပါတယ်။ ခရီးထွက်စရာရှိ ထွက်၊ လုပ်စရာ ရှိတာ လုပ်ပဲ။ ငါသာ ဒီလို မနေနိုင်ရင် ငါလည်း ပုံကျသွားမှာပဲ။ တစ်နေ့လုံးထိုင်၊ ဝတ္ထုစာအုပ်ဖတ်၊ ဂေါက်ရိုက်ဆိုရင်တော့ အရူးမို့လို့ပေါ့ကွာ။ ငါ့အတွက်တော့ နေ့သစ်တိုင်းဟာ စိတ်ခေါ်မှု တစ်ခုပဲ။ နေ့တိုင်း ကြုံရတဲ့ ပြဿနာတွေအတွက် နေ့တိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားနေဖို့ပဲ။

မေး ။   ။ မစ္စတာလီရဲ့ ကျန်းမာရေးကရော ဘယ်လိုလဲ။

ဖြေ ။    ။ နှလုံးမှာ အစားထိုး ကိရိယာ တပ်ဆင်ထားရတဲ့နောက် အန္တရာယ်တော့ ရှိတယ် ဆိုရမှာပေါ့။ Plavix ထည့်ထားရတယ်။ သူက သွေးကြောကို ကျဉ်းစေတယ်။ ထိခိုက်မှု တစ်ခုခုဖြစ်ရင် အထဲမှာ သွေးယိုတာတွေ ဖြစ်နိုင်တယ်။ ပြဿနာက တစ်ခါတစ်ခါ ဘယ်နေရာက သွေးယိုနေတယ်ဆိုတာ ရှာလို့ မတွေ့တတ်ဘူး။ ဦးနှောက်ထဲမှာ သွေးယိုတာ ဆိုရင်တော့ ပြဿနာ အကြီးအကျယ်ပဲ။ ဒီတော့ အရေးအကြီးဆုံးက ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးတာ မဖြစ်အောင် မလဲဖို့၊ မထိခိုက်ဖို့ပဲ ကြိုးစားနေရတာပေါ့။ ဒါ့ကြောင့် အခု ငါ စက်ဘီးအမျိုးအစား ပြောင်းပြီး စီးနေတယ်။ မလဲအောင်လို့။

အရွယ် ရလာတဲ့နောက် ဒီခန္ဓာကိုယ်ကြီးက အမြဲတမ်း ပြုပြင်ပေးနေရတယ်။ အသက် (၃၀) အထိ တကယ့် အားကောင်းတဲ့ အရွယ်ပဲ။ (၄၀) ဆိုရင် နည်းနည်း ကျလာပြီ။ (၅၀) ဆို ပိုကျလာတယ်။ ဒါ့ကြောင့် အေရိုးဗစ် စပြီး ငါ ကစားခဲ့တာ။ အစပိုင်း ဆယ်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ပြေးတယ်။ တင်ပါးဆုံတွေ နာလာတဲ့အထိ ပြေးတယ်။ အဲ့ဒီနောက်မှ ပြေးတဲ့အစား စက်ဘီးစီးခဲ့တာ။ စက်ဘီးတော့ အခုထိ စီးနေတုန်းပဲ။

မေး ။   ။ ရေကော ကူးသေးသလား။
ဖြေ ။    ။ ကူးတယ်။ နေ့တိုင်းပဲ။ ရေးကူးတာက အကြောအခြင်ကို ပြေစေတယ်။ လူလည်း လန်းဆန်းတယ်။ ပြီး ခဏနား၊ ညစာစား။ ညစာ စားပြီး လမ်းလျှောက်။ ကောင်းကောင်း အနားယူဖို့လည်း လိုတယ်။ အရွယ်ရလာတဲ့နောက် “အင်း … အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ထိုင်ငြီးနေမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

ဆက်ရန် -


 ဇင်ဝေသော်

ရှေ့ကရောက်ချင်ရင် နောက်ပြန်လျှောက်

    ဒီလေ့ကျင့်ခန်းက ရှေးဟောင်းတရုတ်ယဉ်ကျေးမှုပါ။ အခုတော့ နောက်ပြန်လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းက ခန္ဓာကိုယ်ရော၊ စိတ်ကိုပါ အကျိုးသက်ရောက်စေနိုင်တဲ့အတွက် ဟောင်ကောင်၊ မလေးရှား၊ အိန္ဒိယ၊ အာဂျင်တီးနား၊ ပြင်သစ်၊ နယ်သာလန်စတဲ့ နိုင်ငံပေါင်း(၂၀) ကျော်အထိ ပြန့်နှံ့သွားခဲ့ပါပြီ။
    တောင်အာဖရိကမှာရှိတဲ့ စာဖတ်ပရိသတ်တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ သူနောက်ကြောင်းပြန်လမ်းလျှောက်နေရင်း မက္ကဆီကန်ကလေးနဲ့ ဝင်တိုက်မိပြီး ခေါင်းကွဲသွားတယ်တဲ့။ ခေါင်းကွဲသွားတော့ ဦးနှောက်တောင် အနည်းငယ်ထွက်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူကတော့ “  A bit of brain fell out but not much. I still have plenty.” ဦးနှောက်တွေ ခေါင်းထဲမှာ အများကြီးကျန်နေသေးလို့ ကိစ္စမရှိပါဘူးလို့ ပြောပါတယ်။ ဒါကြောင့် “Backing up affects your brain” ဆိုတာ မှန်ပါတယ်။

    နောက်ပြန်လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ လူတွေမေးတတ်တဲ့ မေးခွန်းတွေကို စာရင်းပြုထားပါတယ်။

မေး။        ။ နောက်ကြောင်းပြန်လမ်းလျှောက်ရင် ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာ သိပါသလား။
ဖြေ။        ။ မသိပါ။ ဒါကသည်ပင် ပျော်စရာပါ။

မေး။        ။ အဲသလိုလျှောက်ရင် ဓာတ်တိုင်စတာတွေနဲ့ မတိုက်မိဘူးလား။
ဖြေ။        ။ မတိုက်မိပါဘူး။ ဒါပေမယ့် သူတို့ဟန်းဖုန်းတွေကိုပဲကြည့်ပြီး လမ်းလျှောက်တတ်သူတွေနဲ့တော့ ဝင်တိုက်တတ်ပါတယ်။

မေး။        ။ သူတို့က ခင်ဗျားတို့ကို မမြင်ဘူးလား။
ဖြေ။        ။ မမြင်ပါဘူး။ သူတို့ဟာ အသိဥာဏ်သိပ်မမြင့်မားသေးတဲ့ ကျောက်ခေတ်သတ္တဝါတွေနဲ့ တူပါတယ်။ သူတို့ရဲ့ ဝိဥာဉ်ဟာ ဟန်းဖုန်းမျက်နှာပြင်ပေါ်မှာပဲ ပူးကပ်နေတတ်ပါတယ်။

မေး။        ။ သူတို့နဲ့ ဝင်တိုက်မိရင် နာကျင်(အနာတရဖြစ်) ပါသလား။
ဖြေ။        ။ မနာကျင်ပါ။ ခေါင်းနဲ့ ခန္ဓာကိုယ်နောက်ပိုင်းက မာကျောပြီး ခေါင်းနဲ့ ခန္ဓာကိုယ်ရှေ့ပိုင်းက ပိုနူးညံ့ပါတယ်။ ဒါကြောင့် နာခြင်းနာ သူတို့ပဲ နာပါတယ်။

မေး။        ။ အဲသလိုဝင်တိုက်မိရင် သူတို့ကို တောင်းပန်ပါသလား။
ဖြေ။        ။ Yes, but I don’t mean it. သူတို့ဟန်းဖုန်းကို ပြန်ကောက်ယူစဉ် မရယ်မိအောင်ပင် ထိန်းထားနိုင်ပါတယ်။

မေး။        ။ ကိုယ်တိုင်ရော အနာတရဖြစ်ဖူးပါသလား။
ဖြေ။        ။ ဖြစ်ဖူးပါတယ်။ တစ်ချို့ဆို ချောက်ကမ်းပါးပေါ်ကနေကျပြီး သေဆုံးပါတယ်။ အဲသလိုဖြစ်ပြီဆိုရင်တော့ အဲဒီနေ့ဟာ ပြဿဒါးနေ့လို့ ဆိုရမှာပါ။ တရုတ်ပြည်မှာလည်း လူတစ်ယောက် နောက်ပြန်လမ်းလျှောက်ရင်း ရေကန်ထဲကျပြီး နစ်မြှပ်သေဆုံးခဲ့ပါတယ်။ အဲဒီနောက် သူလည်း နောက်ပြန်လမ်းလျှောက်တဲ့အကျင့်ကို စွန့်လွှတ်လိုက်ပါတော့တယ်။

မေး။        ။ နောက်ပြန်လမ်းလျှောက်တာက နှေးနှေးပဲလျှောက်လို့ ရပါသလား။
ဖြေ။        ။ မနှေးပါ။ ယူကေက Garret Doherty ဆိုတဲ့လူဟာ (၇) မိနစ်အတွင်း တစ်မိုင်ရောက်အောင် နောက်ပြန်ပြေးနိုင်ခဲ့ပါတယ်။ တစ်ချို့ဆို အတည့်ပြေးတာတောင် (၇) မိနစ်အတွင်း တစ်မိုင်ရောက်အောင် မပြေးနိုင်ပါ။

မေး။        ။ နောက်ပြန်လမ်းလျှောက်ခြင်းရဲ့ အကောင်းဆုံးအချက်တွေကို ပြောပြပါ။
ဖြေ။        ။ တော်တော်လေးလျှောက်ပြီးရင် ကိုယ်ကလွဲလို့ ကျန်တဲ့လူတွေအားလုံးဟာ ပြောင်းပြန်လမ်းလျှောက်နေကြတာကို တွေ့ရပါတယ်။

မေး။        ။ မကောင်းတဲ့အချက်ရော မရှိဘူးလား။
ဖြေ။        ။ ရှိပါတယ်။ သုံးချက်ပါ။ တစ်- အူကြောင်ကြောင်နိုင်ပါတယ်။ နှစ်- “You are going the wrong way” လို့ လူတွေက ထပ်တလဲလဲ ပြောကြပါတယ်။ သုံး- ကောင်လေး (သို့) ကောင်မလေးချောချောတွေ့ရင် နောက်ယောင်ခံလိုက်လို့ မရတော့ပါ။

မေး။        ။ အဲသလို နောက်ယောင်ခံမလိုက်ရဘူးဆိုရင် သူတို့ကို သတိရနေပါသလား။
ဖြေ။        ။ သတိရပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ဒီလောက်တော့ အနစ်နာခံရပါတယ်။

မေး။        ။ အခုမှစပြီး နောက်ပြန်လမ်းလျှောက်တဲ့သူတွေကို ပြောချင်တဲ့စကားလေးများရှိရင် ပြောပေးပါ။
ဖြေ။        ။ လမ်းကို သေသေချာချာ ရွေးချယ်ပါ။ တိုင်တွေ၊ မီးတိုင်တွေ၊ စက်ရုံ၊ ဆေးရုံတွေမရှိတဲ့ နေရာမျိုးတွေကို ရွေးပြီးလျှောက်ပါ။ အထူးသဖြင့် မက္ကဆီကန်ပေါက်စလေးတွေကို ဂရုစိုက်ပါ။

    အောက်မှာဖော်ပြထားတဲ့ ဗွီဒီယိုကလစ်လေးကို ကြည့်ပေးပါ။ အဲသလို မကြာမကြာလုပ်ပေးဖို့လည်း အကြံပြုလိုက်ပါတယ်။



By Mr Jam



 ဇင်ဝေသော်

ပရိတ်ကူ ရေပင် မဆူငြားသော်လည်း


ဆရာတော် တစ်ပါးကို တရုတ် ဗုဒ္ဓဘာသာ တစ်ယောက်က လူနာအတွက် ပရိတ်ရွတ်ဖတ်ပေးရန်း လာပင့်သဖြင့် ကြွရောက်ချီးမြှင့်ခဲ့သည်ဆို၏။

ယင်း ဆရာတော် ကျောင်းသို့ ခြေတော် မချမီ ထိုလူနာ၏ ဇိဝိတ နဝက ကလာပ်လည်း လူနာကုဋင်ထက်၌ ချုပ်ပျောက်လေတော့၏။ သတ္တဝါတစ်ခု၊ကံတစ်ခု ဖြစ်၏၊

သို့သော် ယင်း ဆရာတော်ကား တရုတ် ဗုဒ္ဓဘာသာများအလယ် ရေပန်းစားသွားလေတော့သည်။ ပရိတ် အားကြီးစွမ်း၏ ဟူသတတ်။ သူတို့ အဆိုအရ "ဆရာတော်ပေါင်း များစွာ ပင့်၍ ပရိတ်ချီးမြှင့်စေခဲ့ဖူးပြီ၊ မည်သည့်ဆရာတော်၏ ပရိတ်ကမှ ဤမျှ မြန်မြန် ဆန်ဆန် အကျိုးမပေး "ဟု သိခဲ့ရ၏။

ပရိတ်ရွတ်ဖတ်ရာမှ လူနာပြန်လည် ကျန်းမာလာခြင်း အပြင် အခြား အခြာသော တောင့်တ အသီသများလည်း ရှိတတ်ကြပြန်၏။

ဤခေတ်၌ (အထူးသဖြင့် စင်ကာပူ၌) ရေဆူရန် မလိုတော့။


 သီဟနာဒ

ကမ္ဘာ့ဒုက္ခဖြင့် ခရီးများ ထွက်ခဲ့ရသူ ( သို့ ) ကရုဏာ ခြေဖဝါး အနားမရ ရှာခဲ့လေသူ

အယႏၱိမာ ဇာတိ၊ နတၳိ ဒါနိ ပုနဗ ၻေဝါတိ။

ဇာတိကုန်၊ ဘဝကုန်၊ ခန္ဓာအစု ပြာပုံသာ ရှိရစ်စေ။
အရှင့် ဒုက္ခ အပေါင်း မြုံနေတာပင် မကျန်တော့။
သို့ ဆိုသော် ကမ္ဘာ့ဒုက္ခကား အဘယ်သို့နည်း။

အချိန်တရားက အရှင့် ဘက်တော်သား မဟုတ်ခဲ့လေဘူး။
လေးသင်္ချေကျော် ရှာထားရသမျှ ၄၅ နှစ် အတွင်း အပြီး ဖြန့်ဝေရမယ် တဲ့။
မတရားတဲ့ သဘာဝ။ တို့ ဗုဒ္ဓ လည်စင်းလို့တော့ မခံခဲ့ဘူး။

ဘယ် ဘာသာရေး ခေါင်းဆောင်မှ ဒီ အရှင်မြတ်လောက် ခရီး မထွက်ခဲ့ရဘူး။
လယ်ဂျင်ဒရီဆန်တဲ့ ဈာန်ပျံ ခရီးတွေ ကျွန်ုပ် မကိုးကား လိုဘူး။
ရာစုသစ် ရင်ခုန်သံနဲ့ သမိုင်းလက်တံ မီသမျှ တလေးတစား ကိုးကားမယ်။
မယုံလို့ မဟုတ်သလို ယုံသူကိုလည်း အငြင်းမထားခဲ့လိုဘူး။


"ကဏ္ဍကရဲ့ အသက်
ဆန္နရဲ့မျက်ရည်
ပဉ္စဝဂ္ဂီ ရဲ့ ပီတိ
မိဘရဲ့ ငိုကြွေးငြီးတွားသံ
ပြန်လာနိုး သားနဲ့ ကြင်ယာ
ဒါတွေကို မဖယ်ခွာရင်
ဘယ်မှာ ငါ သစ္စာသိတော့မလဲ လို့
အနော်မာရဲ့ ရင်ခွင်ဦးမှာ
တို့အရှင် ဥဒါန်းကျူးတော့
အိပ်နေတဲ့ အနော်မာတောင် ကုန်းထလာတယ်။"


ကပိလ နဲ့ အနော်မာ နည်းတဲ့ ခရီး အကွားလား။
နတ်တွေက ခွာတွေကို မ ထားသလား။ မသိဘူး။
ဒီ ခရီးရှည်အတွက် လျော်ကြေးက မောပမ်းရှာတဲ့ ကဏ္ဍကရဲ့ အသက်။

ဘုရားဖြစ်လို့ ၁၂ လမပြည့်သေးဘူး။
ထွက်လိုက်ရတဲ့ ခရီးက ဥရုဝေဠ ကနေ ဆာနာ့သ်။
ဆာနာ့သ် ကနေ ဥရုဝေဠ။ အဲဒီနောက် ဂယာကို ဖြတ်
ရာဇဂဟ ကို ဆက်လိုက်တာ ကီလိုမီတာနဲ့ဆို သုံးတစ်ငါး။( ၃၁၅ )

သမိုင်းဝင် အရှင်ရဲ့ အရှည်ဆုံး ခရီးက ရာဇဂဟ ကနေ သာဝတ္ထိ။
ဝေသာလီမှာ တစ်ထောက်နား လို့။ ဒီကမှ ရာဇဂဟ ကို ပြန်ြကွဖို အပြန်ခရီးက
ကီဋာဂိရိ မှတဆင့် အာဠဝီ။ ရာဇဂဟ ပြည်တော်ပြန် ခရီးကို တွက်တော့ ကီလိုမီတာ ကိုး နှစ် သုည။ ( ၉၂၀ )

အသက်တော် ၈၀။ အရှင့် စကားတော် ကိုးရရင် လှည်းအိုကြီး တစ်စီးရဲ့
နောက်ဆုံး ခရီးက မဝေးလှ ဘူး ဆိုပေမယ့် ရေဆာတော်မူလို့ နားခဲ့ရ။
နေပူတော် မူလို့ အရိပ်ခိုခဲ့ရ။

လူပျိုဗုဒ္ဓကို လူအိုဗုဒ္ဓ က သမာပတ်တွေနဲ့ မလှည့်စားခဲ့ဘူး။
အိုတတ်တယ်။ အိုလိမ့်မယ်။ ငါ အိုနေပြီ။ ဒါပဲ။

ရာဇဂဟ ကနေ ပါဋလိဂါမ၊ ဝေသာလီ၊ ရွာ မြို့ အလီလီဖြတ်ရင်း
နောက်ဆုံးမှာ ကုသိနာရ။ နှစ် ခွန် ငါး ကီလိုမီတာဝေးကွာတယ်။

တစ်ခါတစ်ခါ ရဟန်း ငါးရာ နဲ့။
တစ်ခါတစ်ခါ ရဟန်း ၁၂၅၀ နဲ့။
တစ်ခါတစ်ခါ အရေအတွက် မပါ သမ္ဘဟုလာ ရဟန်းများစွာနဲ့။
တစ်ခါတစ်ခါ အဖော်မမှီး တစ်ပါးတည်း။

ညှပ်ဖိနပ်တော် စီးတာ တစ်ခါပဲ ရှာတွေ့တော့
အခါတိုင်းမှာ ခြေ ဗလာ လျှောက်တော်မူခဲ့ဟန် တူပါရဲ့။
ဒေသနာကို ဖောင်တော် မဂ္ဂင်နဲ့ အမွမ်းတင်ခဲ့ပေမယ့်
တကယ် ဖောင်နဲ့ မြစ်ပြင်ကို ကူးတော်မူခဲ့တာကတော့
ပါယာဂ (ဒီနေ့ အလာဟာဘတ်) နဲ့ ပါဋလိဂါမ (ဒီနေ့ ပတ္တနား) မြစ်အကူးမှာ။

စာပေမှာ ဒီတစ်နေရာပဲ အခိုင်အမာ တွေ့ရတယ်။
ဒါဆို ခရီးစဉ် အားလုံး ခြေတော်လျင် တွေချည်းလို့ မှတ်သားရတော့မယ်။

ပလေတို လို အကယ်ဒမီ ထောင်ပြီး သင်ကြားခဲ့တာ မဟုတ်သလို
အကွီနပ်စ် လို တက္ကသိုလ်မှာ လက်ချာပေးခဲ့တာ မဟုတ်လေတော့
အရှင်မက်ဆေ့ ဝေခဲ့တဲ့ နေရာတွေက လမ်းဘေးမှာ၊ နွားခြံဘေးမှာ၊
သရက်တောမှာ၊ ရွာစွန်မှာ၊ ဓမ္မာရုံမှာ၊ နေရာတွေ စုံလှတယ်။

နေရာက အဓိက မဟုတ်၊ မက်ဆေ့ ရောက်ပြီး အလုပ်ဖြစ် သွားဖို့ပဲပြီး
အရှင်ရဲ့ တစ်သက်လုံးလျှောက်ခဲ့တဲ့ ခရီးစဉ်တွေကို သင်္ချာပညာရှင်တွေ တွက်ကြည့်တော့
၂၃၅ , ၀၀၀ စကွဲယား ကီလိုမီတာတောင် ရှိသတဲ့။

ဒါကိုကြည့်တော့ ဂျီးဆက်အရှင်ရဲ့ ၉၀၀ စကွဲယား ကီလိုမီတာသာ ရှိတဲ့ခရီးက
အတော်ကြီး တိုနေတာပေါ့။

ဒီခရီးရှည် ဘာကြောင့်များ ထွက်တော်မူခဲရတာပါလိမ့်။
ရှာနေရင် မောတယ်။ မဟာကရုဏာ တဲ့။
ဒါတွေကြား လယ်ဂျင်ဒရီကိစ္စတွေ ဝင်လာရင်
အရှင်ရဲ့ ပင်ကိုယ်ဂုဏ်ရည်တွေ လျော့လျော့ သွားတတ်တယ်။
မညီဘူး၊ မညှိဘူး။ ဒါ ပိဋကတ် အစစ်က ပြောတာတွေ။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.