အသည်းကွဲပေါ်လစီကို အိုဘားမား ရွေးလိမ့်မယ်


NLD တွေအတွက် သတင်းကောင်းမဟုတ်ဘူး။
"မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အမေရိကန်က အကောင်းမြင်နေခဲ့တာတွေရှိပါတယ်။ မနှစ်က နှစ်ဦးပိုင်းကတည်းကစပြီး ပြုပြင်ပြောင်းလဲမှုလမ်းစဉ်ဟာ အီလည် လည်ဖြစ်နေခဲ့ပါပြီး လွန်ခဲ့တဲ့ ၂၄ လအတွင်း ထင်ရှားတဲ့ပြောင်းလဲမှုရယ်လို့ ပြ စရာ ဘာရှိပါသလဲ။"
ဒါက အိုဘားမား ဒီလထဲမလာခင် လှမ်းပို့လိုက်တဲ့ ဒေါ်စုရဲ့ "သက်ဆိုင်သူ သို့" မက့်ဆ့ဂ်ျပါပဲ။
ဒါပေမဲ့ အိုဗားမားရဲ့ အကြီးတန်းအရာရှိတစ်ယောက်ရဲ့စကားကို နားစွင့်ကြည့် ပါဦး။
" ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိကို ဘယ်သူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်၊ ဘယ်သူတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘူးဆိုတာလောက်နဲ့ တိုင်းတာ သတ် မှတ်နေမှာမဟုတ်ပါဘူး၊ လူထုက ဘယ်လို ဒီမိုကရေစီမျိုးကိုလိုချင်တာလဲ၊ သူတို့ ရသွားတဲ့ ဒီမိုကရေစီက ဘယ်လိုဟာလဲဆိုတာနဲ့ တိုင်းတာသတ်မှတ်ရမှာပါ" သူက လို့ ဆိုခဲ့ပါတယ်။





ဒီစကားတွေရယ်၊ အမေရိကန်ရဲ့ လမ်းကြောင်းပြောင်းလာတဲ့ ကမ္ဘာ့နိုင်ငံရေးပေါ် လစီရယ်ကိုထောက်ဆကြည့်ရယ် ဒေါ်စုနဲ့အဖွဲ့ချုပ်အတွက် အမေရိကန်ဆီ က ထောက်ခံအားပေးမှု သိပ်မရနိုင်ဘူးလို့ အလွယ်တကူ ကောက်ချက် ချနိုင်ပါ တယ်။
ဒါကြောင့် အမေရိကန်က ဒေါ်စုကို မကြိုက်တော့ဘူး၊ မထောက်ခံတော့ဘူးလို့ ဆိုလိုရာမရောက်ပါဘူး။
လူထုအကြိုက်ထက် သူတို့အကြိုက် လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင်ကို အတင်းထိုးတင်မိတဲ့အတွက် အမေရိကန်တွေပြန်ဆပ်ရတဲ့ လျော်ကြေးက မနည်း လှပါဘူး။ သူတို့ထင်တဲ့ခေါင်းဆောင်တွေလည်း မမြဲဘူး၊ သူတို့လည်းနာမည်ပျက်၊ လူမုန်းများတယ်။
ဒါတွေကို သူတို့ ကျေကျေညက်ညက်လေ့လာပြီးပြီလို့ဆိုနိုင်ပါတယ်။ အမေရိ ကန်တွေရဲ့ အမြင်မှာ မြန်မာဟာ တူရကီနဲ့တူတာထက် အီဂျစ်နဲ့ပိုတူနေနိုင်ပါ တယ်။
သဘောမတူရင် ခွင့်လွှတ်ပါ။
ကိုယ့်ဖက်ကကြည့်ရင်တော့ အီဂျစ်နဲ့မြန်မာရဲ့ ဘာသာရေးလှုပ်ရှားမှုတွေဟာ မတူဘူးပေါ့။ ဒါပေမဲ့ အမေရိကန်ပညာရှင်တွေနဲ့မီဒီယာရဲ့အမြင်မှာတော့ ဘာသာအမည်ကွဲနေတာကလွဲလို့ သိသာတဲ့ထူးခြားမှု ရှိနေမယ်မဟုတ်ပါဘူး။

ကဲ ဒါဆို ကျနော် ဘာပြောချင်တာလဲ။
ကစ်ဆင်းဂျားနဲ့ဟန်တင်တန် မမှားခဲ့ဘူးဆိုရင်...
ရင်ထဲက (လစ်ဘရယ်) အချစ်ကို မြိုသိပ်ရင်း....
နိုင်ငံရေးသမားအပြုံးနဲ့ ချွေးသိပ်ရင်း....
မချစ်သော်လည်း အောင့်ကာနမ်းပေါ်လစီကို အိုဘားမား ကျင့်သုံးသွားလိမ့်ယ်။

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်က အမေရိက.... တဲ့


ဇင်ဝေသော်, ဘာသာပြန် - 6/27/2013

၁။ ပျမ်းမျှလူ့သက်တန်း ၄၇ နှစ်
၂။ ၈ ရာခိုင်နှုံးသောမိသားစုအိမ်မှာသာ တယ်လီဖုန်း ရှိ၊ ဒန်ဗာကနေ နယူးယောက်ခေါ်ရင် သုံးမိနစ် ၁၁ ဒေါ်လာကျ။
၃။ တစ်နိုင်ငံလုံး ကားစီးရေ ၈,၀၀၀ သာရှိပြီး ကားလမ်းကလည်း ၂၃၀ ကီလိုမီတာသာ အရှည်ရှိ။
၎။ အမြန်နှုန်းက တစ်နာရီမှာ ၁၆ ကီလိုမီတာသာ မောင်းခွင့်ရှိ။
၅။ သာမန်လူတစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခက ဒေါ်လာ ၂၀၀ ကနေ ၄၀၀။
၆။ အရည်အချင်းမီ စာရင်းစစ် တစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခ က ဒေါ်လာ ၂,၀၀၀၊ သွားဆရာဝန်က ဒေါ်လာ ၂,၅၀၀၊ တိရစ္ဆာန်ဆေးကု ဆရာဝန်က ၁,၅၀၀ ကနေ ၄၀၀၀၊ စက်မှုအင်ဂျင်နီယာက ၅,၀၀၀။
၇။ ၉၅ ရာခိုင်နှုံးမိခင်တွေက အိမ်မှာပဲ ကလေးမီးဖွားကြတယ်။ ဆရာဝန် ၉၀ ရာခိုင်နှုံးက တက္ကသိုလ်ဘွဲ့ရတွေ မဟုတ်ကြ။
၈။ သကြားတစ်ပေါင် ၄ ဆင့်၊ ကြက်ဥတစ်ဒါဇင် ၁၄ ဆင့်၊ ကော်ဖီတစ်ပေါင် ၁၅ ဆင့်။
၉။ အမျိုးသမီးအများစုက တစ်လ တစ်ခါသာ ခေါင်းလျှော်။
၁၀။ လူ အသေအပျောက် အများဆုံးရောဂါတွေက နမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျှောဝမ်းပျက်၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ။
၁၁။ Las Vegas ရဲ့ လူဦးရေက ၃၀။
၁၂။ ဆယ်ယောက်မှာ တစ်ယောက်က စာ မရေးတတ် မဖတ်တတ်။
၁၃။ ၆ ရာခိုင်နှုံးသာ အထက်တန်းကျောင်း ပညာရေးရှိ။
၁၄။ တစ်နိုင်ငံလုံး လူသတ်မှု ၂၃၀ သာရှိခဲ့။
**********************************************************
လွန်ခဲ့တဲ့ (၁၁၁) နှစ်ကမြန်မာ?
ကိုလိုနီလက်အောက်။
ယနေ့ မြန်မာ?
စင်္ကာပူမီဖို့ လပိုင်းပဲလိုတော့တယ်။ ၂၀၁၅ ဆို မှီပြီတဲ့။ ဝမ်းသာစရာကြီး။

အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ


၁၉၇၀- ခုနှစ်က အီဇက်ဘီ ဂိုဘစ် (Izetbegovic)ထုတ်ဝေဖြန့်ချီခဲ့တဲ့ “The Islamic Declaration” အစ္စလာမ်ကြေငြာချက် စာအုပ်ထဲမှာ
“အစ္စလာမ်နဲ့ အစ္စလာမ်မဟုတ်တဲ့ စနစ်တွေရဲ့ သဟဇာတမဖြစ်ပုံ၊"
“အစ္စလာမ်ကိုးကွယ်မှုနဲ့ အစ္စလာမ်မဟုတ်တဲ့ လူမှုရေး၊ နိုင်ငံရေးစနစ်တွေကြားမှာ ငြိမ်းချမ်းရေးဆိုတာ မရှနိုင်သလို အတူတကွ လက်တွဲနေထိုင်ဖို့လည်း မရှိနိုင်ကြောင်း” ရေးသားထားခဲ့ပါတယ်။ "အစ္စလာမ်မစ်အစိုးရအားကောင်းလာတဲ့အခါ အာဏာရအောင်ယူပြီး အစ္စလာမ်နိုင်ငံတော် တည်ထောင်ရမယ်။ အစ္စလာမ်နိုင်ငံတော်အသစ်မှာ အထူးအရေးကြီးတဲ့ အချက်က 'ပညာရေးနဲ့ မီဒီယာဟာ အငြင်းပွါးဖွယ်မရှိ အစ္စလာမ်မစ်ကိုယ်ကျင့်တရားနဲ့ပြည့်စုံ၊ အစ္စလာမ်မစ် အသိဥာဏ်ဆိုင်ရာ ဥပဒေသတွေနဲ့ ပြည့်စုံတဲ့ လူတွေရဲ့ လက်ထဲမှာပဲ ရှိနေရမယ်' " လို့ ရေးသားထားပါတယ်။။ (Note-7)
(The Clash of Civilizations. Chap 11)

ခွေးချစ်သူတွေအတွက်


စာဖတ်သူတွေကိုတော့ လိုအပ်ရင်တောင်းပန်ရပါလိမ့်ဦးမယ်။ ဒီနေ့လည်း ခွေး ပို့စ်ဖြစ်နေပြန်ပါတယ်။ တိုက်ဆိုင်မှုလား၊ ရေစက်လား၊ သတင်းစာ လှန်လိုက်တာ နဲ့ ခွေးဟော်တယ်ကို သွားတွေ့ရပါတယ်။ ခွေးချစ်သူတွေအတွက်ပေါ့။
Waginton Luxury Pet Hotels and Resortတဲ့။ ကော်ဇောရှည်ကြိုဆိုမှု၊ အီဂျစ် စတိုင် မီးဆိုင်းတွေနဲ့။ မသိရင် ဖိုက်စတားဟော်တယ်ထဲ ရောက်သွားသလား ထင်ရပါတယ် တဲ့။
သူတို့အတွက် အပျင်းပြေလမ်းလျှောက်ဖို့ ဥယာဉ်ရှိတယ်၊ ခြေညောင်း လက်ဆန့်ရေကူးဖို့ အရိုးပုံ ရေကူးကန်ရှိတယ်။ အသုံးအဆောင်တွေအားလုံးဟာ ဖိုက်စတား စတန်းဒတ်အတိုင်းပဲ။
၃၂ လက်မ တီဗွီရှိတယ်၊ သူတို့ရဲ့ ဖေးဘရိတ် "Hotel for dogs" လို ဟောလီးဝုဒ် ဇာတ်ကားတွေကြည့်ရင်း အနားယူလို့ရတယ်။
ဒါပေမဲ့ လူကြီးမင်းတို့ရဲ့ခွေဟာ ခွေးကြီးခွေးကောင်းဆန်ဖို့တော့လိုမယ်နော်။ "No-aggressive-dogs policy" တဲ့။
တစ်ခုပဲပြောစရာရှိတယ်၊ တစ်ညကို ဆင်းဒေါ်လာ ၁၁၅ ကနေ ၃၅၀ အထိ ရှိတယ်တဲ့။
ဒီဈေးက မြန်မာပြည်က လူဟော်တယ် အမျာစုထက် ပိုနေတယ်နော်။ ဒါကတော့ ခွေးချစ်သူတွေ ခွေးအပေါ်ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် သုံးစွဲနိုင်တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။

စင်္ကာပူကို ဖိတ်ခေါ်ပါတယ်။ အဲ ခွေးသာတည်းလို့ရပြီး လူကိုတော့ ဟော်တယ်က လက်မခံဘူးနော်။ ပတ်ဝန်းကျင် ညစ်ပတ်မှာ စိုးလို့လားတော့ မသိဘူးပေါ့။



ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်


မနေ့ကဆွမ်းစားရင်း ဒကာမကြီးတွေနဲ့ စကားပြောဖြစ်တော့ ရန်ကုန်က ဒကာမ ကြီးက သူ့အမေ ၈၈ နှစ်ရှိပြီဖြစ်ပြီး ရောဂါကြီးကြီးမားမားမရှိကြောင်းဆိုသည်။
ဒါနဲ့ ဦးဇင်းတို့လည်း ဒီနေ့ည တရုတ်ဒကာမကြီးတစ်ယောက်ရဲ့ အသုဘကို သွား ရမယ်၊ ၉၇ နှစ်မှာဆုံးသွားတာလို့ပြောမိတော့ မန္တလေးဒကာမကြီးက တပည့်တော်အမေက ၉၉ နှစ် တဲ့။
အားလုံးက ဒကာမကြီးတွေချည်းဖြစ်နေသည်။ ဘာကြောင့်အမျိုးသမီးတွေက အသက်ပိုရှည်ပါလိမ့်ဟု စဉ်းစားနေစဉ် ဆွမ်းစားအပြီး ကွမ်းဝါးချင်သဖြင့် ချဉ် လာသောခံတွင်းက ခပ်ပြုံးပြုံးလေး သတိပေးသွားလေသည်။
အသက် ဉာဏ်စောင့်ဟူလေ၏။

နိုင်ငံရေးသမား


"ပညာရှင်ရဲ့ သဘောတရားတွေထဲမှာ နိုင်ငံရေးသမားရဲ့ လက်တွေ့ဆန်မှုနဲ့ ကိုယ် ချင်းစာတရားတော့ ရောထားမှရလိမ့်မယ်။"(Timothy Garton Ash)
ပညာရှင်တွေ နိုင်ငံရေးသမားဖြစ်မလာတတ်သလို နိုင်ငံရေးသမားဖြစ်ဖို့လည်း ပညာရှင်ဖြစ်နေဖို့ မလိုပြန်ဘူး။
"တက္ကသိုလ်မှာ ပထမတန်းစားလူတော်တွေက ပါမောက္ခကြီးတွေဖြစ်သွားတယ်။
ဒုတိယတန်းစားတွေက စီးပွားရေးသမားကြီးတွေ၊ စီအီးအိုတွေဖြစ်သွားတယ်။
တတိယတန်းစားတွေက အမေရိကန်သမ္မတဖြစ်လာတယ်၊ မယုံမရှိပါနဲ့၊ အဲဒါ ကျွန်တော်ပါ။" (George W. Bush)
(ဆောင်းပါးရှည်ရေးသင့်တာ၊ လုံးဝအဆင်မပြေလို့ ဗျာ)

ပညာရှင်တစ်ယောက် ဘေးထွက်သွားခြင်းဟာ


အကြံပေးတစ်ယောက်နှုတ်ထွက်သွားမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ သိပ်ထူးခြားလှမယ်မဟုတ်ဘူး။ သူတို့ဆီမှာ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ တစ်ခုရှိတာက အမေရိကန်မှာ ပညာရှင်တွေပေါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာရှင်တစ်ယောက် ဘေးထွက်သွားခြင်းဟာ မကောင်းလှတာတော့အမှန်ပဲ။

Dog တစ်ကောင်ရဲ့ God ထံပေးစာ


(New version for dog lovers)

"နောက်ဆုံး "အချစ်ဆုံးသတ္တဝါ ခွေး" လို့ လူသိရှင်ကြား စတေးတပ် တင်ကြ တဲ့ကောင်မလေးတွေနဲ့ပတ်သက်ပြီး သူတို့စတေးတပ် တကယ်မှန်၊ မမှန် စုံစမ်းထောက်လှမ်းဖို့ "Watch dog" တွေကို တာဝန်ပေးထားပါသလား၊ စတေးတပ်နဲ့ မညီညွတ်ခဲ့သော် သူတို့အပေါ် အရေးယူဒဏ်ခတ်မှုက ဘယ်လို မျိုးပါလဲ။ မမှန်ခဲ့ဘူးဆိုရင်တောင်...သူ့တို့အမေတွေက မုန့်ဖိုးလျှော့ပေးရုံ..."

ကျနော်က ခွေးတစ်ကောင်ပါ။ မရှင်းမလင်းတာလေးတွေ မေးချင်လို့ ခွင့်ပြုပါ။ ဒီမိုကရက်တစ်ကျကျ ဖြေဆိုပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။




၁။ ထာဝရဘုရားရှင်ရဲ့ လက်ရှိရာထူးက ပါတီစုံစနစ်နဲ့ ရွေးကောက်တင်မြှောက် ထားတဲ့ရာထူး မှန်ပါသလား။ Please don't mind နော်ဖျာ့။

၂။ မကြည့်ချင် မမြင်ချင်လို့ မျက်စိမှိတ်ပြီး လူရဲ့ ခြေသလုံးကိုဆွဲလိုက်မိတာ ဟာ ခွေးအခွင့်အရေး ချိုးဖောက်ရာ ရောက်ပါသလား။

၃။ ဘာရယ်မဟုတ် မည်းမည်းမြင်ရာ ဟောင်လိုက်မိတာကို နောက် က ခွေးတွေ ကလည်း (ဘာရယ်မဟုတ်) တအုံကြီးလိုက်ဟောင်ကြတယ်။ ဒါဆို သူတို့က ကျနော့်ကို "Like" လုပ်တာလား "Share" လုပ်တာလား။

၎။ အဲသလို ဖြစ်လာရင် ကျနော်ဟာ စည်းရုံးရေးကောင်းသူ ဖြစ်ပါပြီလား။ နိုင် ငံရေး လုပ်လို့ရပြီလား။

၅။ နိုင်ငံရေးပါတီတွေထဲမှာ ခွေးသားမစားတဲ့ ပါတီမရှိသေးပါ။ ခွေးသား မ စားတဲ့ ပါတီကိုပဲ မဲပေးလိုခြင်းဟာ အမြင်ကျဉ်းမြောင်းခြင်း ဟုတ်ပါသလား။ ဒါမှမဟုတ် ဒီမိုကရေစီကို နားမလည်ခြင်းလား။

၆။ "လူမှာအဝတ်၊ တောင်းမှာအကွတ်" တဲ့။ ဖြစ်သင့်တာက "ခွေးမှာအဝတ်၊ တောင်းမှာအကွပ်" ပါ။ လူတွေကအဝတ်အစား ပြောင်းဝတ်ပြီး ထင်ရာတွေလုပ်နေနိုင်တယ်။ တကယ်က "လူမှာကျင့်ဝတ်၊ တောင်းမှာအကွပ်" မဟုတ်ဘူးလား ဖျာ့။

၇။ စစ်ဗိုလ်ချုပ်လူထွက်တွေအချင်းချင်း ဦးသူကထောင်ချနေတာကို ဘာလို့ "Dog eats dog" လို့ ခေါ်ကြပါသလဲ။ "General eats general" ဖြစ်သင့်တယ် မဟုတ် ဘူးလား။

၈။ ကျနော်နဲ့ ဟိုဘက်အိမ်က ခွေးမလေး (ကိုးကွယ်မှု မတူပါ) ရပြီး ခွေးလေး ငါးကောင်မွေးလာပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဖြစ်သင့်သလား၊ မွတ်စ လင်ဖြစ်သင့်သလား၊ ခရစ္စယန်ဖြစ်သင့်သလား။ မျက်နှာမလိုက်ကြေးနော် ဖျာ့။

၉။ ကောင်းကင်ဘုံမှာဆိုရင် ကျနော်တို့နေရာဟာ ဆိုဖာလား၊ တံခါးပေါက် လား၊ အမှိုက်ပုံလား။

၁၀။ ကောင်းကင်ဘုံရောက်ဖို့ တွေ့တဲ့လူတိုင်းကို "အဘ" ခေါ်စရာ လိုသလား။

၁၁။ "ခွေးတောင် ကျွေးတဲ့လက်ကို မကိုက်ဘူး" ဆိုတဲ့ စကားပုံဟာ ကျနော် တို့ကို နှိမ့်ချဆက်ဆံရာ (ဒစ်စ်ခရိုင်မီနေးရှင်း) မရောက်ဘူးလား။

၁၂။ ကျနော်တို့ ကစားနေကျ၊ အီးအီးပါနေကျ အဆောက်အဦကြီးဟာ အ ခု ဟော်တယ်ဖြစ်တော့မယ်လို့ ကြားရပါတယ်။ ဒါကိုပဲ ပြုပြင်ပြောင်းလဲခြင်း (Reform) လို့ ခေါ်ပါသလား။

၁၃။ ဟော်တယ်ဖြစ်သွားရင် ကစားလို့၊ အီးအီးပါလို့ မရတော့ပါ။ ဒီ အတွက် ကျနော်တို့က နစ်နာကြေးတောင်းဆိုရင် ရနိုင်ပါသလား။ တည်ဆဲ၊ တည် ဖို့ကြိုးစားဆဲ ဥပဒေတွေနဲ့ ညီညွတ်ပါသလား။

၁၄။ မျက်စိနောက်လောက်အောင် ဝတ်စားထားတဲ့လူတွေကို ဟောင် မိတဲ့ အတွက် တောင်ပန်စကားပြောဖို့ (အပေါ်လောဂျိုက်ဇ်) လိုအပ်ပါသလား။ ဒါမှမဟုတ် ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်လား။

၁၅။ နောက်ဆုံး "အချစ်ဆုံးသတ္တဝါ ခွေး" လို့ လူသိရှင်ကြား စတေးတပ် တင်ကြတဲ့ကောင်မလေးတွေနဲ့ပတ်သက်ပြီး သူတို့စတေးတပ် တကယ်မှန် မမှန် စုံစမ်းထောက်လှမ်းဖို့ Watch dog တွေကို တာဝန်ပေးထားပါသလား၊ စတေးတပ်နဲ့ မညီညွတ်ခဲ့သော် သူတို့အပေါ် အရေးယူဒဏ်ခတ်မှုက ဘယ်လိုမျိုးပါလဲ။ မမှန်ခဲ့ဘူးဆိုရင်တောင် အများကြီးတော့ အရေးမယူစေချင်ပါ။ သူ့တို့အမေတွေက မုန့်ဖိုးလျှော့ပေးရုံ၊ ဟန်းဖုန်းကို ဆိုင်းလင့်လုပ်၊ လက်ကိုင်အိပ်ထဲထည့်ထားပြီး ပျောက်လို့ဆို ဒေါင်ချာစိုင်းအောင် လိုက်ရှာနေတာလောက်တော့ လုပ်သင့်တယ်ဖျာ့။ ဒါမှ မှတ်သွားကြမှာ။

ကျေးဇူးပြုပြီး ဒီမိုကရက်တစ်ကျကျ ဖြေဆိုပေးပါ။ ဒါဟာ လူတွေလို ကွန်ပ လိန်းတက်နေခြင်း၊ အခွင့်အရေးတွေ တောင်းဆိုနေခြင်းမဟုတ်ဘဲ အင်တယ် လက်ကျူယယ်မေးခွန်းသက်သက်တွေမို့ ဖြေဆိုပေးမယ်လို့လည်း ယုံကြည် ထားပါတယ်။

(ဝေါင်း ဝေါင်း ဝေါင်း)
လေးစားစွာဖြင့်
ခရစ္စတိုဖာ စတီဗင် အောင်နက်
မြန်မာပြည် 

ကျားသတ္တဝါက ရေဆင်းကူးပေမဲ့


ကျားသတ္တဝါက ရေဆင်းကူးပေမဲ့ ငါးခမျာမှာတော့ ကုန်းပေါ်မှာ မကျက်စားဝံ့ပါ။
ဝေဟင်ယံမှာ လေယာဉ်ပျံမည်မျှပင် စွမ်းစေဦးတော့ ငှက်ငယ်ကိုမမီနိုင်ကြောင်း ရှက်စဖွယ်ဆိုကြပါလိမ့်မယ်။
သက်နုနုံးမြေက မြေဩဇာကိုဖြစ်စေသလို သက်ရင့်ပံသုက ရွှေကိုဖြစ်စေပါတယ်။
ငှက်ဘဝ ငါးဘဝမှ ဝင်စားခဲ့ဟန်တူသော အနုပညာသည် ကျွန်တော်သည်.....
(ဂီတစာဆို မောင်ကြေးမုံက မေဆွိရဲ့ ပုဇွန်ဆိတ် စီးရီးထဲမှာ ပြောထား တဲ့ စကားတွေပါ။ ကလေးဘဝကရခဲ့တာဖြစ်ပြီး သူ့အသံအတိုင်း အော်အော်ကြည့် မိလို့ မေ့လည်းမမေ့၊ ဘာအဓိပ္ပါယ်မှန်းလည်းမသိခဲ့ဘူး။ ကြိုက်တယ်။ အခုမှ စဉ်းစားတော့ သူ မအိုသေးဘူးလို့ ပြောချင်ဟန်တူတယ်လို့ ရေးတေးတေး သဘောပေါက်မိတယ်၊ မှန်ချင်မှလည်း မှန်မှာ)

ပိုင်နက်လက်တစ်သစ်


ဖရန်စွာနဲ့အဲလက်စ်

ခဏပဲဖြစ်စေ ဖရန်စွာနဲ့အဲလက်စ်ဆိုသည့် ပြင်သစ်လေးနှစ်ယောက်နဲ့ ရင်းနှီး မိတ်ဆွေဖြစ်ခဲ့ဖူးပါသည်။ သူတို့ကလည်း အင်္ဂလိပ်မကောင်း ကျနော့်အင်္ဂလိပ် ကလည်း အိုနင်းခွက်နင်းမို့ စကားပြောရတာလက်ပေါက်ကပ်ပေမဲ့ ပျော် စရာတော့ကောင်းပါသည်။ နာမည်တွေအပြန်အလှန်မေး၊ စကားတွေပြော၊ မန္တလေးတောင်နဲ့ ဆွေမျိုးတော်စပ်တဲ့ကျနော့်အခန်းလေးထဲအထိ သူတို့ လိုက် လာပြီး သူတို့ကိုလည်း ကော်ဖီတစ်ခွက်စီတိုက်လိုက်ပါသည်။ အခုပြောချင်တာက သူတို့ကို အမှတ်တရဖြစ်နေစေသည့်အကြောင်းသာ ဖြစ်သည်။

သူတို့ပြန်ခါနီး နှုတ်ဆက်ကြသည့်အခါ ဂွတ် ဘိုင်၊ ဆီး ယူ"...."ဆိုပြီး သူတို့က နာမည်ခေါ်နှုတ်ဆက်ကြပေမဲ့ သူတို့နာမည်တွေကတော့ ကျနော့်ပါးစပ် ထဲ ရောက်မလာခဲ့ပါ။ ပါးအရိုက်ခံလိုရသလို ခံစားရပါသည်။ သူတို့နာမည်တွေက ကိုယ်နဲ့မှမရင်းနှီးတာလို့ ဆင်ခြေတက်ကြည့်ပေမဲ့ မလုံလောက်ပါ။ ကျနော့်နာမည် ကလည်း သူတို့အတွက် လွယ်ကူလှမည် မဟုတ်ပါ။
ထိုမှနောက် အပျင်းပြေနာမည်မေးခြင်းမျိုး မလုပ်ဖြစ်တော့၊ မေးမိလျင်လည်း ခပ်ဖွဖွတော့ရွတ်ကြည့်နေမိတတ်သည်၊ အတတ်နိုင်ဆုံးတော့ မမေ့အောင် ကြိုးစားမိသည်။ ဤအချက်က ကျနော့်ရဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ်မှာပင် အကျိုးသက်ရောက်မှု ရှိကောင်းရှိနေနိုင်ပါသည်။ ကျနော်သည် ပေါင်းသင်းဆက်ဆံရေမှာ အထနှေးတတ်ပါသည်။

ပိုင်နက်

သူငယ်ချင်း ကဗျာဆရာနှစ်ယောက်ရှိခဲ့ဖူးပါသည်၊ တစ်ယောက်နဲ့ကတော့ အခု အထိရန်ကုန်ပြန်စဉ် တွေ့ဖြစ်ပါသည်။ တစ်နေ့ သူ့ကို
"မင်းအနေနဲ့ ရဟန်းဘွဲ့ ကိုခေါ်တာ ကြိုက်သလား၊ ကလောင်နာမည်ကိုခေါ်တာ ကြိုက်သလား" လို့ မေးတော့
"ရဟန်းဘွဲ့ဆိုတာကကွာ ဘာမှမလုပ်လည်း ရနေတာပဲ၊ ဒီကလောင်နာမည်လေး ရဖို့ ငါ တအားကြိုးစားခဲ့ရတာ၊ မွေးရာပါအခွင့်အရေးမဟုတ်ဘူးဟ" လို့ သူကဖြေပါသည်။
သဘောတူပါသည်။ ဒါ့ကြောင့် သူ့ကို မောင်စူးရဲလို့ပဲခေါ်မိပါတော့သည်။ သူ့ရဟန်းဘွဲ့ကို ကျနော်မေ့နေပြီဖြစ်ပါသည်။ သူ့ကို ကျနော်ချစ်ဖို့ သူ့အနေနဲ့ နိုင်ငံကျော်ကဗျာဆရာဖြစ်ဖို့မလိုပါ။ သူဖြစ်ဖို့ပဲ လိုပါသည်။

လက် တစ်သစ်

မိဘများက ကျနော့်ကိုမွေးပြီး ကျနော်က ဇင်ဝေသော်ကိုမွေးခဲ့ပါသည်။ ဇင်ဝေသော်အပေါ် ဘာလောင်းရိပ်မှ ရှိမနေစေချင်ပါ၊ (ဇင်ဝေသော်က ဒုတိယ သားဖြစ်ပါသည်၊ ပထမသားက သူ့လောက်သတ္တိမရှိခဲ့ပါ၊ ဒါ့ကြောင့် သူ့ကို စာရေးဖို့ မတိုက်တွန်းဖြစ်တော့ပါ)။ ဘယ်လိုပဲဖြစ်စေ လက်ခံနိုင်သော်လည်း အက်ဂျက်တစ်မပါသောဝေါဟာရများကို ဇင်ဝေသော်က မြတ်နိုးဟန်တူပါသည်၊ သူသည် အက်ဂျက်တစ်မရှိသော လူတစ်ယောက်သာဖြစ်သည်။ အားလုံးကို လက်ခံနိုင်သော်လည်း တခါတခါတွေ့ရတတ်သည့် ကွန်မင့်လေးများအပေါ် ဇင်ဝေသော် ကျေနပ်မိသည်ကိုမူ လက်ခံထားမိပါသည်။

"Mg Chit:ဆရာဟန်တင်တန်ကိုထောက်ခံပေမယ့် မြန်မာပြည်ရဲ့သဘာဝ မှိုင်း အရတော့ မျက်စိစပ်ပြီးခေါင်းမမူးတတ်ရင် သာသနာရေးဝန်ကြီးလို ဖြစ်တတ် တယ်တဲ့ ဆရာဇင်ဝေသော်ရယ်။"

"Nyein Chan Ar Kar: ဟန်တင်တန် ပြောတာ မှန်တယ်ဗျ။"

တကယ်တော့ ဆရာဆိုသည့် ဝေါဟာရကသည်ပင် မလိုအပ်ပါ။ သူခေါ်မည် ဆိုရင်လည်း မတားပါ၊ တားခွင့်မရှိပါ။
သူတို့သည် ဝေါပေါ်မှာ မိတ်ဖွဲ့မထားသည့် ဇင်ဝေသော်ရဲ့ သူငယ်ချင်းများဖြစ် ကြပါသည်။

အမှာ။ ။ "ပိုင်နက်လက်တစ်သစ်" ဆိုတာ သူငယ်ချင်း မောင်စူးရဲရဲ့ ထင်ရှားတဲ့ ကဗျာခေါင်းစဉ်ဖြစ်ပါသည်။