ရှေးခေတ် မနသိကာရ


"ဆွမ်းချက်တာ ပျော့သွားတယ်ဘုရား"
"အေးကွယ်၊ ဝါးရသက်သာတာပေါ့"
"ဆွမ်းချက်တာ မာသွားတယ်ဘုရား"
"အေးကွယ်၊ ညနေ မဆာတာပေါ့"

အခုခေတ် မနသိကာရ

"အင်တာနက် ပျက်သွားတယ်ဘုရား"
"အေးကွယ်၊ မျက်စိ အနားရတာပေါ့"
"အင်တာနက် ပြန်ကောင်းနေတယ်ဘုရား"
"အေးကွယ်၊ အွန်လိုင်းတက်ရတာပေါ့"

အစွန်းရှောင်ရင်း အစွန်းရောက်သွားတတ်ခြင်း


(လွန်ခဲ့တဲ့ ၇ နှစ်က AGM မှာ ပြောခဲ့တာပါ)

ဒီအယူအဆက အဓိကအားဖြင့် ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ပတ်သက် ပါတယ်၊ ဒါပေမဲ့ အခြားအဖွဲ့အစည်းကြီးတွေနဲ့လည်း သက်ဆိုင်မှုရှိပါလိမ့်မယ်။
ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုမှာ စတင်တည်ထောင်သူက ဆရာတော် ကြီး တစ်ပါးပါးဖြစ်နေတတ်ပါတယ်။ သူဟာ ဩဇာတိက္ကမကြီးတယ်၊ အရေး ကိစ္စအားလုံးအတွက် ဆုံးဖြတ်ချက်ချသူကလည်း သူပဲဖြစ်နေတတ်ပါတယ်။

ဖွင့်ပြောဖို့ဝန်လေးတဲ့ ဗုဒ္ဓဘာသာတပည့်အများစုက သူတို့ သိပ်သဘောမတူ ဘူးဆိုရင်တောင် ဆရာတော်ကြီးမိန့်တာပဲလေဆိုပြီး လိုက်နာကြ၊ လုပ်ဆောင် ကြပါတယ်။ ဒါပေမဲ့ သာသနာချစ်စိတ်လည်းရှိ၊ အမျှော်အမြင်လည်းရှိတဲ့ ဗုဒ္ဓ ဘာသာ တပည့်တွေရဲ့စိတ်ထဲမှာ ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲလို့ သူတို့ချင်း တိုင်ပင်တတ်၊ ဆွေးနွေးတတ်ပါတယ်။ ဆရာတော်ကြီး သက်ရှိထင်ရှား ရှိနေသေးသရွေ့ "ဒီလိုလေးဆိုရင်ပိုကောင်းမှာပဲ" ကို အကောင်အထည် မဖော်တတ်ကြဘူး။ သူတို့စိတ်ထဲမှာပဲရှိတယ်။

ဆိုပါတော့။ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ။ ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ ဗုဒ္ဓဘာသာတပည့်တွေ (သို့) ဥပဋ္ဌာကအဖွဲ့က အရင်လို ဘုန်းကြီးမှာ "Too much power" ရှိနေတဲ့အဖြစ်ဆီ အရောက်မခံတော့ဘဲ ဝင်ထိန်းပါတော့တယ်။
ကောင်းပါတယ်၊ ဒါပေမဲ့ အရင်လိုဖြစ်မှာစိုးလို့ ထိန်းရင်းထိန်းရင်းနဲ့ တဖြည်းဖြည်း ဒုတိယတက်လာတဲ့ဘုန်းကြီးမှာ ဆုံးဖြတ်ပိုင်ခွင့်မဲ့သွားပြီး အစွန်းတစ်ဖက် ပြန်ရောက်သွားပါတော့တယ်။ ကြည့်ရဲရင် မြန်မာပြည်က ဘာသာရေးအဖွဲ့အစည်းကြီးတွေကို ကြည့်နိုင်ပါတယ်(ကိုယ်ပိုင်ကျောင်းကို မဆိုလိုပါ)။ ဒီ သဘောတရား တွေ့ရပါတယ်။ အချိန်ကြောင့် ဒုတိယဘုန်းကြီး က ဒီအခြေအနေကို တည့်မတ်လို့ မရတတ်ပါဘူး။ တည့်မတ်ဖို့ ကြိုးစားတာ ထက် ခပ်ထက်ထက် ဒုတိယဘုန်းကြီးက ကိုယ်ပိုင် ကျောင်းခွဲ၊ အဖွဲ့အစည်း ခွဲတတ်ပါတယ်။ စွမ်းမယ်ဆိုရင် တတိယ၊ စတုတ္ထတက်လာတဲ့ ဘုန်းကြီး ကတော့ ဆရာ၊ ဒကာကြားက ဒီဟန်ချက်ကို ပြန်ညှိပေးလို့ ရတတ်ပါတယ်။



အဖွဲ့အစည်းတစ်ခုအောက်မှာ တွင်တွင်ကျယ်ကျယ်နဲ့ ရေရှည်သာသနာပြုဖို့ ဆိုရင် ဆရာ၊ ဒကာဟန်ချက် ညီနေရတတ်ပါတယ်။
"ဥဘော အညောညနိသိတာက" က ပစ္စည်းလေးပါး လှူသူနဲ့ ပစ္စည်းလေးပါး ယူသူထက် အဓိပ္ပါယ်ပိုကျပြန့်တယ်လို့ ခံယူမိပါတယ်။

သီဟနာဒ

အယ်ဗာတန် ၃၊ မန်ယူ ဝ


မန်ယူလုပ်ပုံက အယ်ဗာတန်တောင် ဘိုင်ယန်မြူးနစ်လိုလိုဖြစ်ရော။
ပထမပိုင်း နှစ်ဂိုးက ကံဆိုးလို့မှတ်နေတာ၊ ဒုတိယပိုင်းက ကြည့်ရတာကို ရီစရာကြီး၊ ပေါတောတောနဲ့။
နောက်တန်းမှားလို့တဲ့။ မဟုတ်ပါဘူး။ နောက်တန်းမှားရင် ၃ ဂိုး ၂ ဂိုး ရှုံးရမှာ။

ဂျပန်တွေက ဂျလယ်တွေ


ဒီလိုပြုပြင်ပြောင်းလဲမှုလမ်းစဉ်ကို ဒီလောက်ကြိုးပမ်းတကြီးလုပ်ဆောင်ယူခဲ့တဲ့ ဂျပန်ရဲ့ရည်ရွယ်ချက်က အနောက်တိုင်း အင်အားကြီးနိုင်ငံတွေဟာ ဧရာမနယ်မြေကို အုပ်ချုပ်နေရတဲ့ လက်ရှိပုံစံကနေ အနှေးနဲ့အမြန် လက်လျှော့နောက်ဆုတ်ပေးရလိမ့်မယ်။ သူတို့ဂျပန်မြေကနေ စွန့်ခွာသွားရင် ဂျပန်နိုင်ငံကို ဂျပန်ဥပဒေနဲ့အညီပဲ အုပ်ချုပ်သွားရမယ်ဆိုတာကို သဘောပေါက်လက်ခံထားကြလို့ပါ။ ဒါကြောင့် ဂျပန်နိုင်ငံကိုမအုပ်ချုပ်ခင် ဂျပန်ကိုအုပ်ချုပ်မယ့် သူတို့ ဥပဒေတွေကို အစမ်းသဘောနဲ့ တရုတ်ပြည်ကို အုပ်ချုပ်ကြည့်ခဲ့ကြခြင်းဖြစ်ပါတယ်။

စာအုပ် လက်ဆောင်


ဇနီး။ ။ အဲဒီသူတောင်းစားကို ကျမကြည့်လို့ကို မရဘူး။
ခင်ပွန်း။ ။ ဘာဖြစ်လို့လဲကွ၊ မရှိလို့ တောင်းစားနေရရှာပဲ ဥစ္စာ။
ဇနီး။ ။ ဟိုတစ်နေ့က ထမင်းကျန် ဟင်းကျန်လေးတွေ ပိုနေလို့ ပေးလိုက်မိ တယ် နောက်နေ့ကျတော့ ကျမကို စာအုပ်တစ်အုပ် လက်ဆောင်လာပေး သွားတယ်။
ခင်ပွန်း။ ။ ဘာစာအုပ်မို့လို့လဲ။
ဇနီး။ ။ ဟင်း ချက်နည်းစာအုပ်။




(အွန်လိုင်း ဂျုတ်)
1/27/2014

ထုံး (ကွမ်းစား) မပေါက်အောင်


ထုံး (ကွမ်းစား) မပေါက်အောင် (အာ၊ လျှာ)၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် (တချို့က အာဂျီနိုမိုတိုတွေထည့်) ထုံးဖောက်တဲ့အခါ ဘလက်လေဘယ် (နာမည်ကြီး စကော့တ် ဝီစကီ) တစ်ဇွန်း (လဖက်စားဇွန်း၊ ယောက်ဂျိုမဟုတ်) ထည့်ရပါတယ် တဲ့။ အကြံပေးသူက အတည့်ပေးလား၊ အရွဲ့ပေးလား မသိရသေးပါ။ ပြောတဲ့အသံကတော့ တကယ်စေတနာအစစ်နဲ့ ပြောတဲ့အသံပဲ။

"World Order" ဆိုတာ


ပါဠိလို "ပဉ္စနိယာမ"
မြန်မာလို "နိယာမ ငါးမျိုး"
အင်္ဂလိပ်လို "Five Orders"
ဒီတော့ "World Order" ဆိုတာ "လောကနိယာမ"။ ရှင်းကရော။

World Order က အယူအဆ (Concept)


သူ့ကို ဒေသတစ်ခု (သို့) စီဗီလိုက်ဇေးရှင်းတစ်ခုက တရားမျှတရေး၊ ပါဝါညီမျှရေးစတဲ့အစီအမံတွေအတွက် ကမ္ဘာကပါ ကျင့်သုံးလာနိုင်အောင် သတ်မှတ်ပေးတယ်။
International Order က ကျင့်သုံးမှု (Application)။
အထက်ပါ အယူအဆကို ပဲ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ ကျင့်သုံး၊ တစ်ကမ္ဘာလုံး အတိုင်းအတာ မဟုတ် ဒါပေမဲ့ ကမ္ဘာအပေါ်သက်ရောက်မှုရှိ။
Regional Order က အထက်ကမူဝါဒတွေကို သတ်မှတ်တဲ့ ဒေသတွင်းမှာပဲကျင့်သုံး။

Order နဲ့ Freedom
Freedom မရှိတဲ့ Order က ဘာကြီးဖြစ်နေနေ တစ်ချိန်ချိန် ပြိုလဲမယ်။
Order မပါရင်လည်း Freedom က လုံခြုံမှုမရှိဘူး။
(ဟိုတလောက ဒေါ်စု ပြောသွားတဲ့ သဘောတရား)

Ref; World Order

မီဒီယာအကြီးစားကြီးတွေက နည်းနည်းလှည့်စားတတ်ပါသတဲ့


မီဒီယာအကြီးစားကြီးတွေက နည်းနည်းလှည့်စားတတ်ပါသတဲ့။
သက်တမ်းတစ်လျှောက်လုံးလိုလို ဘက်မလိုက်ရပ်တည်ကြတတ်တယ်၊ တစ်ခါ တစ်ခါ သူ တကယ်ထောက်ခံတဲ့ပါတီကိုတောင် ဆက်တိုလိုလိုဆော်နေတတ် တယ်။ ဆိုလိုတာက မီဒီယာသိက္ခာနဲ့စာဖတ်သူရဲ့ ယုံကြည်မှုကို ရယူတာ။ ဒီ မီဒီယာက မှန်တာဆိုရင် ဘယ်သူ့ကိုမဆို ရေးတယ်၊ ဖော်ပြတယ် ဆိုတာမျိုးပေါ့။ ရွေးကောက်ပွဲနီးပြီဆိုတော့မှတစ်လျှောက်လုံး မြှောက်လာရာကနေ သူမထောက်ခံတဲ့ပါတီကို အချက်အလက်တွေစုပြီး ထောက်တော့တာပဲ။ အထူးသဖြင့် အင်္ဂလိပ်မီဒီယာတွေက ဒါမျိုး ပိုလုပ်တတ်သတဲ့။ လီကွမ်းယုပြောတာပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ် သိထားတော့ ကောင်းတာပေါ့။

ရှက်ရယ်


တချို့အတွေ့အကြုံတွေက ကြုံတွေ့ရခိုက်လေးမှာ အူတက်မတတ် ရယ်ရပေ မယ့် ပြန်ပြောရင် မရယ်ရတော့ဘူး။ ဘာဖြစ်ဖြစ် ပြောကြည့်အုံးမယ်။

မိတ်ဆွေရဟန်းတစ်ပါးနဲ့ ကိုရီးယားသွားတုန်းကပါ။ ဂိတ်တွေအားလုံးဖြတ်ပြီး လေယာဉ်ပေါ်တက်ဖို့စောင့်နေချိန် နှစ်ပါးစလုံးနဲ့သိတဲ့ နိုင်ငံခြားသားဘုန်းကြီးလည်း ရောက်လာတယ်။ ဒီအဖြစ်အပျက်မှာ သူက အဓိကဆိုတော့ သူနဲ့ဆက်ဆံရေးကို နည်းနည်းတော့ပြောမှရလိမ့်မယ်။ ဆိုလို တာက သူ့ကိုတွေ့လိုက်ရလို့ ဝမ်းသာသွားတာမျိုးမဟုတ်ဘူး၊ နည်းနည်းတောင် မသက်မသာခံစားလိုက်ရတဲ့ ဆက်ဆံရေးမျိုးပေါ့။ ဒါက နှစ်ပါးစလုံးမှာ ရှိနေတဲ့ ခံစားမှု။ တွေ့တာနဲ့ အလ္လာပသလ္လာပလေးပြောပြီး လေယာဉ်ပေါ်တက်ကြရော။
လေယာဉ်ထွက်ပြီးခဏနေတော့ ကိုယ်ကပဲ အိမ်သာအရင်သွားတယ်။ ဘာမှရည်ရွယ်ချက်မရှိဘဲ အိမ်မ်သာကအထွက် မျက်စေ့ဝေ့ဝိုက်ကြည့်လိုက်ေ တာ့ ခုနက နိုင်ငံခြားသားဘုန်းကြီးကို မတွေ့မိဘူး။ ဒါနဲ့ ဘေးကမိတ်ဆွေရဟန်းကို
"ဟေ့ကောင်၊ ဟိုကိုယ်တော်ကြီးကို ရိုရိုးတန်းမှာ မတွေ့ဘူးဗျ" ပြောမိတယ်။ သူကလည်း
"ဟာ ဟုတ်လို့လား၊ ရှိမှာပါဟာ၊ သေချာပြန်ကြည့်စမ်းပါအုံး"
ချက်ချင်းပဲ အဲဒီကိုယ်တော်ကလည်း အိမ်သာသွားမလို့ထင်ပါရဲ့ ထလိုက်တော့ သူကတွေ့သွားပြီး
"ပြောသားပဲ၊ ဟိုမှာ မတွေ့ဘူးလား" ဆိုပြီး သက်တောင့်သက်သာဖြစ်သွား ဟန်နဲ့ ပြောတယ်။


picture source

ဒါပါပဲ။ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ် လိုက်ရတာ အူတွေကိုနာနေတာပဲ။ ဘာကိုရယ်တာလည်းဆိုရင် ရှင်းပြလို့ မရဘူး။ ရှက်ရယ်လို့တော့ထင်တာပဲ။ သူ ဘစ်စနစ်ကလပ်က စီးလာမှာကို မဆီမဆိုင် ညှိနှိုင်းမထားဘဲ နှစ်ယောက်ပြိုင်တူ အတွင်းပူပူနေကြတယ်။ အဲဒီ ဣသာ၊ မစ္ဆရိယ အနုသယကိလေသာကို နှစ်ယောက်လုံး ရုတ်တရက် မဖုံးလိုက်နိုင်ဖြစ်သွားတာကိုတွေးပြီး ရယ်ဖြစ်ကြတာထင်တာပဲ။ ရယ်ရတာတော့ တစ်လမ်းလုံးလိုလို၊ စဉ်းစားမိလိုက် ရယ်လိုက်ပဲ။

သီဟနာဒ