ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။


ပိုက်ကျော်ခြင်း ခတ်နေကြတာ၊ အင်ဒိုနဲ့ မြန်မာ။ တဝေါဝေါနဲ့ အားရစရာကြီး။
မြန်မာက တစ်ပွဲနိုင်ထားတယ်။ ဒုတိယပွဲကတော့ အကြိတ်အနယ်။
ဒီနေးရှင်းက ဒါတွေနဲ့ဝေးနေရတာ ကြာပြီ။
ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။

ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း


နေမင်းရဲ့ တော်ဝင်မြို့တော်တဲ့ ဟဲ့ ဟဲ့

ဒီကိစ္စမပြောခင် နေပြည်တော်ကို အင်္ဂလိပ်လို ပြန်ထားပုံအကြောင်းနဲ့ စချင်ပါ တယ်။ "The royal city of the Sun" လို့ စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရ တယ်။ တကယ်တော့ ဒီကိစ္စကို ပညာရှင်တွေပြောတာက ပိုသင့်မှာပါ။ ကနဦးမှာ ရာဇဌာနီ=မင်းနေပြည်လို့ သုံးကြပါတယ်။ ပါဠိကို တိုက်ရိုက်မြန်မာ မှုပြုထားတာပါ။ မင်းနေပြည်ကနေ နေပြည်တော်။ ဒီမှာ နေ ဟာ the Sun ဆိုတဲ့ အဓိပ္ပါယ်ထက် နေထိုင်ခြင်း အဓိပ္ပါယ်ပိုရှိပါတယ်။ ဘုရင်ကိုနေနဲ့နှိုင်းတဲ့ ယဉ်ကျေးမှုရှိပေမဲ့ မူရင်းကိုလိုက်ရင် အဓိပ္ပါယ်သိပ်မကောင်းဘူးထင်ပါတယ်။ The royal city, The Capital (စူပါမားကက်နဲ့ ရောသွားမှာ စိုးလို့လားတော့ မသိ) ဆိုရသားနဲ့ (The royal city of the Sun ) နေမင်းရဲ့ တော် ဝင်မြို့တော်ဖြစ်သွားရော။ ကြီးကျယ်ချင်လွန်းတဲ့ ရောဂါအနုစားထင်ပါရဲ့။ ပညာရှင်သတ်မှတ်ခံထားရသူ တစ်ယောက်ယောက်က ပြောတာမဟုတ်ရင် စထရိတ်တိုင်းမ်က ထည့်မှာမ ဟုတ်ဘူး။



ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း

မလေးရှား၊ ပီနန်မြို့အနီးက ခေဒ (Kheda) မှာရှိတဲ့ ဘူဂျန်းဗဲလေး (Bujang Valley) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ အန်ကောဝပ်ထက် ရှေးကျ တဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ အဲဒီနယ်တစ်ဝိုက်မှာ တွေ့ရတယ်။ တချိန်က တမီးလ် မြို့တော်ဟောင်းလို့ ယူဆစရာရှိပြီး ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကိုတောင် တွေ့ရတယ်လို့ ပီနန်ဆရာတော်ကြီးမိန့်ဖူးတာကို သတိရမိတယ်။ မလေး အစိုးရက ဖျက်းဆီးတဲ့အထဲလည်းမပါ၊ ထိမ်းသိမ်းတဲ့အထဲလည်း မပါ။
တွေ့ရှိမှုတွေကလည်း မောင်းထုတ်ပစ်ထားတဲ့ ဘာသာရေးအမွေ အနှစ်တွေ ဆိုတွေ့ တူးဖော်လို့ တွေ့ပြန်ပြီဆိုရင်တောင်
" အော်.. အင်း၊ဟုတ်လား.." လောက်ပဲ။
အခုတော့ အေဒီ ရှစ်ရာစုက ရှေးဟောင်း ဘုရားကျောင်းနံပါတ် ၁၁ နေရာကို ဖြိုပြီး ဆောက်လုပ်ရေးလုပ်မယ်ဆိုမှ သမိုင်းပညာရှင်တွေက ကန့်ကွက်လို့ အသံတွေထွက်လာတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်က ဘာပြောလဲဆိုတော့ "သမိုင်းတန်ဖိုးရှိမှန်း မသိလို့" တဲ့။

အဲဒါ အရှေ့တောင်အာရှမှာ ရှေးအကျဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ပုဂံထက် သုံးရာစုလောက် ရှေးကျပါတယ်။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ


တရားကျင့်သူကို တရားက စောင့်ရှောက်၏။ (ဓမ္မပဒ)
ထီးဆောင်သူကို ထို ထီးကပင် နေပူဒဏ် မိုးဒဏ် တို့မှ ကာကွယ်မှုပေး၏။ (အဋ္ဌကထာဆရာ)

သူတစ်ပါးကို နေဒဏ်မိုးဒဏ်တို့မှ ကာကွယ်ရှာသော ထို ထီးခမျာကား
နေဖြင့်လောင်ကျွမ်း၍ မိုးရေဖြင့် ရွှဲရွှဲစို၏။

ထို့အတူ... မိဘတို့သည်လည်း သား သမီးတို့ကို ကာကွယ်ရင်း မကြာ မကြာ...။ ။

အော်..အင်း...ဘယ်လိုပြောရပါ့


၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော် ပြီးတော့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါ တယ်။ စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက် စတဲ့ အားကစားတချို့မှာ နိုင် ငံအသီးသီးကို ကိုယ်စားပြု ဝင်ပြိုင်ခဲ့ကြပေမဲ့ လူမျိုးအနေနဲ့ကြည့်ရင် အားလုံး က တရုတ်အနွယ်တွေချည်းပဲ။ ၂၄၀ ကျော်တယ် တဲ့။
လူမျိုးရေးစိတ် အလွန်ပြင်းတဲ့ ဂျာမဏီတောင် တရုတ် မလွတ်ခဲ့ဘူး။ ဒါက လက်ရှိ ဂလိုဘယ် ကမ္ဘာရဲ့ ရိုက်အားပဲ မဟုတ်လား။

ဒီနိုင်ငံထဲမှာ (တရားဝင်) မွေး၊ (တရားဝင်) ကြီး၊ (တရားဝင်)ကျောင်းတက်ခဲ့ သူတိုင်းဟာ ဒီနိုင်ငံသားပါပဲ။ ကုန်းဘောင်ခေတ် ပြန်မသွားသင့်တော့ဘူး။ ဂုဏ်ယူသင့်၊ အောင်ပွဲခံသင့်တယ် ထင်ပါတယ်။

Run, run, Team Myanmar, run


တစ်ခုခုများ ဖြစ်လေမလား? တကယ်စိုးရိမ်နေကြတာက နေပြည်တော်မှာဖြစ်ပြီး ဖြစ်သွားတော့ စင်္ကာပူ မှာဆိုတော့ အံ့ဩစရာ စိတ်မကောင်းစရာ ကြုံရပါတယ်။ စကားချိုချိုသုံးနေ ကြပေမဲ့ အာဏာပိုင်အဖွဲ့အစည်းကတော့ ဒါမျိုးကို လုံးဝသည်းခံမှာ မဟုတ် ပါဘူး။ ပါဝင်ပတ်သက်သူတွေလည်း သက်သာမယ် မဟုတ်ဘူး။ ကားကို ဆေးနဲ့ပက်ရုံနဲ့တောင် မသက်သာတာ မီးနဲ့ရှို့တဲ့အဆင့်ထိဆိုရင်ေ တာ့ စဉ်းစားစရာတောင် မလိုတော့ပါဘူး။ လူတန်းစားကွာဟမှု မကျေမ နပ်ဖြစ်ရာကနေ ပေါက်ကွဲလာတာလို့ နိုင်ငံခြားသတင်းစာက ဆိုပေမဲ့ အဓိက အကြောင်းကတော့ အရက်ဖြစ်ဖို့ များပါတယ်။

အခုထိတော့ နေပြည်တော်က အေးအေးဆေးဆေးပဲထင်ပါရဲ့။ ရွှေတံဆိပ် ၁၃ ခုနဲ့ ထိပ်ကပြေးနေတယ်။ ပွဲကော်မတီရဲ့ ဆိုက်ကိုလည်းပါပါလိမ့် မယ် ။ ခြင်းလုံးကို ရှေ့ကတင်ထားတော့ ဆုတံဆိပ် လုမယ့်သူ မရှိသလောက် နည်းသွားတယ်။ ဒါတောင် ထိုင်းက ရွှေ တစ်ခု ယူသွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုတွေနဲ့ အားကစားသမားတွေရဲ့ ယုံကြည်မှု တည်ဆောက် သွားရင် ရနိုင်ပါလိမ့်မယ်။ ပရိသတ်က တို့က အိမ်ရှင်ဆိုတဲ့ စိတ်ကလေး မွေးထားရင် ဖော်ရွေတဲ့ မြန်မာ့ယဉ်ကျေးမှုကို (မီးပျက်သွားခဲ့ရင်တောင်) ပြသ ခွင့် ရကြမှာပါ။

Underpaid joke

Underpaid folk may enjoy this Buddhist-style joke.
ဒီ ဂျုတ်က ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး ထင်ပါတယ်။

အဖေလုပ်သူက အခန်းထဲမှာ လှဲနေတဲ့သားဆီကို လျှောက်လာပြီး
"သား မင်း စာကြိုးစားဖို့ ကောင်းတယ်"
"ဘာဖြစ်လို့လဲ ဖေဖေ"
"ပညာတတ်မှ အလုပ်ကောင်းကောင်းရမှာပေါ့"
"ဘာလို့ အလုပ်ကောင်းကောင်းရစရာ လိုတာလဲ ဖေဖေ"
"အလုပ်ကောင်းကောင်းရတော့ ပိုက်ဆံများများရတာပေါ့"
" ပိုက်ဆံများများ ရတော့ ဘာဖြစ်မှာလဲ ဖေဖေ"
"ပိုက်ဆံများများ ရတော့ ချမ်းချမ်းသာသာနဲ့ နေ၊ အလုပ်ကနေ စောစော အနားယူ၊ သက်တောင့်သက်သာ ရှိတာပေါ့"
"အခုလည်း ဖေဖေပြောသလို သက်တောင့်သက်သာနေနေရတာပဲ ဖေဖေ
ရယ်"

တရုတ် (သို့) ရွက်ပုန်းသီး (၅)


"အမေရိကန်တွေက ရိုသားပြီး အန္တရာယ်လည်း ပိုကင်းတယ်လို့ ငါတော့ ထင်မိတယ်။ သူတို့က လည်ပင်း ညှစ်မယ့်လူတွေ မဟုတ်ဘူး။ သူတို့က လူ တိုင်း ဒီမိုကရေစီကို ကျင့်သုံးစေချင်တယ်။ ဂုတ်ခွစီးချင်တဲ့ လူတွေ မဟုတ် ဘူး။ တရုတ်က မင်းက ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်သလား၊ အာဏာရှင်စနစ် နဲ့ အုပ်ချုပ်သလား ဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ လိုချင်တာ ရဖို့ပဲ စိတ် ဝင်စားတယ်"
(လီကွမ်းယု)

မေး ။ ။ မစ္စတာလီရဲ့ သဘောအရဆိုရင် …

ဖြေ ။ ။ လာမယ့် အနှစ် (၂၀) နဲ့ (၃၀) မှာတော့ ပါဝါညီလာမယ်လို့ ထင်တာပဲ။

မေး ။ ။ ပါဝါညီလာတဲ့ အခါမှာ ရလဒ်က ဘယ်လို ဖြစ်လာမလဲ။

ဖြေ ။ ။ ဒါကတော့ ကိုယ်တိုင် သုံးသပ်ကြရတော့မှာပဲ။ အနီးဆုံး အတူနေ ရမှာက တရုတ်ပဲ။ ပစိဖိတ် ဒီဖက်ကမ်းမှာ တို့အတွက် သူတို့က တည်နေရာ အားဖြင့် ပိုနီးသလို ပိုလည်း အားကောင်း လာလိမ့်မယ်။ အမေရိကန်တွေ အ တွက် အင်အားဖြည့်တင်းဖို့ လာရမယ့် အကွာအဝေးက မိုင်ထောင်ချီပြီး တရုတ်တွေအတွက်က ရာဂဏန်းပဲ ရှိတယ်။ ဒါပေမဲ့ အမေရိကန်တွေက ပစိ ဖိတ်သမုဒ္ဒရာထဲကနေ လုံးဝ ထွက်သွားမှာတော့ မဟုတ်ဘူး။ ပစိဖိတ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို သူတို့က လက်လျှော့ပေးလိုက်မှာ မဟုတ် ဘူး။ ပြီးတော့ သူတို့မှာ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်စတဲ့ မဟာမိတ်နိုင်ငံတွေလည်း ရှိတယ်။ ပါဝါညီမျှမှုကတော့ မလွှဲမသွေ တဖြည်းဖြ ည်း ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဒီဒေသတွင်းကနေ အမေရိကန်တွေ ပျောက်ကွယ် သွားမှာတော့ မဟုတ်ဘူး။

မေး ။ ။ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ေ လာက်ကတည်းက အငြင်းပွားမှုတွေ ရှိနေခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်က ဘယ်လို တုန့်ပြန်လာမယ်ဆိုတာ တစ်ခုခုများ ပြောပြနိုင်မလား။

ဖြေ ။ ။ ဒါနဲ့ ပတ်သက်လို့ တရုတ်က စိတ်ဝင်စားမှု များသလို အဲဒီနေရာ ဟာ သူတို့ပိုင်နက်ဆိုတာကိုလည်း တရုတ်က ယုံကြည်ထားတယ်။ အနီး တဝှိုက်က သဲသောင်တွေ၊ ကျွန်းငယ်ငယ်လေးတွေကို တရုတ်က ပိုင်ထား တာ။ နောက်ပြီး ရေအောက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှိနိုင်တယ်လို့ ယုံကြည်ထားတော့ တရုတ်က အလျှော့ပေးမယ်လို့ မထင်မိဘူး။ နောက် ဆုံးတော့ ဒီကိစ္စက ကုလသမဂ္ဂရဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ဥပဒေနဲ့ ဆုံးဖြတ်ရ မှာပဲ။ ဒါမှသာ ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံကို ကျောထောက်နောက်ခံ လုပ်လို့ မရမှာ။ ကျွန်းငယ်တိုင်း၊ သဲသောင်တိုင်းဟာ ဘယ်သူရဲ့အဆိုတင်သွင်းမှုနဲ့ အနီးဆုံးမှာ ရှိသလဲဆိုတာကို တိုင်းထွာပြီး ဘယ်သူ ပိုင်သင့်တယ်ဆိုတာ ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို နှစ်နိုင်ငံချင်းပဲ ညှိနှိုင်းပြီး ချကြလိမ့် မယ်။ သူတို့ ပြောသလိုပေါ့၊ အာဆီယံနိုင်ငံအားလုံးနဲ့ (တစ်စုတစ်ပေါင်းတည်း ) အတိုက်အခံ မလုပ်ဘူးတဲ့။

မေး ။ ။ အာဆီယံနိုင်ငံတွေ ပိုပြီး သဘောကျမှာကတော့ အုပ်စုလိုက် ဖြေ ရှင်းတာမျိုးပဲ ဖြစ်မယ် ထင်တယ်။

ဖြေ ။ ။ ဟုတ်တယ်။ အာဆီယံတွေ သဘောကျတာက တောင်တရုတ် ပင်လယ်နဲ့ ပတ်သက်တဲ့ နိုင်ငံအားလုံးရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထုတ်ပြန် ချက်နဲ့အညီ (DOC – Declaration On the Conduct) ရယ်၊ တောင်တရုတ် ပင်လယ်အတွင်း လိုက်နာရမယ့် ကျင့်ဝတ် (COC – Code of Conduct on the South China Sea) နဲ့အညီရယ် ဒီတင်းမာမှုကို ဖြေရှင်းစေလိုတာပေါ့။

မေး ။ ။ အာဆီယံနိုင်ငံတွေ ဆန္ဒရှိတဲ့အတိုင်း မဖြစ်နိုင်လောက်ဘူးပေါ့။ ဒီတင်းမာမှုကို တရုတ်က တစ်နိုင်ငံချင်းဆီနဲ့ ရှင်းသွားမလား၊ အဖွဲ့လိုက် ရှင်း သွားမလား။

ဖြေ ။ ။ တရုတ်က တစ်နိုင်ငံချင်းစီပဲ ရှင်းလိမ့်မယ်။ အင်ဒိုနီးရှားက ပဲ ဖြစ်ဖြစ်၊ မလေးရှားကပဲ ဖြစ်ဖြစ်၊ စင်္ကာပူကပဲ ဖြစ်ဖြစ် အာဆီယံ တစ်ဖွဲ့လုံး ကို ခေါင်းဆောင်ပြီး စစ်ချီသံပေး ချီတက်လိမ့်မယ် မထင်ဘူး။ ဘာအတွက် ဒီလို လုပ်နေမှာလဲ။

မေး ။ ။ ဒါဆို အမေရိကန်တွေကရော …။

ဖြေ ။ ။ အမေရိကန်တွေက သံတမန်ရေးအရ ဒီကိစ္စထဲကို ဝင်ပြီးသားပဲ။ စစ်ရေးအရ ပါဝင်လာမလား ဆိုတာက နောက်ထပ် မေးခွန်းတစ်ခုပေါ့။ ငါတော့ မထင်ဘူး။ သူတို့က စိတ်ဝင်စားမှု မရှိလှသလို အင်အားဖြည့်တင်း ဖို့ကလည်း အကွာအဝေးက မနည်းလှဘူး။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ရဲ့ အကျိုးအမြတ်အတွက် အမေရိကန်က ဘာဖြစ်လို့ တရုတ်နဲ့ စစ်တိုက်နေ မှာလဲ။

မေး ။ ။ တက်လာမယ့် အမေရိကန်သမ္မတက စစ်မက်လိုလားမယ်ဆိုရင် ပါဝါလွန်ဆွဲပွဲကို အချိန်ဆွဲမနေဘဲ အခုပဲ စတင်လိုက်ရအောင် ဆိုတာမျိုးေ ရာ ဖြစ်မလာနိုင်ဘူးလား။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ သမ္မတက စစ်ဝါဒီဆိုစေဦး … ဒီအတွက် စစ်အင် အား ဘယ်လောက် သုံးမှာလဲ၊ ဒီအတွက် အကုန်အကျက ဘယ်လောက် ရှိနိုင်မယ်၊ ကာကွယ်ရေး အသုံးစရိတ်အတွက် ဘယ်လောက်ထပ်ပြီး သုံး စွဲနိုင်မလဲစတဲ့ မေးခွန်းတွေ မေးလာမယ့် စစ်တပ်ဘက်က အကြီးအကဲတွေ လည်း ရှိနေမှာပဲ။

မေး ။ ။ နောက်ထပ် ပြောစမှတ်တစ်ခု ဖြစ်နေတာက ထိုင်ဝမ်အပေါ် ထား ရှိတဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ သဘောထားပဲ။ စီးပွားရေး၊ နိုင်ငံခြားခရီး သွား စတာတွေနဲ့ အခုတော့ စီးပွားရေးမှာ အဆင်ပြေနေတာ တွေ့ရတယ်။ ဒီလို အပြန်အလှန် ဆက်သွယ်မှုက သူတို့ကို ပိုပြီး နီးနီးကပ်ကပ် ရှိစေတယ်။ ဒါပေမဲ့ ထိုင်ဝမ်နဲ့ ပြည်မကြီး ပြန်လည်ပူးပေါင်းရေးကတော့ အချိန် အကန့် အသက်မရှိ ရွှေ့ဆိုင်းထားကြရတယ်။

ဖြေ ။ ။ ဒါက တရုတ်ပြည်အတွက် အရေးမကြီးလှဘူး။ ဘယ်လောက် ကြာကြာ သူတို့က စောင့်နေနိုင်တယ်။ အချိန်က သူတို့ဘက်မှာ ရှိတယ်။ လတ်တလောမှာတော့ စီးပွားရေး တိုးတက်မှုအတွက် ထိုင်ဝမ်ဟာ တ ရုတ်ပြည်နဲ့ အပြန်အလှန် မှီခိုနေရတယ်။ အချိန်ကြာလာလေလေ တက် လာမယ့် အစိုးရအနေနဲ့ ပေါ်လစီကို ပြောင်းဖို့၊ နောက်ပြန်ဆုတ်ဖို့ ခက်ေ လလေ ဖြစ်နေမှာပဲ။

မေး ။ ။ ထိုင်ဝမ်က အခြေခံလူထုရဲ့ သဘောထားကို ကောက်ခံကြည့်ရာ မှာတော့ အများစုက ပြန်လည်ပူးပေါင်းရေးထက် လွတ်လပ်စွာ ရပ်တည်ရေး ကို ဆန္ဒရှိနေကြတဲ့အကြောင်း သိရတယ်။

ဖြေ ။ ။ ဒါက သိပ် မဖြစ်နိုင်လှပါဘူး။ မင်းသာ ထိုင်ဝမ်လူမျိုးတစ်ယောက် ဆိုရင် လွတ်လွတ်လပ်လပ် ရပ်တည်မလား၊ ဒီအတိုင်းပဲ ရေလိုက် ငါး လိုက် နေချင်မလား၊ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းအနေနဲ့ နေမလား ။ တောင်ပိုင်းက ထိုင်ဝမ်လူမျိုးတွေက ဘယ်အခြေအနေမျိုးနဲ့မဆို တရုတ်နဲ့ ပူးပေါင်းလိုကြတယ်။ ဒီဆန္ဒအတိုင်းလည်းပဲ ဆက်ရှိနေလိမ့်မယ်။ သူတို့ ဆန္ဒ အတိုင်းရော တကယ် ဖြစ်လာမလား။ တကယ်တော့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်လူမျိုးတွေက ဆုံးဖြတ်လို့ မရတော့ဘူး။ ဒါကို ဆုံးဖြတ်မှာက ထိုင်ဝမ် နဲ့ တရုတ် ပါဝါချိန်ခွင်လျှာ အပြောင်းအရွေ့ပဲ။ ဒီကြားထဲ ဒီ အခြေအနေကြား မှာ အမေရိကန်က ကြားဝင်လိုမှု ရှိ၊ မရှိဘဲ။

မေး ။ ။ ကင်ဂျုံအီး သေဆုံးသွားမှုက အာရှတိုက်ရဲ့ ပထဝီနိုင်ငံရေး အခြေ အနေကို အပြောင်းအလဲ ဖြစ်စေသလား။


ဖြေ ။ ။ မထင်မိပါဘူး။ တောင်ကိုရီးယားက မြောက်ကိုရီးယားကို မြိုသွား မှာ တရုတ်က မလိုလားပါဘူး။ အဲသလိုသာ မြိုသွားရင် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေ ယာလု (Yalu) မြစ်ကြောင်းထဲ ရောက်လာမယ်။ ဒါကိုလည်း တရုတ်က မလိုလားလှဘူး။ လက်ရှိ အနေအထားအတိုင်းပဲ ရှိနေ ဖို့ တရုတ်က အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်။

မေး ။ ။ မြောက်ကိုရီးယားအပေါ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုက ဘယ်လောက် များများ ရှိသလဲ။

ဖြေ ။ ။ မြောက်ကိုရီးယားရဲ့ အသက်ရှင် ရပ်တည်မှုက တရုတ်အပေါ် မှာ တော်တော်ကြီး မှီနေတာပဲ။ သူတို့ ( မြောက်ကိုရီးယား) စီးပွားရေး လုပ်နေပုံကြောင့် သူတို ငတ်တော့မလို အကြိမ်အကြိမ် ကြုံခဲ့ပြီးပြီ။ ကြုံလာတိုင်း တရုတ်က အစားအစာတွေ၊ အကူအညီတွေ ပေးနေတာပဲ။

မေး ။ ။ လက်ရှိအနေအထားအတိုင်း နှစ်ပေါင်း (၂၀)၊ (၃၀) ကျော်အောင် ဆက်ရှိနေနိုင်ပါ့မလား။ မြောက်ကိုရီးယား ပွင့်ထွက်လာမယ့် အန္တရာယ် မရှိ ဘူးလား။

ဖြေ ။ ။ ငါတော့ မထင်မိပါဘူး။ ဘာကြောင့် ပွင့်ထွက်နေရဦးမှာလဲ။ ငတ်ပြီး သေကြတော့မယ့် အနေအထားမျိုးအထိ ရောက်ခဲ့ပြီးပြီ။ အဲဒီ အချိန် မှာ တရုတ်ပြည်ရော ကမ္ဘာကပါ အစာရေစာတွေ သွားပေးခဲ

မေး ။ ။ တိန့်ရှောင်ဖိန်က တရုတ်ပြည်ရဲ့ စီးပွားရေးကို ဖွင့်လိုက်သလို မျိုး မြောက်ကိုရီးယားလည်း ဖွင့်လာအောင် တရုတ်က အားပေးမှုမျိုးလုပ်ဖို့ စိတ်ကူးမရှိလောက်ဘူးလား။

ဖြေ ။ ။ အေးလေ၊ သူတို့လည်း ကင်ဂျုံအီးကို ကိုယ့်အာဏာလည်း လက် မလွှတ်စေဘဲ စီးပွားရေး တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှန် ဟိုင်းမြို့တွေ၊ ဘာတွေ ခေါ်ပြကြသေးတာပဲ။ ဘာမှ ဖြစ်မလာဘူး။ တချို့ကေ တာ့ ခေါင်းဆောင်အသစ်ရဲ့အောက်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်နေကြတယ်။ ဒါပေမဲ့ ဂျူနီယာ ကင်(မ်) က ဒီလမ်းကို လိုက်ဖို့ အဲသလောက် ရဲရင့်မလားဆိုတာက ပြောဖို့ အချိန် အတော်စောနေပါသေးတယ်။

မေး ။ ။ တဖြည်းဖြည်းနဲ့ အာရှပစိဖိတ်ဒေသတွင်းမှာ အမေရိကန်တွေဟာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တရုတ်တွေနဲ့ ခွဲယူရတော့မယ်လို့ မစ္စတာလီ တစ်ခါက ပြောဖူးပါတယ်။ အဲသလို တကယ် ဖြစ်လာခဲ့ပြီးဆိုရင် စင်္ကာပူ လို နိုင်ငံတွေအနေနဲ့ ဘယ်လို ကျင့်သုံးနေထိုင် သင့်သလဲ။

ဖြေ ။ ။ အမေရိကန်တွေ ဘာတွေ စဉ်းစားနေတယ်ဆိုတာထက်တောင် တရုတ်တွေ ဘာတွေ စဉ်းစားနေတယ်ဆိုတာ တို့က ပိုပြီး အာရုံစိုက်ထား ရမယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဆိုရင် အခုဆိုရင်ပဲ တရုတ်ပြည်ထဲမှာ အ လုံးနဲ့ အရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပြီ။ အမေရိကန်တွေနဲ့ လုံခြုံရေး သဘောတူညီမှုတွေလည်း သူတို့မှာ ရှိနေတာပဲ။ ဒီလိုပဲ ပိုပြီး ဆက်ဆံမှုတွေ များလာ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုများလာပြီဆိုရင် လုံခြုံရေး သဘောတူ ညီမှုကလည်း တရုတ်ပြည်ရဲ့ အကြပ်ကိုင်မှုကို ဘယ်လိုလုပ် ဝင်ရောက်စွက် ဖက်လို့ ရနိုင်ပါတော့မလဲ။ ခုတမျိုး တော်ကြာတမျိုး လုပ်လို့ ရနိုင်ပါ့မလား။

မေး ။ ။အမေရိကန်တွေနဲ့ ဆက်ဆံရတာနဲ့ နှိုင်းယှည်ရင် တရုတ်နဲ့ ဆက် ဆံရတာက ခြားနားမှု အများကြီး ရှိနိုင်တယ်။ စင်္ကာပူမှာတော့ သူတို့ လွမ်းမိုး မှုက ပိုများနေတော့ အမေရိကန်တွေနဲ့ပဲ ဆက်ပြီး ဆက်ဆံသွားရမယ်။

ဖြေ ။ ။ ဟုတ်တယ်။ အမေရိကန်တွေက ရိုသားပြီး အန္တရာယ်လည်း ပို ကင်းတယ်လို့ ငါတော့ ထင်မိတယ်။ သူတို့က လည်ပင်း ညှစ်မယ့်လူတွေ မဟုတ်ဘူး။ သူတို့က လူတိုင်း ဒီမိုကရေစီကို ကျင့်သုံးစေချင်တယ်။ ဂုတ်ခွစီး ချင်တဲ့ လူတွေမဟုတ်ဘူး။ တရုတ်က မင်းက ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်သ လား၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သလား ဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ လိုချင်တာ ရဖို့ပဲ စိတ်ဝင်စားတယ်။ သူများအစိုးရရဲ့ ပေါ်လစီကို ပြောင်းလဲ လာအောင် စည်းရုံးဖို့လည်း စိတ်မဝင်စားဘူး။ မင်းရဲ့ လက်ရှိ ပေါ်လစီနဲ့ ကိုက်ညီမယ့် ပေါ်လစီကို လိုက်ပြီး ကျင့်သုံးသွားကြမှာပဲ။

မေး ။ ။ တစ်နေ့နေ့မှာများ တရုတ်ပြည်ရဲ့ လော်ဂျစ်စတစ် စင်တာလို၊ ရေ တပ်အခြေစိုက်စခန်းလို ဟာမျိုးတွေ စင်္ကာပူက လက်ခံလာရစရာ အကြောင်း ရှိလာနိုင်မလား။

ဖြေ ။ ။ ဒါတော့ မပြောနိုင်ဘူး။ ငါ့တစ်သက်တော့ ဖြစ်လာမယ် မထင်ဘူး။ ပထမအဆင့်အနေနဲ့ ဖြစ်နိုင်တာက နှစ်နိုင်ငံလုံးရဲ့ လော်ဂျစ်စတစ်ဌာနတွေ လက်ခံပေးရခြင်းမျိုး ဖြစ်နိုင်တယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို ရွေး တာမျိုး မလုပ်ရဘူး။

မေး ။ ။ တစ်ယောက်ယောက်ကို မရွေးဘဲနဲ့ ဒီပုံစံအတိုင်း စင်္ကာပူက ဘယ်လောက်ကြာအောင် ခရီးဆက်လို့ ရမှာလဲ။

ဖြေ ။ ။ ဒါကိုလည်း ငါ မပြောနိုင်ဘူး။ ဒါက အမေရိကန်ရဲ့ စီးပွားရေးနဲ့ အင်အားဖြည့်တင်းမှု စွမ်းရည်အပေါ်မှာ မူတည်တယ်။

မေး ။ ။ မစ္စတာလီကိုယ်တိုင် အမေရိကန်တွေနဲ့ ဆက်ဆံရတော့ ဟင်နရီ ကစ်ဆင်ဂျာနဲ့ အခြား အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေး ကောင်းေ ကာင်းမွန်မွန် ရှိခဲ့တယ်။ အခု တရုတ်ပြည်နဲ့ ဆက်ဆံရပြီ ဆိုတဲ့အခါ လက်ရှိ ဝန်ကြီးတွေအနေနဲ့ မစ္စတာလီ ခေတ်တုန်းကလို ပုဂ္ဂိုလ်ရေး ဆက်ဆံမှုေ တွ ကောင်းကောင်းမွန်မွန် ရှိနိုင်ပါ့မလား။

ဖြေ ။ ။ အေးလေ၊ လက်ရှိ အခြေအနေမှာတော့ သူတို့က ငါတို့ဆီက ယူ စရာတွေ ရှိနေတော့ ဆက်ဆံရေးက ကောင်းနေတာပဲ။ နောက်ပိုင်း သူတို့က ထိပ်ရောက်သွားပြီ၊ ငါတို့ဆီက ယူစရာ မရှိတော့ဘူးဆိုရင်တော့ ဆက်ဆံရေး က ပြောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ဒီကျေးဇူးတရားတွေကို ထောက်ထား ရင် ကောင်းမွန်တဲ့ ဆက်ဆံရေးက တစ်ငွေ့ငွေ့တော့ ရှိနေဦးမယ်လို့ ထင်ပါ တယ်။ သူတို့ဆီက စုကျု (Suzhu) စက်မှုကွင်း တည်ဆောက်သလိုမျိုးပေါ့။ ငါတို့လက်ရာတွေ အဲဒီမှာ ချန်ထားနိုင်ခဲ့တယ်လေ။

မေး ။ ။ ၁၉၇၆ - ခု၊ မစ္စတာလီ ပီကင်းကို ရောက်တော့ ဝန်ကြီးချုပ် ဟွာကော်ဖန် (Hua Goufeng) နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက တရုတ်ပြည်ရဲ့ အမြင်နဲ့ ရေးထားတဲ့ တရုတ်အိန္ဒိယ စစ်ပွဲအကြောင်းစာအုပ်ကို သူက လက်ေ ဆာင်ပေးတော့ စင်္ကာပူမှာ အိန္ဒိယန်းတွေလည်း ရှိတယ်၊ ဒီကိစ္စမျိုးက ထိ လွယ် ရှလွယ် ကိစ္စမျိုးတွေလည်း ဖြစ်တယ်ဆိုပြီး လက်ခံဖို့ ငြင်းဆန်ခဲ့ တယ်နော်။ ဒီလို ထပ်ပြီး ကြုံလာမယ်ဆိုရင်တောင် မစ္စတာလီအနေနဲ့ ကေ တာ့ ငြင်းဆန်ဦးမှာပဲဆိုတာလည်း သေချာပါတယ်။ ဒါပေမဲ့ လက်ရှိတရုတ်က ပိုပြီး အားကောင်းလာနေတယ်။ ဒီတော့ လက်ရှိ စင်္ကာပူက လူငယ်ဝန်ကြီးေ တွ အနေနဲ့ ဒါမျိုး ကြုံလာရင် ငြင်းရဲကြပါ့မလား။

ဖြေ ။ ။ ဒါတော့ ငါ ဘယ်သိနိုင်မလဲ။ သူ့ကာရိုက်တာနဲ့ပဲ ဆိုင်မယ်။ တကယ်လို့ လက်ခံမယ်ဆိုရင်တောင် သူက ဒီစာအုပ်မျိုးကို စိတ်ဝင်တစား ဖတ်မယ်လို့ ငါတော့ မထင်ပါဘူး။ ဒီစာအုပ်က တစ်ဖက်သတ် အမြင်ကြီးပဲ။ ငါတို့က အမြင်ပေါင်းစုံ၊ ရှု့ထောင့်ပေါင်းစုံက အချက်အလက်တွေ ရှိခဲ့ကြပြီးပြီ ဥစ္စာ။

မေး ။ ။ ဒါပေမဲ့ တရုတ်က အင်အား ပိုပိုကြီးလာတော့ ဒီလို ငြင်းလိုက် ရင် ပြဿနာ ရှာလာမယ့် တရုတ်ရန်ကို စိန်ခေါ်ရဲကြပါ့မလား။
ဖြေ ။ ။ ဒီစာအုပ် လက်ခံလိုက်ပါပြီတဲ့၊ မင်း ခံယူချက် ပြောင်းသွားမှာလား။ ငါ့တုန်းကလည်း သူတို့ကို ရှင်းရှင်းပဲ ပြောခဲ့တယ်။
“ဒီစာအုပ်ကြောင့် ကျွန်တော့်ခံယူချက် ပြောင်းသွားမှာ မဟုတ်ဘူး” လို့။ ဒါပေမဲ့ ဒီနေ့ တရုတ်က အရင်က တရုတ် မဟုတ်တော့ဘူး။ လူငယ် ဝန်ကြီးေ တွ အနေနဲ့ တရုတ်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမယ်ဆိုတဲ့ ပြဿနာ ကြုံရနိုင်တယ်။ သူတို့က တရုတ်နဲ့ ဆက်ဆံရေး အဖု အထစ် ဖြစ်သွားရင် ပြန်ကောင်းလာနိုင်မယ် မဟုတ်ဘူးလို့ ယူဆကောင်း ယူ ဆမှာပေါ့။

ဆက်ရန်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)
တရုတ် (သို့) ရွက်ပုန်းသီး (၂)
တရုတ် (သို့) ရွက်ပုန်းသီး (၃)
တရုတ် (သို့) ရွက်ပုန်းသီး (၄)

၂၁ ရာစုထဲမှာ


ဘာတတ်နိုင်မှာလဲ
လူဖြစ်လာတာကကို ၂၁ ရာစုထဲမှာဥစ္စာ
ရပ်နေရင် ကျန်ရစ်မှာ။

ရတနာမြေပုံ (3) ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

ကျွန်မကိုယ်တိုင်ကလည်း သူပြောခဲ့တဲ့စကားတွေကို ပြန်လည်စဉ်းစားရင်း ပီစာစာမေးပွဲ ဟာ အခြား ဘယ်စာမေးပွဲနဲ့မှမတူဘူးဆိုရင် ဒါကို လက်တွေ့ ကျကျသိရဖို့ ကျွန်မအဖို့လည်းတစ်ခုတည်းသောနည်းလမ်းပဲ ရှိနေပါတော့ တယ်။

ကျွန်မရဲ့ပီစာရမှတ်

စာမေးပွဲဖြေရမဲ့နေရာကို အချိန်စောစော ကျွန်မရောက်သွားခဲ့တယ်။ ကျွန်မအရွယ်နဲ့ ဒီလို ပုံစံတကျ စာမေးပွဲကိုဖြေဆိုဖို့ စိတ်လှုပ်ရှားနေတာ သ မိုင်းမှာ ကျွန်မဟာ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ပါတယ်။ အမေရိကန် နိုင် ငံရဲ့ ပီစာစာမေးပွဲနဲ့ ပတ်သက်တဲ့သုတေသနပညာရှင်တွေရဲ့ရုံးဟာ အိမ်ဖြူေ တ်ာအနီး ၀ါရှင် တန်မြို့လယ်က ကေလမ်းမမှာ(K-street)မှာတည်ရှိပါတယ်။
စက်လှေကားထဲဝင်လိုက်မိတယ်ဆိုရင်ပဲ ငါနဲ့စာမေးပွဲဝေးနေတာ (၁၅)နှစ်ေ တာင်ကျော်နေပါပေါ့လားလို့လည်း တွေးနေမိတယ်။ သူတို့ ပီစာဆိုတာက ဘယ်လိုမေးခွန်းမျိုးတွေမေးမှာပါလိမ့်။ ဘယ်လိုပဲ တွေးတွေး အဖြေတော့ မရ ခဲ့ပါဘူး။ ဒါနဲ့ဆင်းရမဲ့အထပ်ကိုရောက်လာပြီး စက်လှေကားတံခါးလည်း ပွင့် သွားတော့တယ်။
အပြင်ရောက်တယ်ဆိုရင်ပဲ မိန်းကလေးတစ်ယောက် ကျွန်မ စာမေးပွဲဖြေဆို ရမယ့် အခန်းကိုလိုက်ပြတယ်။ ခဲတံ၊ ဂဏန်းပေါင်းစက်၊အဖြေစာရွက်တွေ ကျွန်မစားပွဲပေါ်ကိုတင်ပေး ပြီး သူမကစာမေးပွဲရည်ရွယ် ချက်နဲ့ စည်းကမ်းေ တွကို ခပ်ကျယ်ကျယ်ဖတ်ပြတယ်။ 
“ဒီစာမေးပွဲရဲ့ရည်ရွယ်ချက်ဟာ သင်ဘာတွေ လေ့လာခဲ့သလဲဆိုတာနဲ့ သင် တက်ခဲ့တဲ့ကျောင်းဟာ ဘယ်လို ကျောင်းလဲဆိုတာကို အဖြေရှာကြည့်ဖို့ပါ” တဲ့။
နှစ်နာရီအတွင်းမှာ သင်္ချာ၊စာဖတ်အရည်အသွေးနဲ့ သိပ္ပံဆိုင်ရာမေးခွန်း(၆၁) ပုဒ်ဖြေဆိုခဲ့ရပါတယ်။ 
တချို့ မေးခွန်းဟောင်းတွေဟာ နောက်နောင်စာမေးပွဲတွေမှာ ထပ်ပါလာနိုင် တဲ့အတွက် ကျွန်မဖြေခဲ့ရတဲ့ မေးခွန်းတွေကို ဘယ်သူ့ကိုမှပြောမပြ (ချမရေး မိဖို့) ကတိတောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ပီစာ စာမေးပွဲမှာ မေးခဲ့ တဲ့မေး ခွန်းတွေနဲ့ ဆင်တူမေးခွန်းမျိုး ကို ပြန်ရေးပြခွင့်တော့ ကျွန်မမှာရှိပါတယ်။ 

ဒီလိုမေးခွန်းမျိုးပေါ့။
တီဗွီသတင်းထောက်တစ်ယောက်က ဂရပ်(ဖ်)တစ်ခုကိုပြသထားတယ်။ ဒီဂရပ်(ဖ်)အရ ၁၉၉၈နဲ့ ၁၉၉၉ခု အတွင်းမှာ ဓားပြတိုက်မှုအကြိမ်ရေ အများ ကြီးတိုးလာနေတယ်။ ဒီဂရပ်(ဖ်)ကိုအခြေခံပြီး ကောက်ချက် ဆွဲထားတဲ့ သတင်းထောက်ရဲ့အဆိုဟာ အဓိပ္ပာယ်ရှိတယ်လို့ သင် ထင်ပါသလား။ သင်သဘောထားကို ခိုင်မာလာစေဖို့ ဖြေရှင်းချက်တစ်ခုပေးပါ။

ကျွန်မအတွက်တော့ သိပ္ပံမေးခွန်းတွေဟာ အခက်အခဲဆုံးပါ။ တချို့ဆို အဖြေ တစ်ခုမကပေးခဲ့ရတယ်။ မေးခွန်းတိုင်းဟာနေ့စဉ်ဘ၀ထဲက သိပ္ပံတွေချည်းပဲ။ လေ့ကျင့်ခန်းလုပ်နေတဲ့အခါ ကြွက်သားတွေဘယ်လို အလုပ်လုပ်နေသလဲ။ဘယ်အစားအစာမှာ ဗီတာမင် စီ ပိုများသလဲ ဆိုတာ မျိုးတွေပါ။
မိနစ်(၂၀)လောက်စောပြီးဖြေဆိုလို့ပြီးဆုံးခဲ့ပါတယ်။

ကျွန်မကကျောင်းသားမဟုတ်တော့ ကျွန်မရဲ့ရမှတ် ကလည်း ကျွန်မ အပေါ် မှာမူတည်ပြီး ထွက်လာတာပေါ့။ စာမေးပွဲရလာဒ်ထွက်လာဖို့ တစ်နာရီေ လာက် စောင့်ရပါတယ်။ သူတို့ပေးထားတဲ့အဖြေမှန်နဲ့ဘယ်လောက် နီးစပ်အောင်ဖြေဆိုနိုင်သလဲဆိုတာအပေါ်မူတည် ပြီး ရမှတ်က သုည လည်းဖြစ်၊ အမှတ်ပြည့်လည်းဖြစ် ခရက်ဒစ်တချို့လည်း ရနိုင်ပါတယ်။ အဆင့်မီတဲ့ စာမေးပွဲရမှတ်တိုင်းလိုလိုကို လူကပဲဆုံးဖြတ်တာပါ။ ဒါကြောင့် လည်း ဒီ စာမေးပွဲတွေက ဈေးလည်းကြီး၊ ရှားလည်းရှားပါးဖြစ်နေရတာပါ။
ဓါးပြတိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းမှာဆိုရင် ပေးထားတဲ့ဖြစ်နိုင်ခြေ ဆယ်ခု ထဲက တစ်ခုခုကို ဖြေလိုက် ရင် သူတို့က အမှတ်ပြည့်ပေးထားပါတယ်။ ပေး ထားတဲ့ ဂရပ်(ဖ်)နဲ့ဆက်စပ်မှုရှိတယ်ဆိုရင် ဒီမေးခွန်းရဲ့ အဖြေရမှတ်ဟာ သုညဆိုတာ မရှိပါဘူး။

ဒီမေးခွန်းလို ပုံစံတူမေးခွန်းတိုင်းဟာ ကျွန်မရဲ့အမြင်ကို မေးထားတာတွေ ပဲဖြစ်ပါတယ်။ မေးခွန်းရဲ့အောက်မှာတော့ ကျွန်မရဲ့အမြင်ကိုချရေးဖို့ ကွက် လပ်ချန်ပေးထားခဲ့တယ် ကျွန်မအတွက်တော့ တော်တော်ထူးဆန်းနေတာပါပဲ။ ဘယ်စာမေးပွဲက သူတို့လို တစ်ဦးချင်းစီရဲ့အမြင်ကို အဖြေမှန်အဖြစ်ပေးခဲ့ဖူးလို့လဲ။

အခြားမေးခွန်းတွေကတော့ အရွယ်ရောက်ပြီးကျွန်မတို့ဘ၀ထဲက ပြဿနာ အချို့ကို မေးထားသလို မေးထားတာပါ။ ကြော်ငြာတွေကိုဖတ်ရင်း ဘယ် ကျန်းမာရေး စောင့်ရှောက်မှု အစီအမံကို ရွေးချယ်မလဲ၊ ကျွန်မတို့ဘဏ်ငွေစာရင်းတွေကို စစ်ဆေးပေးဖို့ ဘယ်ဘဏ်က ဘယ်လို အခကြေးငွေယူတယ် စတာမျိုးတွေကို ရွေးချယ်ရတာမျိုးပါ၊ ကျွန်မ အထင်တော့ ဒီမေးခွန်းတွေဟာ ကျောင်းနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ ဆိုတာ ထက် ဘ၀နဲ့ပိုဆိုင်တဲ့မေးခွန်းတွေ ဖြစ်နေပါတယ်။
မြတ်စွာဘုရား။ သင်္ချာနဲ့ပတ်သက်လို့လည်း ဖော်မြူလာတွေ အကုန်ပေးထား တယ်၊ ပီရဲ့တန်ဖိုးကို (the value of pi) တောင်ပေးထားပါသေးတယ်။ ဒါပေမဲ့ အဖြေမှန်ရဖို့တော့ တကယ်စဉ်းစားပြီးဖြေမှရမယ်လို့ သတိထား လိုက်မိပါတယ်။ သင်္ချာမေးခွန်းတွေကိုဖြေတော့ ကျမဖြင့် အကြိမ်ကြိမ်ပြန် စစ်ဆေး အကြိမ်ကြိမ်ပြန်ဖျက်ပြီး ပြင်ခဲ့ရတာတွေတောင်ရှိပါတယ်။

စာဖတ်ခြင်းအရည်အသွေးနဲ့ ပတ်သက်လို့ကတော့ကုမ္ပဏီတွေရဲ့ ကြော်ငြာ ဘုတ်တွေပေါ်မှာ တွေ့ရတတ်တဲ့လက်ကမ်းစာစောင်မျိုးကို ဥပမာပေး မေး ထားပါတယ်။ 
အဲ့ဒီလက်ကမ်းစာစောင်ကို ဖီယိုနာ ဆိုတဲ့အလုပ်သမလေးက တည်ထွင် ထားတာလို့ဆိုပါတယ်။ ဒီလက်ကမ်းစာစောင်လေးကလည်း ကျွန်မတို့ လူ သားအရင်းမြစ်ဌာန(HR) ကထုတ်ဝေတတ်တဲ့ လက်ကမ်းစာစောင်နဲ့ ဘာမှ မထူးခြားပါဘူး။ စာမေးပွဲမှာ ဖီယိုနာရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ဒီလိုမေးထားတယ်။
“ ဖီယိုနာဟာ သူမရဲ့လက်ကမ်းစာစောင်ကို ဖတ်ရှု့လို့လည်းလွယ်ကူ ဖတ် သူကို အားပေးရာလည်းရောက်မယ့် စာစောင်မျိုးလေးဖြစ်စေချင်တယ် သူမအထင်အတိုင်း အလုပ်ဖြစ်မယ်လို့ထင်ပါသလား၊ အသေးစိတ်ရှင်းပြချက်၊ စာရေးနည်းဟန်၊ ဓာတ်ပုံ၊ ဂရပ်ဖစ် စတာတွေကို အသုံးပြုပြီး သင့်အမြင်ကို ရှင်းလင်းပြပါ “ ။
(ဒီမေးခွန်းရဲ့ အဖြေမှန်ကို ဖင်လန်၊ တောင်ကိုရီးယားနဲ့ အမေရိကား ကကျောင်းသားတွေရဲ့ သုံးပုံတစ်ပုံကပဲ မှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်)

ဆက်ရန်

ဇင်ဝေသော်

အာရှတန်ဖိုး ၃ ခု


၁။ လူ့ အကြိုက် နတ်လိုက်နိုင်ပြီ သို့သော်

မလေးရှားနိုင်ငံ ပီနန်မြို့ နားမှာရှိတဲ့ တောင်ကုန်းပေါ်က The God of Wealth နတ်ကျောင်းမှာ စတင်ခဲ့တာပါ။ လှပတဲ့ ရှုခင်းတွေကို တဝကြီး ကြည့်နိုင်ပေမယ့် ရောက်လာသူတိုင်းကတော့ ရှုခင်းတွေထက် ဂဏန်းလေး လုံး ရဖို့ပဲ စိတ် ဝင်စားကြပါသတဲ့။လာတဲ့လူဦးရေ များတာရယ် ရောက်လာ သူတိုင်းကလည်း ဂဏန်းလေးလုံးပဲ တောင်းတာရယ်ကြောင့် ကျောင်းထဲက နတ်က လူ့အလိုကို မလိုက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဉာဏ်ကြီးတဲ့ ဂေါပက ဥက္ကဋ္ဌက နတ်ရုပ်အောက်မှာဂဏန်းလေးလုံး ခလုပ်နှိပ်တိုင်း ရနိုင်တဲ့ ( Computerize )လျှပ်စစ် ပစ္စည်းလေး ထည့်ပေးထားလိုက်ပါတယ်။ နတ်ကို ကန်တော့၊ ပြီးရင် ခလုတ်ကိုနှိပ်၊ ဂဏန်း လေးလုံးရ။ မလေးတရုတ်တွေ တော်တော် သဘောကျ ကြတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လူ့ အကြိုက် နတ်လိုက်နိုင်ပြီ သို့သော် အိုင်တီ အကူအညီ နဲ့ လို့ ဆိုရမှာပါ။

၂။ အိန္ဒိယအကြိုက် ဖီဖာ (ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်) မလိုက်နိုင်

၁၉၅၀ ခု ဝန်းကျင် ကမ္ဘာ့ဖလားဘောလုံးပွဲတွေ စတင် စ တုန်းကပါ။ ဘော လုံးပွဲတွေ ဒီလောက် ခေတ် မစားသေးသလို နိုင်ငံတွေကလည်း ၀င်ပြိုင်ဖို့ စိတ် မဝင်စားကြသေးပါဘူး။ အဲဒီတော့ ဗြိတိရှ ငယ်မွေးခြံပေါက် အိန္ဒိယကို ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဝင်ရောက် ၀င်ပြိုင်ဖို့ ဖီဖာက ဖိတ်ကြားခဲ့ပါ တယ်။ ဒါပေမယ့် အိန္ဒိယက တောင်းဆိုတာကို မလိုက်လျောနိုင်လို့ ဖီဖာ လက်လျော့ခဲရပါတယ်။ 
အိန္ဒိယတောင်းဆိုတာက တကယ်တော့ လွယ်လွယ်လေးပါ။ " ဘောလုံးကန်စဉ် ဘယ် အသင်းမှ ဘောကန် ဖိနပ် မစီးရ၊ မဇ္ဈိမသားတို့ လို ခြေ ဗလာ ဖြင့်သာ ကစားရမည် " တဲ့။ ( ရွှေဓူဝံ ကလည်း လက်အိပ် ကြီးတွေ မပါဘဲ လက်ဝှေ့ထိုးဖို့ဂျမနီ မှာ စိန်ခေါ်ခဲ့ပါသေးတယ်၊ တစ် ကမ္ဘာလုံး ကြောက်လို့ ဘာသံမှ မထွက်ခဲ့ပါဘူး )

၃။ လူ့အကြိုက် ပန်းပုဆရာလိုက်နိုင် သို့သော်

ဒါကိုတော့ မန္တလေး၊ ရတနာပူရ မြို့တော် မန္တလေးတောင်ခြေ ဘိုးဘိုးကြီး ဆီကို ပြန်သွားရပါမယ်။ ဉာဏ် အမြော်အမြင်ကြီးတဲ့ လူရည်လည် တစ်ေ ယာက်က တောင်ခြေမှာ လူတွေ ကိုးကွယ်ဖို့ ဘိုးတော်ရုပ် တစ်ရုပ်လောက် ရှိရင် ဘစ်စနစ် အိုကေ လောက်တယ် ဆိုပြီး နာမည်ကြီး ပန်းပုဆရာထံ သွားပြီး ဘိုးဘိုး ကြီး ရုပ်တု ထုပေးဖို့ အပ်ပါတယ်။ ဘိုးဘိုး ကြီး ရုပ်တုက ဟုတ်ပါပြီ ဘယ်ပုံစံ ထုရမှာလည်း ဆိုတော့ နှစ်ယောက်စလုံး မြင်မှ မမြင်ဖူး ကြတာ ဘယ် သိကြပါ့မလဲ။ 
ဒါနဲ့ အလုပ်လာအပ်တဲ့လူက ဘယ်သူနဲ့ တူတူ ဘိုးတော်ပုံ ပေါ်ရင် ပြီးတာပဲ လို့ ဖြေသတဲ့။ ကြံရာ မရတဲ့ အဆုံး ပန်းပုဆရာက သူ့ပုံကို မုတ်ဆိတ်မွှေး တပ်ပြီး ထုပေးလိုက်တော့တယ်။ အခုတော့ ကားအသစ်ဝယ်လို့ တောင်ခြေ ဘိုးဘိုး ကြီးကို မပြမိရင် ကားတိုက်မှု ဖြစ်သတဲ့။ အစပိုင်းတော့ ပန်းပုဆရာ က ရယ်နေတာပေါ့။( နောက်ပိုင်းတော့သူလည်း မရယ် နိုင်တော့ဘူး၊ သူ ကားဝယ်တော့ သူကိုယ်တိုင် တောင်ခြေက ဘိုးဘိုး ကြီးဆီ သွားပြခဲ့ရသေး သတဲ့။ ဒါမှ အန္တရာယ် ကင်းမှာ မဟုတ်လား။) ဝါး ဟား ဟား။

( ၃ က သီဟနာဒ မိန့်တာပါ၊ မန္တလေးမြို့၊ ချမ်းသာကြီး ဆရာတော် ဦးဇောတိကာဘိဝံသ ဆီမှာ ဆန်း စာဝါ လိုက်ရင်း ဆရာတော်ရဲ့ ဩဝါဒကို မှတ်သား ခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမယ့် ကွင်းစ ကွင်းပိတ်ထဲက စာသား ကတော့ သူ ဖြည့်ထားတာ တဲ့။ ရယ်သံကတော့ သူနဲ့ ကျနော်ရယ်လိုက် လို့ ပေါင်းထွက်လာတဲ့ ကို အော်ပိုရိတ် ပူးပေါင်းအသံပါ )
Posted on 9/14/2012

ဇင်ဝေသော်

Man U

မန်ယူကစားနေပုံကို ကြည့်ကြစမ်းပါအုံး ခင်ဗျား၊ ကိုယ့်လူ ဘယ်နားရှိလို့ ရှိ မှန်းလည်း သိပုံမရပါဘူး။
ကျွန်တော်ပြောရဲပါတယ်ခင်ဗျား.... နဲ့တွေ့ရင် သေချာပေါက် ရှုံးမှာပါခင်ဗျား။
(မြန်မာ့ရုပ်သံက ဦးလှဝင်းလေသံကိုအတုခိုးထားတာ)

ဟဲ ဟဲ အိုးလ်ဒ် ထရက်ဖို့ဒ်က နယူး မန်နေဂျာကို လက်မခံဘူး။ 
နတ်ကြီးတယ်။ ၄၁ နှစ်ကြာ ရက်ကော့ဒ် ကျိုးပြီ တဲ့။
ဆန်းဒါးလင်းနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အိုးလ်ဒ် ထရက်ဖို့ဒ်မှာ ရှုံးဖို့ပဲကျန်တော့တယ်။
ဒါဆို မိုးယေးရက်ကော့ကျိုးရော။

အရှေ့နဲ့ အနောက်


ချယ်ရီသီးကြိုက်သွားရင် သစ်ပင်တက်နည်းလည်း သင်ယူလာလိမ့်မယ်
“He who likes cherries soon learns to climb.” 
(ဂျာမန် စကားပုံ)

တစ်နေ့နေ့တော့ ဒီလိမ္မော်သီး ကြွေကျလာရမှာပါ။
“One day, the orange will fall.” 
(ထိုင်း စကားပုံ)
(မြန်မာ စကားပုံကို လက်ရှောင်လိုက်ပါတယ်)

နယ်လ်ဆင် မင်ဒဲလား (သို့) ဘဝကို ခန်းနားစွာ ကျင်းပသူ


သူတော်စဉ် စိတ်ဓာတ်နဲ့ နိုင်ငံရေးသမားဘဝကို ရက် စပ်သူ
သီအိုရီတွေနဲ့ ယောက်ယက်မခတ်တဲ့ ရှေ့နေ
အဇ္ဈတ္တကို တိုက်ပွဲဝင်ရင်း
အာဏာရှင်နဲ့ ဖိနှိပ်ခံ
လူဖြူနဲ့ လူမည်း
ဘာလင်ထက်ကြီးတဲ့ တံတိုင်းကို ချိုးဖျက်ခဲ့သူ
ကိုယ်ရေးကိုယ်တာ အတ္တထူထူနဲ့ မဟာရံတံတိုင်း
မဆောက်ခဲ့သူ
လူတန်းစားတိုက်ပွဲ မရှိရင်
လှက်ဝှေ့ကြိုးဝိုင်းထဲ ရောက်ကောင်းရောက်နိုင်တဲ့ အားကစားသမား
စာပေမှန်သမျှ အငန်းမရ ဖတ်တတ်တဲ့
ပုဇွန်စား ကြောင်တစ်ကောင်
ထောင် ဆိုတာ အသိဉာဏ်တွေ သွေးပေးတဲ့ ဓားသွေကျောက်
(ဒါပေမဲ့)

Nelson Mandela 18-7-1918 ~ 5-12-2013

ဒေါသေန ဒေါသံ (ဒေါသကို ဒေါသနဲ့ မနိုင်)
ကောဓေန ကောဓံ(အမျက်ကို အမျက်နဲ့ မရ)

မြင့်မြတ် ခရစ်ယန်အဆုံးအမများနဲ့
ဗုဒ္ဓဒေသနာကိုပင် အာဖရိကမှာတွေ့လိုက်ရရဲ့
သူပြောခဲ့သမျှတွေထဲက ရတနာ အပိုင်းအစ
"တစ်ယောက်ထဲက အာဏာ အကြာကြီးယူထားခြင်းဟာ
ဘယ် ဒီမိုကရေစီအတွက်မှ မကောင်းပါဘူး"
တဲ့။
ကျမ်းစာအုပ် အဟောင်းထဲက မဟုတ်တဲ့
သူတော်စဉ် ပြယုဂ် တစ်ခု။ ။

သူတို့ကလည်း အားစမ်းသည် တဲ့ (ပြုံးစိစိ)


လူမသိ သူမသိ ကလောင်သစ်များမွေးကာ နှစ်နှစ်ခန့် စာရေးနေမိသည်။ စာအုပ်များ မိတ်ဆက်အပြီးမှာတော့ စင်္ကာပူရှိ ဆွမ်း၊ ကွမ်း ဒကာ၊ ဒကာမတို့ က သိကြလေပြီပေါ့။ (ကွမ်းဟူသည် ဆွမ်းနှင့်ကာရန်ညီအောင် သုံးခြင်း မ ဟုတ်၊ တကယ်စား၊ တကယ်လှူကြခြင်း ဖြစ်ပါသည်။)
သို့သော် ကလောင်သစ်ကို အားစမ်းသည့်အနေဖြင့် မျက်နှာပြောင်တိုက်ကာ ဘယ်သူ့ကိုမှ စာအုပ်လက်ဆောင်မပေးဘဲ နေခဲ့မိ၏။ အမှန်ပင် မျက်နှာ ပူပါ သည်။
နှစ်ပတ်ခန့်ကြာတော့မှ စ ပေးသည်။ ကလောင်သစ်ကို အားစမ်းသည့် အေ နဖြင့် မပေးဖြစ်ကြောင်းကိုလည်း ရှင်းပြမိသည်။ ထိုစဉ် ဒကာမတစ်ယောက် က
"တပည့်တော်မတို့ကလည်း အရှင်ဘုရားကို အားစမ်းနေတာပါ၊ အရှင်ဘုရား က ပေးလိမ့်မယ်၊ မပေးသေးတာသာဖြစ်မယ်ဆိုပြီး ဘယ်ဆိုင်ကမှ မဝယ်ပါ" ဟုဆို၏။
တော်သေး၏။ သူတို့အားစမ်းတာကို အမှန်ပင် မသိခဲ့။ ဒကာ၊ ဒကာမများ မခေကြ။

အမြဲသရော်နေတဲ့ ဟာသ (လူကြီးလုပ်ရတာ လွယ်မှတ်လို့)


"အမှိုက်ပုံလျင် သေဒဏ်" သူကြီးကရေးထားတော့ ဘေးလူတွေက ဒီပစ်ဒဏ် က ပြင်းထန်လွန်းတယ်ဆိုလို့ ....
သူကြီးက "သေဒဏ်ဆိုသော်လည်း ညှာမည်" ရေးလိုက်ပြန်တယ်။
ဟင် ဒါဆိုရင်တော့ ဘယ်ကြောက်ကြမလဲ ဆိုကြပြန်တော့
" ညှာမည်ဆိုသော်လည်း တကယ်လုပ်မည်" လို့ ထပ်ရေးလိုက်ရပါတယ် တဲ့။

(ဆရာဖေလင်းသစ်ရဲ့ "ဟောဒီလောကီ" ရနံ့သစ် သရော်စာများ။ ရီနေနိုင် သရော်စာအုပ်မှ ယူထားသည်။)

ခြင်းလုံး


ဆီးဂိမ်းမှာ ပါလာမယ့် ခြင်းလုံးအကြောင်း အားကစားကဏ္ဍမှာ ရေးထားလို့ပါ။
အတိုက်အခံ အသင်းမရှိ၊ နည်းပြလည်း မရှိ တဲ့။ စွမ်းတဲ့မြန်မာတွေ ပြလို့ရမယ်။



တရုတ် (သို့) ရွက်ပုန်းသီး (၄)


မေး ။ ။ တရုတ်ပြည် ရုတ်တရက်ကြီး ပြောင်းလဲလာတာကို အံ့ဩတကြီး မဖြစ်မိဘူးလား။ ၁၉၇၆ - ခုနှစ်၊ ပထမဆုံး တရုတ်ပြည် ရောက်စဉ်က ဒီ လို ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ကြိုတင် တွေးခဲ့မိသလား။

ဖြေ ။ ။ မတွေးမိဘူး။ မော်စီတုန်း ဘယ်လောက်ကြာမယ် ဆိုတာတောင် မသိနိုင်ဘူး။ ၁၉၇၈ - ခုမှာ တိန့်ရှောင်ဖိန် စင်္ကာပူကို ရောက်လာတယ်။ ဟို လည်း ပြန်ရောက်ရော ပေါ်လစီတွေ အားလုံး ပြောင်းလဲပစ်တယ်။ တံခါးဖွင့် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်ယူ လက်ခံတယ်။ ဒီလိုနဲ့ သူတို့ ကမ္ဘာ့ရေစီး ထဲ ရောက်သွားတော့တာပဲ။ ပြီးတော့ သူတို့က တစ်ကမ္ဘာလုံးကို ခရီးတွေ ထွက်ပြီး လေ့လာတယ်။ အခုဆိုရင် ဝက်ဘ်ဆိုက်တချို့ကို ပိတ်ထားပေမဲ့ အိုင်ဖုန်းတွေ ရှိနေပြီ။
ဒါက စီချွမ်း ငလျင်လှုပ်မှုမှာ အစပျိုးခဲ့တာ။ လူတစ်ယောက်က အိုင်ဖုန်းနဲ့ သတင်းတွေ ဖြန့်လိုက်တာလေ။ တရုတ်အစိုးရက ဘယ်အချိန်မှာ ဒီသတင်း ကို ကြေညာမယ်ဆိုတာ မဆုံးဖြတ်ရသေးခင် သူက အိုင်ဖုန်းနဲ့ လုပ်ချလိုက် တာ။ ခေတ်သစ်နည်းပညာက သူတို့ရှေးရိုး လုပ်နည်းလုပ်ဟန်တွေ ကို ပြောင်းလဲ ပေးလိုက်တာပဲ။ အစိုးရကိုယ်တိုင်က လက်ရှိ အခြေအနေကို ကိုင်တွယ်နိုင်အောင် ကြိုးစားရမှာ။


မေး ။ ။ ၂၀၀၇ - ခုမှာ ရှီကျန်ဖျင့် ကို မစ္စတာလီအနေနဲ့ ပထမဆုံး တွေ့ဖူး တာနော်။ တွေ့တွေ့ချင်း သူ့အပေါ် မစ္စတာလီ ဘယ်လို မြင်မိသလဲ။

ဖြေ ။ ။ လုပ်ရည်ကိုင်ရည် ရှိတဲ့ ကောင်းခေါင်တစ်ယောက်လို့ မြင်မိတယ်။ အခက်အခဲတွေကြားက တက်လာရတော့ စိတ်ဓာတ်မာကြောတယ်။ သူ့ အဖေ နယ်ပို့ခံရသလို သူလည်း နယ်အပို့ခံခဲ့ရတယ်။ နယ်ကနေ တဖြည်းဖြည်း တက်လာရင်း ဖူကျန် (Fujiant) ပြည်နယ်ရောက်မှ သူ လူသိ များလာခဲ့တယ်။ အဲဒီနောက် ရှန်ဟိုင်းအုပ်ချုပ်ရေးမှူး အကျင့်ပျက် လာဘ် စားတာနဲ့ သူ့ကို ရှန်ဟိုင်းကို လွှဲခန့်လိုက်ကြတယ်။ ရှန်ဟိုင်းမှာရှိစဉ် သူ့လုပ် ရည်ကိုင်ရည်ကို အသိအမှတ်ပြုကြပြီး ပီကင်းကို ခေါ်ယူလိုက်ကြတော့တာပဲ။ ဒါတွေဟာ ကံကြောင့်လို့ ပြောရင်ရသလို အကြပ်အတည်းတွေကြားမှာ သူ ဘယ်လောက် သက်လုံကောင်းသလဲ ဆိုတာကိုလည်း ပြရာ ရောက်ပါတယ်။

မေး ။ ။ ရာစုနှစ် နှစ်စုအတွင်း တရုတ်ပြည်ရဲ့ အားအကောင်းဆုံး အချိန်မှာ ရှီကျင့်ဖျင် က အဆင့်မြင့်ရာထူးကို ရခဲ့တာ မဟုတ်လား။ သူ ဒီထက်ပိုပြီး ပါဝါပြစရာ ရှိမလား။

ဖြေ ။ ။ ဒီအပေါ်မှာ သူ အလွန်အမင်း သာယာပြီး မောက်မာနေမယ် မထင် သလို ပါဝါပြနေမယ့် လူလို့လဲ မမြင်မိဘူး။ သူက စဉ်းစားတတ်တဲ့ လူတစ်ေ ယာက်၊ ပြီးတော့ ဒါက တရုတ်ပြည် စိတ်ဝင်စားတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ငါ သူ့ အပေါ်အမြင်ကတော့ သူဟာ တိန့်ရှောင်ဖိန်ရဲ့ ပေါ်လစီကို လိုက်ပြီး ရှိတဲ့ခွန်အားကို လျှို့ဝှက်ထားမယ့် သဘောပါ။

မေး ။ ။ ၁၉၇၀၊ ၁၉၈၀ - ခုနှစ်တွေက ခေါင်းဆောင်တွေနဲ့ ရှီကျင့်ဖျင် အပါ အဝင် လက်ရှိ တရုတ်ခေါင်းဆောင်တွေရဲ့ ခြားနားချက်က ဘာပါလဲ။ သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး မတူညီမှုတွေကို ဘေးဖယ်ထားပြီး ဒီနေ့ ပြောင်းလဲလာတဲ့ တရုတ်ပြည်အပေါ် သက်ရောက်မှုရှိတဲ့ ခြားနားချက်က ဘာလို့ ထင်ပါသလဲ။

ဖြေ ။ ။ ခေတ်တိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေဟာ မတူဘူး။ အရင်က ဆိုရင် ဆင်းရဲမွဲတေမှုနဲ့ အဆောက်အဦ မလုံလောက်မှုပဲ။ အခု ပင်လယ် ကမ်းခြေ တလျှောက်မှာ ဟောင်ကောင်အဆင့်ရှိတဲ့ မြို့တော်ကြီးတွေ တည်ဆောက်လာနိုင်ကြပြီ။ ဒါပေမဲ့ ဒါက တရုတ်ပြည်ရဲ့ လူဦးရေ (၅၀) ရာခိုင်နှုန်းလောက် အတွက်ပဲ ဖြစ်နေတယ်။ ငါ့အထင်တော့ (၅၀) နဲ့ (၅၅) ရာခိုင်နှုန်းခန့် လူထုဟာ မဖွံ့ဖြိုးသေးတဲ့ ကျေးလက်တွေမှာပဲ ရှိနေသေးတယ်။

မေး ။ ။ သူတို့ တွေးခေါ်ပုံ ပျော့ပြောင်းလာတယ်လို့ ထင်မိပါသလား။ မစ္စတာ လီရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ရေးဖူးတာက အရင်က တရုတ်အရာရှိ ကြီးေ တွဟာ စာအုပ်ဟောင်းကြီးအတိုင်း လိုက်နာ ကျင့်သုံးနေကြတယ် ဆိုထား သလားလို့။

ဖြေ ။ ။ မဟုတ်တော့ဘူး။ သူတို့ အများကြီး ပျော့ပြောင်းလာနေကြပြီ။ အဲဒါ က ဟိုအရင် စစ်တပ်က လုံးဝထိန်းချုပ်ထားတဲ့ အချိန်မှာ ပြောတာ၊ တစ်ခုခု အမှားပြောလိုက်မိရင် ဒုက္ခတွေ့တော့တာပဲ။ အခု ပိုပြီး လွတ်လွတ် လပ် လပ် ပြောလို့ ရပြီ။

မေး ။ ။ တရုတ်ခေါင်းဆောင်တွေက မစ္စတာလီနဲ့ တွေ့တိုင်း မတူညီတဲ့ ကိစ္စတွေအပေါ် မစ္စတာလီရဲ့ အမြင်ကို မှတ်သားသွားကြတယ် ဆိုတာ သေ ချာပါတယ်။ အခု ခေါင်းဆောင်တွေကို လေ့လာကြည့်ရင် သူတို့ ခေါင်းထဲမှာ ဘာတွေ ရှိနေမလဲ၊ သူတို့က မစ္စတာလီဆီကနေ ဘာတွေ နှိုက်ယူလိုကြ ပါ သလဲ၊ အရင်ခေါင်းဆောင်တွေနဲ့ နှိုင်းယှည်ကြည့်ရင် လက်ရှိခေါင်းဆောင်ေ တွအပေါ် ဘယ်လို မြင်မိသလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှီကျင့်ဖျင် ကိုတွေ့တော့ ငါသူ့ကို ပြော ဖူးတယ်။ ဒီကရှေ့ တရုတ်တွေက စင်္ကာပူကို ကြည့်ပြီး လေ့လာဖို့ လာစရာ မလိုတော့ဘူး။ ငါတို့ စင်္ကာပူးရီးယန်းတွေကသာ တရုတ်ပြည်ကနေ လေ့ လာယူကြရတော့မှာလို့။ သူက ဒါကို လက်မခံဘူး။ သူပြောတာက သူတို့ဆီ မှာ ဗြိတိသျှက ငါတို့ကို အမွေပေးထားခဲ့တဲ့ အခြေခံ အဆောက်အဦ မရှိဘူး ဆိုတာပါ။ ငါတို့ဆီမှာ ရှိတဲ့ အခြေခံဥပဒေက ဥပဒေကို ချိုးဖောက်စရာ မလို ဘဲ အားနည်းတဲ့ ခေါင်းဆောင်ကို ယာယီအားဖြင့် ထောက်ခံပေးထားလို့ ရ တယ်။ အကြာကြီးတော့ မရဘူးပေါ့။

မေး ။ ။ ဒေသတွင်းနိုင်ငံတွေ၊ ပြီးတော့ အမေရိကန်ကိစ္စနဲ့ ပတ်သက်လို့ သူတို့ မစ္စတာလီဆီက ကြားချင်နေတဲ့ အထူးအကြံဉာဏ်က ဘာတွေ ဖြစ်မလဲ။
ဖြေ ။ ။ သူတို့ကိုယ်တိုင် အမေရိကန်နဲ့ တိုက်ရိုက်ဆက်ဆံနေကြတော့ အမေ ရိကန်နဲ့ ပတ်သက်တဲ့ ငါ့စကားကို သူတို့ နားထောင်စရာ မလိုတော့ ပါဘူး။ သူတို့ တန်ဖိုးထားတာက ဒေသတွင်း နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ငါတို့ အမြင် ပဲ။ ဒါကို သူတို့ မသိကြဘူး။ သူတို့ မျှော်လင့်ထားတာက ငါတို့က တိုး တက် လာတဲ့ တရုတ်ကို မကြောက်ရွံဘဲ ဒေသတွင်းမှာ ရဲရဲဝံ့ဝံ့ ရှိနေမယ်ဆို တာပဲ။

မေး ။ ။ သူတို့ တုန့်ပြန်နေပုံ၊ သူတို့ တိုးတက်လာနေပုံကို ကြည့်ပြီး လာမယ့် အနာဂတ်အတွက် စိုးရိမ်မှု မရှိဘူးလား။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပိုပြီး ဆက်ဆံရခက်ခဲ၊ ပိုပြီးအင်းအားသုံး၊ ပိုပြီးလွှမ်းမိုးမှု ရှိလာမယ့် တရုတ်ပြည်နဲ့ မဖြစ်မနေ ဆက်ဆံရတော့မှာ မဟုတ်လား။

ဖြေ ။ ။ ဒီဒေသတစ်ဝှိုက်မှာ သူတို့ဟာ အကောင်အကြီးဆုံး ဆိုတာကတော့ လက်ခံရမှာပဲ။ ဒါပေမဲ့ အမေရိကန်က တန်ပြန်အနေနဲ့ အမြဲ ရှိနေမှာဆိုတော့ ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းမှာတော့ အကြီးဆုံး မဖြစ်နိုင်ဘူး။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ အမေရိကန်တွေ သမုဒ္ဒရာကမ်းခြေကနေ ဝေး သွားအောင်တော့ လုပ်လာနိုင်ပါလိမ့်မယ်။ ဒါကလည်း တို့ လက်ခံရမယ့် အချက်ပဲ။

မေး ။ ။ ဒီလိုသာဆိုရင် စင်္ကာပူလို နိုင်ငံသေးသေးလေးတွေ ရပ်တည်မှု အ တွက် အခက်အခဲ ဖြစ်လာနိုင်စရာ မရှိဘူးလား။

ဖြေ ။ ။ သူများတွေထက် ပိုပြီး အခက်အခဲ ကြုံစရာတော့ မရှိပါဘူး။ ဗီယက် နမ်ဆိုရင် ပိုပြီး အကြပ်ရိုက်နိုင်တယ်။ ငါတို့နဲ့ တရုတ်ပြည်နဲ့က သဘောထား မတိုင်ဆိုင်တာရယ်လို့ မရှိဘူး။ ဗီယက်နမ်က ရေနံနဲ့ ဓာတ်ငွေ့တွေ ရှိနိုင်မယ် လို့ မျှော်လင့်ရတဲ့ ပင်လယ်ရေမျက်နှာပြင်နဲ့ ပတ်သက်လို့ တရုတ်နဲ့ သဘော ထား မညီညွှတ်သေးတာတွေ ရှိတယ်။ တို့နဲ့ သူတို့က ဒီလို ပြဿနာမျိုး မရှိဘူး။

မေး ။ ။ သမ္မတအိုဘားမားကတော့ ပစိဖိတ်ဒေသအ တွင်း အမေရိကန်ဩဇာ ဆက်ရှိနေဖို့ မဟာဗျူတစ်ခု ချမှတ်နေတယ်။ အိုဘားမား ‘Pacific Pivot’ ဆို ပြီးတော့လေ။ ဟီလာရီကလင်တန်ကလည်း လေတပ်ကို အမှာစကားေ တွ ပြောနေတာ တွေ့ရတယ်။ ဒါဟာ ဒီဒေသအတွင်းမှာ အမေရိကန်တွေ ထာဝရ ရှိနေဖို့ အားထုတ်မှု တစ်ခုလား။

ဖြေ ။ ။ မဟုတ်ဘူး။ ဒါမျိုး ရှိကို မရှိဘူး။ သူတို့ ဒီမှာ ရှိနေချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ ထုတ်ပြလာရုံ သက်သက်ပဲ။ ပါဝါချိန်ခွင်လျှာ ပြောင်းသွားရင် အမြဲ ရှိနေမယ်ဆိုတဲ့ စကားလည်း မမှန်နိုင်တော့ဘူး။ ပစိဖိတ်ကို အုပ်စီးထားဖို့ မိုင်ပေါင်း ရှစ်ထောင်ကိုးထောင်ကျော်ကို ဖြတ်ပြီး အင်အားဖြည့်ရမယ်။ ဂျပန်နိုင်ငံကို အခြေစိုက် ကြားနိုင်ငံအနေနဲ့ အသုံးပြုပြီး စွမ်းအင်ဖြည့်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူး။

မေး ။ ။ ဒါဆိုရင် တရုတ်ပြည်ရဲ့ တွက်ကိန်းက အမေရိကန်တွေ ဒီလို လုပ်နိုင် မလားဆိုတာ စောင့်ကြည့်နေရုံပဲပေါ့။
ဖြေ ။ ။ ဒါပေါ့။ အဲဒါ အမှန်ပဲ။

မေး ။ ။ ဒါဆိုရင် အမေရိကန်တွေ အင်အားထပ်ဖြည့်နိုင်မှု အတွက် ဖြစ်နို င်ခြေ က ဘာဖြစ်မလဲ။


ဖြေ ။ ။ တစ်က - အမေရိကန်ရဲ့ စီးပွားရေး၊ ပြီးတော့ ပစိဖိတ်ဒေသကို သူတို့ က ဘယ်လောက် အရေးကြီးတယ်လို့ ယူဆပြီး ဒီအတွက် ကာကွယ်ရေး အ သုံးစရိတ် ဘယ်လောက်အထိ သုံးစွဲမလဲ ဆိုတာပဲ။
နှစ်က - တရုတ်ပြည် ဘယ်လောက်မြန်မြန်ကြီး ခွန်အား တိုးပွားလာမလဲ ဆိုတာပေါ့။

ဆက်ရန်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

တရုတ် (သို့) ရွက်ပုန်းသီး (၂)

တရုတ် (သို့) ရွက်ပုန်းသီး (၃) 

စထရိတ်တိုင်းမ်က မြန်မာလိုတွေ ဖော်ပြနေတယ်။


ဒါ အရင်နေ့က (ဒီဇင်ဘာ ၃ ရက်) စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရတဲ့ပုံပါ။ ဘယ်မှာ ရိုက်ထားလဲတော့ မသိ။ ချောင်းသာက ကောင်လေးတစ်ယောက် ပျောက်သွားကြောင်း၊ စစ်တပ်ထဲ ဖျာယောင်းပြီး ခေါ်သွားတာလို့ နောက်ဆုံးသိရကြောင်း စစ်သားစုစောင်းရေသမားက ကလေးတစ်ယောက် ရရင် ဒေါ်လာ ၃၀ နဲ့ ညီမျှတဲ့ငွေ၊ ဆန်၊ ဆီ စသည်လည်းရကြောင်း အခုတော့ ဒါမျိုးဆက်မလုပ်ဖို့ အစိုးရက ကတိပြုထားကြောင်း စသည် စသည် ပါ။ မှန်ရင်တော့ စစ်သားစုစောင်းရေ ဘစ်စနစ် ထိပြီပေါ့။ ကုသိုလ်ရချင်လို့ လို့ပဲ မှတ်လိုက်ကြပေါ့။

ဂျာမဏီအမှားကို တရုတ် ရှောင်ရမယ်


ဒီနေ့ ဖတ်စရာ ဆောင်းပါးကောင်းတွေများလှပါတယ်။ ဒီအထဲမှာ ဂျာမဏီ အမှားကို တရုတ် ရှောင်ရမယ် (China must avoid imperial Germany's errors) ဆိုတဲ့ The Financial Times ဆောင်းပါးကို အချိန်ကြောင့် နုတ်ပဲ တင်ပေးလိုက်ပါတယ်။

၁၉ ရာစုဂျာမဏီ

*ဒီမိုကရေစီကမ္ဘာရဲ့ စီးပွားရေး အေးနေချိန် အာဏာရှင်နိုင်ငံစီးပွားရေး အားကောင်းနေ။
*တရုတ်ဟာ ၁၉ ရာစု (အာဏာရှင်)ဂျာမဏီလိုဖြစ်နေ။ ဘယ်လို အဆုံးသတ် ခဲ့သလဲဆိုတာ အားလုံးအသိ။
*တရုတ်က လေကြောင်းကာကွယ်းရေးဇုန် သတ်မှတ်။ *ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်တွေက အသိအမှတ် မပြု။ *မလိုက်နာလို့ ခရီးသည်တင်လေယာဉ်ကို တရုတ်က ပစ်ချမှာလား။
*ဒါဆို ဒါကိုကြည့်။
*ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးကနေ ပထမ ကမ္ဘာစစ်ဖြစ်ခဲ့။ *အဲဒီကတည်းက ဥရောပ နာလန်မထူ။
*၂၅ နှစ်ကြာတော့ ဒုတိယစစ်ပွဲ ထပ်ဖြစ်။ ဖွတ်ဖွတ်ညက်ညက် ကျေ။
*တရုတ်သမ္မတက တရုတ်အမျိုးသားရေးဝါဒပြင်းပြင်း။ *ဂျပန်ဝန်ကြီးချုပ်ကလည်း သူ့အောက်မလျော့။
*အမေရိကန်က ဂျပန်ရဲ့ ကာကွယ်ရေး တာဝန်ယူထားသူ။ *ဘာတွေဖြစ်လာနိုင်သလဲ။

၂၀ ရာစု ဂျာမဏီ

*၂၀ ရာစု ဂျာမဏီက ဗြိတိန်ကို စစ်ချီတယ်။
*ဒီကိစ္စထဲ ပြင်သစ်က ကြားဝင်လို့ မော်ရိုကိုကို ဂျာမဏီက စစ်သင်္ဘော လွှတ်ပြန်တယ်။
* ဗြိတိန်နဲ့ ပြင်သစ်ဆက်ဆံရေးကို သွေးတိုးစမ်းတာ။
*အခု တရုတ်က ဂျပန်နဲ့ တောင်ကိုရီးယားကို သွေးတိုးစမ်းနေ။
* ဗြိတိန်က ယက်ကန်ယက်ကန်နဲ့ ပါနေရ။ *တရုတ် တောင်လုပ်မြောက်လုပ်ကြောင့် ခေါင်းကိုက်နေတာက အမေရိက။

*ကြားလူတွေရဲ့ အမြင်အရ တရုတ်ဟာ ပင်လယ်ထဲက ကျောက်တုံးတွေ အတွက် (လက်ရှိ ဂျပန်ရဲ့ထိမ်းချုပ်မှုအောက်မှာရှိနေဆဲ) နိုင်ငံစီးပွားရေးကို ထိုးကျွေးနေ။
*သူနိုင်ငံ စီးပွားတက်တယ်ဆိုတာ နိုင်ငံအလိုက် အခြားနိုင်ငံတွေကို မှီဖို့ အများကြီး လိုနေသေးဆဲ။
*ဒီပွဲ တရုတ်နိုင်ကောင်းနိုင်မယ်။ သူတို့ ဘယ်လို အရှုံးတွေ ပြန်ရမလဲ။
*စစ်။
*တရုတ်စစ်အင်အားက အမေရိကန်ကို မှီဖို့ အများကြီးလိုသေး။
*အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား (မဟာမိတ် တပ်ပေါင်းစုဆို) ဝေးရော။
*ပစိဖိတ်ကို အမေရိကန်က ထိမ်းချုပ်ထားဆဲ။
*တရုတ်နဲ့ ကမ္ဘာ ဆက်သွယ်ရေးလမ်းကြောင်းကို ပစိဖိတ်ကနေ အမေရိကန်က ဖြတ်တောက်နိုင်။ ဒါဆို စီးပွားရေးပါ ထိခိုက်။
*တရုတ်နဲ့ ကမ္ဘာ ဆက်သွယ်ရေးလမ်းကြောင်းပြတ်ရင် အမေရိကန်နဲ့ မဟာ မိတ်တွေကို ထိမှာထက် တရုတ်က ပိုအထိနာမယ်။
*တရုတ် စီးပွားရေးဟာ ကုန်ကြမ်းအတွက် သွင်းကုန်ကို အားပြုရဆဲ။ *နည်းပညာအတွက် ပြည်ပ ပညာရှင်အကူအညီ လိုဆဲ။ *အနောက်နိုင်ငံကြီးတွေနဲ့ ဂျပန် တောင်ကိုရီးယား ကုမ္ပဏီတွေ ထွက်သွား ရင် နည်းပညာတစ်ဝက်တစ်ပျက်နဲ့ ကျန်ခဲ့မယ်။

ကိုယ့်လူမျိုးကို ချစ်တာ၊ အတိတ်ကို မမေ့နိုင်တာက သာမန်လူသား ဆန် လွန်း၊ တက်သစ်စ စူပါပါဝါရဲ့ ခေါင်းဆောင်က တစ်ကြိမ်လောက် (သို့) တစ်ဝက်လောက် ထပ်စဉ်းစားသင့်။ ပင်လယ်ထဲက ကျောက်တုံးနဲ့ နိုင်ငံစီးပွားရေး။

ရတနာမြေပုံ (2) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

ရတနာမြေပုံ (2)

“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး”
(အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) )

သက္ကရာဇ် ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၉ ခုနဲ့ ၂၀၁၂ ခုတွေမှာ တစ်ကမ္ဘာလုံးနီးပါး က ကျောင်းသားတွေ ပီစာ စာမေးပွဲ ၀င်ရောက် ဖြေဆိုကြပါတယ်။ ၂၀၁၂ ခုမှာ ဆိုရင် ၀င်ရောက်ဖြေဆိုတဲ့ နိုင်ငံတွေ တိုးပွားလာလို့ မေးခွန်းကိုပဲ ဘာသာစကားပေါင်း (၄၀) ကျော်နဲ့ ရိုက်နှိပ်ရပါတယ်။ စာမေးပွဲ စစ်ပြီးတိုင်း စိတ်ထဲထင်ထားတာနဲ့ မဆိုင်တဲ့ အဖြေတွေ ထွက်လာတာချည်းပါပဲ။ ပထမ ဆုံးအချက်ကတော့ အာရှကကျောင်းသားတိုင်း တော်တာ မဟုတ်ဘူးဆိုတာ ပါ။ နောက်ပြီး တီထွင်ကြံဆမှုမှာ အမေရိကန် ကလေးတွေကို ဘယ်သူမှ လိုက် မမီဘူး ဆိုတာ မဟုတ်ဘူးလို့လည်း ပြသနိုင်ခဲ့ပါတယ်။ ပီစာ စာမေးပွဲ မှာ အခြားအခြားသော နိုင်ငံတွေက ကလေးတွေရဲ့ တည်ထွင်ကြံဆ မှု လည်း လိုအပ်နေဆဲပါ။

ပညာရေးမှာ ငွေဟာ အရေးပါလှတယ်လို့လည်း မဆိုနိုင်ပြန်ဘူး။ ကမ္ဘာ့ ပညာရေးမှာ ရှေ့တန်းက တက်လာတဲ့ ကလေးတွေရဲ့ မိဘတွေ ပညာသင် စရိတ် သုံးစွဲတယ်ဆိုတာ အမေရိကနဲ့ ယှဉ်လိုက်ရင် ဘယ်နိုင်ငံမဆို နည်းနေ တုန်းပါပဲ။ ပညာရေးမှာ မိဘတွေရဲ့ ပါဝင်ပတ်သက်မှု အကျိုးသက်ရောက်ပုံ ကလည်း မသဲမကွဲပါ။ ပညာရေးစူပါ ပါဝါနိုင်ငံတွေက မိဘတွေဟာ ကလေး ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု သိပ်မရှိလှပါဘူး။ ပုံစံမတူတဲ့ ပါဝင်ပတ်သက်မှုမျိုးတော့ ရှိတာပေါ့။ အားရှိစရာ အကောင်းဆုံးအချက် ကတော့ တော်လှပါတယ် ဆိုတဲ့ ကလေးတစ်ယောက်ကိုယ်တိုင်ပင် အမြဲ တန်းကြီး တော်နေတာတော့ မဟုတ်ဘူး ဆိုတာ ပါ။

သမိုင်းဆိုင်ရာ စစ်တမ်းတွေအရ ဖင်လန်နိုင်ငံက ကလေးတွေဟာ လည်း မွေးကတည်းက တော်လာ ကြတာ မဟုတ်ဘူး။ အခု လက်တလောနှ စ်တွေမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေကသာ တဖြည်းဖြည်းနဲ့ တော် လာတာပါ။ အပြောင်းအလဲတွေလုပ်ရင်း မျိုးဆက်တစ်ဆက်အတွင်းမှာပဲ သိ သိသာသာ ကြီး တော်လာခဲ့တာပါ။ (စာရေးသူ ဆိုလိုတာက အရင်မျိုးဆက် မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ မတော်လှဘူး၊ အခုမှ တော်လာ တာ၊ အစဉ်အလာအရ တော်နေရမယ်ဆိုရင် အရင်မျိုးဆက် ကလေးတွေ လည်း ဒီမျိုးဆက် ကလေးတွေလိုပဲ တော်နေရမယ်လို့ ကောက်ချက် ဆွဲ ကြည့်တာပါ)
ဒီ အချက်အလက်တွေလည်း ပြန့်သွားရော ရှလေချာကိုယ်တိုင်လည်း ကမ္ဘာကျော် ဆယ်လစ်ဘရစ်တီ ဖြစ်သွားတော့တာပါပဲ။ သူကပဲ ကွန်ဂရက် ထဲမှာ အမေရိကန် ပညာရေးဝန်ကြီး သိလိုတာတွေကို ဖြေပြီးပညာရေး ၀န်ကြီးကိုလည်း အကြံဉာဏ်တွေ ပြန်ပေးထားခဲ့တယ်။

အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) က
“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး” တဲ့။
ယူကေ ပညာရေးဝန်ကြီး မိုက်ကယ် ဂေါ့ဖ် (Michael Gove) ကတော့
“အင်္ဂလိပ် ပညာရေးအတွက် အရေးအပါဆုံးလူ” တဲ့။ ရှလေချာက ဂျာမန် လူမျိုး၊ ပြီးတော့ ပြင်သစ်မှာ နေထိုင်နေသူဆိုတာတောင် သူ ဂရုစိုက် မနေ မိတော့ပါဘူး။
ကမ္ဘာ့နေရာတိုင်းမှာပဲ ပီစာ စာမေးပွဲနဲ့ ပတ်သက်လို့ ဝေဖန်သံတွေလည်း ရှိနေတာပါ။ တချို့ကလည်း ဒီစာမေးပွဲဟာ ယဉ်ကျေးမှုကို အခြေခံပြီး စစ်ဆေးတဲ့ စာမေးပွဲ၊ အလွဲလွဲ အချော်ချော်တွေ ရှိတယ်လို့ ဆိုကြပါ တယ်။ တချို့ကလည်း အမေရိကရဲ့ ကျောင်းပေါင်း (၁၆၅) ကျောင်းက ကျောင်း သားပေါင်း (၅၂၃၃) ယောက် ကိုပဲ ခေါ်ယူစစ်ဆေးတာဟာ တစ်နိုင်ငံလုံးရဲ့ ပညာရေးကို မထင်ဟပ်စေနိုင်ပါဘူး လို့ ဆိုကြပြန်ပါတယ်။ တော်တော် များ များ ပြောကြတာကတော့ ရှလေချာနဲ့ သူ့အဖွဲ့ဟာ စာမေးပွဲရမှတ်လောက် ကိုပဲ မှတ်တန်း ယူထားသင့်တယ်။ ဘာ့ကြောင့် အမှတ်နည်း၊ အမှတ်များရ တာလဲ စတဲ့ တောင်တွေးမြောက်တွေးတွေ ဆက်တွေး မနေသင့်ဘူးလို့ ဆို ကြပါတယ်။

ရှလေချာ ကိုယ်တိုင်ကလည်း ဒီလို ဝေဖန်မှုတွေအပေါ် တော်တော်များများ တုန့်ပြန်မှုပေးခဲ့ပါတယ်။ ပီစာ စာမေးပွဲဟာလည်း ပါဖက်ဖြစ်တဲ့ စာမေးပွဲ မ ဟုတ်သေးဘူး။ ဒါပေမဲ့ ရှေးမှာရှိခဲ့တဲ့ စာမေးပွဲစနစ်တွေ အားလုံးထက်တော့ ပီစာက ပိုပြီးကောင်းတယ်၊ တိတိကျကျပြောနိုင်တယ်လို့ ၀န်ခံစကား ဆိုခဲ့ပါ တယ်။
သမ္မာ ကျမ်းစာ အုပ်ရောင်းတဲ့ လူတစ်ယောက်လိုပါပဲ။ သူက ရောက်တဲ့နိုင်ငံ တိုင်းမှာ ပီစာ စာမေးပွဲရဲ့အဖြေတွေကို ပါဝါပွိုင့် စလိုက်ရှိုးတွေ ပြ ပြပြီး လူစုရင်းရောင်းချခဲ့တယ်။ အဲဒီမှာ သူပြတဲ့အဓိက စာကြောင်းလေးက
“အချက်အလက်တွေနဲ့ မပြနိုင်ရင် ခင်ဗျားဟာ အမြင်ရှိတဲ့ သာမန် လူ တစ်ယောက်ပါပဲ” တဲ့။

စာမေးပွဲရဲ့လေယာဉ်မှူး

သက္ကရာဇ် ၂၀၁၀၊ ၀ါရှင်တန်ဒီစီမှာ ရှလေချာကိုပထမဆုံးကျွန်မ သွားေ ရာက်တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့များပြားလွန်းလှတဲ့ အစည်းအဝေးတွေအကြား ခဏလေးအနားယူခိုက်မှာ တွေ့ဆုံဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ရှလေချာ ဟာ ခေါင်းမွှေးဖြူဖြူ မွဲညစ်ညစ် မုတ်ဆိတ်မွှေးတွေနဲ့ပါ။ သူဟာ ကြည့်ပျော် ရှုပျော် ရှိပါတယ်။ ဒါပေမဲ့တစ်ခုခုကို စူးစိုက်နေပုံတော့ပေါက်နေတယ်။
ပီစာ ကို အထင်တကြီးဖြစ်မိပါတယ်။ ဒါပေမဲ့ သံသယနဲ့ပဲလို့ကျွန်မက သူ့ကိုပြောမိတယ်။ အမေရိကဟာ အချိန်တွေငွေတွေအကုန်ခံပြီး ပညာရေးနဲ့ ပတ်သတ်တဲ့ သုတေသနတွေကမ္ဘာ့နိုင်ငံ အားလုံးထက်ပိုလုပ်ခဲ့တယ်။ အနာ ဂတ်ရဲ့ရတနာ(ကျောင်းသား)လေးတွေနဲ့ပတ်သတ်လို့ ဖတ်မကုန် ရှုမကုန်ေ လာက်တဲ့ အချက်အလက်တွေ ရှိတယ်။ အခုပီစာစာမေးပွဲက ကျွန်မတို့ ကလေးတွေဖြေနေကျစာမေးပွဲထက်ဘာတွေများပိုပြီးထူးခြားနေလို့လဲ။

သူကထိုင်တောင်မထိုင်ပဲ ကျွန်မမေးသမျှမေးခွန်းတိုင်းကို ဂျာမန်လေ၀ဲတဲ့ အင်္ဂလိပ်နဲ့ စဒီပြားကီု ဖွင့်ချ လိုက်သလိုအချက်ကျကျ ဖြေသွားခဲ့ပါတော့ တယ်။
“ပီစာဆိုတာ သမားရိုးကျစာမေးပွဲမဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် ပီစာဆိုတာ စိန်ခေါ်မှုတစ်ရပ် ပါ။ ဘာကြောင့်လဲဆိုရင် စဉ်းစားတွေးခေါ်ဖို့ လိုကို လိုအပ်လို့ပါ” သူကဆိုတယ်။
”ကလေးတစ်ယောက်ရဲ့ အရည်အချင်းအစစ်အမှန်ကို ဘယ်စာမေးပွဲကမှ တိုင်းတာမပြနိုင်ပါဘူး” ကျွန်မကအတွန့်တက်တယ်။
ရှလေချာက ခေါင်းညိတ်ရင်းနဲ့
“ပီစာကိုယ်တိုင်ကလည်းဘ၀ရဲ့အောင်မြင်မှုတွေကို တိုင်းတာပြတဲ့ စာမေးပွဲ မဟုတ်ပါဘူး။ ခင်ဗျား ပြောတာ မှန်ပါတယ်”တဲ့။

ဆက်ရန်.....

မသိမသာနဲ့ တက်လာပါပြီ


(ထိပ်ဆုံးအထိ မရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်)

အလှူရေစက် လက်နဲ့မကွာမှာတော့ မြန်မာတွေ ကမ္ဘာမှာ တတိယလိုက်လာ ပါပြီ။ ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်ပါ ယူကေအခြေစိုက် CAF(Charity Aid Foundation) ရဲ့ ထုတ်ပြန်ချက်သတင်းပါ။ သူတို့က ကိုယ်မသိတဲ့ လူ စိမ်းတွေအပေါ် Volunteering (လုပ်အားပေး), donating(လှူဒါန်း) and helping(အကူအညီပေး) အချက်သုံးချက်ကိုမူတည်ပြီး စစ်တန်းယူထားတာ လို့ သိရပါတယ်။ ကုသိုလ်ကံတွေပါ။
၁။ အမေရိက
၂။ ကနေဒါ
၃။ မြန်မာ။ (ဆင်းရဲနေတဲ့ကြားက မဟုတ်တဲ့နေရာတွေတောင် လှူကြလွန်း လို့၊ ချမ်းသာလာလို့ ဟုတ်တဲ့နေရာဆိုရင်တော့ ပြောမနေနဲ့)
(ကနေဒါ၊ မြန်မာ၊ နယူးဇီလန်က နံပါတ် နှစ်မှာ ပူးတွဲတွေပါ)

data on  Charity Aid Foundation


ဒီနောက်မှာ နယူးဇီလန်၊ ယူကေ၊ အောစတေးလျ၊ နယ်သာလန် တို့ပါလာပါ တယ်။ ထိုင်း ၃၈၊ လာအို ၄၂၊ စင်္ကာပူ ၆၄ တဲ့။ (ကာတာက နံပါတ် ၉ ချိတ် ပါတယ်)

အဆိုးဆုံးကနေလည်း တက်လာပြီ

ဒါကတော့ TI လို့ခေါ်တဲ့ Transparency International (နိုင်ငံတကာ ပွင့် လင်းမြင်သာအဖွဲ့လို့ ဆိုရမလား မသိ၊ ကိုကိုကြီးတို့လိုလေ) ရဲ့ အကျင့်ပျက်မှု အနည်းဆုံး၊ အများဆုံး နိုင်ငံတွေ စစ်တန်းပါ။
ရှေ့ဆုံးကတော့ ထုံးစံအတိုင်း လူကြီးလူကောင်းတွေ ဖြစ်ကြတဲ့ စကင်နေးဗီး ယန်းနိုင်ငံတွေ အများစုပါ။
ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ နဲ့ စင်္ကာပူတဲ့။

ဝမ်းသာစရာက (နိုင်ငံတွင်းမှာတော့ သိပ်မသိသာသေးဘူး ထင်တယ်) အ ကျင့်ပျက်မှု အများဆုံး(၁၀) နိုင်ငံမှာ မြန်မာ မပါတော့တာပဲ ဖြစ်ပါတယ်။ TI (Transparency International) အဖွဲ့ မျက်စေ့မှောက်သွားတာ (Overlook) မဟုတ်ရင် ဝမ်းသာစရာပဲပေါ့။
Have a nice day!


ဒါနဲ့ ..မထင်ရဘူး။ ဆရာကြီး ဆိုကရေးတီးနဲ့ ပလေတိုတို့ ဆရာတပည့်နိုင်ငံက ကပ်စေးအနည်းဆုံး တဲ့။ လူချင်းမသိရင် ဘာအကူအညီမှ မရလောက်ဘူး။ မသွားကြနဲ့။
The index found that the United States was the most generous country on earth,
followed in joint second place by Canada, Burma and New Zealand, with Ireland in fifth place.
The next five most generous countries were the UK, Australia, Netherlands, Qatar and Sri Lanka respectively.

Greece was bottom of the World Giving Index with Croatia just above them.

အာရှသားချင်း ခွင့်လွှတ်တတ်ကြသလား


ဂျပန်နဲ့ အမေရိကန်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတွေ အပြန်အလှန်ကြဲကြပြီး မကြာခင် လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွားကြ တယ်။
အမေရိကန်နဲ့ ဗီယက်နမ်။ ကာလရှည်ကြာစစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် မ ကြာခင်မှာဘဲ လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွား ကြပြန်တယ်။
ဗြိတိသျှနဲ့ ဂျာမန်အင်ပါယာ အားလုပွဲ။ ဒီနေ့ ဒီအကြောင်းတွေကို ရေ မနှူး ကြတော့ဘူး။
ဒီနေ့ တရုတ်နဲ့ ဂျပန်။ ၁၉၃၁ က ကိစ္စကို မမေ့ကြသေးဘူး။ ရေနှူးနေကြဆဲ ပဲ။ ဂျပန်က နှူးလိုက်၊ တရုတ်က နှူးလိုက်။
ကောင်သေးသေးလေးက ကောင်ကြီးကြီးကို အနိုင်ကျင့်ခဲ့လို့ တရုတ်က ခံရခက်နေတာဆိုတဲ့ အမြင်သာ ခံမထားရင် စဉ်းစားစရာတွေ အများကြီးပဲ။

တရားရသွားတဲ့ ခေါင်းနဲ့ပန်း


ပန်းကွ
ခေါင်းကွ
လောင်းနေကြတဲ့လူတွေ ရှိတော့
အပေါ်မှာ ရောက်နေဖို့အရေး
သွေး ချွေးတွေနဲ့
( ခေါင်းနဲ့ပန်း)
အသေအလဲထိုးကြိတ်နေကြတယ်။

ဒီ အကြွေစုတ်နဲ့ ဘာဝယ်လို့ရမှာလဲ
အဆဲခံရင်း.....
မြောင်းထဲဆင်းသွားရတော့
ဘယ်သူပဲ အပေါ်က ကျကျ
ဘာမှ မထူးတော့သလိုနဲ့
တရားရသွားတဲ့ ခေါင်းနဲ့ပန်းလေ။

တရုတ် (သို့) ရွက်ပုန်းသီး (၃)



"ဒါ့ကြောင့် အာရှတိုက်ထဲက အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံး ဟာ ပါဝါညီမျှနေအောင် အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေကြ တယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ် အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး" (လီကွမ်းယု)

ဒီမှာ အမြင်နှစ်မျိုး ရှိတယ်။
တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ် လာအောင် ကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူတို့မှာရှိတဲ့ အင် အားကို ထုတ်ပြရင်း သူတစ်ပါးကို ခြိမ်းခြောက်လိမ့်မယ်။

ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ သူတို့ဟာ ပထမလမ်းစဉ်ကိုပဲ လိုက်ပြီး တစ်ချိန်တည်းမှာပဲ အားကောင်းသထက် ကောင်းလာအောင် အားမွေးနေကြ လိမ့်မယ်။ တိန့်ရှောင်ဖိန်ရဲ့ ယုံကြည်ချက်က တရုတ်ပြည်ဟာ နှိမ့်နှိမ့် ချချ နဲ့နေရင်း ခွန်အားကောင်းလာအောင် ကြိုးစားတာဟာ ပညာသား ပိုပါတယ် ဆိုတာ ဖြစ်ပါတယ်။ သူ့အယူအဆက အစွယ်တပြပြ လုပ်မနေနဲ့ ဆိုတဲ့ သဘောပါ။ အခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တရုတ်ပြည် အတွက် နောက်ထပ် နှစ်သုံးဆယ်၊ နှစ်လေးဆယ်လောက် ငြိမ်းငြိမ်း ချမ်း ချမ်းလေး နေဖို့ လိုအပ်နေသေးတယ်ဆိုတာ တရုတ်တွေ သဘောပေါက် ကြတယ်။ ဒီတော့ သူတို့နောက်ဆုံးဆွဲတဲ့ ကောက်ချက်က လက်ရှိ အနေ အ ထားအတိုင်း ရှေ့ခရီးဆက်ချင်တယ်ဆိုရင် လက်ရှိရထားတဲ့ အင်အားကို မရို ဖရဲ မဖြစ်စေဘဲ လူတိုင်းနဲ့ တည့်အောင် နေထိုင်ရင်း စွမ်းအားပိုကောင်းလာေ အာင် ကြိုးစားခြင်း ဖြစ်တယ်ဆိုတာပါပဲ။
ဒါဆိုရင် သူတို့ပြည်တွင်းရေးကို ဖြေရှင်းဖို့လည်း အချိန်ရ၊ စီးပွားရေးအင်အား လည်း ပိုကောင်းလာနိုင်ပါမယ်။

နောက်ပြီး သတိထားဖို့ လိုအပ်တာက ဂျပန်နဲ့ ဂျာမဏီတို့ လျှောက်ခဲ့တဲ့ လမ်း စဉ်ကို မလိုက်မိဖို့ပါ။ ဥရောပနဲ့ အာရှမှာ ဂျာမဏီနဲ့ ဂျပန် တက်လာတော့ အာ ဏာတွေ၊ ပါဝါတွေ လုရင်း သယံဇာတတွေကို မျက်ဇောင်းထိုးရင်းနဲ့ (၂၀) ရာ စုမှာ ကြောက်မက်ဖွယ် စစ်ပွဲကြီးနှစ်ပွဲ ဖြစ်ခဲ့တော့တာပဲ။ သူတို့ တိုးတက် လာမှုတွေလည်း အဆုံးသတ်သွားတယ်။ လက်ရှိအခြေအနေအရ တရုတ် သာ စစ်ပွဲတစ်ပွဲပွဲထဲမှာ ပါဝင်လိုက်မိပြီဆိုရင် ပြည်တွင်း မငြိမ်သက်မှုတွေ၊ အခြား ပြဿနာတွေ အများကြီး ကြုံတွေ့လာစရာ ရှိတယ်။
ရှေ့နှစ်နိုင်ငံရဲ့ လမ်းစဉ်ကိုများ လိုက်မိရင်တော့ ပြန်ပြီး နာလံထူဖို့ ဟိုနိုင် ငံတွေထက် ပိုပြီး အချိန်ကြာသွားနိုင်ပါလိမ့်မယ်။ ဒီတော့ တရုတ်ပြည် အ တွက် အကျိုးအကြောင်း ညီညွှတ်တဲ့ သုံးသပ်မှုဟာ “ဖွံ့ဖြိုးပြီး ကမ္ဘာတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အချိန်တွေ အကြာကြီး စောင့်စားခဲ့ကြရတယ်။ ဒီလို ပုံမှန် တိုးတက်လာနေတာကို ဖရိုဖရဲဖြစ်အောင် ဘာဖြစ်လို့ ရှေ့လော ကြီး ကြမှာလဲ” ဆိုတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလိုဆိုလို့ တရုတ်နိုင်ငံနဲ့ အငြင်းပွားစရာ ကြုံလာရတိုင်း တရုတ်ပြည်ဟာ ဘာမှ မပြောဘဲ ငုံ့ခံနေတာမျိုးတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ပါဝါချိန်ခွင် လျှာ ပြောင်းလာပြီဆိုတာနဲ့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ရလာတာပဲ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ယန်းကျေ့ချီ (Yang Jiechi) ပြောခဲ့သလိုပဲ၊ တရုတ်ပြည်ဟာ သူတို့ အမှန်တ ကယ် စိတ်အားထက်သန်နေတဲ့ ကိစ္စတွေမှာ အတိုက်အခံ ဖြစ်လာရင် သူတို့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး ကာကွယ်ကြပါလိမ့်မယ်။ တရုတ်နဲ့ အနီးဆုံး အိမ်နီးချင်း နိုင်ငံတွေဆိုရင် ဒီအကြောင်းကို ကောင်းကောင်း ကြုံတွေ့ခံစားနေကြရပါပြီ။
၂၀၀၈ - ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်မှာရှိတဲ့ သူ ပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေပြင်ထဲမှာ ရေနံတူးဖော်ခွင့်ကို အမေရိကန် ကုမ္ပဏီ Exxon Mobile ကို ပေးလိုက်တော့ တရုတ်က ကန့်ကွက်တယ်။ တရုတ်ရေတပ်က အဲဒီကုမ္ပဏီကို ထွက်ခွာပေးဖို့ ပြောတယ်။ တရုတ်အစိုးရ ကလည်း ဒီလို တားမြစ်နေတဲ့ကြားကနေ ရှေ့ဆက်နေမယ်ဆိုရင် တရုတ်ပြည်ထဲမှာရှိတဲ့ Exxon Mobile ရဲ့ စီးပွားရေးတွေ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အဲဒီအချိန်မှာ အမေရိကန်ေ ရတပ်ကလည်း သူတို့ကို ကာကွယ်၊ ထောက်ခံမပေးတော့ ဒီကုမ္ပဏီ လည်း နောက်ဆုတ်လိုက်ရတော့တယ်။

၂၀၁၀ - ခုနှစ်တုန်းကလည်း တရုတ်ငါးဖမ်းသင်္ဘောနဲ့ ဂျပန်ကင်းလှည့် မော်ေ တ်ာဘုတ် ဝင်တိုက်မိလို့ ဂျပန်တွေက တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်ကို ဖမ်း ဆီးထားလိုက်တယ်။ ဂျပန်တွေက သူတို့ဥပဒေအတိုင်း ကပ္ပတိန်ကို တရား စီ ရင်ဖို့ ဆန္ဒရှိကြတယ်။ ဒါပေမဲ့ တရုတ်ပြည်ဘက်က ပေးလာတဲ့ ဖိအားတွေေ ကြာင့် အဲဒီကပ္ပတိန်ကို နောက်ဆုံး လွှတ်ပေးလိုက်ကြရတယ်။
ဒီနေ့ ဂျပန်တွေ ရင်ဆိုင်နေရတဲ့ တရုတ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက တစ်နိုင် ငံလုံးနီးပါး ဂျပန်တွေအောက် ရောက်သွားမတက် ဖြစ်ခဲ့ရတဲ့ တရုတ် မဟု တ်တော့ဘူး။ ဂျပန်နိုင်ငံရဲ့ ပမာဏထက် ဆယ်ဆပိုကြီးနေတဲ့ တရုတ်နိုင် ငံ ဖြစ်နေတယ်။ ဂျပန်တွေ လက်လျှော့လိုက်တယ်ဆိုတာ တကယ့် အခြေ အနေမှန်ကို လက်ခံလိုက်တာမျိုးပါပဲ။ သူတို့ ရင်ဆိုင်နေရတဲ့ လက်ရှိ တရုတ်ပြည်ဟာ စည်းစည်းလုံးလုံးနဲ့ စည်းကမ်းသေဝပ်တဲ့ တရုတ်ပြည်ပါ။ ဗဟိုဦးစီးမှုအောက်မှာ ဆုံးဖြတ်ချက်အတိုင်း ပြုမူကြမယ်ဆိုတာကို ဂျပန်တွေ သဘောပေါက်ထားကြတယ်။

လတ်တလော နှစ်တွေကို ပြန်ကြည့်ရင် တရုတ်ပြည်ဟာ ဘာဖြစ်ဖြစ် ငြိမ် ခံနေမယ် မဟုတ်ဘူးဆိုတာ တွေ့မြင်လာရတယ်။ သူတို့လိုချင်တာကို ရဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေကြတယ်။ ဒီမူအတိုင်းလည်းပဲ ဆက် ရှိနေလိမ့်မယ်။ ဒီပတ်ဝန်းကျင်မှာ သူတို့ဟာ အကောင်အကြီးဆုံး၊ သူတို့မှာ စွမ်းအားပိုကောင်းလာရင် အိမ်နီးချင်းတွေက သူတို့ကို ပိုမိုလေးစားလာပြီး သူတို့ရချင်တဲ့ အခွင့်အလမ်းတွေလည်း ပိုရလာလိမ့်မယ်လို့ သဘောပေါက် ထားကြတယ်။ ဒါ့ကြောင့် အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံးဟာ ပါဝါညီမျှနေဖို့ အာရှတိုက်ထဲမှာ အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေ ကြတယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ်အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး။ သစ်ပင်ကြီးနှစ်ပင် ရှိနေရင် ဘယ် သစ်ပင်ရဲ့ အရိပ်အောက် ဝင်မလဲဆိုတဲ့ ရွေးချယ်ခွင့်တော့ ရှိသေးတာပေါ့။ အမေရိကန်တွေအတွက်လည်း ပစိဖိတ်ဒေသတွင်းမှာ ရှိနေဖို့ အရေးကြီးတာ ပဲ။ နို့မဟုတ်ရင် ဒီနယ်တစ်ဝိုက်မှာ သူတို့ဩဇာ မရှိနိုင်တော့ဘူး။ တကယ်ဆို ကမ္ဘာနဲ့ချီပြီးတောင် သူတို့ဩဇာ ဆုံးရှုံးသွားနိုင်တယ်။

အမေရိကန်နဲ့ တရုတ်အာဏာလုပွဲက ဒီနယ်တဝိုက်မှာ ဖြစ်နေခဲ့ပြီးပါပြီ။ ၂၁ - ရာစု နှောင်းပိုင်းအထိလည်း ဒီအတိုင်းပဲ ရှိနေလိမ့်ဦးမယ်။ နောက်ဆုံးတော့ အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ စစ်အေးကာလက အမေရိကန်နဲ့ ဆိုဗီ ယက်ပြည်ထောင်စု ပုံစံမျိုး မဟုတ်တော့ဘဲ အပြန်အလှန် အပေးအယူ မျှတ တဲ့ ဆက်ဆံရေး ဖြစ်နေဖို့ အရေးအကြီးဆုံးပါပဲ။ စက်တင်ဘာ (၁၁) ရက် ကိစ္စအပြီးမှာ အီရက်၊ အာဖကန်နစ္စတန် စစ်ပွဲတွေကြောင့် အမေရိကန်ေ တွ ခြေလှမ်း ပျက်သွားခဲ့ရတယ်။ အဲဒီအချိန်တွေ အတွင်းမှာ တရုတ်ပြည် ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် စာ ချုပ်တွေ ချုပ်ဆိုရင်း တိတ်တိတ်လေး အားသစ်မွေးလာနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက တရုတ်ဝန်ကြီးချုပ်ဟောင်း ဇူရောင်ကျီး (Zhu Rongji) က တရုတ်အာစီယံ စီးပွားရေးဇုန်ကို အဆိုပြုတော့ အာစီ ယံနိုင်ငံတိုင်း ယုံရခက်ခက် ဖြစ်နေကြရတယ်။ ကျွန်တော် တို့အားလုံးက အပြန်အလှန် သဘောတူညီမှုစာချုပ်တွေ လက်မှတ်ထိုးဖို့ လက်တွန့်ေ နခဲ့တာလေ။
ကျွန်တော့်အမြင်ကတော့ သူတို့ ဒီလိုပြောနေခြင်းဟာ "တရုတ်ရဲ့ စီးပွားရေး တိုးတက်လာတာဟာ အာစီယံနိုင်ငံတွေအတွက် အဟန့်အတား မဟုတ်ဘူး၊ ခွန်အားသာ ဖြစ်တယ်" ဆိုတာ ပြသချင်တဲ့ စနစ်တကျ ဗဟာဗျူဟာလို့ ထင် မိပါတယ်။
ဒါနဲ့ အမေရိကန်က စီးပွားရေးကိုယ်စားလှယ်တွေကို လာမယ့် ဆယ်နှစ်၊ အနှ စ်နှစ်ဆယ်အတွင်းမှာ အာစီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူး သန်းရောင်း ဝယ်ရေးစာချုပ် ချုပ်နိုင်ရင်ချုပ်၊ မချုပ်နိုင်ဘူးဆိုရင်တော့ တရုတ် စီးပွားေ ရး ဈေးကွက်က ကြီးသထက် ကြီးလာပြီး အာစီယံဒေသတွင်းမှာ အမေရိ ကန်ဟာ ဒုတိယအနေနဲ့ပဲ ရှိနေတော့မယ်လို့ ပြောခဲ့ဖူးတယ်။

စစ်တပ်အင်အားနဲ့ နည်းပညာမှာတော့ အမေရိကန်ဟာ ရှေ့အများကြီး ကြိုရောက်နေပါတယ်။ တရုတ်ပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ နှစ်စဉ် ဆတိုး တက်လိုက်နေတာတောင်မှ အမေရိကန်ကို ခြောက်ပုံတစ်ပုံနဲ့ နောက် က လိုက်နေတုန်းပါ။ အမေရိကန်ရဲ့ နည်းပညာက ဘယ်လောက် သာနေသ လဲဆိုတာကို ဒီအချက်က ပြောပြနေပါတယ်။ တရုတ်တွေကလည်း အမေရိ ကန်နဲ့ တန်းတူအဆင့် ရောက်အောင် ကြိုးစားနေကြမှာပဲ။ ဒါပေမဲ့ ဒီ အဆင့် ကိုရောက်ဖို့ ဆယ်စုနှစ်များစွာ ကြာနေဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။

ဆက်ရန်.....
ဇင်ဝေသော်


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

တရုတ် (သို့) ရွက်ပုန်းသီး (၂)  

ရွှေခြံရေ.....မတွေ့တာတောင် ကြာပေါ့


စပါး မန်ယူတို့ကတော့ ဥရောပ ပွဲစဉ်တွေ ဘေးဖယ်လိုက်ရင် ပရီးမီးယား လိဂ်မှာ နှစ်သင်းစလုံးက ဒဏ်ရာတွေနဲ့ပါ။
မန်ယူက ကာဒစ်မှာ လက်ထဲကနှစ်မှတ် ရေထဲပြုတ်ကျခဲ့သလို စပါးကလည်း အိမ်ကျယ် မန်စီးတီးရဲ့ ဓားမြှောင်နဲ့ ငါးချက်တိတိ အထိုးခံထားရတယ်။
စပါးနည်းပြရဲ့ ခုံကလည်း ကိုယ်ပူတွေ တက်ပြီးရင်းတက်။ သူရဲနီတွေကို ရုပ် ပျက် ဆင်းပျက်များ ဧည့်ခံလိုက်မိရင် မိုးထားတဲ့ ဓားသွားက နိမ့်ကျလာနိုင် တယ်။
သူများတိုက်စစ်မှူးတွေကမှ ပေါင် ဘယ်နှသန်းမှာ ဘယ်နှဂိုးမို့ တစ်ဂိုး ကို ပေါင် ဘယ်နှသန်းတန်တယ် တွက်နေရပေမဲ့ (ဥပမာ တောရက်စ် လို) စပါးက ဆိုလ်ဒါဒိုတို့က အရှင်းပဲ။ တစ်ဂိုးပဲ ရှူးရသေးတော့ သင်္ချာမလိုဘဲ အဖြေကထွက်နေတယ်။
ဂိုးအများဆုံးရှူးထားတဲ့ သွားကျဲလေးနဲ့ လူပုလေး ဒီဖိုးကိုခေါက်ထားတာက လည်း တွေးစရာပဲ။ ကနေဒါ သွားတော့မလိုလို။

အာရှက ဂျပန်လေး ရှင်ဂျီကို ဆက်သုံးဖို့ မန်ယူပလေးယား အဟောင်းတွေ က မိုယေးကို မီဒီယာကနေ တို့နေချိန် ဆရာကြီး ဗန်ကလည်းကစားနိုင်ပြီလို့ သိရတယ်။
လူငယ်ခြေတက်(အသက် ၄၀??) ရိုင်ယံ ဂစ်ကလည်း စပါးအပေါ်ဆို အပီ တိုက်(ခံတွင်းတွေ့) ဖြစ်လှဆိုပဲ။ စပါးကို အများဆုံးဂိုးရှူးထားတဲ့ မန်ယူ က စားသမားတဲ့။
သူ ဆက်မြူးဖို့ကျတော့ ဇရာက မျက်စောင်း တထိုးထိုးပါ။
ဘယ်သူ ဘာပြောပြော ရင့်ကျက်လာတဲ့ ဝိန်း က ကီးဖြစ်နေဦးမှာပဲ။
ကျားနာချင်းမို့ တွေ့တွေ့ချင်း မာန်စောင်ကြမှာတော့ သေချာတယ်။ ကြည့်ကောင်းမယ်။ သရေလို့တောင် ( စပါးက သေရေးရှင်ရေးမို့ပါ) ပြော ချင်တယ်။
ကွင်းက စပါးဖက်မှာ၊ သမိုင်းက မန်ယူဖက်မှာ။
ဇွတ်အတင်း အရွေးခိုင်းရင်တော့ မန်ယူကို နံကြားထောက်မိမယ်ထင်တယ်။

ဝမ်းသာလို့ပါ ဗျာ


(အိုးလ်ဒ် ဗားရှင်း)

အချိန်တွေ မှန်နိုင်ပါတော့မလား
ကျနော်တို့ ဗမာပြည်မှာ
နာရီတွေက များ..........များ။

(နယူး ဗားရှင်း)

ပေါ်လစီတွေ မှန်နိုင်ပါတော့မလား
ကျနော်တို့ ဗမာပြည်မှာ
ဒေါက်တာတွေက များ...........များ။
(ဝမ်းသာလို့ပါ ဗျာ)

အိမ်နီးချင်း"ထိုင်း"ဆီက အနီနဲ့အဝါ


ထိုင်းနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ရယ်စရာကောင်းသလို စိုးရိမ်စရာ လည်းကောင်းလှပါတယ်။
တစ်ဖွဲ့က(အဝါရောင်အုပ်စု)လက်ရှိအစိုးရကိုဆန္ဒပြတယ်။ နောက်တစ်ဖွဲ့ က (အနီရောင်အုပ်စု၊အုပ်စုပိုတောင့်တယ်) ဆန္ဒပြသူတွေကို ပြန်ပြီးဆန္ဒပြ ကြပြန်တယ်။ အစိုးရကို ထောက်ခံတယ်ပေါ့။
ဒီမိုကရေစီအောက်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ် ဆိုပေမယ့် အဲသလောက်အထိဖြစ်သွားတော့ နိုင်ငံရဲ့ စီပွားရေးနဲ့ လူမှုရေးစတာတွေ ထိခိုက်ပြီး ယန္တယားတစ်ခုလုံး တန့်သွားတယ်။
ဆိုပါတော့ နောက်တစ်စု တက်လာအုံးမယ်။ နှစ်ဖွဲ့လုံးလုပ်နေကြတာတွေကို ကြည့်မရတော့လို့။ ကဲ ဘာဖြစ်သွားမလဲ။

အဖွားကြီးခေါ်တတ်တဲ့အုပ်စုနဲ့ ဘဘပြောင်လို့ခေါ်တတ်တဲ့အုပ်စုတွေ အဲ သလောက်အထိတော့ ဖြစ်မလာလောက်ဘူး မျှော်လင့်ရတာပါပဲ။
(အိုဗားမားကို လူမည်း (တကယ့်လူမည်းပါ၊ မခေါ်သင့်တာကလွဲရင်)လို့ မကောင်းတဲ့ အဓိပ္ပါယ်နဲ့ မခေါ်ကြဘူး၊ လူဖြူနိုင်ငံမှာ လူမည်းသမ္မတဆိုတဲ့ ယဉ်ကျေးတဲ့၊ ဂုဏ်ပြုရာရောက်တဲ့ အဓိပ္ပါယ်နဲ့တော့ သုံးကြပါတယ်။)
အွန်လိုင်းတိုက်ပွဲကနေ လမ်းပေါ်ရောက်မလာကြပါစေနဲ့ လို့သာဆုတောင်း မိတော့ရဲ့။
တကယ်တော့လည်း Emotion (ခံစားမှု) သိပ်မြင့်နေရင် Intellect(သုံးသပ် ဆင်ခြင်မှုပညာ) ကအလိုလို နောက်ဆုတ်သွားတာပြီး Intellectual က ဦးစီးသွားရင်လည်း Emotion ကိုထိမ်းလို့သိမ်းလို့ ရသွားတာပါပဲ။ Intellect က ရှေ့ကသွားမှလည်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီက ရင့်ကျက်၊ ယဉ်ကျေး လာတာဖြစ်ပါတယ်။ နို့မို့တော့ ဆဲသံဆိုသံတွေနဲ့ ဒီမိုကရေစီပဲ ဖြစ်နေမှာပါ။
ထိုင်းမှာတော့ အနီနဲ့အဝါ တဲ့။

ဒါကို မကျေနပ်လို့ ကွန်မင့်တက်လာရင်တောင် ကိုယ့်ကိုယ်ကို တတိယ အုပ်စုမဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်။

ရောင်းအားကောင်းစာအုပ်


ကြည်ညိုဖွယ် မင်းကွန်းဆရာတော်ကြီး


မန္တလေးမှာ ဒကာတစ်ယောက်က ဆွမ်းလောင်းနေရင်း ကိုရင်လေးကို အားပေးစကားများ လျှောက်ထားနေသည်။
"ကိုရင်လေး ကြီးလာရင် မင်းကွန်းဆရာတော်ကြီးလို ဖြစ်အောင် အခုက တည်း စာတွေ ကြိုးစားပြီး လိုက်ထားဘုရား၊ မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာပဲ "
"ဟုတ်တယ် ဒကာကြီး မင်းကွန်းဆရာတော်ကြီးကကြည်ညိုဖို့သိပ် ကောင်း တာ"
"ကိုရင်က မင်းကွန်းဆရာတော်ကြီး အတ္ထုပ္ပတ္တိကို သိသလား၊ ဘာဖြစ်လို့ ကြည်ညိုဖို့ သိပ် ကောင်းတာပဲ လို့ ပြောတာလဲ ဘုရား "
"မင်းကွန်းဆရာတော်ကြီးက ကိုရင်လေးတွေ ဘောလုံးပွဲ ကြည့်ချင်ရင် ကြည့်ပါစေ။ ဘုန်းကြီးတို့ အရွယ်ရောက်ရင် သူတို့ မကြည့်တော့ပါဘူး တဲ့။ ဆရာတော်ကြီး ကြောင့် ကိုရင်တို့ အခု ဘောလုံးပွဲ ကြည့်နေရတာပါ "
လို့ မိန့်ရင်း သပိတ်ကိုပိုက် ကြွသွားလေတော့သည်။

ယင်းဒကာကား အော် ကိုရင်လေး မင်းကွန်းဆရာတော်ကြီးကို ကြည်ညိုတာ က သူ့ အကြောင်း နဲ့ သူပေကိုးဟုသာ မှတ်ချက်ချလိုက်ရလေတော့သည်။
(ဒီကောင်တွေ မလာခင် အဟောင်းလေး ပြန်တင်လိုက်သည်)

ရတနာမြေပုံ (ကမ္ဘာ့အတော်ဆုံး ကလေးများ)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By amanda ripley

ရတနာမြေပုံ

ဒီအခန်းမှာတော့ ကျနော်တို့ကလေးတွေနဲ့ အခု အလှမ်းဝေးနေသေးပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကျနော်တို့ ကလေးတွေဝင်ရောက် အားစမ်း လာနိုင်စရာရှိတဲ့ (မျှော်လင့်ချက် များစွာ) ပီစာ (PISA- Program for International Student Assessment) စာမေးပွဲအကြောင်းနဲ့ ပီစာရဲ့ လေ ယာဉ်မှူး အွန်ဒရီ ရှလေချာအကြောင်းကို လေ့လာရမှာပါ။
သင်္ချာတွေ သိပ္ပံေ တွအပြင် ဒါတွေနဲ့ဆက်စပ်ပြီး ပြဿနာ အဖြေရှာဖွေနည်း ကိုပါ စစ်ဆေးနိုင်လို့ တစ်ချိန်က နှာခေါင်းရှုံ့ခဲ့သူတွေဆီကတောင် လက်ခုပ် သံ တဖြောင်းဖြောင်းရနေတဲ့ ပီစာနဲ့ ချက်ပြုတ်စီမံပေးသူ အွန်ဒရီ ရှလေချာ ကို နောက်ယောင်ခံ လိုက်ကြည့်ကြရအောင်။

ရတနာမြေပုံ (the treasure map)

အွန်ဒရီး ရှလေချာ (Andreas Schleicher) ဟာ စာသင်ခန်းရဲ့နောက်ပိုင်းမှာ တစုံတရာကို စူးစူး စိုက်စိုက် စဉ်းစားနေရင်း ငြိမ်သက်စွာ ထိုင်နေတယ်။ သူ အမှန်တကယ်တက်လိုစိတ်မရှိလှတဲ့ စာသင်ခန်း တွေကို တက်နေရင်း ဒီစာသင်ခန်းတွေအကြောင်း အဲသလို မကြာမကြာ တွေးနေမိတတ်တယ်။ ဒီ့ထက်ပို ပြောရရင် သူဟာ ဂျာမနီရဲ့ ထိပ်သီးတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟန်းဘတ်တက္ကသိုလ် (University of Hamburg) မှာ ရူပဗေဒ ဘာသာရပ် ကို သင်ယူနေစဉ်ကပါ။ သူအားနေတဲ့ အချိန်တွေမှာ အများတကာတွေ တီဗွီကြည့်နေသလို သူဟာ သူ့သင်ခန်းစာတွေကို စိတ်ကူးနဲ့ ပုံစံတွေ အမျိုး မျိုးဆွဲကြည့်နေတတ်တယ်။
သူ့ကလပ်ကိုတော့ သူ့ကိုယ်သူ ပညာရေးသိပ္ပံပညာရှင်လို့ (educational scientist) ခေါ်တဲ့ သောမတ် နဗီးလ် ပို့စ်စလေးဝိုက် (Postlewaite) က သင် ကြားပေးပါတယ်။ ဒီခေါင်းစဉ်ကို ရှလေချာက စိတ်ဝင်စားနေမိတယ်။ သူ့ရဲ့ ဖခင် ကလည်း ပညာရေးတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်ပါ။ သူ့ဖခင် အမြဲတမ်း ပြောလေ့ပြောထ ရှိတာက ပညာရေးဆိုတာ အခြား ယောဂ ကျင့် စဉ် ပညာရပ်တွေလို ဘာနဲ့မှ တိုင်းတာသတ်မှတ်လို့ မရတဲ့ ရှုပ်ထွေးတဲ့ အနု ပညာရပ်တစ်ခုသာဖြစ်တယ် ဆိုတာပါပဲ။
သူ့ဖခင်ရဲ့ စကားတွေကို နားထောင်ရင်း ရှလေချာ ပြောနိုင်တာကတော့ ပညာရေးဆိုတာ သိပ္ပံနည်းကျ တိုင်းတာလို့မရဘူး။ ဒါကြောင့်လည်း သူဟာ ရူပဗေဒ ပညာရပ်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံးနာမည်ဖြစ်တဲ့ Schleicher ကို ကောင်းကောင်း အ သံ မထွက်တတ်တဲ့ ဗြိတိသျှ ပညာရှင် ပို့စ်စလေးဝိတ် (Postlewaite) ကတော့ ဒီလိုမထင်ခဲ့ဘူး။ ပို့စ်စလေးဝိတ်က သိမ်မွေ့တဲ့ ဘာသာရပ် တစ်ခုခု ကို ခက်ခဲတဲ့နည်းနဲ့ စူးစမ်းကြည့်လိုတဲ့ သုတေသနအဖွဲ့ဝင်ထဲက တစ်ေ ယာက် ဖြစ်နေခဲ့တယ်။ သူတို့ နည်းလမ်းသာ ရှာဖွေတွေ့ရှိမယ်ဆိုရင် ပညာရေးဆိုတာလည်း ရူပဗေဒဘာသာရပ်လို သိပ္ပံဆန်ဆန် ချဉ်းကပ် ကြည့်နိုင်မယ်လို့ ယုံကြည်ထားတယ်။
ရှလေချာဟာ ပညာရေးနဲ့ပတ်သက်တဲ့ အချက်အလက်၊ ဥပမာပုံစံတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ငြင်းခုံမှု တွေကို ဂရုတစိုက် နားထောင်နေတတ်ပြီး အပြာရောင်ခပ်မွဲမွဲ မျက်လုံးအစုံဟာ စူးစူးစိုက်စိုက် ရှိလွန်းလှတယ်။ သူ့ ဖခင် ကတော့ ဒါတွေကို သဘောတူမှာမဟုတ်ဘူး ဆိုတာကိုလည်း သူက ကြိုတင် သိနေတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တကယ်လို့များ တစ်ယောက်ေ ယာက်က ကမ္ဘာမှာရှိရှိသမျှ ကလေးတွေရဲ့ ပညာရေးတွေကို ဘယ်လိုလူမျိုး က၊ ဘယ်လိုဆင်းရဲမွဲတေမှုက ပညာရေးမှာ ဘယ်လိုသက်ရောက်မှုရှိတယ် ဆိုတာကို နှိုင်းယှဉ် ဝေဖန်ပြနိုင်ရင် ဘယ်လိုတွေဖြစ်လာနိုင်မလဲ ဆိုတာကို ပဲ တွေးတောနေမိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် သတိ မထားလိုက်မိဘဲ လက်ညှိုးထောင်မိပြီး သူကိုယ်တိုင် ပညာရေးဆွေးနွေးပွဲထဲ ပါဝင်မိလျက် သား ဖြစ်သွား ပါတော့တယ်။

သူ့အတွေ့အကြုံအရ ဂျာမန်ပညာရေးနယ်ပယ်က ပညာရှင်တွေ ထင်မှတ် ထားသလို ဂျာမဏီရဲ့ ပညာရေးဟာ သိပ်ကောင်းလှတယ် မဟုတ်ဘူးလို့ လက်ခံထားတယ်။ သူငယ်စဉ်ဘ၀က သူ့ရဲ့သင်ခန်းစာဟာ အလွန် ပျင်းရိ ဖွယ်ကောင်းပြီး သူ့ရမှတ်တွေကလည်း သာမန်မျှသာပါပဲ။ ဒါပေမဲ့ ဆယ်ေ ကျာ်သက်အရွယ် ရောက်လာတဲ့အခါမှာတော့ ဆရာတွေရဲ့ သူ့ စိတ်ဝင်စား မှုကို အားပေးချီးမြှေုာက်မှုကြောင့် သိပ္ပံနဲ့သင်္ချာ ပညာရပ်တွေမှာ တော်လာခဲ့ တယ်။ သူ့ရမှတ်တွေလည်း တိုးတက်လာခဲ့တယ်။ အထက်တန်းကျောင်းေ ရာက်တော့ အမျိုးသားသိပ္ပံဆုကို ရရှိခဲ့တယ်။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် အ ထက်တန်းတက္ကသိုလ်ကြီး တစ်ခုခု ကိုတက်၊ လစာကောင်းကောင်းရနိုင်တဲ့ အလုပ်တစ်ခုကိုရဖို့ အာမခံချက်တစ်ခု ရလိုက်တာပါပဲ။ သူကိုယ်တိုင် ပို့စ် စလေး (သ်)၀ိတ်ရဲ့ စာသင်ခန်းထဲ မ၀င်မိခင်အထိ သူ့ရည်ရွယ်ချက်ကလည်း ဒါပါပဲ။

စာသင်ချိန်ပြီးဆုံးတော့ ပါမောက္ခ(ပို့စ်စလေး(သ်)၀ိတ်) က အခန်းထဲမှာ နေ ရစ်ခဲ့ဖို့ သူ့ကိုပြောတယ်။ ပါမောက္ခကြီးက ပိန်ညှော်ညှော်နဲ့ လေသံတိုးတိုး စကားပြောတတ်တဲ့ ဒီလူငယ်လေးဟာ အခြားကျောင်းသား တွေနဲ့မတူ တမူ ကွဲပြားနေတယ်ဆိုတာ သိထားသလိုပါပဲ။
“ဒီ သုတေသနထဲမှာ ပါဝင်ပြီး မင်း ငါ့ကို ကူညီနိုင်မလား”
“ပညာရေးနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှ မသိဘူး” ရှလေချာက ပြန်ပြော တယ်။
“အိုး၊ ဒါက အရေးမကြီးပါဘူး” ပါမောက္ခက အပြုံးနဲ့ စကားပြန်တယ်။

အဲဒီနောက်မှာတော့ ဒီလူနှစ်ယောက်ဟာ ပညာရေးဆိုင်ရာ အချက်အ လက်တွေကို ညှိုနှိုင်းပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ စာဖတ် အရည် အ ချင်းစစ် စာမေးပွဲ (Reading Test) ကို မွေးဖွားပေး လိုက်နိုင် ခဲ့ပါတယ်။ ဒီစာမေးပွဲဟာ ကနဦးစစ်တမ်းတစ်ခုဖြစ်ပြီး ပညာရေးနယ်ပယ်ရှိ ပညာရှင်ေ တွက သဘောလည်း မတူ အသိအမှတ်လည်း မပြုခဲ့ကြပါဘူး။ ဒီအထဲမှာ ရှလေချာရဲ့ဖခင် ပါဝင်နေတာလည်း အမှန်ပဲပေါ့။ ဒါပေမဲ့ ရူပဗေဒပညာရှင် ဒီလူငယ်လေးဟာ အချက်အလက်တွေကို ယုံကြည်သူဖြစ်ပြီး ဒီအချက် အ လက်တွေနောက်ပဲ ခြေရာခံလိုက်နေတော့တယ်။

အသိပညာ အညွှန်းပြ မြေပုံကားချပ်

သက္ကရာဇ် ၂၀၀၀၊ နွေဦးမှာတော့ (၄၃) နိုင်ငံက ဆယ်ကျော်သက် ကျောင်း သားလေးတွေဟာ သမား ရိုးကျမဆန်လှတဲ့ ထူးထူးဆန်းဆန်း ဒီစာမေးပွဲကို ၀င်ရောက်ဖြေဆိုကြပါတော့တယ်။ ထူးထူးဆန်းဆန်း ဒီစာမေးပွဲ ကိုတော့ ပီစာ (PISA) စာမေးပွဲလို့ ခေါ်ပါတယ်။ သူ့အဓိပ္ပယ်ကတော့ Program for International Student Assessment ပါပဲ။ သမားရိုးကျ စာမေးပွဲတွေက ကိုယ်ဝယ်လိုတဲ့ ပစ္စည်းကိုဝယ်ယူဖို့ အကြွေဘယ်နှစေ့ ပေါင်းရမလဲ လို့ မေး ချိန်မှာ ပီစာ စာမေးပွဲကတော့ ဒီအကြွတွေရဖို့ ဘယ်လို ဒီဇိုင်းထွင်ယူမလဲ ဆို တဲ့အဖြေ စာရွက်ထဲမှာ ကြိုးစားခိုင်းထားတဲ့ စာမေးပွဲမျိုးပါ။

ဒီ ပီစာ စာမေးပွဲ ဖွံ့ဖြိုးတိုးတက်လာတာက ဖွံ့ဖြိုးပြီးကမ္ဘာအတွက် Think Tink အုပ်စုရဲ့ မွေးဖွားပေး လိုက်မှုကြောင့်ပါ။ ဒါကိုတော့ (OEDC) Organization for Economic Co-operation and Development လို့ ခေါ် ပါတယ်။ ဒီအဖွဲ့ရဲ့ အဓိက မဏ္ဍိုင်ကတော့ အွန်ဒရီ ရှလေချာ ပါပဲ။ ရှလေချာ ကိုယ်တိုင် ဒီအစီအစဉ်တွေ အထမြောက်လာဖို့ မစ္စတာ ပို့စ်စလေး(သ်)၀ိတ် ရဲ့ ကလပ်ကနေ ထွက်ခွာခဲ့အပြီး ဆယ်ဆုနှစ်တစ်ခုကျော် အချိန် ယူခဲ့ရပါ တယ်။ အစမ်းစာမေးပွဲများစွာကို ကြိုးစားစမ်းသပ်ကြည့်ခဲ့ပေမဲ့ တော်တော် များများကတော့ ရှုပ်ထွေးပြီး အလုပ်မဖြစ်လှပါဘူး။ ဒီအတွေ့အကြုံကနေ ယုံကြည်မှုတစ်ခု ခိုင်ခိုင်မာမာ ရလိုက်တာကတော့ ကမ္ဘာမှာ လက်ရှိ စာမေး ပွဲတွေထက် ပညာပါတဲ့ စာမေးပွဲတစ်ခု လိုအပ်နေပြီဆိုတာ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ခေတ်သစ်ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ နှိုက်နှိုက် ချွတ် ချွတ် တွေးခေါ်နည်းနဲ့ အချင်းချင်း ကူးလူးဆက်ဆံ ရေး အတတ်ပညာတွေကို စစ်ဆေးပေးနိုင်တဲ့ စာမေးပွဲမျိုး ဖြစ်နေရမယ်။
ပီစာ စာမေးပွဲမတိုင်မီ အခြားနိုင်ငံတကာ စာမေးပွဲတွေ ပေါ်ပေါက်ခဲ့ဖူး ပါ တယ်။ ဒါပေမဲ့ သိပ်ပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီစာမေးပွဲတွေ စစ်ဆေးတာက ကလေးတစ်ယောက်ဟာ ဘယ်လောက်ခေါင်းထဲမှာ မှတ်မိ နေသလဲ၊ ဆရာေ တွက စာသင်ခန်းထဲမှာ ကလေးရဲ့ခေါင်းထဲ ဘယ်လောက် ရိုက်သွင်းပေးနိုင် သလဲ ဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲတွေ ဖြစ်နေလို့ပါ။ ဒီစာမေးပွဲတွေက ကလေးတစ်ယောက်ဟာ ကျာင်းသား ဘဝအတွက် ဘယ်လောက်ပြင် ဆင် ထားသလဲ ဆိုတာကိုသာ ပြောပြနိုင်ပြီး သူ့ရဲ့လက်တွေ့ ဘ၀ အတွက် ဘယ်လောက်ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ ပြောမပြနိုင်ပါဘူး။

ဘယ်စာမေးပွဲကမှ ဆယ်ကျော်သက် ကျောင်းသားတစ်ယောက်ရဲ့ သင်္ချာ၊ စာဖတ်ခြင်းနဲ့ သိပ္ပံပညာတို့ကို အခြေခံပြီး စစ်စစ်ပေါက် ပေါက် စူးစမ်း တွေးေ ခ်ါခြင်း၊ ပြဿနာရဲ့အဖြေ ရှာဖွေခြင်း ကို တိုင်းတာမပြနိုင်ခဲ့ပါဘူး။
ဒီ ပီစာ စာမေးပွဲ အာမခံ ထားတာက ဘယ်နိုင်ငံရဲ့ပညာရေးက ကလေးတွေ ကို သူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်ဖို့ ပညာသင်ပေး သလဲ ဆိုတာ ဖော် ထုတ်ပြသနိုင်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဆက်ရန်

တရုတ် ပြေး ကင်း


တကယ်တော့ ပြေး ဆိုတာကြီးကို မကြိုက်ဘူး။
သမိုင်းမှာ တရုတ် ပြေး ကင်း ဆိုတာကြီး ရှိဖူးတယ်။
အခု ကြပ်ပြေးတဲ့ လုပ်ကြပြန်ပြီ။ တရုတ်ကလည်း မဝေးလှဘူး။
ဆရာ ရီနေနိုင်ကတော့ နာမည်တွေ လျှောက်ပြောင်းတာကို သဘောတွေ့ပုံ မရဘူး။
ဘယ်လိုပြောင်းပြောင်း မင်းခွေးချေးက တရုတ် ပြေး ကင်းဖြစ်သွားလို့။
(ကျမ်းညွှန်း။ ရီနေနိုင်၊ အချွန်အတက်နဲ့နောက်တာ လွယ်မှတ်လို့)

အီးမေးထဲက မေးခွန်းတစ်ပုဒ်


ကာချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့ ရဲ့ ချွေးမဖြစ်သူဟာ မကြာသေးမီရက်ပိုင်းများလောက်က ခလေးမွေးဖွားဖို့ အတွက် ကြပ်ပြေးေ နပြည်တော်ရှိ တပ်မတော်စစ်ဆေးရုံကို တက်ရောက်ဖို့ လာခဲ့ပါတယ်တဲ့။
ကာချုပ်ကြီးရဲ့ ချွေးမ ဆေးရုံရောက်လာမယ်ဆိုတဲ့အချိန်မတိုင်ခင် နာရီ အတော် ကြာကြာစော၍ ဆေးရုံအုပ်ကြီးမှအစဆေးရုံတခုလုံးရှိ ဆရာဝန် များ၊ သူနာပြုများနှင့်အခြားရှိရှိသမျှ ဆေးရုံအမှုထမ်းများအားလုံးသည် ကာချုပ်ကြီးရဲ့ချွေးမကို ကြိုဆိုဖို့ အတွက် ဆေးရုံဝင်ပေါက်အ၀ကနေ စတင်န်းဘိုင် စောင့်နေကြရပါတယ်တဲ့။ ဆေးရုံတခုလုံး အပ်ကျသံကြားရ
လောက်အောင် တိတ်ဆိပ်ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

မိတ်ဆွေဖြစ်သူရဲ့ သားချင်းလည်း အဲဒီအချိန်မှာဆေးရုံတက်နေတယ်လို့ ဆို ပါတယ်။ သူကစိုးရိမ်မိတဲ့အချက်က အဲဒီ အချိန်မှာဆေးရုံတက်နေတဲ့အတွင်း လူနာတဦးတယောက်အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့ရင် ခေါ်ရမယ့်ဆရာ ၀န် သို့ မဟုတ် သူနာပြုဆရာမ တဦးတလေမှ ခေါ်လို့ ရနိုင်မယ့်အနေအထား မျိုး မရှိတဲ့အတွက်အရေးပေါ်ကုသရမယ့် လူနာရဲ့အသက်ကိုတွေးပူစိုးရိမ်မိ တယ်လို့ ဆိုပါတယ်။ အဲဒါကိုဘဲတွေးပူပြီး စိတ်ပင်ပန်းမှု ဖြစ်ခဲ့ရပါတယ်တဲ့။
...........................................................................................
..........................................................................................
...........................................................................................
...........................................................................................
နောက်တခုအတွေးပေါ်လာတာက . . . . . .
မြန်မာပြည်သူပြည်သားတွေထဲက ( အများစုကိုတော့မဆိုလိုပါ ) တချို့ သော လူနည်းစုမှာ ရှိနေတဲ့စိတ်ဓါတ်ဘဲ ဖြစ်ပါတယ်။ အထက်ဖါးအောက်ဖိ ကျွန် စိတ်ဓါတ်ရှိတဲ့လူတွေရှိပါတယ်။ မိမိနေရာရဖို့ ၊ မိသားစုကောင်းစားဖို့ အတွက် မျက်နှာလိုမျက်နှာရ၊ သခင်အားရကျွန်ပါးဝ စိတ်ဓါတ်ရှိတဲ့လူတွေ မဆလ အာဏာရှင်စံနစ်နဲ့  န၀တ/နအဖစစ်အာဏာရှင်လက်ထက်မှာ အရေအတွက်
တိုးပွားများပြားလာပါတယ်။ အဲဒီလူတွေအထဲက ပိုမိုပါးနပ် ကွက်ကျော်မြင် တဲ့လူတွေ၊ လက်ရဲဇက်ရဲလုပ်ကိုင်ရဲတဲ့ လူတွေဟာမြန်မာပြည်မှာမပေါ်ပေါက် ဘူးသေးတဲ့ ခရိုနီဆိုတဲ့လူတန်းစားတရပ်အဖြစ်ပေါ်ထွက်လာပါတယ်။

အစိုးရ၀န်ထမ်းလောကမှာလည်း သခင်အားရကျွန်ပါးဝစိတ်ဓါတ်ရှိတဲ့ လူတွေ အရေအတွက်ပိုများလာပြီး အဲဒီဝန်ထမ်းတွေက မျက်နှာလိုမျက်နှာရနဲ့ စစ် ဗိုလ်တွေရဲ့ ဘိနပ်ကိုင်ပေးသူတွေ၊ အထုပ်ဆွဲပေး သူတွေ၊ ဇနီးမယားနဲ့  မိန်း မတွေက အိမ်နောက်ဖေးပေါက်က၀င်ပြီး ထမီလျှော်ပေး၊ အိမ်သာဆေးပေး စ တာတွေလုပ်ကိုင်ပေးလာကြတော့ စစ်ဗိုလ်တွေလည်း အရပ်သားလောကမှာ ပိုမိုကျေနပ်သာယာမှုတွေရှိလာပြီး၊ ရာထူးအရှိန်နဲ့ တွေ့ သမျှ ၀န်ထမ်း ကို လက်ရဲဇက်ရဲခိုင်းစေလာပါတယ်။ လက်တဆုပ်စာအကျင့်ပျက် ၀န်ထမ်းေ တွကြောင့် မလုပ်ချင် မကိုင်ချင်တဲ့ဝန်ထမ်းများမှာလည်း မိသားစုဝမ်းရေး အတွက် ရှိတဲ့အလုပ်လေးမပြုတ်အောင် မချစ်သော်လည်း အောင့်ကာ နမ်း ရတဲ့ ဘ၀ပေးအခြေအနေရောက်ရပါတယ်။ အဲဒီအကျင့်ပျက် ၀န်ထမ်းေ တွကြောင့် ၀န်ထမ်းလောကပျက်စီးပြီး စစ်ဗိုလ်တွေမှာလည်းအာဏာရှင် ဆန် တဲ့စိတ်ဓါတ်တွေ ပိုမိုတိုးပွားလာလေသလားလို့ အတွေးဝင်လာပါတယ်။

အသင်စာဖတ်သူများကော ဘယ်လိုအတွေး ဘယ်လိုခံစားမှုများရှိကြပါသလဲ . . . . . . . . . ?
(နှင်းလူ)

တရုတ် (သို့) ရွက်ပုန်းသီး (၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
အခန်း (၂)


"တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ် လာအောင် ကြိုးစားလိမ့်မယ်။
နောက်တစ်ချက်ကတော့ သူတို့မှာရှိတဲ့ အင်အားကို ထုတ်ပြရင်း သူတစ်ပါး ကို ခြိမ်းခြောက်လိမ့်မယ်။" (လီကွမ်းယု)


၁၉၉၂ - ခုနှစ်မှာတော့ နာမည်ကြီး တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်တဲ့ ဂွမ်ေ ဒါင်းပြည်နယ်ကို တံခါးဖွင့် စီးပွားရေး ပေါ်လစီ စတင်ကျင့်သုံးဖို့ တိုက်တွန်း ရင်း နဲ့ ခေါင်းဆောင်ပိုင်းကိုလည်း အားပေးစကား ပြောဖို့ စည်းရုံးရေးခရီး တိန့်ရှောင်ဖိန် ထွက်ခဲ့တယ်။ အဲဒီမှာ
“ကမ္ဘာကနေ လေ့လာသင်ယူကြ၊ အထူးသဖြင့် စင်္ကာပူဆီကနေ သင်ခန်း စာတွေ ယူကြ၊ သူတို့ထက်သာအောင် လုပ်ရမယ်” လို့ ပြောထားခဲ့တယ်။
အော် … သူ ငါပြောလိုက်တာကို မမေ့သေးပါလားလို့ ကျွန်တော် ပြန်ပြော မိတယ်။ တကယ်တော့လည်း သူတို့ဟာ ကျွန်တော်တို့ ထက် သာတာ အမှန်ပါ။



စင်္ကာပူရောက်စဉ် တိန့်ရှောင်ဖိန် တွေ့မြင်သွားရတာက နိုင်ငံခြားရင်းနှီးမြှပ်နှံ မှုတွေလုပ်၊ စနစ်တကျ စီမံခန့်ခွဲမှု နည်းပညာတွေ တိုးတက်လာအောင် လုပ် ယူပြီး ဘာမှ သယံဇာတ မရှိတဲ့ နိုင်ငံပေါက်စလေးက သူ့နိုင်ငံသားတွေကို ဒီလို ချမ်းချမ်းသာသာနဲ့ ထားပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ သူတို့လည်း စီး ပွားရေး တံခါးဖွင့်ရတော့မယ်ဆိုတဲ့ အမြင်ကို ယူသွားပြီး သူ့လူတွေကို စည်း ရုံးဖို့ တရုတ်ပြည်ကို သူ ပြန်သွားခဲ့တာပါ။ ဒီအချိန်ဟာ တရုတ်ပြည်သမိုင်း အ တွက် အထင်ကရ အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့တယ်။ အဲဒီနောက် တရုတ်ပြည်ဟာ နောက်ကြောင်း ပြန်မလှည့်တော့ပါဘူး။

တရုတ်ပြည်ရဲ့ ပြောင်းလဲမှုကို ကျွန်တော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်။ အခြေမခိုင်တဲ့ ခပ်ညံ့ ညံ့ မြို့ပြတွေကနေ အမြန်ရထားတွေနဲ့ ပြေးဆွဲနေတဲ့ ခေတ်မှီမြို့တော် ကြီးတွေ ဖြစ်လာခဲ့တယ်။ ဒါလီယံ (Dalian)၊ ရှန်ဟိုင်း၊ ဘေဂျင်း၊ ဂွမ်ဒေါင်း၊ ရှင်ကျန့် မြို့တော်တွေကို သွားကြည့်ပါ။ ဒီမြို့တွေဟာ တစ်ကမ္ဘာလုံးမှာ ရှိ တဲ့ ဟောင်ကောင်စတဲ့ မြို့တော်တွေနဲ့ ရင်ဘောင်တန်း နေနိုင်ပါပြီ။ တရုတ် လူမျိုးတွေဟာ ဆောက်လုပ်ရေးမှာ တော်ပါတယ်။ လက်သမားကောင်းတွေ ရှိတယ်။ ဒီလို ဖြစ်လျက်နဲ့ ဒီအခြေအနေ ရောက်လာအောင် ဘာ့ကြောင့်များ ဒီလောက် ကြာခဲ့ရတယ်ဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ မရနိုင်အောင် ပါပဲ။

တရုတ်ပြည်ရဲ့ အောင်မြင်မှုလမ်းကြောင်းနဲ့ ပတ်သက်လို့ ချီးကျူးစရာ အေ ကာင်းဆုံး ပုဂ္ဂိုလ်ဟာ တိန့်ရှောင်ဖိန်ပါပဲ။ သူ စီးပွားရေး တံခါးဖွင့်တော့ မယ်ဆိုတော့ ရှေးရိုးစွဲ ဗိုလ်ချုပ်ကြီးတွေက သဘောမတူကြပါဘူး။ ဒါပေမဲ့ သူက စိတ်ဓာတ် တော်တော်ခိုင်မာတဲ့လူပါ။ သဘောမတူသူတွေကို ဘေး ဖယ်ထားခဲ့ပြီး သူ့လမ်းကြောင်းကို သူ ဆက်ခဲ့တာပါ။ သူသာ မရှိဘူးဆိုရင် တရုတ်ပြည်ရဲ့ အပြောင်းအလဲလည်း ဖြစ်လာနိုင်စရာ သိပ်မရှိဘူး။ အကြောင်းကတော့ သံသယ ရှိနေသူတွေရဲ့ သံသယကို ကျော်ဖြတ်နိုင်တဲ့ သမိုင်းနောက်ခံဟာ သူတစ်ယောက်ထဲမှာပဲ ရှိနေလို့ပါ။ သူ့ရဲ့ ကိုယ်လုံးကိုယ် ထည်က သေးငယ်သလောက် ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ ကမ္ဘာ့ခေါင်းဆော င်တွေထဲမှာတော့ အထင်ကြီး လေးစားစရာ အကောင်းဆုံး ပုဂ္ဂိုလ်ဟာ တိန့်ရှောင်ဖိန်ပါပဲ။

ကျန်ဇီမင်းကတော့ ဆက်ခံသူအဖြစ်တိန့်ရှောင်ဖိန်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ပါ။ ၁၉၈၉ - ခု တီယန်မင်ရင်ပြင် အရေးအခင်းဖြစ်တော့ သူက ရှန်ဟိုင်းမှာ အကြီးအကဲပါ။ ရှိန်ဟိုင်းမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကို ကျန်က ကောင်းေ ကာင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန် ချမှတ်ထားခဲ့တဲ့ ခေတ်သစ် တရုတ်ပြည်ရဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပန်းတိုင်တစ်ခု သူ့ မှာ ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ ပတ်သက်လို့ မှတ်မိနေတာ ကတော့ ကျန်ဟာ နွေးထွေးပြီး ဖော်ရွေတဲ့ လူတစ်ယောက်ဆိုတာပါ။ နာမည်ကျော် ‘O Sole Mio’ ဆိုတဲ့ အီတလီသီချင်းသံကြားတော့ သူပါ ဝင်ကနေပါတယ်။ ပြီးတော့မှ ကျွန်တော့်လက်ကို ဆွဲကိုင်ပြီး “အမေရိကန်တွေက ကျွန်တော်တို့ကို ဘယ်လို အသုံးချမယ် ထင်သလဲ” လို့ မေးပါတယ်။ အဲသလို မေးတာက သူတို့နဲ့ အမေရိကန်တွေရဲ့ ဆက် ဆံရေး မရင်းနှီးခင်ကပေါ့။ အခုဆိုရင် ဒီစကားမျိုး ကျွန်တော့်ကို လာမေးနေ စရာ မလိုတော့ပါဘူး။

ကျွန်တော်ကတော့ ဟူကျင်တောင်ကို အားသစ်လောင်းသူ တစ်ယောက် အနေနဲ့ မြင်မိပါတယ်။ သူ့အုပ်ချုပ်မှုအောက်မှာ တစ်ခုစ နှစ်ခုစ အရေးကြီးတဲ့ အပြောင်းအလဲလောက်ပဲ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်သွားနိုင်တာဟာလည်း သူ့အတွက် မသေးမွှားလှပါဘူး။ အဲဒီအချိန်မှာ တရုတ်ပြည်ဟာ ကျေးလက်နဲ့ မြို့ပြ လူတန်းစား ကွာဟမှု ပြဿနာက အကြီးအကျယ် စိန်ခေါ်နေတဲ့ကာလပါ။ သူဟာ စကားနည်းပြီး သုံးသပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူက ထင်ထင်ပေါ်ပေါ် မနေ တတ်ဘူး။ မှတ်ဥာဏ် သိပ်ကောင်းပြီး အရာအားလုံးကို စေ့စေ့စပ် စပ် တွေးခေါ်တတ်သူလည်း ဖြစ်တယ်။ သူ အာဏာရပြီးပြီးချင်း ဆားရောဂါ ဖြစ် ပွားတော့ အမှားတစ်ခု သူ လုပ်ခဲ့တယ်။ ဒီပြဿနာက စီးပွားရေးအထိ လာ ထိခိုက်မှန်း သိတော့မှ ဒီကိစ္စကို ကြပ်ကြပ်မက်မက် ကိုင်တွယ်တော့တာ။ အဲဒီအထဲမှာ မကြုံစဖူး ကျန်းမာရေးဝန်ကြီးနဲ့ ပီကင်းမြို့တော်ဝန်ကို အလုပ်ဖြုတ်ပစ်လိုက်တာ ပါဝင်တယ်။ ဒီအချက်ဟာ ဟူကျင်တောင်နဲ့ သူ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ရဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ညွှန်ပြလိုက် တာပါပဲ။ ဒါတွေ အားလုံးထဲမှာ ဟူနဲ့ ပတ်သက်လို့ ပြောစမှတ် တွင်ခဲ့တာ ကတော့ တိဗက်အရေးအခင်းမှာပါပဲ။ ဒီလူဟာ သံမဏိလို မာတဲ့လူသားပါ။

သူ အာဏာတည်မြဲနေစဉ် ဆယ်စုနှစ်ကာလထဲမှာ ဘယ်မူကို ရှီကျင့်ဖျင် (ရှီကျင့်ပင်း) လက်ကိုင်ကျင့်သုံးပြီး သူ့သိက္ခာအတွက် ဘာတွေ လုပ်သွား မယ်ဆိုတာကတော့ ခန့်မှန်းဖို့ ခက်ပါတယ်။ တရုတ်ခေါင်းဆောင်တိုင်းဟာ သူတို့ အနာဂတ်စီမံကိန်းကို ဘယ်တော့မှ ကြိုတင် မပြောတတ်ကြပါဘူး။ သူတို့က ရွက်ပုန်းသီးဘဝကို သဘောကျကြတယ်။ လက်ရှိအချိန်မှာ တရုတ်ပြည်ရဲ့ ပြည်တွင်းရေး ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အရေးကြီးလှပါ တယ်။ ဒီပြဿနာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်ဖို့ပဲ သူ အာရုံစိုက် ထားမယ့်သဘော ရှိပါတယ်။ သူ့အပေါ် ကျရောက်လာမယ့် နိုင်ငံတကာ မှာ ဖြစ်ပျက်နေတာတွေကိုလည်း အများကြီး သူ အာရုံစိုက်ထားရပါလိမ့်မယ်။ တိုးတက်လာတယ်ဆိုပေမဲ့ မျှော်လင့်ထားသလို တိုးတက်လာတာမျိုး မဟုတ် ဘူးဆိုရင် အရင်ချမှတ်ခဲ့တဲ့ မူဝါဒတချို့ကလည်း ကမောက်ကမ ဖြစ်သွားနိုင် ပါသေးတယ်။ ဒါပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ ကိုင်တွယ်ဖြေရှင်း သွားနိုင် မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ သူ့ရဲ့ စစ်တပ်တွင်း ထောက်ခံမှုက လည်း အားသစ်တစ်ရပ် ဖြစ်နေနိုင်ပါတယ်။

သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း ကမ္ဘာက အနီးကပ် စောင့်ကြည့်နေလိမ့် မယ်။ အနောက်မှာပဲ ဖြစ်ဖြစ်၊ အာရှတိုက်မှာပဲဖြစ်ဖြစ် ရုတ်တရက်ကြီး တိုး တက်လာတဲ့ တရုတ်စီးပွားရေးဟာ နိုင်ငံ တော်တော်များများ အပေါ်မှာ ထိ ရိုက်မှု ရှိနေပါတယ်။ အားကောင်းတဲ့ တရုတ်စီးပွားရေးဟာ ကမ္ဘာမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်ကုမ္ပဏီ ကြီးတွေဟာ ကမ္ဘာအနှံအပြားမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာမှာမို့ပါ။ တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ အိပ်ပျော်ရာက နိုးလာတဲ့ ကျားကြီးဆီက ပါဝါသုံးတဲ့ ပေါ်လစီတွေများ ကျင့် သုံးလာလေမလားလို့ စတင် ခံစားနေကြရပါပြီ။ အမေရိကန်တွေကိုယ်တိုင်တောင် တစ်ခါမှ မကြံဖူးသေးတဲ့ ရင်ဆိုင်မှုနဲ့ ကြုံတွေ့နေရပါပြီ။ တစ်ကမ္ဘာလုံး မဟုတ်စေဦးတော့ အာရှနဲ့ ပစိဖိတ်ဒေသ မှာတော့ တရုတ်ရဲ့ စိန်ခေါ်မှုဒဏ်ကို ကောင်းကောင်း ခံနေကြရပြီ။

ဒီမှာ အရေးအကြီးဆုံး အချက်က ငြိမ်းချမ်းစွာ စီးပွားရေး တိုးတက်မှုကိုပဲ လို လားပါတယ်လို့ ထပ်တလဲလဲ ပေးနေတဲ့ တရုတ်ပြည်ရဲ့ ကတိစကားကို ယုံ သည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သေချာတာကတော့ တရုတ်ဟာ သူ တစ်ပါးနိုင်ငံထဲကို ကျူးကျော်လာမယ် မဟုတ်ဘူးဆိုတာပါပဲ။

ဒီမှာ အမြင်နှစ်မျိုး ရှိတယ်။

တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ်လာအောင် ကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူ တို့မှာရှိတဲ့ အင်အားကို ထုတ်ပြရင်း သူတစ်ပါးကို ခြိမ်းခြောက်လိမ့်မယ်။

ဆက်ရန်
ဇင်ဝေသော်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)