Ghost Town လိုနေတဲ့ စာနာမှုများ


လိုနေသူတွေကို ကူညီဖို့ ငွေဘယ်လောက်ကုန်မလဲ တွက်တော့ လိုတဲ့ငွေက ဂဏန်းပေါင်းစက်နဲ့ မဆန့်ဘူး တဲ့။
Ghost Town ဆိုတာ ရတနာရှာသူတွေ ရတနာတွေရလို့ (သို့)ရတနာတွေ မရှိတော့ဘူး ဆိုတာ သိလို့ စွန့်ခွာရာ အရပ်၊မြို့ပျက် တဲ့။
ဒါဆို မန္တလေးတိုင်းက မိုးကုတ်ဆိုတာ ၂၁ ရာစု သရဲ မြို့ပေါ့။
အထည်ကြီးပျက်မြို့က ဖောရိန်းနား အဝင်မခံလေတော့ ဖောရိန်းအကူအညီလည်း မရဘူး။သူ့ ရတနာတွေ ခိုးမှာ စိုးလို့ပေါ့လေ။
အဲဒီမြိ့က ပရဟိတကျောင်းကို အရမ်း စိတ်ဝင်စားလို့ မြန်မာလို ဝတ်ပြီး သွားလေ့လာတဲ့ ဂျပန်တစ်ယောက်ရှိဖူးသတဲ့၊ဒါကို အထက်က သိတော့ ပို တင်းကျပ်လာသတဲ့။
အဲဒီ ဂျပန်က သူ့အဖွဲ့ကို ခေါ်လာပြီး အလှူငွေတွေ မန္တလေးမှာ ပင့်ပြီးလှူသွားရသတဲ့။

ဇင်ဝေသော်
(5/31/12)


 ကမ်းလက်