ဘုရားရှင်အတွက် အော်နာရယ်ရီ စီတီဇင်ရှိပ်

အခုတလော ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသောစကား လူပြော များနေသည်။ ဗီဇာသက်တန်း တိုးမရလေသောကြောင့်လား မပြောတတ်။
ဘုရားရှင်ကို တော့ ကပိလဝတ္ထုကို ပို့လို့ ရအံ့မထင်၊ ကြွလိမ့်မည်လည်း မဟုတ်။ ပို့မယ်ပို့ သိဒ္ဓတ္ထမင်းသားကိုတော့ ပို့လို့ ရတန်ကောင်း၏ဟု ဆိုနိုင် သည်။

ဘုရားရှင်က ကပိလဝတ္ထုသား မှန်သော်လည်း ကပိလဝတ္ထုအပေါ် သံယော ဇဉ် နည်းတော်မူ၏။ ကြည့်ပါ၊ ဘုရားဖြစ်အပြီး ၄၅ ဝါ သက်တန်းမှာ ဘယ်နှဝါ ကပိလဝတ္ထုမှာ ဝါကပ်တော်မူခဲ့သနည်း။

သား ဘုရားကို တွေ့လိုသဖြင့် အထောက်တော်များ အလီလီဖြင့် အပင့်ခိုင်း ခဲ့သော်လည်း ရွှေကိုယ်တော်က စိတ်ပင် လည်တော်မမူခဲ့။ လူ့ဒုက္ခအပူများကို အေးစေရင်း မွေးမြေကို မေ့နေသည့်သားပါလေ။

အသားညိုညို ရွှေကိုယ်တော် ဥဒါယီ ဂါထာ ၆၀ သီပြီး လျှောက်တော့ မှ ကပိလသို့ အ်ေဖစ်ရှယ် ဗစ်ဇစ်ခရီးကို လက်ခံခဲ့သည် မဟုတ်ပါလော့။

ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသော ရဟန်းသည်လည်း အနည်းဆုံး ဥဒါယီကိုယ်တော်လောက်တော့ စာ အရေးကောင်းမှ ရပေမည်။ အပျံစား ဂါထာတွေ သီပါလေ ငါ့ရှင်။ သင့်အကြံ အထမြောက်ကောင်း မြောက်ပေမည်။
At least, you try your best ပေပေါ့။

မလုပ်ကြပါနှင့်၊ မြန်မာပြည်အနေနဲ့ ဂေါတမဗုဒ္ဓကို အော်နာရယ်ရီ စီတီဇင်ရှိပ် ဆက်ကပ်ကြသင့်သည်။ ကျေးဇူးတရား များလှ၏။
အော်နာရယ်ရီ စီတီဇင်ရှိပ် မဆက်ကပ်နိုင်ဘူးဆိုလျင်ပင် အနှစ် ငါးထောင် ကြာ ပီအာ(PR) စတေးတော့ ဆက်ကပ်ကြသင့်သည်။

ရန်လည်း သိပ်မဖြစ်ကြပါနှင့်။ စတေးပင် ရှိငြားသော်လည်း လူတွေ၊ ရဟန်းေ တွ ရန်ဖြစ်လျင် ပါလိလေယျကတောကိုတစ်ပါးတည်း ကြွ သွားတော် မူေ ကြာင်း သာဓက ရှိ၏။

Post a Comment