၁.၃ မီလီယံ ကလေးတွေရဲ့ ကျောင်းအပ်ခ

ဒီနေ့သတင်းခေါင်းစည်းမှာတော့ မက်ဒရစ်နဲ့ Gareth Bale က နေရာ အပိုင် ယူထားတယ်။
စပိန် စီးပွားရေးနဲ့ စပိန်ဘဏ်တွေကို ဂျာမန်တွေက ကျားကန်ပေးထားခဲ့ရ တယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကပဲ အမှိုက်ပုံးတွေထဲက ကောင်းသေးတဲ့ စွန့်ပစ်ပစ္စည်းတွေ ပြန်သုံးကြဖို့ လှုံ့ဆော်သံတွေ ကြားလိုက်ရတယ်။ ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်ကို ပေါင် ၈၅. ၃ သန်း ပေးဝယ်ဖို့တော့ မက်ဒရစ်က လက်မတွန့်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ညံနေတယ်။
အကြိုက်ဆုံး စကားကတော့ လာမယ့်အပတ်ထဲမှာ ကလေးတွေကို ကျောင်း အပ်ရတော့မယ်။ ကလေးတစ်ယောက် ကျောင်းအပ်ခ က ပေါင် ၇၀၊ Gareth Bale အတွက်ပေးရတဲ့ ငွေနဲ့ဆို ကလေးပေါင်း ၁၊၃ မီလီယံ ကျောင်း အပ်လို့ ရမယ်တဲ့။

သူတို့ပြောချင်ရာပြောကြ။ ဒါက Gareth Bale ရဲ့ ဝင်ငွေပါ။
တစ်နှစ် ၁၃. ၃၁ မီလီယံ ပေါင်
တစ်ပတ်၂၅၆,၀၀၀ ပေါင်
တစ်ရက် ၃၆,၄၇၁ ပေါင်
တစ်နာရီ ၁,၅၂၀ ပေါင်
တစ်မိနစ် ၂၅.၃၃ ပေါင်

ဒါကတော့ Gareth Bale နဲ့ C. Ronaldo တို့ကို ဘောလုံးရှုဒေါင့်က နှိုင်း ယှဉ်ကြည့်မှုပါ။
(ရှေ့က အရေအတွက်တွေက Gareth Bale ဖြစ်ပြီး နောက်က C. Ronaldo ပါ။)
ပြောင်းရွှေ့ကြေး (85.3/ 80)
ပြောင်းရွှေ့ နှစ် 2012/13 2008/9
ကစားတဲ့ မိနစ် အရေအတွက် 2924/ 2749
ပြောင်းရွှေ့တဲ့နှစ်မှာ သွင်းခဲ့တဲ့ ဂိုး 21/18
ဂိုးရဖို့ လိုအပ်တဲ့ မိနစ် အရေအတွက် 139/ 153
ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲပေါင်း 17/ 12
အမှတ်ရစေတဲ သွင်းဂိုး ရာခိုင်နှုန်း 52% 36%

Total shots: 133/ 107
Minutes per shot: 22/26
On target: 73/57
Shots off target: 60/50
Minute per shot on target: 40/48
Chances conversion: 16/17
Assists: 4/6
Chances created: 75/9
Dribble success: 42.8/ 39.2%
Crosses attempted: 272/166
Crossing accuracy: 23/16%

ဒီ စာရင်းအရတော့ ပေးရတဲ့ငွေနဲ့ တန်တယ်လို့ဆိုရမယ်။ ပြီးတော့ သူနဲ့တွဲပြီ ကစားခဲ့ရတဲ့ဘောလုံးသမားတွေက ရော်နယ်ဒိုရဲ့ မန်ယူအဆင့် မရှိခဲ့ဘူး။

Post a Comment