အစ္စလမ်မစ် ဥပဒေ (မနက်က မအားလို့ အီးဗီးနင်း ပို့စ်)

နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ် ။
Ms Marte Deborah Dalelv ဟာယူအေးအီးနိုင်ငံမှာ ဒီဇိုင်းနားအလုပ်နေသူ၊ ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ဟော်တယ်တစ်ခုမှာ ပြုလုပ် တဲ့ အစည်းအဝေးကိုတက်ရင်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်က အခုလို အဓမ္မ ကျင့်တာဖြစ်ပါတယ်။ လက်ထပ်ထားတဲ့ ခင်ပွန်းမဟုတ်သူနဲ့ ကာမ စပ်ယှက်မှု အပြစ်နဲ့ ထောင်ဒဏ် ၁၆ လ ချမှတ်တာပါ တဲ့။ အဓမ္မအကျင့်ခံရပါတယ်ဆို ခင်ပွန်းမဟုတ်သူနဲ့ ကာမစပ်ယှက်မှု တဲ့။
အခု သူမက အယူခံဝင်နေပြီး ဒီ မတရားမှုကို ကမ္ဘာသိအောင် ပြောရမယ် ဆိုပြီး မီဒီယာကတဆင့် ပြောနေလေရဲ့။ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်က လစ်ဘရစ်တွေအတွက်တော့ မျက်လုံးပြူး မျက်ဆံပြာ ဖြစ်စ ရာပေါ့။
တရားတာ မတရားတာ အပထား အစ္စလမ်မစ် ဥပဒေအရ ယောက်ျားဖြစ်ရ တာ တော်တော်မိုက်တာပဲ။ အမျိုးသမီးဖြစ်ရပြီဆိုရင်လည်း မချောင်လှ။

(စထရိတ်တိုင်း)

အိမ်နီးချင်း

ဒီ တောမီးလောင်မှူတွေ ဘယ်ကစတာလဲလို့ စထရိတ်တိုင်း သတင်းေ ထာက်က မေးတော့ မီးငြိမ်းသတ်သူတွေထဲက တစ်ယောက်က "This is the act of God." ထာဝရ ဘုရားရှင် အလိုကျဖြစ်တာလို့ ဖြေတယ် တဲ့။
ဒီ အတွက် မီးငြိမ်းသတ်ရင်း အပိုဝင်ငွေပါရလို့ သူကတော့ ပျော်တောင် ပျော်သေးတယ် လို့ ဆက်ပြောတယ်။


ပါးစပ်က အဲသလိုပြောနေပေမဲ့ သူကိုယ်တိုင် အသက်ရှူလို့ မဝဘူး၊ ရင်ဘတ်လည်းအောင့်နေတယ် လိုတော့ ငြီးငြူလျက်ပါပဲ လို့ သတင်းထောက် က ဆက်ရေးထားတယ်။

ဒီ ပြသနာကြားထဲမှာ ချစ်စရာကောင်းတာက စင်္ကာပူ အစိုးရပါပဲ။ အသက် ရှူမှုနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်လို့ အဲသလို လူနာတွေ အ တွက် ဖြည့်ဆည်းပေးနိုင်အောင် အစွမ်းကုန်ပြင်ဆင်ထားကြဖို့ ဆေးရုံ၊ ဆေး ခန်းတွေ ကို ချက်ချင်း ညွှန်ကြားချက် ထုတ်ပြန်တယ်။

လယ်သမားက စားအုံးဆီပင် မီးရှို့တာနဲ့ ဆေးရုံထဲက ဆရာဝန် အလုပ်ရှုပ် တာ မဆိုင်ဘူးလို့ ပြောချင်ရင်လည်း ပြောလို့တော့ ရမှာပေါ့လေ။

အသက် ၉၀ အရွယ်ရှိ (90 years young) လီကွမ်ယု အနှစ် ၅၀ မြောက် သစ်ပင်စိုက်ပွဲမှာ ဂေါ်ပြားနဲ့ သစ်ပင်စိုက်နေတဲ့ပုံ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သတင်းစာမှာ တွေ့လိုက်ရတယ်။

ဒလိုင်းလားမား v စံဇာနည်ဘို

ဒလိုင်းလားမားကြီးကတော့ လိုအပ်ရင် အစဉ်အလာဖောက်ဖို့ ဝန်လေးဟန် မတူဘူး။ သူ့နေရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်ဟာ အမျိုးသမီးဖြစ်နိုင်တယ်လို့ အရင်တပတ်က ပြောနေပြန်တယ်။
သူ့အကြောင်းပြချက်က ကမ္ဘာကြီးဟာ ဒုက္ခသုက္ခတွေများလွန်းတော့ ကရု ဏာရှင်အမျိုးသမီးခေါင်းဆောင်ကို ပိုပြီးလိုအပ်လာနေလို့ပါ တဲ့။ အမျိုးသမီး ဘာသာရေးခေါင်းဆောင် (ဘိက္ခုနီသာသနာကို လက်မခံတဲ့ ) ထေရ ဝါ ဒ လေးနိုင်ငံခွဲကို (သီဟိုဠ်မှာ တချို့က လက်ခံပါတယ်) အသာထားတိဗက် တန် ဗုဒ္ဓဘာသာထဲမှာတောင် သဘောမတူသူတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အနောက်ဗုဒ္ဓဘာသာတွေကတော့ အားတက်သရော ထောက် ခံကြမှာ သေချာပါတယ်။


စံဇာနည်ဘိုနဲ့ ဒလိုင်းလားမား ဘယ်သူက မှန်မလဲ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ စံဇာနည်ဘိုက ၂၀၁၄ ကနေ ၂၀၁၅ ကို တရားဝင် ပြောင်းခွင့်ရှိ တယ်။

သတင်းစာဖတ်ခြင်း အကျိုး (နဝမတန်း စာစီစာကုံး)

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂက ထုတ်ပြန်သော ငြိမ်းငြိမ်းချမ်းချမ်းအရှိဆုံး ထိပ် တန်း နိုင်ငံ ၂၀ တွင် အာရှမှ သုံးနိုင်ငံပါဝင်သည်ဟု သိရပါသည်။ ထို စာရင်း က ထူးတော့ မထူးခြားလှပါ၊ ထို ငြိမ်းငြိမ်းချမ်းချမ်းအရှိဆုံး ထိပ်တန်း နိုင်ငံ ၂၀ က အိုက်စ်လန့်မှာ အစပြုခဲ့သဖြင့် ရေခဲထူထပ်သောနိုင်ငံများနိုင်ငံများ၊ ရာသီဥတု အေးချမ်းသော နိုင်ငံများဟု မှတ်ယူနိုင်ပါသည်။
ဂျပန် အဆင့်ခြောက်၊ စင်္ကာပူ အဆင့် ၁၆ နှင့် ဘူတန် အဆင့် ၂၀ တို့ ဖြစ်ကြ ပါသည်။ အဆင့် ၂၀ တွင် ကျနော်တို့နိုင်ငံမပါဝင်ပါ။

ထို့ကြောင့် အောင့်သက်သက်ဖြင့် တစ်နေရာတွင် တွေ့လိုတွေ့ငြား ဆက် လက်ရှာဖွေကြည့်မိပါသည်။ အရှေ့တောင်အာရှနိုင်ငံများ စာရင်းတွင် ကျနော်တို့နိုင်ငံကို တွေ့လိုက်ရသည်။ အရှေ့တောင်အာရှ (၁၀ ) ဆယ်နိုင် ငံအနက် အဆင့် ၉ တွင် ရပ်တည်နေသည်ကိုတွေ့ရပါသည်။ အဘယ့်ကြောင့် အဆင့် ၉ မှာရှိနေရသည်ကို လေ့လာကြည့်ရာ ထိုစာရင်းတွင် ဘရူးနိုင်း မပါဝင်သည်ကို ထပ်တွေ့ရပြန်ပါသည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် စင်္ကာပူက တစ် ဖြစ်ပြီး ထိုင်းက အဆင့် ရှစ် ဖြစ်သည်။ ထိုင်းက အဘယ့်ကြောင့် အဆင့် ရှစ်မှာရှိပြီး ကျနော်တို့က အဘယ့်ကြောင့် အဆင့် ၉ မှာရှိနေရသည်ကိုရှာဖွေကြည့်မိသော်လည်း အဖြေ မရခဲ့ပါ။

သို့သော် ဆောင်းပါးများ ဖော်ပြသည့် သတင်းစာနောက်ပိုင်းမှာ ဆောင်း ပါး တစ်ပုဒ်တွေ့လိုက်ရပါသည်။ အမျိုးသမီးကြီး နှစ်ဦးနှင့် အမျိုးသားကြီး တစ် ဦး နိုင်ငံ နာမည်ကို ဘားမားဟု ခေါ်မလား၊ မြန်မာဟု ခေါ်မလားဟု အော်ဖစ် ရှယ် ငြင်းခုံနေကြသည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် ထိုင်းက ကျနော် တိုရှေ့ ရောက်သွားသည်ဟု ဆိုက ရကောင်းရနိုင်ပါသည်။

အမှန်မူ ကျနော်တို့နိုင်ငံက ပျော်စရာ ကောင်းလှပါသည်။ မီးပျက်နေသည် ဆိုလျင်ပင် နိုင်ငံ၏နာမည်နှင့်ပတ်သက်ပြီး အမှောင်ထဲမှာ ထိုင်ငြင်းနေလို့ ရပါသည်။ အပူပိုင်းနိုင်ငံဖြစ်ခြင်း၊ မီးအမြဲလိုလိုပျက်နေခြင်းကြောင့် အေးအေး ချမ်းချမ်းအရှိဆုံး နိုင်ငံများတွင် ပါဝင်ဖို့တော့ မလွယ်ပါ။

သို့သော် လူတိုင်း (ဘရာဇီးမှာ လူတိုင်းဘောလုံးနည်းပြ အရည် အသွေးရှိ သလို) သမ္မတဖြစ်နိုင်သော အရည်အသွေးရှိသောနိုင်ငံဖြစ်သဖြင့် ဆက် လက်ငြင်းခုံနေစရာ Hot issue များ သူများထက် ပိုရှိနေပေလိမ့်မည်။ ထို့ကြောင့် ပျင်းစရာတော့ မကောင်းလှပါ။ ပျော်စရာပင် ကောင်းနေပါသေး သည်။

ဤသည်မှာ ယနေ့ သတင်းစာဖတ်ရခြင်း အကျိုးဖြစ်ပါသည်။
အချိန်းရှိလျှင် အနည်းဆုံး နိုင်ငံ့အမည်ကို အောဖစ်ရှယ် ထိုင်ငြင်းနေလို့ ရသည်ဟု လေ့လာမိလိုက်ပါသည်။

ဇင်ဝေသော်၊ (နဝမတန်း)

စထရိတ်တိုင်း သတင်း ကောက်နှုတ်ချက် (မောနင်း ပို့စ်)


ဒီနေ့ စထရိတ်တိုင်းမှာ မြန်မာနဲ့ပတ်သက်လို့ သတင်းနှစ်ပုဒ်ပဲ ပါတယ်။

၁။ သူရ ဦးရွှေမန်းလည်း သမ္မတဖြစ်ချင်သူစာရင်းထဲ ပါသွားပြီ။
( နိုင်ငံနဲ့ လူမျိုးကို ထိထိရောက်ရောက် အလုပ်အကြွေးပြုနိုင်ဖို့ )

၂။ မြန်မာကဝယ်တဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ် ပျက်ကျတဲ့ သတင်း
ပါ။
(တကယ်က MA60 က မျက်နှာမလိုက်ပါဘူး၊ ဝယ်တဲ့နိုင်ငံတိုင်းမှာ ပျက် ကျနေတာပါ)

ဒီနေ့ သတင်းနှစ်ပုဒ်ကို ချုပ်လိုက်တော့......
ဘယ်သူပဲ သမ္မတဖြစ်ချင် ဖြစ်ချင် MA60 လေယာဉ်ကို မဝယ်သင့်ဆိုတာပါပဲ။

နိုင်ငံရေး ဂျုတ်

မေး။ ။ နိုင်ငံရေးသမားတွေ အမှန်ပြောတဲ့အခါ ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။
မေး။ ။ ဘယ်လိုအခါမှာပါလဲ။
ဖြေ။ ။ သူတို့ချင်း တစ်ယောက်ကို တစ်ယောက် "လူလိမ်" လို့ ပြောတဲ့ အခါ မှာပါ။


တရုတ် (သို့) ဘာတွေပျက်ပျက် ကြေးနီထွက်ရင် တူးသူ

အာဖဂန်နစ္စတန်ဆိုတာ ဘီစိ(၁) ရာစုကအစပျိုးခဲ့ပြီး အေဒီ (၁၀ ) ရာ စုလောက်အထိ ဗုဒ္ဓဘာသာစည်ပင်ထွန်းကားခဲ့တယ်လို့ ယူဆလို့ ရတဲ့ နေ ရာပါ။ ရှေးဟောင်း ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွေ ရှိခဲ့တာကိုလည်း "the Silk Road" သမိုင်းက သက်သေခံနေတယ်။
တရုတ်နဲ့ ဆက်စပ်လို့ အငြင်းပွားဖွယ်ရာ (သို့) မြန်မာပြည်က လက်ပံေ တာင်းအပြီး ကံဆိုးရရှာတာကတော့ အာဖဂန်နစ္စတန်က မီးအီနက် (Mes Aynak) ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီး (Ancient Buddhist city on the route of the Silk Road in Afghanistan) ပဲ ဖြစ်ပါတယ်။


ဘီစိ(၁) ရာစုကနေ အေဒီ (၁၀ ) ရာစုလောက်ထိစည်ပင်ထွန်းကားခဲ့တဲ့ မီးအီနက် ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီးရာကြီးရဲ့အောက်မှာ ပမာဏ ကြီးမား လှတဲ့ ကြေးနီသိုက်ကြီးကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီ ကြေးနီသိုက်ကြီးကို တူးဖော်လိုက်ရင် ရရှိလာမဲ့အကျိုးအမြတ်က လက်ရှိ အာဖဂန်တနိုင်ငံလုံး လည်ပတ်နေတဲ့ ဘတ်ဂျက်ငွေပမာဏရဲ့ ငါးဆဖြစ်ပါတယ် တဲ့။ ကမ္ဘာ့ဘဏ်နဲ့ အမေရိကန်-တရုတ်တို့က ပဏာမလေ့လာတိုင်းတာမှု လုပ် ငန်းတွေအတွက် လိုအပ်ငွေဒေါ်လာ (၁ )ဘီလျံကိုထုတ်ချေးလိုက်ကြပြီး တရုတ်က တူးဖော်ရေးကန်ထရိုက်ရလိုက်ပါတယ်။

အခြားနိုင်ငံတကာ မိုင်းကုမ္ပဏီတွေက ရှေးဟောင်းမြို့တော်ကြီးကိုဖြိုဖျက်မှ ရမည့်အချက်ကို ထည့်သွင်းစဉ်းစားနေရလို့ မဝံ့မရဲ ဖြစ်နေကြချိန်မှာတရုတ် ကတော့ (ဘာဖြစ်ဖြစ် သဘောနဲ့) လက်ရဲဇက်ရဲကန်ထရိုက်ဝင်ဆွဲသွားတာ ပါ။ အခုတော့ တရုတ်ရဲ့ကြးနီးတူးဖော်ရေးလုပ်ငန်ဟာ မြန်မာပြည်က လက်ပံတောင်းအရေးလို နိုင်ငံတကာ ရှေးဟောင်းသုတေသန ပညာရှင်တွေ အများကြီးစိုးရိမ်သောကရောက်ရတဲ့ အရေးကိစ္စတခုဖြစ်နေပါတယ်။

သမိုင်း၊ ပထဝီနိုင်ငံရေး၊ ရှေးဟောင်သုနေသန နဲ့ သဘာဝ ဝန်းကျင်ကို လေး စားသူတွေ အမြင်မှာတော့ တရုတ်ဟာ ကြေးနီသာရရင် အဘနှဖူးလည်း သိုက် တူးမယ့်သဘော ဖြစ်နေပါတော့တယ်။

မူရင်း: William Dalrymple The Guardian, Friday 31 May 2013 22.00 BST
Link : click here

သေတာတောင် Gangnam Style နဲ့


ကမ္ဗောဒီးယားနိုင်ငံသား (Sihanoukville သီဟာနုဗဲလေး နေ) တစ်ယောက် က သူ့ကိုယ်သူ အဆုံးစီရင်ပြီး သူ့ဈာပနမှာ ဝမ်းနည်းစရာသီချင်းတွေအစား ဂန်းနန်စတိုင်နဲ့ ခရီးဆုံးပေးဖို့ သေတန်းစာ ရေးထားတဲ့အကြောင်း the Cambodia Herald ကဖော်ပြထားပါတယ်။ သူ့ဈာပနမှာ ဘာသာရေး ကိစ္စေ တွဖြစ်တဲ့ တရားပေး၊ ရေစက်ချ( ဗုဒ္ဓဘာသာဆို ) တရားဟော၊ ယူလော် ဂျီပြော ( ခရစ်ယန်ဆို ) လုပ်ပေးရမယ့် ဘုန်းကြီးတော့ ဒုက္ခပဲ။ဂန်းနန်စတိုင်နဲ့ များ လုပ်ပေးရမှာလား မသိတတ်။

တရုတ်တွေ သင်္ချာတော်တယ်ဆို

Tom Lasseter ဆိုတဲ့ ဂျာနယ်လစ်ဇ်တစ်ယောက်က မြွေပေါတဲ့ တရုတ်ပြည် ၊ Hunan ပြည်နယ်ထဲက Xianling ဆိုတဲ့ရွာကလေးကို သွားရောက်လည် ပတ်ချင်တယ်လို့ တောင်းခံလာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးစကားနဲ့အတူ ခွင့်ပြုချက်ပေးခဲ့တယ်။ ဖတ်ကြည့်ပါ။

“A total of 160 snakes escaped,” it said. “ Of these, 159 were caught and one was killed. A few may still be at large.”

မြွေအကောင်ရေ ၁၆၀ လွတ်ထွက်သွားတယ်၊ ၁၅၉ ကောင် အရှင်ဖမ်းမိပြီး တစ်ကောင်ကို အသေဖမ်းမိတယ်၊ လွတ်နေတဲ့ မြွေတွေ ရှိနိုင်သေးတယ် တဲ့။


 ကမ်းလက် 

သား သမီး ရတနာ


တစ်ရက်တည်းမှာပဲ Germany: A land without children? ဆိုတဲ့ ဆောင်း ပါးနဲ့ အမေရိကန် မိခင်တစ်ယောက်က ကလေးအမွှာပူး နှစ်ပူး မွေးတဲ့သတင်း အပြိုင်ပါလာတယ်။ လေးယောက်မွေးတာတောင်မဟုတ်ဘဲ ပုံစံတူ နှစ်မွှာမို့ သန်း ၇၀ မှာ တစ်ကြိမ်သာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
မနေ့က ဟောင်ကောင်ရဲ့ လူဦးရေပြဿနာ အကြောင်း ပါမောက္ခ တစ်ယောက်က စင်္ကာပူရဲ့ စက္စူဖြူစီမံကိန်းနဲ့ နှိုင်းယှဉ် ရေးသားထားတာ လည်း ဖတ်လိုက်ရတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူတွေဟာ ကလေး မယူချင်ကြတော့ဘူးထင်ပါရဲ့။

ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ ရှုံးခဲ့ရသလို အခု စိုးရိမ်နေရတဲ့ လူဦးရေထိမ်း သိမ်းမှု စနစ်မှာလည်း အမေရိကန်တွေကပဲ နိုင်မယ့်သဘောရှိနေတယ်။
သူများက တစ်ကြိမ်တစ် ယောက်ပဲ မွေးနေချိန် သူတို့က တစ်ကြိမ်ထဲ လေးေ ယာက်မွေးလိုက်တော့ သူများတွေ တော်တော်လိုက်ယူရမယ့် သဘော။ ဟို ဘေဘီဘုန်းမားခေတ်မှာ မထူးဆန်းပေမယ့် နိုင်ငံတိုင်း လူဦးရေပြဿနာ ကြုံတွေ့နေရချိန် လေးယောက်မွေးလိုက်တာဆိုတော့ တော်တော်တန်ဖိုးရှိမယ်။

အနာဂတ် ဒီမိုဂရပ်ဖစ် ပြဿနာနဲ့ ပတ်သက်လို့လည်း ကံဇာတာက အမေရိ ကန်တွေဖက်မှာ ရှိနေပုံ ရပါရဲ့။
ဒီကြားထဲ သူများကလေးတွေကို မွေး စားတဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး ဂျိုးလီရဲ့ ဝါသနာက သိပ် မသေးလှဘူး။ လာမယ့် အနှစ် ၂၀မှာ ဂျာမဏီ မလွယ် ဘူး။ ကိုယ်က ကလေးမယူချင်ရင်နေ ဂျိုးလီလို သူများကလေးတွေ ကို မွေး စားတဲ့ဝါသနာပါတဲ့ ရုပ်ရှင်မင်းသမီးရှိရင် ခံသာဦးမယ်။


ဇင်ဝေသော် 

Morning kicking news


ချယ်လ်ဆီး ဘောလုံးသမား ဟားဇာ့ဒ်က အချိန်ဆွဲလို့ ဆိုပြီး ဘောလုံးကောက်တဲ့ကလေး နံရိုးကို ကန်ပြီး ဘောလုံးကိုဆွဲယူတယ်။
ဒိုင်လူကြီးက ဟားဇာ့ဒ်ကို အနီကတ်ပြ ကန်ထုတ်တယ်။
မြန်မာ တယ်လီဖုန်းနဲ့ ကြေနန်းဆက်သွယ်ရေး ဝန်ကြီးသိန်းထွန်းက ပြည် သူတွေရဲ့ထမင်းခွက်ကိုကန်ပြီး ချွေးနည်းစာလေးတွေကို လုယူတယ်။
ဦးသိန်းစိန် အစိုးရက သူ့ကို ( အရင် တပတ်က ) အနီကတ်ပြထုတ်တယ်။

ဟားဇာ့ဒ်ကို နားလည်ပေးနိုင်သူ တချို့ရှိပေမဲ့ ဦးသိန်းထွန်းကို ကိုယ်ချင်းစာ သူတော့ ( သူ့မိသားစုကလွဲရင် ) မရှိလောက်ဘူးး။ ရှိရင်တောင် ဖေ့စ် ဘုတ်ပေါ် မတက်ရဲလောက်ဘူး။
ဒါဇင်ပေါင်းများစွာ အကျင့်ပျက် အရာရှိတွေလည်း အဝါကတ်တွေ ထိတယ် လို့ သတင်းစာကပြောတယ်။

အကျင့်ပျက် ဝန်ကြီးတွေကို အနီကတ်ပြဖို့ ဦးသိန်းစိန်အစိုးရမှာကော အနီ ကတ် အလုံအလောက် ရှိရဲ့လားမသိ။ နည်းတော့ မနည်းလောက်ဘူး။

စိုးရိမ်စရာက တစ်ခုပဲ.....
ဘောလုံးပွဲ တစ်ပွဲမှာကြည့်ဖူးတယ်။ အနီကတ် ကျနေရစ်ခဲ့တာကို ဒိုင်လူကြီး က မသိလိုက်ဘူး။ အဲဒီအနီကတ်ကို ဘောလုံးသမားက ကောက်ရသွားတယ်။
ခဏနေတော့ အနီကတ် ကောက်ရထားတဲ့ ဘောလုံးသမားက ဒိုင်လူကြီးကို အနီကတ်ပြလိုက်ရော။
ဦးသိန်းစိန်ကြီးလည်း အနီကတ် ကျ မပျောက်စေနဲ့။ ကိုယ့် ပြသွားဦးမယ်။

အေဂျင်စီ၊ ပရက်စ်။ နယူးယောက် စင်ဒီကိတ်


ဇင်ဝေသော်

၂၀၁၂ အပျော် စစ်တမ်း


UN က ၂၀၁၂ အတွင်း ကမ္ဘာ့လူထုကြီးရဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ရာမှာ အဓိက အကြောင်းငါးချက် ရှိတယ်လို့ ဆိုထားပါတယ်။

၁ ။ ချမ်းသာတဲ့ နိုင်ငံတွေက လူတွေဟာ ပိုပြီး ပျော်ရွှင်ကြရတယ်။ သူတို့ ပျော်ရွှင်ကြတယ်ဆိုတာ ကြွယ်ဝချမ်းသာမှုကြောင့်ထက်
( က ) လူမှုဆက်ဆံရေး ကွန်ယက် ပိုကောင်း၊ ပို ချောမွေ့တာ
( ခ ) ကိုယ်ကျင့်တရားပျက်ကွက်မှု နည်းပါးတာ
( ဂ ) တစ်ကိုယ်ရေ လွတ်လပ်ခွင့် ရရှိတာ စတဲ့ အကြောင်းတွေကြောင့် လို့ ဖော်ပြထားပါတယ်။

( ( က ) နဲ့ ပတ်သက်လို့တော့ သိပ်ပြီး သဘောမတူချင်ဘူး၊ ရွာက လူတွေ ဆို ဈေး အပေါစား ဖုန်းလေးတွေနဲ့ ဖုန်းလာတိုင်း ချောင်း ကမ်းပါးထိပ် ပြေး လိုက်၊ သစ်ပင်ပေါ်တက်လိုက်နဲ့ ပျော်နေလိုက်ကြတာ။ ဘယ် အမေရိကန်မှ လိုက်လို့ မမီဘူး )

၂ ။ အိမ်ထောင်ရှင်တွေက ဆင်းဂဲလ်တွေထက် ပိုပျော်ကြရတယ်။
ဒီအတွက် အကြောင်းပြချက် ပေးမထားဘူး။ ဒီ အယူအဆကတော့ ကြာပါပြီ။ " Married peoples live longer " လို့ ဆိုတော့ နောက် တောက်တောက် လူတစ်ယောက်က
" Married peoples live longer or seem longer " လို့တောင် ဝင်နှောက် လိုက်သေးတယ်။

၃ ။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပျော်ကြရပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ အတူတူပါပဲ တဲ့။

ဒီအချက်ကတော့ ဆင်းရဲတဲ့ နိုင်ငံတွေက အမျိုးသားတွေ အတွက် တော်တော် အကြပ်ရိုက်စေပါလိမ့်မယ်။ စဉ်းစားကြည့်ကြ ဗျာ။ ကြိုးစားလို့ ချမ်းသာသွားပြီဆိုရင်တောင် ပို ပျော်ရွှင်ရမှာက အမျိုးသမီးတွေ၊ အမျိုးသားတွေ မဟုတ်ဘူး။ ဆင်းရဲနေတာကမှ အတူတူ ပျော်ရသေးတယ်။ ကြိုးစားချင်စိတ်မှ ရှိကြပါဦးမလား မသိ။ ထားပါတော့၊ နောက် နှစ်ချက်က

( ၄ ) စိတ် ကျန်းမာရေး နဲ့
( ၅ ) အမူအယာ ယဉ်ကျေးသိမ်မွေ့တို့ကလည်း ပျော်ရွှင်မှုကို ဖြစ်စေပါတယ် တဲ့။

( Ref: R.D, Jan, 2013. )



ဇင်ဝေသော် 

အင်တာနေရှင်နယ် ဒေါ်လာ နှစ်ရာ


သတင်းစာတွေ၊ မီဒီယာတွေ၊ အင်တာဗျူးတွေ ဖတ်လိုက်၊ နားထောင်လိုက်နဲ့ တို့ နိုင်ငံကြီး တော်တော်ဟုတ်နေပြီလို့ ထင်မိတယ်။ ဟုတ်သလောက်တော့ ဟုတ်တယ်။ မဟုတ်သလောက်က မဟုတ်ဘူး။
နိုင်ငံခြား ဒေါ်လာငွေတွေ ငွေလဲ စင်တာတွေမှာ တရားဝင် လဲလှယ်နိုင်ပြီ။ ခိုးကြောင် ခိုးဝှက် လဲစရာ မလိုတော့ဘူး။ အဲဒါ ကမ္ဘာ သိ ကြေငြာထားတဲ့ သတင်းပေါ့။

ဒါနဲ့ အထင်တကြီး စလုံး ဒေါ်လာလေးတွေ ယူသွားတယ်။ သွားပြီးလဲမယ် ဆိုတော့......
နိုင်ငံခြား ဒေါ်လာငွေတွေကို မြန်မာ ကျပ်ငွေနဲ့ လဲပေးတဲ့ ဘဏ် ခြောက်ခု ရဲ့ ကောင်တာ ခြောက်ခု ဖောရိန်း မန်းနီး အိတ်က်စ် ချိန်း စင်တာမှာ ရှိတယ်။

ဖြစ်ရပုံက တချို့ကောင်တာက ပတ်စ်ပို့ပါမှ လဲပေးတယ်တဲ့။ ဟိုက်။ ဘာဆိုင်လို့လဲ။ ငွေလဲ ကောင်တာက အင်မီဂရေးရှင်းရုံးမှ မဟုတ်တာဘဲ။
တချို့ကောင်တာက စင်ကာပူ ဒေါ်လာ ဘယ်က ဘယ်လို ရလာတာလဲတဲ့။ ဟိုက်။ ( ဒုတိယဟိုက် ) မေးစရာလား။
ကျန်တဲ့ကောင်တာနှစ်ခုက လဲပေးပါတယ်၊ ဒါပေမဲ့ ..တစ်ယောက်ကို ဒေါ် လာ နှစ်ရာပဲ လဲလို့ရပါတယ် တဲ့။ ဟိုက်။ ( တတိယဟိုက် )

မှန်တယ်။ တရားဝင် လဲလှယ်နိုင်ပြီ။ ဒါပေမဲ့ ဒေါ်လာ နှစ်ရာပဲ။
အပြင်မှာတော့ ကြိုက်သလောက် လဲလို့ရတယ်။ အဲ ဈေးလေး ကွာတာပဲရှိ တယ်။
ပြည်ပ စာဖတ်ပရိသတ်အတွက် ရွာပြန် လက်ဆောင်သတင်းလေးပါ။



ဇင်ဝေသော်

သမ္မတကြီး ပိုင်သွားတဲ့ ဒီ စနေ


"ဒေါ် အောင်ဆန်းစုကြည် ဆိုရင်လည်း သူမ ရခဲ့သမျှ လက်ခုပ်သံတွေ အားလုံးနဲ့ ထိုက်တန်ခဲ့တာပါပဲ။ ဒါပေမယ့် သူမတစ်ယောက်တည်းနဲ့တော့ မြန်မာ့ပြောင်းလဲရေး ဖြစ်မလာနိုင်ပါဘူး။ စစ်တပ်ကလည်း အပေအယူ လုပ်ခဲ့လို့ပါ၊ အနောက် နိုင်ငံတွေက ဖြစ်နိုင်ခြေ လုံးဝနီးပါး မရှိဘူးထင်ထားတဲ့  အပြောင်းအလဲတွေ မထင်မှတ်ဘဲ ဖြစ်လာခဲ့တယ်။ အဲဒါ ဦးသိန်းစိန်ရဲ့ အမျှော်အမြင်နဲ့ စွမ်းဆောင်ရည် ကြောင့်ပါပဲ။ မဖြစ်နိုင်ဘူးထင်ရတဲ့ ပန်းတိုင်ကို လက်ကိုင်မိသွားတာပါ။ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ စစ်တပ်ကို နားချ၊ "ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး၊ သူလုပ်နိုင်ခဲ့တယ်။ အခု ကမ္ဘာက  ဦးသိန်းစိန်ရဲ့ အောင်မြင်မှုကို ထောက်ခံလာနေရပါပြီ။ Foreign Policy မဂ္ဂဇင်းက ၂၀၁၂ ခုအတွက် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင် ၁၀၀ ထဲက  ဦးသိန်းစိန်ကို နံပတ် တစ် ရွေးထားတယ်။ The International Crisis Group ကလည်း သူ့လုပ်ဆောင်မှုတွေ အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပါဦးမယ်။ ဦးသိန်းစိန်ဟာ ဒီဆု အားလုံးနဲ့ ထိုက်တန်ပါတယ်။ အထူးသဖြင့် စထရိတ်တိုင်းမ်က ချီးမြှင့်တဲ့ The Asian of the Year ဆုနဲ့ မလွဲမသွေ ထိုက်တန်ပါတယ်။ သူ့ထက်ပိုပြီး ထိုက်တန်သူ မရှိပါဘူး။
ပရော်ဖက်ဆာ၊ ကီရှော မဘုဘန်နီ
Professor Kishore Mahbubani
Dean of the Lee Kuan Yew School of Public Policy at the National University of Singapore.

တစ်ဦးချင်း စွမ်းရည်နဲ့ နိုင်ငံရေးကို ပြောင်းလဲပေးတဲ့ အာရှနိုင်ငံခေါင်းဆောင်တွေထဲမှာ  ဦးသိန်းစိန်ဟာ အပြုသဘော  ပြောင်းလဲမှု အများဆုံးလုပ်ဆောင်ပေးနိုင်သူပါ။ အတိတ်က အရိပ်မည်းကြောင့် ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတချို့ မရခဲ့ရှာပါဘူး။
Professor David Steinberg,
Distinguished Professor of Asian Studies at Georgetown University.

မြန်မာ နိုင်ငံကို အထီးကျန်နိုင်ငံ တစ်နိုင်ငံကနေ ကမ္ဘာ့ဇာတ်ခုံအလယ် ရောက်လာအောင် ဦးသိန်းစိန်က ဖန်တီးပေးခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့ ဆက်စပ်ပြီး အကျိုးခံစားနေရတဲ့ လူတွေနဲ့ အတိုက်အခံလုပ်နေရလေတော့ သူ့တာဝန်ဟာ တော်ရုံသတ္တိနဲ့ မရနိုင်ပါဘူး။
Mr Barry Desker,
dean of Rajaratanam School of International Studies.

(စထရိတ်တိုင်းမ် မှာ တခမ်းတနားဖော်ပြထားတဲ့ Nirmal Ghosh ရဲ့ " Childhood poverty inspired success "  ဘာသာပြန်ကို ဖော်ပြပေးပါဦးမယ်။)



 ကမ်းလက် 

Breaking News "Thein Sein is ST's Asian of the Year"


မြန်မာ သမ္မတကြီး ဦးသိန်းစိန် ( သို့ ) ၂၀၁၂ ခု စထရိတ်တိုင်း သတင်းစာရဲ့ အာစီယံ ခေါင်းဆောင်မှု စွမ်းရည် ဆုရှင်။

၁၈၄၅ ခု နှစ်မှာ စတင် ထုတ်ဝေခဲ့တဲ့ စထရိတ်တိုင်း သတင်းစာဟာ ဒေသ တွင်းရှိ ခေါင်းဆောင်များမှ တစ်နှစ် တစ်ဦး ရွေးချယ်ပြီး ဒီ ဆုပေးခဲ့ပါတယ်။ ဆုပေးရာမှာ သူ့နိုင်ငံအတွင်း ( သို့ ) အာစီယံ ဒေသအတွင်း သူတို့ရဲ့ အကျိုးပြုလုပ်ငန်းတွေကို ကြည့်ပြီး ပေးတယ်လို့ သိရပါတယ်။

စစ်တပ်အစိုးရမှ အရပ်သား အစိုးရအသွင်ကူးပြောင်းခြင်း၊ ဒီမိုကရေစီစနစ် စတင်ကျင့်သုံးခြင်း၊ တံခါးဖွင့် စီးပွားရေး စနစ်ကို စတင်ကျင့်သုံးပြီး အနောက်နိုင်ငံတို့ ပိတ်ထားခဲသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနိုင်ခြင်း၊ နိုဘယ်လ် ဆုရုရှင် ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစု ကြည်ကို ပါလီမန်ထဲ ဝင်လာအောင် ဆွေးနွေး စည်းရုံးနိုင်ခြင်း စသော သူ၏ ရဲဝန့် ပြောင်မြောက်သော စွမ်းဆောင်ချက်များကြောင့် စထရိတ်တိုင်း သ တင်းစာ အယ်ဒီတာများအဖွဲ့က ၂၀၁၂ ခု အတွက် " Asian of the Year " ဆုကို မြန်မာ သမ္မတကြီး ဦးသိန်းစိန်အား ချီးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် စထရိတ်တိုင်း သတင်းစာအရ သိရပါသည်။

Original news By: Ravi Velloor. Foreign Editor.
S.T, Saturday, Dec, 15, 2012.


 ကမ်းလက် 

ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံး


အောက်စဖို့ တက္ကသိုလ်၊ ပုံနှိပ်ထုတ်ဝေရေး အဖွဲ့က အောက်စဖို့ အဘိဓာန်မှာ ချန်ပီယံဆု ရရှိသွားတဲ့ အင်္ဂလိပ် စကားလုံး အ သစ် နှစ်လုံး ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလိပ် စကားလုံး အသစ် နှစ်လုံးဆိုရာမှာ ဗြိတိသျှ အင်္ဂလိပ်နဲ့ အမေရိကန် အင်္ဂလိပ်တို့ရဲ့ အသီးသီး စကားလုံးတွေ ဖြစ်ကြပါတယ်။

" Omnishambles " က  ဗြိတိသျှအင်္ဂလိပ် ချန်ပီယံ ဖြစ်ပြီး
" gif " က အမေရိကန် အင်္ဂလိပ် ချန်ပီယံ ဖြစ်ပါတယ်။

" Omnishambles " ရဲ့ အဓိပ္ပါယ်က လုံးလုံးလျားလျား စီမံခန့်ခွဲမှု မှားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီ စကားလုံး အပါအဝင် စကား လုံး အသစ် တော်တော်များများဟာ လန်ဒန် အိုလံပစ်ပွဲတော်ကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
" Omnishambles " ရဲ့ မူရင်း စကားက " Romneyshambles " ဖြစ်ပါတယ်။  အမေရိကန်သမ္မတသစ် အိုဗားမားကို ရွေးကောက် ပွဲမှာ ရှံးသွားတဲ့ Mitt Romney က လန်ဒန် အိုလံပစ်ပွဲတော်ကို နိုင်နိုင်နင်းနင်း ကျင်ပပေးနိုင်မှာ မဟုတ်ဘူး လို့ ဝေဖန်ရာကနေ လူ သုံးများလာတဲ့ စကားဖြစ်ပါတယ်။

ဒီနှစ် ပေါက်ဖွားလာခဲ့တဲ့ စကားလုံး အသစ်တွေကတော့

Cute kittens အိုလံပစ် ချန်ပီယံများ
mummy porn ,Shades Of Grey  book series
green on blue ကြားနေ စစ်တပ်က ဝင်တိုက်ခြင်း၊ ကြားနေ အာဖဂန် စစ်တပ်၊ ရဲ တို့က နိုင်ငံခြား စစ်သားတွေကို ဝင်ရောက်ဝင် တိုက်ခိုက်ခြင်း။
Games maker အိုလံပစ်ပွဲတော် လုပ်အားပေးများ
Eurogeddon ဥရောပ စီးပွားရေး အကျပ်အတည်း
scend screening ကွန်ပျူတာသုံး၊ ဖုန်းပြောနေစဉ် တီဗွီကြည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

အမေရိကန် အင်္ဂလိပ် ချန်ပီယံ " gif " ကတော့ graphics interchange format ရဲ့ အတိုကောက်ပါ။ အရင်က နောင်း အနေနဲ့ပဲ သုံးနိုင်ပေမယ့် အခုတော့ ကြိယာ အနေနဲ့လည်း သုံးနိုင်သွားပြီလို့ ဆိုပါတယ်။
အောက်စဖို့ အဘိဓာန်အသစ်မှာ ဒါတွေ တွေ့ရတော့မှာပါ။ ပညာရှင်တို့ ဆက်လက် လေ့လာနိုင်ကြပါပြီ။



ဇင်ဝေသော်

တစ်လစာ ဖုန်း အခွန် 11 thousand trillion euros


တယ်လီဖုန်းခ ဆောင်မယ့် အမျိုးသမီးက အရေးတကြီး ဖုန်းဆက်တော့ ရုံးဝန်ထမ်းက ဖြေတယ်
" ဟယ်လို၊ ဒီလ ပေးဆောင်ရမယ့် တယ်လီဖုန်းခက သိပ်များလွန်းနေလို့ပါ "
" ဆောရီးပါရှင်၊ များလည်း ပေးဆောင်ရမှာပါ "
" မဟုတ်သေးပါဘူး၊ တစ်ခုခု မှားနေလို့ ဖုန်းဆက်တာပါ "
" ကွန်ပျူတာက မမှားနိုင်ပါဘူး ရှင် "
" တစ်လစာ ဖုန်း အခွန် က 11 thousand trillion euros ကျတယ်လို့ ဖော်ပြထားပါတယ် "
" စိတ်မကောင်းပါဘူးရှင်၊ ဒါကို ပြင်လို့ မရပါဘူး "
" ရှင်တို့ အရူးတွေပဲ၊ ဒီလောက်များတဲ့ ဖုန်းအခွန် တကမ္ဘာလုံး ဘယ်သူမှ မဆောင်နိုင်ဘူး "
" ကိစ္စမရှိပါဘူး၊ အရစ်ကျ ပေးသွားလို့ ရပါတယ် "

ပုံပြင်လို့ မထင်ကြပါနဲ့၊ ပြင်သစ်က Solenne San Jose of Bordeaux ဆိုတဲ့ အမျိုးသမီးရဲ့ တစ်လစာ ဖုန်း အခွန် က 11 thousand trillion euros ဖြစ်နေလို့ ဝန်ထမ်းကို ရှင်းပြရတာ ၄၅ မိနစ် ကြာသွားတယ်လို့ ပြင်သစ် သတင်းဌာန တစ်ခုဖြစ်တဲ့ Sud Ouest က ဖော်ပြထားပါတယ်။
( ဒီ သတင်းရဲ့ မော်ရယ်က အခွန် နဲ့ ကွန်ပျူတာကို မယုံနဲ့ တဲ့။ )

ပဲရစ် မရောက်သော လမ်း

Pakistan နိုင်ငံ၊ Lahore မြို့ကနေ ပဲရစ်မြို့ကို ထွက်တဲ့ လေယာဉ်ပေါ်မှာ အမျိုးသမီး ခရီးသည်တစ်ယောက် တရေးတမော အိပ်ပျော်သွားခဲ့ပါတယ်။ သူမအိပ်ပျော်တာ နည်းနည်းကြာသွားတော့ ပဲရစ်မြို့ လေယာဉ်ဆိုက်ချိန်မှာ မဆင်းလိုက်ရပါဘူး။ ဒါနဲ့ လေယာဉ်က ပြင်သစ်ကနေ အီတလီ၊ အီတလီကနေ Pakistan နိုင်ငံ၊ Lahore မြို့ကို ပြန်ဆိုက်ရောက်ခဲ့ပါတယ်။
သူမအိပ်ရာက နိုးလို့ ပဲရစ်ထင်ပြီး ဆင်းမယ်လုပ်တော့မှ သူမရဲ့ နေရာ Lahore မြို့ကို ပြန်ရောက်နေတယ်ဆိုတာ သိရပါသတဲ့။ သူမကို မနှိုးရကောင်းလာလို့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဝန်ထမ်းတွေကို အပြစ်တင်နေတုန်း သူမ ဖောင်ဖြည့်ထားတာတွေ၊ လေယာဉ်လက်မှတ် အချက်အလက်တွေက မညီလေတော့ တာဝန်ရှိသူတွေက သူမကို ချက်ချင်း ပြည်ဝင်ခွင့် မပေးဘူးလို့ သိရပါတယ်။
Express News၊Pakistani TV show
( ဒီ သတင်းရဲ့ မော်ရယ်က အသွား အပြန် လက်မှတ်မပါမှ လေယာဉ် ဝန်ထမ်းတွေက အိပ်ပျော်နေရင် နှိုးတယ် တဲ့ )

အမှာ။ ။ အက်ဒမင် ခွင့်ယူထားလို့ အဆင်မပြေတာတွေ ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။


 ဇင်ဝေသော်

အို... နိုး...... ဘုရားဆင်းတုတော်ကိုမှ ကွယ်.......!


ပြင်သစ် နိုင်ငံသား သုံးယောက်  ဘုရားဆင်းတုတော်ရဲ့ နှုတ်ခမ်းတော်ကို နမ်းမှုကြောင့် သိရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။ အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် ဖြစ်ပြီး အဲသလို ဓာတ်ပုံရိုက်တာက အမျိုးသမီး ဖြစ်ပါတယ်။ ဓာတ်ပုံကို ကူးရာမှာ ဖလင်ဆေးသူက တွေ့ရှိပြီး ရဲကို အကြောင်းကြားရာမှ တဆင့် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ ပြစ်ဒဏ် အနေနဲ့ ငါးနှစ်အတွင်း ထောင်ဒဏ် ခြောက်လ ကျခံရမှာဖြစ်ပြီး  ထောင်ဒဏ်ကို ရွှေ့ဆိုင်းလိုက်တဲ့ အတွက် သူတို့သွားလိုရာကိုတော့ သွားနိုင်တယ် လို့ ဆိုပါတယ်။

အရင်လကပဲ ဗုဒ္ဓဘာသာ ကျမ်းစာများကို အသရေ ဖျက်မှုကြောင့် အာရပ် တိုးရစ်  ငါးယောက်လည်း အဖမ်းခံခဲ့ရကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားပါတယ်။ ထို့အပြင် အမေရိကန် ရပ်ပ် ( Rap star ) အဆိုကျော် အကွန် ( Akon )ကိုလည်း ဘုရားဆင်းတုတော်ရှေ့ မတော်တရော် အမျိုးသမီးပုံနဲ့ တွဲပြီး မြူးဇစ် ဗွီဒီယိုထုတ်ခဲ့မှုကြောင့် ၂၀၁၀ ခု မတ်လကပိတ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က ဗုဒ္ဓ ဘား မြူးဇစ် ( Buddha bar music ) နဲ့ ဘီကီနီဝတ်းထားတဲ့ ဘုရားပုံတော်ကို တွေ့ရပြီး ရဟန်းတော်တွေက ဘာသာရေး စော်ကားမှုဖြစ်ကြောင်း တင်ပြလာလို့ အားလုံးကို ရှာဖွေ ဖမ်းဆီးဖို့ တရားရုံးချုပ်က ရဲ နဲ့ ကာစတန် ဌာန ကို အမိန့် ထုတ်ခဲ့ရပါသေးတယ်။

သီရိလင်္ကာ နိုင်ငံဟာ ဘာသာရေးနဲ့ ပတ်သက်လို့ ဥပဒေ တင်းကြပ်ကြောင်း ၊ မတော်တရော် အဝတ်အစားများနဲ့ ဘုရား ကျောင်း ကန်တွေထဲ ဝင်ခွင့်ပင် မရှိကြောင်း သိရပါတယ်။

Ref: S.T. 23,8.2012.


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

အေးဂျင့်များ က အသက်မပြည့်မီသော မြန်မာ အိမ်ဖော် မိန်းကလေးများ ကို စင်ကာပူထဲ လိမ်လည် ပို့နေ

အသက်မပြည့်မီသော မြန်မာ မိန်းကလေးများ စင်ကာပူတွင် အိမ်ဖော် အဖြစ် အလုပ်လုပ်နိုင်ရန် အသက် လိမ်လည်နေကြကြောင်း သိရသည်။ ပတ်စပို့ အတုများဖြင့် လာရောက်ကြပြီး အချို့ဆိုလျှင် ၁၆ နှစ်သာ ရှိကြသေးသည်။ ၂၀၀၅ ခုနှစ်မှ စ၍ စင်ကာပူ ဥပဒေ အရ အိမ်ဖော် မိန်းကလေးသည် အနည်းဆုံး အသက် ၂၃ နှစ် ရှိရမည်ဖြစ်သည်။ အသက်မပြည့်မီသော မြန်မာ မိန်းကလေးအိမ်ဖော်များ စင်ကာပူ၌ မည်မျှရှိသည်ကို အတိအကျ မသိရ။

စင်ကာပူရှိ မြန်မာသံရုံးကို ဆက်သွယ်ရာ သတင်းစာထွက်ချိန်အထိ ပြန်ကြားခြင်း မရှိခဲ့ပေ။ ပြဿနာကြုံလာလျှင် ထိုမိန်းကလေများကို လူမှုရေး အဖွဲ့အစည်းများက ကူညီစောင့်ရှောက်ထားကြောင်လည်း သိရသည်။ အမည်မဖော်လိုသော စင်ကာပူအေဂျင်စီ လေးခု အဆိုအရ အသက် ၂၀ အောက် မြန်မာ မိန်းကလေး အများအပြားကို မြန်မာနိုင်ငံရှိ အလုပ်အကိုင် ရှာဖွေရေး အေ့ဂျင့်က အသက်အတု၊ ပတ်စ်ပို့ အတုများဖြင့် စင်ကာသို့ လာလို့ရအောင် စီမံပေးလျက်ရှိသည်။

မြန်မာအေးဂျင့်တစ်ယောက်ဖြစ်သူ မချယ်ရီအောင်က "မြန်မာ မိန်းကလေး တွေဟာ ဝင်ငွေပိုကောင်းတယ်ဆိုတာကိုပဲ သိပြီး စင်ကာပူရဲ့ ဥပဒေကို မသိကြ။ အေးဂျင့်များ ပြောတာကိုပဲ ယုံကြည်နေကြသည်" ဟုဆိုသည်။ မြန်မာ အိမ်ဖော် မိန်းကလေး တစ်ယာက်အနေနှင့် ဒေါ်လာ ၄၀၀ မှ ၄၂၀ အထိ ရနိုင်ပြီး မိမိတို့ အိမ်ကို တစ်ချို့ ပြန်ပို့နိုင်သည်။ ခန့်မှန်းခြေ မြန်မာ အိမ်ဖော် မိန်းကလေး တစ်သောင်းခန့် စင်ကာပူ၌ ရှိသည်။

ဝရဓာတု ရတနာရာမ အဖွဲ့၏ အတွင်းရေမှူး ဦးတင်မောင်ဝင်း က မြန်မာပြည်၏ တည်ဆဲ ဥပဒေအရ မိန်းကလေးများ အိမ်ဖော်အလုပ် နိုင်ငံခြား၌ လုပ်ခွင့်မရှိ၊ တိုးရစ် ဗီဇာဖြင့် ရောက်လာပြီး မပြန်ဘဲ အလုပ် လုပ် နေကြခြင်းသာ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

မြန်မာပြည်ရှိ အရာရှိများကို လာဘ်ထိုးလိုက်လျှင် ရသည် ဟု အလုပ်သမားများက ဆိုသည်။ မျိုးမျိုး ဆိုသည့်မိန်းကလေးကို မေးမြန်းကြည့်ရာ သူမအသက် ၁၆ နှစ်သာ ရှိသေးကြောင်း၊ ပတ်စ်ပို့ အတု တစ်ခုရဖို့ ဒေါ်လာ လေးရာ ပေးရကြောင်း၊ သူမ မိခင်နှင့် အေးဂျင့်က မိတ်ဆွေရင်းများဖြစ် ပြီး မည်သူက အသက်ကို မေးမေး ၂၃ နှစ် ဟု ဖြေရန် မှာကြားလိုက်ကြောင်း ဖြေဆိုခဲ့သည်။

Ref: The Straits Time. Home. B 1. Monday, July 23, 2012.


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ဆရာပူဇော်ပွဲနှင့် စက်မှုတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအခမ်းအနား (ရန်ကုန် -၂၀၁၂)





ကမ္ဘာ့တတိယလှိုင်းကဘယ်မှာလဲ! ကျွန်တော်တို့တိတိကျကျ မသိဘူး ။
R.I.T ရဲ့တတိယ ၊ စတုတ္ထလှိုင်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့်
ကမ္ဘာ့တတိယလှိုင်းထဲမှာ ကူးခတ်နေကြတယ်။

တက္ကသိုလ်ကြီးရဲ့ ပထမ ၊ ဒုတိယမျိုးဆက် ဆရာ့ ဆရာတွေကို
တတိယ၊ စတုတ္ထမျိုးဆက်တွေက “ပူဇာစ ပူဇနေယျာနံ” ဖို့အတွက်…..

နေ့ရက်း ၂၀၁၂ ဒီဇင်ဘာ ၃၀ရက်
အချိန်း ထပ်မံကြေငြာပေးပါမည်။
နေရာရန်ကုန်နည်းပညာတက္ကသိုလ်(ယခင် ရန်ကုန်စက်မှုတက္ကသိုလ်)၊ အင်းစိန်၊ ကြို့ကုန်း။

Website ~ www.sayapzpygn.com
Facebook ~ Saya Puzawpwe and Gathering of Engineering Alumni, Yangon 2012




(တတိယလှိုင်းထဲမှာ ကူးခတ်နေသူတစ်ဦး)







Copyright © 2012 ကမ်းလက်. All rights reserved.