အမေရိကန် သမ္မတဟောင်း မစ္စတာ ခြုံပုတ် ( Gorge H.W. Bush, US President, 1989-1998 )၏ စာအုပ် အမှာ
ဝန်ကြီးချုပ်ဟောင်း လီကွမ်းယု အပေါ်၌ ကျွန်ုပ် အလွန် အမင်း လေးစားမှု ရှိခဲ့သည်။ ကျွန်ုပ်တွေ့ဆုံခဲ့ရသမျှ ဉာဏ်ပညာ အကြီးဆုံး ပြည်သူ လူထု အပေါ် အကျိုး ကျေးဇူး အကြီးမားဆုံး ကမ္ဘာ့ ခေါင်းဆောင်များတွင် လီကွမ်းယုက တစ်နေရာ အပိုင် ယူထားနိုင်ခဲ့သည်။ ထို့အပြင် သူသည် တန်ဖိုးရှိသော မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်သည်။ ဤ စာအုပ်ဖြင့် ဝန်ကြီးနည်းပြ ( Minister Mentor ) လီကွမ်းယု သည် စင်ကာပူ တစ်နိုင်ငံလုံး အတွက် အကောင်းဆုံး အမွေအနှစ် ပေးထားခဲသည်။ ထိုမျှမက သူ့အမြင် သူ့အတွေးတို့သည် စင်ကာပူသာမက ကမ္ဘာကပင် လေးစားနေကြရပြီး သူသည် စင်ကာပူ၏ ခေါင်းဆောင်သာ မဟုတ် ကမ္ဘာ့ခေါင်းဆောင် အစစ်အမှန် တစ်ယောက် ဖြစ်ကြောင်း အသိအမှတ် ပြုထားကြရသည်။
ဖြေ ။ ။ နည်းနည်းပါးပါးလောက်ပဲ သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ လို့ ထင်တယ်။ တရုတ်ယဉ်ကျေးမှုဆိုရင် နှစ်ပေါင်းငါးထောင်ကျော် ကြာခဲ့ပြီ။ တရုတ်ပြည်မှာ လူတစ်ယောက်မဲတစ်မဲစနစ် ဖြစ်လာမယ်လို့ မထင်မိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ငါတို့ စင်ကာပူက ရွေ့ပြောင်းထားတဲ့ လူ့အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့် တရုတ်လူမျိုးမှန်ပေမယ့် ပတ်ဝန်းကျင်အနေအထား ကွဲနေတယ်။ နိုင်ငံအသစ်တစ်ခုမှာ ပြောင်းရွေ့နေထိုင်တော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ကွဲပြားခြားနားတဲ့အချက်တွေကို လက်ခံနိုင်ဖို့လိုတယ်။
ဖြေ ။ ။ “ခင်ဗျား မှားတယ်” လို့ ငါပြောမှာပေါ့။ ကြည့်လေ၊ ၁၉၉၀- ခုကတည်းက ငါက အာဏာကို လက်လွတ်ခဲ့တာပဲ။ ငါတို့မူဝါဒသာ မှားခဲ့ရင် အခု အနှစ်နှစ်ဆယ်ကျော်လာပြီ။ မှားနေရမှာပေါ့။ အခု ဒီလိုမဟုတ်ဘူး။ အကြောင်းက ဘာလဲဆိုရင် ကက်ဘိနက်မှာ တာဝန်ရှိသူတွေကို ငါတို့က စေ့စေ့စပ်စပ် ရွေးချယ်ခဲ့တာ။ ပါလီမန်ထဲမှာ၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ၊ နောက်ဆုံး သမ္မတတစ်ယောက် ရွေးချယ်ရာမှာအထိ စနစ်တကျပဲ။ ဒီအတိုင်း ဆက်ခရီးသွားဖို့ ဆန္ဒရှိကြတယ်။
ဖြေ ။ ။ တိုက်ဆိုင်တယ်။ ယဉ်ကျေးမှုပေါင်းစုစနစ် ( Multiculturalism ) ဟာ အမေရိကကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ လိုအပ်ချက်တွေဟာ ဘာတွေလဲဆိုတာ သူဖွင့်ဆိုပြခဲ့တယ်။ သူရေးထားတာကို ကိုးကားပြမယ်။ “ယဉ်ကျေးမှုအကွဲအပြားကိစ္စဟာ ဒီနေ့ အမေရိက ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတစ်ခုပဲ။ အမေရိကဆိုတာ ယဉ်ကျေးမှုတစ်ခု ပဲရှိတဲ့နိုင်ငံလား ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအများအပြားရှိတဲ့နိုင်ငံလား။ တကယ်လို့ ယဉ်ကျေးမှုအများအပြားရှိနေတယ်ဆိုရင် လူမျိုးတစ်မျိုးလုံး ညီညွတ်အောင် ထိန်းပေးထားမယ့် ယဉ်ကျေးမှုဟာ ဘယ်ဟာလဲ။ သမိုင်းကို ပြန်ကြည့်ရင် အမေရိကဟာ ယဉ်ကျေးမှုကြီးတစ်ခုကို အခြေခံထားတာ တွေ့ရတယ်။ အဲဒါ အခြေချနေထိုင်လာကြတဲ့ ဗြိတိသျှတွေရဲ့ မူရင်းယဉ်ကျေးမှုပဲ။ နောက်ပိုင်း အခြေချနေထိုင်လာကြသူတွေကလည်း ဒီယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေရှိအောင် မွေးစားနေထိုင် ကျင့်သုံးကြတယ်။ အဓိကအကျဆုံးကတော့ ဥရောပရဲ့တန်ဖိုးဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား၊ ခရစ်ယာန်ဘာသာ ပရိုတက်စတင့်ရဲ့ တန်ဖိုးတွေပဲ။ လူမျိုးရေး၊ ကျင်လည်ရာဒေသ စတာတွေကလည်း တစ်ပုံစံတည်း မတူစေဦး၊ လက်လှမ်းမှီတဲ့ အနေအထားတွေ၊ ဆင်တူရိုးမှားတွေလောက်ပဲ ရှိခဲ့တယ်။ ယေဘုယျအားဖြင့် တစ်စုတည်း တစ်ဝေးတည်းပဲ။ အခု အဲဒီယဉ်ကျေးမှု အမွေအနှစ်က ယဉ်ကျေးမှုပေါင်းစုံစနစ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ နိုင်ငံရေးလောက ထဲက သမ္မတ၊ ဒုတိယသမ္မတ အပါအဝင် ဒီသဘောကို နားမလည်ဘူး။ ( သူ ဒီစာရေးစဉ်က သမ္မတက ဘီ(လ်) ကလင်တန်ဖြစ်ပြီး၊ ဒုတိယသမ္မတက အယ်လ်ဂိုးပါ။) သမ္မတ ကလင်တန်က ပြောတယ်။ ကြီးစိုးနေတဲ့ ဥရောပယဉ်ကျေးမှု မပါဝင်ဘဲ အတူတကွ ရှင်သန်လက်တွဲ နေနိုင်တယ်ဆိုတာ သက်သေပြဖို့ တော်လှန်ရေးကြီးတစ်ခု လိုအပ်ပါတယ်တဲ့။ ဒုတိယသမ္မတ အယ်လ်ဂိုးကလည်း ဟားဗတ်တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အမျိုးသားဆောင်ပုဒ် တစ်ခုဖြစ်တဲ့ E Pluribus Unum –ကို ဘာသာပြန်ရာမှာ from many one ( အများမှ တစ်စု တစ်ပေါင်း တည်းသို့ ) လို့ဘာသာပြန်ရမှာကို from one many ( တစ်စု တစ်ပေါင်း တည်းမှ အများသို့ ) လို့ မှားမှားယွင်းယွင်း ဘာသာပြန်ခဲ့တယ်။
ဒါဟာ ပညာသားပါတဲ့ ဝေဖန်ချက်ပဲ။ သူမှားနိုင် မှန်နိုင်တယ်။ ဒါပေမယ့် သူယုံကြည်တာကိုတော့ ရိုးရိုးသားသား ချရေးခဲ့တာပဲ။
Huntington က ဆက်ပြောတယ်။ “အမေရိကဟာ Multiethnic, Multiracial ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်” တဲ့။
ငါကိုယ်တိုင်ကတော့ Multiethnic နဲ့ Multiracial နှစ်ခုရဲ့ ခြားနားချက်က ဘာလဲဆိုတာ မသိဘူး။ အတူတူပဲထင်တယ်။
“တကယ်လို့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေပြီး အဓိကလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကြီးတစ်ခု မရှိဘူးဆိုရင် တစ်မျိုးသားလုံး တစ်သားတည်းဖြစ်နေဖို့ ဘာနဲ့ ချည်နှောင်ထားမှာလဲ။ အဖြေမှန်က- အမေရိကန်တွေဟာ လွတ်လပ်ရေးကြော်ငြာစာတမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေနဲ့ အခြားအချက်တွေပေါ် အခြေခံပြီး ညီညွတ်နေကြတာပါ။ အမေရိကန်တွေရဲ့ ယုံကြည်မှု၊ လွတ်လပ်ရေး၊ ကုန်သွယ်ရေး စတာတွေလည်း ပါဝင်တာပေါ့။ အမေရိကန်အများစုဟာ ဒီတန်ဖိုးတွေကို လက်ကိုင်ထားကြတယ်။ ဒီတန်ဖိုးတွေက မူလယဉ်ကျေးမှုကို အခြေခံ၊ မှီခိုပြီး ရလာတဲ့ တန်ဖိုးတွေပဲ။ အဲဒီ မူလယဉ်ကျေးမှု ပျောက်ဆုံးသွားပြီဆိုပါတော့ ဒီယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ နိုင်ငံရေးမူဝါဒက တစ်မျိုးသားလုံး ညီညွတ်အောင် ဘယ်လိုထိန်းထားနိုင်မလဲ။ နိုင်ငံရေးမူဝါဒတစ်ခုတည်းနဲ့ ချည်နှောင်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား တို့ကိုကြည့်တော့ ယဉ်ကျေးမှုမပါဘဲ အာမခံချက်မရှိလှဘူးဆိုတာ တွေ့ရတယ်။ အမေရိကရဲ့ လတ်တလော အရေးကြီးကိစ္စက သမိုင်းတစ်လျှောက်လုံး အမေရိကကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းမလား၊ တစ်စစီ ပြိုကွဲသွားတာကို ထိုင်ခံမလားဆိုတာပဲ။ ဥရောပဆန်တဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန် ပရိုတက်စတင့် ရဲ့ အဆုံးအမ၊ အင်္ဂလိပ်ဘာသာစကားက ရတဲ့ ယဉ်ကျေးမှုတွေကြောင့် နိုင်ငံဘဏ္ဍာ၊ နိုင်ငံရဲ့ ပါဝါ၊ လွတ်လပ်ရေး အခြေခံမူဝါဒ၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ စတာတွေ ရခဲ့ကြတယ်။ ဒါကြောင့်ပဲ အမေရိကဟာ ကမ္ဘာ့လူသားတွေရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့တယ်။ ဒီယဉ်ကျေးမှုကို ဖျက်ဆီးပစ်ဖို့ ကြုံးဝါးနေသူတွေ အခုရှိနေပြီ။ ဒါဟာ ၂၁- ရာစုအဝင် ပထမဆုံးနှစ်ကစလို့ အမေရိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပဲ။ ”
သူက စပိန်တွေအကြောင်းတော့ ပြောမသွားခဲ့ဘူး။ ဒီမိုကရက်တွေဖြစ်ကြတဲ့ ကလင်တန်နဲ့ အယ်လ်ဂိုးကိုတော့ သတိပေးသွားတယ်။ “ ခင်ဗျားတို့ မဆိုင်တာတွေ လုပ်နေကြတယ်။ ခင်ဗျားတို့ လုပ်ရမှာက ဒီလူတွေက ယဉ်ကျေးမှုထဲဝင်လာအောင် စည်းရုံးရမှာ၊ ယဉ်ကျေးမှုပေါင်းစုံ စနစ်ကို အားပေးအားမြှောက်လုပ်ရမှာ မဟုတ်ဘူး။ ယဉ်ကျေးမှုပေါင်းစုံတွေက ခင်ဗျားတို့ကို ဝါးမြိုသွားလိမ့်မယ်” တဲ့။
ကဲ ဒါဆို ငါတို့ကရော ဘယ်လိုလဲ။ စင်ကာပူဟာ ယဉ်ကျေးမှုတစ်ခုတည်း ဖြစ်နိုင်သလား။ ငါတော့ မထင်ဘူး။ ကိုးကွယ်တဲ့ဘာသာတစ်ခုတည်း ဖြစ်နိုင်သလား။ လုံးဝပဲ။ ဘုံဆိုင်နေရာတစ်ခု၊ အဲဒါက အမြဲတစေ ကြီးထွားနေပြီး ပုဂ္ဂလိက အယူအဆ ခြားနားမှုတွေ အရင်းအတိုင်းပဲ ရှိနေမယ်။ ဒီလို အခြေအနေအတိုင်း အမြဲရှိနေနိုင်သလား။ တစ်ခု၊ တစ်ဝါဒ၊ တစ်ဘာသာကြီးစိုးမှုက အချိန်အတော်လိုလိမ့်မယ်လို့ ငါထင်တယ်။ ဒီတော့ ငါတို့ကို အတူတကွ ညီညွတ်အောင် ထိန်းပေးထားနိုင်တာက ဘာဖြစ်မလဲ။ စီးပွါးရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပုံမှန်ဖွံ့ဖြိုးနေမှုလို့ ငါယုံကြည်တယ်။ ဒါက လူထုရဲ့ စိတ်ထဲမှာ စွဲနေတယ်။ ဒီ အခြေအနေမျိုးမှာ မတူညီတဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ လူမျိုးရေး စတာတွေနဲ့ပတ်သက်ပြီး စတင်အငြင်းပွါးနေကြ၊ ခိုက်ရန်ဖြစ်နေကြပြီဆိုရင်တော့ အဲဒီနိုင်ငံ ပြိုကွဲတော့မှာပဲ။ ဒီတော့ တို့မူဝါဒက-
“Let’s live and let live” ပဲ။
မင်းပို့ထားတဲ့ မေးခွန်းကိုငါရတယ်။ ( S- Rajaratnam School of International Studies) ကျောင်းမှာ ဆန္ဒကောက်ထားတဲ့စာလေ။ ကောက်ယူထားတဲ့ စစ်တမ်းအရ ၉၀- ရာခိုင်နှုန်း တရုတ်တွေက တရုတ်မဟုတ်တဲ့ ပါလီမန်အမတ်ကိုလည်း မဲပေးမယ်တဲ့။ ဒါကို မင်းယုံကြည်သလား။ လုံးဝ အဓိပ္ပါယ်မရှိဘူး။ အဲဒါ နိုင်ငံရေးစကားပဲ။ အဓိက အဖွဲ့တွေမှာ တရုတ်တစ်ယောက် အမြဲတမ်းထည့်ထားပေးရတယ်။ ဟောင်ကန်းက အတိုက်အခံ Low Thia Khaing ကိုမေးကြည့်။ ဒါကို အခြေခံကျကျ ဘယ်လိုသဘောပေါက်သလဲလို့။ ဒီလိုမလုပ်ရင် မင်းရှုံးသွားမှာပေါ့။
ဖြေ ။ ။ အမြဲတမ်းလို့ ပြောဖို့ကတော့ သိပ်ရှည်လျားလွန်းပါတယ်။ ငါ့တစ်သက်၊ မင်းတစ်သက်မှာတော့ အပြောင်း အလဲ ဖြစ်ဖို့ လမ်းစ မရှိနိုင်သေးဘူးလို့ ငါထင်တယ်။
ဖြေ ။ ။ မင်းဒါကို ယုံကြည်သလား။
ဖြေ ။ ။ မင်းတို့ရော၊ ငါရော ဒီကိစ္စကို သဘောပေါက်တယ်။ ချမှတ်ထားတဲ့ မူ ဝါဒတွေ ကို အခြေခံပြီး ငါတို့က တစ်ခုခုကိုပြောကြရတာပဲ။ ဒါကို တကယ်တမ်း ရွေးချယ်ပြီးကျင့်သုံးရာမှာတော့ ပြဿနာက တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တယ်။ ဒါက မလွယ်လှဘူး။
ဖြေ ။ ။ မင်းမှတ်မိလောက်တဲ့အရွယ် ရောက်ပြီလားဆိုတာမသိဘူး။ ဘာဖြစ်လို့ ငါတို့ စနစ်ပြောင်းခဲ့ရတယ် ထင်သလဲ။ အရင့်အရင်နှစ်တွေတုန်းက ဘယ်သူဝင်ပြိုင်တာပဲဖြစ်ဖြစ် ပီအေပီရဲ့ ကိုယ်စားလှယ်ဆိုရင် လူထုက မဲပေးလိုက်ကြတာ။ ကြာလာတော့ မဲပေးသူတွေက ပါးနပ်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပီအေပီအစိုးရပဲ အနိုင်ရမှာပဲ။ ဒီတော့ ငါတို့ နဲ့ လူမျိုးတူတဲ့ အမတ်လောင်းကို မဲပေးတော့မယ်ဆိုတဲ့ အတွေးဝင်လာကြတယ်။ ဒါကို ငါသဘောပေါက် မိတယ်။ ငါတို့ ဒုက္ခရောက်သွားနိုင်တယ် ဆိုတာကိုလည်း သတိထားမိတယ်။ ဆိုလိုတာက မလေးလူမျိုးအမတ်လောင်းတွေနဲ့ ပတ်သက်ပြီး ငါတို့ ပြဿနာကြုံခဲ့ရဖူးတယ်။ နာမည်တွေတော့ ပြောမနေတော့ဘူး။ ဒီတော့ နောက်ဆုံး မိနစ်ရောက်မှ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ သူက ပြိုင်ဖက်တရုတ် အမတ်လောင်းတွေကို မယှဉ်နိုင်ဘူး။ တရုတ်တွေက သူ့ကို မဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ပထမ မဲဆန္ဒနယ် ပြောင်းပေးရတယ်။ နောက် ပြီးတော့ သူ့ကို ခေါက်ကို ခေါက်ထားလိုက်ရတော့တယ်။
ဒီနေ့ အခြေအနေ အတော်ကောင်းလာလို့ အရည်အချင်းရှိတဲ့ မလေး ကိုယ်စားလှယ်တွေကို နိုင်ငံရေးထဲ ငါတို့သွင်းလာနိုင်တယ်။ အဲဒီ မလေးတွေက အတိုက်အခံပါတီကို ပြောင်းလိမ့်မယ်လို့ မင်းတို့ထင်သလား။ ငါတို့ မထင်ဘူး။ ပီအေပီမှာ အတူပူးပေါင်းလို့ ရနေသေးသမျှပေါ့။ မဟုတ်ဘူးလား။ ဒါကြောင့် မလေးလူတော်တွေရအောင် ငါတို့ အသည်းအသန်ရှာယူကြတယ်။ ကက်ဘိနက်ထဲ သူတို့ပါနေစေချင်တယ်။
ဇင်ဝေသော်