ရှေးရှေးက ပိဋကတ် သုံးပုံကို ဝိနည်း၊ သုတ္တန် အဘိဓမ္မာ ဟု သုံးမျိုးခွဲသည်။
ယနေ့ခေတ် ပညာရှင် အချို့က ဝိနည်းကို ရဟန်းသိက္ခာ အတွက် လက်ရှောင်ပြီး အထက်ပါ ပိဋကတ် ( သုတ္တန် အဘိဓမ္မာ ) နှစ်ပုံကို
၁ ) Devotional Buddhist teachings
၂ ) Intellectual Buddhist teachings
၃ ) Practical Buddhist teachings ဟု ခွဲခြားကြသည်။
၁ ) Devotional Buddhist teachings ဟူသည် သဒ္ဓါတရားကို အားကောင်းစေ၏၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ ယုံကြည်နိုင်ပြီး မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ်သောပညာရှင်တို့က လဲဂျင့် ဟူသာ သာမန်လက်ခံသည်။ ဗုဒ္ဓ၀င် အသေးစိတ်၊ ၅၅၀ ဇာတ် စသည်တို့ ပါဝင်သည်။ ဗုဒ္ဓ၀င် နှင့် ပတ်သက်၍ တညီတညွတ်တည်း လက်ခံနိုင်သည်မှာ "ဗုဒ္ဓ " ဟူသော ပုဂ္ဂိုလ်ထူး တကယ်ရှိခဲ့သည်၊ မိဘ ဆွေမျိုးမျာလည်း ရှိခဲသည်၊ ကပိလ ဝတ္ထု ၊ ဇေတဝန် စသော ကျောင်းတော်များ တကယ်ရှိခဲ့သည် စသည်တို့ကို တူးဖော်တွေ့ရှိမှု အထောက် အထားတို့အရ သိရသည် ။ သို့သော် ထို ဗုဒ္ဓ နှင့် ပတ်သက်၍ မွေးသက္ကရာဇ်ကိုပင် အယူအဆ အားလျော်စွာ အမျိုးမျိုး ကွဲလွဲနေသည်။ ၅၅၀ ဇာတ်တော် စသည်တို့ကလည်း ပုံစံ အမျိုးစုံဖြင့် ဗုဒ္ဓဘာသာ ဟုတ် မဟုတ်သော အာရှ ယဉ်ကျေးမှုတို့၌ တွေ့ရသည်။ ပညာရှင် လက်ခံနိုင်သည့် အထောက်အထားများ ပထမဆုံး ဖော်ပြနိုင်သည်မှာ အသောက ကျောက်စာများသာ ဖြစ်ပြီး ထိုမှ သဲလွန်စ ယူကာ ဆက်လက် သုတေသန ပြုနိုင်ကြသည်။ မည်သို့ ဖြစ်စေ ဗုဒ္ဓဘာသာ များ အနေနှင့် ဤမျှဆို ကျေနပ်ဖွယ်ပင် ဖြစ်၏။ အလက်ဇန်ဒါး စသော ထိုထိုပညာရှင်တို့ မပါဘဲ လုမ္ဗိနီ ဘယ်မှာရှိသည်ပင် အန္ဒိယသားများ၊ နီပေါသားများ၊ ဗုဒ္ဓဘာသာအားလုံးများ မသိခဲ့ကြ။ သုတ္တန် ပိဋကတ်ထဲမှ အချိ့ကိုလည်း ဤ၌ ထည့်သွင်းနိုင်သည်။
၂) Intellectual Buddhist teachings ဟူသည် ပညာရှင်ဆန်ပြီး စူးစမ်းလေ့လာမှုကို အားပြုသော အဆုံးအမတို့ ဖြစ်သည်။ အဘိဓမ္မာ ပိဋကတ်၊ ဗြဟ္မဇာလသုတ် စသည်တို့ များစွာဤ၌ ပါဝင်သည်။
၃ ) Practical Buddhist teachings ဟူသည် လက်တွေ့ အကျဆုံး အဆုံးအမတို့ ဖြစ်သည်။ မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒ သုတ်၊ မေတ္တသုတ်၊ မဟာသတိပဋ္ဌာသုတ် စသည်တို့ များစွာပါဝင်သည်။
သုံးမျိုးသော အဆုံးအမတို့ကို အခြေခံပြီး သုံးမျိုးသော ဗုဒ္ဓဘာသာတို့ ကွဲပြားလာသည်။
၁ ။ မိရိုးဖလာ ဗုဒ္ဓဘာသာ
၂ ။ ပညာရှင်ဆန်သော ဗုဒ္ဓဘာသာ
၃ ။ လက်တွေ့ကျသော ဗုဒ္ဓဘာသာ တို့ ဟုဖြစ်လေသည်။
၁ ။ မိရိုးဖလာ ဗုဒ္ဓဘာသာများက Devotional Buddhist teachings ကို သဘောကျသည်၊ ရိုးသားသည်၊ ယုံကြည်လွယ်သည်၊ လေ့လာသုံးသပ်မူ အားနည်းသည်။ မိမိနှင့် မတူလျှင် လက်မခံတတ်၊ သို့သော် သဒ္ဓါတရားကြောင့် အေးချမ်း၏။
၂ ။ ပညာရှင်ဆန်သော ဗုဒ္ဓဘာသာက Intellectual Buddhist teachings ကို သဘောကျသည်၊ လေ့လာသည်၊ အလွယ်တကူ မယုံကြည်၊ မိမိနှင့် မတူသော်လည်း မတူညီမှုကို သဘောပေါက်သည်၊ ဆွေးနွေးမှု၌ ဝါသနာပါသည်၊ ကောင်း၏ သို့သော် ကျင့်ဖို လိုသေး၏။
၃ ။ လက်တွေ့ကျသော ဗုဒ္ဓဘာသာက Practical Buddhist teachings ကို သဘောကျသည်၊ ကျင့်သည်၊ ထွေထွေထူးထူး သိပ်မပြော၊ ပြောစရာရှိ၍ ပြောရမည်ဆိုလျှင်လည်း အကျိုးအကြောင်းညီညီသာပြောပြီး သူ့အလုပ်ကိုသာ ဆက်လုပ်နေတတ်သည်။ ဗုဒ္ဓဘာသာ သုံးယောက်တွင် အဆင့် အမြင့်ဆုံးဟု မှတ်ယူရပေမည်။ ကုန်ကုန်ပြောရလျှင် အထက်ပါ လေးသုတ်ကိုသာ ( မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒ သုတ်၊ မေတ္တသုတ်၊ မဟာသတိပဋ္ဌာသုတ် ) ကျင့်သုံးနိုင်လျှင် လောကီ လောကုတ္တရာ ပြည့်စုံပြီး နိဗ္ဗာန်အထိရောက်နိုင်ပြီဟုပင် ဆိုနိုင်ပေပြီ။