ဒီနေ့မနက် "ငွေနဲ့ အရင်းအမြစ်" နဲ့ပတ်သက်တဲ့ မေးခွန်းတချို့ မေးကြည့်ရအောင်။


၁။ မြန်မာပြည်မှာ တာဝန်သိဂျာမန်အမျိုးသမီးကြီးလို ပုဂ္ဂိုလ်တွေ ရှိနိုင်မလား။
(ရှိမယ်၊ ရှိတယ်၊ အနည်းဆုံး အစိုးရကပညာပေးနိုင်ရင်၊ ဥပဒေကလည်း အသက်ဝင်ရင် ရှိလာနိုင်တယ်၊ ဒါက လူထုကိစ္စ)

၂။ အဲသလို ထိရောက်တဲ့စနစ်နဲ့ မှန်ကန်တဲ့အရာရှိတွေ ရှိနိုင်မလား။
(စနစ်ကတော့ စက္ကူ ပေါ်မှာသာရှိပြီး ဘာမှအလုပ်မဖြစ်သေးဘူး၊ အရာရှိက သူ့စားဝတ်နေရေး ပြေလည်မှု၊ လုထုနဲ့အစိုးရဆီကဖိအားပေးမှုတွေရှိလာရင် မှန်ကန်လာနိုင်တယ်။)

၃။ အရာရှိဒဏ်ရိုက်လိုက်တဲ့ ငွေ ၅၀ က ဘယ်ရောက်သွားမှာလဲ။
(လက်ရှိအနေအထားအရကတော့ အရာရှိအိပ်ကပ်ထဲရောက်ဖို့ပဲ များတယ်။ ဘီယာဖိုးတောင် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်၊ ဒီအဖြေအတွက် ရွှေလိုရှားတဲ့ သူတော်ကောင်းအရာရှိတွေကို တောင်းပန်ပါတယ်)

၎။ စနစ်တကျပညာပေးမှုကို ဝမ်းမြောက်ဝမ်းသာခံယူ၊ ဒဏ်ငွေကို ကျေကျေ နပ်နပ်ပေး၊ ကျေးဇူးစကားအထပ်ထပ်ဆိုတဲ့ ပြည်သူ ရှိမလား။
(ကျားကျားမီးယပ် လူဂျစ်ကပ်အနည်းစုကလွဲရင် လူထုရဲ့ လက်ရှိလေ့လာလိုမှု၊ လူကြီးလူကောင်းဆန်လိုမှုဟာ မသေးလှဘူးထင်တယ်၊ အများစုက ကမ္ဘာ့ မိသားစုထဲက ကိုယ့်နေရာကို သိကြတယ်။ ကျိုးစားပြီး လိုက်နေကြတယ်)

၅။ အရင်းအမြစ်တန်ဖိုးကို အစိုးရဆိုသူတွေက သိသလား။
(ဖြေဖို့ဝမ်းနည်းစရာအကောင်းဆုံးက ဒီမေးခွန်း၊ စားကြွင်းစားကျန်လောက်ကို အသာထား မြေ၊ ရေ၊ ဂက်စ်၊ မြစ်၊ သဘာဝ ဝန်းကျင် ဆိုတာကြီးတွေရဲ့ တန်ဖိုးကို မသိကြတာ။ တရုတ်နဲ့အပေါင်းများရင် သိလာစရာလည်း သိပ်မရှိသေးဘူး။

လက်ရှိအစိုးရထဲမှာ အရင်းအမြစ်တန်ဖိုးကို
(က) လုံးဝမသိသူ
(ခ) သိလျက်မိုက်သူ၊ အတ္တကြီးသူနဲ့
(ဂ) သိပေမဲ့ အထက်က နှစ်ယောက်ကို မလွနဆန်နိုင်လို့ ငုံ့ခံနေရသူတွေပဲ ရှိလို့
သာလွန်မင်းတြားကြီးရဲ့ စစ်ကိုင်းက မုဆိုးမထမင်းရေကလည်း ပါးစပ် အရသာခံပြောတာကလွဲလို့ ဘာမှအသုံးမကျနိုင်သေးဘူး။

မန္တလေးတက္ကသိုလ် ဆွမ်းကပ်ဖို့ရက်


မန္တလေးတက္ကသိုလ် ဆွမ်းကပ်ဖို့ရက်အားမေးထားတဲ့ သူငယ်ချင်းက အီးမေးမပြန်သေးဘူး။ လေးရက်ရှိပြီ။
အတန်းတင်စာမေးပွဲပြီးစ၊ ကျောက်တော်ကြီးဘုရားပွဲက လှိုင်လှိုင်၊ အလွန်အလုပ်ရှုပ်တတ်တဲ့ ရက်တွေ။
သူလည်း မအားဘူးဖြစ်နေတာနေမှာ။

ငွေနဲ့ အရင်းအမြစ်


"ကုန်သလောက်ပဲမှာပါ၊ မှာသလောက် ခင်ဗျားတို့ပေးတယ်ဆိုပေမဲ့ ငွေကသာ ခင်ဗျားတို့ငွေဖြစ်ပြီး ခင်ဗျားတို့ ဖြုန်းတီးတဲ့အရင်းအမြစ်တွေက လူသားတစ်ရပ်လုံး နဲ့ ဆိုင်ပါတယ်" (ဂျာမန်အရာရှိ)

အလုပ်ကိစ္စနဲ့ ဂျာမဏီနိုင်ငံ၊ ဟမ်းဘတ်မြို့ကိုရောက်စဉ်ကပါ။ ကျနော်နဲ့ ကျနော့် မိတ်ဆွေ စားသောက်ဆိုင်ထဲ ရောက်ချိန်မှာ ဟင်းတစ်ခွက်စီ၊ ဘီယာတစ်လုံးစီနဲ့ ညစာစားနေကြတဲ့ လူငယ်အတွဲတစ်တွဲကို တွေ့ရတယ်။ ကျနော့်စိတ်ထဲမှာတော့ ဒီလောက် အစားအသောက်လေးနဲ့ ဘယ်လိုလုပ် ရိုမက်တစ်ဆန်နိုင်မလဲ ဆိုတာ ရှိနေပါတယ်။ အခြားစားပွဲတစ်လုံးမှာလည်း စားစရာအနည်းငယ်နဲ့ အဘွားကြီး အုပ်စုကို တွေ့ရပါတယ်။




ကျနော့်မိတ်ဆွေက စားစရာတွေမှာတယ်၊ မကြာဘူး၊ စားစရာတွေရောက်လာ တယ်။ သွားစရာကရှိနေတော့ အကုန်မစားတော့ပဲ စားပွဲထိုးကို ခေါ်၊ ငွေရှင်းပြီး ထွက်ခဲ့ကြတယ်။
ကျနော်တို့ဆိုင်ကထွက်တော့ အင်္ဂလိပ်လို နောက်ကနေ လှမ်းခေါ်သံ ကြားလိုက် ရတယ်။ အဘွားကြီးတွေက လှမ်းခေါ်တာ။ စားစရာတွေ မှာပြီး ကုန်အောင်မစား လို့ တဲ့။
ကျနော့်မိတ်ဆွေက တော်တော်စိတ်တိုသွားတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မှာတာ မကုန်တော့ ဘာဖြစ်သေးလဲ လို့လည်း ပြန်ပြောတယ်။
ဒီမှာပဲ သူတို့အထဲက တစ်ယောက်က တစ်နေရာရာကို ဖုန်းလှမ်းဆက်တယ်။
မကြာမီမှာပဲ လူမှုလုံခြုံရေးအရာရှိရောက်လာပြီး ကျနော့်မိတ်ဆွေကို ဒဏ်ငွေ ငါးဆယ် အဆောင်ခိုင်းပါတယ်။
သူရှင်းပြတာက
"နောက်ဆို ကုန်သလောက်ပဲမှာပါ၊ မှာသလောက် ခင်ဗျားတို့ပေးတယ်ဆိုပေ မဲ့ ငွေကသာ ခင်ဗျားတို့ငွေဖြစ်ပြီး ခင်ဗျားတို့ ဖြုန်းတီးတဲ့အရင်းအမြစ်တွေက လူသားတစ်ရပ်လုံးနဲ့ ဆိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရိက္ခာပြတ်လပ်ပြီး စားရာမဲ့ သောက်ရာမဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာ သတိရပါ" တဲ့။

ဒါဟာ ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းဝင် ဂျာမဏီရဲ့ စာနာထောက်ထားမှုပါပဲ။ ကျနော့်မိတ်ဆွေဆိုရင် အမြင်မှန်ရသွားပြီး အရာရှိကိုရော အဘွားကြီးတွေကို ပါ တောင်းပန်စကား ပြောမဆုံးပေါင် ဖြစ်နေရှာတယ်လေ။
ဒီစာဖတ်သူတိုင်း ဒီအမြင်လေးရသွားရင် ကျနော်တို့ ကမ္ဘာ့ရိက္ခာတွေ အများကြီး ချွေတာပြီးသားဖြစ်သွားမှာပါ။

(အီးမေးကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ)

MONEY IS YOURS BUT RESOURCES BELONG TO THE SOCIETY.

Germany is a highly industrialized country. It produces top brands like Benz, BMW, Siemens etc. The nuclear reactor pump is made in a small town in this country. In such a country, many will think its people lead a luxurious life. At least that was my impression before my study trip.

When I arrived at Hamburg, my colleagues who work in Hamburg arranged a welcome party for me in a restaurant. As we walked into the restaurant, we noticed that a lot of tables were empty. There was a table where a young couple was having their meal. There were only two dishes and two cans of beer on the table. I wondered if such simple meal could be romantic, and whether the girl will leave this stingy guy.

There were a few old ladies on another table. When a dish is served, the waiter would distribute the food for them, and they would finish every bit of the food on their plates.

We did not pay much attention to them, as we were looking forward to the dishes we ordered. As we were hungry, our local colleague ordered more food for us.

As the restaurant was quiet, the food came quite fast. Since there were other activities arranged for us, we did not spend much time dining. When we left, there was still about one third of unconsumed food on the table.

When we were leaving the restaurant, we heard someone calling us. We noticed the old ladies in the restaurant were talking about us to the restaurant owner. When they spoke to us in English, we understood that they were unhappy about us wasting so much food. We immediately felt that they were really being too busybody.

"We paid for our food, it is none of your business how much food we left behind," my colleague Gui told the old ladies.

The old ladies were furious. One of them immediately took her hand phone out and made a call to someone. After a while, a man in uniform claimed to be an officer from the Social Security organization arrived. Upon knowing what the dispute was, he issued us a 50 Mark fine. We all kept quiet. The local colleague took out a 50 Mark note and repeatedly apologized to the officer.

The officer told us in a stern voice, "ORDER WHAT YOU CAN CONSUME, MONEY IS YOURS BUT RESOURCES BELONG TO THE SOCIETY. THERE ARE MANY OTHERS IN THE WORLD WHO ARE FACING SHORTAGE OF RESOURCES. YOU HAVE NO REASON TO WASTE RESOURCES.”

Our face turned red. We all agreed with him in our hearts. The mindset of people of this rich country put all of us to shame. WE REALLY NEED TO REFLECT ON THIS. We are from a country which is not very rich in resources. To save face, we order large quantity and also waste food when we give others a treat.

THIS LESSON TAUGHT US A LESSON TO THINK SERIOUSLY ABOUT CHANGING OUR BAD HABITS.

My colleague photostated the fine ticket and gave a copy to each of us as a souvenir. All of us kept it and pasted on our wall to remind us that we shall never be wasteful.

Please circulate so that our society would be enriched.


"အိမ်"


၁။ ငါပွင့်လိုက်တဲ့မနက်ခင်းမှာ မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ်နဲ့ ပန်းလေးတစ်ပွင့်ဟာ ပွင့်ဖို့ကြောက်အားပို ခြေလှမ်း ရွံ့နေ ခဲ့ပါသလား။
၂။ ဒါဆို ငါဆောက်လိုက်တဲ့အိမ်ကလေးအပြီးမှာ ငါ့အိမ်ကလေးရဲ့အမိုးတွေကို ခိုးယူသွားမယ့် မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ် နဲ့ကော အိမ်ဆောက်ဖို့ စို့ရွံ့နေသင့်ပါသလား။
၃။ ရောက်တဲ့ကမ်းတိုင်းကို စွန့်ခွာရမှာပဲဆိုတဲ့အသိနဲ့ မြစ်တစ်စင်းဟာ ကမ်း အသစ်ဆီဆိုက်ရမှာကို စိုးရွံ့နေတတ်ပါသလား။
၎။ ဒါဆို" ကွေကွင်းနောက်ဆုံးရှိခြေပြီ" ဆိုပြီး ဘာကိုမှ မချစ်ဘဲနေသွားသင့်ပါ သလား။

လောကဓမ္မကိုသင်ကြားခြင်းသည် အရှိတရားကို လက်ခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့နေဖို့မဟုတ်ဟုထင်ပါသည်။
အနားမှာ ဘာမှ၊ ဘယ်သူမှ မရှိဘူးဆိုစေ(သို့) အရာခပ်သိမ်းမှ ထွက်ပြေးသည် ဆိုစေ ကျွန်တော်တို့ကိုယ်တိုင်ဆောက်ခဲ့တဲ့ ခန္ဓာအိမ်တော့ရှိနေပါလိမ့်မည်။
ထိုအိမ်ကလေး အမိုးမကွာဖို့ တတ်နိုင်သရွေ့ စောင့်ရှောက်ထားရပါဦးမည်။
စောင့်ရှောက်နေသည့်ကြားမှလည်း အမိုးကွာကောင်း ကွာသွားနိုင်ပါသေးသည်။
ထိုကာလအတွင်း ချစ်စရာ လူ၊ အရာဝတ္ထုတို့ကိုလည်း ရိုးရိုးသားသား ချစ်သွား ကြရပါလိမ့်ဦးမည်။






မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရသကဲဆောင်းပါးလေးတစ်ပုဒ်ကို "အိမ်" နဲ့ ပတ်သက် တဲ့ ဂျာနယ်တစ်ဆောင်အတွက် ရေးဖြစ်ပါသည်။ အပြည့်အစုံကိုတော့ သူတိုဖော်ပြပေးပြီးမှပဲ တင်သင့်သည်ဟု ယူဆပါသည်။

စာအုပ်မိတ်ဆက်ပွဲ ကီးပလေးယားများ


၁။ အခန်းနားမှုး မရွှေဇင်မိုး(ရွှေမြန်မာမဂ္ဂဇင်းအဖုံးရှာကြည့်ရင် တွေ့နိုင်၊ ဒါဆို မြန်မာဆန်ဆန် လှသူမှန်း သိ)
၂။ ဆရာ သစ္စာနီ (ပုပြီး မပုသူ)
၃။ ဆရာ မောင်စိမ်းနီ (တစ်ခါတစ်ခါ ကလေးဆိုးကြီးလို)
၎။ အရှင်ကဝိသရ(စာအုပ် ဖီးဘက် ပထမဆုံးပေးတဲ့ ပဒတ်ထိုင်းသား၊ မြို့နယ်တူ)
ကိုဖြူဖွေး၊ ကိုအောင်ထိပ်(ဒေါက်တာ၊ ကဗျာဆရာ၊ ပဲခူးသား၊ အစာအိမ် အတွက် ဆေးစာရေးပေးသူ၊ သိန်း ၂၀ နဲ့ ပီယာနိုဝယ်ပြီး ဒို၊ ရေ၊ မီ ကနေ မတက်နိုင်သူ)၊ ကိုကျော်သာတို့ကိုတော့ တစ်ယောက်ထဲပုံ မရှိလို့ မတင်တော့ ဘူး။