Thitsarni Poet


 
စင်္ကာပူ joo Enousရှိ
မင်္ဂလာဝိဟာရ သုံးထပ်ကျောင်းမမှာတည်းနေပါတယ်။အဲဒီကျောင်းထိုင် ဆရာတော်ဦးစိတရ္တက စာရေးဆရာ ကဗျာဆရာ ဇင်ဝေသော်ပါ
အခုအဲဒီကျောင်းမှာဂျာမဏီကပြန်လာတဲ့ ကျနော်နဲ့ခင်တဲ့ဆရာတော်
ဒေါက်တာအရှင်ဝိစိတ္တသာရလဲ(စာရေးဆရာဓမ္မဂင်္ဂါ)လဲရောက်နေတော့ ပိုအဆင်ပြေသွားပါတယ်။
 
 

ငြိမ်းချမ်းရေးဆိုတာ


"ငြိမ်းချမ်းရေးဆိုတာ ရန်သူကို အမြစ်ပါမကျန် တော်လှန်ခြင်းဖြစ်တယ်" လို့ မောင်းချဓားကလေးက အဆိုပြုတယ်။
"ဟင့်အင်း၊ ဟင့်အင်း။ မဟုတ်ဘူး၊ မဟုတ်ဘူး။ နှလုံးသားချင်း လက်ဆွဲနှုတ် ဆက်ပြီး ဦးနှောက်ချင်း အပေးအယူညှိယူတာမျိုးသာ ငြိမ်းချမ်းရေး အစစ်ဖြစ် တယ်"
လို့ ခေါင်းတခါခါနဲ့ ပန်းကလေးက ငြင်းသတဲ့။
ဒီကိစ္စ သူတို့ ဆွေးနွေလာလိုက်ကြတာကလည်း
ကမ္ဘာမြေရဲ့လူသားပျိုးခင်း
လေးဖက်တွားသွားစကတည်းက တဲ့လေ။

(ညီမလေးကိုပြောမိတဲ့ ပုံပြင်များမှ)

ဇင်ဝေသော်

မနက်စာ စားအပြီး ကျောင်းဝန်းကျင် တိုးရ်


ဇင်ဝေသော်၊ သစ္စာနီ၊ ဓမ္မဂင်္ဂါ။



ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ


ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ။
သို့သော် အမိအရဖမ်းယူလိုက်နိုင်သော ဤဓာတ်ပုံကြောင့် (ဤမျှ) ဟက်ဟက် ပက်ပက် ရယ်မောလိုက်မိကြောင်း မဖြစ်မနေ ဝန်ခံရပါတော့မည်။
၂၀၁၅ သည် ကံကောင်းသော၊ ရယ်မောဖွယ်များသော နှစ်ဖြစ်ကြောင်း သိရပါ သည်။
၆ ရက်ခန့်ကရောက်သော ဓမ္မဂင်္ဂါသည်လည်းကောင်း
ယနေ့ရောက်သော သစ္စာနီသည်လည်းကောင်း
ကျွန်ုပ်သည်လည်းကောင်း


ဆရာတော် ဓမ္မဂင်္ဂါ ပထမဆုံးနေ့ Home visit ကို လိုက်ပါချီးမြှောက်ပေးခဲ့


ဆရာတော် ဓမ္မဂင်္ဂါ ပထမဆုံးနေ့ Home visit ကို လိုက်ပါချီးမြှောက်ပေးခဲ့သည်။ ဂေါပက ဥက္ကဋ္ဌမိသားစု။