မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား


တိုင်းရင်းသားအရေးကို ဖေ့စ်ဘုတ်စတေးတပ် အတိုတင်တော့ စဉ်းစားစရာ တချို့ ချန်ထားနိုင်တယ်ဆိုပေမဲ့ ဘယ်နည်းနဲ့မှတော့ မပြည့်စုံနိုင်ပါဘူး။
ဒိနေ့ ဒီကိစ္စကို နည်းနည်းထပ်ဆက်ပါမယ်။

နောက်ကွယ်က အကြောင်းများ......
မြန်မာပြည်ဟာ ကိုဆိုဗိုမဟုတ်၊ ခရိုင်မီးယား မဟုတ်ပါ။ ကိုဆိုဗိုဟာ စီဗီ လိုက်ဇေးရှင်းကြီး သုံးခုရဲ့မြားဦး (သို့) စစ်မြေပြင်ဖြစ်ပါတယ်။ အရေးကြုံတာနဲ့ အနောက်တိုင်း ခရစ်ယန်တွေနောက်မှာ ဂျာမဏီစတဲ့အုပ်စုကြီးက ထောက်ခံ ထားတယ်။ အော်သိုဒေါက်စ် နောက်မှာ ရုရှား၊ မွတ်စလင်တွေနောက်မှာ အီရန်စတဲ့ အစ္စလာမ်ကမ္ဘာက ထောက်ခံထားတယ်။

ခရိုင်မီးယားကလည်း အနောက်တိုင်း ခရစ်ယန်နဲ့ အော်သိုဒေါက်စ်တို့ရဲ့မြား ဦး ဖြစ်နေပြန်ပါတယ်။

ဒီတော့ စီဗီလိုက်ဇေးရှင်းလိုင်းအရကြည့်ရင် မြန်မာပြည်အတွက် အန္တရာယ် နှစ်ခု (သို့) သုံးခု ရှိနေနိုင်ပါတယ်။ ပညာရှင်တွေပြောတဲ့ အရှေ့အနောက်တံခါးပါပဲ။
၁။ ရိုဟိန်ဂျာ
၂။ ကိုးကန့်
၃။ နာဂလွတ်မြောက်ရေး ( စီဗီလိုက်ဇေးရှင်းကွဲ၊ အင်အားသိပ်မကောင်း။ အန္တရာယ် မကြီးလှ)

ရိုဟိန်ဂျာက ဘာလို့အန္တရာယ်ရှိနေတာလဲဆိုရင် သူ့ဘေးမှာ မွတ်စလင်နိုင် ငံကြီး ရှိနေလို့။ အကူအညီပေးချင်ရင် သူကနေတဆင့် အခြားနိုင်ငံတွေက အကူအညီတွေပါ ရောက်လာနိုင်လို့ပါ။ ဒါဆိုရင် အဲဒီဒေသဟာ ဗုဒ္ဓဘာသာ၊ မွတ်စလင် စီဗီလိုက်ဇေးရှင်းမြားဦးဖြစ်နေမယ်။

ကိုးကန့်ကတော့ သူ့နောက်မှာ တရုတ် (ဟန်တင်တန်စကားနဲ့ ကွန်ဖျူးရှပ် စီဗီ လိုက်ဇေးရှင်း) ရှိနေလို့ပါ။ လူရဲ့သဘောအတိုင်း အားကိုးရှိရင် မိုက်တတ် ပါတယ်။
နာဂလွတ်မြောက်ရေးအဖွဲ့ကတော့ စီဗီလိုက်ဇေးရှင်းကွဲတယ်လို့ပြောရင် ရ သလို တူတယ်လို့ပြောရင်လည်း ရပါတယ်။ သူတို့ကလည်း နာဂပြည်နယ် ထူထောင်ချင်နေပါတယ်။ အိန္ဒိယ၊ ကိုဟီးမားတဝိုက်မှာလည်း နာဂတွေရှိနေေ တာ့ အိန္ဒိယ အကူအညီမပါဘဲ ဒါက မလွယ်ပါဘူး။

ဟုတ်ပြီ။ ဒါဆိုရင် အခြားတိုင်းရင်းသားတွေကရော ဘယ်လိုလဲ။
အခြားတိုင်းရင်းသားတွေက ခရစ်ယန်များမယ်။ သူတို့ ခွဲထွက်ရေးကို အားပေး လို့ရတယ်ဆိုစေဦး စစ်ရေးစတဲ့ အကူအညီပေးဖို့ကျတော့ ခရစ်ယန်နိုင်ငံတွေ နဲ့ သူတို့က အလှမ်းဝေးတယ်။ သူတို့ဘေးမှာ ခရစ်ယန်နိုင်ငံကြီး မရှိဘူး။
ပြောမယ် သာပြောတာ လက်နက်တကယ်လျှော့ချနေတာက ခရစ်ယန်စူပါ ပါဝါကြီးတွေ။
စီဗီလိုက်ဇေးရှင်း တူနေတာရယ်၊ သူ့မှာလည်း မလေးနယ်စပ်ပြသနာတွေ ရှိနေတာရယ်ကြောင့် ထိုင်းနိုင်ငံနဲ့စပ်နေတဲ့ တိုင်းရင်းသားတွေကို ထိုင်းက စစ်ရေးအရ အကူအညီမပေးနိုင်ဘူး။



လူဦးရေးအများဆုံးက ရှမ်း။ ရှမ်းအများစုက မြန်မာနဲ့စီဗီလိုက်ဇေးရှင်း တူတယ်၊ နောက်ပြီး အပြန်အလှန်လက်ထပ်မှုတွေရှိတယ်၊ အပြန်အလှန် လက်ထပ်မှုဟာ ခွဲထွက်ရေးကို ဟန့်တားနိုင်တဲ့ အဓိက လူမှုရေးအကြောင်း ရင်းဖြစ်ပါတယ်။
ရခိုင်ကတော လတ်တလောမှာ ခွဲထွက်ပါဆိုရင်တောင် "စဉ်းစားပျဇေအုံး" ပြောရမယ့် အနေအထားပါ။ မွန်၊ ရခိုင်တွေက ဘာသာတူ တယ်။ အစိုးရက မျှမျှတတရှိရင် ဘာကိစ္စခွဲထွက်နေမှာလဲ။ လီကွမ်ယုတောင် ဒုတိယ စင်္ကာပူမလုပ်နိုင်တော့ဘူးလို့ ပြောသွားတယ်။ နိုင်ငံပေါက်စ အလုပ်ဖြစ်သွားတာက ကံလည်းပါတယ်။ ဒါက သူကိုယ်တိုင် ဝန်ခံထားတာ။

မနေ့က ဝီကီအရ မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မယ့်သဘော။

တရုတ်က တဖြည်းဖြည်း လူကြီးလူကောင်းဆန်ချင်လာတာရယ်၊ ကမ္ဘာအရပ် ရပ်က တရုတ်တွေကို စစ်ရေးအကူအညီပေးမယ်ဆိုရင် ကမ္ဘာနဲ့စစ်ဖြစ်ဖို့ပဲ ရှိတာရယ်ကြောင့် ကိုင်တွယ်ပုံ ညင်သာရင် ကိုးကန့်ပြသနာလည်း အဆင်ပြေနိုင်ပါတယ်။

နောက်ပြီး ပြည်တွင်းထဲက လက်ရှိတရုတ်တွေဟာ ဒုတိယ၊ တတိယမျိုးဆက် လည်းရောက်ရော မြန်မာ့ယဉ်ကျေးမှုကို အပီအပြင်မွေးစားသွားကြတယ်။ တစ်ခါတစ်ခါ "More Catholic than Pope" တောင် ဖြစ်နေတတ်တယ်။

အဲ ရိုဟိန်ဂျာကတော့ မွေးစားမှာ မဟုတ်ဘူး။
ဒါက စီဗီလိုက်ဇေးရှင်းအမြင်တချို့ပါ။ စိတ်ကူးပေါက်ရင် လူမှုကွန်ယက်ကို ဆက်ပါဦးမယ်။

ဇင်ဝေသော်

တန်ဖိုးရှိတဲ့ ကွန်မင့်


ဒီနေ့ တန်ဖိုးရှိတဲ့ ကွန်မင့်တစ်ခုရရှိခဲ့ပါတယ်။ တန်ဖိုးရှိကွန်မင့်ဆိုတာ ဒီလို ကွန်မင့် ရောက်လာကောင်းပါရဲ့လို မျှော်လင့်ထားမိချိန်မှာ တကယ်ရောက်လာလို့ပါ။
"မွတ်စလင်နဲ့မဟုတ်တဲ့ တိုင်းရင်းသားပြသနာ ကမ္ဘာမှာ မရှိတော့ပါဘူး၊ ၂၀ ရာစုမှာ ကျန်ခဲ့ပြီ" ဆိုတဲ့စကားနဲ့ပတ်သက်လို့ ဝင်းဇော်မိုး ဆီကရောက်လာတဲ့ ဝီကီ အညွှန်းပေါ့။

တစ်ကမ္ဘာလုံးက ဝီကီစာရင်းတွေဆိုတော့ လိုက်ရှင်းရင် ကျမ်းစာဖြစ်တော့ မယ်။ ဒါနဲ့ တရုတ်နဲ့ဆိုင်တဲ့ကိစ္စကို အရင်ဆွဲကြည့်လိုက်ပါတယ်။ ချုပ်ရင် လေးမျိုးရှိတယ်။

၁။ မွန်ဂိုလီယား ခွဲထွက်ရေး။
ဒါကိုမေးခွန်းထုတ်ဖို့ တရုတ်-ရှရှား၊ တရုတ်-ဂျပန်၊ ဂျပန်-ရုရှား သုံးပွင့်ဆိုင် သမိုင်းကို အရင်လေ့လာရမယ်။
တရုတ်ပြည်က မွန်ဂိုလီယားကို တကယ်ပိုင်သလား။ စိတ်ဝင်စားစရာပါ။
၂။ တိဗက် ခွဲထွက်ရေး။
ဒီကိစ္စကို ဝင်းဇော်မိုးအမည်နဲ့ မြန်မာလို ဆွေးနွေးလာရင် နားထောင်ကြည့်ချင် ပါတယ်။ တရုတ်ကရေးတဲ့သမိုင်းရော၊ ကမ္ဘာက မြင်တဲ့ သမိုင်းရောပေါ့။ အပြု သဘောပါ။

၃။ ရှင့်ကျန်းက ဝီဂါကတော့ မွတ်စလင်မို့ မဆွေးနွေးတော့ပါဘူး။
၎။ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုက(တရုတ် သုံးနိုင်ငံ) အနောက်တိုင်း ကိုလိုနီ ချုပ်ငြိမ်း၊ ရုတ်သိမ်းတဲ့နောက် ပေါ်ပေါက်လာတာပါ။ မြန်မာပြည်က ဗြိတိသျှလက်ထက်ကတည်းက လေးနိုင်ငံ၊ လေးမြို့ကွဲနေတာမဟုတ်ပါဘူး။ ဒီတော့ လုံးဝမတူဘူး။

ဇင်ဝေသော်

မိဘပြည်သူများခင်များ


ကျနော်တို့အစိုးရရော မိဘပြည်သူများပါ ကာလအကူးအပြောင်းရဲ့ စိန်ခေါ်မှုတွေကို အခု ရင်ဆိုင်နေရပါတယ်။
အခု ကျနော်တို့ရောက်နေတဲ့ အချိန်အခါဟာ တန်ခူးလထဲမှာပါ။ တန်ခူးဟာ ပထမဆုံးလလို့ ဆိုလိုမရပါဘူး။ လက်ရှိ စိန်ခေါ်မှုတွေကို နားမလည်ရင် တန်ခူးဟာ နှစ်သစ်ရဲ့ ပထမဆုံးလလို့ ထင်မှားတတ်ကြပါတယ်။ မမှန်ပါဘူး။ တစ်ဝက်က နှစ်သစ်ထဲမှာပါနေပြီး ကျန်တစ်ဝက်က နှစ်ဟောင်းထဲမှာပါ။ အဟောင်းရက်စွဲတွေကို ချန်ထားခဲ့ပြီး ရက်စွဲအသစ်တွေဆီ ကျနော်တို့ လျှောက်လှမ်းကြမှာပါ။

နှစ်တစ်နှစ်မှာတောင် ဖွဲ့စည်းပုံ အတည်တကျမဖြစ်သေးတော့ လလေးတစ်လထဲမှာ နှောင်းတံခူး၊ ဦးတံခူးရယ်လို့ ဖြစ်နေရပါတယ်။ ဒီကိစ္စဟာ သေးမွှားတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါကို သဘောပေါက်ပြီး မိဘပြည်သူများက နားလည် စိတ်ရှည်ပေးကြဖို့ ကျနော်တောင်းဆိုပါတယ်။ အာလုံး တည်တည်ငြိမ်ငြိမ်ဖြစ်သွားရင် ဒီပြသနာတွေ မရှိနိုင်တော့ပါဘူး။

ကဆုန်လကစလို့ နှောင်းကဆုန်၊ ဦးကဆုန်ဆိုတာ မရှိဖို့ မိဘပြည်သူများကို ကတိပေးရင်း ကျနော် နိဂုံးချုပ်အပ်ပါတယ်။

မတူတဲ့ မိတ္တူ


လွန်ခဲ့တဲ့ ၁၂ နှစ်က ဒီနေ့ (Good Friday) မှာ မှတ်သားစရာတစ်ခု ရခဲ့တယ်။
ပတ်ဘလစ်ဟောလီးဒေးမှာ တစ်ရက် တရားစခန်း တဲ့။ တိုပါးရိုးကျောင်းကြီး မှာပါ။
၇ ရက်၊ ၁၀ ရက်၊ တစ်လ စတဲ့ တရားစခန်းတွေပဲသိလာခဲ့တဲ့ တောဘုန်း ကြီးလေးအတွက် အံ့ဩစရာတစ်ခုပေါ့။
အခုတော့လည်း အသားကျနေပြီ။

ကိုကျော်သာကတော့ "စင်္ကာပူမှာ စာပိုရေးဖြစ်တယ်။ ရုံးမှာ တကယ် အလုပ် လုပ်ရပေမဲ့ အိမ်ပြန်ရောက်တာနဲ့ စိတ်လွတ်ကိုယ်လွတ်ဆိုတော့ စာရေးရ၊ ပန်း ချီဆွဲရတာ ပိုကောင်းတယ်" လို့ပြောဖူးတယ်။
ဟုတ်မှာပါ။ သူဆွဲပေးသွားတဲ့လက်ရာတွေ ကျောင်းမှာကို မနည်းလှဘူး။
ကိုယ်တိုင်ပြန်ကြည့်တော့ မူရင်းတာဝန်တွေ ရှိနေတယ်ဆိုတာတောင် ရေးဖြစ်၊ ဘာသာပြန်ဖြစ်တာမနည်းဘူး။

နိုင်ငံတော်က လူငယ်တွေ စနေ၊ တနင်္ဂနွေမဟုတ်ဘဲ လဖက်ရည်ဆိုင်တွေ မှာ ပြည့်နေတာတွေ့ရတော့ ပထမဆုံးအခေါက်က ဝမ်းနည်းဖူးတယ်။
စင်္ကာပူရဲ့ တစ်ရက် တရားစခန်းလိုမျိုးပဲ ထင်ပါရဲ့။

နောက်အခေါက်တွေမှာတော့ နားလည်စွာ အသားကျသွားတယ်။
အချိန်ရဲ့ စီးမြောပုံ မတူဘူး။ ။

သီဟနာဒ