သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး


နိုင်ငံခေါင်းဆောင်တွေဟာ သမိုင်းအဆိုး အကောင်းကို ရေးခွင့်ရှိပေမဲ့ သူတို့ရေးတဲ့ သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး။
နိုင်ငံ့ခေါင်းဆောင်အချို့ဟာ ယဉ်ကျေးမှုအစဉ်အလာတွေကို ဖျက်ဆီးခြင်းအားဖြင့် သူတို့နိုင်ငံကို ယဉ်ကျေးမှုတစ်ပတ်နွမ်း (အပျိုရည်ပျက်) အောင် လုပ်မိတတ်ကြတယ်။

(ဟန်တင်တန်)

ကိုလိုနီကိုအပြစ်တင်ရုံနဲ့လည်း မပြည့်စုံ


ရိုဟိန်ဂျာရယ်မှ မဟုတ်ပါဘူး၊ ဘာပြသနာမှမရှိတဲ့ အာဖရိကန်လူမည်းတွေလည်း ဥရောပထဲ လှေနဲ့ဝင်ဖို့ကြိုးစားနေကြတာပါ။ ဘယ်နိုင်ငံကမှ လက်မခံချင်လို့ ဥရောပမှာလည်း ပြသနာတက်လျက်။ အဓိကကတော့ ဘာသာရေးကပြောတဲ့အတိုင်း ကလေးတွေနင်းကန်မွေးပြီး အစဉ်အဆက်အလိုက် မနိုင်မနင်းဖြစ်သွားတာ၊ ဆင်းရဲတွင်း နက်သွားတာပါ။ ကိုလိုနီကိုအပြစ်တင်ရုံနဲ့လည်း မပြည့်စုံပါဘူး။

အဆင်မပြေ၍ လွဲချင်သောအခါ


တရားဥပဒေ စိုးမိုးသောနိုင်ငံမှာဖြစ်စေ
တရားဥပဒေ မစိုးမိုးသောနိုင်ငံမှာဖြစ်စေ
အဆင်မပြေ၍ လွဲချင်သောအခါ
POLICE ကား အစီး နှစ်ရာ
NAVY ဟယ်လီကော်ပတာ အစီးနှစ်ဆယ်ဖြင့်
ကယ်ဆယ်ဖို့ကြိုးစားသော်လည်း အရာမထင်ဖြစ်တတ်၏

ဧရာမပြသနာကြီးတစ်ခုကို မင်းသားက
တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတိုင်း
ရဲကားသည် (FBI လည်း ဖြစ်နိုင်)
ရထားဆိုက်ချိန် နောက်ကျခဲ့၏။

ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်


ဂေါ်ဖီထုပ်က အအေးဒဏ်ခံနိုင်တယ်၊ အသားပတ်တာတွေလည်း ကာကွယ်နိုင်တယ်လို့ ယုံကြည်ပြီး ဆောင်းတွင်းဆို ပီကင်းသားတွေက ဂေါ်ဖီ ထုပ်တွေစားကြတယ်။ စောစောပိုင်းနှစ်တွေကဆိုရင် အစိုးရကိုယ်တိုင်က တောင်သူတွေဆီကဝယ်ပြီး ပီကင်းသားတွေကို အခမဲ့ဝေတယ်။ တစ်နှစ်မှာတော့ ဂေါ်ဖီထုပ်ဈေးကောင်းလို့ဆိုပြီး တောင်သူတွေကဘာမှမစိုက်ဘဲ ဂေါ်ဖီထုပ်တွေပဲစိုက်ကြလို့ ပီကင်းမှာဂေါ်ဖီထုပ်တွေ တောင်လိုပုံ သွာတယ်၊ ကုန်အောင်မစားနိုင်တော့ဘူး။ ဂေါ်ဖီရွက်တွေက နေရာအနှံ့မို့ တက်နင်းမိပြီး လူတွေချော်လဲ၊ စက်ဘီးတွေချော်လဲ၊ ကားတာယာတွေချော်၊ ကားချင်ဝင်နမ်းတွေဖြစ်ကုန်ရော။
ဒီတော့ပီကင်းမြို့တော်ဝန်က ရေဒီယိုကနေ မိန့်ခွန်းပြောတယ် "ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်" ဖြစ်တယ်တဲ့။

ဂလိုဘယ်ကမ္ဘာမှာ


အိန္ဒိယ နာမည်ကြီးဂုရုကြီးတစ်ယောက်က အမျိုးသားရေးတွေဟောပြော၊ ပြည် တွင်းဖြစ်ပဲ သုံးရမယ်လို့ ကြွေးကြော်ပြီး၊ သူကတော့ အမေရိကန်ဖြစ် ပရိုက်ဘိတ်ဂျက်ကြီး စီးလာလို့ လူတွေကပြုံးကြတယ်။ လွန်ခဲ့တဲ့သုံးလေးနှစ်ကသတင်းပါ။ သတိရလို့။ ဂလိုဘယ်ကမ္ဘာမှာ ကိုးယို့ကားယာ ပြောရင်၊ လုပ်ရင် ချက်ချင်းပေါ်တာပဲ။