ထမံသီမှာ တောင်တန်းသာသနာပြုတာဝန်ကျစဉ် မန္တလေးပြန်ရောက်ခိုက် သိန်းသန်းဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ မိန့်ကြားခဲ့သည့် စကားတော်(သို့) ပေးခဲ့သည့် အခွင့်အရေးတို့ကို သတိရမိသည်။
"ထမံသီလို ရွာမှာတော့ မလွယ်ဘူးကွ မောင်ရ၊ ဟုမ္မလင်းမြို့လို ခန္တီးမြို့လိုနေရာမှာ နှစ်လမ်းသွား ပညာရေးကျောင်း ထောင်ပါလား။ ဒါကလည်း သီးသန့်လုပ်မှ ရမှာ၊ သာသနာရေးဝန်ကြီးဌာနနဲ့ တွဲလိုက်ရင်တော့ ပျက်ကုန်မှာ၊ တို့မှာ ရဟန်းဒကာကြီး၊ ရဟန်းဒကာမကြီးတွေက အမွေပေးထားခဲ့တဲ့ အိမ် ၂၆ လမ်းမှာရှိတယ်။ အဲဒီအိမ်ကို ကပ္ပိရင် မင်းလိုတဲ့ငွေ ရနိုင်တယ်။ မင်းလုပ်ရမှာက ကလေးတွေမွေး၊ လောကီအားသန်တဲ့ ကလေးတွေကို လောကီစာသင်၊ လောကုတ္တရာ အားသန်တဲ့ကလေးတွေကို တို့ဆီပို့ဖို့ပဲ၊ တို့က ဉာဏ်ကောင်းတဲ့ ကလေးတွေကို သာမဏေကျော်လိုင်း တင်ပေးမယ်။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်"
"တင်ပါး၊ မပြောပါဘုရား၊ ဒါပေမဲ့ တပည့်တော်ကို စဉ်းစားချိန် ပေးပါဘုရား"
"အေး မင်း စဉ်းစားပြီးရင် တို့ဆီကို အကြောင်းပြန်"
၁၉၉၈ ဝန်းကျင်ကဆိုတော့ ကြာခဲ့ပြီကော၊ ဆရာတော်၏ မွန်မြတ်သောကမ်းလှမ်းမှုကို မယူခဲ့မိ။ သို့သော် စွန့်လွှတ်ရဲသော၊ ခေတ်အမြင်ရှိသော ဆရာတော်ကိုမူ ပို၍ ကြည်ညိုမိ၏။
ခွင့်လွှတ်ပါဘုရား၊ မည်သူ့ကိုမှ မပြောဖြစ်သော်လည်း လူမှုကွန်ယက်ပေါ်မှာတော့ ရေးလိုက်မိပြီ။
သီဟနာဒ