အမျိုးသာရေး ဂုဏ်သိက္ခာအကြောင်းပြောတိုင်း ခေါင်းငုံ့၊ အံကြိတ်နေခဲ့ရတဲ့ နိုင် ငံလေ။
ကြာခဲ့ပြီကော၊ အင်း...တကယ်ဆို အသက် ၄၀ ဝန်းကျင်းတွေအထိ မမှီလိုက် ရတဲ့ ရွှေအိုရောင် ဒိုင်ယာရီတွေပါ။
တစ်ခုခု အနာတရဖြစ်တိုင်း အနော်ရထာ လှမ်းခေါ်ရ၊ အလောင်းဘုရား လှမ်းခေါ်ရ၊ ဦးသန့်ကို လှမ်းခေါ်ရ။
"ထိုင်း ဗိုလ်လုပွဲတက်လာတာနဲ့ ပတ်သက်လို့ အံဩစရာမဟုတ်ပေမဲ့ အပျင်းပြေ ဂိုးတွေသွင်းလာခဲ့တဲ့ ဗီယက်နမ်ကို ၂၊ ၁ နဲ့ အနိုင်ယူခဲ့တဲ့ မြန်မာကတော့ အံဩစရာဖြစ်ခဲ့ရ" ဆိုပဲ။
"ယူ ၂၀ နဲ့ အသင်းကြီးရဲ့ ရွေးကျတွေ ကောက်ယူခဲ့ရလို့ အတောင့်တင်းဆုံး အနေအထား မဟုတ်ဘဲ ဝင်ပြီုင်ခဲ့ရ" လို့လည်း ပြောထားတယ်။
နိုင်ငံတစ်ခုရဲ့ ဘက်စုံ ချွတ်ခြုံကျနေမှုကို အားကစားမျိုးစုံ ဆုတံဆိပ်တွေက ခပ်ဖွဖွ သရော်နေပြန်သေး။
ဖီလစ်ပိုင်ကိုတောင် ခပ်ဝေးက မျှော်ကြည့်လို့လေ။
လူကြီးမင်းတို့ ရေ။ အဲဒီနိုင်ငံဟာ စစ်မှန်တဲ့ ပြောင်းလဲမှု လိုကိုလိုနေတယ်။
သူများတွေက ပြေးနေတော့ ပြောင်းလဲမှုက သိပ်နှေးနေလို့လည်း မရဘူး။ ပညာလိုတယ်၊ စိတ်ဓာတ်လိုတယ်၊ ကိုယ်ကျိုးစွန့်မှု လိုတယ်။
သမိုင်းမလှရင် အသေဆိုးနဲ့ သေရတယ်၊
အနေဆိုးနဲ့ နေရမယ်။ ဘာမှ မလှဘူး။
လက်တစ်ဆုပ်စာ လူတစ်စု ဝိုင်းပြီး ပရိုမုတ်လုပ်ပေးနေတဲ့ ဦးသန်းရွှေရဲ့ ပရိုဖိုင်ဟာလည်း လူထုကြားထဲမှာတော့ Thump down ပဲ။