ဘယ်သူမှ မပိုင်ဆိုင်တဲ့ သဗ္ဗညုတဉာဏ်ကြီး ငါ့မှာ ရှိနေပြီပဲဆိုတဲ့အထာမျိုးနဲ့
ဘုရားရှင်က အရှင်ရဲ့ ရူပကာယတော်ကို ဖြစ်သလို ထားတော်မူခဲ့ပါ သလား။
ဘုရားရှင် အိုဗာဝိတ်ဖြစ်နေတယ်ဆိုတဲ့ စာပေအထောက်အထား တွေ့ဖူး ပါသလား။
ဆံရှည်ရှည်၊ မုတ်ဆိတ်မွှေး ဗရဗွနဲ့ တွေ့ရတတ်ကြောင်းရော စာပေမှာ ဆိုထားတာ ရှိပါသလား။
ပီတိစား အားရှိ။ ခဏတော့ ဟုတ်ပါလိမ့်မယ်။
ဒါပေမဲ့ ခဏနေ ပြန်ဆာလာမှာပါ။ ဆရာက ဗြဟ္မာမှ မဟုတ်ဘဲ။
ပဉ္စဝေါကာရ (ခန္ဓာ ငါးပါး) သတ္တဝါတိုင်းဟာ ရုပ်နဲ့နာမ် ဟန်ချက် ညှိကို ညှိကြရတယ် မဟုတ်ဘူးလား။
ဘာမှ မရှိတဲ့လူကို ရောင့်ရဲမှုအကြောင်း ပြောနေတာ ရယ်စရာ မကောင်းဘူးလား။
ဘာမှ မရှိသူကို စွန့်လွှတ်ခြင်းအကြောင်း ပြောနေတာ ရယ်စရာ မကောင်းဘူးလား။
ဒီခေတ်မှာ အခြေအနေအရ ဟန်းဖုန်းလိုတယ်၊ ပတ်စပို့စ် လိုတယ်၊ ဗီဇာလိုတယ်၊ လူနေမှုအဆင့်အတန်း လိုတယ်၊ ထမင်းလိုတယ်၊ ဆေးဝါးလိုတယ်၊ ကားလက်မှတ် လိုတယ်၊ လေယာဉ်လက်မှတ် လိုတယ်။
ဈာန်ရပုဂ္ဂိုလ်က တစ်ယောက်ထဲ ကောင်းကင် ပျံနိုင်တယ်။
ဘိုးအင်း ဂျက်လေယာဉ်က လူ ၇၀၀ လောက်နဲ့ ကောင်းကင် ပျံတယ်။
ဗုဒ္ဓဒေသနာက လိုအပ်ချက် (Necessary) နဲ့ စွဲလန်းမှု (Craving) ကို ရောထွေးမထားပါဘူး။