အပြစ်မဲ့တဲ့ သစ်ပင်လေးတွေကို မခုတ်ကြနဲ့တော့


 ဖြစ်ရလေ ငါ့ရွာလေးရယ်
ကိုသာအေးနဲ့ တစ်စုံတစ်ယောက်ကို ယုံကြည်ရင်း
အစိမ်းရောင်တွေ သမ်းခဲ့ရသလို
သူတို့ပေးတဲ့ ကတိကို ယုံစားရင်း
ရွာထဲရောက်လာတဲ့ လျပ်စစ်မီးကိုတောင် မယူကြဘူးတဲ့။

၁၀၇ အိမ်စု ဒီမိုတွေက မီးလင်းနေချိန်
သုံးပုံနှစ်ပုံက ကိုသာအေးအလာကို
အမှောင်ထဲကနေ စောင့်ကြလို့ တဲ့၊

ငါတတ်နိုင်တာ ငါ အစပျိုးတယ်
၁၀၇ မိသားစုကို ရေနွေးအိုးလေးတွေ ဝေလို့
ဖြစ်နိုင်ရင်
ရေနွေးတည်ဖို့
ထမင်းချက်ဖို့
အပြစ်မဲ့တဲ့ သစ်ပင်လေးတွေကို
မခုတ်ကြနဲ့တော့။ ။

ဇင်ဝေသော်





Post a Comment