သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၇ )


Andy Rooney (၁၉၁၉ ၂၀၁၁)

မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ပြန်စလိုက် ပါတယ်။ ဒီနေ့ တီဗွီကြေငြာသူ၊ စာရေးဆရာ၊ သတင်းစာဆရာ အမေရိကန် Andy Rooney ကို ရွေးလိုက်ပါတယ်။
သူ့ရဲ့"I've learned...." ဆိုရိုစကားတွေလည်း ကမ္ဘာကျော်ပါတယ်။ အခုတော့..

သူပြောမှ Vegetarian က ရှင်းသွားတယ်။
Vegetarian - that's an old Indian word meaning lousy hunter.

Vegetarian ဆိုတာ အဖြစ်မရှိတဲ့ မုဆိုးကိုခေါ်ဝေါ်တဲ့ အန္ဒိယန်း စကား အဟောင်း တဲ့။ အခု အသားမစားတာ ဖြစ်သွားပြီ။

လူ့သဘာဝကို သူဖွင့်ပြသွားတာလည်း တော်တော်ကောင်းပါတယ်။
People will generally accept facts as truth only if the facts agree with what they already believe.

အချက်အလက်တွေနဲ့ ညီရဲ့လား အချက်အလက်တွေနဲ့ ညီရဲ့လား လို့ မကြာ မကြာ မေးတတ်ကြပေမဲ့ တကယ့်အမှန်အကန် အချက်အလက်ကိုတောင် ကိုယ်လက်ခံထားတဲ့ ယုံကြည်မှုနဲ့ ကိုက်ညီမှ အမှန်လို့ လက်ခံကြတာမျိုး မ ဟုတ်လား။ တကယ်တော့ လူက အချက်အလက်ထက် ကိုယ့် အဇ္ဈတ္တ ကို ရှေးရှကြတာ များနေတာပါ။

ဒါကတော့ ဆင်ချင်မိစရာ မှတ်ချက်ပါ။ ကွန်ပျူတာက အချိန်ကုန် သက် သာပေမဲ့ စက္ကူတော့ တော်တော်ကုန် ဆိုပဲ။
Computers may save time but they sure waste a lot of paper. About 98 percent of everything printed out by a computer is garbage that no one ever reads.

အပြုံးစစ် ကို အဓိပ္ပါယ်ဖွင့်ရာမှာလည်း သူက တစ်မျိုးဆန်းနေတယ်။

If you smile when no one else is around, you really mean it.
ဘယ်သူမှ မရှိဘဲ တစ်ယောက်ထဲ ပြုံးမိရင် တကယ် ပြုံးချင်လို့ တဲ့။

နောက်ဆုံးစကားကို ပို သဘောကျတယ်။
ဒီမှာ It's paradoxical ကို "ရှေ့နောက်မညီဘူး" လို့ ယူဆနိုင်ပါတယ်။ မူရင်းက ပိုလှနေလို့ ဘာသာမပြန်တော့ပါဘူး။
It's paradoxical, that the idea of living a long life appeals to everyone, but the idea of getting old doesn't appeal to anyone.

ဇင်ဝေသော်

politician, leader, statesman

politician နဲ့ statesman ရဲ့ ခြားနားချက်က ဘာလဲ ဆိုတဲ့မေးခွန်းအပေါ် လီကွမ်းယု ဖြေခဲ့ပုံပါ။ ကောင်းပါတယ်။ သူ့ဖက် နည်းနည်းယက်တယ်လို့ ယူဆသူတွေကိုလည်း အပြစ်ဆိုလို့တော့ ရမယ် မထင်ဘူး။
သူက politician နဲ့ statesman ကြားမှာ leader ကိုတောင် အခုအခံ ထား သွားသေးတယ်။ ဖတ်ကြည့်ပါ။

၁။ politician က သူ့ကိုယ်သူ လူသိများအောင်လုပ်ပြီး ရာထူးရအောင် ယူ တယ်။ အဲဒီ ရာထူးနဲ့ ဘဝင်ခိုက်နေတယ်။
၂။ leader က မစ်ရှင် ရှိတယ်။ လုပ်သင့်တာတွေ လုပ်လို့ရအောင် အာဏာ ရအောင်ယူတယ်။
၃။ statesman ကတော့ အာဏာရအောင်ယူ၊ လုပ်သင့်တာ လုပ်ပေးရုံတင် မကဘဲ သူ့ကိုဆက်ခံမယ့် လူတော်ကို ရအောင်ရှာပြီး အာဏာလွှဲပေးတယ်။

Well, varying between a politician and a statesman. A politician just wants to publicise himself and gets into office, and he enjoys the pride to be there. A leader has a mission. You seek power because you want to do certain things. A statesman is one who has not only sought power and done those things but is able to hand over to a good successor. That is my understanding.

သူ့ အဆိုအရ statesman က leader ထက် တဆင့်မြင့်တယ်။

ကဲ ရပြီ။
ဦးသိန်းစိန်၊ ဒေါ်စု၊ ဦးရွှေမန်း။ တစ်လား၊ နှစ်လား၊ သုံးလား။

One Man's View of The World. (LKY)
Chap 11, p 318, 319

**အသေ နှင့် အနေ**

အသေ

လောဘစိတ်နဲ့ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်
ဒေါသကြ်ီးလျှင် ပါယ်ငရဲ ဖြစ်ရအမှန်ပဲ၊
မောဟစိတ်နဲ့သေခဲ့ပြန် ဖြစ်ရတိရစ္ဆာန်
ဆိုးသွမ်းလေဟန် စိတ်သုံးမျိုး စွန့်ခွာ ပယ်လို့ ချိုး။ ။

(မာဂဓီ သာစည်၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်္ခန်းစာ မှ၊ ပြန်ရွတ်ကြည့် ရင်း ရေးထားခြင်း ဖြစ်သဖြင့် အမှားတွေ့က သူတော်စဉ်တို့ ထောက်ပြ ကြပါလေ)

အနေ

လောဘစိတ်နဲ့ နေခဲ့လျှင် အဆိပ်လာဘ် တရွှင်ရွှင်
ဒေါသကြ်ီးလျှင် ရှူးရှဲရှဲ သတ်မယ် ဖြတ်မယ် တကဲကဲ
မောဟစိတ်နဲ့နေတဲ့သူ ပျင်းရိ အူ တူတူ
လူစင်မမီစေ စိတ်သုံးမျိုး စွန့်ခွာ ပယ်လို့ ချိုး။ ။

သီဟနာဒ
(ဆရာတော်ကို အားကျ ကြည်ညိုစွာဖြင့်)

စာဖတ်သူသို့ ပြန်စာ

မတတ်နိုင်တော့ဘူး။ တစ်ယောက်မက တောင်းဆိုလာကြတော့ တင်လိုက် တာပေါ့။

လီကွမ်းယု ဆွဲထားတဲ့ မြန်မာပြည်ရဲ့ ကောက်ချက် (၈) ချက်

နောက်ဆုံး နံပါတ် (၈)

The Burmese living abroad are another group that could encourage the country to open up faster. They are the best people from Myanmar who had previously gone to exile. Their children would no longer feel any obligation to the country, but those who left Myanmar in their youth or adults would have retained an emotional connection. With changing political situation, if they can be persuaded to return to start enterprises, it would certainly be a boost to the country.
(Page 199/200)

နံပတ် တစ်

It was not a volt-face rooted in deep soul-searching or genuine epiphany. Neither was it a desperate act of self-preserving by an authoritarian regime that believed it was on the verge of collapse. A much more prosaic explanation is in order. The generals could see that the country was in a cul-de-sac. There were no options left.
(page 197)

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ (ဦးကိုမောင် (ပြုံးစိစိ)၊ ဇင်ဝေသော်)

လားရှိုးသိန်းအောင်တို့ သွက်ချက်တော့ အမေရိကန် လူမည်းတွေရော မြန် မာပြည်တွင်းက အနုပညာရှင်တွေပါ နောက်ကောက်ကျ ကုန်ရော။
ဗိုလ်ချုပ်ထဲက ဗိုလ်ချုပ် တဲ့။ သီချင်းလုပ် ဆိုပစ်လိုက်တယ်။
အမေရိကန် လူမည်းတွေလည်း အိုဘားမားကို ဂုဏ်ပြုသီချင်း စပ်ဆိုသင့်တာ
"လူမည်းထဲက တို့ လူမည်း ..ည်း .....ည်း"

"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်"

သူမှပျော်တာ မဟုတ်ပါဘူး။ သူ့ သီချင်းနားထောင်ရတာကလည်း ပျော်စရာ ကြီးပါ။
"ပျော်စရာကြီးကွယ့် ဒို့ ကိုကွယ်
သမ္မတကြီးက ဖိတ်ခေါ်တယ်" တဲ့။ ဟဲ ဟဲ။

ဘာသာရေး အငွေ့အသက်လည်း မကင်းဘူး။

"ရှေးဘဝ ဘဝရဲ့ ရေစက်၊ အခုတစ်ခေါက် ထပ်တွေ့ရမှာပဲ
ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်...ပ်...ပ်" တဲ့။

ဟိုက်၊ ဒီကိစ္စ ဟိုကောင်လေး ဆက်ရေးပါစေ။

အမှာစကားလည်းပါးသေးတယ် (လူငယ်တွေအတွက်ပဲ နော်၊ ဆောရီးပဲ။ လူကြီးတွေအတွက် မပါဘူး)

"တိုင်းပြည်ကိုချစ်ရင် ခေတ်လူငယ်များ
မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)"။

ချစ်လို့ပြောတယ်မှတ်ကြပါ။ မူးယစ်ဆေးဝါး မသုံးကြပါ နဲ့ (ဟဲ့)။

လူကြီးတွေအတွက် သူ မပြောတော့ ကိုယ်ပြောရတာပေါ့
"ကိုယ့်ကိုယ်ကိုချစ်ရင် ခစ် လူကြီးများ
ဘိန်းဘုရင်နဲ့ ပေါင်းစားကြကွဲ့"

ဦးကိုမောင် (ပြုံးစိစိ)
**********************************************

အင်း ဦးသိန်းစိန်ကို လူထု တကယ်လက်ခံထားတာက သမ္မတတစ်ယောက် အနေနဲ့ပါ။ ဗိုလ်ချုပ်အနေနဲ့ မဟုတ်ပါဘူး။
ဒါတွေက ပြင်လို့မရတဲ့ လူထုရဲ့ လက်ခံထားမှုပဲ။

ဗိုလ်ချုပ်လို့ ဆိုလိုက်ရင် (နံမည် မပါရင်တောင်) နိုင်ငံသား လူအများစုက တခြားဗိုလ်ချုပ်တွေကို ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြေးမြင်ကြတယ်။

ဘာသာရေးမှာလည်း တိပိဋကဓရ ဆရာတော်ကြီးလို့ ဆိုလိုက်ရင် (ဘွဲ့တော်မပါရင်တောင်) တခြား ဆရာတော်ကြီးတွေကို ကျော်ပြီး လူအများ စုကတော့ မင်းကွန်းဆရာတော်ကြီးကို ပြေးမြင်ကြတယ်။

စာပေအသိုင်းအဝိုင်းမှာလည်း အဲသလိုပဲ။ အမေလို့ ပြောရင်လူထု ဒေါ်အမာ ပဲလေ။
ဒေါ်စုကတောင်မှ အခု ရောနေပြီ၊ ဒေါ်စု၊ အန်တီစု၊ အမေစု၊ ဟို အဖွားကြီး၊ စုံလို့ပဲ။

ဦးသိန်းစိန် ဖြစ်နိုင်တာက (သူ စွမ်းရင်) "သမ္မတထဲက တို့သမ္မတ" ပဲ ဖြစ် ဖို့များတယ်။

"ဗိုလ်ချုပ်ထဲက တို့ ဗိုလ်ချုပ်" ကတော့
အင်း...
အများစုအတွက်
ဗိုလ်ချုပ်အောင်ဆန်းပဲ
ဖြစ်နေမယ်ထင်တယ် လာရှိုးက
(အမေရိက က) ဦးသိန်းအောင် ရယ်။

BMW (တနင်္ဂနွေ အပျင်းပြေ)

BMW ကို ဂျာမန်လုပ် ကားတံဆိပ်ဆိုတာသိရုံနဲ့ မရတော့ဘူး။ ဟောင်ေ ကာင်မှာဆိုရင် BMW က Blame My Wife (ကျနော့် မိန်းမကိုသာ အပြစ် တင်) အဓိပ္ပါယ်ရှိတယ် တဲ့။
သူတို့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိလို့ မေးလာရင် ဇနီးကို လက်ညှိုးထိုးတတ်ကြလို့ ခေါ်တာမျိုးပါ။

တိုက်တိုက်ဆိုင်ဆိုင် မနေ့က Landslide (win) ဘာသာပြန်မှုနဲ့ပတ်သက်ပြီး စဉ်းစားမိတယ်။ မြေပြိုကမ်းပြို (အနိုင်ရရှိ) ဆိုလား။
Landslide ကို အလေးပေးလွန်းရာများ ရောက်နေသလားလို့ပါ၊ အပြတ် အသတ် အနိုင်ရသည်၊ အကြီးအကျယ် အနိုင်ရသည် စတာမျိုးဆိုရင် မြန်မာ့ မျက်စိ၊ နားနဲ့ ချောနေတာပဲ။ မြေပြိုကမ်းပြို (အနိုင်ရရှိ) ဆိုတော့ တစ်မျိုးပဲ။

ဒါဆို Shrink (population) ကို ဘယ်လို ပြန်ကြမလဲ။ လူဦးရေ လျော့ကျတယ်ဆိုတဲ့စကားတော့ ရှိတာပေါ့။
ဒါပေမဲ့ တစ်ယောက်ယောက်ကများ Shrink ကိုကြည့်ပြီး လူဦးရေ တွန့်မှု၊ လူဦးရေ ရှုံ့တွမှုဖြစ်တယ်ဆိုရင် စာဖတ်သူ မျက်စိတွေ၊ နားတွေတော့ ဒုက္ခ။ ဒီခေတ်ကြီးထဲမှာ ပြောလို့ရတာမဟုတ်ဘူး။

အင်္ဂလိပ်ကလည်း
အောက်မှာရပ်နေတော့ နားလည်တယ် (understand) ။
အပြင်မှာ ရပ်နေတော့ တစ်မူထူးခြားတယ် ဖြစ်ကရော (outstanding)။

အီးမေးထဲက ရင်ဖွင့်သံ ပြည်က ကိုသရဝဏ်ကြီး ရေးထားတာ။ ကြိုက်လို့။ နည်းနည်း ရှည်တယ်။ ဟဲဟဲ။

'မျက်စိမှိတ်ထောက်ခံမှတကယ်ချစ်တာလား '

တစ်ခါတလေကျ စာရေးရသည်မှာ ဝဋ်နာကံနာခံစားရသူတစ်ယောက် လိုဖြစ်နေသည်။ ငွေကြေး စာမူခမှာ မက်မောလောက်ဖွယ် မရှိပါပဲ ဝါသနာ အရ အချိန်ကုန် လူပင်ပန်းခံ၍ ရေးသားရာ၌ လူမုန်းခံရတာ နှင့် တန်ရဲ့ လား ဟု စဉ်းစားမိသည်။ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက် သွားခြင်းအကြောင်း ဆိုသော ဆောင်းပါးကို ရေးမိတော့ ဘာသာခြားတွေက မုန်းကြသည်။ မှန်တာကို ဝေဖန်ထောက်ပြတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်သူ ပါတီ ဝင်အချို့က ပုတ်ခတ်ဝေဖန်ကြသည်။ အထူးသဖြင့် ထူးကြီး မူးကြီး ဆွေးနွေး ခန်းဟူသောဆောင်းပါး စောင့်ကြည့်ဂျာနယ်မှာ ပါလာတော့ NLD ပါတီအချို့ က ကျွန်တော့ကို အပြစ်တင် ကြသည်။ ဖေစ့်ဘွခ် မှာရော၊ လူချင်းတွေ့ ကြတော့ရော ဝေဖန်ကြသည်မှာ ကျွက်ကျွက်ညံနေသည်။ ကျွန်တော့ကို NLD ဆန့်ကျင်ရေးတွေ ရေးသည်ဟု စွပ်စွဲကြသည်။ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်မည်ဟု တစ်ယောက်က သမုတ်သည်။ စစ်တပ်နှင့် ဆက်နွယ်ရမည်ဟု မျက်ကန်းတစ္ဆေ မကြောက်ပြောသူက ပြောသည် ။ေ ထာက်လှမ်းရေးဖြစ်ကောင်းဖြစ်နိုင်မည်ဟု ထင်မိထင်ရာကို ပြောသူက ပြော သည်။
A.B.C.D တောင်တတ်ရဲ့ လား ဟု ရန်တွေ့သူလည်းပါသည်။ ခက်သည်မှာ ကျွန်တော့ဆောင်းပါး၏ ဆိုလိုရင်းကို တကယ်သေသေချာချာ မဖတ်ဘဲ ရမ်းဝေဖန်နေကြခြင်းဖြစ်သည်။ ဖေစ့်ဘုတ်မကောင်းကွက်မှာ လူ တစ်ေ ယာက်က မဟုတ်ကဟုတ်က ခေါင်းစဉ်တစ်ခုတပ် ကာ Post တစ်ခု တင် လိုက်သည်နှင့် လူတို့သည် ထိုခေါင်းစဉ် မှန်သည် မှားသည်ကို မဆန်း စစ်တော့ဘဲ ထိုကိစ္စကို အမှန်ကြီးအလား ရေးကြပြောကြ ဝေဖန် ကြခြင်းပေ တည်း။ ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဥာဏ်ဖြင့် ဟုတ်မ ဟုတ် တော် မတော် ဝေ ဖန်ကြခြင်းပေတည်း။
ဘယ်ကိစ္စမဆို ကိုယ် ပိုင်ဥာဏ်ဖြင့် ဟုတ်မဟုတ်တော်မတော် ဝေဖန် ပိုင်းခြားခိုင်းသော ဗုဒ္ဓဘုရားရှင်၏ ကာလာမသုတ္တံနှင့်တော့ အချို့သူများ မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေသည်။ ပြောလက်စနှင့် ဆုံးခန်း တိုင်အောင် ပြောပါမည်။ ရေးလက်စနှင့် ရေးပါမည်။ သဘောထားကြီးကြီး ထား၍ ဖတ်တော်မူကြပါကုန်။

ကျွန်တော့်ဘဝတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ မဲပေးခွင့်ရခဲ့ဖူးသော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲပေးခဲ့ပါသည်။ ထို့နောက် နှစ်ပေါင်း များစွာ မြန်မာ့နိုင်ငံရေး ဇာတ်မျောနေပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲ ထပ်လုပ် ရာ NLD ပါဝင်မလာသဖြင့် မဲတစ်ပြား အလဟသ မဖြစ်စေလိုသောကြောင့် NLD ပါတီအား မဲပေးခဲ့ပါသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကျွန်တော် နေထိုင်သော မြို့နယ်မှာ ရွေးကောက်ပွဲမရှိသဖြင့် မဲမပေးခဲ့ရ ပါ။ ရွေးကောက်ပွဲ ရှိခဲ့ပါမူ NLD ကိုပဲ မဲပေး ပါမည်။ ၂၀၁၅ တွင် ရွေးကောက် ပွဲလုပ်ခဲ့လျှင်လည်း NLD ကိုပဲ မဲပေးပါမည်။
ဘာကြောင့် NLD ကို မဲပေး သလဲဟု မေးလာလျှင်မူ လောလောဆယ်တွင် NLD ပါတီထက်ကောင်းသော နိုင်ငံရေးပါတီမရှိဟု (ကျွန်တော်တစ်ယောက် တည်း အယူအဆဖြစ်ပါသည်) ရိုးသားစွာ ယုံကြည်သောကြောင့် မဲပေးဖို့ ဆုံးဖြတ် ထားခြင်း ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် မေးစရာရှိလာသည်မှာ ကျွန်ေ တ်ာသည် NLD ပါတီဝင်လားဟု မေးလာခဲ့လျှင် မဟုတ်ပါ။ ကျွန်တော့်တစ် သက်တွင် ဘယ်နိုင်ငံရေးပါတီကိုမှ မဝင်ဖူးပါဟု ဖြေရပါလိမ့်မည်။

ဒါဆိုလျှင် NLD ပါတီက ဆောင်ရွက်နေသောလုပ်ငန်းများအားလုံးကို မျက်စိ မှိတ်ထောက်ခံပါသလား၊ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ဘာပြောပြော မျက်စိမှိတ်၍ ထောက်ခံပါသလားဟု မေးလျှင် မထောက် ခံနိုင်ပါ၊ သဘောမတူ သော အချက်အလက်များကိုမူ သဘောမ တူေ ကြာင်း ပြောမည်သာ ဖြစ်သည်ဟု အဖြေထွက် ပါသည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်သို့ နှစ်ပေါင်းများစွာ ရောက်ခဲ့ခြင်း၏ အကြောင်းများ စွာထဲမှ အဓိကအကြောင်းအချက် တစ်ခုမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု များလွန်းသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့သည် လူနှင့် မူကိုခွဲ၍ မမြင်နို င်ကြ။ လူကိုခင်သည်နှင့် မူကို ပြင်ကြတော့သည်။ ပုဂ္ဂိုလ်ခင်၍ တရားမင် ကြတော့သည်။
ဂျပန်ခေတ်တွင်လည်း ဒေါက်တာဘမော်ကို အဓိပတိ အာဏာရှင်ကြီးဟူ၍ တင်မြောက်လိုက်ကြသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကလည်း ဦးနေဝင်းဆိုလျှင် ဘုရင်တစ်ဆူပမာ ချီးပ ခဲ့ကြသူတွေ အနားမှာ ဝိုင်းဝိုင်း လည်နေ သည်။ ကပ်ဖားရပ်ဖားတွေ ခြေချင်းလိမ်နေသည်။ ဦးနုခေတ်တွင်လည်း ဝန်ကြီးချုပ်ဦးနုလာလျှင် နင်းလျှောက်သွားရန် ဆံပင်ကို လမ်းခင်းပေးသော အမျိုးသမီးတွေပင်ရှိခဲ့သည်။

စစ်အာဏာရှင်လက်ထက်တွင်လည်း ဟစ်တလာကို နာဇီပါတီဝင်များ က ကြောက်ရသလို ခေါင်းဆောင်ကြီးတစ်ဦးကို နောက်လိုက် များက ဦးထိပ် တင်ခဲ့ကြရသည်။ ခေါင်းဆောင် များကို ကြည်ညိုခြင်း၊ လေးစားခြင်း၊ ချစ် ခင်ခြင်း၊ ထောက်ခံခြင်းသည် ကောင်းပါ၏။ သို့သော် ထိုလူ ဘာလုပ်လုပ်၊ လုပ်သမျှအားလုံးကောင်းပါသည်ခင်ဗျားဟု မျက်စိမှိတ်ထောက်ခံနေခြင်း သည် ဥာဏ်ပညာ မပါသော အပေါ်ယံထောက်ခံခြင်းမျိုး ဖြစ်ပေ သည်။ မြင်း ထိန်း ငတာက သူ၏ ဥတုဘောဇနကျမ်းကို ပစ်ခတ်ထောက်ခံနေတာ ကို ယောမင်းကြီး ဦးဖိုးလှိုင်က လက်မခံခဲ့ပါ။ ပုဆိုးတစ်ထည်ပေးပြီး နောက်ကို ငါ့ကျမ်းအကြောင်း ဘာမှမပြောနဲ့ဟု စကား ပိတ်ပြောခဲ့ရသည်ကို သတိမူသင့်လှပေသည်။

ယနေ့ခေတ်တွင် မြန်မာပြည်နိုင်ငံရေးတွင် အမိမဲ့သား ရေနည်းငါး ဆိုသကဲ့ သို့ ဖြစ်နေပေသည်။ ယခင် နဝတ၊ နအဖ ခေတ် တစ်လျှောက်လုံးက ရှိခဲ့ေ သာ အစိုးရနှင့် အတိုက်အခံဟူသော အင်အားစုတွင် အတိုက်အခံဟူသော (opposition) ဟူသော အင်အားစုမှာ မရှိသလောက်ဖြစ်သွားပြီး နိုင်ငံရေး အင်အား ချိန်ခွင်လျှာပျက်သွားပေပြီ၊ NLD သည် ကြားဖြတ်ရွေးကောက် ပွဲ တွင် အပြတ်အသတ်အနိုင်ရပြီး လွှတ်တော်ထဲသို့ ရောက်သွား သည့်အချိန်မှ စ၍ အာစေးထည့်လိုက်သည့်သဖွယ် နိုင်ငံ့အရေးအရာများတွင် နှုတ်ပိတ်၍ သွားလေပြီ။
၈၈ မျိုးဆက်ကျောင်းသားများသည်လည်း နိုင်ငံရေးထက် လူမှုရေး၊ သာရေး နာရေးနယ်ပယ်များသို့ ပို၍ တိမ်းညွှတ်သားလေပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တချို့ NLD အမတ်များက ကောင်းမွန်သော မိန့်ခွန်းများ၊ အဆို များ တင်သွင်းသည်ကို ကြားရပါသည်။ (ဥပမာ- ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖေါ်ကြေငြာရေး အဆို၊ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ဆင့်မြှင့်တင်ရေးအဆို၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်မည့်အဆို စသဖြင့်။) ဤသို့ကောင်းမွန်သော အဆိုပြုချက်များ ရှိခဲ့သော်လည်း ပါတီကြီးတစ်ခုလုံးအနေနှင့်မူကား ပြည်သူရှေ့က မားမား မတ်မတ်ရပ်တည် ရာတွင် ယခင်စစ်အစိုးရလက်ထက်ကလို ပြည်သူနှင့် တ သား တည်း အင်တိုက် အားတိုက်မရှိတော့သလို ခံစားရသည်။ အထူးသဖြင့် ရခိုင်အရေးအခင်း၊ ကျောက်နီမော် အရေးအခင်း၊ ကချင်ပြည်တွင်းစစ်၊ စာ နယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ထိန်းချုပ်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းခြင်း၊ လယ်သမားများ မတရားမြေယာ သိမ်းခံရခြင်းများအား ပါတီအနေဖြင့် ထိရောက်သော တုံ့ပြန်မှုများ လုပ်ခဲ့ တာ မတွေ့ရပေ။ ကချင်စစ်ပွဲကို တစ်နိုင်ငံလုံးက အုန်းအုန်းကျွတ်ကျွတ် ဆန့် ကျင်ရာ၌ NLD ပါတီသည် ပါဝင်မလာပေ။ ရခိုင်အရေးကို ပထမဆုံး သုံးသပ်ရာ၌ လူနည်းစု၏ အခွင့်အရေးများကို လူများစုက လေးစားရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က စတင်ပြောကြားခဲ့ရာ မူဝါဒအရ နိုင်ငံ တကာ တွင် လူကြား၍ ကောင်းသော် လည်း မြေပြင်အနေအထားနှင့် မူ ပြောင်းပြ န်ဖြစ်နေခဲ့ သည်။ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် လူများစုမှာ ဧည့်သည် ဘင်္ဂါလီများဖြစ်ပြီး လူနည်းစုမှာ အိမ်ရှင် ရခိုင်နှင့် မြန်မာ တိုင်းရင်း သားများဖြစ်သည်။ ကျူးကျော်ရမ်းကားသော ဧည့်သည်အများစုကြောင့် အိမ် ရှင် လူနည်းစုမှာ ဒုက္ခပင်လယ်ဝေနေ ဆဲဝယ် ဤမှတ်ချက်ကြောင့် မြန်မာနိုင် ငံ သားအများစုမှာ စိတ်ထိခိုက်ခဲ့ကြပါသည်။
ဒုတိယအနေဖြင့် ရခိုင်ဒေသတွင် အချို့ ဘာသာခြားများသည် မယား အများ အပြားယူကာ ကလေးများ အကန့်အသတ်မရှိ ပေါက်ဖွားကြသောကြောင့် လူဦးရေထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် တစ်အိမ်ထောင် ကလေးနှစ်ယော က် ဒေ သန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းအပေါ် လူ့အခွင့်အရေးနှင့်မညီ၍ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ပြန်သည်။ ထိုစဉ်က ကျွန်တော်သည် ဤစောင့်ကြည့်ဂျာနယ်မှပင် အမျိုးသားရေးနှင့် လူ့အခွင့်အရေးအမည်ဖြင့် အောက်ပါအတိုင်း ဆောင်းပါးရေး ခဲ့ဖူးပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့် အညီ နိုင်ငံတကာက လက်ခံထားသော လူ့အခွင့်အရေး စံနှုန်းရှုထောင့်မှ ဤဝေဖန်ချက်ကို ပြောခြင်းဖြစ်သည်။ အဖွဲ့ချုပ် ဥက္ကဌအနေဖြင့် ပြည်ပသို့ ခရီးစဉ်များ ထွက်ခွာသော အခါ မူဆလင်များ၊ ဘင်္ဂါလီများ၊ ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ အမည်ပေးထားသော ဘင်္ဂါလီများက မကြာခဏ ဆန္ဒပြ ကန့်ကွက်တောင်းဆို ဖိအားပေးသဖြင့် လူ့အခွင့်အရေး စာအုပ်ပေါ် တွင် ခြေ စုံရပ်၍ ဤစကားကို ပြောခဲ့ခြင်းဖြစ်ဟန်တူပါသည်။ သို့သော် ဤကမ္ဘာကြီး၌ လူ့အခွင့်အရေးနှင့် တန်းတူ ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားသော အရာတစ်ခုမှာ အမျိုးသားအကျိုးစီးပွား (National Interest) ဖြစ်ပေသည်။

တစ်ခါတရံ နှုတ်မှ ဖွင့်ဟ မပြောကြသော်လည်း အမျိုးသားအကျိုးစီးပွားကို လူ့အခွင့်အရေးထက် ပို၍ အလေးထားကြသည်ကို လည်း ကမ္ဘာ့နိုင်ငံ အသီး သီး၏ အစိုးရများ၏ ဆုံးဖြတ်ချက်များတွင် မကြာခဏ တွေ့ရလေသည်။ ကိုယ့်နိုင်ငံအတွက် အကျိုး ရှိမည်ဆိုလျှင် လူ့အခွင့်အရေး စံချိန်စံနှုန်းများ ကို ကျော်လွန်ဆုံးဖြတ် ခဲ့တာတွေလဲ သာဓက အလီလီ ရှိခဲ့ပြီးသားဖြစ် ပါ သည်။
ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်တိုက်ဖျက်ရေး အ တွက် လိုအပ်လျှင် နိုင်ငံသား တို့၏ တယ်လီဖုန်းကို ကြားဖြတ်နားထောင်နိုင် ခွင့်၊ တရုတ်ပြည်တွင်ကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ၊ ဂွာတာနာမို အကျင်းစခန်းတွင် မူဆလင်အစွန်းရောက် အကြမ်းဖက် သမား ဟု မသင်္ကာသူများကို တရားမစွဲဘဲ နှစ်ရှည်လများ အမေရိကန် အစိုး ရမှ ဖမ်းဆီးချုပ်နှောင်ထားခြင်း၊
စင်္ကာပူနိုင်ငံတွင် အများပြည်သူပိုင်ပစ္စည်းများကို မှုတ်ဆေးဘူးဖြင့် မှုတ်ခဲ့သူ ဆယ်ကျော်သက် မိုက်ကယ်ဖိန်းကို စင်္ကာပူအစိုးရမှ မှတ်လောက်အောင် ကြိမ်ဒဏ်ပေးခဲ့ခြင်း စသည်တို့သည် လူ့အခွင့်အရေး ရှုထောင့်သက်သက် မှကြည့်လျှင် မှန်ကန်သော လုပ်ရပ်များမဟုတ်ပါ။ သို့သော် နိုင်ငံတိုင်း၌ လူ့ အခွင့်အရေးနှင့် တမ်းတူအရေးကြီးသော အချက်မှာ ကိုယ့်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ထောက်လှမ်းရေးလျှို့ဝှက်ချက်များကို ဖွင့်ချ လိုက်သူ အက်ဒ်ဝပ်စနိုးဒန်းကို လက်ခံ၍ နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့သူ မည် သည့်နိုင်ငံကို မဆို အမေရိကန် ပြည်ထောင်စု က ကုန်သွယ်ရေး အထူး အ ခွင့် အရေးများ ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်နေခြင်းသည် သူတို့နိုင်ငံ(အမေရိ ကန်နိုင်ငံ) ၏အမျိုးသားအကျိုးစီးပွားအတွက် အသည်းအသန် လုပ်ဆောင်ေ နခြင်း ဖြစ်သည်။ (ယခုအခါ ရုရှားနိုင်ငံက သူတို့အမျိုးသား အကျိုးစီးပွား အ တွက် စနိုးဒန်းကို ခိုလှုံခွင့် ပြုလိုက်လေပြီ) ။ ဒါကို အိုဘားမားရယ် ဒါကသူ့ရဲ့ လွတ်လပ်စွာပြောဆိုခွင့် လူ့အခွင့်အရေးပဲ။ အရေးမယူ ပါနဲ့ဟု လူ့ အခွင့် အရေးခေါင်းများက သွားပြောလည်း ရမည်မဟုတ်ပါ။ အိုဘားမား သူ့နိုင်ငံ အမျိုးသား အကျိုးစီးပွားအတွက် ပျက်ပျက်သားသားရပ်တည်ခဲ့သလို ကျွန်တော်တို့ မြန်မာနိုင်ငံ အရေး တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား National Interest ပေါ်တွင် ခြေစုံရပ်၍ ပြတ်ပြတ်သားသား ပြောစေချင်ပါ သည်။

လူ့အခွင့်အရေးသည် ကောင်းမှန်းကျွန်တော်တို့ သိပါသည်။ သို့သော် အမျိုး သား၊ သာသနာနှင့် ယှဉ်လျှင် လူ့အခွင့်အရေးသည် ဒုတိယနေရာမှာ ရှိစေ ချင်ပါသည်။ ပျူခေတ်မှစကာ မြန်မာနိုင်ငံတွင် တည်တံ့ ထွန်းကားလာခဲ့သော ဗုဒ္ဓသာသနာသည် ကျွန်တော်တို့ခေတ်ရောက်မှ လူမျိုးနှင့် သာသနာေ ပျာက်ကွယ်ဖို့ လမ်းစပေါ်လာသည်ဆိုလျှင် ရင်နာစရာကောင်းပါသည်။ ရာဇဝင်ရိုင်းပါလိမ့်မည်။ ဘုန်းကြီးဆွမ်းခံကြွ ရာတွင် သေနတ်နှင့်လိုက်၍ ရဲက စောင့်ရှောက်ရသော ထိုင်းနိုင်ငံတောင်ပိုင်းလို အဖြစ်မျိုး လည်း မြန မာနိုင်ငံကို မဖြစ်စေလိုပါ။ (ယခုပင် ဆရာတော်များ တရားပွဲမှာ ရဲအစောင့် အရှောက် နှင့် လုပ်နေ ရလေပြီ) အစိုးရမှာ တာဝန်ရှိသကဲ့သို့ အဓိက အ တိုက် အခံ ပါတီကြီးများမှာလည်း အမျိုးသားရေး တာဝန်ရှိပါသည်။

ထိုကိစ္စများသည် ပါတီအားလုံးနှင့် ဆိုင်သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုပဲ ရွေး၍ ပြောနေခြင်းမှာ တရားမျှတမှုမရှိပါဟု အချို့ကလည်း ပြော ကြသေးသည်။ အခြားပါတီများအပေါ် ကျွန်တော်နှင့်တကွ ပြည်သူ လူထု သည် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ကြသဖြင့် ဘာမှ ဝေဖန်အကြံပြု စရာမရှိပါ။ NLD ပါတီသည် အာဏာရပါတီတစ်ရပ်ဖြစ်လာရန် အလွန်နီး စပ်နေသော အနေအထားတွင်ရှိရာ ကိုယ်သံယော ဇဉ်ရှိသောပါတီ လမ်းချော် သွားမှာစိုး၍ စေတနာဖြင့် ရေးနေ ပြောနေရခြင်းဖြစ်သည်။

ဥပမာအားဖြင့် အရပ်ကတာတေလန်နေအောင် ဆိုးသူတစ်ယောက်ကို ဘယ် သူကမှ အမောခံကာ တရားချမနေချင် တော့သော် လည်း လူကောင်း တစ်ေ ယာက် သတိလက်လွတ်ကာ အမှတ်တမဲ့လမ်းမှားသွားမည်ကို စိုးရိမ်သဖြင့် သတိပေးထောက်ပြ နေရခြင်း ပင်ဖြစ်သည်။ ဘယ်သူ ကောင်းသည် ဘယ် သူ ဆိုး သည် ဆိုသည်ကိုမူ လူတိုင်းလူတိုင်း ပါတီတိုင်းသည် ကိုယ့်သမိုင်း ကိုယ် ရေးခဲ့ကြပြီးဖြစ် သည် ပြည်သူလူထုသည် သမိုင်းတစ်လျောက် အဖြူ အမဲကို သဲကွဲခဲ့ကြပြီးဖြစ်သည်။ မြန်မာလူမျိုးသည် ဟင် ဆိုလျှင် မည်သူမျှ လှည့်မကြည့်ချင်ကြတော့ပေ။ NLD သည် ၂၀၁၂ တွင် အတော်ပြောင်းလဲ သွား၏ ။ နှစ်ပေါင်းများစွာ ပါတီအတွက် ထောင်ကျ တန်းကျ ဘဝအပျက်ခံ ၍ ပေးဆပ်ခဲ့ကြသူများ မထင်ပေါ်ပဲ ခါတော်မီဝင်ရောက်လာသော Celebrity များ ရှေ့တန်းရောက်လာတာ တအံ့တသြ တွေ့ရ၏။ (ကမ္ဘာ့နိုင်ငံရေး သုခမိန် များ ၏ အဆိုအရဆိုလျှင် နိုင်ငံရေးတွင် မယုံကြည်ရဆုံး ဘက်အပြောင်း ဆုံး မှာ ရုပ်ရှင်၊ ဂီတ၊ မော်ဒယ် စသော Celebrity များဖြစ်သည်ဟူ၏)

စစ်အစိုးရလက်ထက်တွင် ဒီမိုကရေစီမကောင်းကြောင်း၊ နိုင်ငံရေးသမား များ မှာ တိုင်းပြည်တွင် အဖျက်သမားများသာဖြစ်ကြောင်း မကြာခဏ ပေါ်လစီ ရုပ်ရှင်ဇာတ်ကားများတွင် စိတ်ပါလက်ပါ သရုပ်ဆောင်ခဲ့သော မင်းသားမင်း သမီးအချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး ဒီမိုကရေစီ အရေးေ တာ် ပုံကြီးတွင် သူတို့ဘယ်လိုထောက်ခံခဲ့ကြောင်း လက်သီးလက်မောင်း တန်းကြ သည်ကို အညတရ ထောင်ထွက်နိုင်ငံရေး သမားတွေ လည်း ငေး ကြည့်နေရလေပြီး အချို့ကလည်း ကိုယ့်အမေ အရင်းပြောသော စကားကို ပင် ကျွန်မက နားမထောင်၊ အမေစုပြောသောစကား ကိုမှ မြေဝယ်မကျ နားထောင်ပါသည်ဟု ဟစ်ကြွေးလာကြလေရာ မျက်ကန်းတစ္တေ မကြောက် ပြောသူက ပြော၍ ယုံကြည်သူက ယုံကြည်ကြသော်လည်း ကျွန်တော်ကတော့ဖြင့် ကိုယ့်မိခင်စကားကိုမှ နားမထောင် သူသည် အနန္တော အနန္တ ငါးပါးကို ဂရုစိုက်သူ မဟုတ်၊ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှား သဖြင့်ေ ထာက် လည်း မထောက်ခံ၊ အယုံအကြည် လည်း မရှိပေ၊

လူကြားကောင်းအောင် ပြောသော စကားများသာ ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည် အနားတွင်လည်း အကြံကောင်း၊ ဥာဏ်ကောင်းပေးနိုင်သော လူများ အနား မကပ်နိုင်ပဲ၊ ခရိုနီများ၊ ကပ်ဖားယပ်ဖားများ၊ ခါတော်မီ နိုင်ငံရေး သမားများ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများ၊ စိန်နားကပ်အရောင်နှင့် ပါးပြောင်ချင် သူများ၊ အခွင့်အရေးသမားများ၊ Celebrity များသာ ဝိုင်းဝိုင်း လည်နေသည်။

ကိုယ်တိုင်ကအရည်အချင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် အရှိန် NLD အရှိန်ဖြင့် ဝင်တိုးလိုက် လျှင် အ မတ်အချောင်ဖြစ်နိုင်သည်ဟု မျှော်လင့်ချက်ဖြင့် ဝင်ကပ်သူ များလည်း မရှားပေ။ တိုင်းပြည်ကို တကယ်ချစ်၍ ထောက်ခံသူ များ ပင် မျက်စိ လည်နိုင်စေသော အခင်း အကျင်းများ ဖြစ်သည်။ ဤသို့သော အခြေအနေ တွင် မျက်စိရှင်သူများက ကိုယ်မြင်သမျှသိသမျှကို စေတနာဖြင့် သတိပေးေ ထာက်ပြသောအခါ ပြောဆိုဝေဖန်သူကို အပြစ်မလုပ်အပ်ပေ။ ငါတို့ အကျိုး ကိုလိုလား လို့ ပြောတာပါလား ဟုသာ ခံယူအပ်၏။ မြန်မာ့နိုင်ငံရေးသမိုင်း၌ အင်အားအကြီးမားဆုံးပါတီကြီးတစ်ခု ဖြစ်သော ဗမာပြည် ကွန်မြူနစ် ပါတီ သည် သူ့ပါတီကို ဝေဖန်ထောက်ပြလာသူတိုင်းကို တောတွင်းသို့ မရမက ဖိတ်ခေါ်၍ ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် သားကအဖေကိုသတ်၊ တပည့်က ဆရာကိုသတ်ဖြင့် ဘီလူးဆိုင်းတီး ၍ ထွက်လိုက်ရာ တစ်ခါမှ အာဏာ မရ လိုက်ဘဲ အကွဲကွဲအပြားပြားဖြစ်ကာ မလှမပဇာတ်သိမ်း သွားလေ သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်လည်း ဝေဖန်ရေးကို တစ်စိုး တစ်စလုပ်မိသည်နှင့် ပါတီ၏ ရန်သူသတ်မှတ်ပြီး ဒုက္ခမျိုးစုံပေးခဲ့ကြရာ မဆလ ပါတီ ဘယ်လိုနိဂုံးချုပ် သွားသည်ကိုလည်း ပြောပြစရာပင် လိုမည် မဟုတ်ချေ။ ပါတီတစ်ခု၊ ပါတီခေါင်းဆောင်တစ်ယောက်ကို အမြဲတမ်း ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်နေခြင်းသည် ထိုပါတီကို ချစ်ရာမရောက်၊ နှစ် ရာရောက်နေပေသည်။ NLD ပါတီ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ် ကြခြင်းမှာ လိုသည်ထက်ပိုနေသည်ဟု ကျွန်တော်ထင် သည်။ မော်စီတုန်းကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ခဲ့ကြသော တရုတ်ကွန်မြူနစ်ပါတီမှ လူ ငယ်လေးများကိုသာ သတိရမိလေ သည်။

ဒီလှိုင်းစာစောင်ကို ထုတ်ဝေရာ၌ပင် ဂျာနယ်မျက်နှာဖုံး၌ တစ်ခါလာ လဲ ဒေါ်အောင်ဆန်းစုကြည်ပုံဖြစ်နေ သည်။ မျိုးဆက်သစ် ပါတီဝင်များ၏ ပုံကို မျက်နှာဖုံးတင်တာ တစ်ခါမှ မတွေ့ဖူးပေ။ ဒေါ်အောင်ဆန်းစုကြည် ကို တကယ်ချစ်ကြပါမူကား မဟုတ်လျှင် မဟုတ်၊ မမှန်လျှင် မမှန်ဟု ပြောရဲကြဖို့ လိုပေမည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း လက်ညှိုးထောင်ခေါင်း ညိတ်သမား သက်သက်များကို အလိုရှိမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ၏ ရတနာတစ်ပါးဖြစ်သည်ကို ကျွန်တော် မငြင်းလို၊ တိုင်းပြည်အတွက် တစ်ဘဝလုံး ပေးဆပ်အနစ်နာခံခဲ့ သည်များကိုလည်း ချီး ကျူးလေးစားပါသည်။ ကမ္ဘာကလေးစား ရသော ရှားရှားပါးပါး ပညာတတ်ေ ခါင်းဆောင်တစ်ယောက်ဖြစ်သည်ကိုလည်း သဘော ပေါက်သည်။ အနာဂတ်မြန်မာ့နိုင်ငံရေးတွင်လည်း ပညာတတ်အရပ်သား အစိုးရအုပ် ချုပ် မှသာ တိုင်းပြည် ကောင်းစား မည်ကိုလည်း အကြင်းမဲ့ ယုံကြည်သည်။

သို့သော် ကျွန်တော်ပြောလိုသည်မှာ လူတစ်ယောက်ကို မျက်စိမှိတ်ထောက် ခံနေမှ ချစ်ရာကျသည်မဟုတ်၊ ယထာဘူတ ကျကျအမှန်အတိုင်း ကြည့်မြင် တတ်သော အဆင့်သို့ ကိုယ့်ဘာသာမြှင့်ကြရမည်ဖြစ်သည်။ ယခုမြင်ရ သည် ကား NLD ပါတီ အပြန်အလှန်ထိန်းညှိမှုစနစ် ( Check and Balance ) ပျက် သုဉ်း နေသည်။ အုပ်ချုပ်ရေး တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး သုံး ရပ်မှသာ Check and Balance လိုသည်မဟုတ်။ ပါတီကြီးတစ်ခု၏ အာဏာ ပိုင် အဖွဲ့အစည်းတွင်လည်း တစ်ဦးတည်းသဘောဖြင့် ပုံအပ် ထားခြင်းမျိုး မရှိ ဘဲ အပြန်အလှန် ထိန်းညှိစေရန် Check and Balance ရှိစေချင်သည့် သဘော ဖြစ်သည်။ ထိုသို့ ရှိလာစေရန် ပါတီသည်ပို၍ ပွင့်လင်းမြင်သာမှုရှိဖို့၊ ကိုယ့်ပါတီကိုယ် ဝေဖန်ရေးကို ရဲရဲလုပ်ကြဖို့၊ လူငယ်တွေကို ပို၍ လုပ်ပိုင်ခွင့်ေ ပးဖို့၊ ဗဟိုကော်မတီတွင် သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်များ ရှိဖို့၊ လူမှန်နေ ရာ မှန် ရွေးချယ်ကြစေဖို့၊ လူတစ်ယောက်ကို မူတည်၍ ပါတီကို မောင်းနှင်ေ နခြင်းမျိုး ထက် ရေရှည်အစီအမံများနှင့် ပါတီမူဝါဒများကို အခြေခံကာ လူထု ကို ဦးဆောင်ကာ စည်းရုံးလှုပ်ရှားကြဖို့ ဆိုလိုရင်းဖြစ်သည်။

NLD ဖွဲ့စည်းပုံသည် တိဘက်လွတ်လပ်ရေး လှုပ်ရှားမှုကို ခေါင်းဆောင်သော ဆရာတော် ဒလိုင်းလားမားတို့ အဝေးရောက်တိဘက် အစိုးရနှင့် ခပ်ဆင်ဆင် တူသည်။ တိဘက်ပြည် လွတ်လပ်ရေးလှုပ်ရှားမှုကို ဒလိုင်းလားမား ဆရာေ တာ် တစ်ပါးတည်းကိုသာ အားထားပြီး လုပ်နေကြရာ ဆရာတော် အိုမင်း မ စွမ်း ရှိလာသောအခါ သူ့နေရာဆက်ဆံပြီး ထိထိရောက်ရောက် အလုပ်လုပ် မည့် သူမရှိဘဲ နိုင်ငံရေးအရ ဆက်ခံမည့်သူမရှိ၍ တော်လှန်ရေး အညွန့် ကျိုးရတော့သည်။ ၂၀၁၅ တွင် NLD ပါတီနိုင်သည်ကို ကျွန်တော်မြင်လိုပါ သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်သည်ကို ကျွန်တော် မြင်လိုပါ သည်။ လူ့အခွင့်အရေးနှင့် ဆတူ၊ အမျိုးသားအကျိုးစီးပွားကို ဦးစားပေး စဉ်း စားကာ ကျွန်တော် မြင်လိုပါသည်။

ထိုနည်းတူပင် ငါ့လူကိုမထိနဲ့ဟု မျက်စိမှိတ်၍ အရာရာကို ထောက် ခံနေ ကြ သော၊ အစိုးရဘက်၊ အတိုက်အခံဘက်မှ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများ ပပျောက်သွားကာ လူထက်မူကို ဦးစားပေးအုပ်ချုပ်ကြသည်ကို ကျွန်တော်မြင်လိုပါသည်။ တိုင်းပြည်ကလည်း ထိုသို့ပင် မျှော်လင့်နေကြ ပါသည်။

သရဝဏ်(ပြည်)
၁၃-၈-၂၀၁၃ ရက်ထုတ် စောင့်ကြည့် ဂျာနယ်မှ ကူးယူဖော်ပြသည်

မူရင်း ပျောက်နေတဲ့ အင်္ဂလိပ်ဟာသ တချို့ (Tommy Cooper one liners. )

ကား အက်ဆီးဒင့် အကြီးအကျယ် ကြုံခဲ့ရတဲ့ လူတစ်ယောက် ဆေးရုံးရောက်လာပြီး သတိပြန် လည်လာတော့ အလန့်တကြားနဲ့ သူကပြောတယ်
"ဒေါက်တာ ကျနော့်ခြေထောက်တွေမှာ ဘာ ခံစားမှုမှ မရှိတော့ဘူး"
ဆရာဝန်က ပြောတယ်
"ဟုတ်တယ်၊ မရှိနိုင်တော့ဘူး။ ကျနော် ခင်ဗျားလက်နှစ်ဖက်လုံးကို ဖြတ် ပစ်လိုက်ရတယ်"

A man came round in hospital after a serious accident. He shouted,
'Doctor, doctor, I can't feel my legs!'
The doctor replied,
'I know you can't, I've cut your arms off'.

ဒီနေ့ မနက်စောစောမှာ လူနှစ်ယောက်ပဲ စီးလို့ရတဲ့ Cessna လေယာဉ် သင်္ချိုင်းထဲ ပျက်ကျမှုဟာ အိုင်ယာလန်မှာတော့ အဆိုးရွားဆုံး အဖြစ်အပျက် တစ်ခုပါပဲ။ လက်ရှိအချိန်အထိ လူသေအလောင်းပေါင်း ၂၈၂၆ လောင်း အိုင်ရစ်ရှ် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ကြပါတယ်။ ဒီ ညပိုင်းမှာ ဆက်လက်တူးဖော်နေဆဲဆိုတော့ လူအသေအပျောက် အရေ အတွက် အများကြီး တက်လာစရာရှိတယ်လို့ မျှော်လင့်ရပါတယ်။

Ireland 's worst air disaster occurred early this morning when a small two-seater Cessna plane crashed into a cemetery. Irish search and rescue workers have recovered 2826 bodies so far and expect that number to climb as digging continues into the night.

Si Thu Kyaw Come round ကို သတိပြန်ရလာသည် ဆိုပိုလှမယ်
ကမ်းလက် ဟုတ်တယ်၊ အဲဒါ ပိုလှတယ်။ သတိပြန်လည်လာပြီး ....အလန့်တကြားနဲ့

Si Thu Kyaw သူ့ အနက်ကလည်းအဲဒါပဲဆိုတော့လေ
ကမ်းလက် ဝန်ခံရမှာပါ၊ ဖေ့စ်ဘုတ်ဆိုတော့ "ကီး" ကို ယူပြီး ချက်ချင်း ရိုက်၊ တင်တာလေ။ တစ်ခုရှိတာက အင်္ဂလိပ်ပါပေးထားတော့ တာဝန်ပေါ့တဲ့ အသိပါပါတယ်။ ဒုတိယဂျုတ်မှာလည်း လုံးစေ့ပတ်စေ့ ပြန်တာ မဟုတ်ပါဘူး။ ကျေးဇူးပါ ကိုစည်သူကျော်

 ကဲ ဗျာ၊ ဖြစ်ရချည့်

Zaw Win ဘာသာပြန်မှားနေတော့ ပထမ ဟာသက မရယ်ရဘူး။ ဒေါက်တာ၊ ဒေါက်တာ ကျနော့်ခြေထောက်ကို စမ်းကြည့်တာ မတွေ့တော့ဘူး။ လို့ဖြစ်ရမှာ....
Ko Thant သူကတော့ အမှားသက်သက် ပဲ ဟုတ် တယ် ကျနော် လဲ အစ ဖတ် ပြီး ဟာသ လို့ လဲ ပြောတယ် ပေါ့ ...
 
သူ့မှာ လက်နှစ်ဖက်ပါ အဖြတ်ခံထားရပါတယ်ဆို ဘာနဲ့ သွား စမ်းကြည့်မှာ လဲ။ ကြည့်လည်း လုပ်ကြပါအုံး။
ဒီဟာသရဲ့ အနှစ်က လူနာခမျာ လက်ပါ မရှိတော့တာကို မသိရှာသေး ဘူး ဖြစ်တယ်။
ကျနော် ပြောပါကော၊ မူရင်း ပျောက်နေတဲ့ အင်္ဂလိပ်ဟာသ တချို့ လို့။


ဇင်ဝေသော်

စာဖတ်သူသို့ ပြန်စာ

လီကွမ်းယု ဆွဲထားတဲ့ မြန်မာပြည်ရဲ့ ကောက်ချက် (၈) ချက်

"နောက်ဆုံး နံပါတ် ၈ ကို စာမျက်နှာ scan (သို့) original စာသား၊ စာမျက်နှာ နံပါတ်လေး ပါ တင်ပေးလို့ ရမလား ခင်ဗျာ...။ စာတမ်း တခုထဲ ထည့်သုံးချင်လို့ပါ။ ကျေးဇူးပါ"
Anonymous (noreply-comment@blogger.com)

အီးမေးရှင်သို့

ပြန်လို့ အဆင်ပြေမယ့် အီးမေးလိပ်စာနဲ့ဆိုရင် အီးမေး ပြန်ပေးပါမယ်။ ရှစ်ချက်က ကျနော် ခြုံဆွဲတဲ့ ကောက်ချက်ပါ။
အင်္ဂလိပ်လို သိပ်မရသေးသူတွေ မျက်စိနောက်မှာ စိုးလို့ မတတ်နိုင်မှပဲ အင်္ဂလိပ် လိုတင်ချင်လို့ပါ။
နောက်ပြီး ထွက်စ စာအုပ်မို့ original စာသားတွေ အင်္ဂလိပ်လို တင်ဖို့ မသိုး
မသန့် ခံစားရပါတယ်။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တွေကလည်း စာဖတ်သူတွေအတွက် မြန်မြန်နဲ့ ရှင်းရှင်းဖြစ်အောင် ကျနော်ပဲ ခွဲပေးလိုက်တာပါ။
လေးစားစွာဖြင့်

(ကမ်းလက်)

နှုတ်ခမ်းမွှေးချစ်သူ (မောနင်း ပိုစ်၊ ဟာ ဟ)

သူ့ကို ဘယ်လိုပြောကြမလဲ။
နှုတ်ခမ်းမွှေးကြောင့် ပြန်ပေးအဆွဲ ခံခဲ့ရပြီး ဂူထဲမှာ တစ်လ လှောင်ပိတ်ခံ ထားရပြီးပြီ။
မဖြတ်ရင် ခေါင်းအဖြတ်ခံရမယ်လို့ တာလီဘန် လက်အောက်ခံ အဖွဲ့က ခြိမ်းခြောက်ပြီးပြီ။
မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်နိုင်တဲ့။

သူက ပါကစ္စတန်နိုင်ငံသား စီးပွားရေးသမား Malik Amir Mohammad Khan Afridi တဲ့။
သူ့ နှုတ်ခမ်းမွှေးက ၇၆ စင်တီမီတာရှည်တယ်၊ ကျွဲချိုနဲ့ ဆင်ဆင်တူတယ်။ အဲ့ဒီ နှုတ်ခမ်းမွှေးကြောင့် သူ့ကို လူတွေက အလေးထားကြတယ်လို့ ယုံကြည်တယ်။ သူက စတားပဲ။
ဒါကို ကြည့်မရတဲ့ တာလီဘန် လက်အောက်ခံ အဖွဲ့က ပြန်ပေးဆွဲပြီး မဖြတ် ရင် ခေါင်းဖြတ်မယ်ကြုံးဝါးလို့ ဖြတ်ခဲ့ရတယ်။ အခု ထပ်ရှည်နေတော့ သတ် မယ် ဖြတ်မယ် ဖုန်းတွေ ဝင်ဝင်လာတယ်။
သူ့မှာ ကလေးဆယ်ယောက်ရှိတယ်။ သူတို့ကလည်း ဒီနှုတ်ခမ်းမွှေးကို ကြည့်မရလို့ ဖြတ်ဖို့ပြောကြတယ်။
သူ့ရပ်တည်ချက်ကလည်းရှင်းတယ်။
"မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်" တဲ့။

ပရီမီးယားလိဂ်ရဲ့ အံ့ဖွယ်နှစ်ခု

ပေးထားတာကတော့ အံ့ဖွယ်နှစ်ဆယ့်နှစ် (၂၂ ) ခုပါ။ ရှည်လို့ အကြိုက် ဆုံး နှစ်ခုပဲ ရွေးလိုက်တယ်။

၁။ မပြောင်းလဲတဲ့ သဘောတရား

ဘောလုံးပွဲတွေမှာ ဒီနေ့သုံးနေတဲ့ ခရာ (ဝီစီ) ဟာ ၁၈၈၄ ခုနှစ်ကတည်းက ဘာမင်ဂန်မြို့သား ဂျိုးဇက် ဟုဒ်ဆင် တည်ထွင်တဲ့ ခရာ (ဝီစီ) ပါတဲ့။ အပြောင်းအလဲများစွာနဲ့ ဘောလုံးလောကမှာ ခရာ (ဝီစီ) ကတော့ အရင် အတိုင်းပါပဲ။ ပြောင်းဖို့ကောင်းပြီ။ ကြားရကြာတော့ ငြီးငွေ့တယ်။ ဘာနဲ့ ပြောင်းရင် ကောင်မလဲ။ လုပ်ကြပါအုံး။ စစ်အစိုးရထက် သက်တန်း ရှည်နေပြီ။

၂။ အင်္ဂလိပ်မန်နေဂျာ ချန်ပီယံ မရှိ

ဒါက အင်္ဂလိပ်တွေ ဘယ်လောက်တော်သလဲဆိုတာရဲ့ သက်သေပဲ။ ပရီမီးယားလိဂ်ဖလား ရဖူးတဲ့ အင်္ဂလိပ်လူမျိုး မန်နေဂျာ မရှိသေး။ မယုံရင် ကြည့်။
အဲလက်စ် ဖာဂူဆန် (မန်ယူ) နဲ့ ကင်နီ ဒပ်ဂလစ်ရှ် (လစ်ဗာပူးလ်)၊ စကော့တ်လူမျိုး။
ကာလို့ အန်ဆယ်လော့တီ (ချယ်လ်ဆီး) နဲ့ ရောဘာတို မန်ချိနီ (မန် စီးတီး)၊ အီတလီလူမျိုး။
အာဆင် ဝင်းဂါး၊(အာဆင်နယ်) ပြင်သစ်။
စပယ်ရှယ် ဝမ်း မော်ရင်ငြို (ညို)၊ (ချယ်လ်ဆီး) ပေါ်တူဂီ။
ကဲ... ဘယ်မလဲ အင်္ဂလိပ်လူမျိုး???