ဘုရားရှင်အတွက် အော်နာရယ်ရီ စီတီဇင်ရှိပ်

အခုတလော ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသောစကား လူပြော များနေသည်။ ဗီဇာသက်တန်း တိုးမရလေသောကြောင့်လား မပြောတတ်။
ဘုရားရှင်ကို တော့ ကပိလဝတ္ထုကို ပို့လို့ ရအံ့မထင်၊ ကြွလိမ့်မည်လည်း မဟုတ်။ ပို့မယ်ပို့ သိဒ္ဓတ္ထမင်းသားကိုတော့ ပို့လို့ ရတန်ကောင်း၏ဟု ဆိုနိုင် သည်။

ဘုရားရှင်က ကပိလဝတ္ထုသား မှန်သော်လည်း ကပိလဝတ္ထုအပေါ် သံယော ဇဉ် နည်းတော်မူ၏။ ကြည့်ပါ၊ ဘုရားဖြစ်အပြီး ၄၅ ဝါ သက်တန်းမှာ ဘယ်နှဝါ ကပိလဝတ္ထုမှာ ဝါကပ်တော်မူခဲ့သနည်း။

သား ဘုရားကို တွေ့လိုသဖြင့် အထောက်တော်များ အလီလီဖြင့် အပင့်ခိုင်း ခဲ့သော်လည်း ရွှေကိုယ်တော်က စိတ်ပင် လည်တော်မမူခဲ့။ လူ့ဒုက္ခအပူများကို အေးစေရင်း မွေးမြေကို မေ့နေသည့်သားပါလေ။

အသားညိုညို ရွှေကိုယ်တော် ဥဒါယီ ဂါထာ ၆၀ သီပြီး လျှောက်တော့ မှ ကပိလသို့ အ်ေဖစ်ရှယ် ဗစ်ဇစ်ခရီးကို လက်ခံခဲ့သည် မဟုတ်ပါလော့။

ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသော ရဟန်းသည်လည်း အနည်းဆုံး ဥဒါယီကိုယ်တော်လောက်တော့ စာ အရေးကောင်းမှ ရပေမည်။ အပျံစား ဂါထာတွေ သီပါလေ ငါ့ရှင်။ သင့်အကြံ အထမြောက်ကောင်း မြောက်ပေမည်။
At least, you try your best ပေပေါ့။

မလုပ်ကြပါနှင့်၊ မြန်မာပြည်အနေနဲ့ ဂေါတမဗုဒ္ဓကို အော်နာရယ်ရီ စီတီဇင်ရှိပ် ဆက်ကပ်ကြသင့်သည်။ ကျေးဇူးတရား များလှ၏။
အော်နာရယ်ရီ စီတီဇင်ရှိပ် မဆက်ကပ်နိုင်ဘူးဆိုလျင်ပင် အနှစ် ငါးထောင် ကြာ ပီအာ(PR) စတေးတော့ ဆက်ကပ်ကြသင့်သည်။

ရန်လည်း သိပ်မဖြစ်ကြပါနှင့်။ စတေးပင် ရှိငြားသော်လည်း လူတွေ၊ ရဟန်းေ တွ ရန်ဖြစ်လျင် ပါလိလေယျကတောကိုတစ်ပါးတည်း ကြွ သွားတော် မူေ ကြာင်း သာဓက ရှိ၏။

ကျောင်းပြင်မှတ်စု

ကဗျာဆရာ ခရမ်းပြာထက်လူက စင်္ကာပူနဲ့ပတ်သက်သည့် သူ့အတွေ့အကြုံ ကို
"လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီးတော့ ကျွန်တော် ပြန်လာခဲ့"
ဟု ကဗျာ ရှည်ကြီး ရေးသည်။

ယနေ့မနက်မှာလည်း
"လမ်းလျှောက်ရယ်လို့ ထွက်ကာသွား တက္ကစီငှားပြီး ပြန်လာခဲ့" ဖြစ်ရသည်။
ရဟန်းသွာလျင် ပေါ့ပါးရမည်ဟု ဘုရားမိန့်ဆိုသဖြင့် ထီးလည်း မယူမိ။
သီဟိုဠ်နှင့် တရုတ်ကိုယ်တော်တို့က ပြုံးစိစိကြည့်၏။
ရွှေသီဟိုဠ်က အသံထွက်အောင်ပင် ရယ်လိုက်သေး၏။ မတတ်နိုင်။

အာရှ ချဉ်ဖတ်ကြီး

ရိုဟိန်ဂျာ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ဖတ်ရတဲ့ စာတွေထဲမှာ ဒီလူပြောတာ သဘာဝ အကျဆုံးပဲ။
"Nobody wants to acknowledge the large numbers of people and nobody knows what to do with them." တဲ့။
Chris Lewa,
Arakan Project Coordinator, S.T

ပထမအပိုဒ် "Nobody wants to acknowledge the large numbers of people " က မြန်မာပြည် (သမ္မတ) ရဲ့ ရပ်တည်ချက်ကို သဘောပေါက် ဟန် ညွှန်းဆိုပြီး ဒုတိယ အပိုဒ်ကတော့ သူတို့နဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း ဘယ်သူမှ မသိဘူး ဆိုတော့ ....... ပြီးရော။
မြန်မာတွေ စေတနာပျက်တာလည်း (ကြောက်တယ်ဆို ပိုမှန်မယ်) မွတ်စလင်ဖြစ်လို့ ဆိုတာထက် ကာမဂုဏ်တွေ နင်းကန်လိုက်စား ကလေးတွေ အထိမ်းအကွတ်မဲ့ မွေးနေကြတာကြောင့် ဖြစ်နိုင်တယ်။
ပြီးတော့ လက်ရှိပြဿနာနဲ့ နာကျင်ခံစားရတာတွေပါ ထည့်စဉ်းစားရင် ဒီကလေးတွေကလည်း နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား သယ်ပိုးမယ့် လူငယ်တွေဖြစ်ဖို့ထက် မုန်းတီးမှုတွေနဲ့ ကြီးပြင်းလာမယ့် အဖျက်သမားေ တွ ဖြစ်ဖို့ပဲများတယ်။

Chris Lewa, ပြောသလိုပဲ "nobody knows what to do with them"
ဒီကိစ္စကို ဘယ်သူမှ လူတတ်ကြီး ဝင်မလုပ်ရဲဘူး (အမေရိကန် အပါအဝင်) ထိုင်းစတဲ့ အိမ်နီးချင်း နိုင်ငံတွေ လုပ်နေကြတာကလည်း အနာဂတ် ဗုံးတွေ ကိုယ့်ဆီ ရောက်မလာဖို့ပဲ။

လူ့ အခွင့်အရေးသမာတွေကို လေးစားပါတယ်။ ဒါပေမယ့် ဘော်စတွန် ဗုံးပေါက်တော့ အသေခံ လိုက်ဖမ်းရတာက အစိုးရဝန်ထမ်းတွေ။ သေတာ က ပြည်သူတွေ။ လူ့ အခွင့်အရေးသမားတွေ လုပ်နိုင်တာက
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားပဲ။
ဒီတော့ သူတို့ရဲ့
"ဒီလို လူသားချင်း မစာနာတဲ့ ဆက်ဆံမှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားကိုလည်း အစိုးရတွေက သိပ်ပြီး နားထောင်နေကြမယ်တော့ မထင်ဘူး။

မုဒိတာ အလွမ်း အားကျမှု

ဖူကူရှီးမား
ဝါး ဟားဟား
ဂျပန်က နိုင်မြဲ နိုင်ဆဲ
အိုလံပစ်ပွဲတော် လာခဲ့ အာရှကို။



ဂျပန်တွေက လူပီသတယ်
ရက်ရက်စက်စက် ကြမ်းကြုတ်ဖူးတယ်
ပြီး.... ပက်ပက်စက်စက် နူးညံ့ပြန်တယ်။
နိုင်ပြတယ် ရှုံးပြတယ်
ရှုံးပြတယ် နိုင်ပြတယ်။

လူဖြူတွေကြောင့် ပြာပုံဘဝရောက်ဖူးတယ်
ပြီးတော့ လူဖြူတွေကို ကျော်ဖြတ်ပြတယ်
သဘာဝဘေးရန်ကို အပြံးမပျက် လက်တွဲပြတယ်
ဘယ်နေးရှင်းမှ သူတို့လောက် အသံထွက်မညီဘူး
ပြိုလဲပြတယ်
ကုန်းထပြတယ်။

၂၀၂၀ အိုလံပစ်အတွက် ဖူးကူရှီးမားကို လက်ညှိုးထိုးကြတယ်
သေချာတယ်
ဂျပန်တွေ အိပ်မက်အသစ်နဲ့ ယိုစိမ့်မှုကို ဖာထေးကြလိမ့်မယ်။

ဂျပန်ကိုသာ အတုယူနိုင်ကြရင် ကမ္ဘာကို ပစိဖိတ် စိုးမိုးလာနိုင်တယ်
ဒီညမှာတော့ ဂျပန်တွေ ငိုနေကြတယ်
ဝမ်းသာလို့။
မနက်ဖြန် ပုံမှန် ရုံးတက်ကြလိမ့်မယ်။
မက်ဒရစ်ကိုတောင် ကျော်ဖြတ်ခဲ့ကြပြီပဲ။





မုဒိတာ အလွမ်း အားကျမှုတွေနဲ့

DISORDER IN COURT

From a little book called "Disorder in the Court." They're things
people actually said in court, word for word.

Q: What is your date of birth?
A: July fifteenth.
Q: What year?
A: Every year.

၂၀၁၅ ယဉ်ကျေးမှု အိပ်မက်

Burmese artifacts a door to its past- and its present
By Jane Perlez. NEW YORK TIMES

၂၀၁၅ ခုဟာ လူအများစု မျှော်လင့်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုတင်မကဘဲ ကမ္ဘာက မသိသေးတဲ့ ပုဂံရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုလည်း နယူးယောက်က တဆင့် ကမ္ဘာကို လှစ်ဟပြသခွင့်ရလာမယ့် မင်္ဂလာရှိတဲ့ နှစ် သစ် တစ်နှစ် ဖြစ်လာပါလိမ့်မယ့်။ ဒါတွေ အစပျိုးနိုင်ဖို့ သန္ဓေ ဥ ခဲ့တဲ့ သမ္မတ ကြီးရဲ့ အမေရိက ခရီးစဉ်ကိုလည်း ကျနော်တို့ ယဉ်ကျေးမှု အတွက် တလေး တမြတ် ထားကြရမယ်။ ပုဂံရဲ့ ယဉ်ကျေးမှု ကမ္ဘာကို ပြသနိုင်ဖို့ သူ့ခရီးစဉ် အ တွင်း သဘောတူညီမှုတွေ ပေးထားခဲ့လို့ နယူးယောက် သုတေသန အဖွဲ့ ဟာ တိမ်ကောနေတဲ့ ပုဂံနဲ့ နိုင်ငံအဝှမ်းပြတိုက်တွေဆီ နဖူးတွေ့ ဒူးတွေ့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီ ရှေးဟောင်း အနုပညာတွေထဲက သင့်တော်မယ့်၊ သယ်ယူလို့လည်း ဖြစ်နိုင်မယ့်၊ အလွန်အမင်း တန်ဖိုးကြီးတာ လည်း မဟုတ်တဲ့ ရှေးဟောင်းလက်ရာတချို့ကို သယ်ယူပြီး ပြသကြပါလိမ့် မယ်။

ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုတွေ အခုမှ အမေရိကကိုရောက်တာလား ဆိုရင်ေ တာ့ မဟုတ်ဘူး။ ဒီပြပွဲမှာ ပြသမယ့် သုံးပုံတစ်ပုံသာ မြန်မာပြည်ကနေ ငှား ရမ်းပြသမှာဖြစ်ပြီး ကျန်တဲ့ နှစ်ပုံက နယူးယောက် ကော်လက်ရှင်း (Collections) တွေကနေ ယူဆောင်မယ်လို့ ဆိုထားပြန်တယ်။ ဒီ မြန်မာ့ယဉ်ကျေးမှုတွေ ငှားရမ်းပြသခွင့်ရဖို့ သူတို့ သဘောတူခဲ့တာ က ရှေးဟောင်းပြတိုက်တွေအတွက် လိုအပ်ချက်တွေကို ကူညီပေးဖို့နဲ့ ဝန်ထမ်းတွေကို စနစ်တကျ သင်တန်းတွေ ပေးဖို့ပါ တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်းသာစရာ သတင်းတစ်ပုဒ်ပါ။

မြန်မာ့ယဉ်ကျေးမှုတွေ အမေရိကမှာ တချို့ရှိနေပြီးဖြစ်တယ်လို့ ဆိုပေမဲ့ ဦးဆောင်စည်းရုံးသူတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်မယ့် ရှားရှားပါးပါး ရှေးေ ဟာင်းလက်ရာတွေကတော့ ပြည်တွင်းမှာပဲ ရှိနေဆဲပါ။

အဲဒီ အထဲက အေဒီ ၁၂ ရာစုလက်ရာဖြစ်တဲ့ မြတ်စွာဘုရားရှင် တာဝတိံသာ မှာ အဘိဓမ္မာဒေသနာတော်ကိုချွေပြီး သင်္ကဿနဂိုရ်ကို ခြေတော်ခြတဲ့ လက် ရာကတော့ အကောင်းဆုံးပါပဲ လို့ဆိုသူရှိသလို အနော်မာ ကမ်းခြေမှာ သိဒ္ဓတ္ထ မင်သား ဆံပယ်နေပုံ လက်ရာကလည်း တော်ရုံတန်ရုံကို သဘော မ ကျ တတ်တဲ့ နယူးယောက်ပရိသတ်ရဲ့ အာရုံကို ဆွဲ ဆောင့်ယူသွားလိမ့် မယ် လို့ ခန့်မှန်းတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ မှန်စီရွှေခြ နန်းဝ တံခါးကတော့ နယူးယောက်ကို သယ်ယူဖို့ တန်ဖိုးကြီးမားလွန်းနေသတဲ့။ ယဉ်ကျေးမှုတန်ဖိုးလား၊ အခြား တန်ဖိုးလားတော့ မသိပါဘူး။

ဒီပြပွဲကနေ ကျနော်တို့ အဓိက ရမယ့်အမြတ်ကတော့ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်မှုတင်မကဘူး၊ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှု နှ လုံးသည်းပွတ်ပါဖြစ်နေတယ်ဆိုတာ ကမ္ဘာက လက်ခံသွားရမယ့် အချက်ပါပဲ။
နယူးယောက်တိုင်းမ်ပါ ဆောင်းပါးကို ကိုးကားရင်း ၂၀၁၅ ဆီကို အိပ်မက် ရှည် ရှည် လှမ်းမက်လိုက်မိပါတယ်။
၂၀၁၅
မင်္ဂလာ နှစ်သစ်
လိပ်ပြာသန့်တဲ့ ပုဂံသမိုင်းကို ဆွဲ..လှစ်။

Brainy Quotes By Abraham Lincoln

1) Power, Men and Character
Nearly all men can stand adversity, but if you want to test a man's character, give him power.

2) Character, Real and Reputation
Character is like a tree and reputation like a shadow. The shadow is what we think of it; the tree is the real thing.

3) Friend
A friend is one who has the same enemies as you have.

4) Sharpening the axe
Give me six hours to chop down a tree and I will spend the first four sharpening the axe.

5) Policy
Am I not destroying my enemies when I make friends of them?

စီးပွားရေး & ဆီးချို သွေးတိုး

တရုတ်က အမေရိကကို ကျော်တက်နေပြီ။ ဆီးချိုနဲ့ သွေးတိုး။
မြန်မာတွေ ပြောလေ့ပြောထ ရှိတယ်။ ဆီးချို သွေးတိုးက သူဌေးရောဂါ တဲ့။ အမှန်ပဲ။
တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ ဆီးချို သွေးတိုးရော ဂါဖြစ်ပွားနှုန်းတွေပါ တိုးလာတယ်။
၂၀၃၀ မှာ အမေရိကရဲ့ စီးပွားရေးကို မီ၊ မမှီ၊ ကျော်၊ မကျော် မသိပေမဲ့ ၂၀၁၃ ကတည်းက ဆီးချို သွေးတိုးရောဂါကတော့ ကျော်သွားပြီ။
ဒါဆိုရင် စာအုပ်ထဲမှာပါတဲ့ မာဂဏ္ဍီ ပရဗိုက်တို့၊ ပသေနဒီ ကောသလတို့ ဆီးချို သွေးတိုး ရှိကို ရှိရမယ်။ ဗိုက်ခေါက် တော်တော်ထူဆိုပဲ။

Safety first ပေါ်လစီများ (စင်္ကာပူ ၊ ဒေါ်စု ၊ မြန်မာကလပ်ဗ် )

Safety first ပေါ်လစီများ

၁။ စင်္ကာပူရဲ့ Safety first ပေါ်လစီ
၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

ဒေါ်စု စင်္ကာပူကိုလာမယ်ဆိုတာနဲ့ ပတ်သက်လို့ Safety first ပေါ်လစီတွေ ခေါင်းထဲ အစီအရီ ရောက်လာတယ်။ ဒေါ်စုရဲ့ ထိုင်း၊ ဥရောပ၊ တောင် ကိုရီး ယား၊ ဂျပန်၊ အမေရိက ခရီးစဉ်တွေအပြီး စင်္ကာပူကို ဒေါ်စု ခြေမချသေးတာနဲ ပတ်သက်လို့ စလုံးမီဒီယာနဲ့ အသိုင်းအဝိုင်းတချို့မှာ တစ်ခုခု နောက်ကျ ကျန်နေရသလို ခံစားရကောင်း ခံစားရနိုင်ပါတယ်။ တက္ကသိုလ်ရဲ့ဒိန်း၊ ကုလ သမဂ္ဂ အရာရှိ မစ္စတာ မာဘုဘာနီ ကိုယ်တိုင်ကတောင် အောင်ဆန်း စုကြည် ဟာ ဥရောပထက် အာရှကို အာရုံစိုက်သင့်တယ်လို့ ခပ်ရှည်ရှည်ဆောင်းပါး ကြီးတစ်ပုဒ် ရေးဖူးသေးတာပဲ။ ထားပါတော့။ ကျနော့်ဆောင်းပါးက Safety first ပေါ်လစီများဖြစ်နေလို့ ဒီအကြောင်းကိုပဲ အလေးပေးပါမယ်။

၁။ စင်္ကာပူရဲ့ Safety first

စင်္ကာပူရဲ့ Safety first အကြောင်းကို ၂၀၀၇ ခု ရွှေဝါရောင် လှုပ်ရှားမှုက စလိုက်ချင်ပါတယ်။ အဲဒီ အချိန်တုန်းက ဒီ လှုပ်ရှားမှုအောင်မြင်မယ်လို့ အစိုး ရပိုင်းကရော မီဒီယာကပါ ယုံကြည်ခဲ့ကြဟန်တူပါတယ်။ စထရိတ်တိုင်းမ် အယ်ဒီတာ့ အာဘော်မှာကိုပဲ စစ်အစိုးရ လွန်လွန်းပြီ၊ ကျရှုံးတော့မယ် စ တဲ့ လေသံတွေ ခပ်တင်းတင်းပစ်ခဲ့တယ်၊ အဲသလိုပဲ စင်္ကာပူက မြန်မာတွေ ရဲ့ လှုပ်ရှားမှုတွေကိုလည်း မသိမသာ လွှတ်ပေးခဲ့တယ်။ မြန်မာလူထုရဲ့ ခံ စားမှုကို နားလည်ပေးတယ်လို့ ဆိုရင်လည်း ရကောင်းရနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ စစ်အစိုးရ က ဒီ လှုပ်ရှားမှုကို ထိမ်းလိုက်နိုင်တာနဲ့ တပြိုင်နက် သူတို့ပေါ်လစီလည်း ပြောင်းသွားတယ်။ ဒီက လူငယ်တချို့ ထိကုန်တယ်။ ဒါကိုပဲ အီမိုးရှင်းဆန်ဆန် လှုပ်ရှားမှုတွေကို ခွင့်မပြုနိုင်တော့လို့ လို့ ဘာ သာပြန်ရင်လည်း ရကောင်းရနိုင်ပြန်ပါတယ်။ ဘယ်လိုပဲဆိုဆို တက်လာမယ့် အစိုးရ မငြိုငြင်စေချင်တဲ့ စင်္ကာပူရဲ့ Safety first ပေါ်လစီကတော့ ထင် သာမြင်သာ ရှိပါတယ်။
နောက်ပြီး မြန်မာတွေ (အများစု) ဝက်ဝက်ကွဲ ကြေကွဲခဲ့ရတာက စင်္ကာပူ ဝန် ကြီးချုပ်ဧည့်ခန်းမထဲက အထီးကျန် မြန်မာသမ္မတရဲ့ ဓာတ်ပုံပါပဲ။ နောက်ဖေးပေါက်ကဝင်၊ နောက်ဖေးပေါက်ကထွက်။ အင်တာနေရှင်နယ်က အသိ အမှတ်မပြုသေးတဲ့ အသွင်ပြောင်းအစိုးရရဲ့ မြန်မာသမ္မတကို အဲသလိုလေး ဆက်ဆံပေးလိုက်ပါတယ်။ ဒီတစ်ခါ ဦးသိန်းစိန်လာရင် နောက်ဖေးပေါက်က ဝင်စရာမလိုတော့ပါဘူး။ ဦးသိန်းစိန်ရဲ့ ဓာတ်ပုံ လီရှန်လွန်းနဲ့ တွဲတက်လာလို့ အင်တာနေရှင်နယ်က ဝေဖန်သံ မခံရနိုင်တော့ဘူး။ အိုဗားမားနဲ့တောင် တွဲခဲ့ပြီးပြီမဟုတ်လား။ ဒါကိုပဲ မြန်မာသမ္မတရဲ့ခရီးစဉ်က အော်ဖစ်ရှယ်မဟုတ်လို့ ဧည့်ခန်းမထဲမှာ အထီးကျန်စွာ ထားခဲ့ရတာပါလို့ ဘာသာပြန်ရင်လည်း ရကောင်းရနိုင်ပြန် ပါတယ်။ ဘယ်လိုပဲဆိုဆို ဒါလည်း စင်္ကာပူရဲ့ Safety first ပေါ်လစီပါ။

ဒေါ်စု ကံကောင်းပါတယ်။

၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ မြန်မာကလပ်ဗ်ကို တာဝန်ပေးထားတယ် လို့ ဆိုတော့မှ (ကောလဟလလည်း ဖြစ်နိုင်ပြန်ရော။ ဆေးအညွှန်း စာ၊ ဗေ ဒင်တွက်ကိန်းတွေက အစ ဒီခေတ်မှာ အားလုံးကို ယုံနေကြရတယ်) မြန်မာေ တွကြားမှာ (အများစု)
မြန်မာကလပ်ဗ်က ဘာလဲ၊
ဘယ်သူတွေလဲ
မေးခွန်းတွေ မေးလာကြတယ်။ မြန်မာကလပ်ဗ်ဆိုတာ ထောက်လှမ်းရေး
ထွက် မြန်မာသံအမတ်ဟောင်းကြီးတစ်ယောက် ဦးစီးဖွဲ့ပေးထားတဲ့ အော် ဖစ်ရှယ် မြန်မာ အသိ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးသမားတွေရဲ့ အဖွဲ့ လို့ပြောရင် ရပါလိမ့်မယ်။ ဒီအဖွဲ့က စစ်အစိုးရလက်ထက်ကတည်းက ဖွဲ့ခဲ့တာ ဆိုတော့ အသိ၊ အတတ်ပညာရှင်တွေ အားလုံး ပါဝင်တယ်လို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ဘေးထွက်နေတဲ့ ပညာရှင်တွေ အများအပြားရှိနိုင် တာပေါ့။
မြန်မာကလပ်ဗ်ထဲက မိတ်ဆွေတစ်ယောက်ရဲ့ အရင်နှစ်တွေက (ဒီနှစ် မ ဟုတ်ဘူးလို့ ဆိုလိုပါတယ်) စကားအရဆိုရင်တော့ သံအမတ်ကြီးက ခင်ဗျား တို့ အက်တီဗီတီတွေက ဘာလဲလို့ မေးတိုင်း ဖြေရခက်လိုက်တာဗျာ တဲ့။

မြန်မာကလပ်ဗ်ရဲ့ မစ်ရှင်နဲ့ ဗစ်ရှင်ကို ကျနော်မသိပါဘူး။ ဖြစ်နိုင်တာ ကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် တရားဝင် အထိုက်အလျောက် လှုပ်ရှား ခွင့် ၊ ပြောရေးဆိုခွင့် ရှိတဲ့ အဖွဲ့လို့ (အမေရိကန် ကလပ်ဗ်တို့၊ ဘာတို့ လိုလေ၊ စဉ်းစားကြည့်တာပါ၊ မှားရင် တောင်းပန်ပါတယ်) ပြောရပါလိမ့်မယ်။ ဒါပေမဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြုအဖွဲ့ဆိုတော့ သူတို့မှာလည်း စင်္ကာပူမူအတိုင်း Safety first ပေါ်လစီရှိနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောနိုင်ရသလဲဆိုရင် မြန်မာအိမ်ဖော်လေးတွေ၊ အလုပ် ကြမ်းသမားလေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို အခြား အဖွဲ့ တစ်ဖွဲ့ က ဝင် ဝင်ပြောနေတာ တွေ့နေရလို့ပါ။ ဒါပေမဲ့ တွေ့ချင်တဲ့ မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ အားထုတ်ပေးတာဟာ (ဒီ သတင်းမှန်ခဲ့ရင်) ဝမ်းသာစရာ၊ ဂုဏ်ယူစရာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာကလပ်ဗ်ဟာ ဟို အစိုးရလည်း မငြိုငြင်၊ ဒီ အစိုးရလည်း မငြိုငြင်၊ မီးစဉ်ကြည့်ကနေရတဲ့ အဖွဲ့လို့ မြင်ရင် မမှားနိုင်ပါဘူး။

(လူများများဆန့်မယ့် အခန်းငှားနိုင်ရန်အတွက် ကုန်ကျမှုနဲ့ ပတ်သက်လို့ အိုးဝေ (စင်္ကာပူမှာ တရားမဝင်၊ အစ်လီဂယ်) အဖွဲ့က ဒေါ်လာ ၇သောင်းခွဲ အထိ စိုက်မယ် လို့ မြန်မာကလပ်ဗ်ကို ကြေးပစ်ထားကြောင်း၊ နောက်ပြီး ရန်ကုန် NLD အဖွဲ့ချုပ်ကလည်း ဒေါ်စုရဲ့ စင်္ကာပူ ခရီးစဉ်နဲ့ ပတ်သက်လို့ အိုးဝေ အဖွဲ့ဝင် ငါးယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း (တိတိကျကျ) သိရပါတယ်။

ဆက်ရန်

ပညာရှင် & မူကြိုကျောင်းသား

Anderson Consulting Worldwide အဆိုအရ ဒီမေးခွန်း လေးခုကို ပညာ ရှင်ကြီးတွေ ဖြေဆိုရာမှာ ၉၀ ရာခိုင်နှုန်း အလွဲတွေဖြစ်ပြီး အဖြေမှန် အများ ဆုံးရအောင် ဖြေဆိုနိုင်သူတွေက မူကြိုကျောင်းသားလေးတွေ တဲ့။
ကဲ စမ်းကြည့်ရအောင်။

မေးခွန်း တစ်
၁။သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
ဘယ်လိုထည့်မလဲ။
ရိုးရိုးလေး စဉ်းစားပါ။ အဖြေမရခင် အောက်က အဖြေကို မကြည့်ပါနဲ့ တဲ့။
????????????????????
?????????????????????
????????????????????
?????????????????????

အဖြေမှန်က: ရေခဲသေတ္တာကိုဖွင့်၊ သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့် ပါတဲ့။
ဒီမေးခွန်းက တောင်တောင်အီအီတွေ လျှောက်ပြီးမစဉ်းစားပဲ အရေးအကြီး ဆုံးအချက်ကို သတိပြုမိ၊ မပြုမိကို စစ်တာပါ။

ဟုတ်ပြီ၊ မေးခွန်း နှစ်
၂။ ဆင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
ဘယ်လိုထည့်မလဲ။
????????????????????
?????????????????????
????????????????????
?????????????????????
ရေခဲသေတ္တာကိုဖွင့်၊ ဆင်ကို ရေခဲသေတ္တာထဲ ထည့်။ ဒီလိုလား။ မှားပါတယ်။
******************************************************

အဖြေမှန်က: ရေခဲသေတ္တာကိုဖွင့်၊ သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲက ထုတ်၊ ဆင်ကို ရေခဲသေတ္တာထဲ ထည့်ပါ။
ဒီမေးခွန်းက လက်ရှိအခြေအနေနဲ့ အတိတ်ဖြစ်ရပ်ကို ဘယ်လောက် ဆက် စပ် ကြည့်နိုင်သလဲဆိုတာကို စစ်ဆေးတာပါ။

လာပြီ မေးခွန်း သုံး
၃။ ခြင်္သေ့မင်းဟာ တိရစ္ဆာန်တွေ အားလုံးကိုခေါ်ပြီး ညီလာခံ ကျင်းပနေတယ် ။ တိရစ္ဆာန်တစ်ကောင်ကလွဲရင် တဲ့။
အဲဒီ တိရစ္ဆာန်က ဘာလဲ။

????????????????????
?????????????????????
????????????????????
?????????????????????

အဲဒီ တိရစ္ဆာန်က ဆင်ပါ။ ရေခဲသေတ္တာထဲ ရောက်နေလို့။
ဒါက သင့် မီမိုရီကို စစ်တာပါ တဲ့။

ကဲနောက်ဆုံး မေးခွန်း လေး
မိကျောင်းတွေကြီးစိုးတဲ့မြစ်ကို ကူးပြီးခရီးသွားရတော့မယ်။ တံတားမရှိ၊ လှေ သင်္ဘောမရှိ တဲ့။
ဒါဆို ဘယ်လို ကူးသွားမလဲ။
????????????????????
?????????????????????
????????????????????
?????????????????????

အဖြေမှန်က: မြစ်ထဲ လက်ပစ်ကူး ကူးခတ်သွားရုံပါ။
မိကျောင်းတွေအားလုံး ညီလာခံထဲ ရောက်နေကြတယ်။

ပြဿနာကို အရိုးဆုံးချဉ်းကပ်ရာမှာ ပရော်ဖက်ရှင်နယ်ကြီးတွေထက် မူ ကြိုကျောင်းသားလေးတွေက အများကြီးသာတယ် ဆိုတာကို Anderson Consulting Worldwide က သုတေသန ပြုထားတာပါ။