သူတို့ ဘာပြောသလဲ???


1)...both showcased the nation's rich 900-year old heritage and transformation from reclusive state to an emerging nation.
ဒီအတွက်တော့.... သိရင် ပြီးတာပဲလို့ ပြောချင်တယ်။



2) But the loudest cheers were saved for Myanmar archer Maung Wai Lin Tun, who a flaming arrow, lit the Games cauldron and shot his country into new and exciting chapter.
ဒီကောင်လေးက တကယ် ပစ်သွားတာလား။ တိတိကျကျသိရင် ပြောကြပါ အုံး။ ဘရာဗို if he really did.

3) It was no surprise then, that China Vice-Premier Liu Yangdong, who is in Naypyidaw.
အင်း ဘာတွေ ပြန်ပေးရမလဲ မသိဘူး။ ရွာက အလှူလိုဖြစ်မှာ စိုးရတယ်။ အလှူကတော့ စီပါရဲ့ ပွဲပြီးတော့ မြေ တစ်ဧကနဲ့ နွားကြီးရောင်းလိုက်ရရော။

**************************************************
ကိုယ် ဘာပြောချင်သလဲ???

၁။ အစီအစဉ် ကြေညာသူတွေရဲ့ အင်္ဂလိပ်။ သူတို့က ပရော်ဖက်ရှင်နယ်တွေ၊ ခဏခဏပြောရတဲ့ ဂိမ်းစ်ကို (Games) ပါးစပ်မပိတ်ဘဲ အသံထွက်သွား တာတွေရှိတယ်။ အရုပ်ဆိုးတယ်။ ကျန်တာတော့ အမေရိကန် အက်ဆင့်ဝဲဝဲ နဲ့ မဆိုးလှပါဘူး။

၂။ ဖြော်ဖြေမှုမှာ မြန်မာလိုတွေချည်းပဲ (နောက်ဆုံးပိတ်က လွဲရင်) ဆိုတော့ နိုင်ငံခြား ဧည့်သည်တော်တွေကို အားနာမိတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံမဟုတ်ရင်တော့ ဒီလိုပဲ များပါလိမ့်မယ်။

၃။ ဗုံးမလန့်ဘူး။ မီးမပျက်ဘူး။ သမ္မတကြီးနဲ့ ဇနီးက ပွဲမပြီးခင် ပြန်သွားတယ်။ သူ့ဇနီးကို "မင်း ကြည်ချင် ကြည့်နေရစ်ခဲ့လေ" လို့ မပြောဘူး။ မိုက်တယ်။ အထာလေးနဲ့။

၎။ ဇော်ဝင်းထွဋ်ဆိုတဲ့ သီချင်းက ကိုယ်ပိုင်သံစဉ်လား၊ ထင်တော့ထင်တယ်။ ကိုယ်ပိုင်သံစဉ် တစ်ခွေထွက်တယ်၊ မဟာ မှတ်တယ်။ (တကယ်သေသေချာချာ မသိလို့၊ သိသူက လုပ်ကြပါအုံး) ဘရာဗို if it is.

၅။ ပုဂံပြကွက်ဟာ အား အပါဆုံးပဲ။ ဇင်ယော်မောင်မောင်တို့ ပါဆိုပဲ။ ပုဂံ ဆက်တင်တော့ ဇင်ယော်မောင်မောင်က ငယ်နိုင်။

ခြုံကြည့်ရင် ကောင်းတယ်။ အောင်မြင်တယ်ပေါ့။


On Strait Time >> web  , pdf











*ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်*


တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်။

အနိရုဒ္ဓ
အနုရုဒ္ဓ
ကြိုက်သလိုခေါ်ကြ
အနော်ရထာကို တို့ ဦးညွတ်ကြတယ်။


နိုင်ငံသစ်တစ်ခု မွေးဖွားဖို့
ဗလိနတ်စာ လက်သည်ကို အားကိုးလို့ ရမတဲ့လား

ပုဂံမှာ..
အနော်ရထာမှာ...
လူသားအရင်းအမြစ်
သဘာဝအရင်းအမြစ်တွေ ရှိတယ်။

ကျန်စစ်က ကာကွယ်ရေး
ငထွေရူး
ညောင်းဦးဖီး
ငလုံးလက်ဖယ်တို့ က HR အရာရှိ ကြီးတွေ။

သူ့မှာ...
ပုဂံမှာ...
အနော်ရထာမှာ...
လွင်ပြင်ကျယ်တွေရှိတယ်
ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်

သူ့မှာ....
ပုဂံမှာ....
အနော်ရထာမှာ....
မြစ်ကြီးတွေရှိတယ်
မြစ်ထဲမှာ ရေတွေရှိတယ်
မဟုတ်ဘူး မှားလို့
အနော်ရထာက
"မြစ်ထဲမှာ ဆန်စပါးတွေ ရှိတယ်" တဲ့။

"ယေ ဓမ္မာ ဟေတုပ္ပဘာဝါ"
အကြောင်းတရားတွေ ဖြည့်
မပြည့်သေးရင် ထပ်ဖြည့်
ဆုမတောင်းနဲ့ အကျိုးတရားက
သူ့ အလိုလိုလာတယ်
ကြိုလို့သာ ပန်ဆင် စားသုံးတော့။


တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေး.....ဆဲ။

ရတနာမြေပုံ (၄) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

"စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် ၀င်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကလေးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် အမေရိကရဲ့ တစ်နှစ် ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာရှိပါတယ်"

(အရင်ပို့စ်မှ အဆက်)
(ဒီမေးခွန်းရဲ့ အဖြေမှန်ကို ဖင်လန်၊ တောင်ကိုရီးယားနဲ့ အမေရိကား ကေ ကျာင်းသားတွေရဲ့ သုံးပုံတစ်ပုံကပဲ မှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်)

လက်ကမ်းစာစောင်နဲ့ပတ်သက်လို့တော့ အဖြေမှန်ရယ်လို့မရှိပါဘူး။ ကိုယ့် အမြင်ကို ကျကျနန ဖွင့်ဆိုရှင်းပြပေးနိုင်ရင် အမှတ်ပြည့်ရတာပါပဲ။ ဒါပေ မဲ့ ရှေ့မှာသုံးခဲ့ပြီးတဲ့ စကားလုံးတွေကို ထပ်တလဲသုံးပြီး ဖြေရုံနဲ့တော့ အမှတ်မရနိုင်ပါဘူး ဥပမာ မေးခွန်းထဲမှာပါပြီးသားဖြစ်တဲ့ “ friendly “ လို “ encouraging “ လိုစကားလုံးတွေပေါ့။ အလားတူပါပဲ “ Interesting “ တို့ “ easy to read “ တို့ “ clear “ တို့ဟာလည်း သိပ်မစွံလှပါဘူးလို့ သတ်မှတ် ထားပါတယ်။ ကိုယ်သုံးစွဲမယ့် စကားလုံးဟာ ကိုယ့်မူပိုင်ဖြစ်နေရမယ်။ သူတို့ (စာစစ်သူတွေ) မျှော်လင့်ချက်က တော်တော်ကြီးမြင့်နေပါတယ်။ တစ်ကမ္ဘာလုံးကကျောင်းသားတွေထဲ ဆယ်ရောက်မှာ လေးယောက်ပဲ ဒီမေး ခွန်းရဲ့အဖြေမှန်ကို ရခဲ့ကြပါတယ်။

မေးခွန်းပုံစံတွေကိုကြည့်ရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူဘူးဆိုတာ တွေ့ရ ပါတယ်။ ဥပမာ မက္ကဆီကိုက ကျောင်းသားတွေကို အီရီရေကန် ( Lake Erie ) ရဲ့ ဒိုင်ယာမီတာကို တိုင်းထွာပြဖို့ မမေးပါဘူး။ ဒီလိုအသေးစိတ်တွက်ချက်မှုတွေဟာလည်း ပီစာ စာမေးပွဲမှာ အရေးမပါလှ ပါဘူး ပီစာ စာမေးပွဲဆိုတာကကို အချက်အလက်တွေကို သိပ်ပြီးအလေး ထားနေတာမျိုးမဟုတ်ဘဲ အရေးပါတဲ့ အချက်တွေကို အခြေခံပြီး တစ်ခုခု ဖန်တီးပေးနိုင်တဲ့ စွမ်းရည်ကိုပဲ အဓိကထားပြီး စစ်ဆေးတာပါ။
နောက်ဆုံးတော့ ကျွန်မရဲ့စာမေးပွဲရလာဒ်ကို စာမေးပွဲကြီးကြပ်ပေးသူကိုပဲ ကျွန်မဖတ်ပြလိုက်တယ်၊ သူကလွဲလို့လည်း ဘယ်သူမှအနားမှာ မရှိဘူးလေ။ သိပ္ပံနဲ့ပတ်သက်တဲ့အဖြေတစ်ခုပဲ ကျွန်မလွဲသွားတယ်၊ Good Job လို့သူမက အားရ၀မ်းသာပြောပါတယ်။ ကျွန်မအသက်ဟာ ပီစာ စာမေးပွဲဝင်ရောက်ဖြေ ဆိုကြတဲ့ ကလေးတွေထက် (၂၄) နှစ်ပိုကြီးတယ်ဆိုတာကိုတော့ ကျွန်မ တို့နှစ်ယောက်စလုံး သိကြတာပေါ့။

အဲ့ဒီအဆောက်အဦးထဲကနေ ထွက်လာခဲ့တဲ့နောက်မှာတော့ ကျွန်မစိတ် ထဲ လေးလံလို့နေတယ်။ ကျွန်မရမှတ်ဟာ ကျွန်မနိုင်ငံက ကလေးတွေကို ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ ကျွန်မသဘောပေါက်လိုက်မိတယ်။ ဒီစာမေး ပွဲက လွယ်တာလည်းမဟုတ် ခက်တာလည်းမဟုတ်ဘူး။ ကျွန်မ မှန်အောင်ဖြေနိုင်ခဲ့တဲ့ မေးခွန်းတစ်ခုဆိုရင် ကျွန်မတို့နိုင်ငံက (၁၅) နှစ် သားကျောင်းသား (၁၈) ရာခိုင်နှုံးပဲ အဖြေမှန်ရခဲ့ကြတယ် အခြားမေးခွန်းတွေလည်း အဲ့သလိုပါပဲ။ ကျွန်မ ဖြေနိုင်ခဲ့တဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ဖင်လန်နဲ့တောင်ကိုရီးယား ကျောင်းသားတွေအများစုက မှန်ေ အာင်ဖြေနိုင်ခဲ့ကြတယ်။ ကျွန်မတို့ အမေရိကန်ကျောင်းသား အများစုကေ တာ့ အဖြေမှန်နဲ့ ဝေးနေကြရှာတယ်။
ပီစာ စာမေးပွဲမှာ လိုအပ်တဲ့အရည်အချင်းက ပြဿနာရဲ့အဖြေကိုရှာဖွေခြင်း နဲ့ လူအချင်းချင်း ဆက်ဆံရေး အတတ်ပညာပါ၊ တနည်းအားဖြင့်ပြောရရင် သတင်းအချက်အလက်တွေနဲ့ အသက်ရှုကြပ်ပြီး စီးပွားရေးအပြောင်း အ လဲတွေ ရုတ်တရက် ကြုံတွေ့ရနိုင်တဲ့ ဒီခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျွန်မတို့ မိသားစုကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတဲ့ အခြေခံအရည် အချင်းတွေပါပဲ။

ဒီလိုမေးခွန်းတွေကို ကောင်းကောင်းမဖြေဆိုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ ကျွန်မတို့ ကျောင်းသားတိုင်း ဆရာဝန်တွေ၊ ရှေ့နေေ တွ ဖြစ်နေစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့အားလုံး ဘယ်လိုစဉ်းစား တွေးခေါ် ရမယ် ဆိုတာတော့ သိဖို့မလိုအပ်ပေဘူးလား။
ပီစာ စာမေးပွဲဟာ အရည်အချင်းအားလုံးကို တိုင်းတာပြနိုင်တယ်လို့တော့ ကျွန်မ မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီစာမေးပွဲဟာ ကလေးတစ်ယောက်ရဲ့ စဉ်း စာတွေးခေါ်နိုင်မှုကိုတော့ တိုင်းတာပြနိုင်တယ်။ အမေရိကန် ပါမောက္ခများ အဖွဲ့ချုပ်ကတော့ “ အမေရိကရဲ့ ပညာရေးဟာ လွတ်လပ်တဲ့ လူ့အဖွဲ့ အ စည်းမှာ တည်ထွင်ဆန်းသစ်တဲ့ လူငယ်တွေ မွေးဖွားပေးနိုင်ဖို့ စီစဉ် ဖန်တီး ထားတဲ့ ပညာရေး “ လို့ ကြွေးကြော်ခဲ့ကြတယ်။
တကယ်လို့ တည်ထွင်ဆန်းသစ်တဲ့ အတွေးဟာ အမေရိကပညာရေးရဲ့ အ မှတ်အသားတစ်ခုဆိုရင် ဒီပညာရေးဟာ ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ၁၅ နှစ် သားကျောင်းသားလေးတွေအပေါ်မှာ ထင်ဟပ်မှုမရှိခဲ့တာပါလဲ။

ဒီအတိုင်းဆိုရင် အမေရိကန်ကျောင်းသားလေးတွေနဲ့ ပညာသင်စာရိတ်တွေ ထုတ်ပေးနေရတဲ့ မိဘ၊ အစိုးရတွေဟာ အချိန်တွေ၊ ငွေတွေများ စွာ ဖြုန်းတီး ရာရောက်နေပြီလား ဆိုတဲ့အတွေးကနေ ခွဲထွက်ဖို့ ကျွန်မအတွက် မလွယ်ကူ လှရိုးအမှန်ပါပဲ။ ၂၀၀၉-ခု ပီစာ စာမေးပွဲမှာ အမေရိကန်ကျောင်းသားတွေရဲ့ သင်္ချာရလာဒ်ဟာ ကမ္ဘာမှာ အဆင့် (၂၆) ရှိတယ်၊ သိပ္ပံမှာ အဆင့် (၁၇) စာ ဖတ်ခြင်းမှာ (၁၂)ရှိခဲ့တယ်။ ဒါသာဖြစ်တဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ ပညာရေး အသုံးစားရိတ်မှာ ကျွန်မတို့က အဆင့်(၂) မှာရှိပါတယ်။ (ကျွန်မတို့ထက် ပညာရေးမှာ ပိုပြီးသုံးစွဲတဲ့နိုင်ငံကတော့ လူဇင်ဘတ်နိုင်ငံပါ၊ ဒီနိုင်ငံရဲ့လူဦးရေက Tennesseen Nashville လူဦးရေထက်လျှော့နည်းပါ တယ်)

ကျွန်မတို့ ဖြုန်းတီးခဲ့တာတွေအကြောင်းကို တွေးမိရင် ရင်နာစရာပါပဲ။ စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် တစ်ဦးချင်းဝင်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ ဒီအပြင် အခြားအကြောင်းတရားတွေလည်း ပါ ၀င်မှုတော့ရှိတာပေါ့။ ဘယ်လိုလေ့လာရမယ် ဘယ်လိုတွေးခေါ်ရမယ် အပြောင်းအလဲတွေကြားမှာ ဘယ်လိုဟန်ချက်ညီအောင် ထိန်းထားနိုင်ရမယ် စတာတွေပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကေ လးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် တစ်နှစ်ချင်းမှာပဲ အမေရိကရဲ့ ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာ ရှိပါတယ်။
ကျောင်းသားတွေအတွက်ကျပြန်တော့ ပီစာရမှတ်ဟာ ဘယ်တက္ကသိုလ်ကို တတ်ခွင့်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျောင်းရီပေါ့တ်တွေထက် ပိုပြီးသေ ချာပါတယ်။ ပီစာ စာမေးပွဲရဲ့ စာဖတ်အရည်အချင်း စစ်တမ်းမှာ သိပ်မစွံလှ တဲ့ကလေးတွေဟာ အထက်တန်းကျောင်းမှာတင် ပညာရေးဆုံးခန်းတိုင်ဖို့ အလားအလာတွေအများကြီးရှိပါတယ်။ ပီစာ စာမေးပွဲစစ်ဆေးတာက သူ တို့ခေါင်းထဲမှာ ဘယ်လောက်မှတ်ထားနိုင်တယ်ဆိုတာမဟုတ်ဘဲ သူတို့ စိတ် ဓာတ် တတ်ကြွမှုကို စစ်ဆေးလိုက်တာပဲဖြစ်ပါတယ်။ ဒီစာမေးပွဲဖြေပြီး စာမေး ပွဲနဲ့ပတ်သက်လို့ စိတ်ထဲမှာ မတင်မကျ ခံစားခဲ့ရပါတယ်။ ပီစာ စာမေးပွဲနဲ့ ဒီ စာမေးပွဲနဲ့ပတ်သက်တဲ့ စာမျက်နှာတစ်ထောင်ကျော်တဲ့ သုံးသပ်ချက်တွေဟာ အနာဂတ်ရတနာမြေပုံပဲဖြစ်ပါတယ်။ ဒီရတနာမြေပုံကိုကြည့်ပြီး ဘယ်နိုင်ငံက သူတို့ကလေးတွေကို စဉ်းစားတတ်အောင် သင်ပေးထားသလဲ ဘယ်နိုင်ငံေ တွက ဒါတွေကို သင်ပေးမထားဘူးလဲ ဆိုတာကိုလည်း အဖြေရှာလို့ ရသွား ပါတော့တယ်။

တိုးတတ်မှု၊ အောင်မြင်မှု အရှိဆုံးသုံးနိုင်ငံကို ဒီလိုအုပ်စုသုံးမျိုး ခွဲခြားကြည့် လိုက်မိပါတယ်။
၁။ ဖင်လန်ရဲ့ အိပ်မက်မြို့တော် မော်ဒယ်။ သူတို့ပညာရေးဟာ ကလေးတွေ ကို အပြင်းအထန် မောင်းနှင်မှုမရှိ၊ မိဘတွေရဲ့ ပါဝင်ပတ်သက်မှုလည်း မရှိ လှဘဲ အောင်မြင်မှုရနေတဲ့ ပညာရေးစနစ်ပါ။
၂။ တောင်ကိုရီးယားရဲ့ pressure – cooker မော်ဒယ်။ ကလေးတွေက မနေ မနား ကြိုးစားနေကြလွန်းလို့ အစိုးရက ကာဖြူးအမိန့်ထုတ်ထားရတယ်။
(pressure – cooker = လေလုံတဲ့ ထူထူထဲထဲ ဟင်းချက်အိုး တစ်မျိုးပါ၊ အမြန်ကျက်ချင်တဲ့အခါ ဖိအားသုံးပြီး ချက်လို့ရတဲ့အိုးတစ်မျိုး) နဲ့
၃။ ပိုလန်ရဲ့ အသွင်ပြောင်း ပညာရေးမော်ဒယ်။ ကလေးဘ၀ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အမေရိကနဲ့ မတိမ်းမယိမ်းရှိပြီး ကလေးတွေရဲ့ ပညာရေးေ ကြာင့် ရုတ်တရက် အကျိုးအမြတ်ရလာတဲ့ ပညာရေးမော်ဒယ်တို့ပဲဖြစ်ပါ တယ်။

ဒါပေမဲ့ ပီစာ စာမေးပွဲကိုယ်တိုင်ကလည်း ဒီကလေးတွေက ဘာကြောင့် ဒီ လို တော်လာရတာလဲ။ အဲ့ဒီနိုင်ငံတွေက သူတို့လေးတွေရဲ့ ဘ၀ကရော ဘယ်လိုဆိုတာကို ပြောမပြနိုင်ခဲ့ပါဘူး။ စာမေးပွဲနဲ့ စစ်ဆေးလို့မရနိုင်တဲ့ အခြား အကြောင်းတရားတွေအပေါ် အခြေခံပြီး ကလေးတွေရဲ့ဘ၀ ဟာ ပြောင်းလဲလာတာပါ။
ကိုရီးယားက ကလေးတွေဟာ ကျောင်းစာကိုလေ့လာဖို့ အပြင်းအထန် မော င်းနှင်တာကို ခံနေရလို့ တိုးတတ်လာတာလား၊ သဘာဝအတိုင်းပဲ တိုးတတ် လာတာလား။ ဒီနှစ်ခုက လုံးဝမတူပါဘူး။
သင်္ချာမှာ သူတို့တော်သလောက် ဖင်လန်ရဲ့ကလေးတွေကရော ကာရိုက်တာ ပိုင်းမှာ တကယ်တော်သလား။ ကျွန်မမှာ အချက်အလက်တွေ ရှိနေပါပြီ။ ကျွန်မသိလိုတာက သူတို့ရဲ့ဘ၀ပါ။
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကလေးတွေ သူတို့ဆီကနေ သင်ယူနိုင်ဖို့ ဖင်လန်၊ ကိုရီးယား နဲ့ ပိုလန်နိုင်ငံတို့ကို ကျွန်မ ခရီးထွက်ခဲ့ပါတယ်။ ပီစာအမှတ်ကောင်းကောင်းရခဲ့တဲ့ တရုပ်ပြည်က ရှန်ဟိုင်း၊ စင်္ကာပူ စတဲ့နိုင် ငံတွေကိုလည်း ကျွန်မရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အမိန့်ပေါ်မှာ မူ တည်ပြီး အပြောင်းအလဲ မရှိနိုင်တဲ့ ဒီမိုကရေစီ ပိုထွန်းကားတဲ့ နိုင်ငံတွေ အပေါ်မှာ ပိုပြီးအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကတိမတည်၊ နိုင်ငံရေးမငြိမ်သက်မှုတွေထဲကနေ အောင်မြင်မှုရအောင် ကြိုး စားလာနိုင်ကြတဲ့ မိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေဆီကို ကျွန်မ သွားချင်ခဲ့တာပါ။
ဒါမှ မျက်စိနဲ့မြင်ခွင့်ရလိုက်တဲ့ အံ့မခန်းမှုတွေ ဖြစ်မယ်မဟုတ်ပါလား။

ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။


ပိုက်ကျော်ခြင်း ခတ်နေကြတာ၊ အင်ဒိုနဲ့ မြန်မာ။ တဝေါဝေါနဲ့ အားရစရာကြီး။
မြန်မာက တစ်ပွဲနိုင်ထားတယ်။ ဒုတိယပွဲကတော့ အကြိတ်အနယ်။
ဒီနေးရှင်းက ဒါတွေနဲ့ဝေးနေရတာ ကြာပြီ။
ရွှေတော့ရွှေ၊ သန်းမပါစေနဲ့။

ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း


နေမင်းရဲ့ တော်ဝင်မြို့တော်တဲ့ ဟဲ့ ဟဲ့

ဒီကိစ္စမပြောခင် နေပြည်တော်ကို အင်္ဂလိပ်လို ပြန်ထားပုံအကြောင်းနဲ့ စချင်ပါ တယ်။ "The royal city of the Sun" လို့ စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရ တယ်။ တကယ်တော့ ဒီကိစ္စကို ပညာရှင်တွေပြောတာက ပိုသင့်မှာပါ။ ကနဦးမှာ ရာဇဌာနီ=မင်းနေပြည်လို့ သုံးကြပါတယ်။ ပါဠိကို တိုက်ရိုက်မြန်မာ မှုပြုထားတာပါ။ မင်းနေပြည်ကနေ နေပြည်တော်။ ဒီမှာ နေ ဟာ the Sun ဆိုတဲ့ အဓိပ္ပါယ်ထက် နေထိုင်ခြင်း အဓိပ္ပါယ်ပိုရှိပါတယ်။ ဘုရင်ကိုနေနဲ့နှိုင်းတဲ့ ယဉ်ကျေးမှုရှိပေမဲ့ မူရင်းကိုလိုက်ရင် အဓိပ္ပါယ်သိပ်မကောင်းဘူးထင်ပါတယ်။ The royal city, The Capital (စူပါမားကက်နဲ့ ရောသွားမှာ စိုးလို့လားတော့ မသိ) ဆိုရသားနဲ့ (The royal city of the Sun ) နေမင်းရဲ့ တော် ဝင်မြို့တော်ဖြစ်သွားရော။ ကြီးကျယ်ချင်လွန်းတဲ့ ရောဂါအနုစားထင်ပါရဲ့။ ပညာရှင်သတ်မှတ်ခံထားရသူ တစ်ယောက်ယောက်က ပြောတာမဟုတ်ရင် စထရိတ်တိုင်းမ်က ထည့်မှာမ ဟုတ်ဘူး။



ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း

မလေးရှား၊ ပီနန်မြို့အနီးက ခေဒ (Kheda) မှာရှိတဲ့ ဘူဂျန်းဗဲလေး (Bujang Valley) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ အန်ကောဝပ်ထက် ရှေးကျ တဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ အဲဒီနယ်တစ်ဝိုက်မှာ တွေ့ရတယ်။ တချိန်က တမီးလ် မြို့တော်ဟောင်းလို့ ယူဆစရာရှိပြီး ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကိုတောင် တွေ့ရတယ်လို့ ပီနန်ဆရာတော်ကြီးမိန့်ဖူးတာကို သတိရမိတယ်။ မလေး အစိုးရက ဖျက်းဆီးတဲ့အထဲလည်းမပါ၊ ထိမ်းသိမ်းတဲ့အထဲလည်း မပါ။
တွေ့ရှိမှုတွေကလည်း မောင်းထုတ်ပစ်ထားတဲ့ ဘာသာရေးအမွေ အနှစ်တွေ ဆိုတွေ့ တူးဖော်လို့ တွေ့ပြန်ပြီဆိုရင်တောင်
" အော်.. အင်း၊ဟုတ်လား.." လောက်ပဲ။
အခုတော့ အေဒီ ရှစ်ရာစုက ရှေးဟောင်း ဘုရားကျောင်းနံပါတ် ၁၁ နေရာကို ဖြိုပြီး ဆောက်လုပ်ရေးလုပ်မယ်ဆိုမှ သမိုင်းပညာရှင်တွေက ကန့်ကွက်လို့ အသံတွေထွက်လာတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်က ဘာပြောလဲဆိုတော့ "သမိုင်းတန်ဖိုးရှိမှန်း မသိလို့" တဲ့။

အဲဒါ အရှေ့တောင်အာရှမှာ ရှေးအကျဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ပုဂံထက် သုံးရာစုလောက် ရှေးကျပါတယ်။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ


တရားကျင့်သူကို တရားက စောင့်ရှောက်၏။ (ဓမ္မပဒ)
ထီးဆောင်သူကို ထို ထီးကပင် နေပူဒဏ် မိုးဒဏ် တို့မှ ကာကွယ်မှုပေး၏။ (အဋ္ဌကထာဆရာ)

သူတစ်ပါးကို နေဒဏ်မိုးဒဏ်တို့မှ ကာကွယ်ရှာသော ထို ထီးခမျာကား
နေဖြင့်လောင်ကျွမ်း၍ မိုးရေဖြင့် ရွှဲရွှဲစို၏။

ထို့အတူ... မိဘတို့သည်လည်း သား သမီးတို့ကို ကာကွယ်ရင်း မကြာ မကြာ...။ ။

အော်..အင်း...ဘယ်လိုပြောရပါ့


၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော် ပြီးတော့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါ တယ်။ စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက် စတဲ့ အားကစားတချို့မှာ နိုင် ငံအသီးသီးကို ကိုယ်စားပြု ဝင်ပြိုင်ခဲ့ကြပေမဲ့ လူမျိုးအနေနဲ့ကြည့်ရင် အားလုံး က တရုတ်အနွယ်တွေချည်းပဲ။ ၂၄၀ ကျော်တယ် တဲ့။
လူမျိုးရေးစိတ် အလွန်ပြင်းတဲ့ ဂျာမဏီတောင် တရုတ် မလွတ်ခဲ့ဘူး။ ဒါက လက်ရှိ ဂလိုဘယ် ကမ္ဘာရဲ့ ရိုက်အားပဲ မဟုတ်လား။

ဒီနိုင်ငံထဲမှာ (တရားဝင်) မွေး၊ (တရားဝင်) ကြီး၊ (တရားဝင်)ကျောင်းတက်ခဲ့ သူတိုင်းဟာ ဒီနိုင်ငံသားပါပဲ။ ကုန်းဘောင်ခေတ် ပြန်မသွားသင့်တော့ဘူး။ ဂုဏ်ယူသင့်၊ အောင်ပွဲခံသင့်တယ် ထင်ပါတယ်။

Run, run, Team Myanmar, run


တစ်ခုခုများ ဖြစ်လေမလား? တကယ်စိုးရိမ်နေကြတာက နေပြည်တော်မှာဖြစ်ပြီး ဖြစ်သွားတော့ စင်္ကာပူ မှာဆိုတော့ အံ့ဩစရာ စိတ်မကောင်းစရာ ကြုံရပါတယ်။ စကားချိုချိုသုံးနေ ကြပေမဲ့ အာဏာပိုင်အဖွဲ့အစည်းကတော့ ဒါမျိုးကို လုံးဝသည်းခံမှာ မဟုတ် ပါဘူး။ ပါဝင်ပတ်သက်သူတွေလည်း သက်သာမယ် မဟုတ်ဘူး။ ကားကို ဆေးနဲ့ပက်ရုံနဲ့တောင် မသက်သာတာ မီးနဲ့ရှို့တဲ့အဆင့်ထိဆိုရင်ေ တာ့ စဉ်းစားစရာတောင် မလိုတော့ပါဘူး။ လူတန်းစားကွာဟမှု မကျေမ နပ်ဖြစ်ရာကနေ ပေါက်ကွဲလာတာလို့ နိုင်ငံခြားသတင်းစာက ဆိုပေမဲ့ အဓိက အကြောင်းကတော့ အရက်ဖြစ်ဖို့ များပါတယ်။

အခုထိတော့ နေပြည်တော်က အေးအေးဆေးဆေးပဲထင်ပါရဲ့။ ရွှေတံဆိပ် ၁၃ ခုနဲ့ ထိပ်ကပြေးနေတယ်။ ပွဲကော်မတီရဲ့ ဆိုက်ကိုလည်းပါပါလိမ့် မယ် ။ ခြင်းလုံးကို ရှေ့ကတင်ထားတော့ ဆုတံဆိပ် လုမယ့်သူ မရှိသလောက် နည်းသွားတယ်။ ဒါတောင် ထိုင်းက ရွှေ တစ်ခု ယူသွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုတွေနဲ့ အားကစားသမားတွေရဲ့ ယုံကြည်မှု တည်ဆောက် သွားရင် ရနိုင်ပါလိမ့်မယ်။ ပရိသတ်က တို့က အိမ်ရှင်ဆိုတဲ့ စိတ်ကလေး မွေးထားရင် ဖော်ရွေတဲ့ မြန်မာ့ယဉ်ကျေးမှုကို (မီးပျက်သွားခဲ့ရင်တောင်) ပြသ ခွင့် ရကြမှာပါ။

Underpaid joke

Underpaid folk may enjoy this Buddhist-style joke.
ဒီ ဂျုတ်က ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး ထင်ပါတယ်။

အဖေလုပ်သူက အခန်းထဲမှာ လှဲနေတဲ့သားဆီကို လျှောက်လာပြီး
"သား မင်း စာကြိုးစားဖို့ ကောင်းတယ်"
"ဘာဖြစ်လို့လဲ ဖေဖေ"
"ပညာတတ်မှ အလုပ်ကောင်းကောင်းရမှာပေါ့"
"ဘာလို့ အလုပ်ကောင်းကောင်းရစရာ လိုတာလဲ ဖေဖေ"
"အလုပ်ကောင်းကောင်းရတော့ ပိုက်ဆံများများရတာပေါ့"
" ပိုက်ဆံများများ ရတော့ ဘာဖြစ်မှာလဲ ဖေဖေ"
"ပိုက်ဆံများများ ရတော့ ချမ်းချမ်းသာသာနဲ့ နေ၊ အလုပ်ကနေ စောစော အနားယူ၊ သက်တောင့်သက်သာ ရှိတာပေါ့"
"အခုလည်း ဖေဖေပြောသလို သက်တောင့်သက်သာနေနေရတာပဲ ဖေဖေ
ရယ်"

တရုတ် (သို့) ရွက်ပုန်းသီး (၅)


"အမေရိကန်တွေက ရိုသားပြီး အန္တရာယ်လည်း ပိုကင်းတယ်လို့ ငါတော့ ထင်မိတယ်။ သူတို့က လည်ပင်း ညှစ်မယ့်လူတွေ မဟုတ်ဘူး။ သူတို့က လူ တိုင်း ဒီမိုကရေစီကို ကျင့်သုံးစေချင်တယ်။ ဂုတ်ခွစီးချင်တဲ့ လူတွေ မဟုတ် ဘူး။ တရုတ်က မင်းက ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်သလား၊ အာဏာရှင်စနစ် နဲ့ အုပ်ချုပ်သလား ဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ လိုချင်တာ ရဖို့ပဲ စိတ် ဝင်စားတယ်"
(လီကွမ်းယု)

မေး ။ ။ မစ္စတာလီရဲ့ သဘောအရဆိုရင် …

ဖြေ ။ ။ လာမယ့် အနှစ် (၂၀) နဲ့ (၃၀) မှာတော့ ပါဝါညီလာမယ်လို့ ထင်တာပဲ။

မေး ။ ။ ပါဝါညီလာတဲ့ အခါမှာ ရလဒ်က ဘယ်လို ဖြစ်လာမလဲ။

ဖြေ ။ ။ ဒါကတော့ ကိုယ်တိုင် သုံးသပ်ကြရတော့မှာပဲ။ အနီးဆုံး အတူနေ ရမှာက တရုတ်ပဲ။ ပစိဖိတ် ဒီဖက်ကမ်းမှာ တို့အတွက် သူတို့က တည်နေရာ အားဖြင့် ပိုနီးသလို ပိုလည်း အားကောင်း လာလိမ့်မယ်။ အမေရိကန်တွေ အ တွက် အင်အားဖြည့်တင်းဖို့ လာရမယ့် အကွာအဝေးက မိုင်ထောင်ချီပြီး တရုတ်တွေအတွက်က ရာဂဏန်းပဲ ရှိတယ်။ ဒါပေမဲ့ အမေရိကန်တွေက ပစိ ဖိတ်သမုဒ္ဒရာထဲကနေ လုံးဝ ထွက်သွားမှာတော့ မဟုတ်ဘူး။ ပစိဖိတ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို သူတို့က လက်လျှော့ပေးလိုက်မှာ မဟုတ် ဘူး။ ပြီးတော့ သူတို့မှာ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်စတဲ့ မဟာမိတ်နိုင်ငံတွေလည်း ရှိတယ်။ ပါဝါညီမျှမှုကတော့ မလွှဲမသွေ တဖြည်းဖြ ည်း ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဒီဒေသတွင်းကနေ အမေရိကန်တွေ ပျောက်ကွယ် သွားမှာတော့ မဟုတ်ဘူး။

မေး ။ ။ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ေ လာက်ကတည်းက အငြင်းပွားမှုတွေ ရှိနေခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်က ဘယ်လို တုန့်ပြန်လာမယ်ဆိုတာ တစ်ခုခုများ ပြောပြနိုင်မလား။

ဖြေ ။ ။ ဒါနဲ့ ပတ်သက်လို့ တရုတ်က စိတ်ဝင်စားမှု များသလို အဲဒီနေရာ ဟာ သူတို့ပိုင်နက်ဆိုတာကိုလည်း တရုတ်က ယုံကြည်ထားတယ်။ အနီး တဝှိုက်က သဲသောင်တွေ၊ ကျွန်းငယ်ငယ်လေးတွေကို တရုတ်က ပိုင်ထား တာ။ နောက်ပြီး ရေအောက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှိနိုင်တယ်လို့ ယုံကြည်ထားတော့ တရုတ်က အလျှော့ပေးမယ်လို့ မထင်မိဘူး။ နောက် ဆုံးတော့ ဒီကိစ္စက ကုလသမဂ္ဂရဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ဥပဒေနဲ့ ဆုံးဖြတ်ရ မှာပဲ။ ဒါမှသာ ဘယ်နိုင်ငံကမှ ဘယ်နိုင်ငံကို ကျောထောက်နောက်ခံ လုပ်လို့ မရမှာ။ ကျွန်းငယ်တိုင်း၊ သဲသောင်တိုင်းဟာ ဘယ်သူရဲ့အဆိုတင်သွင်းမှုနဲ့ အနီးဆုံးမှာ ရှိသလဲဆိုတာကို တိုင်းထွာပြီး ဘယ်သူ ပိုင်သင့်တယ်ဆိုတာ ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို နှစ်နိုင်ငံချင်းပဲ ညှိနှိုင်းပြီး ချကြလိမ့် မယ်။ သူတို့ ပြောသလိုပေါ့၊ အာဆီယံနိုင်ငံအားလုံးနဲ့ (တစ်စုတစ်ပေါင်းတည်း ) အတိုက်အခံ မလုပ်ဘူးတဲ့။

မေး ။ ။ အာဆီယံနိုင်ငံတွေ ပိုပြီး သဘောကျမှာကတော့ အုပ်စုလိုက် ဖြေ ရှင်းတာမျိုးပဲ ဖြစ်မယ် ထင်တယ်။

ဖြေ ။ ။ ဟုတ်တယ်။ အာဆီယံတွေ သဘောကျတာက တောင်တရုတ် ပင်လယ်နဲ့ ပတ်သက်တဲ့ နိုင်ငံအားလုံးရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထုတ်ပြန် ချက်နဲ့အညီ (DOC – Declaration On the Conduct) ရယ်၊ တောင်တရုတ် ပင်လယ်အတွင်း လိုက်နာရမယ့် ကျင့်ဝတ် (COC – Code of Conduct on the South China Sea) နဲ့အညီရယ် ဒီတင်းမာမှုကို ဖြေရှင်းစေလိုတာပေါ့။

မေး ။ ။ အာဆီယံနိုင်ငံတွေ ဆန္ဒရှိတဲ့အတိုင်း မဖြစ်နိုင်လောက်ဘူးပေါ့။ ဒီတင်းမာမှုကို တရုတ်က တစ်နိုင်ငံချင်းဆီနဲ့ ရှင်းသွားမလား၊ အဖွဲ့လိုက် ရှင်း သွားမလား။

ဖြေ ။ ။ တရုတ်က တစ်နိုင်ငံချင်းစီပဲ ရှင်းလိမ့်မယ်။ အင်ဒိုနီးရှားက ပဲ ဖြစ်ဖြစ်၊ မလေးရှားကပဲ ဖြစ်ဖြစ်၊ စင်္ကာပူကပဲ ဖြစ်ဖြစ် အာဆီယံ တစ်ဖွဲ့လုံး ကို ခေါင်းဆောင်ပြီး စစ်ချီသံပေး ချီတက်လိမ့်မယ် မထင်ဘူး။ ဘာအတွက် ဒီလို လုပ်နေမှာလဲ။

မေး ။ ။ ဒါဆို အမေရိကန်တွေကရော …။

ဖြေ ။ ။ အမေရိကန်တွေက သံတမန်ရေးအရ ဒီကိစ္စထဲကို ဝင်ပြီးသားပဲ။ စစ်ရေးအရ ပါဝင်လာမလား ဆိုတာက နောက်ထပ် မေးခွန်းတစ်ခုပေါ့။ ငါတော့ မထင်ဘူး။ သူတို့က စိတ်ဝင်စားမှု မရှိလှသလို အင်အားဖြည့်တင်း ဖို့ကလည်း အကွာအဝေးက မနည်းလှဘူး။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ရဲ့ အကျိုးအမြတ်အတွက် အမေရိကန်က ဘာဖြစ်လို့ တရုတ်နဲ့ စစ်တိုက်နေ မှာလဲ။

မေး ။ ။ တက်လာမယ့် အမေရိကန်သမ္မတက စစ်မက်လိုလားမယ်ဆိုရင် ပါဝါလွန်ဆွဲပွဲကို အချိန်ဆွဲမနေဘဲ အခုပဲ စတင်လိုက်ရအောင် ဆိုတာမျိုးေ ရာ ဖြစ်မလာနိုင်ဘူးလား။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ သမ္မတက စစ်ဝါဒီဆိုစေဦး … ဒီအတွက် စစ်အင် အား ဘယ်လောက် သုံးမှာလဲ၊ ဒီအတွက် အကုန်အကျက ဘယ်လောက် ရှိနိုင်မယ်၊ ကာကွယ်ရေး အသုံးစရိတ်အတွက် ဘယ်လောက်ထပ်ပြီး သုံး စွဲနိုင်မလဲစတဲ့ မေးခွန်းတွေ မေးလာမယ့် စစ်တပ်ဘက်က အကြီးအကဲတွေ လည်း ရှိနေမှာပဲ။

မေး ။ ။ နောက်ထပ် ပြောစမှတ်တစ်ခု ဖြစ်နေတာက ထိုင်ဝမ်အပေါ် ထား ရှိတဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ သဘောထားပဲ။ စီးပွားရေး၊ နိုင်ငံခြားခရီး သွား စတာတွေနဲ့ အခုတော့ စီးပွားရေးမှာ အဆင်ပြေနေတာ တွေ့ရတယ်။ ဒီလို အပြန်အလှန် ဆက်သွယ်မှုက သူတို့ကို ပိုပြီး နီးနီးကပ်ကပ် ရှိစေတယ်။ ဒါပေမဲ့ ထိုင်ဝမ်နဲ့ ပြည်မကြီး ပြန်လည်ပူးပေါင်းရေးကတော့ အချိန် အကန့် အသက်မရှိ ရွှေ့ဆိုင်းထားကြရတယ်။

ဖြေ ။ ။ ဒါက တရုတ်ပြည်အတွက် အရေးမကြီးလှဘူး။ ဘယ်လောက် ကြာကြာ သူတို့က စောင့်နေနိုင်တယ်။ အချိန်က သူတို့ဘက်မှာ ရှိတယ်။ လတ်တလောမှာတော့ စီးပွားရေး တိုးတက်မှုအတွက် ထိုင်ဝမ်ဟာ တ ရုတ်ပြည်နဲ့ အပြန်အလှန် မှီခိုနေရတယ်။ အချိန်ကြာလာလေလေ တက် လာမယ့် အစိုးရအနေနဲ့ ပေါ်လစီကို ပြောင်းဖို့၊ နောက်ပြန်ဆုတ်ဖို့ ခက်ေ လလေ ဖြစ်နေမှာပဲ။

မေး ။ ။ ထိုင်ဝမ်က အခြေခံလူထုရဲ့ သဘောထားကို ကောက်ခံကြည့်ရာ မှာတော့ အများစုက ပြန်လည်ပူးပေါင်းရေးထက် လွတ်လပ်စွာ ရပ်တည်ရေး ကို ဆန္ဒရှိနေကြတဲ့အကြောင်း သိရတယ်။

ဖြေ ။ ။ ဒါက သိပ် မဖြစ်နိုင်လှပါဘူး။ မင်းသာ ထိုင်ဝမ်လူမျိုးတစ်ယောက် ဆိုရင် လွတ်လွတ်လပ်လပ် ရပ်တည်မလား၊ ဒီအတိုင်းပဲ ရေလိုက် ငါး လိုက် နေချင်မလား၊ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းအနေနဲ့ နေမလား ။ တောင်ပိုင်းက ထိုင်ဝမ်လူမျိုးတွေက ဘယ်အခြေအနေမျိုးနဲ့မဆို တရုတ်နဲ့ ပူးပေါင်းလိုကြတယ်။ ဒီဆန္ဒအတိုင်းလည်းပဲ ဆက်ရှိနေလိမ့်မယ်။ သူတို့ ဆန္ဒ အတိုင်းရော တကယ် ဖြစ်လာမလား။ တကယ်တော့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်လူမျိုးတွေက ဆုံးဖြတ်လို့ မရတော့ဘူး။ ဒါကို ဆုံးဖြတ်မှာက ထိုင်ဝမ် နဲ့ တရုတ် ပါဝါချိန်ခွင်လျှာ အပြောင်းအရွေ့ပဲ။ ဒီကြားထဲ ဒီ အခြေအနေကြား မှာ အမေရိကန်က ကြားဝင်လိုမှု ရှိ၊ မရှိဘဲ။

မေး ။ ။ ကင်ဂျုံအီး သေဆုံးသွားမှုက အာရှတိုက်ရဲ့ ပထဝီနိုင်ငံရေး အခြေ အနေကို အပြောင်းအလဲ ဖြစ်စေသလား။


ဖြေ ။ ။ မထင်မိပါဘူး။ တောင်ကိုရီးယားက မြောက်ကိုရီးယားကို မြိုသွား မှာ တရုတ်က မလိုလားပါဘူး။ အဲသလိုသာ မြိုသွားရင် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေ ယာလု (Yalu) မြစ်ကြောင်းထဲ ရောက်လာမယ်။ ဒါကိုလည်း တရုတ်က မလိုလားလှဘူး။ လက်ရှိ အနေအထားအတိုင်းပဲ ရှိနေ ဖို့ တရုတ်က အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်။

မေး ။ ။ မြောက်ကိုရီးယားအပေါ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုက ဘယ်လောက် များများ ရှိသလဲ။

ဖြေ ။ ။ မြောက်ကိုရီးယားရဲ့ အသက်ရှင် ရပ်တည်မှုက တရုတ်အပေါ် မှာ တော်တော်ကြီး မှီနေတာပဲ။ သူတို့ ( မြောက်ကိုရီးယား) စီးပွားရေး လုပ်နေပုံကြောင့် သူတို ငတ်တော့မလို အကြိမ်အကြိမ် ကြုံခဲ့ပြီးပြီ။ ကြုံလာတိုင်း တရုတ်က အစားအစာတွေ၊ အကူအညီတွေ ပေးနေတာပဲ။

မေး ။ ။ လက်ရှိအနေအထားအတိုင်း နှစ်ပေါင်း (၂၀)၊ (၃၀) ကျော်အောင် ဆက်ရှိနေနိုင်ပါ့မလား။ မြောက်ကိုရီးယား ပွင့်ထွက်လာမယ့် အန္တရာယ် မရှိ ဘူးလား။

ဖြေ ။ ။ ငါတော့ မထင်မိပါဘူး။ ဘာကြောင့် ပွင့်ထွက်နေရဦးမှာလဲ။ ငတ်ပြီး သေကြတော့မယ့် အနေအထားမျိုးအထိ ရောက်ခဲ့ပြီးပြီ။ အဲဒီ အချိန် မှာ တရုတ်ပြည်ရော ကမ္ဘာကပါ အစာရေစာတွေ သွားပေးခဲ

မေး ။ ။ တိန့်ရှောင်ဖိန်က တရုတ်ပြည်ရဲ့ စီးပွားရေးကို ဖွင့်လိုက်သလို မျိုး မြောက်ကိုရီးယားလည်း ဖွင့်လာအောင် တရုတ်က အားပေးမှုမျိုးလုပ်ဖို့ စိတ်ကူးမရှိလောက်ဘူးလား။

ဖြေ ။ ။ အေးလေ၊ သူတို့လည်း ကင်ဂျုံအီးကို ကိုယ့်အာဏာလည်း လက် မလွှတ်စေဘဲ စီးပွားရေး တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှန် ဟိုင်းမြို့တွေ၊ ဘာတွေ ခေါ်ပြကြသေးတာပဲ။ ဘာမှ ဖြစ်မလာဘူး။ တချို့ကေ တာ့ ခေါင်းဆောင်အသစ်ရဲ့အောက်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ခြေ ရှိတယ်လို့ သုံးသပ်နေကြတယ်။ ဒါပေမဲ့ ဂျူနီယာ ကင်(မ်) က ဒီလမ်းကို လိုက်ဖို့ အဲသလောက် ရဲရင့်မလားဆိုတာက ပြောဖို့ အချိန် အတော်စောနေပါသေးတယ်။

မေး ။ ။ တဖြည်းဖြည်းနဲ့ အာရှပစိဖိတ်ဒေသတွင်းမှာ အမေရိကန်တွေဟာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တရုတ်တွေနဲ့ ခွဲယူရတော့မယ်လို့ မစ္စတာလီ တစ်ခါက ပြောဖူးပါတယ်။ အဲသလို တကယ် ဖြစ်လာခဲ့ပြီးဆိုရင် စင်္ကာပူ လို နိုင်ငံတွေအနေနဲ့ ဘယ်လို ကျင့်သုံးနေထိုင် သင့်သလဲ။

ဖြေ ။ ။ အမေရိကန်တွေ ဘာတွေ စဉ်းစားနေတယ်ဆိုတာထက်တောင် တရုတ်တွေ ဘာတွေ စဉ်းစားနေတယ်ဆိုတာ တို့က ပိုပြီး အာရုံစိုက်ထား ရမယ်။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဆိုရင် အခုဆိုရင်ပဲ တရုတ်ပြည်ထဲမှာ အ လုံးနဲ့ အရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပြီ။ အမေရိကန်တွေနဲ့ လုံခြုံရေး သဘောတူညီမှုတွေလည်း သူတို့မှာ ရှိနေတာပဲ။ ဒီလိုပဲ ပိုပြီး ဆက်ဆံမှုတွေ များလာ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုများလာပြီဆိုရင် လုံခြုံရေး သဘောတူ ညီမှုကလည်း တရုတ်ပြည်ရဲ့ အကြပ်ကိုင်မှုကို ဘယ်လိုလုပ် ဝင်ရောက်စွက် ဖက်လို့ ရနိုင်ပါတော့မလဲ။ ခုတမျိုး တော်ကြာတမျိုး လုပ်လို့ ရနိုင်ပါ့မလား။

မေး ။ ။အမေရိကန်တွေနဲ့ ဆက်ဆံရတာနဲ့ နှိုင်းယှည်ရင် တရုတ်နဲ့ ဆက် ဆံရတာက ခြားနားမှု အများကြီး ရှိနိုင်တယ်။ စင်္ကာပူမှာတော့ သူတို့ လွမ်းမိုး မှုက ပိုများနေတော့ အမေရိကန်တွေနဲ့ပဲ ဆက်ပြီး ဆက်ဆံသွားရမယ်။

ဖြေ ။ ။ ဟုတ်တယ်။ အမေရိကန်တွေက ရိုသားပြီး အန္တရာယ်လည်း ပို ကင်းတယ်လို့ ငါတော့ ထင်မိတယ်။ သူတို့က လည်ပင်း ညှစ်မယ့်လူတွေ မဟုတ်ဘူး။ သူတို့က လူတိုင်း ဒီမိုကရေစီကို ကျင့်သုံးစေချင်တယ်။ ဂုတ်ခွစီး ချင်တဲ့ လူတွေမဟုတ်ဘူး။ တရုတ်က မင်းက ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်သ လား၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သလား ဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ လိုချင်တာ ရဖို့ပဲ စိတ်ဝင်စားတယ်။ သူများအစိုးရရဲ့ ပေါ်လစီကို ပြောင်းလဲ လာအောင် စည်းရုံးဖို့လည်း စိတ်မဝင်စားဘူး။ မင်းရဲ့ လက်ရှိ ပေါ်လစီနဲ့ ကိုက်ညီမယ့် ပေါ်လစီကို လိုက်ပြီး ကျင့်သုံးသွားကြမှာပဲ။

မေး ။ ။ တစ်နေ့နေ့မှာများ တရုတ်ပြည်ရဲ့ လော်ဂျစ်စတစ် စင်တာလို၊ ရေ တပ်အခြေစိုက်စခန်းလို ဟာမျိုးတွေ စင်္ကာပူက လက်ခံလာရစရာ အကြောင်း ရှိလာနိုင်မလား။

ဖြေ ။ ။ ဒါတော့ မပြောနိုင်ဘူး။ ငါ့တစ်သက်တော့ ဖြစ်လာမယ် မထင်ဘူး။ ပထမအဆင့်အနေနဲ့ ဖြစ်နိုင်တာက နှစ်နိုင်ငံလုံးရဲ့ လော်ဂျစ်စတစ်ဌာနတွေ လက်ခံပေးရခြင်းမျိုး ဖြစ်နိုင်တယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို ရွေး တာမျိုး မလုပ်ရဘူး။

မေး ။ ။ တစ်ယောက်ယောက်ကို မရွေးဘဲနဲ့ ဒီပုံစံအတိုင်း စင်္ကာပူက ဘယ်လောက်ကြာအောင် ခရီးဆက်လို့ ရမှာလဲ။

ဖြေ ။ ။ ဒါကိုလည်း ငါ မပြောနိုင်ဘူး။ ဒါက အမေရိကန်ရဲ့ စီးပွားရေးနဲ့ အင်အားဖြည့်တင်းမှု စွမ်းရည်အပေါ်မှာ မူတည်တယ်။

မေး ။ ။ မစ္စတာလီကိုယ်တိုင် အမေရိကန်တွေနဲ့ ဆက်ဆံရတော့ ဟင်နရီ ကစ်ဆင်ဂျာနဲ့ အခြား အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေး ကောင်းေ ကာင်းမွန်မွန် ရှိခဲ့တယ်။ အခု တရုတ်ပြည်နဲ့ ဆက်ဆံရပြီ ဆိုတဲ့အခါ လက်ရှိ ဝန်ကြီးတွေအနေနဲ့ မစ္စတာလီ ခေတ်တုန်းကလို ပုဂ္ဂိုလ်ရေး ဆက်ဆံမှုေ တွ ကောင်းကောင်းမွန်မွန် ရှိနိုင်ပါ့မလား။

ဖြေ ။ ။ အေးလေ၊ လက်ရှိ အခြေအနေမှာတော့ သူတို့က ငါတို့ဆီက ယူ စရာတွေ ရှိနေတော့ ဆက်ဆံရေးက ကောင်းနေတာပဲ။ နောက်ပိုင်း သူတို့က ထိပ်ရောက်သွားပြီ၊ ငါတို့ဆီက ယူစရာ မရှိတော့ဘူးဆိုရင်တော့ ဆက်ဆံရေး က ပြောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ဒီကျေးဇူးတရားတွေကို ထောက်ထား ရင် ကောင်းမွန်တဲ့ ဆက်ဆံရေးက တစ်ငွေ့ငွေ့တော့ ရှိနေဦးမယ်လို့ ထင်ပါ တယ်။ သူတို့ဆီက စုကျု (Suzhu) စက်မှုကွင်း တည်ဆောက်သလိုမျိုးပေါ့။ ငါတို့လက်ရာတွေ အဲဒီမှာ ချန်ထားနိုင်ခဲ့တယ်လေ။

မေး ။ ။ ၁၉၇၆ - ခု၊ မစ္စတာလီ ပီကင်းကို ရောက်တော့ ဝန်ကြီးချုပ် ဟွာကော်ဖန် (Hua Goufeng) နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက တရုတ်ပြည်ရဲ့ အမြင်နဲ့ ရေးထားတဲ့ တရုတ်အိန္ဒိယ စစ်ပွဲအကြောင်းစာအုပ်ကို သူက လက်ေ ဆာင်ပေးတော့ စင်္ကာပူမှာ အိန္ဒိယန်းတွေလည်း ရှိတယ်၊ ဒီကိစ္စမျိုးက ထိ လွယ် ရှလွယ် ကိစ္စမျိုးတွေလည်း ဖြစ်တယ်ဆိုပြီး လက်ခံဖို့ ငြင်းဆန်ခဲ့ တယ်နော်။ ဒီလို ထပ်ပြီး ကြုံလာမယ်ဆိုရင်တောင် မစ္စတာလီအနေနဲ့ ကေ တာ့ ငြင်းဆန်ဦးမှာပဲဆိုတာလည်း သေချာပါတယ်။ ဒါပေမဲ့ လက်ရှိတရုတ်က ပိုပြီး အားကောင်းလာနေတယ်။ ဒီတော့ လက်ရှိ စင်္ကာပူက လူငယ်ဝန်ကြီးေ တွ အနေနဲ့ ဒါမျိုး ကြုံလာရင် ငြင်းရဲကြပါ့မလား။

ဖြေ ။ ။ ဒါတော့ ငါ ဘယ်သိနိုင်မလဲ။ သူ့ကာရိုက်တာနဲ့ပဲ ဆိုင်မယ်။ တကယ်လို့ လက်ခံမယ်ဆိုရင်တောင် သူက ဒီစာအုပ်မျိုးကို စိတ်ဝင်တစား ဖတ်မယ်လို့ ငါတော့ မထင်ပါဘူး။ ဒီစာအုပ်က တစ်ဖက်သတ် အမြင်ကြီးပဲ။ ငါတို့က အမြင်ပေါင်းစုံ၊ ရှု့ထောင့်ပေါင်းစုံက အချက်အလက်တွေ ရှိခဲ့ကြပြီးပြီ ဥစ္စာ။

မေး ။ ။ ဒါပေမဲ့ တရုတ်က အင်အား ပိုပိုကြီးလာတော့ ဒီလို ငြင်းလိုက် ရင် ပြဿနာ ရှာလာမယ့် တရုတ်ရန်ကို စိန်ခေါ်ရဲကြပါ့မလား။
ဖြေ ။ ။ ဒီစာအုပ် လက်ခံလိုက်ပါပြီတဲ့၊ မင်း ခံယူချက် ပြောင်းသွားမှာလား။ ငါ့တုန်းကလည်း သူတို့ကို ရှင်းရှင်းပဲ ပြောခဲ့တယ်။
“ဒီစာအုပ်ကြောင့် ကျွန်တော့်ခံယူချက် ပြောင်းသွားမှာ မဟုတ်ဘူး” လို့။ ဒါပေမဲ့ ဒီနေ့ တရုတ်က အရင်က တရုတ် မဟုတ်တော့ဘူး။ လူငယ် ဝန်ကြီးေ တွ အနေနဲ့ တရုတ်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမယ်ဆိုတဲ့ ပြဿနာ ကြုံရနိုင်တယ်။ သူတို့က တရုတ်နဲ့ ဆက်ဆံရေး အဖု အထစ် ဖြစ်သွားရင် ပြန်ကောင်းလာနိုင်မယ် မဟုတ်ဘူးလို့ ယူဆကောင်း ယူ ဆမှာပေါ့။

ဆက်ရန်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)
တရုတ် (သို့) ရွက်ပုန်းသီး (၂)
တရုတ် (သို့) ရွက်ပုန်းသီး (၃)
တရုတ် (သို့) ရွက်ပုန်းသီး (၄)