ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး


ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး၊
ဒေါ်စုက သူသာ အာဏာရရင် မြစ်ဆုံစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အရင်အသိပေးမယ်ဆိုတဲ့အကြောင်း ကတိတွေပေး။
ဟုတ်ချင် ဟုတ်ကြရောပေါ့။ မဟုတ်လို့ကတော့ မြင်းကို လက်သီးနဲ့ထိုးမှာ။
(ဘုရားဝတ်တက်တော့မယ်၊ ဘိုင့်ဘိုင်)


ကိုရင်ပေါက်စ


ကြာပါပြီ။ မန္တလေး၊ ၂၆ လမ်းမှာပါ။ ဆွမ်းခံကိုရင်လေးကို မြင်းလှည်းမှာကထားတဲ့ မြင်းက နှုတ်သီးနဲ့ လှမ်း ဟပ်လိုက်တော့ ကိုရင်လေးလက်ထဲက သပိတ်လွတ်ကျပြီး ဆွမ်းတွေ၊ ဟင်းတွေ မှောက်ကုန်ရော။
ဒီတော့ ကိုရင်လေးက ဘာလုပ်လဲ သိလား၊ သပိတ်ကို မြေကြီးပေါ်ချ၊
သင်္ကန်းရုံဖျက်၊ မြင်းဇက်ကြိုးကနေကိုင်ပြီး မြင်းနှုတ်သီးကို လက်သီးနဲ့ ထိုးပါလေရော။

မြင်းလှည်းဆရာရော ဘေးကလူတွေပါ ခဏတော့ ကြောင်ပြီး ကြည့်နေကြ တယ်။ နောက်မှ တချို့က ပြုံးစိစိ၊ အသံထွက်လည်း မရယ်ရဲဘူး။ မြင်းလှည်း ဆရာက ဆင်းပြီးတောင်းပန်ရတယ်။
"မလုပ်ပါနဲ့ ကိုရင်ရဲ့၊ မြင်းက ဘာမှ သိတတ်တာ မဟုတ်ပါဘူး၊ တိရစ္ဆာန်ပါ" ပြောလည်းမရ။ နောက်ဆုံး
"တော်ပါတော့ ကိုရင်ရယ်၊ ရှိကြီး ခိုးပါရဲ့ ဘုရား" ဆိုတော့မှ ကိုရင်က
"တကယ်လား၊ ဒါဆို ဒကာကြီး ကိုရင့်ကို ဦးသုံးကြိမ်ချ" လို့ပြောတယ်။




၂၆ လမ်းမ၊ ပလက်ဖောင်းပေါ်မှာ မြင်းလှည်းဆရာက ဦးသုံးကြိမ် ချပြီး တောင်းပန်လိုက်တော့မှ ကိုရင်ပေါက်စက ခပ်တည်တည်နဲ့ သင်္ကန်းရုံ၊ သပိတ်ကောက်ပွေ့ ထွက်သွားလေရဲ့။
ဒီတော့မှ မြင်းလှည်းဆရာရော ဘေးကလူတွေပါ တရားဝင် ရယ်ရဲကြတော့ တာ။
(ဟိုတွေးဒီတွေး မတွေးကြေး)

(img source)

နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ


ဒီနေ့ ဒကာကြီး ဦးသန်းမြင့်နဲ့ ဒကာမကြီးဒေါ်ရီတို့ပါ ဆွမ်းလာကပ်တယ်၊ မှတ်မိသေးတယ်..
"ဆရာတော်၊ စင်္ကာပူ ရောက်တဲ့နှစ်ကစပြီး နောက်နှစ်ပြန်မယ်၊ နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ ဒီကောင်တွေ လုပ်နေတာနဲ့ အခုထိ မပြန်ရသေးဘူးဘုရား"
"ဒါနဲ့ ဒကာကြီး အသက်က"
"၈၀ လေ ဘုရား" တဲ့။
အဲသလိုပြောတာ သုံး လေးနှစ်တော့ရှိပြီ။
(သူက ဂျာမဏီကျောင်းဆင်း၊ ဂျာမန်စကား ကောင်းကောင်းတတ်၊ စင်္ကာပူ အစိုးရဆုပေးတဲ့ တံဆိပ်တွေနဲ့ ပိုလီဆရာ၊ အမေရိကန် တက္ကသိုလ် တစ်ခုမှာလည်း သုတေသနပိုင်း ဆရာ)

ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ


ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။ မန္တလေး သာသနာ့တက္ကသိုလ် နေ့စွဲများထဲမှာ ဖြစ်၏။ သီဟနာဒတို့ထက် စီနီယာ များစွာ ကျသော ရဟန်းတစ်ပါးက အနောက်တိုင်း ဗုဒ္ဓဘာသာပညာရှင်များ ရေး သားသည့် စာပေများကို အဖတ်များပြီး အနောက်တိုင်းဟန် လွှမ်းမိုးသွားကာ သူ၏ စာတမ်းထဲမှာ ဤသို့ ရဲရဲတင်းတင်း မှတ်ချက်ရေးဖူးသည်။
"ဤအချက်ကို ဘုရားရှင်သော်မှ သတိပြုမိခဲ့ဟန် မတူ" ဟူသတတ်။
ကျမ်းစစ်ဆရာများ အဖွဲ့က "အရှင်ဘုရားနှယ်၊ ဘုရားရှင်သော်မှ သတိပြုမိခဲ့ ဟန် မတူရယ်လို့၊ ဒီစာကြောင်းကိုတော့ ပြင်တော်မူပါဦး"
လျှောက်ထားကြလေ၏။
******************************************************************

ယခု သီဟနာဒလည်း ကိုယ်တိုင်ကြုံရလေပြီ။
"ပြည်ခိုင်ဖြိုးကိုသာရွေး၊ သင့် အနာဂတ် စိတ်အေးရပြီ၊ အပါယ်တံခါး ပိတ်ပေလိမ့်မည်" ဟု ဆိုလာချေ၏။


ထို့ကြောင့် ပါးစပ်ရာဇဝင် မှတ်ချက်လေး ရေးချင်မိသည်
"ဤအချက်ကို သဗ္ဗညုတဉာဏ်ရှင်၊ ဘုရားသခင်သော်လည်း သိမြင်တော်မူခဲ့ဟန် မတူ၊ နည်းပညာအကူဖြင့် ပိဋကတ်သုံးဆူကို အဖန်ဖန်အထပ်ထပ် ရှာဖွေကြည့်မှတ်သော်လည်း ဤဝါကျမျို တစိုးတစိမျှပင် ကျွန်ုပ်တို့ မတွေ့ကြရ"

ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။

သီဟနာဒ

ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်


ဇင်ဝေသော်က ဇင်နီကို ထောက်ခံသလို ဦးသိန်းစိန်ကိုလည်း ထောက်ခံ ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ကြော်ငြာပုံကို တွေ့တွေ့ချင်း ဝေါပေါ်တင်ပေးဖို့ စောင့်ကြည့်နေ ခဲ့ပါတယ်။
ဒီပုံကို ရှင်သစ္စာဝေါမှာ တွေ့တာပါ၊ ဒါနဲ့ ဒီပုံကို အသုံးပြုခွင့်ပေးဖို့ သူ့ဆီက ခွင့်တောင်းတော့ သူလည်း သများဆီကယူထားတာ၊ ယူပါလို့ ခွင့်ပြုပါတယ်။
ပြသနာက မူရင်းပုံပါ။ အန္တရာယ်ရှိသည်နဲ့ တွဲနေပါတယ်။ ရွေးစရာမရှိလို့ ရှိတာပဲ တင်လိုက်ရပါတယ်။
(ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်)