ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ


ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။ မန္တလေး သာသနာ့တက္ကသိုလ် နေ့စွဲများထဲမှာ ဖြစ်၏။ သီဟနာဒတို့ထက် စီနီယာ များစွာ ကျသော ရဟန်းတစ်ပါးက အနောက်တိုင်း ဗုဒ္ဓဘာသာပညာရှင်များ ရေး သားသည့် စာပေများကို အဖတ်များပြီး အနောက်တိုင်းဟန် လွှမ်းမိုးသွားကာ သူ၏ စာတမ်းထဲမှာ ဤသို့ ရဲရဲတင်းတင်း မှတ်ချက်ရေးဖူးသည်။
"ဤအချက်ကို ဘုရားရှင်သော်မှ သတိပြုမိခဲ့ဟန် မတူ" ဟူသတတ်။
ကျမ်းစစ်ဆရာများ အဖွဲ့က "အရှင်ဘုရားနှယ်၊ ဘုရားရှင်သော်မှ သတိပြုမိခဲ့ ဟန် မတူရယ်လို့၊ ဒီစာကြောင်းကိုတော့ ပြင်တော်မူပါဦး"
လျှောက်ထားကြလေ၏။
******************************************************************

ယခု သီဟနာဒလည်း ကိုယ်တိုင်ကြုံရလေပြီ။
"ပြည်ခိုင်ဖြိုးကိုသာရွေး၊ သင့် အနာဂတ် စိတ်အေးရပြီ၊ အပါယ်တံခါး ပိတ်ပေလိမ့်မည်" ဟု ဆိုလာချေ၏။


ထို့ကြောင့် ပါးစပ်ရာဇဝင် မှတ်ချက်လေး ရေးချင်မိသည်
"ဤအချက်ကို သဗ္ဗညုတဉာဏ်ရှင်၊ ဘုရားသခင်သော်လည်း သိမြင်တော်မူခဲ့ဟန် မတူ၊ နည်းပညာအကူဖြင့် ပိဋကတ်သုံးဆူကို အဖန်ဖန်အထပ်ထပ် ရှာဖွေကြည့်မှတ်သော်လည်း ဤဝါကျမျို တစိုးတစိမျှပင် ကျွန်ုပ်တို့ မတွေ့ကြရ"

ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။

သီဟနာဒ

Post a Comment