ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်


လောကုတ္တရာ တရားပွဲမှာ
သာဓုခေါ်သံတွေ ရပ်ဝန်းတစ်ခုဆီ ညီတူ
ဦးတည် ပျံ့လွင့်သွားရဲ့။

လောကီ တရားပွဲမှာ
လက်ခုပ်သံတွေ ရပ်ဝန်းတစ်ကွဲစီဆီ ကွဲပြားစွာ
ဦးတည် ပျံ့လွင့်သွားရဲ့။

မှားသူမရှိ မှန်သူမရှိ
ဘယ်ဆီကိုပဲ ပြန့်ပြန့်
ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်
နေရာသာ မမှားကြေး။ ။

Post a Comment